ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
3 Days in Malay (2023) ⭐IMDB: 3.7/10 (77 Votes) 🎬 #Action #War #History 🗓 2023 🎞 movie 🌎 #Thailand ⏰ 1 နာရီ 39 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Action မင်းသား Louis Mandylor သရုပ်ဆောင်ထားတဲ့ စစ်ကားတစ်ကားဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားပါတယ် ဒုတိယကမ္ဘာစစ်တုန်းက မလေးရှားနိုင်ငံမှာ ရှိတဲ့ လေယာဉ်ကွင်းမှာ စခန်းချထားတဲ့ မရိန်းတပ်တွေကို ဂျပန်တွေကဝင်ရောက်တိုက်ခိုက်လာတဲ့အချိန်မှာ စစ်ကူတွေလည်းခေါ်မရတဲ့ အခြေအနေဖြစ်နေပြီး တိုက်ပွဲ ၃ ရက်ဆက်တိုက် ဘယ်လိုတွေဖြစ်လဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်...

Kalinka (2016) ⭐IMDB: 7.0/10 (3 k Votes) 🎬 #Biography #Crime #Drama 🗓 2016 🎞 movie 🌎 #France #Germany ⏰ 1 နာရီ 27 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပြင်သစ်နိုင်ငံ ဂျာမနီနိုင်ငံတို့မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပေါ် မူတည်ပြီး ရိုက်ကူးထားတဲ့ ပြင်သစ်ကားလေးပါ။ သားသမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ကိစ္စတစ်ခုပေါ်မှာ အဖေတစ်ယောက်အနေနဲ့ အရှုံးမပေးပဲ ဇွဲနပန်းကြီးစွာ ၂၇ နှစ်လောက်ထိ ကြိုးစားမှုတွေကို တင်ဆက်ပေးထားတဲ့ မှုခင်းနောက်ခံ ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး စာရင်းကိုင်လုပ်ငန်းနဲ့ အဆင်ပြေနေတဲ့ အန်ဒရေးတစ်ယောက်ဟာ ဇနီးသည်ဖောက်ပြားတာကို လက်ဝယ်မိပြီး ကွာရှင်းပြီးတဲ့နောက် ၁၉၈၂ ခုနှစ်မှာ သတင်းဆိုးတစ်ခု ကြားလိုက်ရပါတယ်။ အဲဒါကတော့ ကျောင်းပိတ်ရက်ဖြစ်လို့ သားသမီးတွေကို မိခင်ရှိရာ ဂျာမနီကို အလည်အပတ်ဆိုပြီး ပို့လိုက်ရတာကနေ သမီးဖြစ်သူ ဆုံးပါးသွားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း သေဆုံးရခြင်း အကြောင်းအရင်းကို အတိအကျ မသိရလို့ လိုက်လံ စုံစမ်းရာကနေ နောက်ကွယ်က ရွံရှာဖွယ် အမှန်တရားကို သိလိုက်ရတဲ့အချိန် တရားခံဖြစ်သူကို တစ်ကမ္ဘာလုံးနဲ့တစ်ယောက် ဆန့်ကျင်ပြီး အပြစ်ပေးနိုင်ဖို့ ဘယ်လိုတွေ ကြိုးစားရုန်းကန်ရလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အန်ဒရေးနေရာကလည်း ပြင်သစ် ဝါရင့်မင်းသားကြီး Daniel Auteuil သရုပ်ဆောင်ထားတာပါ။...

Outpost (2022) ⭐IMDB: 4.6/10 (379 Votes) 🎬 #Horror #Thriller #Drama 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စိတ္တဇ Horror ဇာတ်လမ်းကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb Rating 4.8 ပဲရရှိထားပေမဲ့ အေးအေးဆေးဆေးစိတ်လှုပ်ရှားပြီးကြည့်လို့ရမဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မိုက်ခ်ဆိုတဲ့သူ့ယောက်ျားရဲ့ရိုက်နှက်နှိပ်စက်မှုတွေကို အမြဲတမ်း ခံစားနေရပြီး မခံနိုင်တဲ့အဆုံးမှာတော့ သူ့သူငယ်ချင်းနစ်ကီကို အကူအညီတောင်းခဲ့ပါတယ်။ဒီလိုနဲ့ နစ်ကီကသူနဲ့စကားမပြောတာကြာနေပြီ ဖြစ်တဲ့ သူ့အစ်ကိုအားလ်ဆီကို သူငယ်ချင်းဖြစ်သူအတွက်ဆက်သွယ်ပေးခဲ့ပြီးတော့ တောင်ပေါ်မှာအလုပ်တစ်ခုပေးဖို့အတွက် အကူအညီတောင်းခဲ့ပါတယ်။အားလ်က သစ်တောစောင့်ရှောက်ရေး ဌာနမှာအလုပ်လုပ်နေတာဖြစ်ပြီး သူတို့ဆီက ဟိုးအမြင့် တစ်နေရာက ကင်းစင်မှာမီးဘေးစောင့်ကြည့်ဖို့ မျှော်စင်တစ်ခုမှာကင်းသမားလိုနေတာပါ။ အဲ့ဒါကြောင့်ပဲ ကိတ်လည်းသူ့ယောက်ျားနဲ့ဝေးရာမှာနေဖို့အတွက် အဲ့ဒီမျှော်စင်မှာ ကင်းစောင့်ဖို့ တာဝန်ယူခဲ့ပါတော့တယ်။စစချင်းမှာ စိတ်ဂယောင်ချောက်ခြားမှုတွေ များစွာခံစားခဲ့ရပြီးနောက်မှာ တဖြည်းဖြည်းချင်း အဆင်ပြေလာခဲ့ပါတော့တယ်။ ဒါပေမယ့် သူနေထိုင်တဲ့မျှော်စင်နဲ့ အနီးအနားမှာရှိတဲ့ ရက်ဂျီဆိုတဲ့လူတစ်ယောက်နဲ့ သွားပတ်သတ်မိတဲ့အခါမှာ ဖြစ်ရပ်ဆိုးတွေရင်ဆိုင်လာရပါတော့တယ်။ အဲ့ဒီဖြစ်ရပ်ဆိုးတွေကဘာဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲဝင်ရောက်ခံစား ကြည့်ရှုကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။...

Covet Your Brother-in-law (2019) ⭐TMDB: 45.0% User Score 🎬 #Adult #Family #Drama #Romance 🗓 2019 🎞 tv movie 🌎 # ⏰ 1 နာရီ 10 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Catch the Brotherhood(2018) *************************** ဟာရူးဆိုတဲ့ကောင်မလေးဟာ တစ်ယောက်ဆိုတစ်ယောက်ချစ်မြတ်နိုးသူပါ… အမေ မုဆိုးမကြီးနဲ့နေရသူပီပီ ဖခင်မေတ္တာငတ်ရှာလေတော့ သူ့ကောင်လေးကို ချစ်သူလိုတစ်ဖုံ ဖခင်လိုတစ်မျိုး အားကိုးချစ်ခင်ရှာသူပါ… ဒီလိုချစ်မြတ်နိုးပါတယ်ဆိုမှာ ငနွားက သူမရဲ့မိခင်နဲ့ အိပ်နေတာကို တွေ့လိုက်ရပါတယ်… ဒါ့ကြောင့် လောကကြီးကို စိတ်ကုန်ပြီး တခြားနေရာကိုထွက်လာတဲ့အခါမှာတော့… အလှပဂေးမျိုးစုံ အိပ်ရာခန်းလှလှလေးတွေကြည့်ချင်ကြတယ်ဆိုရင်တော့ဖြင့်...

Scrapper (2023) ⭐IMDB: 7.1/10 (2 k Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 24 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ အမေသေပြီးနောက်ပိုင်း တစ်ယောက်တည်းကြိုးစားနေထိုင်နေရတဲ့ ၁၂ နှစ်အရွယ် ဂျော်ဂျီဆိုတဲ့ ကောင်မလေးနဲ့ ဂျော်ဂျီ မွေးကတည်းကထွက်သွားပြီး ၁၂နှစ်ကြာမှ ပြန်ရောက်လာတဲ့သူ့အဖေတို့ ‌‌‌‌‌နှစ်ယောက်သား အတူပြန်နေထိုင်တဲ့ ဇာတ်လမ်းလေးကို အေးအေးဆေးဆေးကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျော်ဂျီဆိုတဲ့ကောင်မလေးတစ်ယောက် အမေဆုံးသွားတော့ တစ်ယောက်ထဲနေထိုင်ဖို့ ဘာတွေလုပ်လဲ သူ့အဖေပြန်ရောက်လာတော့လည်း ဘယ်လိုတွေပြန်ရင်ဆိုင်လဲဆိုတာကို ကလေးမလေးနေရာက ၀င်ခံစားပြီးကြည့်ရှုရမှာပါ။ 2023မှအသစ်စက်စက်ထွက်ထားပြီး Drama/Comedy အမျိုးအစားဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးကြည့်ရှုနိုင်တာဖြစ်လို့ ဘာမှများများ စားစားတွေးစရာမလိုပဲ chill ဖို့အတွက် ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။...

A Really Haunted Loud House (2023) ⭐IMDB: 6.4/10 (110 Votes) 🎬 #Action #Comedy #Family #TVMovie #Horror #Thriller 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 13 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Really Haunted Loud House (2023)=========================== October လလည်း ရောက်နေပြီဆိုတော့ ရာသီစာဖြစ်တဲ့ ဟောလိုးဝင်းကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ The Loud Houseမိသားစုဆိုရင်တော့ Family comedy ကို ကြိုက်ကြတဲ့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ စရိုက်တစ်မျိုးစီရှိတဲ့ ညီအစ်မဆယ်ယောက်ကြားကြီးပြင်းလာတဲ့ တစ်ဦးတည်းသော ပုရိသလေး လင်ကွန်း နဲ့ သူ့ရဲ့ဘော်ဒါကလိုက်ဒ်တို့ ဟောလိုးဝင်းတော်လှန်ရေးလေးတစ်ခု လုပ်ကြတော့မဲ့အကြောင်းလေးပေါ့။ The Loud House မိသားစုက ရွိုက်ရယ်ဝုစ်မြို့လေးရဲ့ ဟောလိုးဝင်းပါတီကိုအကြီးကျယ်အခမ်းနားဆုံး ကျင်းပတတ်ကြတဲ့ မိသားစုတစ်ခုပါ။ အံ့ဩဘနန်းခြောက်လှန့်မှုတွေနဲ့ မြို့သူမြို့သားတွေကို ဆွဲဆောင်တတ်ပြီး နံပါတ်တစ်ကြောက်စရာအကောင်းဆုံးစံအိမ်ဆိုတဲ့ ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့အိမ်ပေါ့လေ။ ဒီနှစ်မှာလည်း ရာဇဝင်တွေကို ဆက်လက်ထိန်းသိမ်းဖို့အတွက် သူတို့တွေစပြီးပြင်ဆင်နေကြပါပြီ။ အဲဒီအချိန်မှာ ကျောင်းက ဆယ်လီဇိုးဘဲလေးတစ်ယောက်ရဲ့ ပါတီကို သွားဖို့အကြောင်းဖန်လာတဲ့ လင်ကွန်းနဲ့ ကလိုက်ဒ်တို့ အခက်တွေ့လာကြပါတော့တယ်။ဆယ်လီဇိုးဘဲလေးရဲ့ ပါတီကိုသွားပြီးပဲ ကဲကြမလား၊ မိသားစုရဲ့ စံချိန်ကို ဆက်ထိန်းဖို့အတွက် ရွေးချယ်ကြမလား ဆိုတဲ့ရင်ခုန်စရာလေးတွေ အပြင် ဆယ်ယောက်ပေါင်းလောင်းကျော်တတ်တဲ့ ညီအစ်မတစ်သိုက်ကလည်း ပါဝင်အားဖြည့်ကူညီပေးထားပါသေးတယ်။ ပိတ်ရက်ကို အိမ်မှာ အေးဆေးအနားယူရင်း မိသားစုနဲ့အတူကြည့်ရှုဖို့ သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)...

Dear David (2023) ⭐IMDB: 3.9/10 (370 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Horror ကားချစ်သူတွေအတွက် Dear David ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ဒေးဗစ်ဆိုတဲ့ကောင်လေးတစ်ယောက်အပေါ်မှာ အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating က 4 ပဲရှိပေမဲ့ ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ဒေးဗစ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက ကွန်ပြူတာတစ်လုံးနဲ့လိုင်းပေါ်မှာ အချိန်ကုန်နေတတ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး ကွန်ပြူတာအရမ်းသုံးလွန်းလို့သူ့မိဘတွေကပါ သူ့အတွက် စိတ်ပူနေရပါတယ်။ဒီလိုနဲ့တစ်နေ့မှာတော့ အဲ့ဒီကိစ္စနဲ့ပဲသူတို့မိသားစုမှာ အဖြစ်ဆိုးတွေဖြစ်သွားပြီး နှစ်ပေါင်းများစွာကြာတဲ့နောက်မှာတော့ အက်ဒမ်ဆိုတဲ့ လိုင်းပေါ်မှာသတင်းတွေ အကြောင်းအရာတွေတင်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့လူတစ်ယောက်ရဲ့အကောင့်ကို Dear David ဆိုတဲ့နာမည်နဲ့လာ Add ခဲ့ပါတယ်။သူ့ကိုမေးချင်တာမေးလို့ရပြီး မေးခွန်းနှစ်ခုထက်ပိုပြီး သုံးခုမမေးဖို့ ပြောခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း အက်ဒမ်ရဲ့ဘဝပြောင်းလဲသွားပြီးသရဲခြောက်တာတွေ ခံလာရပါတယ်။စိတ်တွေလည်း ကယောင်ခြောက်ခြားဖြစ်လာခဲ့ပြီး အလုပ်တွေပါ ပျက်လာပါတော့တယ်။အဲ့ဒီ Dear David ဆိုတဲ့အကောင့်ကတကယ်တမ်းဘယ်သူလဲ မေးခွန်းသုံးခုမေးရင်ကောဘာတွေဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။...

Testament of Youth (2014) ⭐IMDB: 7.2/10 (30 k Votes) 🎬 #Biography #Drama #History #War 🗓 2014 🎞 movie 🌎 #UnitedKingdom #Denmark #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 10 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 𝑻𝒆𝒔𝒕𝒂𝒎𝒆𝒏𝒕 𝒐𝒇 𝒀𝒐𝒖𝒕𝒉(ငယ်ရွယ်သူ့သက်သေ)ဟာ 1933ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ နာမည်ကျော်စစ်ပွဲကိုယ်တွေ့မှတ်တမ်းတစ်ခုရဲ့ စာမူခေါင်းစဥ်ဖြစ်ပါတယ်…။ စာရေးဆရာမ Vera Brittainရဲ့ ပထမကမ္ဘာစစ်အတွင်းကိုယ်တွေ့ အဖြစ်အပျက်များကို ရေးသားထားတာဖြစ်ပြီး… Veraဟာစစ်ကြီးအပြီးနှောင်းပိုင်းကာလတွေမှာ စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးလှုပ်ရှားသူအဖြစ် တက်ကြွလှုပ်ရှားခဲ့သူပါ…။ သရုပ်ဆောင်တွေအနေနဲ့ Veraနေရာမှာ The Man from U.N.C.L.E.ထဲက မင်းသမီးချော Alicia Vikanderကသရုပ်ဆောင်ထားပြီး GOTထဲ YOU KNOW NOTHINGမင်းသား ဂျွန်စနိုးကလည်း ပါဝင်အားဖြည့်ထားပါတယ်ဗျ…။ ဇာတ်အိမ်လေးကိုပြောပြရမယ်ဆိုရင် ပထမကမ္ဘာစစ်ကြီးစဖြစ်တဲ့အချိန်အခါတုန်းပေါ့… စစ်ကြီးဖြစ်လာပြီဆိုရင် ထုံးစံအတိုင်း လူငယ်လူရွယ်လေးတွေဟာ တိုင်းပြည်အတွက် သမိုင်းပေးတာဝန်ထမ်းမယ်… ဒီအခွင့်အရေးအရေးမျိုးက မျိုးဆက်တိုင်းမရနိုင်ဘူး၊ စစ်ဆိုတာလည်း ခဏနဲ့ပြီးမှာပါလေဆိုပြီး ယုံကြည်ချက်ကိုယ်စီနဲ့ ရှေ့တန်းကို အလုအယက်ထွက်ကြပါတယ်…။ ဘဝအတွေ့အကြုံနုနယ်သေးတဲ့ လူငယ်သဘာဝပါပဲ…။ အမျိုးသားလူငယ်လေးတွေ ရှေ့တန်းကို ထွက်သွားချိန်မှာတော့ အနောက်မှာ မျှော်တရစ်ရစ်နဲ့ ကျန်နေခဲ့သူတွေကတော့…အမေတွေ၊ အစ်မတွေ၊ ဇနီးမယားတွေပါပဲ… ပြန်လာနိုးနိုးနဲ့ မျှော်နေမိကာမှ ထွက်သွားတုန်းက လူတစ်ယောက် ပြန်လာတော့ စာတစ်စောင်ဖြစ်နေတဲ့ အဖြစ်မျိုးက မနည်းပါဘူး…။ မျှော်ရတာ ရင်ပူလွန်းလို့ထင်ပါရဲ့… ချစ်သူရှိရာ‌ ရှေ့တန်းကို သူနာပြုအဖြစ် ပါရမီဖြည့်လိုက်ကြတဲ့ ဇာတ်လမ်းတွေလည်းရှိပါတယ်…။ ဘာတွေပဲဖြစ်နေနေ တစ်ချိန်မှာတော့ အားလုံးပြန်ဆုံနိုင်ဦးမှာပါ…. ဒီဘဝ ဒါမှမဟုတ် တမလွန်မှာပေါ့လေ…။ ခံစားချက်တသောသောကို အချိန်ပေးခံစားကြည့်ရှုရမှာဖြစ်တာမို့ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ Biographgy Drama History movieလေးပါပဲ...

Deltopia (2023) ⭐IMDB: 4.5/10 (186 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 45 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Deltopia (2023)============ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားက အိုင်လာဗီစတာဆိုတဲ့နေရာမှာကယ်လီဖိုးနီးယားတက္ကသိုလ်ကကျောင်းသားကျောင်းသူတွေ နှစ်တိုင်းလုပ်ကြတဲ့ Deltopia ဆိုတဲ့ အကြီးဆုံးပါတီကြီးအကြောင်းဖြစ်ပါတယ်။Alcohol, Drugs သုံးစွဲမှုတွေ ကြမ်းတမ်းတဲ့စကားတွေပါတာမို့ မိသားစုနဲ့ ကြည့်ဖို့တော့မသင့်တော်ပါဘူး။ ပါတီမှာသောင်းကျန်းကြပြီး အလွဲတွေဖြစ်ကုန်တဲ့ဇာတ်လမ်းမျိုးသဘောကျရင် ကြည့်ကြည့်သင့်တယ်လို့ပြောချင်ပါတယ်။ အထက်တန်းကျောင်းသားဂျက်ခ်ဟာ ငယ်ငယ်ကတည်းကသဘောကျခဲ့တဲ့ ကျောင်းနေဖက်ကောင်မလေးဟန်နာကို ဖွင့်မပြောပဲမျိုသိပ်ထားခဲ့ရာမှာ အထက်တန်းကျောင်းနောက်ဆုံးနေ့ကိုရောက်ခဲ့ပြီဖြစ်ပါတယ်။ ဟန်နာက ကျောင်းပြီးရင် နယူးယောက်မြို့ကိုပြောင်းတော့မယ်ဆိုတာကို သိရတဲ့အခါ ဟန်နာတို့သွားမယ့် Deltopia ပါတီကို အမီလိုက်ပြီး ဖွင့်ပြောဖို့ကြိုးစားရာမှာအမေရိကန်နိုင်ငံရဲအကြီးဆုံးပါတီမှာဘာတွေကြုံရမလဲကြည့်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Pyi T. Nyein ဖြစ်ပါတယ်)...

Mommy (2014) ⭐IMDB: 8.0/10 (60 k Votes) 🎬 #Drama 🗓 2014 🎞 movie 🌎 #Canada ⏰ 2 နာရီ 18 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mommy (2014) (language warning) ဒီတစ်ခေါက်တင်ဆက်ချင်တာကတော့ လူတိုင်းလက်မလွှတ်သင့်တဲ့ရုပ်ရှင်မျိုးဗျ။ ဒီရုပ်ရှင်ကို ကနေဒါရုပ်ရှင်လောကရဲ့ မှတ်ကျောက်တစ်ခုလို့လည်း ဆိုကြပြန်ပါတယ်။ ဒီရုပ်ရှင်က ခင်ဗျားကို ရင်ထဲဆို့နင့်သွားစေမယ့် ခံစားချက်တွေနဲ့အတူ မွန်းကြပ်သွားအောင်လုပ်နိုင်တဲ့ ရုပ်ရှင်လို့ပြောရင်လည်း မမှားပါဘူး။ ချစ်ခြင်းမေတ္တာရဲ့ဆန်းကြယ်မှုဟာ ဘဝရဲ့အမှောင်မိုက်ဆုံးအခိုက်အတန့်တွေမှာတောင် အစွမ်းကုန် တောက်ပနေတတ်ပါတယ်။ ဒါပေမယ့် ချစ်နေရုံနဲ့ပဲ လူတွေကို ကယ်တင်ပေးလို့ရမလား ဆိုတာကတော့ ဖြေရခက်တဲ့ မေးခွန်းပါပဲ။ ဒါပေမယ့် ဒီမေးခွန်းရဲ့အဖြေကို Xavier Dolanဟာ ဒီရုပ်ရှင်နဲ့အတူ လှပသေသပ်စွာ ဖြေခဲ့တယ်လို့ ပြောရလိမ့်မယ်ဗျ။ ဇာတ်လမ်းအကြောင်းဆက်မပြောခင်မှာ ဒီရုပ်ရှင်ရဲ့အောင်မြင်မှုအကြောင်းကို ပြောပြချင်တယ်ဗျ။ ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့သူကတော့ ကနေဒါနိုင်ငံသားတစ်ဦးဖြစ်တဲ့ Xavier Dolanပဲဖြစ်ပါတယ်။ ရိုက်ကူးခဲ့တဲ့အချိန်မှာ သူဟာ အသက် 25နှစ်အရွယ်ပဲရှိသေးတာပါ။ ဒီရုပ်ရှင်ကို Cannes ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ပြီး Jury Prizeရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဆုပေါင်း ၅၀ကျော်အထိရရှိခဲ့ပြီး nominationပေါင်း ၆၀ကျော်ဝင်ခဲ့ပါတယ်။ ဒ ါဆိုရင်တော့ ဘယ်လောက်အောင်မြင်လဲ ခန့်မှန်းမိမှာပါ။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်တွေကတော့ ဒီယန်းလို့ခေါ်တဲ့ တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့သားဖြစ်သူ စတိဗ်တို့ဖြစ်ပါတယ်။ စတိဗ်ဟာ သူ့အမေကိုအရမ်းချစ်တဲ့ သားတစ်ယောက်လို့ပြောရမယ်။ ဒါပေမယ့် စတိဗ်ဟာ စိတ်ကျန်းမာရေး ချို့ယွင်းမှုတွေကြောင့် ပြုပြင်ရေးစင်တာကို အပို့ခံထားရတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ စင်တာမှာအတူနေတဲ့ ကောင်လေးတစ်ယောက်ကို မီးလောင်စေမှုကြောင့် စတိဗ်ကို စင်တာက ထုတ်ပယ်လိုက်ပါတယ်။ ဒီလိုနဲ့ ငွေရေးကြေးရေး ကြပ်တည်းရုန်းကန်နေရတဲ့ ဒီယန်းတစ်ယောက် စတိဗ်ကို အိမ်ပြန်ခေါ်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ စတိဗ်ရဲ့ စိတ်အအခြေအနေအရ ရိုင်းစိုင်းတဲ့အပြုအမူတွေ ကြမ်းတမ်းတဲ့လုပ်ရပ်တွေကို ရင်ဆိုင်လာရတဲ့အခါမှာ မိခင်ဖြစ်သူ ဒီယန်းတစ်ယောက် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်းကို စစဖွင့်လိုက်ချင်းတော့ ‘ဟာ ဘာလို့ရှည်မျှောမျှောကြီးဖြစ်နေတာလဲ’လို့ တွေးကောင်းတွေးမိပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုဖြစ်နေတာကိုက ဇာတ်လမ်းရဲ့ အနုပညာဆန်တဲ့ အရသာပဲလို့ ပြောရမယ်ဗျ။ ရှည်မျှောမျှောဖြစ်နေတဲ့ aspect ratioကပဲ ကြည့်တဲ့သူတွေကို ဇာတ်ကောင်တွေရဲ့ မွန်းကြပ်ဖို့ကောင်းတဲ့ဘဝထဲ အရောက်ပို့ခဲ့တာပါ။ ကြည့်ရင်းနဲ့ တချို့ဇာတ်ဝင်ခန်းတွေရောက်ရင်တော့ Xavier Dolanတစ်ယောက် သူ့ရဲ့ရုပ်ရှင်ကို ဘာလို့ဒီလိုပုံစံဖြစ်အောင် လုပ်ခဲ့တာလဲဆိုတာကို ကောင်းကောင်းသဘောပေါက်သွားလိမ့်မယ်ဗျ။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း အရမ်းချီးကျူးဖို့ကောင်းတယ်လို့ ပြောရမယ်ဗျ။ ဒီယန်းအဖြစ်သရုပ်ဆောင်တဲ့ Anne Dorvalဆိုရင် သူခံစားနေရတဲ့အတိုင်း ကြည့်နေတဲ့သူတွေကိုပါ ပျော်ရွှင်လိုက် ရင်မောလိုက် ဖြစ်အောင်လုပ်သွားနိုင်ပါတယ်။ စတိဗ်အဖြစ်သရုပ်ဆောင် ခဲ့တဲ့ Antoine Olivier Pilonဆိုရင်လည်း အသက်ငယ်ငယ်လေးနဲ့ အရမ်း complexဖြစ်တဲ့ ဇာတ်ကောင်တစ်ကောင်ကို ဖော်ကျူးသွားခဲ့တာပါ။ အချုပ်အားဖြင့်ပြောရရင်တော့ Lana Del Reyရဲ့သီချင်းထဲကလိုပဲ ‘တစ်ခါတစ်လေမှာ အချစ်ဟာ မလုံလောက်ပဲ ဖြတ်သန်းရမယ့် ခရီးလမ်းကလည်း ကြမ်းတမ်းလာတတ်ပါတယ်’။ ဒါကြောင့် လက်ရှိအချိန်လေးမှာပဲ တစ်ယောက်ကိုတစ်ယောက် ရယ်မောပျော်ရွှင်အောင် လုပ်ပေးရင်း၊ ဖေးမကူညီကြရင်းနဲ့ အတူတူဖြတ်သန်းကြတာ အကောင်းဆုံးပါပဲ။ ဒီရုပ်ရှင်ဟာ ကြည့်တဲ့သူကို စလယ်ဆုံး ခံစားချက်ပေါင်းများစွာပေးပြီး ဆွဲခေါ်သွားမှာဖြစ်သလို၊ ဇာတ်သိမ်းသွားတဲ့ အချိန်မှာလည်း ကြည့်တဲ့သူတွေ တွေးစရာကိုယ်စီနဲ့ ငိုင်ပြီးကျန်နေခဲ့လိမ့်မယ်လို့ အာမခံပါတယ်။ ဒီတော့ ရုပ်ချင်ချစ်သူတွေအနေနဲ့ အပြေးလေးသာ ကြည့်လိုက်ပါတော့ဗျ။ R rated filmဖြစ်တဲ့အတွက် ရိုင်းပြတဲ့အသုံးအနှုန်းတွေနဲ့ ဆဲဆိုတဲ့ စကားလုံးတွေ ပါဝင်တာကိုတော့ သတိပြုစေချင်ပါတယ်ဗျ...

Kindling (2023) ⭐IMDB: 6.1/10 (226 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 34 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kindling (2023)============IMDb Rating – 6.1/10Genre – Drama, Romance “အရာဝတ္ထုလေးတွေ တစ်စုံတစ်ခု လောင်ကျွမ်းသွားတဲ့အခါ..ဒီ ဒြပ်မှုန်လေးတွေဟာ လေထုလွှာထဲကို လွှင့်ပါသွားပြီးတော့ထာဝရ တည်ရှိနေနိုင်တယ်” – ဆစ်ဒ် ဇာတ်ကားနာမည် Kindling ဆိုတာ မြန်မာလိုဆို မီးစာတဲ့…ကျွန်တော်တို့ဘဝတွေမှာ ဆက်လက်ပြီး တောက်လောင်နေဖို့အတွက် လိုအပ်တဲ့ မီးစာလေးတွေလို့ မြင်မိတယ်။ လက်ရှိဘဝမှာချစ်ခင်မြတ်နိုးရတဲ့လူတွေကို သူတို့ ကိုယ့်အနားက ထွက်ခွာမသွားခင် ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲ၊ ဘာတွေတူတူ ဖြတ်သန်းပြီးပြီလဲ၊ဘယ်လို တန်ဖိုးထားခဲ့သလဲ မမေ့လိုက်ဖို့ အရေးကြီးတယ် မဟုတ်ပါလား။ ဆစ်ဒ် – မကြာခင် ရက်ပိုင်းအတွက် သေဆုံးရတော့မယ့် ကောင်လေးတစ်ယောက်ဒစ်ဂ် – ဆစ်ဒ်တို့ အိမ်မှာ လာနေပြီး အနီးကပ် ပြုစုစောင့်ရှောက်ပေးနေတဲ့ ငယ်သူငယ်ချင်းဝူဖီ – ပေါက်ကရလုပ် အစအနောက်သန်ပြီး ခေါင်းဆောင်လုပ်ချင်သူပလော့ဒ် – အရှက်အကြောက်ကြီးသူ အများဝိုင်းစတာကို အမြဲခံရသူဒရစ်ဘယ် – သဘောမနောကောင်း ကောင်မလေးဆို စကားမပြောရဲတဲ့သူ ဒီလို သူစိမ်း ၅ ယောက်ကနေ ညီအစ်ကို ၅ ယောက်လို ဖြစ်လာကြတဲ့သူငယ်ချင်းတစ်စုဟာ သူတို့ ၅ ယောက်အတွက် နောက်ဆုံးသော နွေရာသီကိုအတူကုန်ဆုံးဖို့ ဖြစ်လာတယ်။ ဒါဆို တစ်သက်လုံး အမှတ်တရ ကျန်ခဲ့အောင်ဘာလုပ်ကြမလဲဆိုတော့ ဆစ်ဒ်က ဒီ ညီအစ်ကို ၅ ယောက်လိုပဲ သူ့အတွက်ဘဝမှာ တန်ဖိုးရှိတဲ့ စကားလုံး ၅ လုံး ဖြစ်တဲ့ “ချစ်ခြင်း မေတ္တာ” “မိသားစု”“သူငယ်ချင်း” “အိမ်” နဲ့ “တည်နေရာ” ဆိုတာနဲ့ တူယှဉ်တွဲပြီး ဆက်နွယ်မှုရှိတဲ့ပစ္စည်းလေးတစ်ခုစီကို တစ်ယောက်ချင်းစီက ရှာဖွေပြီး နောက် ၄ ရက်နေရင်မီးပုံပွဲကြီးလုပ်ပြီး မီးစာအဖြစ် ထာဝရတည်မြဲနေအောင် မီးရှို့ပစ်ကြမယ်ပေါ့လေ… ဒီလိုနဲ့ပဲ……။ ညီအစ်ကိုလို ဖြစ်နေကြတဲ့ သူငယ်ချင်း ၅ ယောက်ရဲ့ သံယောဇဉ်တွေ မိဘနှစ်ပါးရဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေကို လှပတဲ့ သံစဉ်တေးသီချင်းတွေနဲ့ ဖော်ကျူးပြီး နောက်ဆုံးပိတ်အချိန်လေးမှာ ကျွန်တော့်ကို မျက်ရည်ကောင်းကောင်းချူသွားခဲ့တဲ့ ဒရမ်မာကားကောင်းလေး တစ်ကားလို့ပဲ ပြောလိုက်ချင်ပါတယ်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)...

The Big Brawl (1980) ⭐TMDB: 60.0% User Score 🎬 #Action #Asian #Comedy #Crime #JackieChan 🗓 1980 🎞 movie 🌎 #HongKong #UnitedStates #HongKong #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သရုပ်ဆောင်အက်ရှင်မင်းသားကြီးဂျက်ကီချမ်းငယ်ငယ်ကဇာတ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ ဂျက်ကီချမ်းရဲ့ ဇာတ်ကားတွေရဲ့ထုံးစံအတိုင်းပဲ အက်ရှင်ခန်းတွေ အတိုက်အခိုက်တွေ ဟာသာတွေဝေဝေဆာဆာနဲ့ ပရိတ်သတ်တွေအမောပြေရဦးမှာပါ။ ဇာတ်ကားထဲမှာမင်းသားကအလုပ်မရှိအကိုင်မရှိ (ဒါပေမယ့်ကောင်မလေးတော့ရှိပါတယ်)ပါ အဖေဖြစ်သူဖွင့်ထားတဲ့ဆိုင်ကို လူဆိုးတွေလာပြီး ဆက်ကြေးကောက်ရာကစလို့ သူတတ်ထားတဲ့ကွန်ဖူးပညာကို လူဆိုးအဖွဲ့ဘက်ကခေါင်းဆောင်က တွေ့ပြီးသဘောကျသွားခဲ့ပါတယ်။ အဲ့ဒီနောက် ချီကာဂိုမှာကျင်းပမယ့် battle creek brawlမှာ ဂျက်ကီချမ်းကိုသူ့ဘက်ကနေ ဝင်ပြိုင်အောင် အကြပ်ကိုင်ဖို့ နည်းလမ်းရှာပါတော့တယ်……… ကဲ .. အညွှန်းဖတ်ပြီးပြီဆိုရင်တော့ 1980 ခုနှစ်တွေဆီက အနုပညာတွေကိုတဖန်ပြန်ခံစားလိုက်ကြပါဦး……. File size…(1.8 GB)/(960 Mb)Quality….Webrip 1080p / 720pFormat…mp4Duration….01:35:00Genre…Action, Comedy, CrimeSubtitle….Myanmar Subtitle (Hardsub)Encoder….Thit San KhantTranslated by Nay Chii Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများဒီလင့်မှာ loginအရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...

The Most Special Night of Life with Angle – Remu Suzumori – Decensored (Abw-348) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 18 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကြည့်လိုက်တာနဲ့ ရင်အေးသွားစေမဲ့ ရွှေရင်အေး မင်းသမီးလေး Remu Suzumori ရဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…… ချစ်စရာကောင်းပေမဲ့ ဘာမှလုပ်စရာမရှိလို့ ပျင်းနေတဲ့ မင်းသမီးလေးဟာ တစ်ယောက်ယောက်နဲ့တွေ့မလား မြို့ထဲပတ်ရှာရင်း စော်မတရားလိုချင်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့သွားတဲ့အခါမှာတော့ win-win situation ကို နည်းပေါင်းစုံနဲ့ ဖြတ်သန်းကြတဲ့ ပုံစံလေးကို ဘက်ပေါင်းစုံကနေ ရိုက်ပြထားတာမို့ ဒီ Abw-348 ဆိုတဲ့ကားလေးကို လက်မလွှတ်တမ်းသာ ကြည့်ရှု့လိုက်ပါဦးလို့……… (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...

Bambi II (2006) ⭐TMDB: 65.0% User Score 🎬 #Adventure #Animation #Drama #Family #Fantasy #Romance 🗓 2006 🎞 video movie 🌎 #UnitedStates #Australia #UnitedStatesofAmerica ⏰ 1 နာရီ 12 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ambi 2 ကတော့ Disney ရဲ့ ဂန္တဝင်ကာတွန်း (Bambi) ရဲ့ ကြည်နူးစရာကမ္ဘာဆီကိုပြန်လည်ခေါ်ဆောင်ပေးသွားမယ့် နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။ Bambi 2 ရဲ့ ထူးခြားတဲ့အင်္ဂါရပ်တွေထဲကတစ်ခုကတော့ ရုပ်ရှင်ကိုအဆင့်မြင့်နည်းပညာတွေသုံးပြီးပြန်ရေးဆွဲတဲ့အချိန်မှာ မူ ရင်းလက်နဲ့ရေးဆွဲထားတဲ့ကာတွန်းပုံစံကိုလည်းဂုဏ်ပြုတဲ့အနေနဲ့ မပျောက်ပျက်အောင်ထိန်းသိမ်းပေးထားတာဖြစ်ပါတယ်။ စိမ်းလန်းစိုပြေတဲ့တောအုပ်တွေ ချစ်စရာကောင်းတဲ့တောအုပ်ထဲက သတ္တဝါလေးတွေနဲ့ ဘမ်ဘီနဲ့သမ်ပါတို့လိုအဓိကဇာတ်ကောင်လေးတွေဟာ အရင်အတိုင်းတက်ကြွတဲ့ပုံစံနဲ့နှစ်ခြိုက်ဖွယ်ကောင်းနေတုန်းပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအမှန်တကယ်ထူးခြားစေတာက သူ့ဖခင်ရဲ့စောင့်ရှောက်မှုအောက်မှာ အရွယ်ရောက်လာမယ့် ဘမ်ဘီရဲ့ စိန်ခေါ်မှုတွေ အောင်မြင်မှုတွေပြသထားပြီး အဖေနဲ့သားကြားက ဆက်ဆံရေးအပေါ်အာရုံစိုက်ဖော်ထုတ်ထားတဲ့အတွက် ကြည်ရှုသူတွေကို အသက်အရွယ်မရွေးဘဲ ဇာတ်ကောင်နဲ့ချိတ်ဆက်ခေါ်ဆောင်ပေးသွားနိုင်တာဖြစ်ပါတယ်။ Bambi 2 မှာ ရွန်နိုနဲ့မီနာတို့လိုဇာတ်ကောင်အသစ်တွေကိုလည်း မိတ်ဆက်ပေးထားပြီးတော့ ဇာတ်လမ်းရဲ့ဆွဲဆောင်မှုရှိစေမယ့် အစိတ်အပိုင်းတစ်ခုအနေနဲ့ ဘမ်ဘီနဲ့ရွန်နိုတို့ရဲ့ပြိုင်ဆိုင်မှုတွေ ပ ဋိပက္ခတွေကိုလည်းပေါင်းထည့်ပေးထားပါတယ်။ မူရင်းကအရမ်းကောင်းမွန်နေရင် နောက်ဆက်တွဲထွက်လာတဲ့ဇာတ်ကားကပိုကောင်းမွန်တဲ့ မှတ်ချက်ရဖို့အင်မတန်ရုန်းကန်ရပါတယ်။ နောက်ဆက်တွဲဇာတ်ကားတွေကမူရင်းအရသာကိုဖျက်မိတဲ့ များပြားလှတဲ့ဇာတ်ကားတွေကြားထဲမှာ Bambi 2 လေးကတော့ ကောင်းမွန်တဲ့ဥပမာတစ်ခုရဲ့ပြယုဂ်တစ်ခုအနေနဲ့အခိုင်အမာရပ်တည်နေပါတယ်။ သင်နဲ့သင့်မိသားစုရဲ့အပြုံးတွေပြန်လည်အသက်ဝင်ပြီး ပျော်ရွှင်ကြည်နူးအေးချမ်းမှုဆိုတဲ့ ကောင်းမွန်တဲ့စိတ်ခံစားချက်လေးတွေပြန်လည်ခံစားနိုင်စေဖို့ Bambi 2 ကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။...

The Preacher (2022) ⭐IMDB: 5.5/10 (114 Votes) 🎬 #Adventure #Horror #Thriller 🗓 2022 🎞 movie 🌎 #Colombia #Ecuador #Spain ⏰ 1 နာရီ 33 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Preacher (2022) ဘာသာတရားတွေမှာ လူတွေလုပ်နိုင်စွမ်းကိုကျော်လွန်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို“အံ့ဖွယ်”လို့ တင်စားသုံးနှုန်းလေ့ရှိပါတယ်။ အထူးသဖြင့် ခရစ်ယာန်ဘာသာမှာတော့“ကောင်းချီး”ဆိုတဲ့စကားလုံးအသုံးအနှုန်းကို ပိုသုံးလေ့ရှိပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ ဘုရားပေးတဲ့ကောင်းချီးပိုင်ဆိုင်ထားသူကို ကိုယ်ကျိုးအတွက် အမြတ်ထုတ်ခဲ့တဲ့ ခရစ်ယာန်ဘုန်းကြီးအတုအယောင်အဆောင်အကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ~ဇာတ်လမ်းအကျဉ်း ~ အန်တန်နာစီယိုလို့ခေါ်တဲ့ လူလိမ်တစ်ယောက်ဟာ ခရစ်ယာန်ဘုန်းတော်ကြီးအနေနဲ့ ယောင်ဆောင်ပြီး အလှူငွေတွေလိုက်တောင်းနေသူတစ်ဦးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သမားတော်ဟန်ဆောင်ပြီး သက်ကြီးရွယ်အိုတွေကို လိုက်ပြီးကုပေးသယောင်ယောင် လုပ်တတ်ပါတယ်။ ဒါပေမဲ့ ရှာသမျှပိုက်ဆံကို အကုန်ပြန်ဖြုန်းတဲ့ အန်တန်နာစီယိုဟာ တစ်နေ့ပြီးတစ်နေ့ အကြွေးတွေပိုပိုတိုးလာပါတယ်။ ဒီလိုနဲ့ပဲ သူ့ကိုအကြွေးလာတောင်းသူတွေက အကြမ်းဖက်တဲ့အထိပါလုပ်လာတဲ့အခါ အန်တန်နာစီယိုတစ်ယောက် သူနေထိုင်ရာမြို့ရဲ့ အခြားဒေသတစ်ခုကို ပြောင်းနေရပါတယ်။ မြေပြန့်ဒေသကနေ ကုန်းမြင့်ပိုင်းကိုရောက်သွားတဲ့ အန်တန်နာစီယိုဟာ သူနေထိုင်ရာဒေသအနီးတစ်ဝိုက်မှာ ရောဂါတွေကိုပျောက်ကင်းပေးစေနိုင်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုကြားလိုက်ပါတယ်။ အဲဒီကောင်မလေးကို ထိလိုက်ရုံနဲ့တင် ရှိရှိသမျှရောဂါမျိုးစုံပျောက်ကင်းသွားတယ်ဆိုတဲ့ တစ်ဆင့်စကားကို အန်တန်နာစီယိုတစ်ယောက် ကြားလိုက်ရတဲ့အချိန်မှာ အဲဒီကလေးမရဲ့ မိဘကိုစည်းရုံးသိမ်းသွင်းပြီး ကလေးကိုအမြတ်ထုတ်ဖို့ကြိုးစားပါတော့တယ်။ အစပိုင်းမှာတော့ ကလေးမရဲ့အိမ်ထဲမှာပဲ ကုသမှုတွေလုပ်နေနိုင်ခဲ့လို့ စီးပွားဖြစ်ထွန်းဟန်ရှိနေပေမယ့်လည်း “လောဘဟူသည်အဆုံးမရှိ” ဆိုသလို ဒီလိုအခြေအနေနဲ့တင် မရောင့်ရဲမတင်းတိမ်နိုင်ဘဲ ရသမျှပိုက်ဆံအကုန်လုံးကို ရင်းပြီး ကလေးမရဲ့မိဘတွေက ဘုရားကျောင်းတစ်ကျောင်းပါဆောက်ပြီး ကလေးကိုဗန်းပြပြီးအမြတ်ထုတ်ဖို့ ထပ်ပြီးကြိုးစားပါတော့တယ်။ ဒီလိုနဲ့ပဲ အတုအယောင်လိမ်ဆင်ဆရာကြီး အန်တန်နာစီယိုတစ်ယောက် သူ့အပြစ်တွေရဲ့ အကျိုးဆက်ကို ဘယ်လိုပြန်ပြီးခံစားရမလဲ… ဥစ္စာဓနကို တပ်မက်တဲ့ လောဘစိတ်ကြောင့် စုံလုံးကန်းသွားတဲ့ ကလေးမလေးရဲ့မိဘတွေရော ဘယ်လိုအဖြစ်ဆိုးနဲ့ကြုံတွေ့သွားရမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ သုတရသပေါင်းများစွာနဲ့ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

Suraapanam (2022) ⭐IMDB: 7.1/10 (3 k Votes) 🎬 #Bollywood #Drama #Uncategorized 🗓 2022 🎞 movie 🌎 #India ⏰ 2 နာရီ 23 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Surapanam (ရိုးသားကြိုးစား အရက်သမားသူခိုးလေး) ဒီတစ်ခေါက်မှာတော့ Surapanam ဆိုတဲ့ IMDb 7.1/10 တောင်ရထားတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားထဲမှာတော့ အဖေလုပ်သူက အကြွေးတွေပတ်လည်ဝိုင်းပြီးတော့ အမေလုပ်သူကလည်း သူ့ကို ဘော်ဒါဆောင်မှာထားပြီးတစ်လတစ်ခါတောင် သူ့ကို လာမတွေ့လို့ ဘယ်သူကမှ သူ့ကို မချစ်ဘူးလို့ ထင်နေတဲ့ ကောင်လေးရှီဗာ။ ကျောင်းပြီးလို့အလုပ်လုပ်ရမယ့်အရွယ်ရောက်တော့လည်း ဘောစိကြီးတစ်ယောက်အတွက် ပစ္စည်းတွေကို လိုက်ခိုးပေးနေတဲ့ အလုပ်ကို လုပ်နေပါတော့တယ်။ တစ်ရက်မှာ သူ့သူငယ်ချင်းတစ်ယောက်နဲ့ အကြားအမြင်မေးတဲ့ဆီကို လိုက်သွားခဲ့တဲ့နောက်မှာအဲဒီက ရသေ့ကြီးက သူ့ဘဝက ပြောင်းလဲသွားတော့မယ်လို့ ပြောလိုက်ပေမဲ့ဒီလို ကိစ္စပိုင်းမှာ အယုံအကြည်မရှိတဲ့ ရှီဗား ချစ်ရသူလေးနဲ့ အတူတူ အိမ်မက်တွေမက်နေရင်းနဲ့ တစ်နေ့မှာတော့ သူ့ရဲ့ဘောစိလုပ်သူဟာ ရှေးဟောင်းရုပ်ထုတစ်ခုကို ခိုးခိုင်းပါတော့တယ်။အဲဒီရှေးဟောင်းရုပ်ထုဟာဆိုရင်တော့ ကုဋေပေါင်းဆယ်ချီပြီးတော့ တန်တာဖြစ်ပြီးတော့ သူ့အတွက် တစ်ကုဋေဝေစုရမယ်လည်း ဆိုရော … ရှီဗာနဲ့ အပေါင်းအပါများ ဒီရုပ်ထုကို ဘယ်လိုပုံစံတွေနဲ့ ခိုးကြမလဲ ……အကြားအမြင်ရသေ့ကြီးပြောသလိုရော သူ့ဘဝက ချက်ချင်းကြီး ပြောင်းလဲသွားမှာလား ….ချစ်ရသူနဲ့အတူတူ လေထဲတိုက်အိမ်ဆောက်ချင်နေတဲ့ သူ့အိမ်မက်တွေရော ပြည့်သွားမလား…|ဆိုတာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရင်းမောရင်း ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Case 30 (2023) ⭐IMDB: 8.3/10 (1 k Votes) 🎬 #Bollywood #Crime #Romance #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 49 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Case 30 (2023) “သုံးဆယ်မြောက်အမှု”IMDb-8.4/10 လတ်တလောထွက်ရှိထားတဲ့ တလေဂူးရဲမှုခင်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းနာမည်အတိုင်းပဲ ဒုရဲအုပ်တစ်ယောက်ရဲ့ သုံးဆယ်မြောက်အမှုကို ဇာတ်တည်ထားပါတယ်။ မိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရတယ်။အဲဒီမိန်းကလေးအသတ်ခံရတဲ့အမှုက ရဲအရာရှိအာဂျွန်ရဲ့သုံးဆယ်မြောက်အမှု။ထူးဆန်းတာက မိန်းကလေးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကိုစုံစမ်းရတာ ခက်ခဲနေရော။အိမ်နီးချင်းတွေကလည်း သူဘယ်ကလာလဲ ဘာလုပ်လဲမသိပေမဲ့ယောကျ်ားတစ်ယောက် လာလာပြီးအတူနေတာတစ်ခုပဲသိကြတယ်။ အတူနေအမျိုးသားဖြစ်တဲ့ ရည်းစားဖြစ်သူကိုတွေ့တော့လည်း အဲဒီအသတ်ခံရတဲ့ရက်ပိုင်းမှာတခြားအမျိုးသမီးတစ်ယောက်နဲ့ မိဘတွေသဘောအတိုင်း စေ့စပ်ပွဲလုပ်ခဲ့တဲ့သူဖြစ်နေတယ်။စုံစမ်းရင်းနဲ့ပဲ အမှုကထင်မှတ်မထားတာတွေ ဖြစ်လာ၊ တွေ့လာပါတော့တယ်။အရာရှိအာဂျွန်ရဲ့ သုံးဆယ်မြောက်အမှုဖြစ်တဲ့ ဒီအမှုမှာ မိန်းကလေးကိုသတ်တဲ့တရားခံကိုရှာတွေ့မှာလား။ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Alex~BpL~ToMo~Aditiတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

If You Were the Last (2023) ⭐IMDB: 6.3/10 (710 Votes) 🎬 #Comedy #Romance #SciFi #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 If You Were the Last (2023) ~ IMDb – 6.3/10, Rotten Tomatoes – 85% ~ အခုလတ်တလောမှ ထွက်ရှိလာတဲ့ Sci-Fi / Romance အမျိုးအစားလေးကိုမှ Comedy လေးစွက်ထားတဲ့ ကားတစ်ကားပါ။ အလုပ်ကနေအပြန် စိတ်အပန်းဖြေဖို့အတွက် ပေါ့ပေါ့ပါးပါးကြည့်ဖို့ဆိုရင် မေ့မထားသင့်တဲ့ရွေးချယ်မှုပါပဲ။ Cast အနေနဲ့ဆိုရင်လည်း တလောကမှ Twisted Metal မှာ ပရိသတ်အကြိုက်တွေ့နေကြတဲ့ Falcon တဖြစ်လဲ ကပ္ပတိန်အမေရိကလက်သစ်ဖြစ်တဲ့ Anthony Mackie က အဓိကမင်းသားအနေနဲ့သရုပ်ဆောင်ထားတာပါ။ နာဆာရဲ့မစ်ရှင်တစ်ခုက အမှားအယွင်းဖြစ်ပြီးတော့ အာကာသယာဉ်ကလမ်းပျောက်ပြီး သုံးနှစ်လောက် ဂျူပီတာနဲ့ စေတန်ဂြိုဟ်ကြားမှာ မြောနေခဲ့ပါတယ်။ အာကာသယာဉ်မှူး သုံးယောက်ရှိခဲ့ပေမဲ့ အခုတော့ ဂျိန်းရယ် အဒမ်ရယ်နှစ်‌ယောက်ပဲကျန်ပါတော့တယ်။ ယာဉ်ပေါ်မှာ ‌ဂေဟစနစ်ပါတဲ့အတွက် စားဖို့သောက်ဖို့နေဖို့က မပူရပေမဲ့ အိမ်ပြန်လမ်းမဲ့နေတဲ့လူနှစ်ယောက် အချင်းချင်းကူညီဖေးမကြပုံတွေ၊ ယာဉ်ကိုကြိုးစားပြင်ကြပုံတွေနဲ့ တစ်ကိုယ်ရည်လိုအပ်ချက်တွေ နည်းမျိုးစုံနဲ့ဖြည့်ဖို့ကြိုးစားကြတာကို ဝါးလုံးကွဲမဟုတ်ရင်တောင် ပေါ့ပေါ့ပါးပါး လန်းလန်းဆန်းဆန်း ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

Crazy, Stupid, Love. (2011) ⭐IMDB: 7.4/10 (548 k Votes) 🎬 #Comedy #Drama #Romance 🗓 2011 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အရွယ်ရောက်လာတဲ့ယောက်ျားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်တော်တော်များများမှာ အိပ်မက်တစ်ခုရှိတယ် ပြီးပြည့်စုံတဲ့ family life တစ်ခုဖန်တီးဖို့ပဲ…ဒါကြောင့်အချစ်စစ်တစ်ခုရှာဖွေတယ် အိမ်ထောင်ပြုတယ်ဒါမှမဟုတ်သင့်တော်တဲ့သူလို့ထင်တဲ့သူနဲ့အိမ်ထောင်ပြုကြတယ်..ပြီးတော့.. မျိုးဆက်လေးတွေမွေးဖွားရင်း သိပ်တော်တဲ့ကလေးတွေအဖြစ်ပြုစုပျိုးထောင်ဖို့ ကြိုးစားအားထုတ်ကြတယ်…အလုပ်တစ်ဖက် သားသမီးတစ်ဘက်နဲ့ဆိုတော့ လင်မယားအကြားဆက်ဆံရေးကိုမေ့လျော့နေမိတတ်တယ်….အနုပညာမြောက်လှပါတယ်ဆိုတဲ့ဆိုတဲ့သီချင်းတစ်ပုဒ်တောင်ဖွင့်ဖန်များ ကြားရဖန်များလာရင် ညည်းငွေ့တတ်တဲ့သဘောရှိတယ်ကျွန်တော်တို့ရဲ့နှစ်သက်ခြင်းကို နှစ်သက်ခြင်းကပဲဖျက်ဆီးသွားတတ်တယ်…..အိမ်ထောင်ရေးမှာလည်း ဒီလိုပဲထင်ပါ့ တစ်ယောက်ရဲ့အပြုအမူတွေဟာ နှစ်သက်ခြင်းကြိမ်ဖန်များစွာဆောင်ခဲ့ပေမဲ့ကြာလာတော့ညည်းငွေ့တတ်တဲ့အဆင့်ရောက်သွားတယ် နှလုံးသားဟာ အဟာရမဲ့လေတော့ ကလေးတွေရဲ့သံယောဇဉ် နှောင်ဖွဲ့ခြင်းအသိအမှတ်ပြုလက်ထပ်စာချုပ်တွေဟာ အဓိပါယ်မဲ့သွားတတ်တယ်….ကျွန်တော်ပြောတာတွေက ယေဘူယျအမှန်တရားဖြစ်နိုင်သလို ချွင်းချက်အမှန်တရားလည်းဖြစ်နိုင်ပါတယ်….ဒီကားလေးက ကလေး ၃ယောက်ရှိတဲ့မိခင်နဲ့မိခင်ကြားအဆင်မပြေပုံတွေနဲ့ မြှာပွေတတ်တဲ့ကောင်လေးတစ်ယောက်အချစ်ကြောင့်ပြောင်းလဲသွားတတ်ပုံလေးကိုရိုက်ပြထားတာပါ…..ကျွန်တော်ပြောတာနဲ့တင်ဒီကားရဲ့Plotကိုသဘောပေါက်လောက်ပြီထင်ပါတယ် ပြီးတော့ ဒီကားက သရုပ်ဆောင်တွေကလည်း နာမည်ကြီးတွေပါပဲ …… Steve Carell,Ryan Gosling,Julianne Moore,Emma Stone,Marisa Tomei,Kevin Bacon …LALALAND က Ryan Goslin နဲ့ ကျော့်အချစ်တော်လေး Emma Stoneလေးတော့အနည်းဆုံးသိကြမယ်ထင်ပါတယ်……ကိုင်းခံစားကြည့်လိုက်ပါဦးဗျ အရွယ်ရောက်လာတဲ့ယောက််ားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်တော်တော်များများမှာ အိပ်မက်တစ်ခုရှိတယ် ပြီးပြည့်စုံတဲ့ family life တစ်ခုဖန်တီးဖို့ပဲ…ဒါကြောင့်အချစ်စစ်တစ်ခုရှာဖွေတယ် အိမ်ထောင်ပြုတယ်ဒါမှမဟုတ်သင့်တော်တဲ့သူလို့ထင်တဲ့သူနဲ့အိမ်ထောင်ပြုကြတယ်..ပြီးတော့.. မျိုးဆက်လေးတွေမွေးဖွားရင်း သိပ်တော်တဲ့ကလေးတွေအဖြစ်ပြုစုပျိုးထောင်ဖို့ ကြိုးစားအားထုတ်ကြတယ်…အလုပ်တစ်ဖက် သားသမီးတစ်ဘက်နဲ့ဆိုတော့ လင်မယားအကြားဆက်ဆံရေးကိုမေ့လျော့နေမိတတ်တယ်….အနုပညာမြောက်လှပါတယ်ဆိုတဲ့ဆိုတဲ့သီချင်းတစ်ပုဒ်တောင်ဖွင့်ဖန်များ ကြားရဖန်များလာရင် ညည်းငွေ့တတ်တဲ့သဘောရှိတယ်ကျွန်တော်တို့ရဲ့နှစ်သက်ခြင်းကို နှစ်သက်ခြင်းကပဲဖျက်ဆီးသွားတတ်တယ်…..အိမ်ထောင်ရေးမှာလည်း ဒီလိုပဲထင်ပါ့ တစ်ယောက်ရဲ့အပြုအမူတွေဟာ နှစ်သက်ခြင်းကြိမ်ဖန်များစွာဆောင်ခဲ့ပေမဲ့ကြာလာတော့ညည်းငွေ့တတ်တဲ့အဆင့်ရောက်သွားတယ် နှလုံးသားဟာ အဟာရမဲ့လေတော့ ကလေးတွေရဲ့သံယောဇဥ် နှောင်ဖွဲ့ခြင်းအသိအမှတ်ပြုလက်ထပ်စာချုပ်တွေဟာ အဓိပါယ်မဲ့သွားတတ်တယ်….ကျွန်တော်ပြောတာတွေက ယေဘူယျအမှန်တရားဖြစ်နိုင်သလို ချွင်းချက်အမှန်တရားလည်းဖြစ်နိုင်ပါတယ်….ဒီကားလေးက ကလေး ၃ယောက်ရှိတဲ့မိခင်နဲ့မိခင်ကြားအဆင်မပြေပုံတွေနဲ့ မြှာပွေတတ်တဲ့ကောင်လေးတစ်ယောက်အချစ်ကြောင့်ပြောင်းလဲသွားတတ်ပုံလေးကိုရိုက်ပြထားတာပါ…..ကျွန်တော်ပြောတာနဲ့တင်ဒီကားရဲ့Plotကိုသဘောပေါက်လောက်ပြီထင်ပါတယ် ပြီးတော့ ဒီကားက သရုပ်ဆောင်တွေကလည်း နာမည်ကြီးတွေပါပဲ …… Steve Carell,Ryan Gosling,Julianne Moore,Emma Stone,Marisa Tomei,Kevin Bacon …LALALAND က Ryan Goslin နဲ့ ကျော့်အချစ်တော်လေး Emma Stoneလေးတော့အနည်းဆုံးသိကြမယ်ထင်ပါတယ်……ကိုင်းခံစားကြည့်လိုက်ပါဦးဗျ...

Dragon Gate Posthouse 8: Pavillion of Life and Death (2018) ⭐TMDB: 0.0% User Score 🎬 #Action #DragonGatePosthouse #History #Mystery 🗓 2018 🎞 movie 🌎 #China ⏰ 1 နာရီ 22 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကိုတစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ် ဒီမှာရှာပါ ပစ္စည်းတွေကို အပေးအယူလုပ်ပြီး လူတွေအတွက် စိတ်ညစ်စရာတွေကိုကူညီပေးနေတဲ့ သိုင်းလောကလူဆန်းကြီး စုန့်ဖေးချန်ဟာ သူ့ရဲ့ ရှန်းရှီကယ်ထဲမှာလူတွေ မျှော်လင့်ချက်ကို ဖြည့်ဆည်းဖို့အတွက် လဲလှယ်ခဲ့တဲ့မျက်လုံး၊ လက်၊ လက်မောင်းနှင့် ဝိညာဉ်တွေကို သိမ်းဆည်းထားပါတယ်။ မာတာ့လုဟာ ဟူညိုရုတ်တရက်ပျောက်သွားပြီးနောက် ရှန်းရှီကယ်ကိုအကူအညီတောင်းရန် ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့မတွေ့ရတာ ကြာပြီဖြစ်တဲ့ချူအာနဲ့ တွေ့ခဲ့ပါတယ်။ တာ့လုနဲ့ ချူအာဟာ မေတ္တာရှိနေပေမဲ့လဲချူအာနဲ့ ဟူညိုတို့နှစ်ယောက်မှ တစ်ယောက်ပဲ အသက်ရှင်ရမယ်ဆိုတာ သိလိုက်ရပါတယ်။ စုန့်ဖေးချန်ဟာ ချူအာတို့ ညီအစ်မရဲ့ အသက်ကို ကယ်တင်ချင်လျှင်တာ့လုကို နင်ဝမ်အိမ်တော်မှာ မင်းသမီးကို သွားဖမ်းရန် တောင်းဆိုခဲ့ပါတယ်။တာ့လုကလည်း ရွေးချယ်စရာမရှိသဖြင့် သဘောတူခဲ့ပါတယ်။သဘောကောင်းတဲ့ မင်းသမီးကလည်း တာ့လုနဲ့အတူ စုန့်ဖေးချန်ကို တွေ့ရန် သဘောတူခဲ့ပါတယ်။ စုန့်ဖေးချန်မှာ တခြားအစီအစဉ်တစ်ခု ရှိနေပါတယ်။သူလုပ်သမျှအရာအားလုံးဟာ လွန်ခဲ့တဲ့ နှစ် ၃၀ က အမှားကိုပြန်ပြင်ဖို့ပဲဖြစ်ပါတယ် လွန်ခဲ့တဲ့ နှစ် ၃၀ က ဘယ်လိုအမှားတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။...