ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Dead Ringers (1988) ⭐TMDB: 71% User Score 🎬 #Drama #Horror #Thriller 🗓 1988 🎞 Series 🌎 #Canada ⏰ 1 နာရီ 57 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဲလိယတ်နှင့် ဘီဗာလီတို့ဟာ ရုပ်ရည် သွင်ပြင်လက္ခဏာချွတ်စွပ်တူတဲ့ အမြွာတွေဖြစ်ပြီးတော့ သူတို့ဟာ အောင်မြင်တဲ့ မီးယပ်သားဖွားဆရာဝန်တွေဖြစ်ပါတယ်။ သူတို့ရဲ့ဆေးခန်းဟာ ခေတ်မီဆန်းသစ်တဲ့ နည်းပညာနှင့် ကိရိယာတွေကြောင့် လူသိများပါတယ်။ သူတို့နှစ်ယောက်မှာ အဲလိယတ်ဟာ လူနာအမျိုးသမီးတွေနဲ့ အတူတူ အိပ်လေ့ရှိပြီးတော့ သူငြီးငွေ့သွားရင် သူ့ရဲ့ ညီဖြစ်သူ ဘီဗာလီကို လက်လွဲပေးတတ်ပါတယ်။ ဒီတော့ ကောင်မလေးတွေခဗျာ ရုပ်ချင်းဒီလောက်ဆင်တယ်ဆိုတာ မသိတာကတစ်ကြောင်း၊ အကျင့်စရိုက်တွေပါ မခွဲခြားနိုင်တာကြောင့် နှစ်ယောက်ပေါင်းပြီး စားခံနေရမှန်း မသိကြရှာပါဘူး။ တစ်နေ့မှာတော့ နာမည်ကျော်သရုပ်ဆောင်မင်းသမီး ကလဲဟာ ရုပ်ရှင်ဇာတ်လမ်းတိုလာရိုက်ကူးရင်း သူတို့ဆေးခန်းကို လာပြရာက အဲလိယတ်ကို ကြွေဆင်းသွားပြီး တူတူအိပ်ဖြစ်ကြပါတယ်။ အဲလိယတ်ကတော့ ကလဲကို ငြီးငွေ့သွားလို့ သူ့ညီ ဘီဗာလီကို သွားအိပ်ခိုင်းပါတယ်။ တနယ်ခြားသူလေး ကလဲဟာ သူမကို ညီအစ်ကိုနှစ်ယောက်ပေါင်းစားနေကြောင်း မသိရှာပါဘူး။ ဒီတော့ ဒီဇာတ်ကားလေးမှာ ကလဲတစ်ယောက် ဒီအဖြစ်မှန်ကို သိသွားမလား၊ သူ့အနေနဲ့ ဘယ်လိုလက်တုံ့ပြန်မလဲ၊ အမြွာနှစ်ယောက်ကရော ဘယ်လိုစိတ်နေစိတ်ထားရှိတာလဲ၊ စိတ်အနေအထားက မူမှန်ရဲ့လားဆိုတာကို စဉ်းစားရခက်စွာ အဖြေရှာရှင်း ကြည့်ရှုရမယ့် ဇာတ်ကားအမျိုးအစားပါ၊ ၁၉၈၈ ကတည်းက ဒီဘက်ခေတ်မီအောင် ပြောင်မြောက်စွာ ရိုက်ကူးထားတဲ့အတွက်ကြောင့် ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ကြပါဦးခင်ဗျာ။
...

The Three Musketeers - Part I: D'Artagnan (2023) ⭐IMDB: 6.7/10 (19 k Votes) 🎬 #Action #Adventure #History #Drama 🗓 2023 🎞 movie 🌎 #Belgium #France #Germany #Spain ⏰ 2 နာရီ 01 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Three Musketeers: D’Artagnan (2023) ~ IMDb – 6.9/10, Rotten Tomatoes – 96% ~ ကျွန်တော်တို့အဘိုးတွေ အဖေတွေခေတ်ကတည်းက ရွှေဥဒေါင်းလက်ရာနဲ့ လူတိုင်းနီးပါးရင်းနှီးခဲ့တဲ့ အလက်ဇန္ဒြားဒူးမားရဲ့ The Three Musketeers ကို ခေတ်အဆက်ဆက် ရုပ်ရှင်အနေနဲ့ အသက်သွင်းခဲ့ကြပြီးပါပြီ။ သိသလောက်ဆို ဒီရုပ်ရှင်တွေက ဝေဖန်ရေးဆရာတွေအမြင်အရ မအောင်မြင်ခဲ့တာတွေက ပိုများတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ အလက်ဇန္ဒြားဒူးမားစာအုပ်တွေကို ရွှေဥဒေါင်းဘာသာပြန်ထားတဲ့ ရတနာသိုက်တို့၊ ကိုယ်ရံတော်တို့၊ သူရဲကောင်းသုံးယောက်တို့ ဖတ်ကြည့်ရုံနဲ့တင် ဒူးမားအနေနဲ့ ဇာတ်ကြွအောင် ပုံဖော်တာပိုင်နိုင်ပုံကို မြင်နိုင်တယ်။ ဒီလိုဇာတ်ကို ပြန်အသက်သွင်းတာကို ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်မတွေ့ခဲ့ကြတာတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒီတစ်ခါရုပ်ရှင်ကတော့ ရှေ့ကားတွေထက် ဝေဖန်ရေးဆရာတွေရဲ့ မျက်နှာသာပေးပိုခံရတယ်လို့ ပြောရပါမယ်။ ခရမ်းချဉ်သီး ၉၆လုံး ရထားပါတယ်။ ဟိုးရှေးခေတ်ကတည်းကနေ ခုထိ ရိုက်ခဲ့သမျှတွေထဲ ခရမ်းချဉ်သီးအမြင့်ဆုံးပါပဲ။ သရုပ်ဆောင်တွေကိုလည်း ကားကောင်းတွေရိုက်တာများတဲ့ Vincent Cassel, François Civil, Eva Green, Louis Garrel တို့လို လူတွေကို သုံးပေးထားပါတယ်။ ဇာတ်လမ်းကတော့ ဒူးမားရဲ့ ဇာတ်လမ်းအတိုင်းကိုမှ အနည်းအကျဥ်း အပြောင်းအလဲလေးတော့ရှိတာပေါ့ဗျာ။ ဇာတ်ကားနဲ့ ပတ်သက်ပြီး ယေဘုယျဝေဖန်ချက်တွေကတော့ အဖက်ဖက်မှာ အကောင်းတွေများပြီး ဇာတ်လမ်းပြန်ယူထားတဲ့နေရာမှာတော့ သဘောမကျတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ စာအုပ်က ကောင်းနေတော့ အသစ်ထပ်ပြောင်းတာကို လက်မခံကြတဲ့သူတွေက မကျေမနပ်ဖြစ်ကြတာလည်းဖြစ်နိုင်ပါတယ်။ အက်ရှင်ခန်းတွေလည်း မဆိုးသလို ဟာသလေးလည်းနှောပြီးပြတယ်။ ဇာတ်လမ်းက အရမ်းကြီးလေးမနေသလို စုံထောက်ဇာတ်လမ်းလည်းဆန်တယ်။ Eva Green က Milady နေရာက သရုပ်ဆောင်ထားတာကတော့ အပိုဆုလေးပေါ့။ သူ အဲဒီနေရာက သရုပ်ဆောင်ထားတာက ဇာတ်ကားကို နောက်တစ်ဆင့်မြှင့်ပေးလိုက်သလိုပါပဲ။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပြဿနာတက်တဲ့တစ်ချက်က ဘာသာရေးစစ်ပွဲတွေဖြစ်နေတဲ့အချိန် ၁၇ ရာစုလောက်က ဇာတ်ကောင် ပေါသိုး ကို Bi လား Gay လား လုပ်ထားတာတစ်ခုတော့ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပြီးတော့ ပထမပိုင်းပဲရှိပါသေးတယ်။ နောက်တစ်ပိုင်းကို မျှော်နေတဲ့သူတွေလည်း အများကြီးပါပဲ။ အဲဒီထဲမှာ ခင်ဗျားပါမလားဆိုတာကတော့ ကြည့်ပြီး ဆုံးဖြတ်ပေါ့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)
...

My Dear Donga (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Family #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 43 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Dear Donga (2024) “ချစ်သော ဒွန်ဂါ(သူခိုး)” လောလောလတ်လတ် ထွက်ရှိထားတဲ့ ရင်ကိုအေးစေမယ့် ရွှေရင်အေး တေလဂူးအချစ်ဟာသကားလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ပေါ့ပေါ့ပါးပါး ရယ်ရပေမယ့် မပေါပဲ ကြည့်ကောင်းပြီး runtime ကလည်း မဆွဲဆန့်ထားတာမို့လို့အချိန်ပေးရကျိုးနပ်စေမှာပါ ဇာတ်လမ်အကျဥ်းအနေနဲ့ ဆူဂျီက dating app အတွက် အင်စတာဂရမ်မှာcaption တွေ ရေးပေးတဲ့ သွက်သွက်လက်လက် မိန်းကလေးတစ်ယောက်ဖြစ်ပြီးသူ့ချစ်သူကတော့ ဆရာဝန်ဖြစ်တဲ့ ဗီရှယ်လ်ပေါ့ သူငယ်ချင်းတို့အတွဲ ro နေတာတွေကိုအပြစ်တင်သလိုလိုနဲ့ ကြိတ်အားကျနေရပြီး အလုပ်များလို့ ဂရုမစိုက်နိုင်တဲ့ ဗီရှယ်လ်ကိုတော့သူ့စိတ်ထဲ အားမရပါဘူး ဒီလိုနဲ့ ကံကြမ္မာဆန်းကြယ်လိုက်ပုံများ သူ့တိုက်ခန်းကို ခိုးဝင်လာတဲ့သူခိုး ဆူရတ်ရှ်နဲ့မှ သူငယ်ချင်းဖြစ်သွားပါလေရော သူတို့ဆက်ဆံရေးခိုင်မြဲလာခဲ့ပြီးဘဝမှာလည်း မထင်မှတ်တဲ့ အပြောင်းအလဲတွေ ရိုက်ခတ်တဲ့အခါ ကောင်မလေးကဘာကိုရွေးချယ်သွားမှာလဲဆိုတာကိုတော့…. ပရိသတ်ကြီးပဲ ဆက်လက်အားပေးလိုက်ပါဦး.. ကြည်နူးစရာ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးကြည့်ချင်တယ် အချိန်လည်း အများကြီး မပေးချင်ဘူးဆိုရင်တော့ ဒေါင်းကြည့်လိုက်တော့နော်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Crazy/Beautiful (2001) ⭐TMDB: 66% User Score 🎬 #Drama #Romance 🗓 2001 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၀၀ခုနှစ်အစောပိုင်းက Romance/Drama ရုပ်ရှင်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသမီး Kirsten Dunst နဲ့ မင်းသား Jay Hernandez တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒီကားက Rotten Tomatoes – 63% ရရှိထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အမေရိကန်အထက်လွှတ်တော်အမတ်ရဲ့ သမီးဖြစ်တဲ့ Nicoleက ဘဝကို ဖြစ်ချင်သလို ဖြတ်သန်းနေတဲ့သူပါ။ သူပျော်ရာပဲ လုပ်တတ်ပြီး ဘယ်သူ့ကိုမှလည်း ဂရုမစိုက်တတ်ပါဘူး။ မူးပြီး ကားမောင်းမှုနဲ့ Nicoleဟာ ကမ်းခြေမှာ အမှိုက်ကောက် လုပ်အားပေးဖို့ အပြစ်ဒဏ်ချခံရပါတယ်။ အဲဒီကမ်းခြေကို သူငယ်ချင်းတွေနဲ့ အတူရောက်လာတဲ့ Carlosက Nicole ကိုမြင်မြင်ချင်း သဘောကျသွားပါတယ်။ သူတို့နှစ်ယောက်က တစ်ကျောင်းထဲ တူတူတက်တာဖြစ်ပြီး ကျောင်းမှာတွေ့ကြရင်း ခင်မင်ရင်းနှီးတာကနေ ချစ်ကျွမ်းဝင်သွားခဲ့ကြပါတယ်။ Carlosက လေယာဥ်မှူးဖြစ်ချင်ပေမယ့် လေယာဥ်တစ်ခါမှမစီးဖူးတဲ့အတွက် Nicoleက Carlos စမ်းသပ်မောင်းနှင်လို့ရအောင် လေယာဥ်စင်းလုံးငှားပေးခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အတော်လည်း မတူကြပါဘူး။ Nicoleက ချမ်းသာပြီး ဘာကိုမှ အရေးမထားတတ်ပေမယ့် Carlosကတော့ ဆင်းရဲတဲ့မိသားစုကလာပြီး စာကိုလည်း တကယ်ကြိုးကြိုးစားစားသင်ယူနေတဲ့သူဖြစ်ပါတယ်။ သူတို့ရဲ့ အချစ်ခရီးလမ်းက ဖြောင့်ဖြူးပါ့မလား Carlosကရော Nicoleကို ချစ်တာမှန်ရဲ့လား။ Romance ကားတွေ ကြိုက်နှစ်သက်တဲ့သူတွေ ခံစားကြည့်ရှုနိုင်မယ့် ရုပ်ရှင်ကောင်းလေးဖြစ်ပါတယ်။
...

Yavarum Vallavare (2024) ⭐IMDB: 4.2/10 (6 Votes) 🎬 #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 4 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Yaavarum Vallavare (2024) မေ့မရတဲ့တစ်ညတာ ပူလောင်အိုက်စပ်နွေညတွေရဲ့ ရယ်ရွှင်ဆေးဖြစ်လာစေမယ့် ဇာတ်လိုက်ကျော်ကြီး ယိုဂီဘာဘူပါဝင်တဲ့drama comedy ဇာတ်လမ်းသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းမှာတော့ အခွဲလေးခုပါဝင်မှာဖြစ်ပြီးတော့ ဘယ်လိုဆက်စပ်သွားမလဲဆိုတာ ရှုစားကြပါဦး။ကျွန်တော်တို့အားလုံး ဒုက္ခတွေ့ချိန်မှာ ကယ်တင်ရှင်ကို အမြဲမျှော်တတ်ကြပေမဲ့ကယ်တင်ရှင်ကတော့ အမြဲပေါ်မလာတတ်ပါဘူး။ ကိုယ့်မှာ ပြေးကြည့်မှကိုယ်ပဲရှိတဲ့အချိန်တွေမှာ ကိုယ်တိုင်ပဲကယ်တင်ရှင်ဝင်လုပ်ဖို့ဖြစ်လာတဲ့အချိန်တွေ လူတိုင်းမှာ ရှိခဲ့ဖူးမှာပါပဲ။ဒီဇာတ်ကားလေးကတော့ ကိုယ့်ဘဝရဲ့သူရဲကောင်းက ကိုယ်ဖြစ်နေတဲ့အခိုက်အတန့်လေးတွေကို ရိုက်ကူးပုံဖော်ထားတာပါ။ဒီဇာတ်လမ်းလေးမှာ အကျင့်စာရိတ္တကောင်းမွန်မှုနဲ့ ထောင်ဒဏ်လျှော့ရက်ရပြီး ၅ နှစ်အကြာမှာလွတ်မြောက်လာတဲ့လူတစ်ယောက်၊၅ နှစ်လုံးလုံး မိသားစုနဲ့တွေ့ခွင့်မရတဲ့သူနဲ့ သူ့ကိုစောင့်ကြည့်နေတဲ့လူတစ်စု နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်တွေနဲ့စစ်ပွဲမှာတိုက်ပွဲကျသွားတဲ့ စစ်သားနဲ့ ကိုယ်ဝန် ၃ လနဲ့ကျန်နေခဲ့တဲ့သူ့ဇနီးဖြစ်သူ တစ်ဖက်က ပျောက်ဆုံးနေတဲ့အဖေကို လိုက်ရှာနေတဲ့သားတစ်ယောက်နောက်ဆုံးအနေနဲ့ ရုပ်ရှင်အဖွဲ့သားယောင်ယောင်နဲ့ အိမ်မှာရုပ်ရှင်ရိုက်မယ်ဆိုပြီး ရောက်လာတဲ့ အကြံသမားနှစ်ယောက်နဲ့ အိမ်ရှင်သူဌေးမရဲ့သမီးကိုခိုးပြေးချင်တဲ့ဒရိုက်ဘာလေးရဲ့ဇာတ်လမ်း ဒီဇာတ်လမ်းလေးခုက အဖြစ်အပျက်လေးခုက တစ်ညတည်းမှာဖြစ်လာတဲ့အခါ ဒီလူတွေ ရဲ့ဘဝမှာဘယ်လိုရိုက်ခတ်မှုတွေဖြစ်လာမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)
...

Renegade Nell (2024) ⭐TMDB: 74% User Score 🎬 #Action #Adventure #SciFi #Fantasy 🗓 2024 🎞 Series 🌎 #UnitedKingdom ⏰ 44 မိနစ် 17 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Renegade Nell (2024)  ဒီစီးရီးကတော့ လောလောလတ်လတ်က‌မှ Disney plus ကနေ ထွက်ရှိထားတဲ့ British သမိုင်းကြောင်းနောက်ခံ Fantasy Adventure type စီးရီးကောင်း‌လေးတစ်ပုဒ်ပါ။ ၁၈ ရာစုရဲ့ Adventure ဝတ္ထုတွေကို Inspiration ယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။နယ်လီဂျက်ခ်ဆန်ဆိုတဲ့ကောင်မလေးဟာ စိတ်လိုက်မာန်ပါလုပ်တတ်ပြီး ရဲစွမ်းသတ္တိပြည့်ဝတဲ့သူတစ်ယောက်ဖြစ်တယ်။ စစ်တပ်မှာအမှုထမ်းပြီး အိမ်ပြန်အလာမှာ လူသတ်မှုတစ်ခုမှာ ထောင်ချောက်ဆင်ခံရတဲ့အခါ သူ့ညီမနှစ်ယောက်နဲ့အတူ ရွာကနေထွက်ပြေးလာရပြီး ၁၈ ရာစု အင်္ဂလန်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တောပုန်းဝရမ်းပြေးတစ်ယောက်ဖြစ်လာပါတယ်။ ဒါပေမဲ့ သူ့ကို ဘီလီဘလိုင်းလို့ခေါ်တဲ့ မှော်ဝင်သတ္တဝါလေးတစ်ကောင်က သူ့ကိုကာကွယ်ပေးနေတဲ့အခါ စွမ်းအားတွေပေးနေတဲ့အခါ သူ့ရဲ့ဘဝက သူထင်ထားတာထက် ပိုပြီးကြီးမားနေတယ်ဆိုတာ နားလည်လာဝောာ့တယ်။ဒီစီးရီးက Rating ကောင်းကောင်းရထားပြီး စွန့်စားခန်းတွေ တိုက်ခိုက်ခန်းတွေနဲ့ ကြည့်ရတာမပျင်းမယ့် စီးရီးတစ်ခုပါ။ ၁၈ ရာစုခေတ် အ‌ခြေအနေတွေ အပြင်အဆင်တွေနဲ့ ဇာတ်အိမ်ဖန်တီးထားပြီး ဇာတ်လမ်းအသွားအလာ storyline က တမူထူးခြားပြီး စိတ်ဝင်စားစရာကောင်းတယ်။ ကြည့်တဲ့သူကို ဆွဲဆောင်နိုင်တယ်၊ ဖမ်းစားမှုရှိတယ်။ စိတ်ကူးယဉ်စွန့်စားခန်းဇာတ်လမ်းမျိုးတွေကြိုက်တဲ့သူတွေအတွက်ကတော့ ဒီစီးရီးက လုံးဝလက်လွှတ်မခံသင့်တဲ့ရွှေပါပဲ။
...

Daisy (2006) ⭐TMDB: 71% User Score 🎬 #Drama #Romance #Action #Adventure 🗓 2006 🎞 movie 🌎 #HongKong #SouthKorea ⏰ 2 နာရီ 4 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နှစ်ချို့ဝိုင်တစ်ခွက်လို အတိတ်ရဲ့လွမ်းမောဖွယ်ရာကို လတ်လတ်ဆတ်ဆတ်သယ်ဆောင်လာတဲ့ ရနံ့မျိုးနဲ့ ပန်းတစ်ပွင့်..ဒေစီ။အရောင်တွေကစလို့ ဝါကျင်ကျင်ဖြစ်နေမယ်…သရုပ်ဆောင်တွေက ဒေစီအတွက် အသက်ရှင်နေသလို သက်ဝင်နေမယ်…ဖြစ်တည်တဲ့လမ်း မြစ်တွေရဲ့ကမ်းလိုပဲ အကြောင်းအရာက နည်းနည်းလေးဆိုပေမယ့် တစ်ဘဝစာလုံး ပျော်ဝင်မှုနဲ့ထိန်းကွပ်ထားမယ်…အတ္တတွေမရှိဘူး….ချစ်ခြင်းသန့်သန့်တွေပြိုင်ဆိုင်ကြတဲ့ပွဲမှာ…ဪ…တွယ်ငြိရာသာ ဆုံးရှူံးမှာပါပဲ။ Daisy (2006) IMDb Rating (7.5 ) Rotten Tomatoes (79%) ရရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့ကိုရီးယားရဲ့ မင်းသမီးချော Ji-hyun Jun နဲ့ မင်းသား Jung Woo-sung တို့ပါဝင်ထားပြီးဘဝမှာ မှတ်မှတ်ထင်ထင်ရှိစေမယ့် ကိုရီးယားရုပ်ရှင်တစ်ကားလဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက HD Quality လုံးဝမထွက်ရှိခဲ့ဘဲ DVD Quality နဲ့ပဲ နှစ်တွေကြာရှည်ခဲ့ပြီးခုကတော့ BluRay Disc 60 FPS Quality နဲ့ထွက်ရှိလာလို့ အကောင်းဆုံး ရုပ်သံအရည်အသွေးရရှိအောင်ပြန်လည်တင်ဆက်လိုက်ပါတယ်။ +++++++++++++++++++ ရုပ်ရှင်အညွှန်းကိုတော့MSR FBပေ့ကစာသားတွေနဲ့မိတ်ဆက်ခဲ့ပါမယ်…. ++++++++++++++++++++ ဒေစီမိုးကလည်း ရွာလာပြန်ပြီ ။ ကျွန်မက ထီးမဆောင်တက်တဲ့အတွက် မိုးရွာတိုင်း မိုးခိုဖို့နေရာ အမြဲရှာရတယ် ။ ကျွန်မတစ်ယောက်တည်းနေသားကျနေတာလည်းပါမှာပါလေ ။ ကျွန်မမိုးမိမှာကို စိုးရိမ်မဲ့သူ ၊ ဂရုစိုက်မဲ့သူလည်း မရှိဘူးလေ ။ ဒီတော့ ကျွန်မထီးယူယူမယူယူ ကိစ္စမရှိဘူးပေါ့ ။ ကျွန်မအဖိုးအမြဲပြောလေ့ရှိတာက ဟယ်ယောင်း စိတ်မပူနဲ့ ၊ အချိန်တန်ရင် မိုးတိတ်သွားပြီးတော့ တောက်ပတဲ့‌ေနမင်းကြီးထွက်လာလိမ့်မယ် ၊ တစ်နေ့တော့ သမီးလည်း အဲလိုလူမျိုးတွေ့မှာပါ တဲ့ ။ ကျွန်မအဖိုးက ရှေးရိုးဆန်တယ် ။ ကျွန်မခု အသက်၂၅ ပြည့်ပြီ ။ ပြီးတော့ ကျွန်မအချစ်ဦးလာမှာကို စောင့်နေတယ် ။ အချိန်တန်တော့မိုးတိတ်သွားပြီ ။ ကျွန်မရဲ့အချစ်ဦးက မကြာမှီပေါ်လာလိမ့်မယ် တစ်ထစ်ချယုံကြည်နေရလောက်အောင်တော့ ကျွန်မ မရူးသေးပါဘူး ။သူနဲ့ဒီလိုဆုံဆည်းရမယ်လို့ ကျွန်မဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ဘူး ။ သူနဲ့ကျွန်မ မျက်နှာချင်းဆိုင်ထိုင်ခဲ့ကြတာ တစ်နာရီနီးပါးလောက်ကြာ‌ေလောက်တယ် ။ ကျွန်မနဲ့သူ စတွေ့ခဲ့တဲ့အချိန်ကို မှတ်မိနေတယ် ။ ၄ နာရီ ၁၅ ။ ကျွန်မအဖိုးရဲ့ ရှေးဟောင်းပစ္စည်းဆိုင်မှာ ကျွန်မအလုပ်လုပ်တယ် ။ ညဘက်ကတော့ ကျွန်မကိုယ်ပိုင်အချိန်ပေါ့ ။ ကျွန်မရဲ့ပထမဆုံးပြပွဲအတွက် ညတိုင်းကျွန်မပန်းချီဆွဲတယ် ။ စနေ ၊ တနင်္ဂနွေမှာတော့ လမ်း‌ပေါ်မှာပန်းချီဆွဲတယ် ။ ပုံမှန်ဆိုရင် ‌ပန်းချီလာဆွဲသူတွေက ကျွန်မနဲ့မသိတဲ့ သူစိမ်းတွေချည်း ။ ဒါပေမဲ့ သူကျွန်မရှေ့မှာထိုင်လိုက်တဲ့အခိုက်အတန့်မှာ သူ့ရဲ့တစ်ဘဝလုံးကို ကျွန်မသိမြင်နေသလိုမျိုး သူနဲ့ကျွန်မ ရင်းနှီးနေသလိုကျွန်မခံစားမိတယ် ။ ဒါဟာ ကျွန်မအလုပ်မှာ အကောင်းမွန်ဆုံးအစိတ်အပိုင်းတစ်ရပ်လို့ ကျွန်မထင်နေမိတယ် ။ ဘာလို့လဲဆိုတော့ သူက ၄ နာရီ ၁၅ မိနစ်တိတိမှာ ကျွန်မဆီရောက်လာလို့ပါပဲ ။ သူရဲ့ပုံကို ကျွန်မဆွဲနေတုန်းမှာ သူနဲ့ပတ်သတ်ပြီးထူးဆန်းတာတစ်ခုကို ကျွန်မတွေ့ခဲ့ရတယ် ။ သူကကျွန်မကို ကြည့်နေပေမဲ့ သူ့ရဲ့အာရုံက ကျွန်မခေါင်းရဲ့နောက်ဖက္မှာ ။ ကျွန်မရဲ့ဆံပင်ကို သူကြည့်နေတာလား ။ နောက်တစ်ကြိမ် သူကျွန်မရှေ့ကိုရောက်လာခဲ့တယ် ။ သူက အချိန်တိကျတယ် ။ ၄ နာရီ ၁၅ ၊ ကျွန်မတို့စတွေ့ခဲ့တဲ့အချိန်ပေါ့ ။————–မိုးရွာနေလို့ သူ မလာတာများလား ။ သူက ဆရာဝန်တစ်ယောက်လည်း ဖြစ်နိုင်တယ် ။ သူ့မှာအရေးပေါ်လူနာရှိနေတာလည်း ဖြစ်နိုင်တယ် ။ ဒါမှမဟုတ် ဒီလမ်းမှာ သူမတော်တဆတစ်ခုဖြစ်နေလို့လား ။————–အဲဒီနေ့က သူနဲ့ကျွန်မ ဟိုးအရင်တည်းကခင်တဲ့သူငယ်ချင်းတွေလို စကားတွေပြောဖြစ်ခဲ့တယ် ။ အဲဒီလိုမျိုး ကျွန်မတို့ ရက်သတ္တပတ်များစွာတွေ့ဖြစ်ကြတယ် ။ ရေစက်ပါလို့ ကျွန်မတို့နှစ်‌ယောက်တွေ့ဆုံရတာလို့ ကျွန်မယုံကြည်တယ် ။ ကျွန်မကြုံဆုံခဲ့ရတဲ့ အတိတ်ကဖြစ်ရပ်တွေအများကြီးကို သူ့ကိုပြောပြခဲ့တယ် ။—————အဲဒီနှစ်က ကျွန်မအဖိုးနေတဲ့ရွာကလေးမှာ ကျွန်မရဲ့ပြပွဲအတွက်ပန်းချီဆွဲရင်း ကုန်ဆုံးခဲ့ရတယ် ။ စမ်းချောင်းလေးကိုဖြတ်ပြီး တစ်ဖက်ကမ်းကဒေစီပန်းလေးတွေကို ကျွန်မပန်းချီသွားဆွဲလေ့ရှိတယ် ။ ကျွန်မအတွက် ဒေစီပန်းလေးတွေက နေကြာပန်းအငယ်စားလေး‌တွေပါပဲ ။ ဗန်ဂိုးလ်က နေကြာပန်းတွေကို ပန်းချီဆွဲတယ် ။ ကျွန်မက ဒေစီပန်းတွေကို ဆွဲတယ် ။ ဗန်ဂိုးလ်ကြောင့် ကျွန်မ ပန်းချီဆရာဖြစ်ဖို့ အိမ်မက္မက္ခဲ့တာ ။ စမ်းချောင်းလေးထဲကိုပြုတ်ကျသွားခဲ့ရပြီးနောက် ဒီသစ်လုံးတံတားလေးကနေဖြတ်ဖို့ ကျွန်မမှာ သတ္တိမရှိတော့ဘူး ။ တစ်နေ့မှာတော့ အသစ်ဆောက်ထားတဲ့တံတားလေးကို ကျွန်မတွေ့ခဲ့တယ် ။ တံတားလေးက အကြမ်းထည်လေးဆိုပေမဲ့ ကျွန်မအတွက်လှပနေတယ် ။ ပထမတော့ တိုက်ဆိုင်မှုတစ်ခုလို့ ကျွန်မထင်ခဲ့တာ ။ နောက်တော့ ကျွန်မအတွက် တစ်စုံတစ်ယောက်က ဒီတံတားလေးကို‌ဆောက်ပေးတာလို...

Rama Ayodhya (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Documentary 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 35 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rama Ayodhya (2024) (အယုဒ္ဓယသို့ အလည်တစ်ခေါက်)IMDb- 6/10 ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ လေယာဉ်စီးစရာမလိုဘဲအယုဒ္ဓယကို လည်ပတ်နေသလိုမျိုး ခံစားစေရမှာဖြစ်ပါတယ်။သမိုင်းကြောင်းစိတ်ဝင်စားတဲ့သူတွေအတွက်တော့ အကြိုက်ပေါ့ဗျာ။ ဇာတ်လမ်းကတော့ အယုဒ္ဓယမှာရှိတဲ့ အရှင်ရာမနဲ့ သက်ဆိုင်တဲ့နေရာတွေကိုအသေးစိတ်ရှင်းပြပြီးတော့ အရှင်ရာမရဲ့ အကြောင်းတွေကို အသေးစိတ်လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ အရှင်ရာမရဲ့ စိတ်နေသဘောထားတွေ ခွန်အားကြီးတာတွေ အစရှိသဖြင့် အရာတွေကိုအရှင်ရာမရဲ့ သက်ဆိုင်တဲ့နေရာတွေနဲ့ ယှဉ်ပြပြီး ပြောသွားတာမျိုးဆိုတော့စိတ်ဝင်စားစရာလည်း ကောင်းပြီး သမိုင်းကြောင်းတွေကိုလည်း သိရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒီလို သမိုင်းကြောင်းတွေပြောကြားရင်းနဲ့ လူ့အဖွဲ့အစည်းမှာ ကောင်းသောနေထိုင်နည်းနဲ့နေထိုင်နိုင်ဖို့ကိုလည်း လမ်းညွှန်သင်ပြသွားပါသေးတယ်။အဲဒီတော့ ဘယ်လိုသမိုင်းကြောင်းတွေ , ဘယ်လိုနေရာတွေကိုပြသသွားမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)
...

Belphegor, Phantom of the Louvre (2001) ⭐TMDB: 46% User Score 🎬 #Fantasy #Horror #Mystery 🗓 2001 🎞 movie 🌎 #France ⏰ 1 နာရီ 36 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မံမီကားဆိုပေမယ့် အီဂျစ်ရဲ့ ပိရမစ်တွေ ဘုရင်တွေရဲ့ သင်္ချိုင်းတွေမှာမဟုတ်ဘဲ ပြင်သစ်မှာ ဇာတ်အိမ်တည်ထားတာပါ။ အထူးသဖြင့် ဇာတ်ဝင်ခန်းအများစုကို ပဲရစ်က နာမည်ကျော် Louvre ပြတိုက်မှာ ရိုက်ကူးထားပါတယ်။ အီဂျစ်က တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို Louvre ပြတိုက်ဆီသယ်လာရာမှာ မံမီတစ်ခုလည်းပါလာပါတယ်။ မံမီမှာ နာမည်ရော သူ့ကို မြှုပ်နှံတဲ့အချိန် ထည့်ရတဲ့ ရတနာတွေနဲ့ အဆောင်ပစ္စည်း‌တွေ ပါမလာပါဘူး။ ပညာရှင်တွေက သူ့ကိုလေဆာစကန်ဖတ်နေတဲ့အချိန် မံမီထဲကနေ ဝိညာဉ်ထွက်သွားပါတယ်။ အဲ့ဝိညာဉ်က ပြတိုက်တစ်ဖက်လမ်းမှာနေတဲ့ လီဆာဆိုတဲ့ မိန်းကလေးကိုယ်ထဲ ဝင်သွားပါတယ်။ မကြာခင် ပြတိုက်က အစောင့်တွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီး တစ္ဆေရှိတယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့လာပါတယ်။ မံမီဝိညာဉ်ဝင်ပူးခံနေရတဲ့ လီဆာကလည်း ထူးထူးဆန်းဆန်းတွေ လုပ်နေပြီး လျှပ်စစ်မီးတွေကိုပါ ထိန်းချုပ်နိုင်လာပါတယ်။ပြတိုက်လုံခြုံရေးတွေက မံမီတစ္ဆေကို သူခိုးထင်ပြီး ဖမ်းဖို့ကြိုးစားရင် သေကုန်တဲ့အခါ…လီဆာပါ အသက်အန္တရာယ်ရှိလာတဲ့အခါ…မံမီရဲ့ ရည်ရွယ်ချက်ကို သိအောင်လုပ်ပြီး လီဆာကို ကယ်ဖို့ သူ့ချစ်သူမာတင် ကြိုးပမ်းတာကို ကြည့်ရမှာပါ။
...

The Bride and The Beast (2024) ⭐TMDB: 0% User Score 🎬 #Romance #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကွေ့ထုံနဲ့ လန်သယ်တို့ဟာ ငယ်ငယ်ကတည်းက ခင်မင်ရင်းနှီးကြပြီးလူငယ်အချင်းချင်းမေတ္တာမျှနေကြပါတယ်။ ဒါပေမဲ့ ကွေ့ထုံရဲ့ အဖေဟာသူ့သမီးကို ရွာသူကြီးရဲ့ သားဖြစ်သူ ချီဖုန်းနဲ့ လက်ထပ်ပေးဖို့ စီစဉ်နေပါတယ်။ဒီအချိန်မှာ သူတို့ ကွေမိသားစုဆီကို ကံဆိုးမှုကြီးတစ်ခု ရောက်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ရွာရဲ့ ရိုးရာအရ မိန်းမပျိုလေးကို လော့ဟွားဂူထဲကတောင်နတ်ဆီ ဆက်သဖို့အတွက် ကွေ့ထုံက အရွေးခံလိုက်ရတာပါပဲ။ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ မလွတ်မြောက်ခဲ့တဲ့ကွေ့ထုံဟာ သူ့ကံကြမ္မာကိုပဲ လက်ခံလိုက်ရပါတော့တယ်။ ညကြီးသန်ခေါင် သတို့သမီးဝေါယာဉ်ကို သတို့သမီးအရံမိန်းမပျိုယောကျာ်းပျိုလေးတွေနဲ့ တောင်ပေါ်ကို လိုက်ပို့ကြတဲ့အခါဘယ်လို ထိတ်လန့်စရာအဖြစ်တွေနဲ့ ကြုံရမလဲ……လော့ဟွားဂူထဲကို အပို့ခံခဲ့ရတဲ့ မိန်းမပျိုလေးတွေကရောဘယ်လိုအဖြစ်မျိုးတွေ ကြုံတွေ့ခဲ့ကြတာလဲ……ဒီလို အဖြစ်တွေက နတ်ကလုပ်တာလား လူတွေရဲ့ ယုတ်မာတဲ့အကြံပဲလား ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။
...

Unknown: Cosmic Time Machine (2023) ⭐IMDB: 7.2/10 (3 k Votes) 🎬 #Documentary 🗓 2023 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 5 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အာကာသနဲ့ နက္ခတ်ဗေဒပညာရှင်တွေကြားမှာရောကမ္ဘာမှာပါဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့ဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်ကြီးရဲ့ လွှတ်တင်တဲ့အကြောင်းနဲ့ဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်ရဲ့ တည်ဆောက်ပုံတွေ လူတိုင်းကမဖြစ်နိုင်ဘူးဆိုပြီးယုံကြည်ထားကြတဲ့ အာကာသထဲမှာတယ်လီစကုပ်ထားမယ်ဆိုတဲ့အကြောင်းတွေကိုဝေဝေဆာဆာ စုံစုံလင်လင်နဲ့တွေ့မြင်ရမဲ့Documentary လေးတင်ဆက်ပေးလိုက်ပါတယ်။ စကြာဝဠာကြီးဟာ နှစ်ပေါင်း ၁၃.၈ ဘီလီယံသက်တမ်းရှိပြီး စကြာဝဠာကြီးရဲ့ဟိုးအစွန်ဆုံးမှာရှိတဲ့ စတင်ဖြစ်ပေါ်လာရာ အလင်းတန်းဟာဆိုရင် ကမ္ဘာကိုရောက်ဖို့အလင်းနှစ်ပေါင်း ၁၃.၈ နှစ်ထိလာရမှာပါ။ ဒီတော့ကျွန်တော်တို့တွေညတိုင်းတွေ့မြင်နေရတဲ့ကြယ်တွေဆိုတာ ဟိုးအရင်အတိတ်ကအလင်းရောင်ပါ။ ဒီလိုမျိုးစကြာဝဠာကြီးရဲ့ ပထမဆုံးဖြစ်ပေါ်လာတဲ့ အလင်းရောင်ကိုမြင်ရဖို့အတွက်အရင်က အာကာသကြည့်မှန်ပြောင်းဆိုတာ မရှိသေးပါဘူး။ ဒါကိုမဖြစ်ဖြစ်အောင်လူသားတွေအတူတကွကြိုးစားအားထုတ်ခဲ့ကြတာပါ။ ဒီဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်ကိုတည်ဆောက်ပြီးလွှတ်တင်နိုင်ဖို့အတွက် ဆယ်စုနှစ် ၂ ခုကျော်ကျော်လောက်ကြာခဲ့ပါတယ်။ ဒါ့အပြင် အင်ဂျင်နီယာပိုင်းဆိုင်ရာအခက်အခဲတွေအခြားအခက်အခဲတွေများစွာကြုံတွေ့ခဲ့ရပါတယ်။ လူတိုင်းသိကြတာက ဂြိုလ်တုတွေကို ကမ္ဘာ့အပြင်ဘက်လွှတ်တင်ပြီးကမ္ဘာရဲ့ပတ်လမ်းကြောင်းထဲမှာတင် လှည့်ပတ်နေကြတာပါ။ဂျိမ်းစ်ဝက်တယ်လီစကုပ်ကတော့ ဒီလိုမဟုတ်ပါဘူးကမ္ဘာ့ပတ်လမ်းကြောင်းကနေကျော်ပြီး ကမ္ဘာလိုပဲ နေကိုပတ်နေတဲ့ပတ်လမ်းကြောင်းဆီ လွှတ်တင်ပေးရမှာပါ။ ဒီခရီးစဉ်ဟာ ကမ္ဘာနဲ့လရဲ့အကွာအဝေးထက်လေးဆကွာဝေးပါတယ်။ဒါ့အပြင် ဒီလောက်ဝေးကွာတဲ့အကွာအဝေးကို ကမ္ဘာရဲ့ထိန်းချုပ်ခန်းကနေတယ်လီစကုပ်ကို ဖြန့်ကျက်ဖို့အတွက် ရှုပ်ထွေးလှတဲ့ ကွန်ပျုတာပိုင်းဆိုင်ရာကုဒ်တွေကိုပို့လွှတ်ပြီးတော့ လုပ်ဆောင်ရပါတယ်။ အလုပ်တစ်ခုဟာ ကိုယ့်လက်နဲ့ကိုင်ပြီးလုပ်ရင်တောင်ပြည့်စုံတယ်ဆိုတာမရှိပါဘူး။ ဒါကိုမိုင်ပေါင်းများစွာက တယ်လီစကုပ်ကြီးကို အမှားအယွင်းမရှိဖြန့်ကျက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုပြီး လူတိုင်းကပြောဆိုဝေဖန်ခံနေရပြီးအကြိမ်ကြိမ် ပိတ်သိမ်းဖို့ဖိအားပေးခံရတဲ့ ဂျိမ်းစ်ဝက်ဘ် ရဲ့နောက်ကွယ်ကသောင်းချီနေတဲ့လူတွေရဲ့ မလျော့တဲ့ဇွဲနဲ့ အားထုတ်မှုတွေကြောင့် ကျွန်တော်တို့အခုမြင်နေရတဲ့အာကာသရဲ့ရင်သပ်ရှုမောရတဲ့ပုံရိပ်တွေကို တွေ့မြင်နေနိုင်တာပဲဖြစ်ပါတယ်။အိမ်ဖြုတော်ရဲ့ ပြောရေးဆိုခွင့်ရသူပြောသလိုပါပဲ ဒီလိုအပြောကျယ်လှတဲ့စကြာဝဠာကြီးကိုတွေ့မြင်လိုက်ရတော့ ငါဘယ်သူလဲ ငါဘယ်ကနေဖြစ်ပေါ်လာတာလဲငါဒီစကြာဝဠာကြီးထဲဘယ်လိုဝင်ဆံအောင် နေနိုင်မလဲဆိုတာကိုငေးမောတွေးတောရင်း ကြည့်ရှုအားပေးလိုက်ကြပါဦး။
...

Don't Knock Twice (2016) ⭐IMDB: 5.1/10 (15 k Votes) 🎬 #Horror #Drama #Fantasy #Mystery #Thriller 🗓 2016 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 34 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Don’t Knock Twice (2016) =================== ဒီတစ်ခါမှာတော့ CM ပရိသတ်တို့အတွက် သဲထိပ်ရင်ဖို့ Horror ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာတော့ Bohemian Raphasody ထဲက ဇာတ်ဆောင်မင်းသမီးငယ် Lucy Boynton နဲ့ DCEU ထဲက Ivy ဇာတ်ကောင်ရဲ့ အသံသရုပ်ဆောင် Katee Sackhoff တို့က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းပန်းပုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဂျက်စ်ဟာ ငယ်စဉ်ဘဝက အပျော်အပါးနဲ့ မူးယစ်ဆေးစွဲလမ်းမှုတွေကြောင့် သမီးငယ်ဖြစ်သူခလိုဝီရဲ့ အုပ်ထိန်းခွင့်ကိုဆုံးရှုံးခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ သမီးငယ် ခလိုဝီဟာငယ်စဉ်ကတည်းက ကလေးဂေဟာမှာ သူငယ်ချင်းတွေနဲ့အတူနေခဲ့ရတာကြောင့် အမေဖြစ်သူကို နာကျည်းနေခဲ့သူတစ်ဦးဖြစ်ပါတယ်။တစ်ညမှာ ခလိုဝီရယ် သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့ ဒန်နဲ့ မိုက်ကယ်ဟာ ရပ်ကွက်ထဲမှာ စုန်းမကြီးလို့အမည်ထွက်နေတဲ့ ဆံနီဖာလားအမျိုးသမီး “မေရီအမီနော့ဖ်” ခေါ် “ဂျင်ဂျာ” ဆိုတဲ့သူရဲ့အိမ်ကို ညညတိုင်းတံခါးသွားခေါက်ကြပါတယ်။ အစကတည်းက “တစ်ခါခေါက်ရင်စုန်းမကြီးနိုး၊ နှစ်ခါခေါက်ရင်စုန်းမကြီးကိုယ့်နောက်လိုက်လာမယ်” လို့ နာမည်ကြီးနေတဲ့အိမ်ကိုမှ သွားစခဲ့ကြတဲ့ကလေးတစ်သိုက်ဟာ အဖြစ်ဆိုးနဲ့ကြုံခဲ့ရပါတယ်။ တံခါးကိုခေါက်ပြီး နောက်နေ့ကျမှာပဲ သူငယ်ချင်းသုံးယောက်ထဲက မိုက်ကယ်ဟာ စဆုံးမရှိပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ခလိုဝီနဲ့ ဒန်တို့နှစ်ယောက်ပဲကျန်ပြီး ၁၀ နှစ်ကျော်တဲ့အခါမှာ ဂျင်ဂျာရဲ့အိမ်ကိုပဲ ထပ်ပြီးတံခါးသွားခေါက်ခဲ့ပြန်ပါတယ်။ ဒီတစ်ခါမှာလည်းပဲ တံခါးခေါက်ပြီး ရက်ပိုင်းအကြာမှာ ဒန်က ပျောက်သွားခဲ့ပြန်ပါတယ်။ ဒန်ပျောက်သွားပြီမကြာခင်မှာပဲ ခလိုဝီလည်း သဘာဝလွန်ဖြစ်ရပ်တွေနဲ့ဆက်ပြီးကြုံတွေ့လာရပါတယ်။ ဒီလိုနဲ့ပဲ ခလိုဝီနဲ့ သူ့ရဲ့ပါဝင်ပတ်သက်ခဲ့မှုတွေဟာ ၁၀ အကျော်မှာ ပြန်ဆုံတွေ့ခဲ့တဲ့ ခလိုဝီရဲ့အမေကိုပါ ဘယ်လိုယှက်ထွေးသွားမလဲဆိုတာကို ရင်တလှုပ်လှုပ်နဲ့ရှုစားကြရမှာပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

The World Made Straight (2015) ⭐IMDB: 5.5/10 (2 k Votes) 🎬 #Action #Drama 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The World Made Straight (2015) ===================== ဒီ “The World Made Straight” ဆိုတာကတော့ 2015 တုန်းက ထွက်ရှိထားတဲ့ ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ ဒုတိယကမ္ဘာစစ်တုန်းက သွေးမြေကျခဲ့တဲ့ အပါလာချီယန်နယ်မြေရဲ့ သမိုင်းကိုနောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဇာတ်ဆောင်ဖြစ်တဲ့ ထရာဗစ်ဆိုတဲ့လူငယ်လေးဟာ ငယ်စဉ်ကတည်းကအရမ်းဆိုးခဲ့တဲ့ အထက်တန်းကျောင်းထွက်တစ်ယောက်ဖြစ်ပါတယ်။ နယ်ခံဖြစ်တဲ့ ထရာဗစ်ဟာတစ်နေ့ မြို့နားကချောင်းငယ်လေးကိုသွားရင်း ဆေးခြောက်ပင်တွေကိုတွေ့သွားပါတယ်။ အဲဒီအခါမှာ သူငယ်ချင်းဖြစ်သူကိုပြောတော့ သူငယ်ချင်းဖြစ်သူက သူတို့နားတစ်ဝိုက်က ဆေးရောင်းဝယ်လုပ်သူဆီရောင်းဖို့အကြံပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဆေးရောင်းဝယ်လုပ်နေတဲ့ လီယွန်နက်ဆိုတဲ့သူနဲ့ သိသွားကြပါတယ်။ နောက်တစ်နေ့ ထရာဗစ်က အဖေနဲ့ပြဿနာတက်လို့ အိမ်ကထွက်လာပြီး ဆေးခြောက်ပင်တွေရှိတဲ့ ချောင်းငယ်နားကိုသွားတဲ့အခါ ဆေးခြောက်ပင်ပိုင်ရှင်ထောင်ထားတဲ့ ထောင်ချောက်မှာမိပြီး ဒဏ်ရာရသတိမ​ေ့သွားခဲ့ပါတယ်။ ဆေးခြောက်ပင်ကို ပိုင်တဲ့လူမိုက်နှစ်ယောက်က ထရာဗစ်ကို ခြိမ်းခြောက်ပြီးပြန်လွှတ်ခဲ့ပါတယ်။ ဆေးရုံကအဆင်းမှာ ထရာဗစ်ရဲ့ အဖေက အိမ်ကိုမပြန်လာခိုင်းတာနဲ့ ထရာဗစ်က သူ့ရဲ့အသိဖြစ်တဲ့လီယွန်နက်ဆီကို ခြေဦးတည့်သွားဖို့ဖြစ်လာခဲ့ပါတယ်။ လီယွန်နက်အိမ်မှာနေခွင့်ရသွားတဲ့ ထရာဗစ်ဟာ တစ်နေ့ လီယွန်နက်ဖတ်နေတဲ့ စာအုပ်ကိုယူကြည့်လိုက်တဲ့အချိန် ဒုတိယကမ္ဘာစစ်တုန်းက ဆရာဝန်တစ်ယောက်ဖြစ်ခဲ့သူအကြောင်းရေးထားပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီဆရာဝန်ဟာ ထရာဗစ်ရဲ့ ဘိုးဘေးတွေ စစ်ပွဲမှာရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတဲ့အချိန်ရှိနေခဲ့တဲ့ ဆရာဝန်ဖြစ်နေပါတယ်။ ဒီလိုနဲ့ အတိတ်သံသရာကို စိတ်ဝင်စားတဲ့ထရာဗစ်ဟာ ဒီစာအုပ်ထဲနစ်မျောသွားပြီး စာအုပ်ထဲပါအကြောင်းအရာတွေကို လက်တွေ့မှာမျက်မြင်ကိုယ်တွေ့ရအောင် အစွမ်းကုန်ကြိုးစားပါတော့တယ်။ ထရာဗစ်တစ်ယောက် သူ့မျိုးရိုးရဲ့အတိတ်အကြောင်း ဘာတွေသိလာမလဲ၊ နောက်ဆုံးမှာ လီယွန်နဲ့ ထရာဗစ်တို့ကြားက ဆက်ဆံရေးဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရှုမြင်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင် ၂၀ ဝန်းကျင်လူငယ်တစ်ယောက်ရဲ့ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ မိသားစုပြဿနာ၊ လောကဓံပြဿနာတွေက အဲဒီလူငယ်အပေါ်ဘယ်လောက်ထိ လွှမ်းမိုးမှုရှိခဲ့လဲ၊ ဒါ့အပြင် ငယ်စဉ်အခါမှာကိုယ့်နောက်ခံက ဘယ်လောက်ဆိုးခဲ့ဆိုးခဲ့ ကိုယ် ကိုယ်တိုင်ကြိုးစားရင် ဘဝတစ်ဆစ်ချိုးပြောင်းလဲနိုင်တယ်ဆိုတာကို သမိုင်းဖြစ်စဉ်တချို့နဲ့ပေါင်းစပ်ပြီးရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ကြည့်ရှုသူတွေအတွက် ရသမျိုးစုံပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Get Rich or Die Tryin' (2005) ⭐TMDB: 68% User Score 🎬 #Crime #Drama #Music 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကြီး rapper 50 cent ရဲ့ ဖြစ်ရပ်မှန် တကယ့်ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အမေဆုံးသွားပြီးနောက်ပိုင်း 12 နှစ်အရွယ်မှာ drug dealer အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းခဲ့ရာကနေ Rapper တစ်​ယောက်ဖြစ်လာအောင် ကြိုးစားခဲ့တဲ့ Marcus ရဲ့ဘဝဖြတ်သန်းပုံတွေကို ရိုက်ကူးထားပြီးတော့ 50 Cent ရဲ့ ဘဝဇာတ်ကြောင်းကို သိမြင်စေနိုင်မဲ့ Autobiography/ Crime ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ လူမဲရပ်ကွက်က gangsta တွေ အဖွဲ့ဂိုဏ်းတွေနဲ့ နယ်မြေစွဲပြီး territory ဆန်တဲ့ ဂိုဏ်းတွေကြားက ရန်ငြိုးနဲ့ပစ်ခတ်မှုတွေပါဝင်ပြီး Marcusရဲ့ ကြမ်းတမ်းတဲ့ဘဝကနေ အရှုံးမပေးဘဲ ဘယ်လိုတွေကြိုးစားခဲ့လဲဆိုတာ ရင်ဖိုစိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
...

Tideland (2005) ⭐TMDB: 65% User Score 🎬 #Drama #Fantasy #ScienceFiction #Thriller 🗓 2005 🎞 movie 🌎 #Canada #UnitedKingdom ⏰ 2 နာရီ 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.3/10 ရရှိထားတဲ့ Fantasy/Horror ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ သူမတူတဲ့ ဇာတ်လမ်းတင်ဆက်ပုံနဲ့ နောက်တစ်ခန်း ဘာဆက်ဖြစ်မလဲဆိုတာ မှန်းမရတဲ့ ဇာတ်လမ်းအသွားအလာကြောင့် ရောထွေးတဲ့ မှတ်ချက်များစွာ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဂျီလက်ဇ်ရို့စ်ဆိုတဲ့ ကလေးမလေးက ဆေးစွဲနေတဲ့မိဘနှစ်ပါးအတွက် ထိုးဆေးပြင်ပေးရသူပါ။ သူ့အဖေက စိတ်ကူးယဉ်တတ်သူတစ်ဦးဖြစ်ပြီး ရို့စ်ကို သူ့စိတ်ကူးတွေထဲက အကြောင်းတွေကို မကြာခဏ ပုံဖော်ပြောပြလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူ့အမေက ရုတ်တရက်ဆန်စွာ ဆေးလွန်ပြီး သေဆုံးသွားခဲ့တာမို့ သူ့အဖေက သူ့လက်ကိုဆွဲပြီး သူ့အဘွားရှိရာဆီ ထွက်လာခဲ့ရပါတော့တယ်။ သူတို့သားအဖ သူ့အဘွားဆီရောက်သွားပေမယ့် သူ့အဘွားက မရှိတော့ဘဲ ပျက်စီးနေတဲ့ အိမ်အိုကြီးနဲ့သာ တွေ့ဆုံခဲ့ရပြီး နောက်တစ်ရက်မှာပဲ သူ့အဖေကလည်း ဆေးလွန်ပြီး သေဆုံးသွားခဲ့ပြန်တာမို့ ရို့စ်လေးခမျာ လောကအလယ် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရရှာပါတော့တယ်။ ငယ်ရွယ်လွန်းတဲ့ ကလေးငယ်လေးဖြစ်တာမို့ အဖေသေဆုံးသွားတာကို မသိဘဲ အိပ်နေတယ်လို့ပဲ ထင်ကာ သူ့ရဲ့ ခေါင်းပြတ်အရုပ် အဖော်တွေနဲ့ စကားတွေပြောရင်း အချိန်ကုန်ဆုံးခဲ့ရရှာတဲ့ ရို့စ်လေးရဲ့ဘဝထဲ မထင်မှတ်ထားတဲ့ လူသားမဆန်တဲ့ လူသားနှစ်ဦး ရောက်ရှိလာခဲ့ချိန်မှာတော့.. အလောင်းကောင်အဖေနဲ့ ရို့စ်လေးရဲ့ဘဝထဲ ရောက်လာတဲ့သူတွေက ဘယ်သူတွေလဲ.. တကယ်ပဲ လူသားတွေလား.. ဒါမှမဟုတ် တခြားတည်ရှိမှုတွေလား.. ရို့စ်လေးအတွက်ရော ကောင်းခြင်း ဆိုးခြင်း ဘယ်လိုအရာတွေကို ဆောင်ကြဉ်းလာပေးမလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ)
...

Scoop (2024) ⭐IMDB: 6.6/10 (11 k Votes) 🎬 #Biography #Drama 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 43 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဗြိတိန်အင်ပါယာရဲ့ဘုရင်မကြီး”အဲလစ်ဇဘတ်”ရဲ့တတိယမြောက်သားဖြစ်သူ မင်းသား”အန်ဒရူး” ဟာ အသက်မပြည့်သေးသောကောင်မလေးတစ်ဦးကိုဖိအားပေးပြီးလိင်ပိုင်းဆိုင်ရာစောက်ကားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ဂယက်ရိုက်ခဲ့ပါတယ် အဲ့ကိစ္စနဲ့ပက်သက်ပြီး 2019 ခုနှစ်မှာ BBCရဲ့ Newsnight ဆိုတဲ့ သတင်းအစီအစဥ်မှာ အင်တာဗျူးလုပ်ခဲ့ပါတယ် ဒါပေမဲ့ အဲ့လိုလုပ်လိုက်တာက အကြီးအကျယ်ပိုဆိုးသွားပြီး နောက်ဆုံးမှာ မင်းသား”အန်ဒရူး”ဟာ သူ့ရဲ့တော်ဝင်အရိုက်အရာရာထူးအာဏာတွေကိုစွန့်လွှတ်လိုက်ရတဲ့အထိဖြစ်သွားပါတယ် ဒီဇာတ်ကားကတော့ မင်းသား”အန်ဒရူး”ကိုအင်တာဗျူးဖို့အတွက် BBCမှသတင်းထောက်တွေဘယ်လိုမျိုးကြိုးစားခဲ့ရသလဲ ဘယ်လိုစီစဥ်ခဲ့ရသလဲဆိုတော့ သတင်းမီဒီယာသမားတွေရဲ့အကြောင်းကိုအတွင်းကျကျရိုက်ကူးပြထားတာဖြစ်ပါတယ်ဒါကဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ “Biography Film”လေးပါ
...

Yuva (2024) ⭐TMDB: 0% User Score 🎬 #Action #Bollywood #Romance #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 31 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Yuva (2024) ကျောင်းတော်ကရန်စ အက်ရှင်ကားကောင်းတွေက ကြိုက်နှစ်သက်တဲ့ ဘောလီးဝုဒ်ပရိသတ်ကြီးအတွက်အကြမ်းပတမ်းအသတ်အပုတ်မှာ လှည့်ကြည့်စရာမလိုအောင် တဂျိမ်းဂျိမ်းချတဲ့ကန်နာဒါကားလေးတစ်ကားလာပါပြီ ကန်နာဒါကားတွေထုံးစံ မင်းသားနဲ့ အုပ်လိုက်အုပ်လိုက်နဲ့မင်းသား လေပေါ်မြှောက်အောင်ထိုးပြီး သွေးတရဲရဲနဲ့ သောက်ခွက်ညိုအောင်ကျွေးတဲ့အားရပါးရကို အဝကြည့်ရမဲ့ အက်ရှင်ကားလေးပါပဲ ဇာတ်လမ်းလေးကတော့ မန်ဂလူရူမြို့က ကောလိပ်လေးတစ်ခုမှာ နယ်ခံကျောင်းသားတွေကတခြားကလာပြီး အဆောင်နေတဲ့ ကျောင်းသားတွေကို အနိုင်ကျင့်နေတာကြာပါပြီ… တစ်နေ့မှာ သူတို့က ယူဗာလို့ခေါ်တဲ့ အင်ယာကျောင်းသားတစ်ယောက်ကိုသူတို့ဆိုင်ကယ်ပါကင်မှာ ဆိုင်ကယ်လာရပ်လို့ ဆိုင်ကယ်ကို ရိုက်ခွဲလိုက်တာကစပြီးယူဗာနဲ့ နယ်ခံကျောင်းသားတွေ…ရန်တွေဖြစ် တွေ့တဲ့နေရာကြိတ်ကြပြီးနယ်ခံကျောင်သားတွေတင်မက နယ်ခံလူမိုက်တွေနဲ့ပါ ဇယားတွေရှုပ်ကုန်ပါတော့တယ်…ယူဗာနဲ့ နယ်ခံကောင်တွေ ဘယ်လိုကျွေးကြမလဲဆိုတာ ပိတ်ကားပြင်ထက်မှာဆက်လက်အားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်… အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်
...

Article 370 (2024) ⭐IMDB: 8.2/10 (11 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 36 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Article 370 (2024)”ပိုဒ်ခွဲ ၃၇၀”======================= အက်ရှေးကူးမားရ်ရဲ့ OMG 2 ထဲမှာ အမြင်ကပ်စရာရှေ့နေမအဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးလေး ယာမီဂေါ်တမ်ရဲ့ IMDb 8.2 ရ ရုံတင်ရုပ်ရှင်သစ်လေးကိုချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ Article 370 ဆိုတာကတော့ အိန္ဒိယရဲ့ ထိရှလွယ်ဒေသဖြစ်တဲ့ ကတ်ရှိမီးယားကိုကိုယ်ပိုင်ဥပဒေ၊ ကိုယ်ပိုင်ဝန်ကြီးချုပ်၊ ကိုယ်ပိုင်အလံတွေထိ ခွင့်ပြုပေးထားတဲ့ ဥပဒေပိုဒ်ခွဲ ၃၇၀ ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.. ဆိုရှယ်မီဒီယာတွေပေါ်လာပြီးနောက်ပိုင်း ကတ်ရှ်မီးယားဒေသမှာဘူရ်ဟန်ဝါနီလို့ခေါ်တဲ့ လူငယ်မူဂျာဟီဒင်တစ်ယောက် ပေါ်ပေါက်လာပါတယ်။သူဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူငယ်တွေရဲ့ ထောက်ခံမှုအများအပြားရထားတဲ့သူပေါ့။ သူ့ရဲ့ ဗွီဒီယိုကြောင့် ကတ်ရှ်မီးယားပြည်သူတွေရဲ့ ယုံကြည်မှုက ပါကစ္စတန်ဘက်ကိုအလေးသာလာတဲ့အချိန်မှာ ထောက်လှမ်းရေးအေးဂျင့်ဖြစ်တဲ့ ဇူနီက ဘူရ်ဟန့်ကိုစစ်ဆင်ရေးတစ်ခုမှာ ပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။ ဘူရ်ဟန်ရဲ့ ကျဆုံးမှုကိုအသုံးချပြီးနိုင်ငံရေးသမားတွေက ပဋိပက္ခတစ်ခုဖန်တီးလိုက်တဲ့အခါ အဲဒီ ပဋိပက္ခရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကဇူနီ့ခေါင်းပေါ်ကျလာတဲ့အတွက် ဇူနီတစ်ယောက် ပြဿနာတွေကို နည်းမျိုးစုံသုံးပြီး ဖြေရှင်းဖို့ကြိုးစားပါတော့တယ်..။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

The Slave Hunters (2010) ⭐TMDB: 81% User Score 🎬 #Action #Adventure #Drama 🗓 2010 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 6 မိနစ် 16 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Slave Hunters(2010)The Slave Hunters(2010)************************  ဒီစီးရီးဟာ 46th Baeksang Arts Awards  ပွဲမှာအကောင်းဆုံးဒရမ်မာ အကောင်းဆုံး သရုပ်ဆောင် အကောင်းဆုံးဒါရိုက်တာဆုတို့ဆန်ကာတင် စာရင်းဝင်ခဲ့သလို  အကောင်းဆုံးဇာတ်ညွှန်းဆုကြီးလည်းရခဲ့ပါသေးတယ်…နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့  Oh Ji-ho  , Jang Hyuk  နဲ့ မင်းသမီးချော Lee Da-haeတို့ အဓိကပါဝင်သရုပ်ဆောင်ထားတယ်…ထုတ်လွှင့်စဉ်မှာလည်း အမြင့်ဆုံး rating တွေရရှိခဲ့ပါတယ်…ဆုန်းထယ်ဟာ(Oh Ji-ho)က တစ်ချိန်ကအရမ်းတော်တဲ့စစ်သူကြီးတစ်ယောက်ပါ…တစ်နေ့မှာတော့ နန်းတွင်းအရှုတ်တော်ပုံတွေကြား ဓားစာခံဖြစ်သွားပြီး ရာထူးကထုတ်ပယ်ခံရတဲ့အပြင်ကျွန်ဘဝကိုပါရောက်သွားတယ်…စစ်သူကြီးပီပီ ဒီလိုငရဲဘဝရောက်နေရတဲ့အပြင် သူ့အပေါ်မကောင်းကြံတဲ့သူတွေကိုဖော်ထုတ်ဖို့အရေး ထွက်ပြေးခဲ့တယ်…နန်းတွင်းရဲ့ အတော်ဆုံးစစ်သူကြီးထွက်ပြေးတဲ့အခါမှာတော့ အကြမ်းဆုံးသော ကျွမ်ဖမ်းမုဆိုးတွေနဲ့ သူ့ကိုလိုက်ဖမ်းပါတော့တယ်.. ဒီလိုထွက်ပြေးတဲ့ခရီးမှာ မမျှော်လင့်ထားတဲ့သူတွေနဲ့တွေ့ဆုံခဲ့ရသလို အကြမ်းဆုံးသော ကျွန်မုဆိုးတွေကြားသူဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့
...

The Immortal (2018) ⭐IMDB: 6.7/10 (307 Votes) 🎬 #Fantasy #Horror #Thriller 🗓 2018 🎞 movie 🌎 #Vietnam ⏰ 2 နာရီ 5 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Immortal (2018)================== IMDb – 6.7/10 ဒီတစ်ခါမိတ်ဆက်​ပေးမှာ​က​တော့ 2018 မှာထွက်ရှိထားပြီး ဒါရိုက်တာ Victor Vu ရိုက်ကူးထားတဲ့ The Immortal ဆိုတဲ့ ဗီယက်နမ် သည်းထိတ်ရင်ဖိုကား​လေးပဲဖြစ်ပါတယ် ဒီရုပ်ရှင်ဟာ ထွက်ကတည်းကကြည့်ရှုသူတိုင်း Good review ​ပေးတာကို ခံ​နေရတဲ့ horror ကား​လေးပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ဟုမ်တစ်​ယောက် ချစ်သူ လင်းဆိုတဲ့​ကောင်မ​လေးနဲ့ ဘဝ​ရှေ့​ရေးကိုတိုင်ပင်​နေရင်းတစ်​နေ့ အ​ဖေဖြစ်သူရဲ့အ​မွေ​တွေကို မ​ပေးချင်တဲ့ အကိုခမ်းရဲ့ လုပ်ကြံတာကို ခံရပြီး ​အောက်လမ်းဆရာတစ်​ယောက်ရဲ့ ကယ်တင်ခြင်းကိုခံရပြီး အသက်ရှင်​​နေခဲ့ပါတယ် အကိုအ​ပေါ် လက်စား​ချေချင်တာနဲ့ ဘဝမှာတစ်ခါသာ သုံးလို့ရတဲ့ ​သေခြင်းဂါထာနဲ့ သတ်ပစ်ခဲ့ပါတယ် ​​နောက်ပိုင်း ဂါထာနဲ့သတ်ရတာကိုဝါသနာထုံသွားပြီး ​သေခြင်းဂါထာစည်းမျဥ်းကို ချိုး​ဖောက်ပြီး ဂါထာနဲ့ လူ​တွေသတ်​နေရင်း ​အောက်လမ်းပညာရဲ့ဆိုးကျိုး​တွေကိုခံစားလာရပါတယ် ဒီထိ​ရောက်လာပြီးမှ မ​သေချင်​သေးတဲ့ ဟုမ်တစ်​​​ယောက် ​အောက်လမ်းဆရာကို မ​သေခြင်းတရားဂါထာနဲ့ မ​သေမျိုးဖြစ်​အောင် ​လုပ်​​ပေးဖို့​တောင်းဆိုခဲ့ပါတယ် ဂါထာအစွမ်းကြီး​လေ ​ပေးဆပ်ရတာများ​လေဖြစ်တာ​ကြောင့် ဟုမ်ရဲ့တန်ဖိုးအရှိဆုံးအရာ​တွေ ဘဝက​နေ ​ပျောက်ကွယ်သွားပါတယ် မ​သေမျိုးဖြစ်လာပြီး​တော့ ဟုမ်တစ်​ယောက် သူရဲ့ ဘဝမှာ ​ပျော်ရွှင်နိုင်​သေးလား မ​သေမျိုးဖြစ်ရတာရဲ့ ဒုက္ခ​တွေ ဆိုးကျိုး​တွေက​ရောဘာ​တွေလဲ ဘဝမှာထာဝရအသက်ရှင်​နေတာက​ရော ဆုလာဘ်လား ပြစ်ဒဏ်လား ဒီမ​သေခြင်းကျိန်စာက​နေလွတ်​မြောက်​အောင် သူဘယ်လို​တွေ​လုပ်​ဆောင်ရလဲ အခက်အခဲ​တွေဘယ်လို ​ကျော်ဖြတ်ရလဲဆိုတာ​တွေကို တစ်ကားလုံး ကြည့်ရှုသူကိုအပါ​ခေါ်သွားနိုင်​လောက်တဲ့အထိ ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုကား​ကောင်း​လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့
...