ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Sleepaway Camp (1983) ⭐TMDB: 63.0% User Score 🎬 #Horror 🗓 1983 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နှစ်ပေါင်း ၄၀ သက်တမ်းရှိပြီဖြစ်တဲ့ ညအိပ်တောတွင်းစခန်းလို့ အမည်ရတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နွေရာသီတခုမှာ အဒေါ်မိသားစုနဲ့နေထိုင်ရတဲ့ အန်ဂျလာဆိုတဲ့ အရှက်အကြောက်ကြီးတဲ့ ၁၄ နှစ်အရွယ်ကောင်မလေးဟာ ၀မ်းကွဲအစ်ကိုဖြစ်သူ ၁၅ နှစ်အရွယ် ရစ်ကီနဲ့ အယ်ရာ၀က် နွေရာသီတောတွင်းစခန်းကို လည်ပတ်ဖို့ရောက်ရှိလာခဲ့ပါတယ်။ အန်ဂျလာတို့ မောင်နှမ စခန်းကိုရောက်ရှိပြီးအကြာမှာ အန်ဂျလာအပေါ်ကို အနိုင်ကျင့် စနောက်မှုတွေရှိလာပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အန်ဂျလာကို အနိုင်ကျင့်စော်ကားသူတွေဟာ တယောက်ပြီး‌တယောက် ဆိုးရွားတဲ့မတော်တဆမှုတွေနဲ့ ကြုံတွေ့ပြီး သေဆုံးလာကြတဲ့အခါမှာတော့ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က လက်သည်ဟာ ဘယ်သူများလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ဟာ ၁၉၈၃ကတည်းက ထွက်ရှိထားခဲ့ပေမဲ့ သရုပ်ဆောင်ချက်တွေ မိတ်ကပ်ပြင်ချက်တွေဟာ သူ့ခေတ်သူ့အခါမှာတော့ တော်တော်ကောင်းတဲ့အထဲပါခဲ့ပါတယ်။ ဇာတ်လမ်းအဆုံးမှာ လူသတ်သမားကိုထုတ်ဖော်ချပြလိုက်ခြင်းကလည်း အမေရိကန်ရုပ်ရှင်သမိုင်းကြောင်းမှာ ထိတ်လန့်တုန်လှုပ်မှုကို အထွတ်အထိပ်အထိရောက်ရှိစေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၈၀ကျော်ခုနစ်တွေတုန်းက သည်းထိတ်ရင်ဖို ရုပ်ရှင်ကားဟောင်းတွေကို နှစ်သက်သူတွေအနေနဲ့တော့ ဒီရုပ်ရှင်ကို သေချာပေါက်မြည်းစမ်းကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ ရီဗျူးကိုအဆုံးသတ်လိုက်ပါတယ်။...

Gentlemen Broncos (2009) ⭐IMDB: 6.1/10 (12 k Votes) 🎬 #Comedy #Drama #ScienceFiction #Adventure #SciFi 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sci-fi & comedy အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားထဲမှာဆိုရင် အဓိကဇာတ်လိုက်ကျော်ဖြစ်တဲ့ ဘန်ဂျေမင်း ဆိုတဲ့ ဆယ်ကျော်သက်လေးဟာ ငယ်ငယ်လေးကတည်းက Sci-fi ဇာတ်လမ်းတွေကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ကိုယ်ပိုင်စာဆိုပေစတွေ ရေးလာခဲ့သူတစ်ယောက်ဖြစ်တယ်။ တစ်ရက်မှာ သူက နာမည်ရစာရေးဆရာတစ်ယောက်ဖြစ်တဲ့ သူ့ အိုင်ဒေါ ချီဗာလီယာရဲ့ workshop ကို သွားတက်ခဲ့ပြီး အဲကနေ တာဘာသာဆိုတဲ့ သူ့လိုပဲ အပျော်တမ်းစာရေးဆရာတစ်ယောက်ရယ်၊ လွန်နီဒီနာဟိုဆိုတဲ့ ကိုယ်ပိုင် စတူဒီယိုရှိတဲ့ ရိုက်ကူးရေးသမားတစ်ယောက်နဲ့ ရင်းနှီးခဲ့တယ်။ အဲ workshop မှာက လာကြတဲ့ လူငယ်စာရေးဆရာတွေအတွက် စာမူပြိုင်ပွဲတစ်ခုပါ အတူတွဲပါတာကြောင့် ဘန်ဂျေမင်းဟာ သူ့နောက်ဆုံးရေးထားတဲ့ “တဆေးအရှင်များ” ဆိုတာကို တင်ခဲ့လိုက်တယ်။ “တဆေးအရှင်များ” ကို ပေးဖတ်ခဲ့ဖူးတာ သူ့အမေရယ် တာဘာသာရယ်ပဲရှိတယ်။ တာဘာသာက လွန်နီနဲ့အတူ သူ့ဝတ္ထုကို adaptation လုပ်ဖို့ ဝယ်ယူခဲ့ပြီး ရုံပါတင်တဲ့အချိန်မှာပဲ ချီဗာလီယာဟာ စာအုပ်အသစ်တစ်အုပ်ကို ထုတ်ဝေခဲ့တယ်။ မယုံနိုင်အောင်ပဲ အဲစာအုပ်က သူ့ရဲ့ “တဆေးအရှင်များ” ကို ဇာတ်ဆောင်နာမည်တွေပြောင်းထားတာကြီး ဖြစ်နေခဲ့တာကို သူတွေ့လိုက်ရတယ်။ အတိုချုံ့ရရင်တော့ လူငယ်စာရေးဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းကို ခိုးယူခဲ့တဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။...

Love Me Instead (2021) ⭐IMDB: 7.0/10 (3 k Votes) 🎬 #Drama 🗓 2021 🎞 movie 🌎 #Turkey ⏰ 2 နာရီ 6 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ( ဘာသာပြန်သူ 100% recommend ပေးပါတယ် ) IMDb 7/10 အထိ ရရှိထားတဲ့ တူရကီရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ Castတွေအနေနဲ့ တူရကီနိုင်ငံရဲ့ ရတနာ အနုပညာရှင်တွေဖြစ်ကြတဲ့ Ercan Kesal, Sarp Akkaya, Su Burcu Yazgı Cos‌kun, Aleyna Özgeçenနဲ့ Füsun Demirel အစရှိတဲ့ အကျော်ဇေယျတွေချည်းပါပဲ။ မူဆာ ဆိုလက်က ခွန်းညအကျဉ်းထောင်မှာ ထောင်ဒဏ် အကြာကြီး အကျဉ်းကျခံနေရတဲ့ အကျဉ်းသားပါ။ သူ ထောင်ကျနေတာ ဘယ်လောက်တောင်ကြာပြီလဲဆိုတာ Spotify ကိုတောင် သူ မသိပါဘူး။ ဒါပေမယ့် တစ်နေ့မှာတော့ မူဆာရဲ့ မယားဖြစ်သူ ဆုံးသွားပြီးနောက် အဖော်မဲ့နေတဲ့ သူ့ရဲ့သမီးလေး ရွန်းဂျာ ဆီကို တစ်ရက်ပြန်ခွင့်ရလာပါတယ်။ မူဆာကို စောင့်ကြည့်ဖို့ ဆီးဒတ် ယူဂျယ်လို့ ခေါ်တဲ့ အကျဉ်းထောင်စောင့် ပုဂ္ဂိုလ်က လိုက်ပါရပါတော့တယ်။ သမီးဖြစ်သူကို မွေးပြီးကတည်းက မမြင်ရတော့တဲ့ မူဆာတစ်ယောက် သမီးလေးကို အိမ်ပြန်ပြီး သွားကြည့်တဲ့ ခရီးစဉ်လေးက သာမန်ခရီးစဉ်မဟုတ်တော့တဲ့အခါ ….. သူထောင်ထဲရောက်နေတဲ့အချိန်၊ သူ အပြင်မှာ မရှိခိုက် ဖြစ်ပျက်သွားတာတွေက ဘာတွေလဲ …. မူဆာ တစ်ယောက် ဘာတွေကိုလွတ်သွားတာလဲ …. သူ့ဘေးနားက လူတွေက သူ့ကို ဘာတွေဖုံးကွယ်ထားကြတာလဲ …… Personally အရ ပြောရရင် ဒီရုပ်ရှင်က အင်မတန်တဲ့ကောင်းတဲ့ထဲမှာ ပါပါတယ်။ ဘာသာပြန်လာတဲ့တစ်လျှောက်မှာ ဒီရုပ်ရှင်ကို သဘောအတွေ့ဆုံး၊ အကြိုက်မိဆုံးပါ။ ရိုးရိုးအေးအေး Plotလေးလို့ ထင်လိုက်တာကနေ တဖြည်းဖြည်းနဲ့ ဇာတ်ကို ဆွဲခေါ်လာပြီး Plotကို ပြောင်းချသွားတာက လက်ဖျားခါလောက်ပါတယ်။ ဇာတ်အိမ်အပြင် ဇာတ်ဝင်သီချင်းကလည်း ဇာတ်လမ်းကို အမြင့်ဆုံးကို ဆွဲခေါ်သွားနိုင်ခဲ့တယ်။ Emotion ကို ရိုလာကိုစတာ စီးသလိုမျိုး အနိမ့်အမြင့် အတက်ကျဖြစ်အောင် ပုံဖော်သွားနိုင်တာကြောင့် ဒါရိုက်တာ Mehmet Ada Öztekinကို အရမ်း ဂုဏ်ပြုမိပါတယ်။ ဒီရုပ်ရှင်က ကြည့်ရတာ အင်မတန်ကိုမှ တန်တဲ့ရုပ်ရှင်ကားဖြစ်တယ်လို့ ပြောရင်း နိဂုံးချုပ်ပါရစေ။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...

Frankie Meets Jack (2023) ⭐IMDB: 5.4/10 (212 Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Frankie meets Jack ဆိုတဲ့ဇာတ်ကားလေးကတော့ 2023 မှာထွက်ရှိခဲ့တဲ့ဇာတ်ကားလေးဖြစ်ပြီး Romance နဲ့ Comedy အမျိုးအစားဖြစ်ပါတယ် ။ လက်ထပ်တော့မယ့်စုံတွဲတွေအတွက်ဆောင်းပါးတွေရေးပေးရတဲ့ဖရန်ကီနဲ့တိရိစ္ဆာန်ဆရာဝန်ဖြစ်တဲ့ဂျက်တို့ရဲ့ဇာတ်လမ်းလေးပါ။ဖရန်ကီက သူမကြာခင်ကမှဂေဟာကနေ ခေါ်မွေးထားတဲ့ခွေးလေးကို လမ်းလျောက်ခေါ်သွားရင် မတော်တဆဖြစ်သွားတဲ့အချိန် ဂျက်ကသူ့ခွေးတွေကိုဝင်ကယ်ပေးခဲ့တာပါ သူတို့အချင်းချင်းဟာကံတရားက စီမံထားပေးတဲ့ဖူးစာဖက်တွေလို အချင်းချင်းသဘောကျမိကြပေမယ့် ဂျက်ဆီမှာစေ့စပ်ထားတဲ့သတို့သမီးလောင်းရှိနေခဲ့ပါတယ်။ ဖရန်ကီနဲ့ဂျက်တို့ ပျော်ရွှင်စွာပေါင်းဖက်ပြီး ဇာတ်သိမ်းနိုင်ကြပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာသိရမှာပဲဖြစ်ပါတယ်။...

Cyberpunk: Edgerunners (2022-2022) ⭐IMDB: 8.3/10 (69 k Votes) 🎬 #Action #Adventure #Animation #SciFi #Fantasy #Crime #Thriller 🗓 2022-2022 🎞 tv mini series 🌎 #Poland #UnitedStates #Japan #UnitedStatesofAmerica ⏰ 28 မိနစ် 46 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Cyberpunk: Edgerunners (2022) CompleteGamer​တွေကြား အ​မျှော်လင့်ကြီး ​မျှော်လင့်ထားသလို မသိသူ မရှိ​လောက်တဲ့ Cyberpunk : Edgerunners ကို တင်ဆက်​ပေး လိုက်ပါပြီ။ ဒီAnimeက Cyberpunk 2077 မတိုင်ခင် တစ်နှစ် မှာ ဖြစ်ခဲ့တဲ့ ကိစ္စ​တွေကို Prequel အ​နေနဲ့ ရိုက်ကူးထားတာပါ။ IMDB 8.6နဲ့ RT 100% အပြည့် ရထားပါတယ်။ Animationနဲ့ Effect​တွေကလည်း ​ပြော​စရာမလို​အောင် ရှယ်လှပါတယ်။​​ခေတ်​ရှေ့​ပြေးလွန်းပြီး ​သိပ္ပံနည်းပညာ​တွေ ထွန်းကားလွန်းသလို ​ငွေနဲ့ပဲ အရာရာလည်ပတ်နေတဲ့ အနာဂတ် မြို့​တော်ကြီးတစ်ခုမှာ ​ဒေးဗစ်လို့​​ခေါ်တဲ့ ဂျစ်ကန်ကန်​ကောင်​လေးဟာ ​​ဆင်းရဲနွမ်းပါးမှု ​ကြောင့် လူရာသွင်းမခံရသလို ဘယ်​လောက်ပဲ ကြိုးစားကြိုးစား အရှုံးနဲ့ ရင်ဆိုင်​ရတဲ့ ဘဝပိုင်ရှင်လို့ပဲ ​ပြောရမှာပါ။ Your browser does not support the video tag.ကံအ​ကြောင်းမလှရတဲ့အထဲ တစ်​​နေ့မှာသူ့ဘဝတစ်ခုလုံးကို ​ဇောက်ထိုးမိုး​မျှော် ဖြစ်စေမယ့် ဖြစ်ရပ်ဆိုးကြီးဖြစ်လာတဲ့အခါ ဘဝ​ပေးကံကြမ္မာကို ​ခြေစုံကန်ပြီး ​ငွေရဖို့အတွက် ဘာမဆိုအကုန်လုပ်မယ့် ​ဝရမ်း​ပြေး ​ကြေးစား Edgerunnerဘဝကို ​ရောက်သွားပါ​တော့တယ်။...

Obi-Wan Kenobi (2022) ⭐TMDB: 72.0% User Score 🎬 #SciFi #Fantasy #Action #Adventure 🗓 2022 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica #UnitedStatesofAmerica ⏰ 48 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Obi-Wan Kenobi 2022 (Season1) Your browser does not support the video tag. Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေက အားလုံးစောင့်နေတဲ့ စီးရီးတစ်ခုထွက်လာပါပြီ။သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ဒီစီးရီးမှာတော့ Star Wars ရုပ်ရှင်တွေထဲက နာမည်အကြီးဆုံး ဇာတ်ကောင်တွေထဲကတစ်ခုဖြစ်တဲ့ ဂျဒိုင်းဗိုလ်ချုပ် မာစတာ အိုဘီဝမ်ခနိုဘီအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Revenge of the Sith အဆုံး A New Hope မစခင် ကာလဖြစ်ပြီး အမိန့်-၆၆ ကြောင့် ဂျဒိုင်းတွေ ကျဆုံးအပြီးမှာ လက်ကျန်ဂျဒိုင်းတွေကို လိုက်ရှင်းလင်းတဲ့ အင်ပါယာအဖွဲ့နဲ့ ထွက်ပြေးနေတဲ့ အိုဘီဝမ်တို့ ထိပ်တိုက်တွေ့ကြတဲ့အကြောင်းပါပဲ။ ဆုလာဘ်ကြီးအနေနဲ့ အိုဘီဝမ်မူလဇာတ်ကောင်မင်းသားကို သုံးပေးထားတာမို့ ဖန်အားလုံး သေအောင်ကြိုက်ကြမှာ သေချာပါတယ်။ ကြည့်လိုက်ကြပါဦး။...

The Buccaneers (2023- ) ⭐IMDB: 6.1/10 (1 k Votes) 🎬 #Drama 🗓 2023- 🎞 tv series 🌎 #UnitedKingdom ⏰ 53 မိနစ် 21 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Buccaneers (2023)The Buccaneers (2023) Ongoing  Your browser does not support the video tag.~ IMDb – 6.1/10, Rotten Tomatoes – 78% ~ Apple TV ကနေပဲ အသစ်ထွက်လာတဲ့ ဒီစီးရီးက ၁၉၉၅မှာ ပထမဆုံးအကြိမ် BBC မှာပြသခဲ့တဲ့ Edith Wharton ရဲ့ မပြီးပြတ်နိုင်ခဲ့တဲ့ ဝတ္ထုလေးကို ၂၀၂၃ ခုနှစ်မှာ ရသတစ်မျိုးနဲ့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Tomato Meter မှာ Audience Score 96% ရထားတာဖြစ်လို့ တကယ်မခေတဲ့ Period Drama ဇာတ်လမ်းတစ်ပုဒ်ဆိုတာ အသေအချာပါပဲ။ ဒီဇာတ်လမ်းလေးကို အဓိကဇာတ်ကောင်ဖြစ်တဲ့ အထွေးဆုံးလေး နန်း၊ နန်းရဲ့အစ်မဖြစ်သူ ဂျန်းနီ၊ လစ်ဇီနဲ့ မေဘယ်ဆိုတဲ့ ညီအစ်မနှစ်ယောက်နဲ့ ကွန်ချီတာဆိုတဲ့ လူမည်းအမျိုးသမီး၊ စုစုပေါင်း သူငယ်ချင်းငါးယောက်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီအမေရိကန် သူငယ်ချင်းငါးယောက်ထဲက ကွန်ချီတာကတော့ မကြာခင် အင်္ဂလန်ရဲ့သခင်တစ်ယောက်ဖြစ်တဲ့ ရစ်ချက်ဆိုတဲ့သူနဲ့ လက်ထပ်တော့မှာပေါ့။ ဒါပေမဲ့ မင်္ဂလာဆောင်မယ့်နေ့မှာ သတို့သားကအချိန်နောက်ကျတဲ့အထိမရောက်လာသေးတဲ့အတွက် ကွန်ချီတာတစ်ယောက် အုတ်အော်သောင်းနင်းဖြစ်ပြီး ပြဿနာပေါင်းစုံရှာတော့တာပေါ့။ ဒီလိုနဲ့ ကွန်ချီတာရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ နန်းက ကွန်ချီတာ့အတွက် စိတ်အသောကရောက်ရဆုံးအချိန်မှာ ကွန်ချီတာရှာသမျှပြဿနာတွေကိုလိုက်ရှင်း၊ ကွန်ချီတာ့ကိုချော့မော့ရင်းနေခဲ့ပါတယ်။ ဖြစ်ချင်တော့ သတို့သားက မင်္ဂလာဆောင်ရမှာကိုကြောက်လို့ ပွဲမလာနိုင်တာဖြစ်နေခဲ့ပါတယ်။ ဒါကို အမှတ်မထင် သိလိုက်ရတဲ့ နန်းက သတို့သားကိုချော့ပြောလိုက်တဲ့အချိန်မှာပဲ ကွန်ချီတာနဲ့ ရစ်ချက်တို့နှစ်ယောက်က မင်္ဂလာဆောင်ဖြစ်သွားပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းလေးကတော့ ကွန်ချီတာတို့နှစ်ယောက် မင်္ဂလာဆောင်အပြီး သူ့ယောက်ျားဖြစ်တဲ့ ရစ်ချက်နေတဲ့လန်ဒန်မြို့ကြီးကို ကျန်နေတဲ့ သူငယ်ချင်းလေးယောက်တို့သွားလည်တဲ့အခါမှာမှ ဘာဖြစ်လို့ရစ်ချက်က မင်္ဂလာမဆောင်ချင်ဖြစ်ရတာလဲဆိုတဲ့ အမှန်တရားတွေထွက်ပေါ်လာပါတော့တယ်။ ဒီဇာတ်လမ်းတွဲထဲမှာဆိုရင် အမေရိကန်နဲ့ အင်္ဂလန်တို့ရဲ့ ဒုတိယကမ္ဘာစစ်အပြီးကာလမှာ ယဉ်ကျေးမှုချင်းကွာခြားခဲ့ပုံ၊ အဲဒီကွာခြားချက်တွေကြောင့် အဲဒီခေတ်က လူငယ်တွေ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုပြဿနာအခက်အခဲတွေကိုရင်ဆိုင်ခဲ့ရလဲဆိုတာကို အသားပေးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အဲဒီလိုဆိုပေမဲ့လည်း ဇာတ်လမ်းရဲ့ ရသအပိုင်းဖြစ်တဲ့ ဒရာမာဆန်ဆန် ရိုမန်တစ်အချစ်ဇာတ်လမ်းရှာဖွေပုံတွေကို မူရင်းစာရေးဆရာကြီးလက်စွမ်းပြခဲ့တဲ့အတိုင်း အနီးစပ်ဆုံးပြန်လည်ရိုက်ကူးထားနိုင်တာဖြစ်လို့ တကယ်လက်လွတ်မခံသင့်တဲ့ စီးရီးကောင်းတစ်ခုပဲဖြစ်ပါတယ်။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Mark ပဲဖြစ်ပါတယ်)...

The Passion of the Christ (2004) ⭐TMDB: 75.0% User Score 🎬 #Drama 🗓 2004 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Passion of the Christ (2004) ~ IMDb – 7.2/10, Rotten Tomatoes – 49% ~ ခရစ်တော်တို့ မယ်တော်မေရီတို့အကြောင်းဇာတ်ကားတွေ သမ္မာကျမ်းစာလာကားတွေကို ရိုက်ရတယ်ဆိုတာ အင်မတန်အန္တရာယ်ကြီးတဲ့အလုပ်ပါပဲ။ လူပေါင်းမြောက်များစွာ လုပ်ခဲ့ကြပေမဲ့ နာမည်ကြီးဒါရိုက်တာကြီးတွေတောင် အောင်မြင်တစ်လှည့် ရှုံးတစ်လှည့်နဲ့ပေါ့။ ဒီတစ်ခါ “The Passion of the Christ” ဆိုတဲ့ ဇာတ်ကားကိုတော့ Mel Gibson က ရိုက်ထားတယ်။ ဂစ်ဆင်ကိုတော်တော်များများ မင်းသားအနေနဲ့ ပိုသိကြမှာပါ။ ဒါပေမဲ့ သူလည်း သရုပ်ဆောင်သက်တမ်းမနည်းသလို ဒါရိုက်တာသက်တမ်းလည်း အတော်တော့ရှိနေပါပြီ။ Braveheart လို ဂန္ထဝင်တွင်တဲ့ကားတွေ၊ Hacksaw Ridge နဲ့ Apocalypto တို့လို တကယ့်ကားကောင်းတွေရိုက်ခဲ့သလို အခုရုပ်ရှင် The Passion of the Christ ကိုလည်း IMDB rating မှာ 7.2 ရထားတဲ့အပြင် ဆုပေါင်း ၃၀ ကျော် ဆွတ်ခူးထားနိုင်အောင်ရိုက်နိုင်ခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့လည်း တကယ်မခေတဲ့သူပါပဲ။ ခေါင်းစဉ်အတိုင်း ခရစ်ယာန်တွေရဲ့ သမ္မာကျမ်းစာထဲမှာတဲ့ “Jesus Christ” သခင်ယေရှုအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပေမဲ့ သခင်ယေရှုသက်တော်စဉ်ဖြစ်တဲ့ ဘဝတစ်ခုလုံးအကြောင်းရိုက်ပြထားတာပဲမဟုတ်ဘဲ “The Last Supper” လို့ နာမည်ကြီးတဲ့ နောက်ဆုံးညစာစားပွဲပြီး နောက်တစ်နေ့နံနက်အချိန် သခင်ယေရှု လက်ဝါးကပ်တိုင်ပေါ် ကားစင်တင်သတ်မခံရခင် ၁၂ နာရီကာလကို အသေးစိတ်ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ခရစ်တော်အကြောင်းရိုက်တဲ့ကားတွေထဲကမှ ဒီကားကတော့ ထူးထူးခြားခြား အချိန်တိုလေးကို သုံးပြီး ရိုက်ကူးထားတာဖြစ်လို့ အန္တရာယ်ပိုကြီးမှာပေမဲ့ Mel Gibson ကတော့ ကောင်းကောင်းကြီး ပုံဖော်သွားခဲ့နိုင်တယ်ပဲ ပြောရပါမယ်။ ~ ဇာတ်လမ်းအကျဉ်း ~ သခင်ယေရှုဟာ သူရဲ့သာဝက ၁၂ ပါးနဲ့ ပွဲတော်စားပြီးတဲ့အချိန်မှာ နောက်တစ်နေ့မနက် အသတ်ခံရတော့မှာကိုသိတဲ့အတွက် ဂေသရှေမန်ဥယျာဉ်ထဲမှာ ခမည်းတော် အဘဘုရားဆီဆုတောင်းဖို့သွားခဲ့ပါတယ်။ ဆုတောင်းအပြီးမကြာခင်မှာပဲ ရောမရဲမက်တစ်သိုက်နဲ့အတူ သခင်ယေရှုကို ဖာရိရှဲလို့ခေါ်တဲ့ ထိုခေတ်အခါက ကျမ်းတတ်ပုဂ္ဂိုလ်ဆိုတဲ့လူတွေဆီ ငွေအသပြာ သုံးဆယ်နဲ့ရောင်းစားခဲ့တဲ့ သခင်ယေရှုရဲ့တပည့်တော် ၁၂ ပါးထဲမှ သခင်ယေရှုကိုသစ္စာဖောက်ခဲ့တဲ့ ယုဒရှကာရုတ်ဆိုတဲ့ တပည့်တော်လည်းပါပါတယ်။ ဒီလိုအကြောင်းဖန်လာတာကတော့ ဖာရိရှဲတို့က သခင်ယေရှုကို မှားယွင်းတဲ့ဩဝါဒဖြန့်သူ၊ မဟုတ်မမှန်ဘဲ ဘုရားသားလို့ မိမိကိုယ်ကိုခေါ်ဝေါ်သမုတ်သူဖြစ်တယ်ဆိုပြီး ရဲမက်တွေကိုဖမ်းဆီးခိုင်းလိုက်လို့ပဲဖြစ်ပါတယ်။ ယေရုရှလင်(ဂျေရုဆလင်)မြို့ရဲ့ တရားစိုးမိုးမှုအောက်မှာရှိနေတဲ့ သခင်ယေရှုက နောက်ဆုံးမှာ ဘယ်လိုမျိုးကားစင်တင်သတ်ခံသွားရမလဲဆိုတာကို ဒီဇာတ်ကားထဲမှာရှုမြင်ခံစားကြရမှာပဲဖြစ်ပါတယ်။ ခရစ်ယာန်တွေရဲ့ သမ္မာကျမ်းစာထဲက သခင်ယေရှုလက်ဝါးကပ်တိုင်ပေါ်မှာ ကားစင်တင်သတ်ခံရပုံကို သမ္မာကျမ်းစာထဲကအတိုင်း တိကျသေသပ်အောင် ရိုက်ကူးထားနိုင်ခဲ့ရုံတင်မကဘဲ ခရစ်ယာန်တွေရဲ့ နာမည်ကြီးထုံးတမ်းစဉ်လာတွေဖြစ်ကြတဲ့ “ပွဲတော်စားခြင်း”၊ သခင်ယေရှုရဲ့ ငယ်ဘဝအကျဉ်း၊ ကျမ်းတတ်ပေမဲ့လည်း သမာသမတ်မကျတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်ဖာရိရှဲတွေရဲ့အကြောင်းကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးထားနိုင်ခဲ့ပါတယ်။ လာမယ့် 2024~2025 မှာလည်း ဒီဇာတ်ကားရဲ့အဆက်ဖြစ်တဲ့ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း ကောင်းကင်ပေါ်ပြန်မကြွခင်ကာလအကြောင်းဇာတ်ကားကို Mel Gibson ကပဲ ဒါရိုက်တာအနေနဲ့ တာဝန်ယူရိုက်ကူးဦးမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

The Greatest Showman (2017) ⭐IMDB: 7.5/10 (302 k Votes) 🎬 #Biography #Drama #Musical 🗓 2017 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Greatest Showman (2017) IMdb Rating (7.5) ဒီ Musical Drama ရုပ်ရှင်ကားကြီးက ခြူးတစ်ပြားမှမရှိသူတစ်ယောက်အဖြစ်ကနေ ကမ္ဘာသိ ဆပ်ကပ်တည်ထောင်သူ ဆပ်ကပ်ဆရာကြီး P. T. Barnum ရဲ့ ဘဝဇာတ်ကြောင်းအခြေခံရိုက်ကူးထားတဲ့ Biography ရုပ်ရှင်လည်းဖြစ်ပါတယ်။ မင်းသားကြီး Hugh Jackman က P.T.Barnum အဖြစ်အဓိကပါဝင်ထားပြီး Michelle Williams, Zac Efron, Zendaya, Rebecca Ferguson စတဲ့နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ ဘတ်ဂျက် $84 million သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ $435million ထိ ပြန်လည်ရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေ တစ်ကမ္ဘာလုံးက Musical ပရိတ်သတ်တွေရဲ့ ကောင်းချီးကိုပါ ရရှိခဲ့ပါတယ်။ စိတ်ဓာတ်ကျနေချိန်တိုင်း နားထောင်ကြရမယ့် သီချင်းတွေပါဝင်တယ်လို့ နာမည်ကြီးသလို နားဆင်မိသူတိုင်း ရင်ထဲစွဲငြိအောင် ကြိုက်ရတဲ့သီချင်းတွေလဲပါဝင်ပါတယ်။ ဇာတ်လမ်းကတော့….. မိဘမဲ့တစ်ယောက်ဖြစ်တဲ့P.T.Barnum ဆိုတဲ့ကောင်လေးအနေနဲ့ ကြိုက်မိတဲ့ကောင်မလေးကကျ ရွှေဘုံပေါ်က သူဌေးသမီးဖြစ်နေပါတယ်။ ဒါပေမယ့်သူဟာ ရည်မှန်းချက်ကြီးတဲ့လူဖြစ်ပြီး စကားပြောကောင်းသူ..ဇွဲကောင်းသူ…အနုပညာအမြင်ရှိသူဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးသူဖြစ်တဲ့အတိုင်း သူ့စိတ်ကူးထဲက ကြီးကျယ်ခမ်းနားတဲ့ အလုပ်တွေကို စတင်လုပ်ကိုင်ပါတော့တယ်။ ဒါကတော့ လူတွေကြားမှာပစ်ပယ်ခံထားရပြီး ဘဝနာနေတဲ့ လူထူးလူဆန်းတွေကိုစုဖွဲ့ပြီး ကမ္ဘာကျော်ဆပ်ကပ်တစ်ခုဖြစ်အောင် တည်ဆောက်တာပါပဲ။ P.T.Barnum အနေနဲ့ ချစ်သူလက်ကိုတွဲပြီး ဘာမှမရှိတဲ့နေရာကနေ ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေရရှိနိုင်ပါ့မလားဆိုတာ...

Halo-Halo X (2023- ) ⭐IMDB: 6.0/10 (34 Votes) 🎬 #Adult #Drama 🗓 2023- 🎞 tv mini series 🌎 #Philippines ⏰ 56 မိနစ် 35 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 [18+] Halo-halo X (2023) CompleteHalo-halo X (2023) Complete  Your browser does not support the video tag.ပြီးခဲ့တဲ့ ဇာတ်လမ်းတွဲတွေလို တစ်ပိုင်းတစ်ပိုင်းချင်းစီကို မတူညီတဲ့ဇာတ်ကောင်တွေ၊ ဇာတ်အိမ်တွေနဲ့ရှုစားရမယ့် ဇာတ်လမ်းတိုလေးခုဖွဲ့စည်းပါဝင်တဲ့ Anthology Series အသစ်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ အချစ်နဲ့ရမ္မက်ကိုအခြေခံထားပြီး လူသားတွေရဲ့မရနိုင်တာကိုမှ ပိုလိုချင်တဲ့ဆန္ဒတွေ၊ အဆိပ်သီးကိုတပ်မက်ကြပုံတွေနဲ့ အဲဒီကနေတွေ့ကြုံလာရမယ့် အန္တရာယ်တွေကိုကြည့်မြင်ရမှာပါ။ ထုံးစံအတိုင်းပဲ Vivamax ရဲ့ဝါရင့်မင်းသမီးတွေကစပြီး တက်သစ်စမင်းသမီးလေးတွေအစုံအလင်ပါ မြိုင်မြိုင်ဆိုင်ဆိုင်အားဖြည့်ထားပါတယ်။ ကြည့်ရကျိုးနပ်မယ့်ဇာတ်လမ်းတွဲပါပဲ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ALS ပဲဖြစ်ပါတယ်)...

Night of the Killer Bears (2022) ⭐IMDB: 4.8/10 (98 Votes) 🎬 #Comedy #Horror #Thriller 🗓 2022 🎞 movie 🌎 #Thailand ⏰ 1 နာရီ 36 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Night of the Killer Bears (2023) Horror, Thriller တွေကြိုက်တတ်တဲ့သူတွေအတွက်Worng Turn, Hostel, The Cabin in the Woods တို့လို Vibe လေးရစေမယ့်တစ်စိမ့်စိမ့်ကြောက်နေရမယ့်ထိုင်းဟော်ရာရုပ်ရှင်လေးတစ်ခုလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ မင်းသား မင်းသမီးတွေကလည်း အရမ်းချောပြီး နုဖတ်နေအောင် ချစ်စရာကောင်းတာလဲပါတာပေါ့Horror ကားတွေရဲ့ ထုံးစံအတိုင်း သူငယ်ချင်းငါးယောက်လူသူအရောက်အပေါက်နည်းဖုန်းလိုင်းမမိတဲ့နေရာကို ရောက်လာပြီး Reunion ပြန်လုပ်ကြပါတယ်။သူတို့တွေကြားမှာလည်း ဖြေရှင်းလို့မရတဲ့ပြသနာတွေ စိတ်ရှုပ်စေတဲ့အတိတ်ကအကြောင်းအရာတွေအရှုပ်ဇာတ်တွေနဲ့ သူတို့လေးတွေ ပြန်ပြေလည်ဖို့ရောက်လာကြတာပါ။ Resort လေးကတော့ တောအုပ်ထဲမှာရှိပြီး အရမ်းလှပတဲ့နေရာတစ်ခုပါပဲ။သူတို့တည်းတဲ့ညမှာတော့ Resort မှာ ထူးဆန်းတဲ့အရာတွေ စတင်ဖြစ်ပျက်လာပါတော့တယ်။အဲလိုနေရာလေးမှာ ဘယ်လိုနောက်ကွယ်က အကြောင်းတွေရှိနေမလဲ။ချစ်စရာဝက်ဝံတွေကရော ဘယ်လိုတွေရွံစရာကောင်းမလဲ။တန်ဆောင်တိုင်ပိတ်ရက်မှာ တောအုပ် resort တွေ သွားတည်းချင်တဲ့သူတွေအဖို့ ကြည့်သင့်တဲ့ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတော့တယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့Mr.Kaungဖြစ်ပါတယ်...

Richie Gadi Pelli (2023) ⭐IMDB: 8.7/10 (3 k Votes) 🎬 #Bollywood #Comedy #Drama #Musical #Romance 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 51 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Richie Gadi Pelli (2023) နောက်ကွယ်က အမှန်တရား IMDb 8.7/10 ဝေးကွာနေတဲ့ သူငယ်ချင်းဟောင်းတွေပြန်တွေ့ဆုံဖို့ဆိုတာ မင်္ဂလာဆောင်ဖိတ်စာကြောင့်မဟုတ်ရင် ပိုက်ဆံချေးဖို့ပါပဲတဲ့ငယ်ပေါင်းကြီးရဲ့မင်္ဂလာပွဲကိုအစပြုလို့ အလုပ်ကိုယ်စီ တစ်နယ်တစ်ကျေး တစ်နေရာ တစ်ဒေသမှာရောက်နေကြတဲ့ ငယ်ပေါင်းကြီးဖော်တွေပြန်လည်ဆုံတွေ့ကြဖို့ အကြောင်းဖန်လာပါတယ် အချင်းချင်းရုပ်မမြင်ချင်အောင်မုန်းတီးသူတွေရှိလင့်ကစား ပြန်ဆုံတွေ့ဖြစ်ကြတဲ့ မင်္ဂလာပွဲမတိုင်ခင်တစ်ည ညစာစားပွဲမှာအကြွေးတစ်ခုအကြောင်းပြုပြီး ဘော်ဒါတစ်ယောက်က အဖဲ့ခံလိုက်ရပါလေရော ဒီတော့သူကစပြီး ဂိမ်းတစ်ခုထွင်လိုက်ပါတော့တယ်ဘာဂိမ်းလဲဆိုတော့ လာသမျှဖုန်းတွေကို စပီကာဖွင့်ပြီးပြောဖို့ပါပဲ ဆိုတော့ တစ်ဖက်လူကမသိဘဲ အသံဖွင့်ပြောရမဲ့ဂိမ်းမှာသူတို့အဖွဲ့ ဘယ်လိုအမှန်တရား လိမ်ဆင်တွေပေါ်ထွက်လာမလဲ IMDb ကလည်း 8.7 ထိရရှိထားတာဖြစ်လို့ကြည့်ပျော်တဲ့ဇာတ်လမ်းတစ်ခုဖြစ်နေမှာပါ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Bad Sister (2015) ⭐IMDB: 4.7/10 (2 k Votes) 🎬 #Crime #Drama #Thriller #TVMovie 🗓 2015 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bad Sister (2015) နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်ချိန်မှာ စိန့်ဗဲလ်‌ကျောင်းက စစ္စတာဆိုဖီယာဆိုတဲ့ သီလရှင်ဆရာမလေးဟာ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းမှာ တာဝန်ချထားခံ‌ခဲ့ရတယ်။ မှတ်တမ်းကောင်းတွေနဲ့ စစ္စတာဟာ ကျောင်းအသစ်က ဂျေဆန်ဆိုတဲ့အတန်းသားတစ်ယောက်ကို စွဲလမ်းနေသူဖြစ်တယ်။ ဂျေဆန်ကတော့ အင်တာနက်ပေါ်မှာ သူ့ရဲ့သီချင်းတွေကို ဂီတာတီးကာဆိုပြလေ့ရှိပြီး ဂီတသမားဖြစ်ချင်သူတစ်ဦးဖြစ်တယ်။ အတန်းပထမဆုံးနေ့ မနက်ခင်းဝတ်ပြုဆုတောင်းတဲ့အခါ အတန်းသားတွေကိုပဲတိုင်ခိုင်းပြီး စစ္စတာက လိုက်ဆိုခြင်းမရှိတာကို တစ်တန်းတည်းနေ ဂျေဆန့် ညီမလေးဇိုဝီဟာ သတိထားမိခဲ့တယ်။ ဒါတင်မက စစ္စတာဆိုဖီယာရဲ့ အခြားစစ္စတာတွေနဲ့ မတူတဲ့ထူးခြားတဲ့လုပ်ရပ်တွေကိုလည်း တဖြည်းဖြည်းနဲ့ သူမြင်တွေ့ခဲ့ရပြီး မသင်္ကာဖြစ်နေခဲ့တယ်။ အစ်ကိုဂျေဆန်ကို သတိပေးပေမဲ့လည်း ‌ဂျေဆန်နဲ့စစ္စတာတို့ဟာ အဲဒီအချိန်မှာ လက်လွန်ကြက်သွန်ဖြစ်နေခဲ့ပါပြီ။ ဂျေဆန်ကိုယ်တိုင်လည်း ထုတ်မပြောပေမဲ့ စစ္စတာ့အပေါ် သံသယတွေရှိနေခဲ့တာတော့ အမှန်ပါပဲ။ ဒီလိုနဲ့ စစ္စတာဆိုဖီယာဟာ သူ့လမ်းပေါ်ရောက်လာတဲ့ အတားအဆီးမှန်သမျှကို ရရာနည်းနဲ့ ရှင်းထုတ်ခဲ့ရာကနေ လူသတ်မှုကျူးလွန်တဲ့အထိပါဖြစ်လာခဲ့တယ်။ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းအုပ် စစ္စတာရေဘက္ကာသိထားရတဲ့ စိတ်နှလုံးသိမ်မွေ့ပြီး မေတ္တာရှေ့ထား အုပ်ချုပ်တတ်တဲ့ စစ္စတာဆိုဖီယာနဲ့ အခုကျောင်းမှာရှိနေတဲ့ စစ္စတာဆိုဖီယာရဲ့ စည်းကမ်းတင်းကြပ်ပုံနဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ စစ္စတာရေဘက္ကာကို စစ္စတာဆိုဖီယာ့အပေါ် သံသယဝင်နေသူတွေထဲကတစ်ယောက်ဖြစ်လာစေတဲ့အကြောင်းရင်းဖြစ်ခဲ့တယ်။ စစ္စတာဆိုဖီယာက ဘယ်သူလဲ… ဘယ်ကလဲ… သူ့ရဲ့နောက်ကြောင်းတွေကရော ဘာတွေလဲ…. ဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမယ့် အကြောင်းအရာတွေပဲဖြစ်တာကြောင့် ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုJinaမှ ပြန်ဆို ရေးသားထားပါတယ်)...

Detective Karthik (2023) ⭐IMDB: 6.9/10 (2 k Votes) 🎬 #Bollywood #Crime #Mystery #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 52 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Detective Karthik 2023 (စုံထောက်ကြီးကာသစ်) Detective and mystery seeker CMပရိသတ်တို့သဘောကျမယ့် IMDb – 6.9 ရထားတဲ့စုံထောက်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ မမျှော်လင့်ထားတဲ့plot twistလေးတွေနဲ့စိတ်ဝင်စားဖို့ကောင်းအောင် ဇာတ်လမ်းတည်ထားတဲ့ရုပ်ရှင်‌လေးဖြစ်တာမလို့ ရှုစားပေးကြပါဦး။ တောစပ်မှာတွေ့တဲ့ ကျောင်းသူလေးတစ်‌ယောက်အလောင်းကြောင့် အရာရှိစီရီကန့်သ်ရဲ့ အကူအညီတောင်းမှုနဲ့အလွတ်တန်းစုံထောက်မလေးဆန်ဒရာနဲ့ ပါလဗီတို့လည်း အမှုလာစုံစမ်းပါတော့တယ်။သေဆုံးသူဟာ ရီရှိတာဆိုတဲ့ကျောင်းသူလေးဖြစ်ပြီး တောအုပ်နားကကျောင်းကကျောင်းသူလေးဆိုတာ သိလိုက်ရချိန်မှာတော့ ဆန်ဒရာတစ်ယောက်ကျောင်းမှာသွားစုံစမ်းရင်း ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။ တစ်ဖက်မှာတော့ ဆန်ဒရာကိုနေ့တိုင်းလာရှိတ်နေတဲ့ကာသစ်တစ်ယောက် ဆန်ဒရာရုံးမလာလို့အမြဲအတူသွားနေကြ ပါလဗီကိုအမေးမှာ ဆန်ဒရာပျောက်နေတာ ၃ ရက်ရှိမှန်း သိလိုက်ရတဲ့အခါ… တစ်ချိန်က ကိစ္စတစ်ခုကြောင့် အလွတ်တန်းစုံထောက်ဘဝကနေ အနားယူခဲ့တဲ့ကာသစ်တစ်ယောက်မတော်ရသေးတဲ့ချစ်သူကိုရှာဖို့ ရီရှိတာသေဆုံးမှုကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Yunni ~ ToMo ~ BpL ~ Alexတို့ပဲ ဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Bound to Vengeance (2015) ⭐IMDB: 5.6/10 (6 k Votes) 🎬 #Horror #Thriller 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဘယ်နေရာမှန်း မသိတဲ့အိမ်ကြီးတစ်လုံးရဲ့အခန်းထဲမှာ အဖမ်းခံထားရတဲ့ ကောင်မလေးတစ်ယောက်။သူ့ကိုယ်သူ ဘယ်ရောက်နေမှန်းမသိဘူး.. သူဒီကို ရောက်နေတာဘယ်လောက်ကြာပြီဆိုတာကိုလည်း မသိဘူး. သူသိတာဆိုလို့ သူ့ကိုဖမ်းထားတဲ့လူတွေက သူ့ကိုမဖွယ်မရာတွေပြုလုပ်တယ် အစာကျွေးတယ် ရေတိုက်တယ်ဆိုတာပဲသိတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ အဲ့လိုမတော်မတရားအလုပ်ခံနေရာကို စိတ်ကုန်နေတဲ့ ကောင်မလေးက သူ့ကိုဖမ်းထားတဲ့ လူကိုတိုက်ခိုက်ပြီးထွက်ပြေးလာပါတော့တယ်။ ဒါပေမယ့် သူ့လိုမျိုးတခြားအဖမ်းခံထားရတဲ့ ကောင်မလေးတွေရှိသေးတယ်ဆိုတာကို သိရတဲ့အခါမှာ သူ့ကိုဖမ်းထားတဲ့ လူကိုသတ်ဖို့ကလည်းမဖြစ်နိုင်တဲ့အတွက် အဲ့ဒီလူကို ပြန်ဖမ်းထားပြီးတော့ တခြားကောင်မလေးတွေကို လိုက်ကယ်ပါတော့တယ်။ ဒါပေမယ့် အဲ့လိုသူရဲကောင်းလုပ်ရတာက ထင်သလောက်မလွယ်ကူဘဲ တခြားခက်ခဲတဲ့ အရာတွေလဲ အများကြီးရှိနေတဲ့အခါမှာတော့ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ 2015 တုန်းကထွက်ရှိခဲ့တဲ့ Bound To Vengeance ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။...

Dumb Money (2023) ⭐IMDB: 6.9/10 (18 k Votes) 🎬 #Biography #Comedy #Drama #History 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dumb Money (2023)===============IMDb Rating – 6.9/10 Covid-19 ကပ်ရောဂါ ကာလအတွင်းကနေစပြီး ခေတ်စားလာတဲ့ အလုပ်ကတော့ စတော့ခ်ရှယ်ယာတွေ ကစားကြတဲ့ အလုပ်လို့ ဆိုရမယ်။ အိမ်မှာတင်နေရင်း စီးပွားဖြစ်လုပ်ကြရင်းကနေ အမြတ်တွေရပြီး ဘောစိဖြစ်သွားကြသလို၊ ရှိတာလေးတွေပါ ပါသွားကြရတာလည်း မနည်းမနောဆိုပါတော့။ ဒီဇာတ်ကားကတော့ စတော့ခ်ရှယ်ယာကစားကြတဲ့ အသေးစားလုပ်ငန်းရှင်လေးတွေနဲ့ ကုမ္ပဏီကို လက်ဝါးကြီးအုပ် ခြယ်လှယ်နေကြတဲ့ ဘီလျံနာတွေကြားက ဖြစ်ရပ်မှန်တွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။ ကိတ်သ်ဂေးလ်က ဂိမ်းစတော့ဆိုတဲ့ ကမ္ဘာ့နာမည်အကြီးဆုံး ဂိမ်းကုမ္ပဏီတစ်ခုမှာ ရှယ်ယာဝင်ထားတဲ့ သာမညလေးတစ်ယောက်ပါ။ ရှိစုမဲ့စုလေးတွေနဲ့All in လုပ်ထားရတယ် ဆိုပါတော့ဗျာ။ သူက သူရှယ်ယာ ဘယ်လောက်ဝယ်တယ် ဘယ်လောက်ရှုံးတယ် ဘယ်လောက်မြတ်တယ် ဆိုတာတွေကို Liveလွှင့်ရင်းလည်း ပြောနေတတ်တဲ့သူပါ။ သူ့ရဲ့ ဖန်တွေကလည်း သူလုပ်တာတွေကြည့်ပြီး ဂိမ်းစတော့မှာ လိုက်ရင်းနှီးမြှုပ်နှံလာကြတာပေါ့။ ဒီလိုနဲ့ သူတို့ရဲ့စတော့ခ်ရှယ်ယာဈေးကွက်ကြီး မျက်စိတစ်မှိတ်အတွင်းမှာတင် ထိပ်ဆုံးကိုရောက်သွားခဲ့ပါတယ်။ ဒါဟာ ရှယ်ယာဈေးကွက်အတွက်တော့ ပထမဆုံး ကြုံတွေ့ရတဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပါ။ တစ်ဖက်မှာလည်း ဂုတ်‌သွေးစုပ်ကုမ္ပဏီပိုင်ရှင်တွေက ရှယ်ယာဈေးတွေပြန်ကျအောင် အကြိတ်အနယ်တွေ ကြိုးစားနေကြပါပြီ။ ပြိုင်ပွဲတွေရဲ့ ထုံးစံအတိုင်း အနိုင်ရသူကတော့ တစ်ယောက်တည်းပဲ ရှိရမှာပါ။ ဒါဆို ဒီရှယ်ယာကစားတဲ့ ပြိုင်ပွဲရဲ့ အဆုံးသတ် အနိုင်ရရှိသူက ဘယ်သူတွေဖြစ်မလဲ။ ခေါင်တွေကျန်ခဲ့မလား တက်စားခံလိုက်ရမလား ဆိုတာကတော့ အဆုံးထိကြည့်မှပဲ သိရပါလိမ့်မယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)...

Berenshtein (2021) ⭐IMDB: 6.4/10 (405 Votes) 🎬 #Biography #History #War #Documentary #Drama 🗓 2021 🎞 movie 🌎 #Israel ⏰ 1 နာရီ 51 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဖြစ်ရပ်မှန်ဇာတ်ကားတွေ သမိုင်းကြောင်းတွေကို စိတ်ဝင်စားတဲ့လူတွေအတွက် 2021 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Berenshtein ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb မှာ Rating 6.4 အထိရရှိထားပြီးတကယ်ကြည့်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီကားလေးက လီနွိုက်ဘီရန်စတိန်းဆိုတဲ့ ဒုတိယကမ္ဘာစစ်တုန်းက ပြောက်ကျားတပ်သားတစ်ယောက်ရဲ့ ဘဝကိုအခြေခံပြီး Documentary ပုံစံနဲ့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။သူတိုက်ပွဲဝင်ခဲ့တဲ့ ကာလမှာ ဂျာမန်တွေက ဂျူးလူမျိုးတွေကို မျိုးတုန်းသတ်ဖြတ်မှုတွေ မတရားအနိုင်ကျင့်မှုတွေပြုလုပ်ခဲ့တဲ့အပြင် သူတို့ရဲ့ အဓိကအင်အားအကြီးဆုံးဖြစ်တဲ့ လျှို့ဝှက်လက်နက်ကြီးတစ်ခုကို တီထွင် နေခဲ့ကြပါတယ်။ဘီရန်စတိန်းတို့ရဲ့တပ်ဖွဲ့ဖြစ်တဲ့ ပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်က အဲ့ဒီလက်နက်ရဲ့ တည်နေရာကိုရှာဖွေဖို့ပဲဖြစ်ပါတယ်။ဒီလိုရှာဖွေနေရင်းနဲ့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ ဝမ်းနည်းစရာတွေ ကြမ်းတမ်းမှုတွေနဲ့ ဂျာမန်တွေရဲ့လူမဆန်စွာကြမ်းကြုတ် ရက်စက်မှုတွေကို စိတ်ဝင်စားစရာကောင်းအောင်ကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။...

Mercy Road (2023) ⭐IMDB: 3.7/10 (145 Votes) 🎬 #Thriller #Mystery 🗓 2023 🎞 movie 🌎 #Australia ⏰ 1 နာရီ 26 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mercy Road (2023)============== ညအမှောင်ထဲမှာ တွမ်တစ်ယောက် အလောတကြီးကားမောင်းနေတယ်။တွမ့်အရင်မိန်းမရဲ့အိမ်မှာ တွမ့်သမီးရဲ့ပထွေး(မိန်းမရဲ့နောက်ယောက်ျား)အလောင်းကို ရဲတွေတွေ့တော့ တွမ့်ကိုလိုက်ရှာကြတယ်။ သူ့သမီးလေးရူဘီလည်း ပျောက်ချင်းမလှပျောက်နေပြီး ‌ရဲတွေက ရူဘီ့ကို တွမ်ခေါ်သွားတယ်လို့ထင်နေကြတယ်။ တွမ် ကားမောင်းရင်း ဖုန်းပြောနေတဲ့ လူ(၅)ယောက်ရှိတယ်။ အလုပ်ကဖုန်းရယ်၊ သူ့အရင်မိန်းမရယ်၊ ရဲစခန်းရယ်၊ သူ့သမီးကို ကူရှာပေးနေတဲ့ သူ့သမီးရဲ့ကောင်လေးရယ်၊ ပြီးတော့ ဘယ်ကမှန်းမသိတဲ့ Unknown ဖုန်းတစ်လုံးရယ်။Unknown ဖုန်းနံပါတ်ရဲ့တစ်ဖက် ပဟေဠိဆန်တဲ့ယောက်ျားက “ခင်ဗျားသမီးအသက်ရှင်စေချင်ရင်…”ဆိုတဲ့ စကားနဲ့ တွမ့်ကို ကြိုးကိုင်ပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...

Rzhev (2019) ⭐IMDB: 6.1/10 (1 k Votes) 🎬 #Drama #History #War 🗓 2019 🎞 movie 🌎 #Russia ⏰ 1 နာရီ 59 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အချိန်ကာလအားဖြင့် 1941-1943ဝန်းကျင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေစဥ်ကာလမှာဇာတ်အိမ်တည်ထားပါတယ်…..။ ဥရောပတစ်တိုက်လုံးနီးပါးကို ဂျာမဏီကသိမ်းပိုက်ပြီး ဆိုဗီယက်ယူနီယံကို စစ်ချီလာခဲ့တာ မော်စကိုကို သိမ်းပိုက်မိခါနီးနေပါပြီ….။ ဒီအချိန်မှာ ဆိုဗီယက်တပ်နီတော်မှလည်း Rzhev–Vyazmaဆိုတဲ့ ဗျူဟာမြောက် တန်ပြန်တိုက်စစ်ကို ပြင်ဆင်ကာ… နာဇီဂျာမဏီများကို မော်စကိုကနေ ပြန်လည်မောင်းထုတ်ခဲ့ကြပါတယ်…။ Rzhevဆိုတဲ့မြို့ဟာ မော်စကိုအနောက်ဘက် မိုင် ၁၄၀အကွာမှာရှိပြီး တန်ပြန်တိုက်စစ်ကို အကောင်းဆုံးအဆုံးသတ်ပေးနိုင်ခဲ့တဲ့ ခံစစ်မြို့ဆိုလည်းမမှားပါဘူး…။ ဒီတိုက်ပွဲတွေမှာ ဆိုဗီယက်တပ်နီတော်မှ စစ်သားများဟာ နာဇီဂျာမဏီတွေကို မောင်းထုတ်နိုင်ခဲ့ပေမယ့် ပေးဆပ်မှုအရင်းအနီးက အတော်များပါတယ်…။ တပ်နီတော်တစ်ဖက်တည်းတင် ‌စစ်သား ၁၃သိန်းကျော်ကျဆုံးခဲ့ပြီး နောင်တစ်ချိန်မှာတော့ ဒီစစ်ပွဲတွေကို “Rzhev Meat Grinder” (ရာရှက်ဗ်မြို့အသားကြိတ်စက်)ဟု ပြောစမှတ်တွင်ခဲ့ပါတယ်….။ ဒီဇာတ်လမ်းထဲမှာတော့ Rzhevတိုက်ပွဲများထဲမှတစ်ခုဖြစ်တဲ့ Ovsyannikovoရွာကို တပ်နီတော်တို့ အသေခံ ခြေကုပ်ခြေခဲ ခံစစ်ပြင်ကြပုံကိုရိုက်ကူးပြထားပါတယ်….။ စစ်ကူလာနိုးလာနိုးကို ဗိုက်ဟောင်းလောင်းနဲ့စောင့်ရင်း နောက်မဆုတ်တမ်းတိုက်ခိုက်ကြရင်း တန်ပြန်တိုက်စစ်ကြီးအတွက် အကောင်းဆုံး တိုက်ပွဲဝင်သွားကြပုံကိုမြင်တွေ့ရမှာပါ…။ အထက်ကပေးတဲ့ မဖြစ်နိုင်တဲ့အမိန့်တွေကြား မိမိရဲ့တပ်သားတွေကိုငှဲ့ညှာပြီး တာဝန်ကျေအောင်ထမ်းဆောင်တဲ့ ခေါင်းဆောင်ပိုင်းတွေ…. တပ်သားတိုင်းရဲ့ ပုံပြင်ကိုယ်စီနဲ့ ပေးဆပ်ကြပုံတွေကို မိမိရရမြင်တွေ့နိုင်တာမို့ ကြည့်ရှုသင့်တဲ့ Drama History War movieကောင်းလေးတစ်ခုပါပဲ...

Death on the Border (2023) ⭐IMDB: 3.7/10 (178 Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedKingdom ⏰ 1 နာရီ 34 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Death on the Border (2023)==================== အမေရိကန်နဲ့ မက္ကစီကို နယ်စပ်ဟာ တရားမဝင်တဲ့ အလုပ်တွေအရမ်းပေါတဲ့အရပ်ဒေသတစ်ခုလို့ နာမည်ကြီးပါတယ်။ ဒီဇာတ်လမ်းကလည်း ဒီနယ်စပ်က လူကုန်ကူးမှုတစ်ခု အကြောင်းပါ။ လူကုန်ကူးတဲ့ အဖွဲ့တစ်ဖွဲ့ဟာ အမေရိကန်ဘက်က မိန်းမငယ်လေးတွေကို အတင်းအဓမ္မခေါ်ဆောင်ပြီး နယ်စပ်လမ်းတစ်လျှောက်ကနေ လူကုန်ကူးပါတယ်။ အမေရိကန်ဘက်က ရဲစုံထောက်တစ်ယောက်ဟာလည်း လောင်းကစားကြွေးကြောင့် ဒီအလုပ်မှာ လာငြိစွန်းတော့ လူကုန်ကူးအဖွဲ့အတွက် ကိစ္စတွေက အဆင်ချောလို့နေပါတယ်။ ဒီလို ဥပဒေဘက်တော်သားတွေ ပါဝင်ပတ်သတ်နေတဲ့ ဒီလုပ်ရပ်ကိုသိတဲ့ ရဲမေနှစ်ယောက်ဟာ သူတို့ကိုယ်သူတို့ ဝရမ်းပြေးအဖြစ်ခံပြီးအမေရိကန်-မက္ကစီကို နယ်စပ်တစ်လျှောက်က လူကုန်ကူးမှုတွေကိုတားဆီးဖို့ ကြိုးစားကြမဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Act Molemy ဖြစ်ပါတယ်)...