ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Glory: Who Will Compete (2025) ⭐TMDB: 0% User Score 🎬 #Sport #ScienceFiction 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 E- sport ချန်ပီယံအိပ်မက်ကို အခက်အခဲတွေ အမျိုးမျိုးကြားကနေရအောင်အကောင်အထည်ဖော်သွားတဲ့ မိန်းကလေးတွေအကြောင်းပဲဖြစ်ပါတယ်။ BOF ဆိုတဲ့အဖွဲ့ဟာ မိန်းကလေး ၄ယောက်၊ ယောင်္ကျားလေး ၁ယောက်နဲ့ဖွဲ့ထားတဲ့E- sport အဖွဲ့တစ်ခုဖြစ်တယ်။ BOFဟာတွဲဖက်ညီညီနဲ့ ကြိုးစားလာခဲ့ကြတာပြိုင်ပွဲကြီးတစ်ခုရဲ့အမှတ်အများဆုံးရပ်တည်နေပါတယ်။အဲဒီအချိန်မှာခေါင်းဆောင်ဖြစ်တဲ့ ရွေချီရဲ့ရည်းစားဖြစ်တဲ့လီကျုံးရှော့ကို တစ်ဖက်ပြိုင်ဘက်အသင်းက ငွေနဲ့ပေါက်ပြီး ခေါ်သွားတဲ့အခါBOFမှာ မိန်းကလေး၄ယောက်ပဲကျန်ခဲ့ပြီး ပြိုင်ပွဲဆက်ပြိုင်ဖို့အခက်အခဲတွေဖြစ်လာခဲ့တယ်။ သစ္စာဖောက်သွားတဲ့ရည်းစားကြောင့်ဖြစ်လာတဲ့ ဒုက္ခတွေကိုကျော်ဖြတ်ပြီးချန်ပီယံဖြစ်အောင် အဆုံးထိဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။
...

Who is the Trespasser (2025) ⭐TMDB: 0% User Score 🎬 #Action #Adventure #ScienceFiction 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 9 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူတွေကိုကယ်တင်ဖို့ နည်းပညာတွေကို လေ့လာတိုးတက်အောင်လုပ်ဆေးဝါးသစ်တွေကုသနည်းသစ်တွေ ကြိုးစားရှာဖွေနေကြတဲ့ လူတချို့အကြောင်းရိုက်ကူးထားတဲ့ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်… ဒီကားလေးမှာဆိုရင် လူသားတွေပြောတဲ့ ကုရာနတ္ထိဆိုတဲ့ ကင်ဆာရောဂါကိုကုသဖို့ဆေးရှာဖွေဖောတ်ထုတ်နေတဲ့ ဆေးဝါးလုပ်ငန်းကဆေးသစ်ဖော်ဖို့အတွက် လူတွေမရောက်ဖူးတဲ့ မြေပုံပေါ်မှာ နာမည်မရှိတဲ့…ကျွန်းကြီးကို ကနဦးရှာဖွေသူတွေလွှတ်တာ အားလုံးစာမလာသတင်းမကြား ဆက်သွယ်မရဖြစ်ကုန်တာကြောင့်…သူဌေးကိုယ်တိုင်ဦးဆောင်ပြီး နောက်ခရီးသွားခဲ့ပါတယ်… ကျွန်းပေါ်ရောက်တော့မှာ မျိုးသုဉ်းသွားပြီဆိုတဲ့ ဒိုင်နိုဆောမျိုးနွယ်စုတွေကို တွေ့ရပါတော့တယ်…ဒိုင်နိုဆောနဲ့ လူသားတွေ ဘယ်သူက ဒီကျွန်းပေါ်မှာ ရှင်သန်သွားနိုင်မှာလဲ…နောက်ပြီး တကယ် ကင်ဆာရောဂါဆေးဖော်စပ်ဖို့ ရှာတွေ့မှာလား…ဆေးသစ်ရော ဖော်နိုင်မှာလား…အတူကြည့်ရအောင်နော်
...

The Smile Man (2024) ⭐IMDB: 7.9/10 (930 Votes) 🎬 #Bollywood #Crime #Thriller #Mystery #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Smile Man 2024 (အပြုံးလူသား အတွဲလိုက်လူသတ်မှု) အပြုံးလူသား အတွဲလိုက်လူသတ်မှုဆိုတဲ့အတိုင်းပါပဲ နာမည်နဲ့လိုက်အောင်လူသတ်သမားဟာ လူသတ်ပြီးတဲ့နောက်မှာ နစ်နာသူတွေရဲ့ ပါးစပ်ကိုအပြုံးမျက်နှာနဲ့တူအောင်လို့ ဓားနဲ့ဆွဲဖြဲပြီးထားခဲ့ပါတယ်။ ဒီအမှုကို လိုက်နိုင်ခဲ့တဲ့ ရဲအရာရှိတွေကတော့ ချီဒမ်ဘရမ်နဲ့ ဗန်ကာတက်ရှ်တို့ပါပဲ။ဗန်ကာတက်ရှ်တစ်ယောက် တရားခံကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီးဖမ်းလိုက်နိုင်ပေမဲ့ တရားခံကို ဖမ်းပြီးတဲ့နောက်ပိုင်းမှာ ပျောက်သွားခဲ့ပါတယ်။ ဗန်ကာတက်ရှ် ဘာဖြစ်သွားလဲ ဘယ်ရောက်သွားလဲဆိုတာကို ဘယ်သူကမှ မသိခဲ့ပါဘူး။ ဒီလိုနဲ့ ၅နှစ်ကြာပြီးတဲ့နောက်မှာ ချီဒမ်ဘရမ်ဟာ မတော်တဆမှုကြောင့်နဲ့အယ်လ်ဇိုင်းမားဝေဒနာကို ခံစားနေရကြောင်း သိလိုက်ရပါတယ်။သူ့မှတ်ဉာဏ်တွေဟာ အများဆုံး ၁နှစ်သာခံတော့မှာဖြစ်ကြောင်း၊ကောင်းကောင်းအနားမယူရင် ပိုဆိုးနိုင်ပြီး လပိုင်းအတွင်းဘာမှမှတ်မိမှာမဟုတ်တော့လို့ ဆရာဝန်က အနားယူပြီးနေဖို့ ပြောကြားခဲ့ပါတယ်။ ချီဒမ်ဘရမ်တစ်ယောက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေထိုင်ခဲ့ပါတယ်။ဒါ့အပြင် သူ တာဝန်ထမ်းဆောင်စဉ်က တွေ့ခဲ့တဲ့ လူသတ်သမားတွေအကြောင်းရေးထားတဲ့ စာအုပ်တစ်အုပ်ကိုလည်း ထုတ်ဝေခဲ့ပါသေးတယ်။ ဒီစာအုပ်ထဲမှာ ထူးထူးခြားခြား အပြုံးလူသားလူသတ်မှုရဲ့နောက်ဆုံးအခန်းဟာ အဆုံးထိ မပြီးဘဲ အလွတ်ဖြစ်နေပါတယ်။ ချီဒမ်ဘရမ်ရဲ့ စာအုပ်ထုပ်ဝေပြီး ၁ပတ်အကြာမှာပဲအပြုံးလူသားလူသတ်မှုနဲ့ ပုံစံဆင်တူတဲ့ လူသတ်မှုတစ်ခုဖြစ်လာပါတော့တယ်။ ကိုးကားမှုတွေ ယူနိုင်ဖို့ ဒီအမှုကို ကိုင်တွယ်နေတဲ့ ဗန်ကာတက်ရှ်ရဲ့သားဖြစ်သူ အာရဗင်ဟာ ချီဒမ်ဘရမ်ကိုဒီအမှုထဲ ပြန်လည်ဝင်ရောက်စေခဲ့တဲ့အခါမှာတော့ ………. လွန်ခဲ့တဲ့ ၅နှစ်က ဗန်ကာတက်ရှ် ပစ်သတ်လိုက်တဲ့တရားခံဟာ အပြုံးလူသား လူသတ်မှုတရားခံအစစ်ဟုတ်ရဲ့လား ……..ဗန်ကာတက်ရှ်ရဲ့ ပျောက်ဆုံးမှု နောက်ကွယ်က အမှန်တရားကရော ဘာဖြစ်မလဲ …….အယ်လ်ဇိုင်းမားရောဂါသည် ချီဒမ်ဘရမ်တစ်ယောက်ကရောအမှုကိစ္စတွေကို ဘယ်လိုဝင်ရောက်ကူညီမလဲ …….ဆိုတာတွေကို ကြည့်ရှုရမဲ့ မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)
...

Journey To The West: The Five Elements Mountains (2022) ⭐TMDB: 50% User Score 🎬 #Action #Adventure #Fantasy #Drama 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 36 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ CM ရဲ့ တရုတ်ကားကြိုက်သူလေးတွေအတွက် အစဉ်အလာမပျက်စွန်းဝူခုန်းဇာတ်ကြောင်းကို version တစ်မျိုးနဲ့ တင်ဆက်ထားတဲ့Journey To The West: The Five Elements Mountains ( 2022 )ဆိုတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့…စွန်းဝူခုန်းဇာတ်ကြောင်းကို အရင်ဇာတ်ကားတွေလို မက်မွန်သီးခိုးစားလို့လူ့ပြည်ရောက်လာတာလည်းမဟုတ်… အချစ်ဇာတ်လမ်းလေးကြောင့်စွန်းဝူခုန်းဖြစ်လာတာမျိုးမဟုတ်ဘဲ… လက်နက်မဲ့ ပြည်သူတွေအတွက် စွန့်စွန့်စားစား မိစ္ဆာတွေကိုချေမှုန်းခဲ့ရာကနေမှ တရားစစ် တရားမှန်ကို သဘောပေါက်နားလည်ပြီးစွန်းဝူခုန်းဖြစ်လာခဲ့တာလို့ ပြောင်းလဲ တင်ဆက်ပြထားတာပေါ့… ဒီဇာတ်လမ်းထဲမှာ တခြားဇာတ်ကောင်တွေနဲ့ တခြား ပုံစံဆန်းလေးတွေတင်ဆက်ပြထားတာမို့ အက်ရှင်ကားတွေကြိုက်ပြီးစွန်းဝူခုန်းကားကိုမှကြည့်ချင်တယ်ဆိုသူတွေ ဒေါင်းကြည့်သင့်တာမို့ကြည့်ဖြစ်အောင်ကြည့်လိုက်ကြနော်
...

Adult Swim Yule Log 2: Branchin' Out (2024) ⭐TMDB: 50% User Score 🎬 #Comedy #Horror #Romance 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 6.5/10 2022ခုနစ်က ထွက်ရှိခဲ့တဲ့ Adult Swim Yule Logရဲ့အဆက် ဟော်ရာရုပ်ရှင်ပေါ့။ မီးလောင်နေတဲ့သစ်တုံးပျံကြီးကနေ လွတ်မြောက်ရှင်ကျန်ခဲ့ပေမဲ့ သူ့ရှေ့မှာသေသွားတဲ့ ရည်းစားနဲ့ တခြားသူတွေကြောင့် စိတ်ဒဏ်ရာရနေခဲ့တဲ့ ဇိုဝီ။ ဘယ်ကိုသွားသွား ပုဆိန်တစ်လက်နဲ့ဖြစ်တာရော၊ သစ်တုံးပျံကြီးကို ပြန်ပြန်မြင်ယောင်ပြီး ကယောင်ကတမ်းတွေအော်နေတို့ အလုပ်မှာလည်း အဆင်မပြေဖြစ်နေရတယ်။ စိတ်ပြေလက်ပျောက်ဆိုပြီး ခရီးထွက်လာကာမှ မစ်တေးတိုးဆိုတဲ့ မြို့ငယ်လေးမှာ ပိတ်မိသွားရာကစ သစ်တုံးပျံကြီး သူ့ကိုလာသတ်တော့မှာဆိုတဲ့စိတ်နဲ့ မြို့ငယ်လေးကနေ ထွက်ရဖို့အရေး ကြိုးစားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်။)
...

Festival of the Living Dead (2024) ⭐IMDB: 4.3/10 (589 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Festival of the Living Dead (2024) 1968 ခုနှစ်လောက်က ဖြစ်ခဲ့တဲ့ ဇွန်ဘီးကပ်ဆိုးမှာ သေဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ်အနေနဲ့ ကျင်းပပေးတဲ့ Living Dead ပွဲတော်ကြီး.. ဒီပွဲတော်ကြီးကို သွားရောက်ဖို့အတွက် လက်မှတ်ကို အက်ရှ်ရဲ့ မွေးနေ့လက်ဆောင်အဖြစ် သူ့ကောင်လေး ကယ်ဗင်က ပေးလိုက်တဲ့အခါ.. ကယ်ဗင်နဲ့ အက်ရှ်တို့နဲ့အတူ သူတို့သူငယ်ချင်းတွေအဖွဲ့လိုက် ပွဲတော်ကို သွားရောက်ခဲ့ကြတယ်.. ဇွန်ဘီးကပ်ဆိုးမှာ သေဆုံးခဲ့သူတွေအတွက် ကျင်းပပေးတဲ့ပွဲကြီးမှာ တကယ့်ဇွန်ဘီးတွေ ပါဝင်လာတဲ့အခါ.. အက်ရှ်တို့အဖွဲ့ဟာ ဒီကပ်ဆိုးကနေ လွတ်မြောက်ဖို့ တကယ့်ဇွန်ဘီးအစစ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်.. တဖန်ပြန်လည်ဖြစ်ပေါ်လာတဲ့ ဇွန်ဘီးကပ်ဆိုးကြီးကနေ ဘယ်သူတွေ လွတ်မြောက်သွားမလဲ? ဘယ်သူတွေ သေဆုံးသွားမလဲ? ဆိုတာကြည့်ရှုလိုက်ကြပါဉီး.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)
...

All I Need for Christmas (2024) ⭐TMDB: 58% User Score 🎬 #Comedy #Romance #TVMovie 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 24 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခရစ္စမတ် ပြီးသွားပေမယ့် ဆောင်းအရိပ်အငွေ့တွေ ကျန်သေးဆဲ ကာလမှာ ချစ်စရာ ခရစ္စမတ်မိသားစုကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ခရစ္စမတ်ကားတွေက တခြား ရုပ်ရှင်ကားတွေနဲ့ မတူဘဲ ကြည့်ရတဲ့ သူကိုပါ ပျော်ရွှင်စေပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ Maggie ဆိုတဲ့ ကန်းထရီး အဆိုတော်မလေးဟာ ခရစ္စမတ် ပိတ်ရက်မှာ အိမ်ကို စောစောပြန်ဖြစ်သွားပါတယ်။ အကြောင်းအရင်းကတော့ သူ့ဖျော်ဖြေပွဲတွေက ရပ်နားခံရလို့ပါပဲ။ သူက ရှေးရိုးစွဲ ဂီတပညာရှင်ဖြစ်ပြီး auto-tune တွေ ဖုန်းထဲက နည်းပညာတွေနဲ့ ဖန်တီးထားတဲ့ သီချင်းတွေကို ဘယ်တော့မှ အားမရသူပါ။ ခေတ်နဲ့အညီ ရေစီးကို မလိုက်နိုင်တဲ့ သူဟာ တဖြည်းဖြည်း နာမည်မရတော့ဘဲ ဖျော်ဖြေပွဲလည်း ရပ်နားခံလိုက်ရပါတယ်။ ဒီတော့ ပိတ်ရက်မှာ မိဘအိမ် ပြန်ရင်း အိမ်နားက ဧည့်ဂေဟာမှာ တည်းတဲ့ Archer ဆိုတဲ့နာမည်ကြီး ဂီတ app တီထွင်သူနဲ့ တွေ့ဆုံခဲ့ပါတယ်။ Maggie မိဘတွေက ခရစ္စမတ် သစ်ပင် စိုက်ခင်းပိုင်တော့ Archerက ကိုယ်ပိုင် သစ်ပင်လေး တစ်ပင် လာဝယ်ရင်း ရင်းနှီးသွားကြတာ ဖြစ်ပါတယ်။ သူတို့ကြားက သံယောဇဥ်တွေ တိုးလာတာနဲ့အမျှ ရှေးရိုးစွဲတဲ့ Maggie တစ်ယောက် Archer နဲ့ သူ့နည်းပညာတွေကို လက်ခံနိုင်ပါ့မလား ကြည့်ရှုရမှာပါ။
...

The Legend of Bagger Vance (2000) ⭐TMDB: 66% User Score 🎬 #Drama #Romance 🗓 2000 🎞 movie 🌎 #Switzerland #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Legend of Bagger Vance (2000) ကတော့ အားကစားနှင့် အကျင့်အတရားတို့ကို ပေါင်းစပ်ထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ ဇာတ်လမ်းတွင်မှာ ပရော်ဖက်ရှင်နယ်ဂေါ်လ်ဖ်ကစားသမားတစ်ယောက်ဖြစ်တဲ့ (Will Smith) အကြောင်းကို ပြသထားပြီး၊ သူ့ဘဝ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေမြင်ရပါမယ်။ ဇာတ်ကားတွင်းမှာ လမ်းမပေါ်နေတဲ့သူတစ်ယောက်အဖြစ် ကိုယ်ပိုင်သဘောထားကို ရှာဖွေနေစဉ်မှာ အံ့ဩဖွယ်နဲ့ပဲ အကူအညီတစ်ခုကို ရရှိလာတယ်။ အကူအညီကို ပေးတဲ့ Bagger Vance (Matt Damon) ဆိုတဲ့ ပုဂ္ဂိုလ်က ဂေါ်လ်ဖ်ကစားနည်း အတတ်ပညာနှင့် ပညာရှင်မူတစ်ဦး အဖြစ် ပြန်သင်ကြားပေးခဲ့တယ်။ ဇာတ်လမ်ရဲ့ အဓိကအကြောင်းအရာကတော့ ကိုယ်ရဲ့ အားနည်းချက်တွေ အခက်အခဲတွေကို ကျော်ဖြတ်ပြီးတော့ ပန်းတိုင်ကိုအရောက်သွားဖို့အဓိကဖော်ပြထားတယ်။ ဇာတ်ကားကို Robert Redford ဦးဆောင်မှု ဒါရိုက်တာအဖြစ် ဖန်တီးခဲ့ပြီး၊ အဓိကပုဂ္ဂိုလ်များအနေနဲ့ Will Smith (as Bagger Vance), Matt Damon (as Rannulph Junuh), နှင့် Charlize Theron (as Adele Invergordon) တို့ပါမှာပါ။ The Legend of Bagger Vance က အနုပညာ၊ ဘဝနှင့် ဂေါ်လ်ဖ်ကစားခြင်းတို့ရဲ့ ပေါင်းစပ်မှုကို ဖော်ပြပြီး၊ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
...

Mr. Right (2015) ⭐IMDB: 6.3/10 (63 k Votes) 🎬 #Action #Comedy #Crime #Romance #Uncategorized 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Mr.Right ကတော့ Romance ၊ Comedy နဲ့ Action အမျိုးအစားဖြစ်ပါတယ်။ ချစ်သူကသစ္စာဖောက်တာခံလိုက်ရတဲ့မာသာတစ်ယောက် အသည်းကွဲနေတုန်းမှာပဲ ကုန်စုံဆိုင်တစ်ခုမှာ လူတစ်ယောက်နဲ့ တွေ့ဆုံရာကနေ အဲဒီလူရဲ့နာမည်ကိုတောင်မသိခဲ့ပေမယ့် စိတ်တူကိုယ်တူရှိလွန်းတာကြောင့် စိတ်နှစ်ပြီးချစ်မိသွားခဲ့ပါတယ်။ မာသာတို့နှစ်ဉီးဟာ ပျော်ရွှင်စရာအချိန်တွေကိုအတူကုန်ဆုံးလာကြရင်း တစ်ရက်မှာတော့ သူ့ရဲ့ဖူးစာရှင်ပဲလို့ထင်ထားတဲ့လူက သူ့ရှေ့မှာ လူသတ်လိုက်တာကြောင့် မာသာဟာ ကြောက်လန့်ပြီး လမ်းခွဲဖို့ လုပ်ခဲ့ပါတယ်။ အပ်ဖ်ဘီအိုင်ကလည်း မာသာ့ဆီရောက်လာပြီး သူနဲ့တွဲနေတဲ့လူဟာ ဖရန်စစ်ဆိုတဲ့နာမည်နဲ့ ပါရမီထူးတဲ့ကမ္ဘာကျော် ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တယ်လို့ လာပြောခဲ့ပါတယ်။ ဒါပေမဲ့ မာသာဟာ ဖရန်စစ်အကြောင်းပိုသိလေလေ ဖရန်စစ်ကို ပိုချစ်မိလာလေလေဖြစ်ခဲ့ပေမယ့် ဖရန်စစ်နောက်ကပါလာမယ့် ရန်သူတစ်သီတစ်တန်းကြီးရဲ့လက်ကနေ မာသာတစ်ယောက် အန္တရာယ်ကင်းကင်းလွတ်မြောက်နိုင်မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
...

Goldilocks and the Three Bears: Death and Porridge (2024) ⭐IMDB: 2.5/10 (1 k Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 22 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ကျောချမ်းဖွယ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေနဲ့ တန်ဆာဆင်ထားတဲ့ Horror/Mystery & Thriller အမျိုးအစား ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်… သူငယ်ချင်းအပေါင်းအဖော်တစ်စု Staycation ထွက်ကြရင်း တည်းခိုရာအိမ်အလွဲအချော်ဖြစ်သွားရာမှ ကလေးပုံပြင်တွေထဲက Goldilocks နဲ့ ဝက်ဝံသုံးကောင်ကို စွဲလန်းနေကြတဲ့ စိတ္တဇလူသတ်သမားများရဲ့ ပဟေဠိဆန်ဆန် လိုက်လံ သတ်ဖြတ်ခံကြရပုံကို ထိတ်လန့်တုန်လှုပ်ဖွယ် ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်… Horror အမျိုးအစား ရုပ်ရှင်တွေကို အမြဲရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ Craig Rees ရဲ့ နောက်ထပ်တစ်ကားဖြစ်ပြီး Olga Solo ၊ Abigail Huxley စတဲ့ မျက်နှာသစ်မင်းသမီး ချောတွေနဲ့ အားဖြည့်တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကားလေးဟာ R-rated ဆန်ဆန် သတ်ဖြတ်မှုတွေကိုမှ သဘောကျပါတယ်ဆိုတဲ့ အသည်းမာမာ ရုပ်ရှင်ချစ်သူတွေအတွက်သာဖြစ်ပြီး စိတ်နှလုံး မခိုင်သူပရိသတ်များ ရှောင်ရှားသင့်တဲ့ကားလေးဖြစ်တယ် ဆိုတာလည်း စေတနာအပြည့်နဲ့ သတိပေးရင်း… Staycation ထွက်ကြတဲ့ သူငယ်ချင်းအပေါင်းအဖော်တစ်စုရဲ့ ဝိဉာဉ်လွင့်ဖွယ်ညှင်းပန်နှိပ်စက်ခံရမှုတွေကို CM ပရိသတ်များ ခံစားကြည့်ရှုနိုင်ကြစေဖို့ ဒီရုပ်ရှင်ကားလေးကို ညွှန်းဆိုလိုက်ရပါတယ်
...

Checkered Ninja (2018) ⭐IMDB: 7.1/10 (7 k Votes) 🎬 #Action #Adventure #Animation #Comedy #Fantasy #Family 🗓 2018 🎞 movie 🌎 #Denmark ⏰ 1 နာရီ 19 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Checkered Ninja (2018) ************************ IMDb….71.1 Rating 7.1 အထိရရှိထားတဲ့ Animation ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်… အဲလစ်စ်ဆိုတဲ့ကောင်လေးဟာ သူ့မွေးနေ့မှာမတွေ့တာကြာနေပြီဖြစ်တဲ့ ဦးလေးစတီးဝါ့ဒ်ဆီကနေ နင်ဂျာရုပ်လေးတစ်ရုပ်လက်ဆောင်ရခဲ့ပါတယ်… နင်ဂျာရုပ်လေးဟာ တကယ့်အပြင်က ပုံမှန်နင်ဂျာသမားတွေလို အနက်ရောင်အင်္ကျီနဲ့ဖြစ်မနေဘဲ အင်္ကျီအကွက်လေးနဲ့ဖြစ်နေပါတယ်… ဒါ့အပြင်ပိုထူးဆန်းတာက နင်ဂျာလေးဟာ အသက်ရှိနေတာပဲဖြစ်ပါတယ်… အမြဲတမ်းမဝံ့မရဲနဲ့ဖြစ်နေတတ်တဲ့ အဲလစ်စ်ဟာ နင်ဂျာရုပ်လေးရဲ့ကျေးဇူးနဲ့ဘယ်လိုတွေဆက်ဖြစ်လာမလဲ… သူတဖက်သတ် ကြိတ်ပြီး ချစ်နေရတဲ့ ကောင်မလေးကရော သူ့လိုငကြောက်လေးကိုပြန်ချစ်လာနိုင်ပါ့မလား… နင်ဂျာရုပ်လေးကသူ့ကိုကူညီသလို သူကလဲနင်ဂျာရုပ်လေးကိုဘယ်လိုပြန်ကူညီရမှာလဲ… နင်ဂျာရုပ်လေးကရော ဘာ့ကြောင့် အင်္ကျီအကွက်လေးနဲ့ဖြစ်နေပြီးတော့  အသက်ဝင်နေရသလဲ… ဇာတ်လမ်းလေးကိုကြည့်ရင်းအဖြေရှာကြည့်လိုက်ပါ
...

Splashback (2023) ⭐IMDB: 7.4/10 (141 Votes) 🎬 #Comedy #History #Short #Drama 🗓 2023 🎞 movie 🌎 #Croatia ⏰ 29 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Splashback (2024) IMDb Rating (7.5) ခပ်ဆန်းဆန်း ဟာသဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၆၉ မှာ လကမ္ဘာပေါ်ကို ပထမဆုံးအကြိမ်ခြေချနိုင်ခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ သမိုင်းသစ်တစ်ရပ်အတွက် လူတွေအောင်ပွဲခံနေကြပေမယ့်၊ မထင်မရှား George Losser ဆိုတဲ့ လူတစ်ယောက်ကတော့ သူ့ရဲ့အရေးမပါဘူးထင်ရတဲ့ တီထွင်မှုအသေးစားလေးကို ရာထူးကြီးပိုင်းတွေနဲ့ ရင်းနှီးပြီး အရေးပါအရာရောက်တဲ့ ယောက်ဖဖြစ်သူ ဂျက်ကို ချပြဖို့ကြိုးစားပါတယ်။ ဂျက်က အလကားပါလို့သဘောထားတဲ့ပစ္စည်းလေးကို အမှတ်မထင် နီးလ်အမ်းစထရောင်းက စိတ်ဝင်စားသွားတဲ့အခါမှာတော့ ဘယ်လိုပစ္စည်းလေးလဲဆိုတာ ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။)
...

The Mind (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #Australia ⏰ 1 နာရီ 24 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Mind (2024)“လူ့စိတ်” ဖြစ်ရပ်မှန်အခြေခံရိုက်ကူးထားတဲ့ တမီးလ်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ၂၀၁၉ တုန်းက သြစတေးလျနိုင်ငံမှ ဗလီတစ်ခုမှာဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုအကြောင်းပြန်လည်အသက်သွင်းထားတဲ့ ဒီရုပ်ရှင်လေးမှာရာဂတ်ဗ်ဟာ သူ့ရွာကလေးနဲ့ သူ့မိသားစု၊ ရွာသားတွေကိုအရမ်းခင်တွယ်တတ်သူဖြစ်ပြီး ရွာကိုတိုးတက်စေချင်တဲ့အိပ်မက်ကလေးတစ်ခု ရှိခဲ့တယ် သြစတေးလျကို အလုပ်သွားလုပ်တဲ့အခါမှာတော့ဘာသာခြားအမျိုးသမီးတစ်ယောက်နဲ့ အမှတ်မထင်ဆုံခဲ့ပြီးတစ်ဖက်မှာလည်း အစွန်းရောက်လူဖြူလူမျိုးကြီးဝါဒီတစ်ယောက်ကလည်း အမုန်းတရားအခြေခံကာသူများအိပ်မက်တွေကို ဖျက်စီးဖို့စောင့်နေတဲ့အခါမှာတော့ ….. အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V ~ Star တို့မှ ဖြစ်ပါတယ်
...

Powder Pup (2024) ⭐IMDB: 6.5/10 (63 Votes) 🎬 #Adventure #Comedy #Family #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Powder Pup ဇာတ်ကားဟာ 2024 ခုနှစ်ထွက် ခွေးအသားပေး ရိုက်ထားတဲ့ comedy drama ဇာတ်ကားလေး ဖြစ်ပါတယ်။ Bodi ဆိုတဲ့ ခွေးဘီလူးလေးတစ်ကောင်နဲ့ ပင်လယ်ကမ်းခြေဒေသနေ နှင်တောင်ဒေသကို ပြောင်းလာရလို့ စိတ်ညစ်နေတဲ့ ဇာတ်လိုက် Shaun တို့ ဘယ်လိုတွေ့ဆုံကြမလဲ။ Shaun ကရော ပျောက်နေတဲ့ ပျော်ရွှင်မှုတွေကို နှင်းတောင်ပေါ် နှစ်စဉ်ကျင်းပတဲ့ နှင်းလျှောစီးပြိုင်ပွဲမှာ အပျော်ဝင်ပြိုင်ရင် ပြန်ရှာတွေ့နိုင်မလား စတာတွေကို မိသားစုတွေ အတူတူ ပျော်ရွှင်ကြည့်ရှုခံစားလို့ရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်
...

Hisaab Barabar (2024) ⭐IMDB: 6.3/10 (132 Votes) 🎬 #Bollywood #Comedy #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 51 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hisaab Barabar (2025)”အကြွေ”========================= Vikram Vedha တို့ 3 idiots တို့လို ရုပ်ရှင်ကောင်းတွေမှာပါဝင်ခဲ့ပြီးရိုက်သမျှထဲမှာ မကောင်းတဲ့ကား မရှိသလောက်ကိုရှားတဲ့မင်းသားကြီး မာဒေဗန်းရဲ့ အသစ်ထွက်ထားတဲ့ရုပ်ရှင်ကောင်းနောက်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် လက်တွေ့မှာလည်း အများကြီးတွေ့နေရတဲ့ဘဏ်တွေရဲ့ ရိုက်စားကွက်တွေကို ပညာသားပါပါ တင်ဆက်ပြထားတာပါ။ ၅၀ တန်သကြားလုံးနဲ့ လဲယူလိုက်ရတဲ့ ၁၀၀ တန် အမ်းငွေ၊ဘဏ်စာရင်းတွေထဲမှာ အစပျောက်သွားတတ်တဲ့ ကျပ်စွန်း ပြားစွန်း၊စပါယ်ရှယ်အကောင့်ဖွင့်လိုက်လို့ ဘယ်တော့မှ ပြန်ထုတ်မရတော့တဲ့ ပိုက်ဆံ ၁၀၀၀၀၊အဲဒီလို အစွန်းထွက်ငွေတွေကို ပမာဏနည်းနည်းလေးပါဆိုပြီးဘယ်သူကမှ အရေးတယူမလုပ်ကြပါဘူး။ ဒါပေမဲ့ အဲဒီိိလို ၁၀၀၀၀ တွေ အများကြီးပေါင်းသွားရင်၊ကျပ်စွန်းပြားစွန်းလေးတွေ အဆပေါင်းများစွာပေါင်းသွားရင်လူတစ်ယောက်ကို ဘဝပြောင်းစေနိုင်လောက်တဲ့ ပမာဏဖြစ်လာပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်ဖြစ်သူ ရာဒီကတော့ စတိုးဆိုင်မှာ သကြားလုံးအကြွေပြန်အမ်းတာကအစ ဘဏ်စာရင်း ပြားစွန်းထွက်တာအထိကိုစာရင်းတွက်တတ်တဲ့ အင်မတန်တိကျတဲ့သူပါ။ ၁၀ တန် ဆယ်ရွက်ပေါင်းရင် ၁၀၀ ဖြစ်တာသိတဲ့ ရာဒေးဟာ အဲဒီလိုကျပ်စွန်းပြားစွန်းတွေဖြတ်ပြီး လူညွန့်ခူးစားနေတဲ့ ဘဏ်သူဌေးနဲ့ ထိပ်တိုက်တွေ့ပြီးနောက်ကွယ်က scam တွေကို ဖော်ထုတ်ဖို့ကြိုးစားရာကနေနောက်ဆက်တွဲတွေကြုံတွေ့ရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Hunters on a White Field (2024) ⭐IMDB: 5.0/10 (404 Votes) 🎬 #Drama #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #Sweden ⏰ 1 နာရီ 36 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hunters on a White Field (2024) IMDb Rating (5.0) / Rotten Tomatoes (83%) ဇာတ်လမ်းကတော့ အခက်အခဲများစွာကြားမှာ သစ်တောထဲမှာ တိရစ္ဆာန်တွေကို လိုက်လံဖမ်းနေတဲ့ Hunter ဆိုတဲ့ အမျိုးသားတစ်ယောက်အကြောင်းကို အခြေခံပါတယ်။ သူ့ရဲ့ ဘဝအကြောင်းကို ရှာဖွေရာမှာ အတိတ်နဲ့ ရင်ဆိုင်ရပြီး၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ Sophia Lane ကလည်း သူ့ဇာတ်ကောင်အနေနဲ့ လိုက်ဖက်မှုရှိပြီး, အထူးသဖြင့် စိတ်ကူးအတိုင်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)
...

The Witch (2024) ⭐TMDB: 65% User Score 🎬 #Drama #Horror #Thriller #Mystery 🗓 2024 🎞 movie 🌎 #Turkey ⏰ 2 နာရီ 14 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Witch (2024) IMDb Rating (6.5) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်မှာထွက်ရှိခဲ့တဲ့ တူရကီ horror , thriller ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသား Furkan Andic နဲ့ မင်းသမီး abuse Meral တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Erman Boston ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ငယ်ရွယ်တဲ့ တစ်ခုလပ်အမျိုးသမီးလေးဖြစ်တဲ့ Fikriye ဟာ Nasit Nefi Efendi ဆိုတဲ့ လူချမ်းသာတစ်ဦးကို လက်ထပ်ဖို့ဖြစ်လာပြီး သူနေထိုင်တဲ့ စံအိမ်ကြီးထဲကို သွားရောက်နေထိုင်ရပါတော့တယ်။ ဒီစံအိမ်ကြီးရဲ့ ကြောက်စရာကောလဟလ တွေကလည်းလူတွေရဲ့ ပါးစပ်ဖျားမှာပြောစမှတ်ဖြစ်နေပြီးတော့ Fikriye လေးဟာ ကြောက်လန့်လို့နေခဲ့ပါတယ်။ ဒီစံအိမ်ကြီးနဲ့ သူ့ခင်ပွန်းသည် တို့ရဲ့ ခြောက်ခြားစရာအမှန်တရားတွေကို Fikriye တစ်ယောက်ဘယ်လိုရှာဖွေဖြေရှင်းသွားမလဲဆိုတာစိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။)
...

Elevation (2024) ⭐IMDB: 5.6/10 (10 k Votes) 🎬 #Action #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Elevation (2024) IMDb Rating (5.8) / Rotten Tomatoes (55%) တစ်ကမ္ဘာလုံးမှာ စိမ့်တွင်းတွေ ပေါ်ပေါက်လာပြီး စိမ့်တွင်းထဲက ထူးဆန်းတဲ့သတ္တဝါကြီးတွေက လူသားမျိုးနွယ်ကို အမဲလိုက်သတ်ဖြတ်လာတဲ့အခါ… ဇာတ်လမ်းအကျဉ်း ကမ္ဘာပေါ်မှာ စိမ့်တွင်းတွေပေါ်ပေါက်လာပြီး ဒီစိမ့်တွင်းထဲက သတ္တဝါဆန်းတွေက လူသားမျိုးနွယ် ၉၅ ရာခိုင်နှုန်းကို အမဲလိုက်သတ်ဖြတ်ခဲ့ပါတယ်။ တစ်ခုထူးဆန်းတာက ဒီသတ္တဝါတွေက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈၀၀၀ ကျော်တဲ့အထိ မတက်လာနိုင်ပါဘူး။ ဒါကြောင့် အသက်ရှင်ကျန်ရစ်တဲ့လူသားမျိုးနွယ် ၅ ရာခိုင်နှုန်းဟာ ပေ ၈၀၀၀ အထက်မြင့်တဲ့ တောင်ထိပ်တွေမှာ စခန်းချနေထိုင်ရပါတယ်။ ဒီအချိန်မှာ ဇာတ်ဆောင်ဖြစ်သူ ဝီလ်ဟာ ကျန်းမာရေးချူချာလို့ အောက်ဆီဂျင်သွင်းနေရတဲ့ သားဖြစ်သူအတွက် လေသန့်စက်လိုအပ်တဲ့အတွက် တောင်အောက်ကို ဆင်းဖို့ အကြောင်းဖန်လာပါတော့တယ်။ တစ်ချိန်တည်းမှာ ရူပဗေဒပညာရှင် နီနာကလည်း ဒီသတ္တဝါတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပြုမူနေထိုင်ပုံကိုလေ့လာနေပြီး တောင်အောက်မှာရှိတဲ့ သူ့ဓာတ်ခွဲခန်းကို သွားချင်နေပါတယ်။ အဲဒီဓာတ်ခွဲခန်းမှာ သူ့လေ့လာတွေ့ရှိချက်တွေနဲ့ဆို စမ်းသပ်လိုက်ရင် ဒီအကောင်တွေကို သတ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒီတော့ ဒီသတ္တဝါဆန်းတွေက ဘယ်ကနေ ပေါက်ဖွားလာတာလဲ၊ သူတို့ကို ဘာက အနိုင်ယူနိုင်မှာလဲ၊ ကျန်ရှိတဲ့ လူသားမျိုးနွယ်မှာရော မျှော်လင့်ချက်ရှိပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။)
...

Nosferatu (1922) ⭐TMDB: 77% User Score 🎬 #Drama #Horror 🗓 1922 🎞 movie 🌎 #Germany ⏰ 1 နာရီ 35 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nosferatu: A Symphony of Horror (1922) IMDb Rating (7.8) / Rotten Tomatoes (97%) အခု နာမည်ကြီးနေတဲ့ Nosferatu 2024 ရဲ့ မူရင်းရုပ်ရှင် ဂန္ဓာဝင်ကြီးကို တင်ဆက်ပေးထားပါတယ်။ သမိုင်းတလျှောက်အကောင်းဆုံး ဟော်ရာရုပ်ရှင်စာရင်းထဲမှာ ပါဝင်တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ ကြောက်ဖို့အရမ်းကောင်းလို့ ဆွီဒင်မှာ ၁၉၇၂ အထိ ပိတ်ပင်ခံရဖူးပါတယ်။ ဇာတ်လမ်းက အရမ်းကောင်းခဲ့ပေမဲ့ ရုပ်ရှင်ရဲ့အပြင်လောက ဇာတ်သိမ်းကတော့မလှခဲ့ပါဘူး။ ဒီရုပ်ရှင်ဟာ ဘရမ်စတုတ်ကာရဲ့ ဒရက်ကူလာဇာတ်လမ်းကို မူပိုင်ခွင့်မဝယ်ယူဘဲ မှီငြိမ်းရိုက်ကူးခဲ့တာကြောင့် စတုတ်ကာ ကတော်က တရားစွဲတာခံခဲ့ရပါတယ်။ ထုတ်လုပ်သူတွေက လျော်ကြေးမပေးနိုင်လို့ ဒေဝါလီ ခံလိုက်ရပြီး တရားရုံးက ဖလင်နဲ့ မိတ္တူအားလုံးကိုဖျက်ဆီးဖို့ အမိန့်ချခဲ့တာပါ။ ဒါပေမဲ့ အချို့သောမိတ္တူတွေ ဖျက်ဆီးမခံရဘဲ ကျန်နေခဲ့လို့ အခုလို ကြည့်ရှုခွင့်ရကြတာပါပဲ။ ဒီထဲက ဇာတ်ဝင်ခန်းရိုက်ကူးခဲ့တဲ့ အဆောက်အဦးတွေကိုလည်း အခုအထိ အဲဒီအပြင်အဆင်အတိုင်းပါ ထိန်းသိမ်းထားပါသေးတယ်။ Wismar and Lübeck ဂျာမန်မြို့တွေမှာ တွေ့နိုင်ပါတယ်။ ဒရက်ကူလာရုပ်ရှင်တွေထဲမှာ ရှေးအကျဆုံးလို့ပြောလို့လည်းရပါတယ်။ ဘာလို့လဲဆိုတော့ Dracula’s Death (1921) က ၁၉၂၃ ကျမှ ထုတ်နိုင်ခဲ့လို့ပါ။ နေရောင်ကြောင့် ဗမ်ပိုင်းယားတွေသေတဲ့သဘောတရားကို ပထမဆုံး ထုတ်ဖော်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဘရမ်စတုတ်ကာရဲ့ မူလ ဒရက်ကူလာဟာ နေ့ဘက်မှာမထွက်တတ်ပေမဲ့ နေရောင်ကြောင့်သေတာမဟုတ်ဘဲ သစ်သားချွန်ကြောင့် သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းအကျဉ်းနို့စ်ဖရာတူ ဆိုတဲ့ စကားလုံးရဲ့ ဇစ်မြစ်ကတော့ ကွဲပြားနေတာအမျိုးမျိုးရှိပါတယ်။ ရိုမေးနီးယားဘာသာဖြစ်ပြီး ဗမ်ပိုင်းယား၊ ပလိပ်ကပ်ဘေး၊ သေမင်း စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေမဲ့ ရိုမေးနီးယားစကားလုံးအစစ်ဟုတ်မဟုတ်၊ ဂျာမန်လား အခြားဘာသာလားဆိုတာ အတည်ပြုရခက်ပါသေးတယ်။ ဒီရုပ်ရှင်မှာတော့ သောမတ် နဲ့ အယ်လန်တို့က ကြင်စဦး ဇနီးမောင်နှံတွေပါ။ သောမတ်ဟာ ဆင်းရဲတာကြောင့် ငွေရှာဖို့ကြိုးစားရင်း နယ်စားကြီးအောလော့ဆီမှာ အိမ်စာချုပ်တစ်ခု သွားချုပ်ပေးဖို့ ကြုံလာပါတယ်။ သောမတ်တစ်ယောက် အောလော့ဆီကို ရောက်နေတုန်းမှာပဲ အောလော့ဟာ လူသားမဟုတ်တာကို သိပြီးထွက်ပြေးဖို့ ကြိုးစားရပါတော့တယ်။ အဲဒီအချိန်မှာပဲ ဝစ္စဘက်မြို့တစ်ခုလုံး ပလိပ်ကပ်ဘေးကြီးကျလာပြီး ကယ်တင်စရာလမ်းမရှိချိန်မှာပဲ ဟက်တာကတော် အယ်လန်ဟာ အဖြေတစ်ခုကိုတွေ့သွားတဲ့အခါ… (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။)
...

The Room Next Door (2024) ⭐IMDB: 6.9/10 (13 k Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Spain #UnitedStates #France ⏰ 1 နာရီ 46 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Room Next Door (2024) IMDb Rating (6.9) / Rotten Tomatoes (81%) Sigrid Nunez ရဲ့ ဝတ္ထုဖြစ်တဲ့ “What Are You Going Through” ကနေ ကောက်ယူခဲ့တဲ့ Pedro Almodóvar ရဲ့ ပထမဆုံး  English-language feature film ဖြစ်ပြီး 81st Venice International Film Festival မှာ Golden Lion ဆုရခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း နှစ်တွေအကြာကြီး ကွဲသွားပြီးမှ ပြန်ဆုံစည်းဖြစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ စစ်ပွဲသတင်းထောက်ဟောင်း Martha နဲ့ စာရေးဆရာမ Ingrid ​တိုဟာ Martha မှာ သားအိမ်ခေါင်းကင်ဆာဖြစ်နေတာကြောင့် ဆုံတွေ့ခဲ့ကြရတာ ဖြစ်တယ်။ Martha က ​သူ့ရဲ့ကျွမ်းနေတဲ့ရောဂါကို လက်ခံထားပြီး သေခြင်းတရားကို ရင်ဆိုင်ဖို အဆင်သင့်ဖြစ်နေတဲ့သူဆိုပေမဲ့ Ingrid ကတော့ သူ့ရဲ့ သေခြင်းတရားအပေါ် ကြောက်စိတ်ကို မကြာသေးခင်ကမှ စာအုပ်ထုတ်ဝေထားတာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ရင်းနှီးတဲ့သူငယ်ချင်းဟောင်းနှစ်ယောက် သေခြင်းတရားအပေါ် မတူညီတဲ့ သဘောထားတွေရှိနေပေမဲ့ နှစ်ယောက်အတူတူ အချိန်ကုန်ဆုံးရင်း ဘယ်လိုအဓိပ္ပါယ်ရှိတဲ့ ဆက်ဆံရေးဖန်တီးမလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ သူငယ်ချင်းဆက်ဆံရေး၊ ချစ်ခြင်းမေတ္တာနဲ့ ရှင်သန်မှုနဲ့ သေဆုံးခြင်းကြားက ကိုယ့်ဘဝကို ထိန်းချုပ်နိုင်ချင်တဲ့ တောင့်တစိတ်တွေကို ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ခံစားမှုရသအပြည့်နဲ့  ဒရမ်မာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)
...