ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Extreme Marksmen (2008) ⭐TMDB: 0.0% User Score 🎬 #Action #History #Documentary 🗓 2008 🎞 movie 🌎 # ⏰ 1 နာရီ 31 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတင်ဆက်မယ့် TV program ကို ကျွန်တော့်အနေနဲ့တော့ ကြည့်သင့်တဲ့အစီအစဉ်တစ်ခုလို့ ပြောပါရစေ။ ဘာဖြစ်လို့လဲသိချင်ရင်တော့ ကြည့်ကြည့်ပါလို့ပဲ ပြောရမှာပါပဲ။ အကြောင်းအရာကတော့ လက်ဖြောင့်ငကြမ်းကြီးတွေအကြောင်း စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ program ဖြစ်ပါတယ်။ မြှား၊ ခြောက်လုံးပြူး၊ ယမ်းထိုးသေနတ်မှစလို့ အမြောက်ထိအောင် အမှန်တကယ်မြေပြင်မှာရှိခဲ့တဲ့၊ ပစ်ခဲ့တဲ့လက်ဖြောင့်ပစ်သမားတွေရဲ့ မယုံနိုင်လောက်စရာ၊ မဖြစ်နိုင်လောက်စရာ တိကျတဲ့ပစ်ချက်တွေအကြောင်း စိတ်ဝင်စားဖွယ် ရိုက်ကူးပြသထားပါတယ်။ စိတ်ကူးယဉ်ဇာတ်လမ်းမျိုးမဟုတ်ဘဲ ခေတ်အဆက်ဆက် တကယ်ရှိခဲ့တဲ့၊ သူမတူအောင် လက်ဖြောင့်ခဲ့ကြတဲ့ ဆရာကြီးများအကြောင်းနဲ့ သူတို့လက်ခံယှဉ်ပြိုင်ခဲ့တဲ့ စွမ်းရည်စမ်းသပ်မှု စိန်ခေါ်ပွဲတွေအကြောင်း narrator ကသေချာရှင်းပြပြီးပြောပြထားလို့ အတော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်ကားမဟုတ်ပေမယ့် ဇာတ်လမ်းအဆုံးထိအောင် တောက်လျှောက်ကြည့်ဖြစ်သွားမယ့် documentary ဆန်ဆန် program မျိုးပါ။ IMDb rating လည်း 7.5 ထိရထားတာဖြစ်လို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
...

Fireworks (2023) ⭐IMDB: 7.4/10 (1 k Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Italy ⏰ 2 နာရီ 8 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fireworks [2023](IMDb 7.4/10 , RT 100% ) ဂျာနီက အီတလီ စစ္စလီကျွန်းပေါ်က မိန်းမလျာတစ်ယောက်…သူ့ဟာ ယောက်ျားလေးတစ်ယောက်နဲ့ ပက်သက်ခဲ့ဖူးတာကို လူသိရှင်ကြားဖြစ်သွားလို့ပတ်ဝန်းကျင်က ဝိုင်းဝန်းအနိုင်ကျင့်တာကို ခံနေရသူ…ပထွေးလုပ်သူရဲ့ ဆိုင်ကယ်ရုံမှာ အလုပ်ဝင်လုပ်ရင်းနဲ့ တစ်နေ့မှာတော့ လာအပ်ထားတဲ့ ဆိုင်ကယ်ကို သွားပို့ပေးရပါတော့တယ်…ဒီလိုနဲ့ မထင်မှတ်ဘဲ နီနိုနဲ့ ဆုံတွေခဲ့ပါတော့တယ်…နောက်တော့ ဂျာနီလည်း နီနိုတို့မိသားစုဟာ မီးရှူးမီးပန်းလုပ်ငန်း လုပ်ကိုင်ကြတာမို့သူ့ကို ဖိနှိပ်နေတဲ့ ရပ်ဝန်းက ထွက်ပြီး နီနိုတို့ဆီမှာ အလုပ်သွားလျှောက်ခဲ့ပါတယ်…ဒါပေမယ့် နီနို့အဖေဟာ လစာမပေးနိုင်လို့ လက်မခံခဲ့ပါဘူး…အဲ့အစား နီနို့ဦးလေးရဲ့ ကျောက်တွင်းမှာ အလုပ်ထည့်ပေးလိုက်ပါတယ်…ဒီလိုနဲ့ ဂျာနီလည်း ပထွေးအိမ်ကနေ လွတ်မယ့် လမ်းစပွင့်လာပါတော့တယ်…ကံကြမ္မာက အလှည့်အပြောင်းဖြစ်ချင်တော့ ဂျာနီဟာ သူ့ကို မခန့်တဲ့ မီးရှူးမီးပန်းအလုပ်မှာနီနိုနဲ့ နှစ်ယောက်တည်းအတူတွဲလုပ်ရကံ ကြုံလာပါတော့တယ်…ဒီလိုနဲ့ သူတို့ နှစ်ဦး စိတ်တိမ်းညွတ်ကြရင်းက ချစ်ကျွမ်းဝင်ပါတော့တယ်…လိင်တူချစ်ကြိုက်ကြတာကို နီနို့မိဘတွေနဲ့ ပတ်ဝန်းကျင်က သိသွားတဲ့အခါ သူတို့ ဘယ်လိုရင်ဆိုင်ကြရမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်… ဇာတ်လမ်းလေးက Rating မြင့်သလို တကယ်လည်း ကောင်းတဲ့ဖြစ်ရပ်မှန် ရသဇာတ်လမ်းကောင်းလေးတစ်ပုဒ်မို့ ကြည့်ရှုသင့်ကြောင်း အသိပေးလိုက်ပါရစေနော်… (အညွှန်းနဲ့ဘာသာပြန်ကတော့Tun Aung Kyawဖြစ်ပါတယ်)
...

No Way Up (2024) ⭐TMDB: 55.0% User Score 🎬 #Action #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 30 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 No Way Up (2024) လတ်တလောထွက်ရှိထားတဲ့ Thriller/Actionဇာတ်လမ်းကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။မတူညီတဲ့ နောက်ကြောင်းကိုယ်စီနဲ့ ခရီးသည်တွေပါတဲ့ ကာဘိုကိုသွားမဲ့ မနက်အစောကြီးလေယာဉ်တစ်စင်း။မနက်အစောလေယာဉ်ဖြစ်တာမို့ ခရီးသည် များများစားစားမပါပေမဲ့ ကံဆိုးချင်တော့ သမုဒ္ဒရာထဲကို ပျက်ကျပါတယ်။ဒီမှာပဲ တဖြည်းဖြည်း သမုဒ္ဒရာကြမ်းပြင်ဆီ မြုပ်နေတဲ့လေယာဉ်ထဲက ခရီးသည်တွေအောက်စီဂျင်မရှိတော့မယ့် ဒုက္ခနဲ့ ငါးမန်းတွေဝိုင်းနေတဲ့ အန္တရာယ်ကိုရင်ဆိုင်ရပါတော့တယ်။သူတို့တွေ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်ဖို့ကြိုးစားကြတာကို အသဲတလှပ်လှပ်နဲ့ ခံစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့aungmo3hanဖြစ်ပါတယ်)
...

War on Terror: KL Anarchy (2023) ⭐IMDB: 6.7/10 (52 Votes) 🎬 #Action #Crime #Thriller 🗓 2023 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 36 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 War on Terror : KL Anarchy (2023) နိုင်ငံတကာက ရိုက်ကူးထားတဲ့ ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ မီးသတ်တပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ဂုဏ်ပြုဇာတ်ကားတွေရဲ့အားနည်းချက်က အရမ်းအမွှန်းတင်လွန်းတာပါပဲ။ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ် ပေါ်လစီတွေများနေတာကိုး။ဒါပေမဲ့လဲ နိုင်ငံတိုင်းကလဲ သူတို့နိုင်ငံမှာရှိတဲ့ တပ်ဖွဲ့အသီးသီးကို အမွန်းတင်ပြီး ဂုဏ်ပြုဇာတ်ကားတွေ ရိုက်ပေးနေကြတုန်းပါပဲ။ဒီလိုရိုက်ပေးတာကိုက သူတို့ရဲ့စိတ်ဓာတ်ကို မြင့်တင်ပေးတဲ့သဘောပါပဲ။ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူတွေက ပေါ်လစီတွေ အမွှန်းတင်တာတွေကို ကြည့်ရပါများလာတော့သိပ်မကြိုက်ကြတော့လို့ လက်တွေ့နဲ့နီးစပ်လာတာတွေကို ပြောင်းရိုက်လာကြပါတယ်။ဒါပေမဲ့ အနည်းကျဉ်းတော့ ပါနေကြတုန်းပါပဲ။အဲ့လို ပေါ်လစီတွေ အမွှန်းတင်တာတွေလဲ မများဘဲ အရင်ခေတ်က ရဲအက်ရှင်ကားတွေလိုမျိုးအက်ရှင်ကြမ်းကြမ်းနဲ့ ဗီလိန်ကလည်း စောင်ငနုမဟုတ်တဲ့ အက်ရှင်ခပ်ကြမ်းကြမ်းကိုမှ ကြည့်ချင်သူတွေအတွက်၂၀၂၃ ခုနှစ် နိုဝင်ဘာလကမှ ထွက်ရှိထားတဲ့ မလေးရှားရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း …ကာလစ်ဆိုတဲ့ ရဲဝန်ထမ်းတစ်ယောက်ဟာ မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူပါ။အလုပ်မှာတော်တဲ့ရဲတစ်ယောက်ဖြစ်သလို သူစိတ်ထင်ရာကိုလုပ်တတ်တဲ့သူမို့လဲ အဖွဲ့ခေါင်းကကြည့်မရတဲ့သူပါ။ဒါပေမဲ့ သူ့ရဲ့ခန့်မှန်းချက်တွေက အမြဲမှန်နေတတ်လို့ တပ်ဖွဲ့ကနေလဲ စွန့်လွှတ်လို့မရတဲ့သူတစ်ယောက်ပေါ့။တစ်နေ့မှာတော့မလေးရှားနိုင်ငံက လက်နက်ကုမ္ပဏီတစ်ခုရဲ့ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေကို တင်ပို့လာတဲ့ရထားကို ဓားပြတိုက်သွားပြီးလက်နက်ပစ္စည်းတွေအများပြားပျောက်ဆုံးပြီး ရထားပေါ်မှခရီးသည်တွေသေကြေထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ပျောက်ဆုံးသွားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေဟာ လဲပျောက်ချင်းမလှပျောက်သွားတဲ့အတွက် မလေးရှားရဲတပ်ဖွဲ့အတွက် ရတက်မအေးစရာဖြစ်လာခဲ့ပါပြီ။ဒါဟာ အကြမ်းဖက်အဖွဲ့နဲ့သက်ဆိုင်နေတဲ့အမှုဖြစ်တဲ့အတွက် မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ကို တာဝန်ပေးခဲ့ရာမှကာလစ်တို့အဖွဲ့ ဘယ်လိုအကြမ်းဖက်သမားတွေနဲ့ ကြုံရမလဲပျောက်သွားတဲ့ဖောက်ခွဲရေးပစ္စည်းတွေကို ဘယ်လိုပြန်ရှာဖွေကြမလဲဆိုတာအက်ရှင်ခပ်ကြမ်းကြမ်းနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့K.Heinဖြစ်ပါတယ်)
...

DogMan (2023) ⭐TMDB: 73.0% User Score 🎬 #Action #Crime #Drama #Western #Thriller 🗓 2023 🎞 movie 🌎 #France #UnitedStatesofAmerica #Italy ⏰ 1 နာရီ 55 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 dogman ဒီကားကတော့ ပြင်သစ်ဒါရိုက်တာ ရိုက်ကူးထားတဲ့ အက်ရှင်ကားပါပဲ။ နာမည်ထဲက အတိုင်း ခွေးလူသား တစ်ယောက်အကြောင်းပါ။ စူပါဟီးရိုးကားမဟုတ်ပေမဲ့ စိတ်ကူးယဉ်ဆန်ဆန်ပဲ ခွေးတွေက သူတို့ရဲ့သခင်ခိုးသမျှကို အတိအကျနားလည်နေပြီ လူတွေကို တိုက်ခိုက်တာ၊ ပစ္စည်းတွေခိုးတာ လုပ်တတ်နေတာပါ။ ဒီရုပ်ရှင်အတွက် လေ့ကျင့်ထားတဲ့ခွေးအစစ်တွေအများကြီးကိုအသုံးချပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ဒေါက်ဂလပ်ဆိုတဲ့လူတစ်ယောက်အဖမ်းခံရပြီး သူ့ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ စိတ်ဆရာဝန်မ တစ်ယောက်က သူ့ဘဝအကြောင်းကို အင်တာဗြူးတာနဲ့စတင်ထားပါတယ်။ ငယ်ငယ်ကတည်းက အနိုင်ကျင့်တတ်တဲ့အဖေကြောင့် ခွေးတွေနဲ့ ခွေးလှောင်အိမ်ထဲမှာပဲ နေခဲ့ရတဲ့ကလေးဟာ လူတွေထက်ခွေးတွေကို ပိုချစ်တတ်ပြီး ပိုနားလည်လာသလို ခွေးတွေကလည်း သူ့ကို အပြည့်အဝနားလည်လာကြပါတယ်။ ဒေါက်ဂလပ်ရဲ့ ကလေးဘဝကနေ လူကြီးဘဝအထိ ရုန်းကန်လာရပုံတွေ ခွေးတွေကို ဂေဟာဖွင့်ပြီး စောင့်ရှောက်ထားရင်း ပိုက်ဆံမရှိတော့လို့ သူ့ခွေးတွေရဲ့အကူအညီနဲ့ ခိုးရဝှက်ရပုံတွေ၊ လူတွေကိုကူညီရင်းနဲ့ နောက်ဆုံးမှာ လူမိုက်ဂိုဏ်းကြီးတစ်ခုနဲ့ ရင်ဆိုင်ရပုံတွေကို အမေးအဖြေတလှည့် ဇာတ်ကွက်တစ်လှည့်ပြသသွားတာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်လိုက်ကြပါဦး။
...

The Last Wife (2023) ⭐IMDB: 6.2/10 (223 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Vietnam ⏰ 2 နာရီ 13 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Last Wife (2023)(IMDb 6.2/10) ဒီတစ်ခါ အာရှရုပ်ရှင်ပရိသတ်ကြီးအတွက် ငယ်ငယ်တုန်းကသနားစရာထိုင်းကားတွေ ဖိလစ်ပိုင်ကားတွေလိုမျိုးသနားဖို့အရမ်းကောင်းပြီး မျက်ရည်တွေဘူးသီးလုံးလောက်ကျရမယ့်ဗီယက်နမ် ဒရာမာကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် ဒီကားထဲမှာ ကေတီငုယင်လို ဗီယက်နမ်ရဲ့တက်သစ်စ မင်းသမီးချောလေးက ဦးဆောင်ပါဝင်ထားပြီးဇာတ်နာတာကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ ကြည့်ရင်းနဲ့ မင်းသမီးလေးကို သနားရမဲ့ဇာတ်ကားလေးပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ လင်းက ဂဏန်းရွာလို့ခေါ်တဲ့ရွာလေးက ဆင်းရဲတဲ့ရွာသူလေးတစ်ယောက်ပါတစ်နေ့ကျတော့ သူ့ကို နယ်စားမင်းက တတိယဇနီးအဖြစ် မယားငယ်ထားဖို့ဆိုပြီး အခမ်းအနားနဲ့လာခေါ်သွားပါတယ်…ဒီလိုလာခေါ်သွားတာ လင်းလေးက ဥစ္စာမက်လို့လား နယ်စားမင်းကိုပဲတကယ်စုံမက်လို့လား ဘယ်သူမှတော့ သေချာမသိပါဘူးအဲ့လိုနဲ့ ညားခါစမှာတော့ နယ်စားမင်းနဲ့သမီးတစ်ယောက် ထွန်းကားခဲ့ပေမယ့် ၇ နှစ်ကြာတဲ့ထိ သားလေးမရခဲ့ပါဘူးအဲ့အချိန်မှာ လင်းရဲ့ချစ်သူဟောင်း အာနန်က ရွာကိုပြန်ရောက်လာတဲ့အခါမှာအတိတ်ကအကြောင်းတွေလည်း အဟောင်းတွေအသစ်ဖြစ်ပြီးတော့လင်းတို့ချစ်သူနှစ်ဦး ပြန်ပေါင်းဖက်နိုင်မလားဆိုတာတော့….ဇာတ်လမ်းလေးကရိုးရှင်းသလိုဖြစ်နေပေမယ့် မြှပ်ကွက်တွေနဲနဲတော့ပါတဲ့အပြင်ဇာတ်ကလေးကလည်း အရမ်းနာလို့ သနားတတ်သူများ မျက်ရည်လွယ်သူများတစ်ရှူးဆောင်ရင်းကြည့်ပါလို့ အကြံပေးရင် တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့Saii Thurein Lynnပဲ ဖြစ်ပါတယ်
...

Fear the Walking Dead (2015) ⭐TMDB: 77.0% User Score 🎬 #Action #Adventure #Drama 🗓 2015 🎞 movie 🌎 #UnitedStatesofAmerica ⏰ 52 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fear the Walking Dead (2015) Fear the Walking Dead [Season 1] ကဲ အစားတွေမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် အစားတလိုင်း စီးရီးလာပါပြီ။ Fear the Walking Dead ရှေ့ စီစန် ၃ ခုက The Walking Dead ရဲ့ Spin-off ဖြစ်ပါတယ်။ဇာတ်ကြောင်းကတော့ ထွေထွေထူးထူး ပြောနေဖို့ လိုမယ်မထင်ပါဘူး။ ဒီစီစန်ရဲ့ Zombie Apocalypse မြစ်ဖျားခံရာကတော့ Los Angeles မြို့ပဲ ဖြစ်ပါတယ်။ FTWD မှာ Los Angeles မြို့သားတွေကတော့ သာမန်အခြေအနေနဲ့ သွားလာလှုပ်ရှားနေဆဲပါ။ တချို့သော နေရာတွေမှာတော့ ဗိုင်းရပ်စ်လား ဘာလားမသိသေးတဲ့ အရာတစ်ခုက ဒုက္ခပေးနေတဲ့ သတင်းကို သိကြသူတချို့လည်း ရှိတော့နေပါပြီ။တစ်ရက်မှာတော့ ဘယ်လောက်ပစ်ပစ် မသေတဲ့ လူတစ်ယောက်ရဲ့ ဗီဒီယိုမှတ်တမ်းနဲ့အတူ ဒီသတင်းကြီးက LA ကို အတည်ပြုပေးဖို့ ရောက်လာခဲ့ပါတော့တယ်။ ဒီတော့ LA မြို့သားတွေ ဒီ apocalypse ကြီးကို ဘယ်လို survive လုပ်မလဲဆိုတာ ထမင်းလည်းစား ဝိတ်လည်းချရင်း ကြည့်နိုင်ဖို့ စေတနာအပြည့်နဲ့ တင်ဆက်ပေးလိုက်ရပါတယ်
...

Foxter & Max (2019) ⭐IMDB: 6.1/10 (250 Votes) 🎬 #Adventure #Family #Fantasy #SciFi 🗓 2019 🎞 movie 🌎 #Ukraine ⏰ 1 နာရီ 28 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ခွေးချစ်သူတွေအတွက် ရင်ထဲနွေးသွားရမယ့် ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းလေးကိုတော့ ခွေးအရမ်းမွေးချင်ပေမယ့် အိမ်က မွေးခွင့်မပြုတဲ့ ကောင်ကလေး Max နဲ့ စတင်ထားပါတယ် ။ Max ဟာ ကာတွန်းရုပ်ဆွဲရတာ ဝါသနာပါပြီး ခပ်အေးအေးနေတတ်တဲ့ ကောင်လေး ဖြစ်တာကြောင့် အတန်းဖော်တွေဆီကလည်း အနိုင်ကျင့် ခံရလေ့ ရှိပါတယ်။ အဲဒီလို Max ဆီကို တံတားအောက်က ထူးဆန်းတဲ့မှုတ်ဆေးတစ်ဘူး အကြောင်းပြုပြီး Foxter လို့ ခေါ်တဲ့ စက်ရုပ်ခွေးလေးတစ်ကောင်ရောက်လာတဲ့ အခါမှာတော့ Max ရဲ့ ဘဝကြီးက တစ်ဆစ်ချိုးပြောင်းလဲ သွားတော့တာပါပဲ ။ ဒါပေမယ့် စက်ရုပ်ခွေးလေး Foxter ကို မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ အသုံးချဖို့ ကြံစည်နေတဲ့ လူမိုက်တွေကလည်း ရှိနေပါသေးတယ် ။ Max ဟာ ခွေးလေး Foxter ကို လူမိုက်တွေလက်ထဲ ပါမသွားအောင် ကာကွယ် နိုင်ပါ့မလား ။ ဒါမှမဟုတ် Foxter ကပဲ Max ကို ပြန်ကာကွယ် ရမလားဆိုတာတော့ 2019 ခုနှစ်တုန်းက ထွက်ရှိထားတဲ့ ယူကရိန်းရုပ်ရှင် Foxter and Max မှာ ဆက်လက်ကြည့်ရှု ပေးကြပါဦးနော် ။ စက်ရုပ်ခွေးတစ်ကောင် နဲ့ ခပ်တုံးတုံး ကောင်လေးတစ်ယောက်ကြားက ပဋိပက္ခတွေ ၊ အခက်အခဲတွေ ၊ သံယောဇဥ်တွေကို ကြည့်ပြီးရင်တော့ ကိုယ့်အိမ်က ခွေးကလေးတွေကို ပိုချစ်ပေးဖို့လည်း မမေ့ပါနဲ့ဦးနော်
...

Hunt the Wicked (2024) ⭐TMDB: 50.0% User Score 🎬 #Action #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 43 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးထဲမှာ အမှုလိုက်ရာမှာ အလွန်တော်တဲ့ ဟွမ်မင်ကျင်းနဲ့ဒုစရိုက်လုပ်ရာမှာ အလွန်တော်တဲ့ ဝေ့ယွင်ကျိုးတို့ဟာ ဝူစူးလီမြို့ရဲ့မြေအောက်မူးယစ်ဒုစရိုက်ဂိုဏ်းကြီးတစ်ခုကြောင့်အကြိမ်ကြိမ်တွေ့ဆုံပြီး သူသေကိုယ်သေတိုက်ခိုက်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဝင်နဲ့ ဒုစရိုက်သမားတွေမှာ တချို့က ဓားသွားအောက်ကနေငြိမ်းချမ်းမှုအတွက် ကြိုးပမ်းကြတယ်။တချို့က လမ်းမှားပေါ်မှာ အသက်ပေးသွားကြရတယ်။ဒုစရိုက်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် စုံစမ်းစစ်ဆေးပြီးမှဖုံးကွယ်ထားတဲ့ မူးယစ်ကွန်ယက်ကြီး တစ်ခုလုံးပေါ်ထွက်လာတဲ့ အခါမှာတော့…… ရဲနဲ့ ဒုစရိုက်သမားတို့တွေ မကောင်းမှုကိုအပြစ်ပေးတဲ့အခါ ဘယ်လို ကွာခြားကြသလဲ……သူတို့ရဲ့ မတူညီတဲ့ ဆုံးဖြတ်ချက်နောက်မှာဘဝလမ်းကြောင်းတွေ ဘယ်လို ကွာခြားသွားကြမလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူကြည့်ရှုခံစားလိုက်ရအောင်နော်။
...

Break War (2024) ⭐TMDB: 20.0% User Score 🎬 #Action #Crime #Drama #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 26 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟောင်ကောင်ရဲကားလေးတင်ဆက်ပေးလိုက်ပါတယ်။တရားဥပဒေဆိုတာ ပြည်သူတွေကိုအကျိုးပြုဖို့အတွက်ဆိုပေမယ့်ကိုယ်ကျိုးအတွက်အာဏာပါဝါကိုအသုံးချပြီးတော့တရားဥပဒေအပြင်ဘက်မှာနေနေတဲ့လူတွေဟာရှိနေတတ်စမြဲပါပဲ။ တရားဥပဒေကိုအားကိုးလို့မရတော့ကိုယ်တိုင်တရားစီရင်ဖို့လုပ်လာတဲ့ Batman လိုလူမျိုးပေါ်လာပါတယ်။ကိုယ့်ကိုယ်ကိုတရားသောဘက်ကနေပြီး အလုပ်လုပ်နေတယ်လို့ထင်ပေမယ့်တကယ်တော့ သူကလက်စားချေဖို့အတွက် ပြစ်မှုတွေဆက်တိုက်ကျူးလွန်နေတာပါ။ ဒီလျို့ဝှက်ပြီး အင်အားတောင့်တဲ့တရားခံကို ဟောင်ကောင်ရဲတွေကဘယ်လိုကြိုးစားပြီးဖော်မလဲဆိုတာကို ရိုက်ထားတာပဲဖြစ်ပါတယ်။ဒီအမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေနဲ့ပတ်သက်နေမလဲ …..ပိပိရိရိအကွက်ချပြီး ကျူးလွန်နေတဲ့ တရားခံကိုဘယ်လိုဖမ်းကြမလဲ……ဝါရင့်သရုပ်ဆောင်တွေချည်းပဲမလို့ အားလုံးရဲ့သရုပ်ဆောင်ချက်တွေကအပိုအလိုမရှိ ကွက်တိကျပြီး ကြည့်ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
...

Scammy Boys (2024) ⭐IMDB: 5.8/10 (13 Votes) 🎬 #Bollywood #Thriller #Action 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 45 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Scammy Boys (2024) (အပေအတေလေးများ) ဒီတစ်ခေါက်ကတော့ လူညစ်လေးတွေဇာတ်လမ်းပေါ့။ပိုက်ဆံရဖို့အတွက် ဘာမဆိုအသင့်ဖြစ်နေတဲ့ အနေအထားလေးနဲ့ဆယ်ကျော်သက်ကောင်လေးနှစ်ယောက်ရဲ့ဇာတ်လမ်းပေါ့ဗျာ။ငွေကိုရေလိုသုံးဖူးသွားတော့ ငွေရဖို့အတွက် အလုပ်အားလုံးလုပ်ကြမယ့်ကောင်လေးတွေပေါ့။ ပီယွရှ်နဲ့ ပန်ကချ်ဆိုတဲ့ ကောလိပ်ကျောင်းသားလေးနှစ်ယောက်ရှိတယ်။သူတို့တွေဟာ တိုင်းတစ်ပါးက အကြမ်းဖက်သမားတွေနဲ့ အလုပ်အတူတူလုပ်ရင်းသက်စွန့်ဆံဖျား ငွေရှာကြတယ်။ ဟိုကလည်း သူတို့နှစ်ယောက်ကို ထိန်းချုပ်ထားတဲ့ သဘောပေါ့။ ဒီလူတွေဟာလည်း ရဲတွေနဲ့ပေါင်းစားရိုက်စားလုပ်နေကြတာပေါ့။ ဒီလိုလုပ်ရင်းနဲ့ တစ်ရက်မှာ သူတို့ကိုလွှတ်ပေးမယ် ဒါပေမဲ့ နောက်ဆုံးအလုပ်တစ်ခုလုပ်ပေးရမယ်လို့အကြမ်းဖက်သမားတွေက အကြပ်ကိုင်လာတဲ့အခါမှာတော့…။ ဒီကောင်လေးတွေအတွက် အသက်အန္တရာယ်များလွန်းတဲ့ အလုပ်တစ်ခုပေါ်လာခဲ့ပါတယ်။ဒီကောင်လေးတွေလွတ်မြောက်သွားမလား…။ကံဆိုးသွားကြမလားဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးကြနော်…။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...

Kaatru Veliyidai (2017) ⭐TMDB: 56.0% User Score 🎬 #Action #Bollywood #Drama #Romance #Thriller 🗓 2017 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kaatru Veliyidai (2017) “ဓါးသွားထက်က ပျားရည်စက်များ”IMDb – 5.8/10 ယခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ အက်ရှင်ကြမ်းကြမ်း အချစ်ရိုမန့်စ်ဒရာမာကားလေးတစ်ကားပဲဖြစ်ပါတယ်ဗာရွန်လို့ခေါ်တဲ့ လေတပ်အရာရှိတစ်ဦးဟာ ကာဂီလ်စစ်ပွဲအတွင်း ပါကစ္စတန်မှာ ထောင်ကျနေခဲ့ပါတယ်။၈ပေ၅ပေပဲ ရှိတဲ့ အကျဉ်းထောင်လေးထဲမှာ သွေးတွေအလိမ်းလိမ်းနဲ့ နေ့လည်းမသိ ညလည်းမသိ နေခဲ့ရတဲ့အချိန်မှာ သူ့နိုင်ငံကိုချစ်တဲ့စိတ်၊ ရန်သူတွေကိုမုန်းတဲ့စိတ် ပြီးတော့ သူ့ချစ်သူလေးကို ချစ်တဲ့စိတ်နဲ့ပဲ အသက်ဆက်ရှင်နေခဲ့ရပါတယ်။ သူ့ချစ်သူလေး ဒေါက်တာလီလာရဲ့ ပထမဆုံးတာဝန်ကျတဲ့နေ့မှာပဲ ကိုကိုဗာရွန်က ကားအက်စီးဒန့်နဲ့ ဆေးရုံကိုရောက်လာရင်း ဒေါက်တာလီလာရဲ့ပထမဆုံးလူနာဖြစ်ခွင့်ရခဲ့ပြီးနောက်ပိုင်း ခင်မင်ရာကနေ ချစ်သွားကြတယ်ပေါ့ပါကစ္စတန်ထောင်ထဲမှာ ချစ်သူလေးစိတ်နဲ့ နေလာရင်း ထောင်ထဲကနေ လွတ်မြောက်လာတဲ့အခါ သူ့ချစ်သူလေးကို အရင်လိုက်ရှာခဲ့ပါတော့တယ် အဲဒီနောက်မှာတော့ ဗာရွန် ပါကစ္စတန်ထောင်ထဲကနေ ဘယ်လိုလွတ်မြောက်လာခဲ့လဲ ……..သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုမျိုးလေးလဲ ……..လေတပ်အရာရှိလေးဗာရွန်နဲ့ သူ့ချစ်သူလီလာတို့ ပြန်လည်ဆုံတွေ့နိုင်ကြမှာလား ……..ဆိုတာတွေကို ရင်ခုန်ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...

Sleep Call (2023) ⭐TMDB: 78.0% User Score 🎬 #Drama #Thriller #Romance 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 40 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်လေးကတော့ Drama၊ Thrillerအမျိုးအစား အင်ဒိုရုပ်ရှင်ကားလေးဖြစ်တာမလို့ plotကောင်းကောင်းကို ခံစားချက်အပြည့်နဲ့ စီးမျှောကြည့်လို့ကောင်းဦးမှာပါ။ အင်ဒို မော်ဒယ်၊မင်းသမီးချော Laura Basukiရဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေကလည်း ဂရုဏာမသက်ဘဲ မနေနိုင်အောင် မြင်တွေ့ရဦးမှာပါ…။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ဒီနာဟာ အွန်းလိုင်းချေးငွေယူခဲ့မိပြီး အကြွေးသံသရာထဲက ရုန်းမထွက်နိုင်အောင်ဖြစ်နေသူပါ…။ အကြွေးတွေပြန်မဆပ်နိုင်တဲ့အဆုံး အွန်လိုင်းချေးငွေရုံးမှာပဲ အလုပ်ဝင်လုပ်ရင်း အကြွေးဆပ်ဖို့ကြံရရှာပါတယ်…။ အွန်လိုင်းချေးငွေဆိုတာ လိမ်လည်ကလိမ်ကကျစ်ကျတာနဲ့ ထူးမခြားနားပေမို့ ဒီနာတစ်ယောက် နေ့စဥ်နေ့တိုင်းအလုပ်လုပ် နေရပေမယ့် ဘဝအဓိပ္ပာယ်ပျောက်၊ ခံစားချက်တွေပျောက်ဆုံး နေခဲ့ရပါတယ်။ သူ့အတွက် စိတ်ဖြေစရာဆိုတာကလည်း ညညဆို မအိပ်ခင်ဖုန်းအတူပြောပေးတဲ့ အွန်လိုင်းချစ်သူလေးသာ ရှိပါတယ်…။ ဒီနာတစ်ယောက် အကြွေးသံသရာထဲရုန်းကန်နေရရင်း အမြတ်ထုတ်လိုသူတွေကြား ဘယ်လိုဆက်လက်ရှင်သန်ရမလဲ… သူ့ရဲ့အွန်လိုင်းချစ်သူလေးကရော ဒီနာ့ဘဝကို ဘယ်လိုကယ်တင်နိုင်မလဲ… စတာတွေကို မထင်ထားလောက်တဲ့ plotအစုံနဲ့မြင်တွေ့ရမှာမို့ အခုပဲ ကြည့်ရှုလိုက်ပါတော့ဗျာ။
...

Infiltration (2022) ⭐IMDB: 5.2/10 (281 Votes) 🎬 #Drama #History #Thriller #War 🗓 2022 🎞 movie 🌎 #Russia ⏰ 1 နာရီ 40 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စစ်ကားတွေကိုကြိုက်တဲ့သူတွေအတွက် Infiltration လို့ခေါ်တဲ့ရှရှားစစ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 5.2 ရရှိထားပြီး သူ့အနေအထားနဲ့သူ ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အီဗန်ဆိုတဲ့ ရှရှားစစ်ပြန်တစ်ယောက်က စစ်ပွဲကြီးပြီးသွားလို့ အိမ်ပြန်လာပေမဲ့ အမေရိကန်ပိုင်နက်မှာ ISIS တွေက သူ့ရဲ့ တပ်မှူးနဲ့ စစ်သားတွေကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးပြီး ပြန်ပေးငွေ တောင်းနေကြောင်းကို သိခဲ့ရပါတယ်။ပြန်ပေးငွေက ပြဿနာ မရှိပေမဲ့ အဖမ်းခံထားရတာက အမေရိကန်ပိုင်နက်မှာ ဖြစ်နေတဲ့ အတွက် အဲ့ဒီအချိန်ကလည်း ရှရှားနဲ့ အမေရိကန်တို့က စစ်တွေ ဖြစ်နေကြတဲ့အတွက် အဖမ်းခံထားရတဲ့ လူတွေကို ကယ်ထုတ်ဖို့က အခက်အခဲ ဖြစ်နေပါတော့တယ်။ဒီအခက်အခဲတွေကို သိတဲ့အီဗန်က ပြန်ပေးငွေစုဖို့ ကူညီပေးခဲ့တဲ့အပြင်ကိုမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကယ်တင်ဖို့ ဆီးရီးယားကို သွားခဲ့ပါတော့တယ်။ စစချင်းမှာတော့ ဂျာနယ်လစ်တစ်ယောက်အနေနဲ့ ရှရှားစစ်တပ်နဲ့ အတူလိုက်ပါခဲ့ပြီး အမေရိကန်ပိုင်နက်ထဲကို ဝင်ဖို့ကြိုးစားခဲ့ပါတယ်။ အဲ့ဒီကနေမှ တစ်ဆင့် အမေရိကန်စစ်တပ်နဲ့ တွေ့ပြီးနောက်ပိုင်းမှာ အဖမ်းခံရတဲ့ လူတွေကိုကယ်တင်နိုင်ပါ့မလား။ဒီစစ်ဆင်ရေးကြီးကို ကိုယ့်သဘောနဲ့ကိုယ် တစ်ယောက်တည်းလုပ်နေတဲ့ အီဗန်အတွက် လမ်းက ဖြောင့်ဖြူးပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်
...

Hustlers (2024) ⭐TMDB: 50.0% User Score 🎬 #Drama #Comedy 🗓 2024 🎞 tv series 🌎 #India ⏰ 49 မိနစ် 26 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hustlers (2023)Hustlers (2024) “လူပေါ်လူဇော်” IMDb – 8.3/10 Amazon miniTVကနေ ထုတ်လွှင့်ခဲ့တဲ့ အလန်းစား မီနီစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။အပိုင်းငါးပိုင်းပါဝင်ပြီး ကြည့်ရှုသူအပေါင်း မပျင်းရအောင် ဆွဲခေါ်သွားနိုင်မဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ အခြေသတင်းကြီးတဲ့ အိန္ဒိယရဲ့ အိုင်စီအီးဆိုတဲ့ အင်ဂျင်နီယာကျောင်းကြီးကို အိန္ဒိယပရိသတ်အတော်များများ သိပြီးဖြစ်မှာပေါ့။ တစ်နိုင်ငံလုံးက ထိပ်သီးကျောင်းသားကျောင်းသူတွေပဲ တက်ခွင့်ရတဲ့ အင်ဂျင်နီယာကောလိပ်။ ထုံးစံအတိုင်း ဖရက်ရှာကျောင်းသားလေးတွေကနေစတဲ့ ဇာတ်လမ်း။ မာနို့ဂျ်နဲ့ ဆန်ဂျေးဆိုတဲ့သူငယ်ချင်းနှစ်ယောက်။ ညီအစ်ကိုတွေလောက်ထိ သံယောဇဉ်ဖြစ်သွားကြသူတွေ။ ဆန်ဂျေးက ကိုတာဆိုတဲ့မြို့လေးကနေ ကျောင်းလာတက်တဲ့သူ။သင်ရိုးစာအုပ်ထဲက အဓိပ္ပါယ်ဖွင့်ဆိုချက်တွေထက် လက်တွေ့ဘ၀မှာအသုံးချဖို့ကို သင်ကြားလိုသူ။အိန္ဒိယတစ်နိုင်ငံလုံးမှာ သူ့နာမည်ပြောလိုက်တာနဲ့ လူတိုင်းသိနိုင်တဲ့အထိ ကျော်ကြားမှုမျိုးကို ရည်မှန်းထားတဲ့သူ။တစ်နေ့ကို ၁၈နာရီစာကြည့်ဖို့တွန်းအားပေးတဲ့အဖေတစ်ယောက်ကြောင့် စိတ်ညစ်နေရသူ။ မာနို့ဂျ်မိဘတွေကကျ ပြောင်းပြန်။ 3Idiotsရုပ်ရှင် ကြည့်ထားပုံရ။ သားကို အခန်းလိုက်ပို့တဲ့ ပထမဆုံးနေ့မှာပဲ မျက်နှာကျက်ကပန်ကာ ဖြုတ်သွားလေရဲ့။ မှာသွားသေးတယ်၊ စာမေးပွဲမအောင်လည်း ရွာပြန်ခဲ့ ဘာမှမဖြစ်ဘူးတဲ့။မာနို့ဂျ်က သင်ရိုးစာအုပ်ကို အာဂုံဆောင်ထားတဲ့သူ။ စာမေးပွဲမှာ သင်ရိုးထဲကဟာပဲမေးမှာ အပြင်ဟာစိတ်မဝင်စားဘူးတဲ့။ သူ ကောလိပ်လာတက်တဲ့ ရည်ရွယ်ချက်က အတော်ကြီးမားတယ်။ ပွတ်လုံးချောဖို့တဲ့၊ ရှစ်တန်းကတည်းက အင်ဂျင်နီယာကျောင်းတက်ဖို့ ဆုံးဖြတ်ပြီး မိဘတွေမျက်နှာမြင်ယောင်ပြီး မကောင်းတာစိုးစဉ်းမှမလုပ်ခဲ့သမျှ ကောလိပ်မှာ အပီချောဖို့တွေးထားတဲ့သူ။ဒီလိုငရှုပ်နှစ်ကောင် ဘယ်လိုတွေမွှေပြီး ဆန်ဂျေးရဲ့ ရည်မှန်းချက် အောင်မြင်မလားဆိုတာကို တစ်စက်မှ မပျင်းရအောင် တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...

Jurassic World (2015) ⭐TMDB: 67.0% User Score 🎬 #Action #Adventure #ScienceFiction #Thriller 🗓 2015 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 GOTG ထဲက Starlord သရုပ်ဆောင် Chris Pratt နဲ့ Spiderman ထဲက ဂွမ်သရုပ်ဆောင် Bryce Dallas Howard တို့ ပါဝင်ထားတဲ့ အမိုက်စား ဒိုင်နိုဆောကားကို ပြန်လည်တင်ဆက်လိုက်ပါတယ်။ ဒါရိုက်တာ Colin Trevorrow က ရိုက်ကူးထားပြီး Universal Pitcure ကနေ ထုတ်လုပ်ထားပါတယ်။ IMDb 6.9 နဲ့ RT 71% ရရှိထားတဲ့ သိပ္ပံအက်ရှင်ကား ဖြစ်ပါတယ်။ ဒိုင်နိုဆောတွေရဲ့ ဒီအန်အေတွေကနေတစ်ဆင့် မျိုးဗီဇအင်ဂျင်နီယာ ပညာရပ်နဲ့ သက်ရှိ ဒိုင်နိုဆောတွေကို ဖန်တီးပြီး ဂျူရက်ဆစ်ကမ္ဘာဆိုတဲ့ အပန်းဖြေဥယျာဉ်ကို တည်ဆောက်ထားပါတယ်။ လာရောက်အပန်းဖြေသူတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ချက်နဲ့ အသစ်အသစ်သော ဒိုင်နိုဆောတွေကို မျိုးဗီဇပေါင်းစပ်ပြီး ဖန်တီးလိုက်တဲ့အခါ ဂြိုဟ်ဆိုးစဝင်ပါတော့။ တစ်ဖက်မှာလည်း အိုဝမ်တို့က ရက်ပ်တာ ဒိုင်နိုဆောတွေရဲ့ ဉာဏ်ရည်ကို စမ်းသပ်ဖို့ ရက်ပ်တာသုံးကောင်ကို မွေးမြူလေ့ကျင့်ပေးနေကြတယ်။ ဒီကောင်တွေကို စစ်ရေးစစ်ရာမှာ အသုံးပြုဖို့အတွက် ကွင်းဆင်းစမ်းသပ်ချင်နေတဲ့သူက ရှိနေပြန်ပါတယ်။ အသစ်ဖန်တီးလိုက်တဲ့ ဒိုင်နိုဆော လွတ်ထွက်သွားတဲ့အခါမှာ သူ့အတွက် ဂွင်တွေ့သွားပြီး ပြဿနာတွေက ပိုရှုပ်လာပါတော့တယ်။ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှ ကြိုက်တယ်ဆိုသူများအတွက် ဇ ာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်မှာပါပဲ။ ကြည့်ရှုလိုက်ကြပါဦး
...

Land of Bad (2024) ⭐IMDB: 6.5/10 (2 k Votes) 🎬 #Action #Thriller #War 🗓 2024 🎞 movie 🌎 #UnitedStates #Australia #CzechRepublic #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးမှာတော့ သရုပ်ဆောင်အပိုအလိုမရှိတဲ့ မင်းသားကြီး Russell Crowe ရဲ့ Action ကားသစ်လေးတစ်ကားပါ……ဒီကားထဲမှာတော့ သူက ဒရုန်းစစ်ဆင်ရေး ခေါင်းဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်….. ဇာတ်လမ်းကတော့ ပြန်ပေးဆွဲခံထားရတဲ့ စီအိုင်အေ အေးဂျင့်တစ်ယောက်ကို သွားကယ်ထုတ်ရမှာပါ…..ပြန်ပေးဆွဲထားတဲ့သူကလည်း သတင်းအရ ရုရှား ကေဂျီဘီဟောင်း နဲ့ လက်နက်ကုန်သည်တစ်ယောက်ဆီမှာပါ….. အဲဒီလိုနဲ့ သူတို့ရဲ့ ပစ်မှတ်ဆီရောက်တော့ သူတို့ကယ်ရမဲ့ သူကိုဖမ်းထားတဲ့ လက်နက်ကုန်သည်က အဲဒီဒေသက အာဘူလ်အေရိဖ်လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့နဲ့ အရောင်းအဝယ်လုပ်နေတာကိုပါ မြင်သွားပြီး ဘာတွေဆက်ဖြစ်လာမလဲ သူတို့ စစ်ဆင်ရေးက ကြိုတင်စီစဉ်ထားတဲ့အတိုင်းဖြစ်မလား…..ဘယ်လိုအောင်မြင်အောင်ဆောင်ရွက်မလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦး…… ရိုက်ပြထားတဲ့ ရိုက်ချက်လေးတွေ ရှင်းလင်းသေသပ်ပြီး IMDb ကလည်း 6.5 ဆိုတော့ ကြည့်ရတန်မဲ့ကားလေးတစ်ကားလို့ပဲ ညွှန်းလိုက်ချင်ပါတယ်
...

Jurassic World: Fallen Kingdom (2018) ⭐TMDB: 65.0% User Score 🎬 #Action #Adventure #SciFi #ScienceFiction #Thriller 🗓 2018 🎞 movie 🌎 #USA #UnitedStates #China #UnitedStatesofAmerica ⏰ 2 နာရီ 9 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jurassic World Fallen Kingdom (2018) က ယခင်ထွက်ရှိခဲ့တဲ့ 2015 Jurassic World ကားရဲ့ sequel ဖြစ်ပါတယ်။ ယခင်သရုပ်ဆောင်တွေအပြင် cast အသစ်တွေပါ ပါဝင်အားဖြည့်ထားပါတယ်။ ဒါရိုက်တာ J. A. Bayona ကရိုက်ကူးထားပြီး Universal Pictures ကနေ ထုတ်လုပ်ဖြန့်ချိထားပါတယ်။ ဇာတ်လမ်းကိုတော့ ယခင်ကားအပြီး နောက်ပိုင်းမှာ ဇာတ်လမ်းတည်ထားပါတယ်။ အိုက်စလာနျူဘလာကျွန်းမှာ အသစ်ဖန်တီးလိုက်တဲ့ အင်ဒိုမီးနပ်စ် ဒိုင်နိုဆောကြောင့် ဥယျာဉ်ကြီးလည်း ပျက်စီးပြီး ဒိုင်နိုဆောတွေလည်း သူ့သဘာဝနဲ့သူ နေနေကြတယ်။ ကျွန်းပေါ်မှာ ငြိမ်နေခဲ့တာ ကြာပြီဖြစ်တဲ့ မီးတောင်က ပြန်နိုးထလာလို့ ကျွန်းတစ်ခုလုံး ပျက်စီးကိန်း စိုက်လာပါတယ်။ တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေကလည်း ဒိုင်နိုဆောတွေကို ကယ်တင်ပေးဖို့ ဆန္ဒပြတာတွေ ရှိသလို တစ်ဖက်မှာလည်း ကယ်တင်လိုက်လို့ လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိလာမှာကို ကြောက်နေကြတယ်။ လူသားတွေဆိုတာ လောဘနဲ့ စစ်နဲ့ကို ခွဲထားလို့ကို မရတဲ့မျိုးစိတ်တွေ ဖြစ်တဲ့အတွက် အဲဒီလို လောဘစိတ်က လူသားမျိုးနွယ်ကို ဘယ်လောက် ဒုက္ခပေးသွားသလဲဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ယခင်ကားလိုပဲ သည်းထိတ်ရင်ဖိုတွေ စွန့်စားရတာတွေ လှည့်ကွက်တွေနဲ့ ကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကား ဖြစ်တာမလို့ ကြည့်ရှုလိုက်ကြပါဦး။ Rating တွေအနေနဲ့ IMDb 6.1 နဲ့ Rt 46% ရရှိထားပါတယ်
...

Noryang: Deadly Sea (2023) ⭐IMDB: 6.7/10 (253 Votes) 🎬 #Action #Drama #History #War #Biography 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 33 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Noryang: Deadly Sea(2023) ************************* စစ်သူကြီး လီဆွန်းရှင်းဆိုတာ ကိုရီးယားသမိုင်းလေ့လာသူတွေရော စစ်ကားကြိုက်တဲ့ ကိုရီးယားပရိတ်သတ်တွေရော သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ ထူးချွန်တဲ့အရည်အချင်းများကြောင့် မသိတဲ့သူခပ်ရှားရှားပါပဲ…. ဒီကားကတော့ ဂျပန်တွေ ကိုရီးယားကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ဒုတိယအကြိမ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲကိုရိုက်ပြထားတာပါ…ဂျပန်တွေဟာ ကိုရီးယားကို ၁၅၉၂ မှ ၁၅၉၅ အထိတစ်ကြိမ် နှင့် ၁၅၉၆ မှ ၁၅၉၈ အထိ တစ်ကြိမ်  စုစုပေါင်း ၂ကြိမ်ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်.. ပထမကျူးကျော်စစ်မှာ စစ်သူကြီး လီဆွန်းရှင်းတို့ ရဲ့  ဟာဆန်းဒိုသမိုင်းဝင်တိုက်ပွဲဖြစ်တဲ့ Hansan : Rising Dragon(2022)ကတော့ ကျွန်တော်တို့  cmမှာလည်း တင်ဆင်ပြီးပါပြီ.. အခုတိုက်ပွဲကတော့ ဒုတိယ ကျူးကျော်စစ်မှာဖြစ်ပွားခဲ့တာပါ… အဲဒီကာလတုန်းက တရုတ်နဲ့ ကိုရီးယားဟာမဟာမိတ်ဖြစ်လေတော့ ပေါင်းညှပ်တိုက်ခိုက်မှုမှာ ဂျပန်ရေတပ်ဟာ အတော်အထိနာတယ်ပြောရမယ်..ဒါ့ကြောင့် ဂျပန်တပ်တွေဟာ လမ်းကြောင်းပိတ်ထားတဲ့ တရုတ်ကိုလမ်းဖွင့်ပေးဖို့ ညှိတယ်….ဒါကို လီဆွန်းရှင်းတို့က သဘောမတူဘူး.. သူတို့က ဂျပန်တပ်တွေကိုအပျောက်တိုက်ချင်နေတာ.. ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး…Box Office မှာ ၃၄သန်းထိပြန်ဝင်ခဲ့တဲ့ကားဆိုတော့ ဒေါင်းကြည့်ရမှာတန်ပါတယ်ဗျို့
...

This Is Me…Now (2024) ⭐TMDB: 60.0% User Score 🎬 #Music #Musical #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 6 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ JLo တစ်ယောက် သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ This is Me… Now album ကို ပရိုမိုရှင်းဆင်းဖို့ ရိုက်ကူးရင်း ပျိုမဒီလေးတွေကို ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ မီးမောင်းထိုးပြထားတဲ့ Musical ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်း အသွားအလာက စိတ်ကူးယဉ်ဆန်ပြီး ရှင်တို့ကျွန်မတို့ အကြိုက် Zodiac Sign တွေပါတဲ့အပြင် Zodiacal Council ဆိုပြီး လတ်တလောကမှ ဂရမ်မီမှာ MC လုပ်ထားသူ Trevor Noah, Kim Pertras, Post Malone, Keke Palmer, Jenifer Lewis တို့က ရာသီခွင် နတ်ဘုရားတွေအဖြစ်ပါ ပါဝင် အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ JLo တစ်ယောက် ရည်းစားတွေ ထည်လဲတွဲလိုက် ယောင်္ကျားတွေ တစ်ယောက်ပြီးတစ်ယောက်ယူလိုက် အဆင်မပြေလို့ Therapy ဝင်လိုက်နဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပါတယ်။ သူ့ရဲ့ မူလ ခံယူချက်ကတော့ လက်တွဲဖော်တစ်‌ယောက်နဲ့ ဘဝကို ဖြတ်သန်းချင်တာ ဘာများ မှားလို့လဲ ဆိုတာပါပဲ။ ဒီလိုနဲ့ JLo ဟာ သူများကို ချစ်ရင်း ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မေ့နေခဲ့ပါတယ်။ ဒီလိုနဲ့ ဘယ် Sign ပို့ပေးပေး အဆင်မပြေတဲ့ မ JLo ကို ရာသီခွင်နတ်ဘုရားကြီးများက selflove lesson လေး ပို့ချပေးတဲ့အကြောင်းကို သူ့ရဲ့ album အသစ်ထဲက သီချင်းလေးတွေနဲ့ ရောကာယှက်ကာ တင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက တစ်မျိုးလေး entertaining ဖြစ်ပြီး စိတ်အပန်းပြေစေလို့ ကြည့်ရှုကြဖို့ တိုက်တွန်းပါတယ်။
...