ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Killing Eve (2018-2022) ⭐IMDB: 8.1/10 (127 k Votes) 🎬 #Crime #Drama #Action #Adventure #Thriller 🗓 2018-2022 🎞 tv series 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 42 မိနစ် 34 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Killing Eve (Season 1) CompleteKilling Eve (Season-1) Complete ===================== IMDb Rating (8.2) Rotten Tomatoes (89%)ဒီစီးရီးက ဗြိတိန် Spy Thriller အမျိုးအစားဖြစ်ပြီး Free Guy ထဲက မင်းသမီး Jodie Comer ရဲ့ နာမည်ကျော်စီးရီးဖြစ်ပါတယ်။ BBC ရုပ်သံလိုင်းက ပြသခဲ့တာဖြစ်ပြီး Season 3 ထိ ထွက်ရှိထားပါတယ်။ CM အနေနဲ့ အဆုံးထိ တင်ဆက်သွားမှာဖြစ်ပါတယ်။ British Academy Television Awards ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဒီစီးရီးနဲ့ မင်းသမီး Jodie Comer ကရရှိခဲ့တာဖြစ်ပြီး တခြားဆုတွေလဲ ဆွတ်ခူးထားခဲ့တဲ့ စီးရီးဖြစ်ပါတယ်။ ဒီထဲက MI6 အေးဂျင့်နေရာသရုပ်ဆောင်တဲ့ ကနေဒီယန်အမေရိကန်မင်းသမီး Sandra Oh ကို မသိခဲ့ရင်တောင် ဒီစီးရီးနဲ့ သူ့ပရိတ်သတ်ဖြစ်သွားနိုင်ပါတယ်။အဓိကဇာတ်ဆောင်အမျိုးသမီးနှစ်ယောက်လုံး သိပ်ကောင်းခဲ့တဲ့ စီးရီးဖြစ်ပါတယ်..မြည်းစမ်းကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့… ဓားတစ်လက် ဆံထိုးတစ်ချောင်းနဲ့ အနုပညာဆန်ဆန် ရှင်သန်ခြင်းတွေကို နှုတ်ယူနိုင်တဲ့သူက နုနုနယ်နယ် ငယ်ငယ်လှလှ အမျိုးသမီးလေးတစ်ယောက်… သူမရဲ့သွေးအေးတဲ့မျက်ဝန်းတွေအောက်မှာ အသက်မဲ့သွားရတဲ့ အလောင်းတွေ ခဲတောင့်ပူပူတွေကြား သွေးတွေနဲ့အသက်ရှုကြပ် သေမင်းကို မျက်နှာချင်းဆိုင်တွေ့သွားရတဲ့သူတွေကြားထဲမှာ သူမရဲ့နှလုံးသားကတော့ ကျောက်စိုင်တွေလိုပဲပေါ့…စွာစွာလန် ဇတ်ဇတ်ကြဲ အာရှသူတစ်ယောက်က ပျင်းစရာ ရုံးလုပ်ငန်းတွေကြား မွန်းကျပ်နေတဲ့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲလိုက်မိတဲ့ အရာက သူမသိပ်စိတ်ဝင်စားတဲ့ လူသတ်သမလေးပါ တိမ်မြုပ်နေတဲ့ သူမရဲ့ အရည်အသွေးတွေက လျှို့ဝှက်အဖွဲ့အစည်းတစ်ခုနောက်ကို လိုက်ဖို့ဖြစ်လာတဲ့အခါမှာတော့…စိတ္တဇလူသတ်သမလေးနဲ့ လျှို့ဝှက်အေးဂျင့်နေရာကို မထင်မှတ်ဘဲရောက်ရှိလာတဲ့အေးဂျင့်ဘွားတော်တို့ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲကြမယ့်ပွဲမှာ ဘယ်သူတွေက နောက်ကွယ်ကနေ ကြိုးကိုင်ချယ်လှယ်နေကြလဲဆိုတာ…။အမျိုးသမီးအသားပေး ဇာတ်လမ်းဇာတ်ကွက်ထူးထူးဆန်းဆန်းလေးနဲ့ သရုပ်ဆောင်တွေက အမိုက်စားမို့ လုံးဝလက်မလွတ်သင့်ကြောင်း ညွှန်းဆိုပါရစေ။ (ဘာသာပြန်နဲ့အညွှန်းကိုတော့ Arr Khun Winchester မှ တင်ဆက်ပေးထားတာဖြစ်ပါတယ်။)File Size – 600 MB Approx @Episode...

Blood of Zeus (2020- ) ⭐IMDB: 7.5/10 (20 k Votes) 🎬 #Animation #Action #Adventure #SciFi #Fantasy 🗓 2020- 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 38 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Blood of Zeus 2020Blood of Zeus 2020Netflix original serie တစ်ခုဖြစ်တဲ့ Blood of Zeus ဟာ Episode 8ခု ပါတဲ့ Animation Serie တစ်ခုဖြစ်ပြီးတော့ Oct27, 2020 မှာ ပထမအပိုင်း စလွှင့်ခဲ့တာဖြစ်ပါတယ်Greek Mythology ဂရိဒဏ္ဍာရီပုံပြင်ဇာတ်လမ်းတွေက်ို ကြားဖူးနားဝရှိရင်တော့ ဒီ Animation serie လေးကို ကြည့်ရတာ အစိမ်းသတ်သတ် ဖြစ်မှာမဟုတ်ပါဘူးမှောင်မိုက်နေတဲ့ တိမ်မဲတွေအောက်က ရွာလေးတစ်ရွာမှာနေတဲ့ ဟယ်ရွန်နဲ့ အီလက်ထရာဆိုတဲ့ အပယ်ခံ သားအမိနှစ်ယောက်အကြောင်း နဲ့ ဇာတ်လမ်းကို အစပြုထားပါတယ်အဲ့ဒီသားအမိနှစ်ယောက် ရွာကိုရောက်လာတဲ့အချိန်ကစပြီး ရွာမှာ ကံဆိုးမိုးမှောင်တွေ ကျခဲ့ရတယ်လို့ ယူဆကြတာကြောင့် သူတို့နှစ်ယောက်ကို တစ်ရွာလုံးက ဖယ်ကျဉ်ထားကြတယ်ဟယ်ရွန်က သူ့ကိုယ်သူ အိုလံပတ်စ်တောင်ပေါ်က နတ်မင်းကြီးဇူးစ်ရဲ့ သားတော်ဖြစ်ကြောင်း သိလိုက်ရပေမယ့်အားလုံးသိကြတဲ့အတိုင်း အချစ်မေတ္တာအရမ်းများပြီး နှလုံးသားကြီးမားတယ်လို့ နာမည်ကြီးတဲ့ ဇူးစ်နတ်မင်းကြီးက သေမျိုးဖြစ်တဲ့လူနဲ့ ချစ်ကြိုက်ပြီးမွေးခဲ့တဲ့အပြင် တရားမဝင်သားလည်း ဖြစ်နေတာကြောင့် အိုလံပတ်စ်တောင်ပေါ်က နတ်ဘုရားမျိုးနွယ် အိုလံပီယန်တွေက ဟယ်ရွန်ကို သဘောမကျကြပါဘူးအထူးသဖြင့် ဇူးစ်နတ်မင်းကြီးရဲ့ မဟေသီ ဟီရာနတ်ဘုရားမက သူ့ကို ဖောက်ပြန်ခဲ့တာသိရတာကြောင့် ပိုလို့တောင် သဘောမကျပါဘူးဒီလိုနဲ့ အိုလံပီယန်နတ်ဘုရားတွေနဲ့ ဟယ်ရွန်နဲ့ ဘာတွေဆက်ဖြစ်ကြမလဲTitans တွေနဲ့ နတ်ဘုရားတွေရဲ့ တိုက်ပွဲအကြောင်း၊Titans တွေရဲ့ ကျိန်စာကြောင့် ပေါ်ထွက်ခဲ့တဲ့ Giants တွေနဲ့Demons တွေကရော ဘယ်ကပေါ်လာသလဲဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်အညွှန်းကို Jerrica က ရေးသားထားပြီးတော့Jerrica , Pyi T Nyein , Thet Hnin Hsu , Emily , Thu Khant , Do Do , Daniel Lawwai , Hazel တို့က ဘာသာပြန်ဆိုပေးထားကြပါတယ် ။...

Into the Badlands (2015-2019) ⭐IMDB: 7.9/10 (49 k Votes) 🎬 #Action #Adventure #Drama 🗓 2015-2019 🎞 tv series 🌎 #UnitedStates ⏰ 42 မိနစ် 43 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Into the Badlands Season (1) Complete Into the badlandsIMDb (8.1/10)ဒီ series က​တော့ American television series တစ်​ခုဖြစ်​ပြီး တစ်​မူထူးခြားတဲ့ series တစ်​ခုဖြစ်​ပါတယ်​ ဇာတ်​လမ်​းရဲ့​ခေတ်​ကာလက​တော့ ကမ္ဘာပျက်​ပြီး နှစ်​​ပေါင်း ၅ဝဝခန့် အကြာမှာ ဖြစ်​​နေ​ပေမယ့် ​သေနတ်​​​တွေ မပါပဲ တုတ်​ဓားလက်​နက်​​တွေဖြင့်သာ ကွန်​ဖူးကွက်​ကျကျ တိုက်​ခိုက်​သတ်​ပုတ်​တဲ့ အခန်း​တွေကိုသာ ရင်​သပ်​ရှု​မောဖွယ်​ကြည့်ရမှာဖြစ်​ပါတယ်​…ဇာတ်​လမ်​းရဲ့အ​နေအထားကလဲ Game of throne ဆန်​ဆန်​ နယ်​​မြေထီးနန်းလုတဲ့ ဇာတ်​အိမ်​သ​ဘောမျိုးကိုတည်​​ဆောက်​ထားပါတယ်​..ဇာတ်​လမ်​းအညွှန်းကို​ပြောပြရရင်​…….. ကမာ႓ပျက်​ပြီး ခန့်မှန်း​ခြေအားဖြင့် နှစ်​​ပေါင်​း ၅ဝဝအကြာမှာ လူ​တွေဟာ လျှပ်​စစ်​ပစ္စည်းများ….​သေနတ်​များ အစရှိတဲ့ ​ခေတ်​​ပေါ်ပစ္စည်းများကို စွန့်ပစ်​လိုက်​ကြပြီး ဓားများ ​လေးမြှား တုတ်​စသည်​တို့ကိုသာ အသုံးပြုကြပါ​တော့တယ်​….. အဲ့အချိန်​ကာလဟာ အ​ကြောက်​တရားနဲ့ ယုတ်​မာဆိုးသွမ်​မှု​တွေသာ ကြီးစိုး​နေပါ​တော့တယ်​ ……“ဘတ်​လန်းစ့်”နယ်​​မြေ​ကို လူ ၇​ယောက်​က ပိုင်းခြားအုပ်​ချုပ်​ပြီး ကိုယ့်ကိုကိုယ်​ “ဘယ်​ရွန်​”သခင်​​တွေ အဖြစ်​ခံယူကာ လက်​​အောက်​ခံလူများကို ကျွန်​​အဖြစ်​ ခိုင်း​စေကြပါတယ်​“ဘတ်​လန်းစ့်”နယ်​​မြေ ရဲ့ “ဘယ်​ရွန်​”သခင်​​၇​ယောက်​ဟာ ဘိန်းစိုက်​ခြင်း၊ ​ရေနံထုတ်​ခြင်း ၊” ​ကောဗ့်”လို့​ခေါ်တဲ့ အလုပ်​သမားများကို​ရောင်းခြင်း စတဲ့ ကိုယ်​ပိုင်​ စီးပွား​ရေးလုပ်​ငန်းများ ကိုယ်​စီရှိကြပါတယ်​ ​နောက်​ပြီး “ဘယ်​ရွန်​”သခင်​​တွေမှာ “ကလစ်​ဘာ”လို့​ခေါ်တဲ့ စစ်​သည်​​တော်​​တွေရှိကြပြီး ထိုကလစ်​ဘာ​တွေကို “ရီးကျင့်”အမတ်​က သင်​ကြား​လေ့ကျင်​့​ပေးပါတယ်​ ..ထို “ရီးကျင့်”အမတ်​​တွေ “ကလစ်​ဘာ”​တွေဟာ “ဘယ်​ရွန်​”သခင်​​ လက်​​အောက်​မှ အမှုထမ်များဖြစ်​ပါတယ်​…ဇာတ်​ကားရဲ့ ဇာတ်​လိုက်​မင်​းသားက​တော့ တရုတ်​အက်​ရှင်​မင်​သား “ဒန်​နီယယ်​ဝု”ဖြစ်​ပြီး ဆန်​နီအဖြစ်​ သရုပ်​​ဆောင်ထားပါတယ်​။ပြီး​တော့ သူဟာ “ကွင်းစ့်”ဘယ်​ရွန်​သခင်​ရဲ့ “ရီးကျင့်”အမတ်​တစ်​​ယောက်​ဖြစ်​ပါတယ်​ ။“ရီးကျင့်”အမတ်​​တွေကို ချမှတ်​ထားတဲ့စည်းကမ်းတစ်​ခုက​တော့ အိမ်​​ထောင်​ပြုပြီး မိသားစုဘဝထူ​ထောင်​လို့မရပါဘူးစည်းကမ်း​ဖောက်​ရင်​ ​သေဒဏ်​​ပေးပါတယ်​ဆန်​နီဟာ သူ့ချစ်​သူနဲ့​မှောက်​မှားမိပြီး ကိုယ်​ဝန်​ရှိလာတဲ့အခါမှာ​တော့ “ဘတ်​လန်းစ်​”နယ်​​မြေက​နေ ထွက်​​ပြေးဖို့ကြံစည်​ပါ​တော့တယ်​…..သူတို့ ​အောင်​မြင်​စွာနဲ့ပဲ ထွက်​​ပြေးနိုင်​ပြီး မိသားစုစုံစုံလင်​နဲ့ ငြိမ်းချမ်းစွာ​နေထိုင်​နိုင်​မလား ဒါမှမဟုတ်​ “ဘတ်​လန်းစ်​”နယ်​​မြေ အပြင်​ဘက်ဟာ ” ဘတ်​လန်းစ့်”နယ်​​မြေထက်​ ပိုမို ဆိုးသွမ်းပြီး ယုတ်​မာတဲ့အ​မှောင်​ကမ္ဘာဖြစ်​​နေမလားဆိုတာက​တော့………. ဆက်​လက်​ကြည့်ရှုလိုက်​ပါ…..။(ဘာသာပြန်ထားတင်ဆက်ထားသူများကတော့ MgKing , Hnin Amy Khine , Megumi , Zwel Zan Aung , Tin Nilar တို့ဖြစ်ပါတယ်။)...

Shooter (2016-2018) ⭐IMDB: 7.5/10 (41 k Votes) 🎬 #Action #Adventure #War #Politics #Drama 🗓 2016-2018 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 43 မိနစ် 10 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Shooter Season1/2/3အခုတစ်ခါတော့ စနိုက်ပါကားမတင်ဘူးလား လာလာမေးနေကြတဲ့သူတွေအတွက် Shooter ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဗျ IMDb မှာ ၇.၈ ထိ ရထားပြီးတော့စစ်ကား ကြိုက်တဲံသူတွေအတွက်လည်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ဗျ ဇာတ်လမ်း လေးကတော့အမေရိကန်စစ်တပ်ကနေ အနားယူထားတဲ့ လက်ဖြောင့်တပ်သားဘော့ ဟာ တောထဲမှာအေးဆေးဆေး အမဲလိုက်ရင်း သူ့ရဲ့ သေနတ်ပစ်စွမ်းရည်ကိုလေ့ကျင်းရင်းအေးအေးဆေးဆေး နေထိုင်သူပါ ဒီလိုနဲ့ တစ်နေ့မှာ သမ္မတကိုလုပ်ကြံမှုကိစ္စမှာ ပတ်သက်မိပြီးသူပါ အရှူပ်ထုပ်ထဲကိုပါဝင်ရပါတော့တယ် ကဲ ပရိတ်သတ်ကြီးရေ အခု အပိုင်းမှာဘော့ တစ်ယောက်သူ အပြစ်မရှိကြောင်းကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ဆက်လက်ကြည့်လိုက်ပါတော့နော်Shooter Season 01===========================Zip File  – Yoteshin / MegaupSeason 2 ဆက်လက်ထွက်ရှိထားတဲ့ Shooter Season 2 ကိုထပ်မံတင်ဆက်ပေးလိုက်ပါတယ် မင်းသား ဖိလစ်ဟာ ဒီစီးရီးကိုရိုက်ကူးနေတုန်းမှာပဲ မတော်တဆမှုတစ်ခုဖြစ်ပြီးခြေထောက်ကျိုးခဲ့ပါသေးတယ် လက်ရှိမှာတော့Season 02 ကို ၈ပိုင်းထွက်ထားပြီးJun လ 21 မှာ Season 03 ကို ဆက်လက်ထုတ်လွင့်မှာပါSeason 01 တုန်းက ဆယ်ပိုင်းထွက်ခဲ့ပြီးတော့မထင်မှတ်ထားတဲ့ လည့်ကွက်တွေ အချိုးအပြောင်းတွေနဲ့ပရိတ်သတ်ကို ဆွဲခေါ်ခဲ့ပြီးတော့ အခု Season 02 မှာကောဘယ်လို လှည့်ကွက်လေးတွေနဲ့ ပရိတ်သတ်ကို ဆွဲခေါ်သွားမှာလဲဆိုတာကို ပရိတ်သတ်ကြီးကဆက်လက် ကြည့်ကြရမှာပါဇာတ်လမ်းလေးကတော့ သမ္မတကြီး လုပ်ကြံခံရပြီးတနှစ်ကြာတဲ့အခါမှာ Bob တို့ မိသားစုဟာတက္ကဆတ်ကို ပြောင်းရွေ့ပြီး ဇာတ်မြှပ်အခြေချ နေထိုင်ခဲ့ကြပါတယ် တစ်ရက်မှာ bob ဟာ သူ့စစ်တပ်ကမိတ်ဆွေဟောင်းတယောက်က ဖိတ်ကြားလို့Germany ကို သွားရောက်ခဲ့ပြီးတော့Germany မှာ သူ့အတွက် တာဝန်အသစ် တစ်ခုကစောင့်ဆိုင်းနေတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို တော့ ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါဒီ Season မှာ ရိုက်ချက်တွေက ပိုသေသပ်လာပြီးD.C ကနေ ermany ထိသွားရောက်ရိုက်ကူးခဲ့ကာGeek တွေကတော့ Shooter က Season အများကြီးထပ်ထွက်ဦးမှာလို့ ခန့်မှန်းပြောဆိုထားကြပါတယ်ကဲပရိတ်သတ်ကြီးလဲ ကြည့်ပြီး ဝေဖန်လေကန်ကြပေါ့နော့Qty – 720p HDTVGern – War / Action / ThrillSubtitle – Myanmar Hardsub...

My First Barbie: Happy DreamDay (2023) ⭐IMDB: 7.7/10 (26 Votes) 🎬 #Family #Animation 🗓 2023 🎞 movie 📺 #720p #1080p 💿 351.8 MB ⦿ 769.7 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 40 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 My First Barbie: Happy DreamDay (2023)==============================IMDb Rating – 7.7/10 AI တွေခေတ်စားလာတဲ့အချိန်မှာ ဘာဘီတို့လည်း AI ကို အားကိုးတတ်လာပါပြီ။ ဒီကားလေးမှာတော့ ဘာဘီတို့တစ်သိုက်စီစဉ်တဲ့မွေးနေ့မှာ AIကိုခိုင်းလွန်းရာကနေ ပြင်လွန်းပြီးဖင်ချွန်းသွားတာပါ။ Chelsea တစ်ယောက်မွေးနေ့နီးလာလို့ Surprise party ရမလား မျှော်တကိုးကိုးဖြစ်နေတဲ့အချိန်မှာ သူတွက်ထားသလိုပဲ ဘာဘီကလည်း ပါတီတစ်ခုလုပ်ပေးဖို့ စီစဉ်ထားပါတယ်။ စီစဉ်တယ်ဆိုတာကလည်း အကြံဉာဏ်ပဲထုတ်ရပြီး လက်မလှုပ်ရလောက်တဲ့အထိကို သက်သာတာပါ။ Dreamhouse ဆိုတဲ့ Home AI လေးကတော့ သူ့ရဲ့ Screen surface ပတ်ပတ်လည်မှာ Light နဲ့ Electromagnetic imagery ပေါင်းစပ်ထားတဲ့ Projectorလေးတွေပါလို့ User အမိန့်ပေးသမျှပစ္စည်းတွေရဲ့ ပုံရိပ်ကိုဖန်တီးပေးနိုင်စွမ်းရှိပါတယ်။ ဘာဘီတို့သူငယ်ချင်းတစ်သိုက်က Dreamhouse app ကိုသုံးပြီးပါတီအကြီးအကျယ်လုပ်ဖို့ ပြင်ကြတဲ့အချိန်မှာ တစ်ယောက်တစ်မျိုးစီနဲ့ Commandအလွန်အကျွံပေးမိကြပါတယ်။ ကိုယ်မလုပ်ရဘူးဆိုတိုင်း Dreamhouse AIကို ခဏခဏခေါ်ပြီး အမျိုးမျိုးခိုင်းလွန်းတော့ AI ခမျာလည်း အဆင်ပြေမနေတော့ပါဘူး။ နောက်ဆုံး … AI error တက်ပြီးတော့ AI နဲ့လုပ်ထားသမျှ အပြင်အဆင်တွေအားလုံး လိပ်ခါးဖားဖင်တွေဖြစ်ပြီး နေရာတွေလွဲကုန်ကြပါတော့တယ်။ဒီကားလေးရဲ့ ရုပ်ထွက်နဲ့သီချင်းတွေက ၂၀၂၃ ထွက်ဆိုတဲ့အတိုင်း အရင်ဘာဘီကားဟောင်းလေးတွေနဲ့ အရသာကွာတာလေးတွေရှိပေမယ့် နောက်ခံအသံနဲ့မျက်နှာအကျလေးတွေက အရင်လက်ဟောင်းနဲ့ ထပ်တူကျတာလည်းရှိသလိုအချိတ်အဆက်မိနေသေးတာလေးတွေလည်းရှိတာမို့လို့ ” I grew up watchingBarbie ” ဆိုတဲ့လူတွေအတွက် အသစ်အဆန်းလေးကိုပါ ခံစားဖူးချင်တယ်ဆိုရင်ကြည့်ကြည့်ကြဖို့ Recommend ပေးလိုပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...

White Noise (2005) ⭐TMDB: 55.0% User Score 🎬 #Drama #Horror #Thriller #Mystery 🗓 2005 🎞 movie 📺 #720p #1080p 💿 1010.7 MB ⦿ 1.9 GB 🌎 #UnitedKingdom #Canada #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဗိသုကာတစ်ယောက်ဖြစ်တဲ့ဂျိုနာသန်ရေးဗားဟာဇနီးသည်စာရေးဆရာဖြစ်တဲ့အန်နာနဲ့အတူအရင်အိမ်ထောင်ကရတဲ့သားကိုအလှည့်ကျအုပ်ထိန်းရင်းသာယာတဲ့အိမ်ထောင်တစ်ခုကိုပိုင်ဆိုင်ပါတယ်။မနက်ခင်းတစ်ခုမှာတော့ အန်နာကသူကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းဖွင့်ပြောခဲ့တဲ့အတွက်ဂျိုနာသန်တစ်ယောက်ပျော်ရွှင်လို့မဝသေးခင်မှာပဲ အန်နာဟာသူ့ သူငယ်ချင်းဆီကအိမ်အပြန်လမ်းမှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ အန်နာပြန်လာနေတဲ့လမ်းမှာရပ်ထားတဲ့ သူ့ကား၊ဖိနပ် အစရှိတာတွေကိုရဲတွေရှာတွေ့ခဲ့ပေမယ့် အန်နာ့ကိုတော့ အစအနရှာမရပါဘူး။ အဲ့ဒီအချိန်မှာသူ့ကို ရေမွန်ပရိုက်စ်ဆိုတဲ့လူတစ်ယောက် သူ့ဆီရောက်လာခဲ့ပြီး အန်နာဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့အကြောင်းနဲသူ့ဆီကိုဆက်သွယ်လာကြောင်းပြောပြလာပါတယ်။သူ့ဇနီးသည်သေဆုံးပြီဆိုတာကိုလက်မခံနိုင်တဲ့ဂျိုနာသန်ကခါးခါးသီးသီးငြင်းဆန်ခဲ့ပေမယ့်မကြာခင်မှာအန်နာ့အလောင်းကိုရှာတွေ့သွားခဲ့တဲ့နောက်၊ဒါ့အပြင်သူကိုယ်တိုင်ဆီကိုပါသေဆုံးသူဇနီးသည်အန်နာဆီကဖုန်းတွေဝင်လာအသံတွေကြားလာတဲ့နောက်မှာတော့ ပဟေဠိဖြစ်နေတဲ့ အန်နာ့သေဆုံးမှုကိုအဖြေသိချင်တဲ့၊ သူ့ဇနီးသည်ကိုနောက်ဆုံးအဖြစ်မြင်လိုတဲ့ စိတ်တွေနဲ့ အန်နာကိုအဆက်အသွယ်ရဖို့ကြိုးစားပါတော့တယ်။ ဒါပေမယ့်တစ်ဖက်လောကမှာကိုယ်ဆက်သွယ်ချင်တဲ့သူ၊ကိုယ်ချစ်ခင်ရတဲ့သူတွေသာမဟုတ်ပဲရန်လိုတဲ့ကြောက်မက်ဖွယ်ဝိဉာဉ်တွေလည်းရှိနေသေးတယ်ဆိုတာကို ဂျိုနာသန်မေ့လျော့နေခဲ့ပါတယ်။မကြာသေးခင်ကမှ The FlashမှာBruceWayneအဖြစ်ပြန်လည်တွေ့ခဲ့ရတဲ့Batmanမင်းသားဟောင်းကြီးMichaelKeatonခေါင်းဆောင်ပါဝင်တဲ့ဒီဇာတ်ကားဟာတစ်ချိန်ကနာမည်ကျော်ခဲ့တဲ့Horrorတစ်ကားဖြစ်ပြီးgenreaudienceတွေလက်မလွတ်သင့်တဲ့ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။...

Original Gangster (2020) ⭐IMDB: 5.1/10 (8 k Votes) 🎬 #Crime 🗓 2020 🎞 movie 📺 #720p #1080p 💿 783.4 MB ⦿ 2.2 GB 🌎 #UnitedKingdom ⏰ 1 နာရီ 50 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းနာမည်အတိုင်းပဲ ဂန်းစတားတစ်ယောက်ရဲ့ ဘဝဇာတ်အကြောင်းကို မြင်တွေ့ရမယ့် crime movieလေးပါ…။ မိဘနှစ်ပါးလုံး လူမိုက်တွေသတ်တာခံလိုက်ရတဲ့ ကတ်စတာဟာ ငယ်ငယ်လေးကတည်းက တစ်ကောင်ကြွက်ဘဝရောက်ခဲ့ရပါတယ်…။ သူမသေခဲ့ဘူးဆိုတာလည်း လူဆိုးတစ်ယောက်က စိတ်ကောင်းဝင်ပြီး သူ့အသက်ကိုကယ်ခဲ့လို့ပါ…၊ မျက်စိရှေ့မှာတင်မိဘတွေ ဆုံးသွားတော့ သေခြင်းတရားကိုလည်း မကြောက်တော့သလို လောကကြီးကိုလည်း မုန်းတီးနေခဲ့တဲ့ တစ်ကောင်ကြွက်ဇိုးလေးအဖြစ်နဲ့ ခိုးဆိုးလုနှိုက်ရင်း၊ လမ်းတွေပေါ်မှာပဲ မသေရုံတစ်မယ်ရှင်သန်ခဲ့ရပါတယ်…။ ဒီလိုနဲ့ တဖြည်းဖြည်း အဆင့်တက်လာကာ လန်ဒန်မြို့ရဲ့ မြေအောက်မူးယစ် ဂိုဏ်တွေးကြားညှပ်ပါသွားပါတော့တယ်… ဒီလို ဒုစရိုက်လောကမှာ ငယ်ငယ်နဲ့ ဂန်းစတားဖြစ်ခဲ့သူ ကတ်စတာ တစ်ယောက်ဘယ်လိုရှင်သန်မလဲ… ဘယ်သူ့ဆီကဘာတွေသင်ယူရင်း ဘယ်လိုရုန်းကုန်သွားမလဲဆိုတာ မြင်တွေ့ရမယ့် ဇာတ်ကားလေးပါပဲ…။...

My Super Ex-Girlfriend (2006) ⭐TMDB: 51.0% User Score 🎬 #Comedy #Drama #Romance #SciFi #ScienceFiction 🗓 2006 🎞 movie 📺 #1080p #720p 💿 974.7 MB ⦿ 2.4 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 My Super Ex-Girlfriend (2006) Ghostbusters ဇာတ်ကားတွေနဲ့ No Strings Attached လို နာမည်ကျော်ဇာတ်မျိုးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာရဲ့ ရုပ်ရှင်ပါ။ အိုဝင်ဝီလ်ဆန်ရဲ့ညီ လုခ်ဝီလ်ဆန်နဲ့ အူမာသာမန်းတို့လို တန်းရှိ သရုပ်ဆောင်တွေကို သုံးထားပါတယ်။ လုခ်ဟာ အိုဝင်လောက်တော့ လူသိမများပေမဲ့လည်း ဝက်စ်အန်ဒါဆန်ရဲ့ ပွဲဦးထွက်ကားတွေနဲ့ တခြားကားကောင်းတွေမှာ ပါဖူးတဲ့ သရုပ်ဆောင်ပါပဲ။ Ethan Hawke ရဲ့ မိန်းမ အူမာသာမန်းကတော့ မသိသူမရှိလောက်ပါဘူး။ တာရန်တီနိုရဲ့ Kill Bill, Pulp Fiction တို့မှာ သရုပ်ဆောင်ဖူးတဲ့သူပါ။ သူ့ရဲ့အကောင်းဆုံးလက်ရာကတော့ Maya Hawke ပါပဲ။ စူပါပါဝါရှိတဲ့မိန်းကလေးတစ်ယောက်နဲ့တွဲမိရာကနေ အလွဲလေးတွေကြုံရပုံကို ကြည့်ရမှာပါ။ ဒီဇိုင်းကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ Single ဖြစ်နေတာကြာပြီဖြစ်တဲ့ မက်က ရထားပေါ်မှာတွေ့တဲ့ ဂျန်နီဆိုတဲ့ကောင်မလေးကို သူငယ်ချင်းရဲ့တိုက်တွန်းမှုကြောင့် ဖွင့်ပြောပြီး တွဲဖြစ်သွားပါတယ်။ နယူးယော့ခ်မှာ G-Girl ဆိုပြီး လူတွေကိုအန္တရာယ်တွေကနေကာကွယ်ပေးနေတဲ့ စူပါဟီးရိုးကောင်မလေးတစ်ယောက်ရှိပါတယ်။ ဂျန်နီက G-Girl မှန်း မက်သိသွားတဲ့အခါ… စူပါဟီးရိုးအနေနဲ့ Cool ဖြစ်ပေမဲ့ ရည်းစားတစ်ယောက်အနေနဲ့ စိတ်ခံစားချက်များပြီး သဝန်တိုတတ်တဲ့ ဂျန်နီနဲ့မက်တို့ အဆင်မပြေကြတော့ဘဲ မက်က သူတကယ်ချစ်တဲ့သူက ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက် ဟန်နာဆိုတာသိသွားတဲ့အခါ… ဂျန်နီနဲ့ဟန်နာတို့ကြားမှာ မက်ဘယ်လိုဒုက္ခရောက်ဦးမလဲ… ဂျန်နီနောက်ကိုလိုက်နေတဲ့သူကရော ဘာရည်ရွယ်ချက်နဲ့လဲဆိုတာ… ဆက်ပြီးကြည့်ရှုလိုက်ပါဦး။ စူပါပါဝါတွေနဲ့ကားကိုမှ ရိုမန့်ဟာသ အသားပေးထားတာမို့ လူတိုင်းနီးပါးကြည့်လို့အဆင်ပြေမယ့် ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)...

Whatever Works (2009) ⭐IMDB: 7.1/10 (76 k Votes) 🎬 #Comedy #Romance 🗓 2009 🎞 movie 📺 #720p #1080p 💿 1.0 GB ⦿ 4.1 GB 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ လူ့အသိုင်းအဝိုင်းကို မုန်းတီးရှောင်ကြဥ်တဲ့ လူလတ်ပိုင်းအရွယ် လူ့ဂွစာ ဉာဏ်ကြီးရှင်ကြီးနဲ့ လူ့လောကအကြောင်း ဘာဆိုဘာမှမသိတဲ့ နှစ်ဆယ်ကျော်သက်အရွယ် ကောင်မလေးတို့ကြားက ဇာတ်လမ်းလေးတစ်ပုဒ်ကို ဟာသဆန်ဆန်ကြည့်ရှုရမှာပါ…။ ဒီလူ့ဂွစာကြီး ဘိုးရစ်ဆိုသူဟာ သာမန်မဟုတ်ဘူးဗျ၊ ရူပဗေဒပညာရပ်ထူးချွန်လို့ နိုဘယ်ဆုတောင် လျာထားခံရဖူးသူ၊ ကွမ်တမ်ဗေဒလည်း တတ်ကျွမ်းနားလည်သူ၊ လူတွေအကြောင်းသိတတ်နားလည်သူဖြစ်ပါတယ်…။ အဲ့လောက်သိတတ်နေမှတော့ သာမန်လူတွေကိုဆိုရင် အပြစ်ပဲမြင်ပြီး အမုန်းကြီးမုန်းပြီပေါ့…။ သူ့အတွက်ကတော့ လောကကြီးကို မုန်းတီးတယ်၊ အချစ်ဆိုတာလည်းမရှိသူ… ဘယ်သူဘာတွေပဲဆိုဆို အလုပ်ဖြစ်ရင်ပြီးရောဆိုပြီး “Whatever Works”ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားသူပါ…။ တစ်နေ့ကျတော့ သူ့ဘဝထဲကို မယ်လိုဒီဆိုတဲ့ အလှမယ်လေးရောက်ချလာပါတယ်…။ ဒီကောင်မလေးဟာ လူတွေအကြောင်းလည်းနားမလည်၊ ဘာမှမသိမတတ်နဲ့၊ အလှမယ်ပြိုင်ပွဲတွေပဲဝင်ပြိုင်ခိုင်းလွန်းလို့ အိမ်ကထွက်ပြေးလာသူပါ…။ ဘိုးရစ်ဆီလည်းရောက်တော့ အရာရာသိတတ်နားလည်သူဆိုပြီး အကြွေကြီး ကြွေပြီး ချစ်မိတယ်ထင်ပါရဲ့…။ ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေး၊အိမ်ထောင်ရေးဇာတ်လမ်းလေးက ဘာဆက်ဖြစ်ကြမလဲဆိုတာကို ရယ်စရာဟာသလေးတွေနဲ့ကြည့်ရှုရမှာပါ….။ စူပါမန်းမင်းသား Henry Cavillရဲ့ ငယ်မူ သရုပ်ဆောင်ဟန်လေးကို ခဏတာ မြင်တွေ့နိုင်မယ့်ကားလေးလည်းဖြစ်ပါတယ်…။...

You Will Meet a Tall Dark Stranger (2010) ⭐IMDB: 6.3/10 (47 k Votes) 🎬 #Comedy #Drama #Romance 🗓 2010 🎞 movie 📺 #720p #1080p 💿 986.6 MB ⦿ 3.5 GB 🌎 #UnitedStates #Spain #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူတိုင်းမှာတော့ ကိုယ်စီကိုယ်စီလိုအင်ဆန္ဒတွေရှိကြမှာပါပဲ။ လူ့အလို နတ်မလိုက်နိုင်ဆိုသလိုလူတွေရဲ့ လိုအင်ဆန္ဒကလဲ ဘယ်တော့မှ ပြည့်ဝတယ်ဆိုတာကိုမရှိပါဘူး။ ဒီကားထဲမှာလဲမိသားစုတစ်စုထဲက အဲ့လိုလူလေးယောက်ရဲ့အကြောင်းကို ရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ်။ ဒီကားရဲ့အဓိက ဇာတ်ကောင်လေးယောက် ထဲက ပထမတစ်ယောက်ကတော့ဟယ်လီနာဆိုတဲ့ဘဝမှာ စိတ်ညစ်စရာတွေ အများကြီးရှိနေပြီး ယောက်ျားထားသွားတာကိုခံခဲ့ရလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေတဲ့အဖွားကြီးတစ်ယောက် ဖြစ်ပါတယ်။ ဒုတိယတစ်ယောက်ကတော့ ဟယ်လီနာဆိုတဲ့အဖွားကြီးကို ထားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လူပျိုလေးလိုသဘောထားပြီး သူငယ်ပြန်နေတယ် လို့ထင်ရတဲ့ အယ်လ်ဖီဆိုတဲ့အဖိုးကြီးပဲဖြစ်ပါတယ်။တတိယတစ်ယောက်ကတော့ စာရေးဆရာယောင်ယောင် ဘာယောင်ယောင် မယ်မယ်ရရအလုပ်လဲမလုပ်ကိုင်ပဲ အိမ်မှာပဲ ယောက္ခမရဲ့ ပိုက်ဆံနဲ့နေနေတဲ့ တစ်အုပ်ကောင်းစာရေးဆရာဟယ်လီနာရဲ့ သမက်ရွိုင်းပဲဖြစ်ပါတယ်။နောက်ဆုံး တစ်ယောက်ကတော့ ရွိုင်းရဲ့အသုံးမကျမှုတွေ ကြောင့် အလုပ်တွေကုန်းရုန်းလုပ်ကိုင်နေရပြီး ကလေးတစ်ယောက်ယူကာ မိသားစု ဘဝကိုထူထောင်ချင်နေတဲ့ ရွိုင်းရဲ့မိန်းမဆယ်လီပဲဖြစ်ပါတယ်။အဲ့ဒီလူလေးယောက်ရဲ့ ဘဝတွေကိုစိတ်ဝင်စားစရာကောင်းအောင် အသေးစိတ်ရိုက်ကူးထားတဲ့ လူ့သဘောသဘာဝတွေအကြောင်းကို ကြည့်ရှုရမဲ့မိသားစုကြားကဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။...

The Hunger Games: Mockingjay - Part 2 (2015) ⭐IMDB: 6.5/10 (349 k Votes) 🎬 #Action #Adventure #SciFi #ScienceFiction #Thriller 🗓 2015 🎞 movie 📺 #1080p #720p 💿 1.9 GB ⦿ 991.9 MB 🌎 #UnitedStates #Germany #Canada #France #UnitedStatesofAmerica ⏰ 2 နာရီ 17 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Hunger Games: Mockingjay – Part 2 တော်လှန်ရေးကိုနယ်မြေတိုင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်တာကြောင့် နယ်မြေ၂ကို ကတ်နစ်တို့အနေနဲ့ စည်းရုံးသိမ်းသွင်းဖို့လိုအပ်လာပါတယ်။ ကတ်နစ်ရဲ့ဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့ဂေးလ်မှ ာအရင်နဲ့မတူညီတဲ့စိတ်တွေကိုလဲကတ်နစ်တစ်ယောက်မြင်လာပါတော့တယ်။ ကတ်ပီတယ်ရဲ့မြှပ်ကွယ်တဲ့ထားတဲ့ဗုံးတွေ လက်နက်တွေကို ရှာဖွေတဲ့ရှေ့တန်းကိုကတ်နစ်ရောက်လာပြီးတော့ တခြားသောတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ စနိုးကိုဖြုတ်ချဖို့အတွက်ကြိုးစားကြပါတော့တယ်။ ဒါပေမယ့် အချိန်တွေကြာလာလေလေ ကတ်ပီတယ်ရဲ့လက်နက်တွေကြားမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေပေးလိုက်ရလေလေနဲ့ပဲ နောက်ဆုံးအချိန်ထိ ကတ်နစ်တို့တောင့်ခံပြီးတော့ စနိုးကိုရင်ဆိုင်သွားနိုင်ပါ့မလား။ တကယ်လို့ သူတို့အနေနဲ့ စနိုးတို့တည်ရှိနေတဲ့ ကတ်ပီတယ်ကိုရင်ဆိုင်တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာ အောင်နိုင်သူတွေဖြစ်ကြတဲ့ ကတ်နစ်အဲဗာဒင်းနဲ့ ပီတာမယ်လော့ခ် ၊ဂေးလ်တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရေ ာနောက်ဆုံးဘယ်လို့အဆုံးသတ်သွားနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ အိမ်မက်ဆိုးတွေဟာလူတိုင်းမှာရှိကြပါတယ်။ ဒီအိမ်မက်ဆိုးတွေဟာ ဘယ်တော့မှထွက်ခွာသွားကြမှာ မဟုတ်ဘူးဆိုတာကိုလဲ သိကြမှာပါ ဒီတော့ ဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ ကျွန်တော်တို့တွေစဉ်းစားရတော့မှာပါ...

The Hunger Games: Mockingjay - Part 1 (2014) ⭐IMDB: 6.6/10 (478 k Votes) 🎬 #Action #Adventure #SciFi #ScienceFiction #Thriller 🗓 2014 🎞 movie 📺 #1080p #720p 💿 1.7 GB ⦿ 892.2 MB 🌎 #UnitedStates #Canada #France #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Hunger Games: Mockingjay – Part 1 ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။ တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ ဒီအပိုင်း မှာတော့တိုက််ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။...

The Hunger Games: Catching Fire (2013) ⭐IMDB: 7.5/10 (691 k Votes) 🎬 #Action #Adventure #SciFi #ScienceFiction #Thriller 🗓 2013 🎞 movie 📺 #1080p #720p 💿 2.0 GB ⦿ 1.0 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 26 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Hunger Games: Catching Fire ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့့်ပေးနိုင်တာမဟုတ်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ် ။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။...

The Hunger Games (2012) ⭐IMDB: 7.2/10 (959 k Votes) 🎬 #Action #Adventure #SciFi #ScienceFiction #Fantasy #Thriller 🗓 2012 🎞 movie 📺 #1080p #720p 💿 2.0 GB ⦿ 1.0 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 23 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Hunger Games ကတ်နစ်အဲဗားဒင်းတို့နေတဲ့နယ်မြေလေးမှ ာနှစ်စဉ်ပြုလုပ်နေကျ ပွဲတစ်ပွဲရှိပါတယ်။ နယ်မြေသေးသေးလေးက သိတက်တဲ့အရွယ်ရောက်လူတိုင်းရဲ့နာမည်တွေကို ဖန်ခွက်အကြီးတစ်ခုထဲထည့်ထားပြီး ပွဲစီစဉ်သူတစ်ဦးက လက်သင့်ရာကို နှိုက်လိုက်ပါတယ်။ နာမည်ကတ်နှိုက်ခံလိုက်ရတဲ့သူက မဲပေါက်သွားတာမဟုတ်သလို ဆုလက်ဆောင်ရသွားတာမျိုးတော့ မဟုတ်ပါဘူး။ စစ်မြေပြင်တစ်ခုလိုဖန်တီးထားတဲ့ နေရာတစ်ခုကိုသွားရောက်ပြီးတော့ သူသေကိုယ်သေယှဉ်ပြိုင်တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။ ကံဆိုးရင်တော့ အသက်ပေးရမယ် ကံကောင်းရင်တော့ သူရဲကောင်းဖြစ်မယ်ဆိုတဲ့ လူအများစောင့်ကြည့်နေတဲ့အစီအစဉ်တစ်ခုမှာ သူတို့ကသွားရောက်ပြီးတော့ ဖျော်ဖြေပေးရသလိုပါ။ ဒီနှစ်ရဲ့အမျိုးသမီးနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ရမဲ့ညီမလေးအစား ကတ်နစ်တစ်ယောက်ကိုယ်စားယှဉ်ပြိုင်ပေးဖို့ တောင်းဆိုရာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်။ နယ်မြေ (၁၂)ခုကနေ တစ်နယ်မြေကို ၂ယောက်နှုန်းနဲ့ ၂၄ယောက်ကြားမှာ ကိုယ်တစ်ယောက်တည်းအသက်ရှင်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ကြရတယ်ဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်...

The Ex-Wife (2022-2022) ⭐IMDB: 6.3/10 (1 k Votes) 🎬 #Drama #Mystery #Thriller 🗓 2022-2022 🎞 tv series 📺 #1080p 💿 680.9 MB ⦿ 690.1 MB ⦿ 683.3 MB ⦿ 681.4 MB 🌎 #UnitedKingdom #Germany ⏰ 45 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Ex-Wife (2022) CompleteThe Ex-Wife (2022) Completed Mini Series  အသိဉာဏ်ရယ်လို့ ရှိလာပြီဆိုရင်ပဲ လူကောင်းလူဆိုးဆိုတာ ရှိတယ်ဆိုတဲ့ အတွေးတွေကို ကျွန်တော်တို့ခေါင်းထဲ သပ်နဲ့ရိုက်သွင်းသလို ရိုက်သွင်းခံခဲ့ရတယ်။ ဒီကားရဲ့ ပွိုင့်ကလည်း အဲဒီလူကောင်းနဲ့လူဆိုးဆိုတာ ရှိမနေကြောင်းပါပဲ။ အမြင်နဲ့ ရှု့ထောင့်အပေါ်မူတည်ပြီး လုပ်ရပ်တစ်ခုရဲ့ကောင်းခြင်းမကောင်းခြင်းဆိုတာ ကွာခြားသွားနိုင်ပေမဲ့ အားလုံးရဲ့ ရည်ရွည်ချက်ကတော့ ကောင်းခဲ့ကြတယ်။ ယုတ်စွအဆုံး ဟစ်တလာတောင် သူ့လူမျိုးအတွက် ရည်ရွယ်ချက်ကောင်းခဲ့တယ်။ အင်ပါယာကြီးတွေတည်ဆောက်ဖို့ စစ်မက်ပြုခဲ့ကြတဲ့ ဘုရင်တွေလည်း ရည်ရွယ်ရင်းတော့ ကောင်းချင်ကောင်းနိုင်ခဲ့တာကို ကျန်းရိမူရဲ့ ဟီးရိုးမှာ ကျွန်တော်တို့မြင်နိုင်တယ်။ ဒီကားကလည်း ဒီလိုပါပဲ… လုပ်ရပ်တွေမကောင်းပေမဲ့ ရည်ရွယ်လိုရင်းတွေ ကောင်းခဲ့ကြတဲ့လူတွေအကြောင်းပါပဲ။ သူတို့ရဲ့ ရည်ရွယ်ရင်းကတော့ အချစ်ပေါ့။ အချစ်ဟာ လူတွေကို ပိုကောင်းတဲ့လူတွေဖြစ်လာစေနိုင်သလို အဆိုးယုတ်ဆုံးလုပ်ရပ်တွေကိုလည်း လုပ်မိလာစေနိုင်တယ်။ ဒီဇာတ်လမ်းတွဲဟာ ဒီအကြောင်းကို အပိုင်းလေးပိုင်းနဲ့ တင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲပါပဲ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်)Size ~ 750MB+...

Ed Sheeran: The Sum of It All (2023-2023) ⭐IMDB: 8.3/10 (2 k Votes) 🎬 #Documentary #Biography #Music 🗓 2023-2023 🎞 tv mini series 📺 #1080p 💿 795.8 MB ⦿ 803.8 MB ⦿ 794.2 MB ⦿ 809.1 MB 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 34 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ed Sheeran: The Sum of It All (2023) CompleteEd Sheeran: The Sum of It All (2023) Mini Docu-Series  ~ IMDb – 8.3/10, Rotten Tomatoes – 100% ~ Ed Sheeran ပရိသတ်တွေ တောင်းဆိုထားကြတဲ့၊ ကျွန်တော်တို့ သိပ်ချစ်ရတဲ့ ဆံနီကောင်လေးရဲ့ ဘ၀ဇာတ်ကြောင်း Documentary လေး ရပါပြီ။ နေထိုင်မှုဘ၀မှာ ပုဂ္ဂိုလ်ရေး ဆန်လွန်းလှတဲ့ Ed ဟာ ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ လူမှုဘ၀ကို ပရိသတ်တွေဆီ ချပြလာပါပြီ။ Ed ကို ဆိုရင် ဂီတမှာ ပါရမီပါပြီး သူမတူတဲ့ ဖန်တီးမှုတွေ ပိုင်ဆိုင်ထားတဲ့ Pop အဆိုတော် တစ်ယောက်အဖြစ် လူသိများကြပါတယ်။ Ed ဟာ လွယ်လွယ်နဲ့တော့ ဒီနေရာကို ရောက်ခဲ့တာ မဟုတ်ပါဘူး။ မွေးရပ်မြေ Suffolk ကနေ ဂီတာတစ်လက်၊ သူ့ရဲ့ စီဒီတွေ ထည့်ထားတဲ့ လွယ်အိတ်တစ်လုံးလွယ်ပြီး လမ်းဘေးပွဲလေးတွေမှာ သူ့ရဲ့ အရည်အချင်းကို ချပြပြီး လွယ်အိတ်ထဲက စီဒီ‌တွေထုတ်ရောင်း၊ ရထားစီးရင်း တစ်နေရာ၀င် တစ်နေရာထွက်နဲ့ သူ့ရဲ့ ဂီတလမ်းကြောင်းကို အစပြုခဲ့ပါတယ်။ Ed ကို အခုလို အခြေအနေအထိရောက်အောင် တွန်းပို့ပေးခဲ့တဲ့သူကတော့ British အဆိုတော် တော်တော်များများရဲ့ အောင်မြင်မှုနဲ့ မကင်းတဲ့ Jamal Edwards ပါပဲ။ Ed ရဲ့ သီချင်းတွေကိုလည်း လူသိများအောင် Jamal ရဲ့ SBTV ချန်နယ်မှာတင်ပေးခဲ့ပြီး London မှာ နေစရာမရှိတဲ့ Ed ကိုပါ အိမ်ပေါ် တင်ပေးထားခဲ့ပါတယ်။ 2022 ဖေဖော်ဝါရီလဟာ Ed အတွက်တော့ အဆိုးဝါးဆုံးလလို့ ပြောလို့ရပါတယ်။ ဒုတိယ ရင်သွေး လွယ်ထားရတဲ့ ဇနီးသည် Cherry Seaborn ဟာ ကင်ဆာရှိတယ်လို့ ဓာတ်ခွဲခန်းအဖြေရခဲ့တဲ့အပြင် အချစ်ဆုံး သူငယ်ချင်း Jamal ကလည်း သိပ်မကြာခင်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ တစ်ပူပေါ် နှစ်ပူဆင့် Ed ရဲ့ 2014 မှာထွက်ရှိထားတဲ့ “Thinking out Loud” သီချင်းကို မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး တရားစွဲခံရတဲ့အမှုကြီး ရောက်ချလာပြန်တယ်။ သီချင်း ခိုးကူးတယ်လို့ စွပ်စွဲခံရတာဟာလဲ ဒီတစ်မှုတည်းနဲ့လည်း မပြီးသေးဘဲ နောက်ကနေ ဆက်တိုက် ပါလာခဲ့ပါတယ်။ ဒီလို အခက်အခဲတွေ ကြားကနေ ပေါက်ဖွားလာတဲ့ ရင်တွင်းဖြစ်သီချင်းတွေကိုလည်း သူ့ရဲ့ Subtract Album ကို နားထောင်ကြည့်ရင် သိနိုင်မှာပါ။ ဒီ Documentary မှာ ကျွန်တော်တို့ သိပ်ချစ်ရတဲ့ အဆိုတော် Ed Sheeran ရဲ့ အောင်မြင်မှုတွေ နောက်ကွယ်က ဒုက္ခတွေ၊ အကျပ်အတည်းတွေ၊ မိသားစု နဲ့ ဂီတ နှစ်ခုကြား ဟန်ချက်ညီအောင် ထိန်းရပုံတွေကို အပိုင်း (၄)ပိုင်းနဲ့ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဒိုကူစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Chuck ပဲဖြစ်ပါတယ်)Size ~ 750MB+...

A Safari Romance (2023) ⭐TMDB: 73.0% User Score 🎬 #Drama #Romance #TVMovie #Comedy 🗓 2023 🎞 movie 📺 #720p #1080p 💿 1.0 GB ⦿ 1.8 GB 🌎 #France #Canada #SouthAfrica ⏰ 1 နာရီ 25 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ Family movieမျိုးပါပဲ 2023ထွက်ကားဆိုပေမဲ့ ဇာတ်အိမ်နဲ့ ဒိုင်ယာလော့ခ်တွေက သိပ်ပြီးဆန်းတာမပါတော့ ကားဟောင်းတစ်ကားကိုပြန်ကြည့်ရသလိုမျိုးပဲ ဇာတ်လမ်းက ရိုးရှင်းပါတယ်။ အပန်းဖြေကွင်းဒီဇိုင်နာ တင်မ်နဲ့ သုတေသနပညာရှင်လည်းဖြစ် တောထိန်းတစ်ဦးလည်းဖြစ်တဲ့ မက်ဂန်တို့ ဆာဖာရီဥယျာဥ်ထဲဆုံကြရင်း ရင်းနှီးသွားကြတယ်။ ဒီလိုနဲ့ ဆာဖာရီဥယျာဥ်ဆီကို တင်မ်ရဲ့ရည်းစားဟောင်းအေမီထပ်ရောက်လာတယ် ။ တင်မ်ရော ဆမ်ရောက ကိုယ့်အလုပ်ကိုယ်မြတ်နိုးတဲ့သူတွေ၊ အေမီက exဆိုတော့ဇာတ်ညွှန်းအရ ဗီလိန်နေရာမှာပဲပေါ့။ ဇာတ်ညွှန်းအစအဆုံးက သမားရိုးကျဇာတ်လမ်းမျိုးပါပဲ။ ဆာဖာရီရဲ့ရိုးရာဓလေ့တွေတော့ ပါသင့်သလောက်ပါတယ် Actingအဆင်ပြေတယ်။ တစ်ကားလုံးနီးပါး settingကို ဆာဖာရီကိုအခြေခံထားပေမဲ့ တိရစ္ဆာန်အခန်းတွေအရမ်းမများဘူး အဝေးရိုက်ချက်တွေလောက်ပဲပါတယ်။ ဇာတ်လမ်းက Comedyမပါဘူး။ Romance/ Friendship/Drama သီးသန့်ပဲ။ ဇာတ်ကားကိုကြည့်သင့်တဲ့အချက်ကတော့ lightဖြစ်တဲ့ကားမျိုးကို ပိတ်ရက်မှာ အေးအေးချမ်းချမ်းကြည့်ချင်တဲ့ရက်မျိုးတွေဆို သင့်တော်ပါတယ်။...

What Happens in Vegas (2008) ⭐IMDB: 6.1/10 (184 k Votes) 🎬 #Comedy #Romance 🗓 2008 🎞 movie 📺 #720p #1080p 💿 1.2 GB ⦿ 2.1 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဗီးဂတ်စ်မှာ ဘာဖြစ်ခဲ့သလဲ ဆိုတဲ့ 2008ခုနှစ်ထွက် rom-com ရုပ်ရှင်မှာ မင်းသမီး Cameron Diaz နဲ့ မင်းသား Ashton Kutcher တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb 6.1/10 ရထားပြီး Box Officeမှာလည်း $219.3 millionရရှိထားလို့ အတော်အသင့်အောင်မြင်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Vegasမှာ တစ်ညလုံးပျော်ပျော်ပါးပါးကဲခဲ့ပြီးနောက်မှာ Jack နဲ့ Joy နဲ့က မူးမူးရူးရူးနဲ့ လက်ထပ်မိခဲ့ကြပါတယ်။ နောက်နေ့မနက် လောင်းကစားစက်မှာ နှစ်ယောက်လုံး ဒေါ်လာ ၃မီလီယံ ပေါက်သွားခဲ့ပြီး ဘာတွေဖြစ်ကြမလဲ ဆက်ကြည့်ရှုရမှာပါ။ မင်းသားနဲ့ မင်းသမီးရဲ့ ဘုနဲ့ဘောက် ဟာသတွေနဲ့အတူ rom-com ချစ်သူတို့ အကြိုက်တွေ့စေမှာပါ။...

Frank and Cindy (2015) ⭐IMDB: 6.1/10 (926 Votes) 🎬 #Comedy #Drama 🗓 2015 🎞 movie 📺 #720p #1080p 💿 697.6 MB ⦿ 1.8 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Comedy, DramaIMDB – 6.1/10 ဒါရိုက်တာ GJ Echternkamp က သူ့ ငယ်ဘဝအကြောင်းကို ရုပ်ရှင်အနေနဲ့ ပြန်ပြီး ရိုက်ကူးထားတဲ့ ဒရမ်မာဟာသ ဖြစ်ရပ်မှန်ကားလေး ဖြစ်ပါတယ်။ GJ ဆိုတဲ့ကောင်လေးဟာ ကောလိပ်ပြီးတော့ သူ့အမေအိမ်ကို ပြန်ရောက်လာပါတယ်။ သူ့အမေ စင်ဒီက သူ ငယ်စဉ်ကတည်းက နောက်အိမ်ထောင်နဲ့ ဖြစ်ပြီး ပထွေးဖြစ်သူ ဖရန့်ကလည်း အရင်တုန်းက နာမည်ကျော် တီးဝိုင်းထဲက ဖြစ်ပါတယ်။ သူ့အမေ စင်ဒီက အရက်သမားတစ်ယောက်ဆိုပေမဲ့ အခုတော့ ဖြတ်ထားတာ ၁၅ လလောက်ရှိပြီ ပြောပါတယ်။ ပထွေးဖြစ်သူ ဖရန့်ကတော့ ဘာအလုပ်မှ မလုပ်ပဲ တစ်နေကုန် အရက်သောက် ပြီးရင် မိန်းမဆူတာ ထိုင်ခံနေတဲ့ ဝတုတ် လူပေလူတေကြီးပေါ့လေ။ အဲဒီလိုဆူတယ်ဆိုတာလည်း သူ့အမေ ဖရန့်ကို လက်ထပ်တုန်းက နာမည်ကြီး တီးဝိုင်းထဲကဆိုတော့ မျက်နှာရမယ် ဂုဏ်ရှိတယ် ဆုပေးပွဲတွေ ဘာတွေတက်ရမယ် ထင်ပြီး ယူခဲ့ပြီးမှ ဖွတ်ထွက်မှ တောင်ပို့မှန်း သိတော့တာကိုး။ အဲဒီမှာတင် GJ တစ်ယောက် သူ ဝါသနာပါတဲ့ ကင်မရာနဲ့ သူတို့အိမ်ရဲ့ တစ်နေ့တာမှတ်တမ်းလေးတွေကို မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း GJ က ကောင်မလေးပွေပေမဲ့ ကိတ်ဆိုတဲ့ကောင်မလေးနဲ့ တွေ့ခဲ့ချိန်မှာတော့…။ ဒီလိုနဲ့ GJ တစ်ယောက်ရဲ့ မိသားစု၊အချစ်ရေးက ပျော်စရာ ကြည်နူးစရာ စိတ်ညစ်စရာ ဒုက္ခ စသဖြင့် ဖော်ကြူးထားတဲ့ ဒရမ်မာ ဟာသကားလေးပဲ ဖြစ်ပါတယ်။ မင်းသားကြီး Oliver Platt နဲ့ မင်းသမီးကြီး Rene Russo တို့ကတော့ ဝါရင့် သရုပ်ဆောင်တွေပီပီ ဇာတ်လမ်းကို အကောင်းဆုံး သရုပ်ဆောင်ပြသွားခဲ့တာပါ။ အကြိုက်ဆုံး ဒိုင်ယာလော့ခ်လေးတစ်ကြောင်းကတော့ “ဘဝမှာ နောင်တရမယ့်အရာမျိုး ဘယ်တော့မှ မလုပ်မိ/မဖြစ်ပါစေနဲ့” တဲ့။...

Premonition (2007) ⭐TMDB: 63.0% User Score 🎬 #Drama #Mystery #Thriller #Fantasy 🗓 2007 🎞 movie 📺 #720p #1080p 💿 725.4 MB ⦿ 1.5 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Quality….Webrip 1080p / 720pFormat…mp4Duration….01:36:00Genre…Thriller, Drama, MysterySubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Alias...