无数据
订阅者
-524 小时
-47 天
+730 天
帖子存档
The Rising (2022-2022)
⭐IMDB: 6.6/10 (2 k Votes)
🎬 #Crime #SciFi #Fantasy #Thriller
🗓️ 2022-2022 🎞️ Series 📺 1080p
🌎 #UnitedKingdom
⏰ 45 မိနစ် 37 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Rising (2023)The Rising (2023)ဒီဇာတ်လမ်းမှာ မင်းသမီးသေသွားပါတယ်လို့ပြောရင် အညွှန်းရေးသူကအကျင့်ယုတ်ပြီး စပွိုင်လာပေးတယ်မထင်လိုက်ပါနဲ့။
မင်းသမီးသေတဲ့နေရာကပဲစရတဲ့ သဘာဝလွန်လူသတ်မှုဇာတ်လမ်းဖြစ်နေလို့ပါ။
သေသွားတဲ့ကောင်မလေးက နိဗ်။
သူ့အထင်အရတော့ တစ်မနက်မှာ သူကရေကန်ကြီးထဲမှာ အိပ်ရာကနိုးလာတယ်ပေါ့။
တကယ်တမ်းတော့အဲ့ဒါက သူ့ဝိဥာဥ်ပါ။
သူ့ကိုယ်သူသေပြီမှန်းတောင်မသိတဲ့ နိဗ်က အိမ်တွေဘာတွေပြန်ပြီး
သူ့အမေရယ်ညီကိုမောင်နှမတွေရယ်နဲ့ စကားပြောဖို့ပါကြိုးစားလိုက်ပါသေးတယ်။
သူတို့ကသူ့ကိုမမြင်နိုင်မှန်းသိပြီး သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေကိုတွေ့မှပဲ သူသေပြီဆိုတာသဘောပေါက်လိုက်ပါတယ်။
ဒါပေမဲ့နိဗ်က သူဘာကြောင့်သေသွားလဲ။ သူ့ကိုဘယ်သူကသတ်တာလဲဆိုတာ မမှတ်မိပါဘူး။
သူမသေခင်တစ်ညကလဲ သူကကွင်းပြင်တစ်ခုမှာလုပ်တဲ့ပါတီမှာရှိနေပြီး
အဲ့မှာ သူ့အဖေ သူ့ချစ်သူ သူ့ဘော်ဒါတွေအပြင် သူတို့မြို့လေးကတခြားသူတွေလဲရှိနေခဲ့တယ်။
သူတို့ထဲကဘယ်သူဖြစ်နိုင်မလဲဆိုတာနိဗ်ရှာရမှာပါ။
တစ်ခုထပ်ထူးတာက နိဗ်ရဲ့ဝိဥာဥ်ကို မြင်နိုင်တဲ့လူတစ်ချို့ရှိပါသေးတယ်။ သူတို့ကဘာလို့နိဗ်ကိုမြင်နိုင်ရတာလဲ?
ဘယ်လိုဖြစ်ဖြစ် နိဗ်ကသူတို့အကူအညီကိုယူပြီး သူ့ကိုသတ်တဲ့လူသတ်မှုကို
ကိုယ်တိုင်ပြန်စုံစမ်းတာကိုကြည့်ရမယ့် ထူးခြားတဲ့စီးရီးကောင်းတစ်ခုပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre….. Crime, Sci-fi & Fantasy
Kabayo (2023)
⭐IMDB: 4.6/10 (10 Votes)
🎬 #Adult #Drama
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 2.03 GB ⦿ 847.77 MB
🌎 #Philippines
⏰ 1 နာရီ 45 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kabayo (2023)
Laurene နဲ့ Conrad တို့ဟာ ခုနစ်နှစ်ကြာ လက်တွဲလာခဲ့တဲ့ချစ်သူတွေဖြစ်ပြီး သက်တမ်းကြာလာတဲ့စုံတွဲတွေမှာဖြစ်တတ်တဲ့ ကတောက်ကဆပြဿနာလေးတွေရှိနေပါတယ်။ Laurene က သူဌေးသမီးဖြစ်ပြီး Conrad က သူ့အစ်ကိုရဲ့အောက်မှာ ဝန်ထမ်းဖြစ်နေတာ၊ မပြည့်စုံတဲ့ Conrad အတွက် Laurene အလိုတွေကိုမဖြည့်ဆည်းနိုင်တာတွေကလည်း သူတို့ဆက်ဆံရေးမှာအဖုအထစ်တွေပါပဲ။
တစ်နေ့တော့ အမေရိကားက ပြန်ရောက်လာတဲ့ လော်ရိန်းသူငယ်ချင်း Easton ဆိုတဲ့သူဌေးသားနဲ့ Conrad တို့ကို မိတ်ဆက်ပေးလိုက်ပြီးတဲ့ နောက်မှာတော့ Bisexual ဖြစ်တဲ့ Easton က Conrad ကိုစိတ်ဝင်စားသွားခဲ့ရာကနေ သူတို့ဟာ ထူးခြားတဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ခုကို ဖန်တီးမိပါတော့တယ်။
Lovely Ladies Dormitory ထဲက ရွှေရင်ဌေးဌေးမင်းသမီးငယ်လေး Julia Victoria ဦးဆောင်ပါဝင်ထားပြီး၊ နောက်ပိုင်းအများကြီး မြင်လာရဖို့ရှိတဲ့ Franchesca Flores တို့၊ Apple Castro တို့မျက်နှာသစ်ကလေးတွေအားဖြည့်ထားပါသေးတယ်။ ရှုစားကြည့်ကြပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)
The 4 Movie (2011)
⭐IMDB: 5.2/10 (52 Votes)
🎬 #Comedy #Horror #Thriller
🗓️ 2011 🎞️ Movie
📺 #1080p #720p
💿 2.76 GB ⦿ 1.44 GB
🌎 #Thailand
⏰ 2 နာရီ 9 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The 4 Movie
ဒီရုပ်ရှင်က မတူညီတဲ့ ဇာတ်လမ်း ၄မျိုးကို တစ်ကားတည်းပေါင်းရိုက်ထားတာပါ…
သရဲကားလည်းပါတယ် ဟာသလည်းပါတယ် လူတွေရဲ့ မနာလိုမုန်းတီးစိတ် အာဃတတရားတွေလည်းပါတယ်… အနီးကပ် သစ္စာဖောက်မှုတွေလည်းပါတယ်.. ချစ်ခြင်းမေတ္တာအကြောင်းလည်းပါတယ်… အိုး အစုံစုံကို ပါပါတယ်… ပါဆို ဇာတ်ကြောင်းက ၄ခုကိုးဗျ….
ထုံးစံကြည့်နေကျအတိုင်း ဇာတ်ကြောင်းတစ်ခုတည်းကို အချိန်အကြာကြီးပေးမကြည့်ချင်တော့ဘူး မတူညီတဲ့ရသတွေကို တထိုင်တည်း ခံစားလိုက်ချင်တယ်ဆိုရင် ၂နာရီလောက်သာရှိတဲ့ ဒီထိုင်းကားလေးကို ကြည့်လိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ခဗျာ
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2.8GB) / (1.5GB)Quality__1080p, 720pIMDb Rating__5.2/10Format__mp4Duration__01:36:00Type__Comedy, HorrorSubtitle__Myanmar Subtitle (Hardsub)Translated byTun Aung KyawEncoded byNaing Aung Latt
Heaven and Hell (2012)
⭐IMDB: 4.7/10 (119 Votes)
🎬 #Drama #Horror
🗓️ 2012 🎞️ Movie
📺 #1080p #720p
💿 1.76 GB ⦿ 872.13 MB
🌎 #Thailand
⏰ 1 နာရီ 45 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Heaven & Hell
နတ်ပြည်နဲ့ ငရဲပြည်… အချစ်ဟာ တန်ခိုးရှိန်ဝါကြိးမားပါသတဲ့…
ကိုယ်ချစ်တဲ့သူဆီက ပြန်အချစ်ခံရတဲ့ အရသာကို သိဖူးကြတယ်မလား… ပြန်အချစ်မခံရဘဲ ပစ်ပယ်ခံကြရတဲ့အခါမှာရော ဘယ်လိုတောင် နာကျင်ခံစားကြရသလဲ…
လူ့ပြည်မှာနေရင်းနဲ့ကို နတ်ပြည်လား ငရဲပြည်လားဆိုတဲ့ ခံစားချက်မျိုးကို အချစ်က ပေးစွမ်းနိုင်ပါတယ်…
ဒီဇာတ်ကားဟာ သရဲကားပါ အချစ် အမုန်းနဲ့ သက်ဆိုင်တဲ့ ထိုင်းသရဲကားလေးပါ…. ကြောက်စရာလည်း အင်မတန်ကောင်းတာမို့ ဒီဇာတ်ကားထဲက နတ်ပြည်ရောက်နေတဲ့ သရဲနဲ့ ငရဲပြည် ရောက်နေတဲ့ သရဲတို့အကြောင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )
Take Care of My Cat (2001)
⭐IMDB: 7.1/10 (3 k Votes)
🎬 #Drama
🗓️ 2001 🎞️ Movie
📺 #1080p #720p #480p
💿 2.83 GB ⦿ 1.07 GB ⦿ 578.56 MB
🌎 #SouthKorea
⏰ 1 နာရီ 52 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Take Care of My Cat (2001)
သူငယ်ချင်းငါးယောက်ဖြစ်တဲ့ ဟယ်ဂျူး၊ ထယ်ဟီး ၊ ဂျီယောင်း၊ ဘီရူးနဲ့ အွန်ဂျိုးတို့ဟာ အင်ချွန်းဆိုတဲ့ မြို့ငယ်လေးရဲ့ အထက်တန်းကျောင်းမှာတည်းက ခင်မင်ခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း အထက်တန်းပြီးလို့ တစ်နှစ်ကြာတဲ့အခါ တစ်ယောက်တစ်လမ်းစီ လျှောက်ကြရပါတယ်။ မိသားစုအလုပ်ကိုလုပ်သူကလုပ် ကုမ္ပဏီမှာလုပ်သူကလုပ် လမ်းဘေးမှာ လက်ဝတ်ရတနာလေးတွေ ရောင်းသူကရောင်း အလုပ်မရှိလို့ အလုပ်ရှာသူကရှာပြီး ဘဝကြီးကိုလျှောက်လမ်းကြပါတယ်။
အဲ့ဒီလို ဘဝရဲ့တာဝန်တွေကို ခက်ခက်ခဲခဲလျှောက်လှမ်းကြရင်း တစ်ယောက်နဲ့တစ်ယောက် ပုံမှန်တွေ့ဖြစ်အောင်လည်း ကြိုးစားကြပေမယ့် ဘဝကြီးထဲရောက်တဲ့အခါ ကျောင်းတုန်းကဘယ်လောက်ပဲ ခင်ခဲ့ပါစေ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းကွဲပြားလာကြပါတယ်။
ဒီသူငယ်ချင်းတွေရဲ့ အခက်အခဲတွေ အမြင်တွေနဲ့ ကိုယ့်ဘဝကိုယ် ဘယ်လိုရုန်းကန်ကြရပုံတွေကို ကြည့်ရှုခံစားရင်းကျောင်းတုန်းကသူငယ်ချင်းတွေကိုလည်း အမှတ်ရစေမယ့်ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့APPပါ။)
Kelab Rojak (2023)
⭐TMDB: 0.0% User Score
🎬 #Comedy #Drama
🗓️ 2023 🎞️ Movie
📺 #1080p #480p
💿 1.45 GB ⦿ 371.56 MB
🌎 #Malaysia
⏰ 1 နာရီ 31 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kelab Rojak (2023)
အိမ်နဲ့ကွိုင်ကွိုင်နေတဲ့ စီအမ်ပရိသတ်အပေါင်းသူတော်ကောင်းတို့အတွက်မိသားစုနဲ့အတူကြည့်ရှုသင့်တဲ့ Malay family dramaလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဆယ်ကျော်သက်ဘဝ သားသမီးတွေနဲ့ မိဘတွေကြားကgeneration gap ပြဿနာတွေဘာသာရေး ယဉ်ကျေးမှုကွာဟချက်၊ မိဘရဲ့မျှော်လင့်ချက်နဲ့ ကိုယ့်အိပ်မက်က ထပ်တူမကျတဲ့အခါ ဖြစ်လာတဲ့ပဋိပက္ခစတဲ့ မိသားစုတိုင်းမှာ ဖြစ်နေကြပြဿနာတွေကို တစေ့တစောင်း ရိုက်ကူးပြထားတဲ့ ရုပ်ရှင်လေးပါ။
အလီရှာဟာ တရုတ်-မလေးကပြားမလေးတစ်ယောက်၊ အတော်ကြီးအလုပ်ရှုပ်နေပြီးတော့မိသားစုကိုချစ်ပေမဲ့ ချစ်ကြောင်းထုတ်မပြတတ်တဲ့ အလုပ်ပဲသိတဲ့ ကိုတရုတ်ကြီးချန်ဝါနဲ့တီတီတာတာ ဘာမှမရှိအလုပ်ပဲသိတဲ့ ချန်ဝါကို အလစ်တဲလေးစိတ်ပျက်နေတဲ့နိုရာရဲ့ သမီးဖြစ်သူပေါ့။နှစ်ယောက်လုံးက ကိုယ်စီအလုပ်လုပ်နေကြတာဆိုတော့ ပြေလည်တဲ့မိသားစုဖြစ်ပေမဲ့သမီးဖြစ်သူအလီရှာအတွက်တော့ နွေးထွေးမှု အာရုံစိုက်ခံရမှုဆိုတာ မရှိသလောက်ပါပဲ။ဒီလိုနဲ့ ချန်ဝါတစ်ယောက် ကေအယ်လ်ကနေ လန်ကာဝီကို အလုပ်နဲ့ရွှေ့ပြောင်းရမဲ့အကြောင်းကိုနိုရာကိုရော အလီရှာကိုပါ ဘာမှမပြောဘဲ ရုတ်တရက်စီစဉ်လိုက်လေတော့ နိုရာလည်းအလုပ်ထွက်ပြီး ကမောက်ကမဖြစ်အလီရှာလည်း သူငယ်ချင်းနဲ့အတူ အကပြိုင်ပွဲဝင်ဖို့လုပ်ထားတာလည်း ပျက်သွားပါတော့တယ်။ပြိုင်ပွဲအကြောင်း အသိပေးဖို့လုပ်ပေမဲ့ လန်ကာဝီပြောင်းဖို့ကို ကြိုမပြောလို့ပြဿနာတက်နေတဲ့ အဖေနဲ့အမေကြောင့် အခွင့်အရေးမရဘဲ လန်ကာဝီကို ပါသွားပါတော့တယ်။
ကေအယ်လ်ကတော့ မြို့ကြီးပြကြီးဖြစ်တဲ့အပြင် လူတန်းစားစုံတဲ့နေရာဆိုတော့ ယဉ်ကျေးမှုမတူတာကိုသိသိသာသာ မခံစားရပေမဲ့ လန်ကာဝီကကျောင်းမှာ Hijabနဲ့ ကျောင်းတက်ရဖို့ ဖြစ်လာတဲ့အခါ၊ကေအယ်လ်မှာတော့ လွတ်လွတ်လပ်လပ်နေခွင့်ရတဲ့ အလီရှာတစ်ယောက် လန်ကာဝီကကျောင်းက စည်းကမ်းတွေဆရာမတွေရဲ့ ခိုင်းတဲ့အတိုင်းလုပ် ပြန်မပြောနဲ့ဆိုတဲ့ အမိန့်ဆန်တဲ့စည်းကမ်းတွေကို သူနာခံနိုင်မှာလား။ကျောင်းအသစ်မှာ အမှိုက်ကောက်ရင်း ရလာတဲ့ သူငယ်ချင်း ၃ ယောက်နဲ့ အတူ သူတို့ဘာတွေဆက်လုပ်ကြမလဲ။ယောက်ျားလေးပေမဲ့ ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်လို့ အလှောင်ခံနေရတဲ့မင်ကစ်၊စာတော်ပေမဲ့ စာဂျပိုးဖြစ်နေလို့ အနိုင်ကျင့်ခံရတဲ့ ဆာလယ်ဟာ၊ယောက်ျားဆန်ဆန်နေတတ်လို့ ယောက်ျားလျာ ဆိုပြီး လူတကာကလက်ညှိုးထိုးနေတဲ့ ပါဗီထရာတို့ရဲ့ ပြဿနာတွေကိုရောအလီရှာတစ်ယောက် ဖြေရှင်းပေးနိုင်မလားဆိုတာ ပိတ်ကားထက်မှာပဲ အတူကြည့်ရှုခံစားလိုက်ရအောင်ပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။
Autobiography (2022)
⭐IMDB: 7.4/10 (405 Votes)
🎬 #Drama #Mystery #Thriller #Crime
🗓️ 2022 🎞️ Movie
📺 #1080p #480p
💿 1.35 GB ⦿ 322.94 MB
🌎 #Indonesia #Poland #Germany #Singapore #France #Philippines #Qatar
⏰ 1 နာရီ 56 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Autobiography (2022)
အင်ဒိုနီးရှားမှာ Best Original Screenplay ဆုရခဲ့ပြီးကျန် ၇ဆုဆန်ကာတင် စာရင်းဝင်ခဲ့တဲ့ အင်ဒိုကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဒါ့အပြင်ကို ဗင်းနစ် ရုပ်ရှင်ပြပွဲမှာပါ ဆုတွေရခဲ့ပါသေးတယ်။
အင်ဒိုနီးရှားဟာ အနှပညာလောကမှာ အရှေ့တောင်အာရှကို ဖောက်ထွက်ဖို့ကြိုးနေတယ်ဆိုတာ ဒီရုပ်ရှင်မှာတွေ့နိုင်ပါတယ်။ဇာတ်လမ်း နာမည်လေးကလဲ မြန်မာလိုဆို “ကိုယ်တိုင်ရေး ရာဇဝင်” ပေါ့။ဇာတ်လမ်းဟာလဲ နာမည်နဲ့အတော်လိုက်တာကို တွေ့ရမှာပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်တပ်မှဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက် နိုင်ငံရေးလောကထဲဝင်ပြီးရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ဖို့ မီးမှန်မှန်ရဖို့ရေး ရေအားလျှပ်စစ်စက်ရုံတွေဆောက်မယ်ပေါ့။ဒါပေမဲ့ သူက လူတွေကိုကူညီချင်သလိုနဲ့ အာဏာသုံးပြီးလုပ်တတ်တဲ့ အာဏာရှင်ကြီးတစ်ယောက်ပါ။တနေ့ သူ့တပည့်တစ်ယောက်ရဲ့ သားကို သူ့အတွက်လက်တိုလက်တောင်းခိုင်းဖို့ ခေါ်လိုက်ပါတယ်။အစကတော့ အကြောင်းမသိသေးလို့ လေးစားအားကျနေခဲ့ရာမှ နောက်ကွယ်ကအဖြစ်မှန်တွေသိပြီးနောက်အဲဒီ အာဏာရှင်လူဆိုးကြီး လက်အောက်က ဘယ်လို လွှတ်အောင်ပြေးပြီးကိုယ့်ရာဇဝင်ကို ရေးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။
The Swan Princess: A Fairytale Is Born (2023)
⭐IMDB: 4.6/10 (52 Votes)
🎬 #Adventure #Animation #Comedy #Family #Fantasy #Musical
🗓️ 2023 🎞️ Movie
📺 #1080p #480p
💿 1.17 GB ⦿ 302.68 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Swan Princess : A Fairytale is born (2023)
ပေါ့ပေါ့ပါးပါးနဲ့ ဘေဘီလေးတွေ သဘောတွေ့စေမဲ့ ကာတွန်းကားအသစ်လေးတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ ယူဘတ်တာဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာလယ်သမားတစ်ယောက်နဲ့ လက်ထပ်ပြီး အေးချမ်းတဲ့ဘဝလေးမှာ နေထိုင်ခဲ့ပါတယ်။တစ်နေ့မှာတော့ သူနဲ့ ဦးရီးတော် နှစ်ဝမ်းကွဲလောက်တော်တဲ့ ဘုရင်ကြီးက သေဆုံးသွားတော့ သူ့ကို နန်းတင်ပေးခဲ့ပါတယ်။ရိုးရိုးသားသား လယ်သမားမိန်းမ ဘဝကနေ ချက်ချင်း လက်ငင်း ဘုရင်မ ဖြစ်သွားတော့ဘယ်လိုတွေအခက်ခဲတွေကြုံတွေရပြီး လင်မယားနှစ်ယောက်ပေါင်းပြီး ပြဿနာတွေရှင်းကြမလဲဆိုတာ ကြည့်ရှုအားပေးကြပါဦး။
အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။
Jethica (2022)
⭐IMDB: 5.3/10 (194 Votes)
🎬 #Comedy #Drama #Horror #Mystery #Fantasy #Thriller
🗓️ 2022 🎞️ Movie
📺 #1080p #480p
💿 1.41 GB ⦿ 268.63 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 12 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လောကမှာဘယ်အရာမှ အစွန်းရောက်တာမကောင်းပါဘူး..ဥပမာပေးရရင်တော့ လူတစ်ယောက်ကို အဆုံးစွန်ထိချစ်မိသွားတာမျိုးပေါ့..အရပ်စကားနဲ့ဆိုရင်တော့ အချစ်ကြောင့်စုံလုံးကန်းသွားတာပေါ့..လူတစ်ယောက်တည်းကိုပဲ အချိန်တိုင်း SMS တွေပို့..ဖုန်းတွေခေါ်..သူနဲ့ပတ်သတ်သမျှအကုန်လုံးဟာ ကိုနဲ့ပဲသက်ဆိုင်ရမယ်လို့တွေးမိနေရင်တော့ ချစ်တာမဟုတ်ဘဲ နှစ်တာဖြစ်သွားပါလိမ့်မယ်..တဖက်ကိုလည်းသ-တ်သလိုဖြစ်သလိုဖြစ်ရင်းကိုပါထိခိုက်ရပါတယ်..ဒီလိုမျိုးဖြစ်ရပ်တွေဟာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ တွေ့နေမြင်နေရတဲ့ဖြစ်ရပ်တွေပါပဲ
ဒီကားလေးမှာတော့ ဒီဖြစ်ရပ်တွေကိုပုံဖော်ရိုက်ကူးထားတာဘဲဖြစ်ပါတယ်..ဂျက်ဆီကာလို့ခေါ်တဲ့ ကိုမချစ်တဲ့သူတစ်ဦးရဲ့ အတင်းတွယ်ကပ်နေတာကို ခံနေရတဲ့ ကောင်မလေးတစ်ယောက်နဲ့ အယ်လီနာတဖြစ်လဲ LaLaLand ထဲကမင်းသမီးချောလေးCallie Hernandez တို့ငယ်သူငယ်ချင်းနှစ်ယောက်တို့ရဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးကိုပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်
သူငယ်ချင်းနှစ်ဦး ကြုံတွေ့ရတဲ့အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ကျမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါဦး..အဆုံးသတ်မှာ တွေးစရာလေးတွေကောသင်ခန်းယူစရာလေးကောရသွားမယ့် ကားကောင်းလေးတစ်ကားဖြစ်ကြောင်းညွှန်းလိုက်ပါရစေခင်ဗျာ
La La Land (2016)
⭐IMDB: 8.0/10 (615 k Votes)
🎬 #Drama #Musical #Romance #Comedy #Music
🗓️ 2016 🎞️ Movie
📺 #720p #1080p #4K
💿 793.87 MB ⦿ 1.97 GB ⦿ 9.17 GB
🌎 #UnitedStates #HongKong #UnitedStatesofAmerica
⏰ 2 နာရီ 7 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(သီချင်းလေးတွေပါ ဘာသာပြန်ပြီး ပြန်လည်တင်ဆက်လိုက်ပါတယ်..BluRay 4K Quality ထိ ခံစားကြည့်ရှုနိုင်ပါတယ်။)
IMDb – (8/10) / Rotten Tomatoes (91%)
၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိ The Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။
ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို စိန်ခေါ်နိုင်ခဲ့သည့်“La La Land” ရုပ်ရှင်ဖန်တီးရှင်အသက် (၃၁) နှစ်ရှိဒါရိုက်တာ ဒါမီယန်ချာဇက်လီကအကောင်းဆုံးဇာတ် ညွှန်းဆုနှင့် အကောင်းဆုံးဒါရိုက်တာဆုများကို ရရှိခဲ့သည်။ထို့ပြင်ယင်းရုပ်ရှင်မှ မင်းသားရိုင်ယန်ဂိုးစလင်း နှင့် မင်းသမီး အမ်မာစတုန်းတို့ကအကောင်းဆုံး သရုပ်ဆောင် ဆုများကို အသီးသီးရရှိခဲ့သည်။
ကခုန်ခြင်းနှင့် သီချင်းသီဆိုခြင်းကို ဝါသနာပါသည့် လူငယ်နှစ်ဦးက၎င်းတို့ဖြတ်သန်းရာ ဘဝခရီးလမ်းတွင် မည်မျှကြမ်းတမ်းသောအခက်အခဲများပင် ရှိလင့်ကစား အောင်မြင်မှုများကို ရယူနိုင်ကြောင်း ရိုက်ကူးပြသခဲ့သည့်ရုပ်ရှင်က ယခင်က ဆုခြောက်ခုရရှိခဲ့ဖူးသောOne Flew Over the Cuckoo’s Nest and Midnight Express ရုပ်ရှင်ကိုကျော်တက်ကာ ဆုရရှိမှုစံချိန်တင်ခဲ့ခြင်း ဖြစ်သည်။
နာမည်ကျော်ဘရော့ဒ်ဝေး လမ်းမထက်က ဖျော်ဖြေပွဲများကိုအခြေခံထားခြင်းမရှိသည့် ယင်းရုပ်ရှင်ပြသသည်နှင့် တစ်ပြိုင်နက်စတူဒီယိုများတွင် ပြသခွင့်ရရှိခဲ့သည့် ရုပ်ရှင်လည်းဖြစ်သည်။ အနုပညာစိတ်ကူးဉာဏ်ရင့်သန်မှုတို့ဖြင့် ဒါရိုက်တာ ချာဇက်လီသည် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Lionsgate နှင့်တွဲဖက်ကာ အခွင့် အရေးကိုပိုင်နိုင်စွာအသုံးချပြီး အနုပညာအလောင်းအစားပြုလုပ်ခဲ့ရာမှအောင်မြင်မှုရရှိခဲ့ခြင်းလည်း ဖြစ်သည်။
အမျိုးသား သရုပ်ဆောင်ဆု တွမ်ဟီဒယ်စတန်ဆန်ခါတင် စာရင်းထဲတွင်ပါရှိခဲ့သည့် ဆုအားလုံးကို ရရှိခဲ့သည်သာမကအကောင်းဆုံး မူရင်းတေးသွားဆု နှင့် ဇာတ်ဝင်တေးသီချင်းတို့ကိုပါ ရရှိခဲ့သည်။ ယင်းရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု (တေး သံစုံ၊ ဇာတ်မြူး) ရရှိခဲ့သူအမ်မာစတုန်းကဆုလက်ခံရယူ ပြီးနောက် ”ဒါဟာ စိတ်ကူးယဉ်သမားတွေအတွက် ရုပ်ရှင်တစ်ခုပါပဲ။ ပြီးတော့ မျှော်လင့်ချက်နဲ့ဖန်တီးနိုင်မှုဟာ ကမ္ဘာပေါ်က အရေးအကြီးဆုံး အရာနှစ် ခုဖြစ်တယ် လို့ကျွန်မထင်ပါတယ်။ အဲဒါဟာ ဒီရုပ်ရှင်ရဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ရွှေကမ္ဘာလုံးဆုပေးပွဲသည် ဟောလိဝုဒ်ရုပ်ရှင်များအတွက် ဆုပေးပွဲရာသီပွဲဦးထွက်ကျင်းပသည့်ပွဲဖြစ်သည်။ ဆုများစွာကို စံချိန်တင်သိမ်းပိုက်ရရှိခဲ့သည့် “La La Land” ရုပ်ရှင်ကအော်စကာဆုအတွက် ဆုလျာထား စာရင်းတွင်ပါဝင်နိုင်ရန် သေချာသွားခဲ့သည်။အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ရိုင်ယန်ဂိုးစလင်းCecil B. DeMille ဘဝတစ်သက်တာ အောင်မြင်မှု ဆုကိုရရှိခဲ့သူမယ်ရီယယ်စတွိက ပြီးခဲ့သောနှစ်တွင် မဲဆွယ်ပွဲတစ်ခု၌ မသန်စွမ်းသတင်းထောက်တစ်ဦးပုံစံကို သရုပ်ဆောင်ပြီး ဒေါ်နယ်ထရန့်က သရော်ခဲ့သည့် အတွက်စိတ်မကောင်းဖြစ်ခဲ့ရသည်ဟုဆိုကာ ဆုပေးပွဲတွင် အမေရိကန်သမ္မတဖြစ်လာမည့်သူကိုစကားဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့သည်။
အသက်(၆၇) နှစ်အရွယ်စတွိက”ပြီးခဲ့တဲ့နှစ်က ကျွန်မကို စိတ်မကောင်းဖြစ်စေ တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ ကျွန်မနှလုံးသားထဲအထိ နာကျင်ရပါတယ်။ အရမ်းကိုကောင်းလွန်းလို့တော့ မဟုတ်ပါဘူး။ မသန်စွမ်းသတင်းထောက် တစ်ယောက်ပုံစံတူပြုပြီးတော့ ကျွန်မတို့နိုင်ငံရဲ့အလေးစားခံရဆုံး ထိုင်ခုံမှာ ထိုင်မယ့်သူက လုပ်ခဲ့တဲ့ဖြစ်ရပ်ပါ၊အာဏာရှိတဲ့သူတွေက သူတို့ရဲ့ ရပ်တည်ရာနေရာကိုအသုံးချပြီးတခြားသူတွေကို အနိုင်ကျင့်မယ်ဆိုရင် ကျွန်မတို့အားလုံးဆုံးရှုံးတာပါပဲ။ ပြီးတော့ဟောလိဝုဒ်ဆို တာ ပြင်ပကလူတွေနဲ့ နိုင်ငံခြားသားတွေဝင်ထွက်သွားနေတဲ့နေရာပါ။ ရှင်တို့သာ သူတို့ကို နှင်ထုတ်ပစ်မယ်ဆိုရင်အနုပညာမဟုတ်တဲ့ ဘောလုံးပွဲနဲ့ သိုင်းပညာကလွဲလို့ ကြည့်စရာရှိတော့မှာ မဟုတ်ပါဘူး” ဟု ဝေ ဖန်ပြောကြားခဲ့သည်။
မင်းသမီးကြီ
Kaithi (2019)
⭐IMDB: 8.4/10 (36 k Votes)
🎬 #Action #Bollywood #Thriller #Adventure #Crime
🗓️ 2019 🎞️ Movie
📺 #720p #4K
💿 951.13 MB ⦿ 5.13 GB
🌎 #India
⏰ 2 နာရီ 24 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb ratings : 8.5/10
Genre : Action, Thriller
Budget ₹35 crore
Box Office ₹106 crore
ဒီကားဟာ. . . သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ တမီးလ်မင်းသား ကာရ်သီ(Karthi)ရဲ့ Positive Reviews တွေကို ရရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။
ရုံတင်စကတည်းက တာထွက်လှခဲ့တဲ့ကားဖြစ်ပြီး Diwali နေ့မှာ Release လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့….
ညတစ်ညမှာ. . . မူးယစ်ဆေးတွေ ၊ လက်နက်ခဲယမ်းတွေကို မှောင်ခိုတင်ဆောင်လာတဲ့ ဗင်ကားတစ်စီးကို
အင်စပက်တာဘီဂျွိုင်းနဲ့အဖွဲ့က ဖမ်းဆီးပြီး ပစ္စည်းတွေ သိမ်းဆည်းရာကနေ ဇာတ်လမ်းကို စဖွင့်ထားပြီး
ဒီနောက်တော့. . . ရဲအရာရှိတစ်ယောက်ရဲ့ အိမ်မှာ အဲ့ဒီနယ်မှာရှိတဲ့ အရာရှိ အရာခံတွေ အားလုံးနီးပါး သောက်ကြစားကြ ပျော်ပါးကြပါတယ်။
သိပ်မကြာခင်မှာ ဘီဂျွိုင်းကလွဲပြီး ၊ အရာရှိအားလုံး အရက်ကတဆင့် မူးယစ်ဆေးမိပြီး မှောက်ကုန်ကြတယ်။
ဒီအချိန်မှာ ဘီဂျွိုင်းနားလည်လိုက်တယ်။
ဒါဟာ မှောင်ခိုပစ္စည်းပိုင်ရှင်တွေ အကွက်ချစီမံထားတာပဲ။
ဒီအချိန်မှာ အရာရှိအားလုံးကို တစ်ခြားနေရာကို ချက်ချင်းပို့ဖို့ အကြောင်းဖန်လာတာကြောင့်. . .
ညနေခင်းကမှ သူ့အရာရှိတစ်ချို့ ဖမ်းဆီးလာတဲ့ ဂျစ်ကားပေါ်က ဒီလီဆိုသူကို ကုန်တင်ကားကြီးနဲ့ အရာရှိအားလုံးကို တင်ပို့ဖို့ စီစဉ်ပါတယ်။
ဒီလီ. . . ဒီလီဆိုတာက ထောင်ဆယ်နှစ်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ လူပါ။
မွေးကတည်းက ဆယ်နှစ်ကြာတဲ့အထိ မမြင်ဖူးခဲ့တဲ့ သမီးလေးရှိရာ မိဘမဲ့ကျောင်းမှာရှိတဲ့ သမီးငယ်ကို သူ သွားတွေ့မှာ။
ဒီလိုအချိန်မှာ. . . အင်စပက်တာ ခိုင်းစေတဲ့အလုပ်ကို သူလုပ်နိုင်ပါ့မလား. . .
သူ့သမီးလေးနဲ့ တွေ့ခွင့်ရပါ့မလား. . .
ဒီကားက အကတွေ ၊ သီချင်းတွေ လုံးဝမပါသလို မင်းသမီးလည်း မပါတဲ့ Non-Stop Thrilling ရသကို ပေးစွမ်းနိုင်တဲ့ ကားပါ။
တောင်ပိုင်းကား ပရိတ်သတ်တွေအပြင် တစ်ခြား အက်ရှင်ကားပရိတ်သတ်တွေပါ အားပေးနိုင်ပါတယ်။
(Over-Action မဆိုသလောက်သာ ပါပါတယ်)
(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Nyi Koe & Myint Thu တို့ဖြစ်ပါတယ်။)
ဒီဇာတ်ကားထဲကဇာတ်ကောင်တွေဟာ Vikram (2022) မှာ ပြန်လည်ပါဝင်လာပါတယ်..Vikram(2022) ကို ဒီမှာhttps://channelmyanmar.org/vikram-2022/ကြည့်ပါ။
Mechanic: Resurrection (2016)
⭐IMDB: 5.7/10 (88 k Votes)
🎬 #Action #Crime #Thriller #Adventure
🗓️ 2016 🎞️ Movie
📺 #1080p #4K
💿 1.15 GB ⦿ 1.57 GB ⦿ 4.00 GB
🌎 #UnitedStates #France #Bulgaria #Germany #UnitedStatesofAmerica #Thailand
⏰ 1 နာရီ 38 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူသတ်သမားတစ်ယောက်ဟာ လူသတ်ပြီးသွားရင် သူသတ်မှန်းမသိရအောင် ခြေရာလက်ရာဖျောက်နိုင်မှ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီထက် တစ်ဆင့်တက်ကြည့်ကြမလား။ ဘယ်သူဘယ်ဝါ သတ်သွားတယ်ဆိုတာကို အသာထားလိုက်။ လူသတ်ခံလိုက်ရတာပါ ဆိုတာကိုတောင် မသိအောင်လုပ်နိုင်တဲ့ လုပ်ကြံရေးသမားတစ်ယောက်ရှိပါတယ်။ သူ့လက်ချက်နဲ့ လူ့လောကကို တာ့တာပြသွားရတဲ့သူတွေဟာ အများအမြင်မှာတော့ မတော်တဆဖြစ်ပြီး သေရတာပါတဲ့။ ဝမ်းနည်းစရာ မတော်တဆမှုလေးတွေပေါ့။
ဒီလောက်ဆိုရင်တော့ လူကြီးမင်းတို့ တွေးမိလောက်ပါပြီ။ ဟုတ်ပါတယ်။ ဘစ်ရှော့ပ် ဆိုတဲ့ Mechanic စက်ပြင်သမားတဖြစ်လဲ လုပ်ကြံရေးသမားကြီးပေါ့။ တည်ငြိမ်တယ်။ သွေးအေးတယ်။ တိကျတယ်။ ပြီးတော့ ရက်စက်တယ်။
အခုကတော့ ပထမကား The Mechanic (2011) ရဲ့ အဆက် sequel ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကောင်တစ်ယောက်ပေါ့။ သူနဲ့အတူ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေး Jessica Alba ကလည်း အားဖြည့်ပါဝင်ပါတယ်။ Fantastic Four ဇာတ်ကားတွေထဲက ကိုယ်ပျောက်လူသားမလေးအဖြစ်ရယ်၊ The sleeping Dictionary ထဲက ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကို လှစ်ဟပြခဲ့တဲ့ မင်းသမီးလေးဆိုရင်ဖြင့် မှတ်မိကြပါလိမ့်မယ်။ Michelle Yeoh လည်း ပါသေးတယ်နော်။
ဇာတ်လမ်းအကျဉ်းကတော့ လုပ်ကြံရေးသမားဘဝကနေ အနားယူပြီး ဘရာဇီးမှာ ဇာတ်မြှုပ်နေတဲ့ ဘစ်ရှော့ပ် ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကနေ သူ့ဘဝကို ဖော်ကောင်လုပ်သွားတာကနေ စတင်ပါတယ်။
သူ့အကြောင်းကိုသိတဲ့ သူ့ရန်သူက အရည်အချင်းရှိတဲ့ ဘစ်ရှော့ပ် ကို အသုံးချပြီး ရန်သူတွေကို ရှင်းပစ်ချင်တာပါ။ သူတို့နှစ်ယောက်ကလည်း ကျောင်းတော်ကရန်စနဲ့ ကမ္ဘာမကြေ ရန်သူတော်နှစ်ပါးပေါ့။ ငယ်ငယ်က ရန်စကိုလည်း လက်စားချေရင်း၊ သူ့လုပ်ငန်းအတွက်လည်း အသုံးလည်းချရင်း တစ်ချက်ခုတ်ပြီး နှစ်ချက်ပြတ်ချင်တဲ့ ခရိန်း ရယ်၊ ကြားထဲက ဘာမဆိုင် ညာမဆိုင် ညပ်ပါလာတဲ့ မိန်းမလှလေး ဂျီနာ ရယ်၊ လုပ်ကြံရေးသမားဟောင်းကြီး ဘစ်ရှော့ပ် ရယ်တို့ ဉာဏ်ကိုလွှာသုံးပြီး တစ်ယောက်နဲ့တစ်ယောက် အနိုင်ကြဲကြပုံတွေ ရှုစားရဖို့ရှိကြောင်းပါခင်ဗျာ။
Gully Boy (2019)
⭐IMDB: 7.9/10 (41 k Votes)
🎬 #Bollywood #Drama #Music #Romance
🗓️ 2019 🎞️ Movie
📺 #1080p #4K
💿 2.33 GB ⦿ 6.06 GB
🌎 #India
⏰ 2 နာရီ 34 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Gully Boy(2019)
IMDb…8.4 / Rotten Tomatoes (96%)
မင်းသားရမ်ဘီဆင်း…မင်းသမီးအာလီယားဘတ်တို့နဲ့ ဒီဇာတ်ကားက ၂၀၁၉ ခုနှစ်ရဲ့ အောင်မြင်မှုတလှေကြီးရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။
ဇာတ်လမ်းကတော့…
အသက် ၂၂ နှစ်အရွယ်မူရတ်ဆိုတဲ့ Rap ဂီတကိုရူးသွပ်တဲ့ မွတ်ဆလင် ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ…. သူ့အဖေဖြစ်သူက ဒါရိုက်ဘာလုပ်ပြီးသူ့ရဲ့ပညာရေးအတွက် ပင်ပန်းဆင်းရဲခံပြီး ငွေကြေးပမာဏအမြောက်အမြားကို ရင်းနှီးမြှုပ်နှံ ပံ့ပိုးပေးခဲ့ပါတယ်…..ဒါပေမဲ့ သူ့အဖေဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ သူတို့အိမ်မှာ နေ့စဉ်ငရဲလို ဖြစ်နေပါတော့တယ်…..
မူရတ်ဟာ rap ဂီတကို ရူးသွပ်သူပါ ဒီလိုနဲ့ သူ့ရင်ဘတ်ထဲက မုန်တိုင်းတွေကို သီချင်းတွေအဖြစ် ပေါက်ကွဲပစ်လိုက်ပါတော့တယ်…သူတို့ လမ်းထဲမှာ နေထိုင်ကြတဲ့ ဆင်းရဲသားတွေရဲ့ ခံစားချက်တွေကိုသူကိုယ်တိုင်ရေးဖွဲ့ထားတဲ့ rap သီချင်းတစ်ပုဒ်ကို YouTube မှာ တင်လိုက်ရာက သူ့အတွက် ဂီတခရီးလမ်းမှာဆက်လက်လျှောက်လမ်းဖို့ရာ အခွင့်အလမ်းတစ်ခု ပေါ်လာခဲ့ပါတယ်….
တစ်ဖက်မှာလည်း သူ့မှာ သဝန်တိုတတ်တဲ့ချစ်သူ တစ်ယောက် ရှိပါတယ် သူကတော့ သူတို့ ၁၃ နှစ်အရွယ်ကတည်းကနေ သစ္စာရှိရှိတွဲလာတဲ့ သူဌေးသမီးဆရာဝန်မလေးပါ …သူ ဂီတအလုပ်တွေ လုပ်တဲ့အချိန်မှာ အဆင်ပြေပါ့မလား သူတို့ ၂ ဦး အချစ်ဇာတ်လမ်းကရောဘယ်လို ဖြစ်သွားမှာလဲ ဇာတ်နာခဲ့တဲ့ မူရတ်တစ်ယောက် အမြဲငိုနေရတဲ့ သူ့အမေဖြစ်သူကိုရော ဆင်းရဲတွင်းကကယ်တင်နိုင်ရဲ့လားဆိုတာ ဆက်လက်ကြည့်ရှုကြပါ
rap သီချင်းမြောက်မြားစွာနဲ့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်ရိုက်ကူးထားတဲ့ ဂီတကားကောင်းတစ်ခုပါ IMDB rating 8.4 ထိ ရထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမို့လက်မလွတ်တန်း ကြည့်ရှုကြဖို့ ညွှန်းပေးချင်ပါတယ်…..
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin နှင့် Aye Mon Kyaw တို့ပဲဖြစ်ပါတယ်…
Bajirao Mastani (2015)
⭐IMDB: 7.2/10 (37 k Votes)
🎬 #Action #Bollywood #Drama #History #Romance #War
🗓️ 2015 🎞️ Movie
📺 #1080p #4K
💿 3.17 GB ⦿ 4.68 GB
🌎 #India
⏰ 2 နာရီ 38 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒါရိုက်တာ ဆန်ဂျေးဘန်ဆာလီရဲ့ History နောက်ခံ အချစ် War ဇာတ်ကားဖြစ်ပါတယ်…
နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား ရန်ဗီးဆင်း… မင်းသမီး ဒီပီကားနဲ့ ပရီရန်ကားတို့ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းဆိုတော့ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။
ဇာတ်လမ်းကတော့…
စစ်သူရဲကောင်း ဘာဂျီရောဝ် ဟာ
စစ်ပရိယာယ် ကြွယ်ဝလှပြီး တိုင်းပြည်ရဲ့
အားထားရာ / ပြည်သူ့အချစ်တော်တစ်ဦး
ဖြစ်ပါတယ်။ သူ့မှာ ကာရှီးဆိုတဲ့ ဇနီးချောလေးရှိပြီး သားတစ်ယောက်လည်း
ပိုင်ဆိုင်ထားသူပါ။
တစ်နေ့မှာတော့ သူရဲ့ စစ်မြေပြင်ကို
မဟာမိတ်တိုင်းပြည်မှ မင်းသမီးလေး
မာစတီးနီ လာရောက်ပြီး စစ်ကူတိုက်ခိုက်ပေးပါဖို့ အကူညီတောင်းခံလာခဲ့ပြီး ဘာဂျီရောဝ်ရဲ့ စစ်ရေးကျွမ်းကျင်မှုကြောင့်
မင်းသမီး မာစတီးနီ တို့ဘက်မှ အနိုင်ရှိခဲ့ပါတယ်။
ဒီ့နောက်မှာတော့ ဘာဂျီရောဝ်ဟာ မင်းသမီးလေးကို
ချစ်မြတ်နိုးလာခဲ့ပြီး သူမပြန်ခင်အချိန်မှာ
သူ့ဓားမြှောင်လေးကို ပေးခဲ့ပါတယ်။
မင်းသမီး မာစတီးနီတို့တိုင်းပြည်မှာတော့
ဓားမြှောင်ပေးအပ်ခြင်းဟာ လက်ထပ်ခွင့်
တောင်းခြင်းလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ဘာဂျီရောဝ် ကို ချစ်မိခဲ့သူ မာစတီးနီဟာလည်း ဓားမြှောင်လေးကို
တယုတယသိမ်းဆည်းထားခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ အချစ်ရဲ့စွန့်စားခန်း
အနေဖြင့် မင်းသမီး မာစတီးနီဟာ ဘာဂျီရောဝ်ကို တွေ့ဆုံဖို့ ကြိုးစားပါတော့တယ်…သူတို့နှစ်ဦးကြားက အဓိက ကွာခြားချက်က ဘာသာတရားဖြစ်ပြီး ဘာသာတရားကြီးစိုးတဲ့ခေတ်မှာ သူတို့ရဲ့အချစ်ရေးဘယ်လိုရှေ့ဆက်မယ်ဆိုတာ…။
အိန္ဒိယသမိုင်းကို
အခြေပြုရိုက်ကူးထားတဲ့ရုပ်ရှင်ကားဖြစ်ပြီး ဆုပေါင်း ၁၄ ခု
ရရှိသည်အထိ အောင်မြင်ထားပါတယ်။ မိန်းမသားတို့ရဲ့
ခံစားချက်/ အချစ်ရဲ့ခံယူချက်တွေကို ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့သလို ဇာတ်ဝင်ခန်း စကားပြောတွေက ထိရှစေတဲ့အပြင် အကအလှရသ
စုံလင်လှတာမို့ လက်လွတ်မခံသင့်တဲ့ Bollywood ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။
Struck by Lightning (2012)
⭐IMDB: 6.2/10 (15 k Votes)
🎬 #Comedy #Drama
🗓️ 2012 🎞️ Movie
📺 #1080p #720p #480p
💿 1.51 GB ⦿ 714.73 MB ⦿ 364.97 MB
🌎 #UnitedStates #Mexico #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်ကို ၂၀၁၂မှာ ဒါရိုက်တာ Brian Dannelly ကရိုက်ကူးထုတ်ဝေခဲ့ပါတယ်။ အထက်တန်းကျောင်းသား အပယ်ခံ ကာဆန်ဖီးလစ်အကြောင်း ရိုက်ကူးထားတဲ့ ကွန်မန်ဒီရုပ်ရှင်အမျိုးအစားပါ။ မြီးကောင်ပေါက်အရွယ်လေးတွေရဲ့ စိတ်အားထက်သန်မှုတွေ၊ ကိုယ့်အိပ်မက်နောက်လိုက်တာတွေကို ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း- ကာဆန်ဖီးလစ်ဟာ ဉာဏ်ကောင်းပြီး ထေ့ငေါ့ပြောတတ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပါ။
သူ့ရည်မှန်းချက်ကတော့ သတင်းစာဆရာတစ်ယောက်ဖြစ်လာချင်တာပါ။ ဘာအခွင့်အရေးမှမရှိတဲ့ သူ့မြို့ငယ်လေးကြောင့် ကာဆန်ဖီးလစ်ဟာ သူ့သူငယ်ချင်းတွေကို အကြပ်ကိုင်ပြီး သူ့မဂ္ဂဇင်းကို ကူညီရေးခိုင်းဖို့ ကြံစည်ပါတော့တယ်။ ဆက်ကျော်သက်ဘဝရဲ့စိန်ခေါ်မှုတွေ၊ အိမ်ထောင်ကွဲနေတဲ့ သူ့အမေနဲ့ဆက်ဆံရေးသိပ်အဆင်မပြေတာတွေကြောင့် ကာဆန်ရဲ့ဘဝခရီးဟာ မမျှော်လင့်ထားတဲ့အရာတွေဖြစ်လာပါတော့တယ်။
The Extortion (2023)
⭐IMDB: 6.6/10 (1 k Votes)
🎬 #Crime #Thriller
🗓️ 2023 🎞️ Movie
📺 #1080p #720p #480p
💿 1.85 GB ⦿ 803.72 MB ⦿ 382.87 MB
🌎 #Argentina #Uruguay
⏰ 1 နာရီ 46 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတင်ဆက်ပေးမဲ့ The Extortion ဆိုတဲ့ဇာတ်ကားကတော့ ဒီနှစ် (၂၀၂၃) အတွင်းမှာမှ ထွက်ရှိထားတာဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေ၊ မှုခင်းမှုရာနဲ့ပတ်သက်တာတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ကတော့ အကြိုက်တွေ့စေမဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုရဲ့ လေယာဉ်မှူးဖြစ်သူ အလီဟန်ဒရိုဟာ အကြောင်းတစ်ခုကြောင့် သူတို့အမျိုးသားထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ ခြိမ်းခြောက်ခြင်းကိုခံရပြီး ဘာမှန်းမသိတဲ့ခရီးဆောင်အိတ်တွေကို စပိန်နိုင်ငံဆီ ပို့ဆောင်ပေးရပါတော့တယ်။ တစ်ဖက်မှာလည်း ဒီလိုမူမမှန်မှုတွေကို သတိထားမိနေတဲ့ လေဆိပ်တာဝန်ရှိရဲဌာနနဲ့ အလီဟန်ဒရိုတို့ ထိပ်တိုက်တွေ့တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ဘယ်သူလူကောင်း ဘယ်သူလူဆိုးလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားမှာက မင်းသား၊ မင်းသမီးငယ်ငယ်ချောချော visual လေးတွေမပါဘဲ အဘိုးကြီး၊ အဘွားကြီးတွေနဲ့ချည်းပဲ ဇာတ်ကားတစ်ကားဖန်တီးထားတာဖြစ်ပေမဲ့ ဒီအဘိုးကြီး၊ အဘွားကြီးတွေပဲ ဇာတ်ရှိန်အမြင့်ဆုံးထိ ဆွဲခေါ်သွားပြီး IMDB rating 6.7 အထိ ရယူပိုင်ဆိုင်ထားတာမို့ တော်တော်လေး impressive ဖြစ်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ ဆိုရပါမယ်။
Mystery ဆိုပေမဲ့ အရမ်း dark တဲ့ movie မျိုးမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးပဲရိုက်ထားတာမို့ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ အနားယူအပန်းဖြေရင်း ဇာတ်ကားကြည့်ချင်တဲ့သူတွေအတွက် အထူးသင့်လျော်ပါတယ်ခင်ဗျာ။
Knife Fight (2012)
⭐IMDB: 5.2/10 (2 k Votes)
🎬 #Drama
🗓️ 2012 🎞️ Movie
📺 #1080p #720p #480p
💿 1.61 GB ⦿ 780.55 MB ⦿ 454.16 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Honesty is the best policyဆိုတဲ့စကားဟာ နေရာတိုင်းမှာမမှန်ပါဘူး။ အထူးသဖြင့် နိုင်ငံရေးဉာဏ်ကစားပွဲတွေမှာပေါ့။ ဆိတ်ကနေဆင်ဖြစ်အောင် မကောင်းသတင်း အပုပ်မှန်သမျှ ချဲ့ကားလုပ်ကြံပြောဆိုတတ်တဲ့ နိုင်ငံရေးလောကကိုရောက်ပြီဆိုရင်တော့ လှပတဲ့အဖြူရောင်မုသားကို လူတိုင်းလိုအပ်ကြမှာပါပဲ။ Paul turnerဆိုတာ အပေါ်ယံကြည့်ရင်တော့ သမ္မတလက်ထောက်ဟောင်းတစ်ယောက်၊ ဒါပေမဲ့ တကယ်တော့ သူဟာ ဒုက္ခရောက်နေတဲ့ နိုင်ငံရေးပါးမဝသူတွေအတွက် ပြဿနာကိုဖြေရှင်းပေးရတဲ့ နိုင်ငံရေးအကြံပေးတစ်ယောက်ပေါ့။
ဒီရုပ်ရှင်လေးထဲမှာတော့ နိုင်ငံရေးလောကရဲ့ လိမ်ဆင်အမျိုးမျိုး အပုပ်ချ နောက်ကြောင်းဖော် ပုံကြီးချဲ့ ချောက်တွန်းမှုအမျိုးမျိုးကို မီးမောင်းထိုးပြထားပါတယ်။ ယောက်ျားတိုင်းရဲ့ အားနည်းချက်လိုဖြစ်နေတဲ့ မိန်းမကိစ္စ ၊ ရိုးသားကြိုးစားဖြောင့်မတ်ပေမဲ့ ဓနရှင်တွေနဲ့ယှဉ်ပြိုင်ရတဲ့အခါ ကြုံရတဲ့အခက်အခဲတွေ ဓနရှင်တွေရဲ့ လက်ကိုင်တုတ်လိုဖြစ်နေတဲ့ မီဒီယာတွေရဲ့သက်ရောက်မှုနဲ့ လူတစ်ယောက်ရဲ့ဘဝကို အောက်ဆုံးထိဆွဲချနိုင်တဲ့ ကောလာဟလတစ်ခုရဲ့ ကြောက်စရာကောင်းပုံတွေကို ကွင်းကွင်းကွက်ကွက် သရုပ်ဖော်ထားပါတယ်။ လူရယ်လို့ဖြစ်လာရင်တော့ ဘယ်သူမှအမှားနဲ့မကင်းပါဘူး။ လူတစ်ယောက်မှာ အားသာချက်များရင်များသလို ဒါကိုပြန်လည်ခြေပနိုင်တဲ့ပမာဏရှိတဲ့ အားနည်းချက်ကိုယ်စီ ရှိကြတာပါပဲ။
နိုင်ငံရေးလောကကိုဝင်မယ်ဆိုရင်တော့ ဓားတိုက်ပွဲမှာ သေနတ်ယူသွားဖို့အထိ ကြိုတင်ပြင်ဆင်ထားဖို့နဲ့ သွားပုပ်လေလွင့် အပုပ်ချပြောတာတွေ ချောက်တွန်းတာတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရမယ်ဆိုတဲ့အကြောင်း၊ ငွေသာလျှင်အရာရာဖြစ်နေတဲ့လောကကြီးမှာ ဥစ္စာနဲ့အတူ အာဏာကိုပါရယူလိုတဲ့ ဓနရှင်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ပုံတွေကို ရှုစားရမှာဖြစ်ပါတယ်။ ဒီကားလေးမှာတော့ ဇာတ်လိုက်ကျော်ကြီး Paul Turnerတစ်ယောက် သူ့ရဲ့လက်ထောက်မလေး Kerstinနဲ့အတူ နိုင်ငံရေးဉာဏ်ကစားပွဲမှာ လူကောင်းတွေအနိုင်ရဖို့ မတူညီတဲ့ ကိုယ်စားလှယ်လောင်း 3 ယောက်အတွက် ဘယ်လိုတွေ ဗျူဟာဆွဲသွားမလဲဆိုတာ အားလုံးအတူကြည့်ရှုရအောင်ပါ။
The New World (2005)
⭐IMDB: 6.7/10 (88 k Votes)
🎬 #Biography #Drama #History #Romance
🗓️ 2005 🎞️ Movie
📺 #1080p #720p #480p
💿 4.00 GB ⦿ 1.80 GB ⦿ 994.13 MB
🌎 #UnitedStates #UnitedKingdom
⏰ 2 နာရီ 53 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The New World (2005)
Pocahontas နဲ့ Captain John Smith တို့ရဲ့ ဇာတ်လမ်းလေး တင်ဆက်ပေးပါရစေ။
အင်္ဂလိပ်ကိုလိုနီအဖွဲ့တွေဟာ နယ်ချဲ့ရင်းနဲ့ အမေရိကတိုက်ကိုရောက်ရှိလာပါတယ်။ အမေရိကတိုက်ရဲ့ ယခုဗာဂျီးနီးယားလို့ခေါ်ဆိုတဲ့နေရာမှာ အမေရိကန်လူမျိုးစစ်စစ်တွေဖြစ်တဲ့ အင်ဒီးယန်းလူမျိုးစုတွေ နေထိုင်ပါတယ်။
အင်ဒီးယန်းတွေနဲ့ အင်္ဂလိပ်နယ်ချဲ့တွေအကြား ပဋိပက္ခဖြစ်ပွားရာမှာ Captain Smith အသတ်ခံရမယ့်အရေးကို အင်ဒီးယန်းလူမျိုးစုမင်းသမီး Pocahontasက ကယ်ဆယ်လိုက်ပါတယ်။ မင်းသမီး Pocahontasဟာ ဖခင်ရဲ့ အရေးအပေးခံရဆုံး သမီးတော်လည်းဖြစ် ထူးလည်းထူးခြားတာကြောင့် သမီးတော်သဘောကိုလိုက်ကာ Captain Smith ကို မသတ်ဘဲလွှတ်ထားလိုက်ပါတယ်။
ဒီလိုနဲ့ Pocahontas နဲ့ Captain Smith ဟာ တွယ်ငြိသွားကြပါရော။ ရန်သူနှစ်ဖက်ကြား ပဋိပက္ခတွေနဲ့ သူတို့ချစ်သူနှစ်ယောက်ဟာ ဘယ်လိုနှစ်ပါးသွားကြမလဲ?ဘယ်လိုအလှည့်အပြောင်းတွေကြုံကြဦးမလဲ? ဆိုတာ …
ဇာတ်လမ်းသွားက အေးအေးနဲ့မို့ အစပိုင်းပျင်းဖို့ကောင်းနိုင်ပေမဲ့ ငြိမ့်ငြိမ့်လေးနဲ့ အရသာရှိရှိထိုင်ကြည့်လို့ကောင်းမဲ့ဇာတ်ကားတစ်ကားပါ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Janeပါ။)
Long Distance (2023)
⭐⁉️
🎬 #Comedy #Romance
🗓️ 2023 🎞️ Movie
📺 #1080p #720p #480p
💿 1.55 GB ⦿ 708.38 MB ⦿ 349.88 MB
🌎 #SouthKorea
⏰ 1 နာရီ 41 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Long Distance (2023)
အချစ်ဆိုတာ နီးမှရှိတာလား.. ဝေးနေလည်း ခိုင်မြဲရဲ့လားဒါကတော့ လူတိုင်းသဘာဝကျကျလေး ကြုံတွေ့နိုင်တဲ့ကိစ္စတစ်ခုဖြစ်တဲ့LDRS အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်
အနေဝေးရင် သွေးအေးကြတယ်၊ ရန်တွေဖြစ်မယ်၊ အထင်တွေလွဲလာမယ်၊ သံသယတွေဝင်လာမယ်၊ မပွင့်လင်းနိုင်ကြတော့ဘူး..အဲလိုပါပဲ အဝေးရောက်ချစ်သူတွေရဲ့ ပြဿနာတွေရယ်၊ ၅ နှစ်ကြာတွဲခဲ့ကြပြီးမှ ဖြစ်လာတဲ့ပြဿနာတွေကို မဖြေရှင်းကြတော့ဘဲအနေဝေးသွားခဲ့တဲ့ အီဒိုဟာနဲ့ ဂင်ထယ်အင်တို့ချစ်သူနှစ်ယောက်ဟာ LDRS အချစ်ဇာတ်လမ်းကိုပြိုပျက်မသွားအောင် ရုန်းကန်ရပုံကို screen life ပုံစံနဲ့ တင်ပြထားတာပါLDRS ဖြစ်တဲ့အပြင် အလုပ်နဲ့အချစ်ရေးကြားမှာ ဗျာများရတဲ့အီဒိုဟာတစ်ယောက်တော့အထင်လွဲမှုတွေကို ပြန်ဖြေရှင်းနိုင်မလားဆိုတာကို ကြည့်လိုက်ကြပါဦးနော်
အီဒိုဟာအဖြစ် ကိုယ်တွေရဲ့ Prince လေး Jang Dong Yoon,ဂင်ထယ်အင်အနေနဲ့ Ture Beauty ထဲ Park Yoo Na တို့ပါဝင်သရုပ်ဆောင်ထားပါတယ်
အညွှန်းကိုတော့Joyzက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Joyz&Hmweပဲ ဖြစ်ပါတယ်။
The Running Man (1987)
⭐IMDB: 6.7/10 (159 k Votes)
🎬 #Action #SciFi #Thriller
🗓️ 1987 🎞️ Movie
📺 #720p #1080p #4K
💿 1.09 GB ⦿ 2.63 GB ⦿ 10.08 GB
🌎 #UnitedStates
⏰ 1 နာရီ 41 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားက ၁၉၈၇ မှာထွက်ခဲ့တယ်။
ဇာတ်လမ်းက အဲဒီအချိန် ၁၉၈၇ ကနေ အနာဂတ်နှစ်ပေါင်းသုံးဆယ်ကို ကြိုမှန်းပြီး ၂၀၁၇ မှာ ဇာတ်အိမ်တည်ထားတယ်။ ဒါပေမဲ့ အခုလက်ရှိဖြစ်ပျက်ကြုံတွေ့နေရတဲ့ ကာလံဒေသံနဲ့တော့ အင်မတန်ကိုက်ညီတဲ့ ဇာတ်ကားပါပဲ။
၂၀၁၇ မှာ တကမ္ဘာလုံးစီးပွားပျက်ကပ်ကြီးဖြစ်ပြီး စားနပ်ရိက္ခာထုတ်လုပ်မှုတွေလျော့ကျ၊ သံယံဇာတတွေ ရေနံ သဘာဝဓာတ်ငွေ့တွေလည်း နည်းပါးပြတ်လပ်လာခဲ့တာ တကမ္ဘာလုံးမှာပါပဲ တဲ့။အဲလိုအချိန်မှာ အမေရိကန်နိုင်ငံမှာ အကြွင်းမဲ့အာဏာရှင်အစိုးရတစ်ရပ်က အုပ်ချုပ်နေပါသတဲ့။ စာရေးဆရာနှယ် စိတ်ကူးမှယဉ်တတ်သေးတယ်ဗျာတယ်။ (တကယ်တော့ အဲဒီဇာတ်လမ်းဟာ စာရေးဆရာ Stephen Kingက ကလောင်ခွဲတစ်ခုနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္ထု The Running Manကိုပဲ အခြေတည်ပြီး ရိုက်ကူးထားတာလို့ သိရပါတယ်။) တနိုင်ငံလုံးကို စစ်နယ်မြေဇုန်တွေခွဲပြီး သံမဏိစည်းကမ်းနဲ့ အုပ်ချုပ်ပါသတဲ့။ စာပေ ဂီတအပါအဝင် အနုပညာအားလုံးကို ဆင်ဆာပိတ်ထားတယ်။ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းလို့ မရှိစေရ။ တစ်နေရာနဲ့တစ်နေရာ စာရေး၊ဖုန်းဆက်ခွင့် မပြု။ ခရီးသွားချင်ရင် အစိုးရထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ရှိမှ သွားခွင့်ရှိတယ်။ အိမ်ပြင်ထွက်ရင်တောင်မှ သွားလာခွင့်လက်မှတ်ဆိုတာကို အမြဲဆောင်ထားရမတဲ့။ ညမထွက်ရအချိန်ကျော်မှထွက်လို့မိရင် ထောင်ဒဏ်တသက်တကျွန်းဆိုပဲ။ရုပ်မြင်သံကြားကို အစိုးရက လုံးဝထိန်းချုပ်ထားတယ်။ ရုပ်မြင်သံကြားနဲ့ပဲ နာရီမလပ် ဝါဒဖြန့်တယ်။ လူတွေဆန္ဒပြဆူပူဖို့ အာရုံမရောက်အောင် ရုပ်မြင်သံကြားကနေ The Running Man ဆိုတဲ့ ဂိမ်းရှိုးတစ်ခု အမြဲပြပေးတယ်။ အဲဒီရှိုးကလည်း အလွန်လူကြိုက်များတဲ့အစီအစဉ်ဖြစ်လာခဲ့ပါတယ်။ ထောင်ကျနေတဲ့ရာဇဝတ်သားတွေကို ငလျင်ကြောင့်ပျက်စီးနေတဲ့နယ်မြေတစ်ခုထဲကို သွင်းပြီး သူ့နောက်ကနေ ကြေးစားလူသတ်သမားတွေက လိုက်သတ်တယ်။ သုံးနာရီပြည့်လို့မှ အသတ်မခံရသေးရင် သူနိုင်တယ်ပေါ့လေ။ နိုင်ရင် လွတ်ငြိမ်းချမ်းသာခွင့်ရပြီပေါ့။
အဲဒီအစိုးရတီဗီက အမြဲပြောလေ့ရှိတာကတော့ ကိုယ်တိုင်မျက်မြင်ဖြစ်မှယုံကြပါ တဲ့။ ဟုတ်ကဲ့ သူတို့တီဗီမှာပြနေတဲ့ဟာတွေအားလုံးကတော့ အမှန်တရားကို ပုံဖျက်ပြီး editing လုပ်ထားတဲ့ဟာတွေချည်းပါပဲ။ လူတွေကလည်း ကာလကြာလာတော့ ယုံလာကြတာပါပဲ။
ကလေးတွေအတွက် ကျောင်းဆိုတာ မရှိတော့ပါဘူး။ ကလေးတွေကို စစ်သင်တန်းပဲတက်ခိုင်းပြီး ဦးနှောက်ဆေးတယ်။ မိဘ၊မိသားစုဝင်တွေထဲက တော်လှန်ရေးသမားတွေရှိရင်၊အစိုးရမကောင်းကြောင်းပြောတဲ့သူတွေရှိရင် သတင်းပို့ရမယ်လို့ သင်ပေးတယ်။ အဲလိုသတင်းပေးရင် မုန့်ဖိုးနှစ်ဆပေးသတဲ့။ Gorge Orwell ရဲ့ 1984 ထဲက အငွေ့အသက်တွေကိုပါ ခံစားရနိုင်ပါတယ်။
ဒါပေမဲ့လည်း ဖိလွန်းရင်ကြွ ထိလွန်းရင်ချ ဆိုသလိုပဲ အဲဒီအာဏာရှင်အစိုးရကို တော်လှန်နေသူတွေလည်း ရှိပါသေးတယ်။ လူအရေအတွက်အနည်းငယ်သာရှိတဲ့ မြေအောက်တော်လှန်ရေးအဖွဲ့လေးတစ်ခုပေါ့။
အဲလိုကာလမှာ ရဲအရာရှိတစ်ဦးဖြစ်တဲ့ ဘန် ရစ်ချတ် (Arnold Schwarzenegger) ဟာ သူတကယ်မကျူးလွန်ဘဲ အကွက်ဆင်ခံလိုက်ရတဲ့ အမှုကြီးတစ်ခုအတွက် ထောင်ကျခံနေရာကနေ သူငယ်ချင်းတစ်စုနဲ့အတူ ထောင်ဖောက်ပြေးပြီး လွတ်မြောက်လာခဲ့ပါတယ်။ လွတ်မြောက်လို့ရက်သိပ်မကြာသေးခင်မှာပဲ ကံမကောင်းအကြောင်းမလှစွာနဲ့ ပြန်အဖမ်းခံရပြီး the Running Man အစီအစဉ်ထုတ်လုပ်သူ ၊ နာမည်ကျော်အစီအစဉ်တင်ဆက်သူကြီး ဒေမွန် ကီလီယံ ရဲ့လက်ထဲကို ရောက်သွားပါတော့တယ်။
မင်းသားကြီး အာနိုး ရဲ့ နုစဉ်အခါက သရုပ်ဆောင်ပုံဘယ်လိုရှိခဲ့တယ်ဆိုတာ အကဲဖြတ်ခံစားရင်း၊ ဒီဇာတ်ကားထဲက လူတွေရဲ့ အခြေအနေတွေကို ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ရှုရင်း နဲ့ စိတ်ကူးယဉ်မဆန်တဲ့ စိတ်ကူးယဉ်ဇာတ်ကားလေးကို အားပေးကြည့်ရှုကြပါဦး လို့ တိုက်တွန်းလိုက်ပါတယ်။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားတာပါ။)
