ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Billion Dollar Brain (1967) ⭐TMDB: 57.0% User Score 🎬 #Crime #Drama #HarryPalmerTrilogy #Thriller 🗓 1967 🎞 movie 🌎 #UnitedKingdom #UnitedKingdom ⏰ 1 နာရီ 49 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Billion Dollar Brain (1967) ~ IMDb – 6/10, Rotten Tomatoes – 50% ~ ဟယ်ရီပါလ်မာ Trilogy ရဲ့ ‌တတိယကားပါ။ တစ်ကားပြီးတစ်ကား ကြည့်ရင်း သိသာတဲ့ Character Development တစ်ခုကတော့ ဟယ်ရီပါလ်မာ စော်ပိုပိုကြည်လာတာပါပဲ။ ဒီ တတိယကားကိုတော့ The Devils, Women in Love နဲ့ Tommy တို့ရဲ့ ဒါရိုက်တာ Ken Russell က ရိုက်ကူးခဲ့တယ်။ သူရိုက်သမျှထဲ ဂယက်တော်တော်ထတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအနေနဲ့ ဟယ်ရီပါလ်မာ တစ်ယောက် ဘာလင်ကိစ္စအပြီးမှာ အလုပ်ထွက်ပြီး လန်ဒန်မှာ အလွတ်တမ်းစုံထောက်အနေနဲ့ အလုပ်လုပ်နေတာက စတယ်။ ဒါပေမဲ့ မင်းသားဆိုတော့ ပြဿနာတွေက လာလာရှာတာပေါ့လေ။ ကွန်ပျူတာအသံနဲ့ ဖုန်းတစ်လုံးက သူ့ကိုဆက်သွယ်လာပြီး ပစ္စည်းတစ်ခုကို လာပို့ပေးဖို့ပြောတယ်။ ဆရာသမားက ဘဏ္ဍာရေးထိခိုက်နေတယ်ဆိုတော့ ပိုက်ဆံရမယ်လည်းကြားကော ပို့ပေးတော့တာပေါ့။ ဖြစ်ချင်တော့ ပစ္စည်းလာပို့ခိုင်းတဲ့သူက သူ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်နေတယ်။ အဲဒီမှာ သူတို့ပေါင်းပြီး အလုပ်တွဲလုပ်ရင်း ငွေထုပ်ကြီးပိုက်မယ်လို့ ဆုံးဖြတ်လိုက်တာပေါ့။ သူတို့အလုပ်လုပ်ပေးရမယ့်လူက ဗိုလ်ချုပ်ကြီးမစ်ဝင်းတားဆိုတဲ့ အမေရိကန်က ကွန်မြူနစ်မုန်းတီးရေးသမားကြီးတစ်ယောက်။ သူက ဘီလျံဒေါ်လာတန် ကွန်ပျူတာကြီး တနည်းအားဖြင့် AI သဘောမျိုး ကိုသုံးပြီး ကမ္ဘာအနှံ့မှာ အေးဂျင့်တွေကို တာဝန်တွေပေးတယ်။ သူ့ရဲ့လက်ရှိမစ်ရှင်က ရုရှလက်အောက်ရောက်နေတဲ့ လက်ဗီယာနိုင်ငံက ကွန်မြူနစ်ဆန့်ကျင်ရေးသမားတွေကို ငွေအား လူအား လက်နက်အား တွေထောက်ပံ့ပြီး ရုရှတွေကို ပုန်ကန်‌ကြဖို့ပေါ့။ သူက ပါလ်မာတို့ကိုလည်း တာဝန်တွေပေးတယ်။ ဟိုလိုလုပ်ပါ။ ဒီလိုလုပ်ပါ ဘာညာပေါ့။ ဒါပေမဲ့ ပါလ်မာရုပ်ရှင်တွေထုံးစံအတိုင်း မြုပ်ကွက်တွေ တပတ်ရိုက်ကွက်တွေပါလာတဲ့အခါမှာတော့ ဘယ်သူတွေ အညာမိပြီး ဘယ်သူတွေနိုင်မလဲ။ ပါလ်မာကို ပို့ခိုင်းခဲ့တဲ့ ပစ္စည်းကကော ဘာလို့အရေးကြီးသလဲဆိုတာကို အထာကျကျ ပြသွားမယ့်ကားပါ။ ဒီတစ်ကားကတော့ ၃ ကားထဲမှာ သိပ္ပံအဆန်ဆုံးရုပ်ရှင်ပါပဲ။ Cast တွေကလည်း Karl Malden နဲ့ Ed Begley တို့လို ဆရာကြီးတွေပါဝင်ထားပါတယ်။ စိတ်မကောင်းစရာတစ်ခုအနေနဲ့ မင်းသမီးဖြစ်တဲ့ Françoise Dorléac ကတော့ ရုပ်ရှင် ရုံမတင်ခင် ၆ လ အလိုလောက်မှာ ကားမတော်တဆမှုတစ်ခုကြောင့် အသက် ၂၅နှစ်အရွယ်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ ဒါက သူ့ရဲ့ နောက်ဆုံးရုပ်ရှင်ပါ။ သိပ်ကိုနှမျောဖို့လည်းကောင်းပါတယ်။ ဂယက်တွေထခဲ့ရတဲ့အကြောင်းက ဒါရိုက်တာရွေးချယ်ခဲ့တဲ့နေရာမှာ လွဲချော်ခဲ့လို့ ဆိုတာပဲပြောရမယ်။ ဘာကြောင့်လဲဆိုတော့ ဒါရိုက်တာ Ken Russell ကို ခံစားချက်များများပါတဲ့ရုပ်ရှင်တွေမှာပဲ တော်တယ်၊ ဒီလို နည်းပညာအသားပေးတို့ဘာတို့မှာ အဆင်မပြေဘူးဆိုတဲ့ ဝေဖန်သံတွေရှိခဲ့တယ်။ သူ့အနေနဲ့လည်း မရိုက်ချင်ဘဲ ရိုက်ခဲ့ရတာ‌ဖြစ်ကြောင်းပြောခဲ့တာလည်းရှိတယ်။ ကောင်းခြင်းဆိုးခြင်းကတော့ ကြည့်တဲ့သူတွေကပဲ ဆုံးဖြတ်ရလိမ့်မယ်။အဆိုးဆုံးကတော့ ဒီရုပ်ရှင်မှာ ဆိုဗီယက်တွေကို လူကောင်းလိုလိုဘာလိုလိုရိုက်ထားတယ်ဆိုပြီး အမေရိကန်တွေက အသားကုန်နှက်ကြတာပဲ။ စစ်အေးကာလဆိုတော့ ပတ်ရမ်းရင်း ရုပ်ရှင်ကို ဇွတ်နာမ်နှိမ်ပစ်တာတွေလည်းရှိခဲ့တာပေါ့။ ဒီလိုဂယက်ပေါင်း သောင်းခြောက်ထောင်နဲ့ ဟယ်ရီပါလ်မာ Trilogy ကြီးဟာ တစ်နှစ်ကို တစ်ကား၊ တစ်ကားကို ဒါရိုက်တာတစ်ယောက် နဲ့ ကောင်းကောင်းရိုက်ကူးပြီးစီးခဲ့ပါတယ်။ ဗြိတိသျှ စပိုင်ရုပ်ရှင်တွေအကြောင်းပြောကြရင် Harry Palmer Trilogy ကလည်း Classic စပိုင်ရုပ်ရှင်တွေအနေနဲ့ အမြဲထည့်ပြောနေရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...

Halo (2022- ) ⭐IMDB: 7.2/10 (70 k Votes) 🎬 #Action #Adventure #SciFi #Fantasy #Thriller #War 🗓 2022- 🎞 tv series 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 48 မိနစ် 38 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Halo (2022)Halo ဆိုတာ ဒီမှာတော့လူသိနည်းလောက်ပေမယ့် တခြားနိုင်ငံတွေမှာ တော်တော်ကြီးအောင်မြင်ခဲ့တဲ့ Sci-fi ဂိမ်းစီးရီးဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်အတော်ကျယ်ပြန့်ခိုင်မာတာမို့ live action ဇာတ်လမ်းတွဲအဖြစ်ပြန်ပုံဖော်ခံရတာ ကွက်တိပဲလို့ပြောရမှာပါ။1883, Mayor of Kingstown တို့လိုအမိုက်စားစီးရီးတွေထုတ်ထားတဲ့ Paramount + ကဆိုတော့ အပြင်အဆင်အထူးပြုလုပ်ချက်ပိုင်းတွေ ရုပ်ရှင်ကားကြီးလိုဖြစ်နေမှာပြောစရာမလိုပါဘူး။ အပိုင်း ၉ ပိုင်းရှိပြီး တစ်ပတ်တစ်ပိုင်း ပြသသွားမှာဖြစ်ပါတယ်။ Halo အကြောင်းပြောရင် Master chief အကြောင်းကစပြောရမှာပါ။The witcher က Geralt၊ The mandalorian က Din Jarin တို့လို Halo မှာလည်း အပိုစကားတွေမပြောပဲ မျက်နှာမပြပဲ ပွဲကြမ်းတဲ့ master chief ခေါ် John-117 ရှိပါတယ်။ကလေးဘဝကတည်းက စူပါတပ်သားဖြစ်လာအောင် သင်တန်းပေး စမ်းသပ်ခံခဲ့ရသူတစ်ယောက်ပါ။Spartan လို့ခေါ်တဲ့ ထိုအထူးတပ်သားတွေကိုဖန်တီးရာမှာ စမ်းသပ်မှုဒဏ်တွေကို လူနည်းစုသာခံနိုင်ပြီး အသက်ရှင်နိုင်ပါတယ်။ Covenant ဆိုတဲ့ ဂြိုလ်သားမျိုးနွယ်အင်ပါယာကြီးဟာ Forerunner လို့ခေါ်တဲ့ရှေးဦးဂြိုလ်သားတွေဖန်တီးခဲ့တဲ့ Halo ယန္တရားကြီးတွေကို ထိန်းချုပ်နိုင်ဖို့ကြိုးစားရာမှ လူသားမျိုးနွယ်နဲ့ covenant စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး Master chief ဦးဆောင်တဲ့ Spartan တပ်သားတွေဟာ covenant တွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။...

Scam 2003: The Telgi Story (2023) ⭐TMDB: 80.0% User Score 🎬 #Drama #Crime 🗓 2023 🎞 movie 🌎 #India ⏰ 45 မိနစ် 58 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Scam 2003: The Telgi Story (2023)Scam 2003 (IMDb 8.1/10)အလိမ်အညာဘုရင် လူတကာမျက်ခုံးမွှေး စင်္ကြံလျှောက်တဲ့ လီယိုနာဒိုရဲ့ အက်ဘီးနေးလ်ဂျူနီယာဇာတ်လမ်း catch me if you can ကို မှတ်မိကြလားမသိဘူး ခုဇာတ်လမ်းလေးကလဲ အဲဒီလိုဖြစ်ရပ်မှန်အခြေခံ လူလိမ်ဇာတ်လမ်းကို စီးရီးနဲ့ အဝကြည့်ရမှာပါ Your browser does not support the video tag.အမေရိကန်များ ခဏနေပါ အိန္ဒိယမှာလည်း အဲ့လိုတစ်နိုင်ငံလုံးဂျင်းထည့်ပြီးတော့ လိမ်စားခဲ့တဲ့ ဖိုးတွမ်တီးဘုရင်တွေရှိပါတယ် ဘဝမှာအမြင့်ဆုံးကိုခုန်တက်ချင်ရင် စွန့်စားရတယ်တဲ့ ပိုက်ဆံဆိုတာ ရှာမယူရဘူး လုပ်ယူရတဲ့အရာပါတဲ့ဒါ ဒီထဲက အဓိကဇာတ်ဆောင် ဆရာကြီး အဘ်ဒူလ်တယ်ဂီက ပြောတာပါ သူက ၂၀၀၃ ခုနှစ်မှာ တံဆိပ်ခေါင်းတွေ အတုလုပ် ပတ်စ်ပို့တွေပါအတုလုပ်ပြီး နေရာအသီးသီး လူအသီးသီး ရာထူးအဆင့်ဆင့်ကို ဂျင်းပေါင်းစုံကျွေးပြီး တစ်နိုင်ငံလုံးရဲ့ ဘဏ္ဍာငွေကို ဖြတ်စားလတ်စား ကတုံးပေါ်ထိပ်ကွက်ခဲ့တာပါ သူက ခါနာပူရ်က ရထားတွဲလေးပေါ်မှာ စီးပွားရေးဘွဲ့ကြီးယူ ‌သစ်သီးရောင်းစားရာကနေ ကိုယ့်ဘဝကြီးကို မခံချင်စိတ်အပြည့်နဲ့ စီးပွားရေးပညာကို လက်တွေ့အသုံးချလိုက်တာ ဝန်ကြီးပါမကျန် အောက်က ပြာတာအဆုံး အကုန်လုံးပါ သူ့တော်ကီနဲ့အချုပ်ခံ ရူပီးကို ကုဋေနဲ့ချီပြီးကို နိုင်ငံ့ဘဏ္ဍာကနေ ထိုင်ဘုန်းပါတော့တယ်အဲ့လို ဆရာသမားရဲ့ ဉာဏ်သွားပုံကို ပရိသတ်အားလုံး လိမ်စားမယ်ဆိုရင်လဲ ပညာလေးယူ ဖိုးတွမ်တီးမလုပ်ချင်ရင်လဲ ကိုယ်ဂျင်းအထည့်မခံရအောင် ကြည့်ကိုကြည့်ရမယ် စီးရီးလေးဆိုတာ လက်တို့ပေးရင်း တင်ဆက်ပေးလိုက်ရပါတယ်ဒီစီးရီးရှေ့မှာ 2020 က ထွက်ခဲ့တဲ့ Scam S1 ကလဲ ဒီထဲကဂျင်းကောင်လိုပဲ တစ်နိုင်ငံလုံးရဲ့ စတော့တွေကို ဂျင်းထည့်လိမ်စားလာတဲ့သူတစ်ယောက်အကြောင်း ဖြစ်ပါတယ် အဲဒီတော့ခုစီးရီးက အိန္ဒိယလူလိမ်ကြီးများ season 2 လို့ညွှန်းဆိုပေးလိုက်ရပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Splash Splash Love (2015) ⭐TMDB: 82.0% User Score 🎬 #Asian #Drama #Romance #Comedy 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 8 မိနစ် 42 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇတ်လမ်းလေး က တော့ လက်ရှိ ရှိနေတဲ့ ခေတ်ကနေ ဂျိုဆွန်း ခေတ်ကို ရောက်ရှိသွားတဲ့ အထက်တန်းကျောင်းသူ ဂျန်ဒါဘီ ရဲ့ အကြောင်းလေးပေါ့… သူမ ဟာ ကျောင်းစာကို ပေါ့ပျက်ပျက်သာ လုပ်တက်ပြီး ဘ၀ ကို ရိုးရိုးလေး ဖြတ်သန်းချင်တဲ့ သူ တစ်ဦးပေါ့… အဲ့ဒီလိုနေလာရင်းနဲ့ တစ်ရက်မှာတော့ အတန်းတင် စာမေးပွဲဖြေဆိုရမယ့်အချိန် ရောက်ရှိလာတဲ့အခါ စာတွေ မရ အနှိမ်ခံရတဲ့ ကျောင်းသူလေးက ကျောင်းခန်းထဲက ထွက်လာပြီး မိုးရေတွေထဲ ပြေးရင်း ရေအိုင်လေး တစ်ခုထဲ ခုန်ဝင်လိုက်တဲ့ အခါ ခေတ်နောက်ပြန် ဂျိုဆွန်း ခေတ်ကို ရောက်ရှိသွားပြီး မိုးခေါင်ရေရှားတဲ့ ပြသနာကို ဖြေရှင်းပေးဖို့ ဘုရားသခင် က လွှတ်ပေးလိုက်တဲ့သူ အဖြစ် ရောက်ရှိသွားပါတော့တယ်...

Red Rock West (1993) ⭐TMDB: 67.0% User Score 🎬 #Crime #Drama #Thriller 🗓 1993 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Red Rock West (1993)================IMDb Rating – 7.0/10 ဒီဇာတ်လမ်းမှာတော့ မိုက်ကယ်ဆိုတဲ့အမျိုးသားတစ်ဦးက ပိုက်ဆံမရှိလို့ အလုပ်ရှာရင်း တက်ဆာကနေကားတစ်စီးနဲ့လာခဲ့တယ်။ သူကျောက်ခဲနီမြို့(Red Rock)ကိုရောက်တော့ အလုပ်အရမ်းလိုနေတာနဲ့ ဘားပိုင်ရှင်ဝိန်းဆီမှာ လိမ်ပြီး ဘာအလုပ်မှန်းမသိခင် လက်ခံလိုက်တယ်။ နောက်မှ သိလိုက်ရတာ သူလက်ခံလိုက်တဲ့အလုပ်ကဘားပိုင်ရှင်ဝိန်းရဲ့မိန်းမ ဆူဇန်ကို သတ်ဖို့ဖြစ်နေ​​လေရဲ့။ မိုက်ကယ်လည်း ကြေးစားလူသတ်သမားဟန်ဆောင်ပြီး လက်ခံခဲ့တာမို့ အလိမ်မပေါ်အောင် ပြန်ငြင်းလို့လည်းမရ ရထားတဲ့ပိုက်ဆံကလည်း အများကြီးဆိုတော့ ဘာတွေဆက်လုပ်ပြီး ထွက်ပြေးရမလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ ဒီဇာတ်လမ်းမှာ မိုက်ကယ်အဖြစ် မင်းသားကြီး Nicolas Cage ကသရုပ်ဆောင်ထားပြီး IMDb Rating 7.0 နဲ့ Rotten tomatoes 97%ရရှိထားတဲ့ Nicolas ရဲ့ ကားကောင်းကားဟောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...

The Love Story (2022) ⭐TMDB: 0.0% User Score 🎬 #Comedy #Romance 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ချစ်ပရိသတ်တွေအတွက် ရယ်စရာ မောစရာ ဟာသပညာပေးဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…အခုလို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ live လွှင့်ခြင်းအနုပညာဟာ ရိုးရာတစ်ခုလို ဖြစ်လာပါပြီ ဒီဇာတ်ကားလေးထဲမှာလဲ ဆောက်လုပ်ရေးက နေ့စားသမားလေးဟာဆိုရင်အရက်မူးပြီး သူ့ကို လောင်ကုန်း လောင်ကုန်းခေါ် ချွဲနေတဲ့အွန်လိုင်းက ချွမ်ရှောင်းကို သူ့ကို သူဌေးက အားလုံးအတွက်ပေးဖို့ ပေးထားတဲ့ အလုပ်လစာ ၂ သိန်းကိုမူးမူးနဲ့ လက်ဆောင်တွေ ပေးလိုက်တယ်လေ… အဲ့တာကို ပြန်တောင်းဖို့ကြိုးစားချိန်မှာပဲ ချွမ်ရှောင်းကလည်းသူ့ဆီကို တခြားအကြံတစ်ခုနဲ့ ကပ်လာတာကြောင့်သူတို့ ၂ ဦးသား ခရီးတစ်ခုကို အစီစဉ်မရှိ ရုတ်တရက် ထွက်သွားဖြစ်ခဲ့တာပေါ့… ကဲ ချွမ်ရှောင်းက ဘာအကြံနဲ့ သူ့ဆီချဉ်းကပ်တာလဲ…နောက်ပြီး အကြံစည် အောင်မြင်မှာလား…ဒီခရီးလမ်းက ဘယ်လို ပြီးဆုံးမှာလဲ…ကဲ ဇာတ်ကားလေးကြည့်ရင်း အဖြေဖော်ထုတ်လိုက်ကြရအောင်...

Hu Ane Tu (2023) ⭐IMDB: 8.4/10 (112 Votes) 🎬 #Bollywood #Drama #Comedy #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 7 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hu ane Tu (2023) “တစ်လိမ် နှစ်လိမ်”IMDb-8.4/10 အချစ်ဆိုတာ လူငယ်တွေပဲကြည်နူးခံစားတတ်တဲ့အရာတဲ့လား…. အူမီ့ရှ်ဟာ ဇနီးသည်ဆုံးသွားပြီးနောက် သားဖြစ်သူတေဂျာ့စ်ကို တစ်ယောက်တည်းပျိုးထောင်လာတဲ့သူ တေဂျာ့စ်တစ်ယောက်အရွယ်ရောက်လာချိန် ရီဗာဆိုတဲ့ကောင်မလေးနဲ့ချစ်ကြိုးသွယ်မိတယ်တစ်ဖက်မှာလည်း ဖခင်ဖြစ်သူကကီတကီဆိုတဲ့ ငယ်ချစ်ဦးနဲ့ ပြန်တွေ့ပြီးချစ်ခြင်းတစ်ဖန်ပြန်လည်လန်းဆန်းလာတော့တယ် နားလည်မှုရှိတဲ့သားဖြစ်သူဟာဖခင်ရဲ့ အချစ်သစ်အတွက် ကြည်ဖြူသဘောတူအဖေကလည်းသားအလိုကျနဲ့ သူတို့ဘဝကြည်နူးသာယာချိန်မှာမထင်မှတ်တဲ့ အလွဲတွေတစ်ခုပြီးတစ်ခုပေါ်လာချိန်မှာတော့…. လန်းဆန်းတက်ကြွနေတဲ့ လူငယ်အချစ်နဲ့ နှစ်ရှည်ထိန်းသိမ်းလာရပြီးမှပွင့်လင်းထွက်ပေါ်လာတဲ့ လူကြီးနှစ်ယောက်ရဲ့အချစ်တွေအလွဲအချော်ဟာသလေးတွေနဲ့ ခံစားကြည့်ပါဦး (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

That Winter, the Wind Blows (2013) ⭐TMDB: 71.0% User Score 🎬 #Drama 🗓 2013 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 5 မိနစ် 45 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 That Winter, the Wind Blows (2013)That Winter, the Wind Blows (2013)********************************* Your browser does not support the video tag.အပိုင်း (၁ မှ ၁၆) စ / ဆုံး အိုဆူး(Jo In Sung)ကတော့ ဒုစရိုက်ကို ခုန်မင်ကာဘဝကို ပေါ့ပျက်ပျက်တွေးရင်း ရှင်သန်နေသူတစ်ဦးဖြစ်ပါတယ်။အိုယောင်း(Song Hye Gyo)ကတော့ မျက်မမြင်သူဌေးသမီးလေးဖြစ်ပြီးငယ်စဉ်အခါက ကွဲကွာသွားတဲ့ အစ်ကိုဖြစ်သူကို လိုက်လံရှာဖွေနေတဲ့ ကောင်မလေးပေါ့။တစ်နေ့မှာ‌တော့ အိုဆူးတစ်ယောက် ဒုစရိုက်လောကရဲ့ ထုံးစံအတိုင်းအရှုပ်အထွေးကြားထဲကို ကျရောက်ပြီး ပိုက်ဆံလိုလာပါတော့တယ်။အဲဒီအချိန်မှာပဲ အစ်ကိုဖြစ်သူကို ရှာ‌နေတဲ့ အိုယောင်းနဲ့တွေ့ပြီးအစ်ကိုဖြစ်သူနဲ့ နာမည်တူနေတာကို သိသွားတဲ့ အိုဆူးတစ်ယောက်သူ့အခက်အခဲကို ဖြေရှင်းဖို့အတွက် အိုယောင်းကို အသုံးချဖို့ကြံပါတော့တယ်…။ ကိုယ်စီ ကိုယ်စီ အချစ်ကို မယုံကြည်ကြတဲ့ လူနှစ်ယောက် ဆုံတွေ့ဖို့ ဖြစ်လာပြီးအခက်အခဲတွေကြားကနေ အချစ်စစ်ကို ဘယ်လိုရှာဖွေ့တွေ့ရှိသွားကြမလဲဆိုတာကိုလှလှပပ ဖော်ကျူးထားတဲ့ Melodrama လေးပဲ ဖြစ်ပါတယ်။ Cast ‌တွေကလည်း တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသား မင်းသမီးတွေဖြစ်ကြတဲ့Jo In Sung၊ Song Hye Gyoနဲ့ Kim Bum‌တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး2013ခုနှစ် SBS Drama Awards ဆုပေးပွဲမှာလည်း Song Hye Gyoနဲ့ Jo In Sungတို့ဆုတွေအသီးသီး ဆွတ်ခူးခဲ့ကြတဲ့ စီးရီးကောင်းတစ်ခုလည်းဖြစ်ပါတယ်။ (အညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။)...

Quiz Lady (2023) ⭐IMDB: 6.8/10 (3 k Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Quiz Lady ရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ်ထွက် ဟာသ ဇာတ်မြူးကားလေး တစ်ကားဖြစ်ပါတယ်. ဒီဇာတ်ကားမှာက တကယ့် လူသိများ မင်းသားမင်းသမီးတွေဖြစ်တဲ့ Grey Anatomy က Sandra Oh, Crazy Rich Asians ထဲက Awkwafina, သက်ကြီးပိုင်း ဆရာကြီးတွေဖြစ်တဲ့ Will Ferrel, Holland Taylor တို့ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်.. ဇာတ်ကားလေးက ဟာသကားဆိုပေမဲ့ ကလိထိုးရယ်ခိုင်းတာမျိူး မဟုတ်ပဲ သူတိ့ကို ကြည့်ရင် တစိမ့်စိမ့်သဘောကျလာလို့ ရယ်မောပျော်ရွှင်နေရမဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေး ပြောပြရမယ်ဆိုရင်တော့ မင်းသမီးအန်းဟာ ငယ်ငယ်လေးကတည်းက TV က လာတဲ့ Quiz အစီအစဥ်တစ်ခုကို နေ့စဥ့် မပြတ်ကြည့်ပြီး ကြီးပြင်းလာတဲ့ အသက် ၃၀ကျော်အရွယ် အူတူတူကောင်မလေး တစ်ယောက်ဖြစ်ပါတယ်။ သူ့အမေကတော့ သူမကို အကြွေးတွေနဲ့ထားခဲ့ပြီး သူနေထိုင်ရာ လူအိုရုံကနေပါ ပြေးသွားခဲ့ပါတယ်။ လုပ်သမျှ မဖြစ်ထွန်းတဲ့ သူအစ်မနဲ့ ပြန်ဆုံစည်းပြီး အမေဖြစ်သူရဲ့ အမွေဆိုးကို ရင်ဆိုင်ဖြေရှင်းရတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးတစ်လျှောက်လုံးမှာ မြင်တွေ့ရမှာ ကတော့ မင်းသမီးရဲ့ Character development, သူ့အစ်မရဲ့ အစ်မတစ်ယောက်ရဲ့ ချစ်ချင်းမေတ္တာတွေ  ရုပ်သံအစီအစဥ်တွေရဲ့ နောက်ကွယ်မှာ ဘယ်လိုတွေ ရှိမလဲ ဆိုတာတွေကို ဟာသဆန်ဆန် ပျော်ရွှင်ဖွယ်ကောင်းအောင် ရိုက်ပြထားပါတယ်. စိတ်ညစ်နေတဲ့ သူငယ်ချင်းတို့ ကြည့်လိုက်မယ်ဆိုရင် ဇာတ်ကားအဆုံးမှာ ပျော်ပြီး ကျန်နေစေရမယ်လို့ အာမခံလိုက်ပါတယ်...

Gurren Lagann the Movie: Childhood's End (2008) ⭐IMDB: 7.7/10 (2 k Votes) 🎬 #Action #Animation #Comedy #Drama #SciFi 🗓 2008 🎞 movie 🌎 #Japan ⏰ 1 နာရီ 53 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gurren Lagann the Movie: Childhood’s End (2008)==================================== 2008 ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-fi Anime လေးပဲဖြစ်ပါတယ်။ Actionmecha anime ဖြစ်တဲ့အပြင်ကိုမှ Art style နဲ့ Animation qualityအရမ်းကောင်းပြီး Screen transition တွေ Smooth ဖြစ်တဲ့အချက်နဲ့ပါနာမည်ကြီးခဲ့တဲ့ Anime movie တစ်ခုဆိုရင်လည်း မမှားပါဘူး။ဇာတ်အိမ်ကောင်းမွန်မှုကြောင့် Netflix ရဲ့ Second Best Anime လည်းဖြစ်ခဲ့ပါသေးတယ်။ ” ကောင်းကင်ဘုံကိုဖောက်မယ့်လွန်သွား ” ဆိုတာကတော့ ….. Giha ရွာကအညတရ မိဘမဲ့လေး Simon ကို ညီအစ်ကိုလိုနေလာတဲ့ ဘဝတူချဉ်ဖတ်Kamina အားပေးနေကျစကား။ လူသားတွေအားလုံး မြေပြင်ပေါ်ကနေအပြီးအပိုင်နှင်ထုတ်ခံလိုက်ရပြီး မြေအောက်မှာပဲ တွင်းတွေတူး၊ ရွာလေးတွေတည်ပြီးနေနေကြရတဲ့ အကြောင်းအရင်းကို ဘယ်သူမှသေချာမသိကြပါဘူး။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ” မြေပေါ်ကို တက်လို့မဖြစ်ဘူး ”ဆိုတဲ့ အမှာစကားတစ်ခုပဲ ကျန်ခဲ့တဲ့အပြင် ဘယ်သူကမှလည်း ရွာရဲ့မျက်နှာကျက်ကိုဖောက်ပြီး ဘာတွေရှိမှန်းမသိတဲ့ မြေမျက်နှာ​​​ပြင်ဆိုတာကြီးပေါ်ကိုတက်ဖို့စိတ်ကူးမရှိကြပါဘူး။ အကြောင်းအရင်း ဂဃနဏမသိရဘဲ မရှိတဲ့အရာကို မှန်းကြောက်ပြီး မြေအောက်ထဲမှာပဲ ပိန်းပိတ်ပုန်းကွယ်နေရတဲ့ဘဝကနေ လွတ်​မြောက်ဖို့ကြိုးစားနေတာကတော့ Kamina ပါ။ Kamina တစ်​ယောက် ဘာမထီလောင်းကျော်လုပ်လို့ကောင်းနေပေမယ့် Simon ကတော့ ငလျင်ကြောင့် မိဘတွေကို ဆုံးရှုံးလိုက်ရသူပီပီ စိတ်ဒဏ်ရာကြီးသလို အကြောက်လည်းကြီးပါတယ်။ တစ်နေ့မှာတော့ Simonလွန်သွားကိုအားကိုးပြီး မြေပေါ်ကိုဖောက်တက်ဖို့လုပ်လို့ ရွာလူကြီးနဲ့ Kaminaတို့တစ်သိုက် အချေအတင်ဖြစ်နေတုန်း စက်ရုပ်မျက်နှာကြီးတစ်ခုက ရွာပေါ်ကိုဖောက်ဝင်ချလာပါတော့တယ်။ မျက်စိပိတ်နားပိတ်နေခဲ့ကြရလို့ စက်ရုပ်လား၊သရဲလားမကွဲဖြစ်နေကြ ချိန်မှာ မြေပေါ်ကနေ လက်နက်ဆန်းနဲ့ မိန်းကလေးတစ်ယောက်ရောက်လာပြီး Kamina တို့နဲ့အတူ စက်ရုပ်ကြီးကို ကူတိုက်ပေးပြီးတဲ့နောက် မြေပေါ်မှာ ရွာသားတချို့ရှိကြောင်းနဲ့ စက်ရုပ်ကြီးတွေကို “Gunmen”လို့ခေါ်ကြောင်းပါ ပြောပြပါတယ်။ သူစိမ်းမိန်းက​လေး Yoko နဲ့အတူ မြေပေါ်ကိုလိုက်လာပြီး ကောင်းကင်နဲ့ လေထုကို မြည်းစမ်းကြည့်ဖူးသွားတဲ့ Kamina နဲ့Simon တို့ လွတ်လပ်မှုအတွက် အားမမျှတဲ့ရန်သူကို တိုက်ထုတ်ရင်းနေသွားကြဖို့ဖြစ်လာပါတော့တယ်။ ဒီကားလေးနဲ့ Genre တူ “Gundam” နဲ့ “Darling in the franxx” fan တွေ ကြိုက်နှစ်သက်ကြလောက်မယ့် Movie လေးဖြစ်လို့ Brotherhood ၊ Romance ၊ Actionနဲ့ Comedy ရသစုံတဲ့ Sci-fi လေးကို Try ကြည့်ကြဖို့ Recommend ပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...

Pain Hustlers (2023) ⭐IMDB: 6.5/10 (16 k Votes) 🎬 #Crime #Drama 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pain Hustlers (2023) “ဆရာဝန်ဆိုတာလည်း လူတိုင်းလိုပဲ လောဘကြီးပြီး တဏှာရူးတာပါပဲ”တဲ့။ ဒီသဘောတရားကိုလက်ကိုင်ထားပြီး မီလီယံဖြစ်သွားခဲ့တဲ့ ဆေးကုမ္ပဏီတွေအကြောင်း ပြသထားတာပါ။ ဆေးကုမ္ပဏီတွေရဲ့အမြတ်ဟာ ဆေးတွေရောင်းရရင် အရမ်းကိုကြီးပါတယ်၊ ဝန်ထမ်းတွေအတွက်ကော်မရှင်ကလည်း အရမ်းကိုများပါတယ်။ ဒီတော့ ဆရာဝန်တွေ သူတို့ဆေးတွေကို ညွှန်းပေးဖို့ စည်းရုံးရပါတယ်။ အပြိုင်တွေများလွန်းတဲ့အခါ ရိုးရိုးစည်းရုံးရမဲ့အစား မက်လုံးပေးတာတွေ လာဘ်ထိုးတာတွေ မြူဆွယ်တာတွေ ပါလာပါတော့တယ်။တကယ်တော့ ဆရာဝန်တွေကို ဆေးညွှန်းပေးဖို့ လာဘ်ထိုးခွင့်မရှိပါဘူး။ လာဘ်ထိုးရင် အရေးယူခံရပါတယ်။ ဒါဆို လာဘ်မထိုးဘဲ ဆေးဝါးမိတ်ဆက်ပွဲတွေမှာ ရှင်းလင်းပြောကြားပေးဖို့ ဖိတ်ပြီး ဉာဏ်ပူဇော်ခပေးလိုက်ရင်ရော။ ဒီလိုပွဲတွေကို ရိုးရိုးမလုပ်ဘဲ ကမ်းခြေတွေ ဟိုတယ်တွေမှာ အစားကောင်းအသောက်ကောင်းတွေ၊ ဆော် ဘဲ အလန်းလေးတွေနဲ့ လုပ်ပေးလိုက်ရင်တော့ လာဘ်ထိုးတာမဟုတ်တော့ဘူးပေါ့။ ဒီနည်းနဲ့ မီလီယံနာဖြစ်လာတဲ့ ဆေးကုမ္ပဏီတစ်ခုရဲ့လက်ချက်ကြောင့် သူတို့ထုတ်တဲ့ ဘိန်းပါတဲ့ဆေးတွေစွဲပြီး ဆေးလွန်ပြီး လူသေမှုတွေအထိ ဖြစ်လာတဲ့အကြောင်းကို ပြသထားတာပါ။ ဒါဟာ အမေရိကန်ရဲ့ ဖြစ်ရပ်မှန် ဆေးဝါးလောက အရှုပ်တော်ပုံအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ ခရစ်အီဗန် နဲ့ အမ်မလီဘလန့်တို့ ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဘယ်ဖြစ်ရပ်မှန်လဲဆိုတော့ အမေရိကန်ရဲ့ ဘိန်းစွဲကပ်ဘေးလို့ခေါ်တဲ့ Opioid Crisis ကာလ (၁၉၉၉-၂၀၁၆) အတွင်းကို အခြေခံထားတာပါ။ လူပေါင်း ၄၅၀၀၀၀ လောက် ဘိန်းပါတဲ့ဆေးဝါးတွေကြောင့် သေဆုံးခဲ့ရတဲ့ကာလလည်းဖြစ်ပါတယ်။ အဲဒီကာလမှာ လမ်းပေါ်က မူးယစ်ဆေးတွေအပြင် ဘိန်းပါတဲ့ဆေးတွေကို မဆင်မခြင်ညွှန်းခဲ့တဲ့ ဆရာဝန်တွေကြောင့်လည်းဖြစ်ခဲ့တာပါ။ အဲဒီအမှုအခင်းနောက်ပိုင်းမှာ ဆေးဝါးမသမာမှုတွေ အနည်းငယ်လျော့နည်းသွားပေမဲ့ သဘောတရားကတော့ ဒီနေ့ခေတ်အထိ တစ်ကမ္ဘာလုံးမှာ ပြန့်နှံနေတုန်းပါပဲ။ အခုချိန်ထိ ကမ္ဘာအနှံ့က ဆရာဝန်တွေဟာ ဆေးပေးဖို့ ရွေးချယ်တဲ့အခါ ဆေးဘရန်းပေါင်းများစွာထဲက သူတို့လက်စွဲဘရန်းတွေကိုပဲ သီးသီးသန့်သန့်ညွှန်းနေကြတတ်တုန်းပါပဲ။ အချို့ဆရာဝန်တွေဟာ ကျင့်ဝတ်အတိုင်း သင့်တော်တဲ့ ဆေးကိုရွေးပေမဲ့ အချို့ကတော့ အခွင့်အရေးပေးတာများတဲ့ ဈေးပိုကြီးတဲ့ဆေးတွေကိုပဲ လက်စွဲထားပြီး ညွှန်းနေကြတုန်းပါပဲ။ ဆရာဝန်တစ်ယောက်ဟာ Vitamin-C လို အားဆေးလေးကိုတောင် ဘရန်းတစ်ခုတည်းပဲ စွဲစွဲမြဲမြဲညွှန်းပေးရင် အားဆေးကုမ္ပဏီက နောက်ဆုံးပေါ် အိုင်ဖုန်းတွေ ထွက်တိုင်းလက်ဆောင်ပေးတဲ့အထိ စွမ်းပါတယ်။ အခြားဆေးတွေဆိုရင် တွေးကြည့်လို့ရမှာပါ။ ဆေးကုမ္ပဏီဝန်ထမ်းကို ငယ်ငယ်ချောချောလေးတွေ ရွေးခန့်တာကလည်း… (အရည်အချင်းနဲ့ သွက်သက်လက်လက်ရှိလို့ရွေးရင်းတိုက်ဆိုင်သွားတာ ပြောတာပါ)။ ဆိုတော့က ဒီရုပ်ရှင်ကိုတော့ Crime, Drama, Dark Comedy ကောင်းတစ်ခုပါလို့ပဲ ညွှန်းချင်ပါတယ်။ ကြည့်ရင်း တရားပေါက်လာဖို့ တင်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)...

Power Rangers Samurai: Clash of the Red Rangers - The Movie (2013) ⭐IMDB: 6.1/10 (151 Votes) 🎬 #Action #Adventure #Family #Comedy #ScienceFiction #Fantasy #SciFi 🗓 2013 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 47 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Power Rangers Samurai: Clash of the Red Rangers – The Movie (2011)=================================================IMDb Rating – 6.1/10 ဒီဇာတ်ကားမှာတော့ Power Rangers Samurai တွေနဲ့ RPM Rangersတွေကြားက Crossover ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Professor Cog နဲ့Scott Truman တို့ရင်ဆိုင်တိုက်ခိုက်ရာကနေ Professor Cog ကစကော့ကို လှည့်စားပြီး တစ်ခြားကမ္ဘာကိုထွက်ပြေးလွတ်မြောက်သွားပါတယ်။ အဲ့ဒီနောက် Samurai Rangers တွေရဲ့ကမ္ဘာကို ရထားတစ်စင်းနဲ့ရောက်ရှိလာပြီး Master Xandred ရဲ့မြေအောက်လောကကိုသွားဖို့ကြိုးစားနေပါတယ်။Samurai Rangers တွေကလည်း Master Xandred ရဲ့လက်ပါးစေတွေနဲ့တိုက်ခိုက်နေရတဲ့အချိန်မှာ RPM Ranger Red ရောက်ရှိလာပြီး သူတို့ကိုကူညီပေးခဲ့ပါတယ်။ အချင်းချင်းမိတ်ဆက်ရင်းနှီးသွားရာကနေ သူတို့ဟာဘုံရန်သူတွေကို ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် Professor Cog နဲ့ MasterXandred သူတို့ရဲ့လက်အောက်ခံတပ်ဖွဲ့တွေကိုပါ မဟာမိတ်ဖွဲ့ပူးပေါင်းတိုက်ခိုက်ကြမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...

The Crime Is Mine (2023) ⭐IMDB: 6.6/10 (3 k Votes) 🎬 #Comedy #Crime #Mystery 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 43 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Crime is Mine (2023) ၂၀၂၃ မှာ ထွက်ရှိလာတဲ့ Drama/ Comedy အမျိုးအစား ပြင်သစ်ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေးချင်ပါတယ်။IMDb rating 6.6 နဲ့ Rotten Tomatoes 100% ရရှိထားတာပါ။တကယ်လည်း ရယ်ရသလို၊ တော်တော်လည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လေးမို့လို့ အချိန်ပေးရကျိုးနပ်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ပေါ်လင်းနဲ့ မက်ဒလိန်းတို့ဟာ ဘဝကို ရုန်းကန်နေရတဲ့ သူငယ်ချင်း နှစ်ယောက်ပါ။တိုက်ခန်းကျဉ်းကျဉ်းလေး ငှားနေရင် ငှားခလည်းမပေးနိုင်၊ အကြွေးတွေလည်း တင်နေတာမို့ အကြွေးရှင်တွေကလည်း ပတ်ပတ်လည်ဝိုင်းနေပါတယ်။မက်ဒလိန်းကတော့ နာမည်မကြီးတဲ့ သရုပ်ဆောင် မင်းသမီးတစ်ယောက်ပါ၊ပေါ်လင်းကတော့ ရှေ့နေမလေးပါ။မက်ဒလိန်းကို နာမည်ကြီး ထုတ်လုပ်သူ တစ်ယောက်ဖြစ်တဲ့ မွန်ဖဲအ်ဟုန်က ပြဇာတ်မှာ ဇာတ်ကောင်တစ်နေရာ ပေးမယ်ဆိုပြီးသူ့အိမ်ကိုခေါ်ကာ မတော်တရားလုပ်ဖို့ ကြံပါတာမို့ မက်ဒလိန်းလည်း ထွက်ပြေးခဲ့ရပါတယ်။နောက်တစ်နေ့မှာ မက်ဒလိန်း ထွက်ပြေးပြီးမကြာခင် မွန်ဖဲအ်ဟုန် အသတ်ခံလိုက်ရကြောင်း သူတို့ သိသွားခဲ့ပါတယ်။နာမည်ကြီးအောင်လို့ သူငယ်ချင်း ၂ ယောက်ပေါင်းပြီး မွန်ဖဲအ်ဟုန်ကို သတ်လိုက်တာ မက်ဒလိန်းဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။အဲလိုကနေ သူတို့ ၂ ယောက် ဘဝတွေပြောင်းလဲမယ့် အချိုးအကွေ့ ဖြစ်လာပါတော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။...

Honey, I Shrunk the Kids (1989) ⭐TMDB: 63.0% User Score 🎬 #Adventure #Comedy #Family #SciFi #ScienceFiction 🗓 1989 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Honey, I Shrunk the Kids (1989)=======================IMDb Rating – 6.4/10 ကာတွန်းစာအုပ်တစ်ခုကနေ Live Action ရိုက်ပြီး ဝက်ဝက်ကွဲအောင်မြင်သွားတဲ့ သိပ္ပံစိတ်ကူးယဉ် ဟာသ မိသားစုဇာတ်လမ်းတစ်ခု ဟောလိဝုဒ်နဲ့ဒစ်စနေး ရုပ်ရှင်သမိုင်းမှာ ရှိခဲ့ဖူးပါတယ်။ လုံးဝမမျှော်လင့်ထားပဲ ဝင်ငွေအရ အမြတ်အစွန်းကြီးသွားလို့ အတည်အခံ့ ရုပ်ရှင်ကြီးတွေကြားမှာတောင်ဝင်ငွေအကောင်းဆုံးကားတွေထဲ ကန့်လန့် ကန့်လန့် ပါသွားသေးတယ်။ပထမကတော့ ရုပ်ရှင်ဆက်တင်တွေကို အသေးစိတ် ဖန်တီးထားပုံပါ။ ဒီဘက်ခေတ်လို CGI တွေ တစ်လှေကြီးနဲ့ နုရွဖုထနေတာမျိုးမဟုတ်ဘဲ တစ်ခုချင်းစီကအစ သေသေချာချာ လုပ်ထားရတာမလို့ အထင်ကြီးမိပါတယ်။ဒုတိယကတော့ မိသားစုဇာတ်လမ်းပီပီ စိတ်ထားသင်ခန်းစာတွေ၊ မိဘနဲ့သားသမီးကြားက အထင်အမြင်လွဲပုံလေးတွေ၊ မောင်နှမတွေကြားထဲကအချစ်တွေကို လှလှပပ ကြည့်ရဦးမှာပါ။ အဲဒါနဲ့ပဲ တီဗီဇာတ်လမ်းတွဲတွေ၊ sequel ရုပ်ရှင်တွေ ဆက်ထွက်လာခဲ့တဲ့အမှိုက်ထဲကရွှေဖြစ်ဇာတ်ကားပေါ့။ ဒီဇာတ်ကားကို Young Sheldon ထဲမှာမစ်စီ က တဖွဖွ ထည့်ပြောနေတာ သတိထားမိမှာပါ။ Honey I Shrunkthe Kids တဲ့။ ဇာတ်လမ်းကတော့ မအောင်မြင်တဲ့ သိပ္ပံပညာရှင်တစ်ယောက်က အရာဝတ္ထုတွေကို မူလအရွယ်အစားကနေ သေးသွားအောင် ချုံ့ချင်နေတာပါ။ သူ့ရဲ့ရည်ရွယ်ချက်က အာကသခရီးတွေမှာ ပစ္စည်းများများစားစား ယဉ်ပေါ်တင်လို့ ရနိုင်ဖို့ပေါ့။ ဒါပေမဲ့ သူ့စက်က မအောင်မမြင် ဖြစ်နေတုန်း သူ့ရဲ့သားနဲ့သမီးရယ်အိမ်နီးချင်းလင်မယားရဲ့ သားတော်မောင်နှစ်ယောက်ရယ်တို့ဟာ မတော်တဆစက်ရဲ့ပစ်ကွင်းထဲရောက်ပြီး အချုံ့ခံလိုက်ရပါတယ်။ သိပ္ပံပညာရှင်က ဒါကိုမသိလိုက်ဘဲ ကလေးတွေကို အမှိုက်တွေနဲ့တကွ လှည်းကျင်း အိတ်ထဲထည့်ပြီး အိမ်နောက်ဖေး ပို့လိုက်ပါသတဲ့။ ပုရွက်ဆိတ်လောက်ပဲအရွယ်အစားရှိတော့တဲ့ ကလေးတွေဟာ အိမ်နောက်ဖေး ကွင်းပြင်ကို သူတို့အရွယ်အစားလေးတွေနဲ့ ခရီးကြမ်းဖြတ်လို့ အိမ်ကိုပြန်၊ ဖခင်ကိုအကူအညီတောင်းပြီး နဂိုအရွယ်ပြန်ဖြစ်အောင်လုပ်ရမယ့် အဖြစ်ကို သဘောတကျ ကြည့်ရှုရမှာပါ။ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Arr Khun Winchester ဖြစ်ပါတယ်)...

Moon Students (2023) ⭐IMDB: 5.4/10 (83 Votes) 🎬 #Adventure #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Moon Students (2023) ~ IMDb – 5.4/10, Rotten Tomatoes – 92% ~ သူငယ်ချင်းတစ်စုနဲ့ ဒုက္ခရောက်နေတဲ့ ပါမောက္ခတစ်ဦး Pandemic အတွင်း စိန်ခေါ်မှုတွေနဲ့ စာသင်နှစ်ကို ဖြတ်ကျော်ပြီး သူတို့ရဲ့စစ်မှန်တဲ့အသံတွေကို ရှာဖွေဖို့ ကြိုးစားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားတာတွေ၊ လူမည်းတွေအတွက် Black Lives Matter ကြိုးပမ်းမှုတွေနဲ့ Apollo 11 အာကာသယာဉ် လပေါ်ဆင်းသက်ခဲ့တာတွေကိုပါ ထည့်သွင်းပြီး အဆိုးဆုံးအချိန်တွေမှာတောင် ကိစ္စတွေပြီးအောင်လုပ်နိုင်တာ ကျော်လွှားနိုင်တာကို မက်ဆေ့ပေးထားပါတယ်။ အချိန်အပိုင်းအခြားတွေကို လပြည့် လဆုတ် Moon Phase တွေနဲ့ ယှဉ်ပြထားပါသေးတယ်။ ဇာတ်လမ်းအစမှာ COVID ကြောင့် Lockdown မချခင် အတန်းနောက်ဆုံးရက်မှာ ပါမောက္ခက ကျောင်းသား၂ယောက်ကို Presentation ပေးခိုင်းပါတယ်။ သူတို့၂ယောက်က မပြင်ဆင်ရသေးဘဲ အလွဲတွေဖြစ်တဲ့အတွက် ရုံးခန်းခေါ်ခံရပြီး ပြသာနာတက်ခဲ့ပါတယ်။ ဒီကျောင်းသားတွေရော ဆရာရောက ကိုယ်ချစ်ရတဲ့သူတွေ ကိုယ်စီ ဆုံးရှုံးထားသူတွေပါ။ သူတို့တွေရဲ့ ပူဆွေးမှု ကိုယ့်ကိုကိုယ်အပြစ်တင်မှုတွေကိုပါ ပေါ်လွင်အောင် ထည့်ထားပြီး ဗဟုသုတအစုံ ရသစုံပေးစွမ်းနိုင်တဲ့ ကားတစ်ကားလို့ ဆိုချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Medical Examiner Dr.Qin (2019) ⭐TMDB: 60.0% User Score 🎬 #Crime #Mystery 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 18 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မှုခင်းဆရာဝန်ဒေါက်တာချင်ရဲ့ သွေးမင်္ဂလာပွဲကွင်းဆက်လူသတ်မှုအကြောင်း ဇာတ်ကားလေးလာပါပြီ။ဒီတစ်ခါမှာတော့ မှုခင်းဆရာဝန်ဒေါက်တာချင်နဲ့သူ့ရဲ့တွဲဖက်ရဲအရာရှိလင်ဟာမင်္ဂလာပွဲမှာယဇ်ပူဇော်ပွဲအခမ်းအနားလိုအပြင်အဆင်နဲ့သတို့သမီးသတ်ခံရတဲ့အမှုကိုစုံစမ်းရတာဖြစ်ပါတယ်။ အဲဒီအမှုက လွန်ခဲ့တဲ့(၁၅)နှစ်တုန်းက သတို့သမီးသတ်ခံရတဲ့အမှုနဲ့တစ်ပုံစံထဲဖြစ်နေလို့ အမှုတွဲပေါင်းပြီးစုံစမ်းနေတုန်းမှာပဲနောက်ထပ်ပုံစံတူသတို့သမီးသတ်ခံရတဲ့အမှုကပေါ်လာပြန်တယ်။ဒီအမှု(၃)မှုကိုအမှုတွဲပေါင်းပြီးစုံစမ်းနေတဲ့အချိန်အတွင်းမှာဒေါက်တာချင်ဟာမင်္ဂလာပွဲကျင်းပဖို့ပြင်နေပြီး သူ့ရဲ့မင်္ဂလာပွဲနေ့မှာကွင်းဆက်လူသတ်မှုထဲကအတိုင်းပစ္စည်းတွေကိုတွေ့ရတော့သတို့သမီးကိုစိတ်ပူပြီးလိုက်ရှာတဲ့အချိန်မှာ သတို့သမီးဟာပျောက်နေပါတယ်…… လွန်ခဲ့တဲ့(၁၅)နှစ်ကအမှုနဲ့ လက်ရှိအမှု(၂)မှုကဒေါက်တာချင်တို့ ဘယ်လိုဖော်ကြမလဲ။သေဆုံးခြင်းရဲ့နောက်ကွယ်ကအကြောင်းအရင်းတွေကဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရင်းတွေဖြစ်နေမလဲဆိုတာကိုဆက်ပြီးအဆုံးထိ ကြည့်ပြီးအဖြေကကိုယ်ထင်ထားတာနဲ့တူရဲ့လားဆိုတာကြည့်လိုက်ရအောင်နော်။...

Sarasin Bridge of Love 2216 (2023) ⭐TMDB: 40.0% User Score 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Thailand ⏰ 1 နာရီ 51 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆာရာဆမ်တံတားမှ အချစ်တော်ပုံ (2023) ဂုဏ်အလွှာ ပကာပနတွေကြားမှာ အချစ်ဆိုတဲ့အရာက ဘယ်လောက်ထိအရေးပါမလဲ? အားလုံးရော ချစ်ခရီးလမ်းကို ဖြောင့်ဖြောင့်ဖြူးဖြူးလျှောက်လှမ်းနိုင်ကြရဲ့လား? ဒီဇာတ်လမ်းလေးထဲမှာလည်း အလွှာပကာသနခြားတဲ့သူနှစ်ဦးရဲ့ ချစ်ဇာတ်လမ်းလေးကိုပုံဖော်ထားတာပါအဖေကိုအရမ်းကြောက်ပြီး ချောမောစာတော်တဲ့ ပညာရေးကောလိပ်ကျောင်းသူလေးအူးဖူးခက်ပညာရေးကောလိပ်တက်တဲ့ ကျောင်းသူလေးအူးဟာ ဖူးခက်ကနေ ဆာရာဆမ်ကို လိုင်းကားစီးပြီးအမြဲကျောင်းသွားရပါတယ် ငယ်ငယ်ထဲက မိဘစွန့်ပစ်ခံရပြီး အပျိုကြီးသောဆီမှာ မွေးစားခံလိုက်ရတဲ့ဒမ်ဒမ်ရဲ့အမေတံငါသည်ဟာ ဒမ်ကိုမွေးပြီးလိုင်းကားပေါ်စွန့်ပစ်ထားခဲ့ရာကနေ အပျိုကြီးကမွေးစားခဲ့တာပါမွေးစားသားပေမဲ့ ဒမ်ဟာသူ့အမေသောကိုအရမ်းချစ်ပြီး အလုပ်မျိုးစုံလုပ်ရှာကျွေးသူတင်ယောက်ပါအမေကိုချစ်တဲ့အချစ်အပြင် ဒမ်မှာနောက်ထပ်ချစ်ရတဲ့လူတစ်ယောက်ရှိပါသေးတယ်အဲ့ဒါကတော့ အူးပါ ငယ်ငယ်ထဲက မတွေ့ခဲ့ကြရတော့တဲ့အူးနဲ့ဒမ် ဘယ်လိုပြန်ဆုံကြမလဲ?သူတို့ခံစားချက်တွေအတိုင်း ချစ်ခွင့်ရကြမလား?ဘယ်လိုတွေကြုံတွေ့ကြမလဲ?ဆိုတာ ဇာတ်လမ်းလေးသာကြည့်ကြည့်ပါနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Kong Houပဲ ဖြစ်ပါတယ်။...

The End of Sex (2022) ⭐IMDB: 5.1/10 (430 Votes) 🎬 #Comedy #Drama #Romance 🗓 2022 🎞 movie 🌎 #Canada ⏰ 1 နာရီ 29 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The End of Sex [2022] ( IMDb 5.1/10, RT 61%) ဂျော့ရှ်နဲ့ အမ်မာတို့ဟာ ဆယ်ကျော်သက်ကတည်းက မေတ္တာရှိခဲ့ကြသူတွေပါ…တက္ကသိုလ်ပြီးကတည်းက လက်ထပ်ခဲ့ကြတဲ့ သူတို့လင်မယားရဲ့ အိမ်ထောင်သက်ဟာ ဆယ်စုနှစ်တွေချီနေပါပြီ…ဒီလိုကြာညောင်းလာတဲ့နောက်မှာတော့ အိမ်ထောင်သည်တွေ ကြုံနေကြဖြစ်တဲ့လိင်ကိစ္စ ခမ်းခြောက်ခြင်းဟာလည်း သူတို့ကြားက ပြဿနာတစ်ရပ်ဖြစ်လာပါတော့တယ်…သူတို့သမီးလေးတွေ တောတွင်းစခန်းချခရီးထွက်တဲ့ ရက်သတ္တပတ်မှာ အပီအပြင်ချစ်ကြည်နူးဖို့ ရည်ရွယ်ထားပေမယ့်တကယ်တမ်းလက်တွေ့ကြုံတွေ့ရချိန်မှာတော့ နှစ်ဦးသားလုံး စိတ်တွေကုန်ခမ်းနေခဲ့ကြပါတယ်…အိမ်နီးနားချင်း လင်မယား ဒီအမှုကိစ္စကြောင့်ပဲ ပြတ်စဲကြတာကို မျက်မြင်တွေ့လာရတဲ့အခါသူတို့လည်း ဒိလိုမဖြစ်ဖို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြပါတော့တယ်…အစက ရည်ရွယ်ချက်ကောင်းတွေနဲ့ လုပ်ဆောင်ခဲ့ကြပေမယ့် အလွဲလွဲအချော်ချော်ပဲ ဆက်တိုက်ဖြစ်ခဲ့ကြရတဲ့အပြင်သူတို့နှစ်ဦးစလုံးမှာလည်း တခြားသူတွေနဲ့ ဇာတ်လမ်းလေးတွေ ကိုယ်စီဖြစ်လာရပါတော့တယ်….ဒီလိုအဖြစ်တွေကို ကြုံတွေ့သိမြင်လာရတဲ့အခါ သူတို့အိမ်ထောင်ရေးကရော ဘယ်လိုဆက်ဖြစ်သွားမှာလဲ…သူတို့ဖြေရှင်းချင်တဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ကြရဲ့လား ရှုစားရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...

The Aviary (2022) ⭐IMDB: 4.2/10 (704 Votes) 🎬 #Thriller 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Aviary [2022] ကန္တာရရဲ့အလယ်မှာ အေဗာရီဆိုတဲ့အရပ်မှာ စိတ်ကျန်းမာရေးကုထုံးနဲ့ လူတွေကို ကုသပေးနေတဲ့ ဂေဟာတစ်ခုရှိပါတယ်…ဆက်သ်ဆိုတဲ့ လူဟာ ဒီနေရာကို ဦးဆောင်နေသူပေါ့…တစ်နေ့မှာတော့ သူတို့ဂေဟာက နံပါတ် ၂ဖြစ်တဲ့ ဂျီလီယန်ဟာ သူ့သူငယ်ချင်း ဘလဲရ်နဲ့အတူ ဒီဂေဟာကနေ ထွက်ပြေးလာခဲ့ပါတယ်…ဂေဟာထဲမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သွေးထွက်သံယိုမှုတွေပါ ပါဝင်လာတာကြောင့်အသက်အန္တာရာယ် မကျရောက်လိုတဲ့ ဂျီလီယန်ဟာ ဆက်သ်လက်က လွတ်အောင် ထွက်ပြေးလာခဲ့တာပါ…ဂျီလီယန်ဟာ လွတ်မြောက်ရုံထွက်ပြေးလာပေမယ့် အတူလိုက်ပါလာတဲ့ ဘလဲရက်ကတော့ ဆက်သ်ရဲ့ လက်တော့ပ်ကိုပါ အပါယူလာခဲ့ပါတယ်…အရေးကြီးသက်သေခံမှတ်တမ်းတွေပါတဲ့ ဒီလက်တော့ပ်နဲ့သာဆို ဆက်သ်ကို တစ်သက်တစ်ကျွန်းထောင်ကျသွားအောင် လုပ်ပစ်နိုင်တာမို့ဂျီလီယန်ရဲ့ ခရီးဟာ သူ့လွတ်မြောက်ရေးတင်မဟုတ်ပဲ အေဗာရီက လူတွေအားလုံး လွတ်မြောက်ရေးပါ ဖြစ်လာပါတော့တယ်…ဒီလွတ်မြောက်ရေးခရီးမှာတော့ သူတို့ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲက အကြီးအမားဆုံးအရာကတော့ ဆက်သ်ပါပဲ…ဆက်သ်ဟာ သူတို့ စိတ်တွေကို ထိုးနှောက်ဖျက်ဆီးထားပြီးပါပြီ…ပုံမှန်မဟုတ်တဲ့ သူတို့စိတ်အခြေအနေ….နောက်ကတကောက်ကောက်လိုက်နေတဲ့ ဆက်သ်….ဒါတွေအားလုံးကနေ သူတို့ လွတ်မြောက်ပြီး လိုရာပန်းတိုင်ကို ရောက်သွားနိုင်ကြမလား… ရှုစားကြရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...

E Riam Sing (2020) ⭐IMDB: 5.4/10 (161 Votes) 🎬 #Action #Adventure #Comedy 🗓 2020 🎞 movie 🌎 #Thailand ⏰ 1 နာရီ 44 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Riam Fighting Angel (2023) တောသူမလေးအီလျမ်းက ဦးစားပေးမခံရတာကြောင့် အစ်မဖြစ်သူရမ်ကို မနာလိုအူတိုနေတဲ့ကလေးမလေးပါသူ့အမေက အစ်မရမ်လောက် သူ့ကိုမချစ်ဘူးဆိုပြီး အားငယ်နေတတ်တဲ့သူလေးပေါ့ တစ်နေ့ကျ အပျိုစင်ရှာပုံတော်ထွက်နေတဲ့သွားနီဓားပြတစ်အုပ် အီလျမ်းကိုလာဖမ်းကြပါတယ်အမေနဲ့အစ်မဖြစ်သူ လျမ်းကိုကာကွယ်ပြီး အဖမ်းခံလိုက်တာကို မြင်ရတော့အီလျမ်းက သူချစ်တဲ့မိသားစုကို သွားကယ်ဖို့ စွန့်စားခန်းထွက်ရပါတော့တယ်အီလျမ်းက သူ့အပေါင်းအဖော်လေးဦးနဲ့အတူ တောကျိုးတောင်ကြားကို အန္တရာယ်မျိုးစုံကြုံပြီး ဖြတ်သန်းလာခဲ့ပြီးနောက်ဓားပြလက်ထဲကနေ သူ့မိသားစုကို ဘယ်လိုနည်းနဲ့ ကယ်ထုတ်ပြီးဓားပြဗိုလ်ကို ဘယ်လိုအပြတ်ရှင်းခဲ့ကြမလဲဆိုတာတော့ ဒီရုပ်ရှင်ထဲမှာ ဟာသအလွဲများစွာနဲ့ အီလျမ်းတို့အုပ်စုကို မငြီးငွေ့ဘဲ ကြည့်ရှုရမှာဖြစ်ပါတယ် အညွန်းနဲ့ ဘာသာပြန်ကတော့Lei Wutyi Tunပဲ ဖြစ်ပါတယ်။...