ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Piece by Piece (2024) ⭐IMDB: 6.9/10 (3 k Votes) 🎬 #Animation #Music #Documentary #Biography #Comedy #Family #Musical 🗓 2024 🎞 movie 🌎 #UnitedStates #Denmark #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2024ခုနှစ်ထွက် Piece by Piece ဆိုတဲ့ LEGO ဇာတ်ကားအသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီ LEGO ဇာတ်ကားလေးမှာ‌တော့ အဆိုတော် Pharrell Williams ရဲ့ဇာတ်ကြောင်းကို အသားပေးဖော်ပြထားပါတယ်။ သူ့ရဲ့ နာမည်ကျော်ခဲ့တဲ့သီချင်းတွေအကြောင်းလဲပါ၀င်ထားတာမလို့ သီချင်းကြိုက်တဲ့သူတွေဆိုရင်ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဘာသာပြန်သူကတော့ သူ့ရဲ့ “Happy”ဆိုတဲ့သီချင်းလေးကိုကြိုက်ပါတယ်။ သီချင်းကောင်းလေးတစ်ပုဒ်မို့လို့ နားမထောင်ဖူးသေးရင် ဒီကားလေးကြည့်ရင်း နားထောင်ကြည့်လိုက်ပါဦးနော်။
...

Levels (2024) ⭐TMDB: 57% User Score 🎬 #Action #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 33 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျွန်တော်တို့ရဲ့ ဇာတ်ကောင်မင်းသား Joe တစ်ယောက် သူ့ရှေ့မှာပဲ သူ့ရဲ့ချစ်သူကို ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်က သေနတ်နဲ့ လာပစ်သတ်သွားတဲ့အခါမှာ သူ့ရဲ့ကမ္ဘာတစ်ခုလုံး ကြေမွသွားပါတော့တယ်။ ဝမ်းနည်းပူဆွေးစိတ်နဲ့ လောကကြီးကို အရှုံးပေးဖို့ ကြိုးစားနေတုန်းမှာပဲ မထင်မှတ်ထားတဲ့ သဲလွန်စတွေကနေ လိုက်လံကြိုးစားရှာဖွေရင်း ကမ္ဘာကြီးက သူထင်ထားသလို ဖြစ်မနေတဲ့အကြောင်း သိလာတဲ့အခါ၊ သူ့ရဲ့ချစ်သူအတွက် ဘာတွေ ကြိုးစားဆောင်ရွက်ပြီး အမှန်တရား တရားမျှတမှုကို ပြန်ရှာပေးနိုင် မလားဆိုတာကို ဒီ Scifi ကားလေးမှာ လုံးဝ မမျှော်လင့်စရာတွေကို ကြုံတွေးရင်း ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်
...

21 Jump Street (2012) ⭐IMDB: 7.2/10 (611 k Votes) 🎬 #Action #Comedy #Crime 🗓 2012 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 21 Jump Street (2012) IMDb Rating (7.2) / Rotten Tomatoes (85%) ဒီတစ်ခေါက်ကတော့ ဟာသဇာတ်လမ်းတွေကြားမှာ နာမည်ကြီးပြီးသားရုပ်ရှင်ဖြစ်တဲ့ 21 jump street ရုပ်ရှင်ပဲဖြစ်ပါတယ်။ ရှမစ် နဲ့ ဂျန်ကို တို့နှစ်ယောက်ဟာ အထက်တန်းကျောင်းတုန်းက အစေးမကပ်ခဲ့ကြပေမယ့်နှစ်ယောက်လုံး ရဲ ဖြစ်လာတဲ့အခါမှာတော့ ပါတနာတွေ အဖြစ် အတူတာဝန် ထမ်းဆောင်ရပါတော့တယ်။စိတ်ထင်ရာနင်းကန်ချကြလို့ အထက်လူကြီးက တကယ့်နေရာကိုပို့လိုက်ပါတော့တယ်…ဒါကတော့ အထက်တန်းကျောင်းတစ်ခုမှာ ပျံ့နေတဲ့ မူးယစ်ဆေးအသစ်တစ်မျိုးအတွက် တာဝန်ရှိတဲ့သူကို ရှာဖွေရမှာဖြစ်ပါတယ်။အဲ့အတွက် ရှမစ် နဲ့ ဂျန်ကိုတို့ဟာ အထက်တန်းကျောင်းကို ကျောင်းသားအသစ်အဖြစ် ဟန်ဆောင်ဝင်ရောက်ပြီးလျှို့ဝှက်ထောက်လှမ်းရေး လုပ်ရပါတော့တယ်။ ရုပ်ရှင်ကြည့် ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Jonah Hill နဲ့ Channing Tatum တို့ ဦးဆောင်ပါဝင်ထားပြီးဘော်ဒါနှစ်ကောင် အထက်တန်းကျောင်းမှာ ဘယ်လိုတလွဲတချော်တွေ ဖြစ်မလဲဆိုတာ ရယ်မောရင်းကြည့်ရှုရမှာပါ။ Brie Larson , Dave Franco , Ice Cube , Dakota Johnson တို့လို နာမည်ကြီးသရုပ်ဆောင်တွေလဲကူညီအားဖြည့်ထားတာမလို့ တကယ့်ကိုကြည့်ပျော်တဲ့ရုပ်ရှင်ပါပဲ။ 21 jump street(2012) နဲ့ 22 Jump Street (2014) ဆိုပြီး ၂ ကားထွက်ခဲ့ပြီးတော့ ၂ ကားလုံးတခွီးခွီးနဲ့ ရယ်နေရပါတယ်။Jump Street ရုပ်ရှင်တွေကြည့်ပြီးသွားရင် Jonah Hill နဲ့ Channing Tatum တို့ ပရိတ်သတ်ဖြစ်သွားနိုင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Marco မှတင်ဆက်ထားပါတယ်။)
...

Scooby-Doo! in Where's My Mummy? (2005) ⭐TMDB: 74% User Score 🎬 #Adventure #Animation #Comedy #Mystery #Family #Fantasy 🗓 2005 🎞 tv movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 14 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အီဂျစ်က ပြန်လည်ထူထောင်ရေးစခန်းမှာ မထင်မှတ်ထားဘဲ ဘုရင်မကလီယိုပတ်ထရာရဲ့ ရှေးဟောင်းလိုဏ်ဂူကို ‌တစ်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ် ထူးဆန်းထွေလာဖြေရှင်းကြတဲ့ စကူဘီတို့ဟာလည်း အခင်းဖြစ်ရာနေရာကို တစ်လက်စတည်း ရောက်ရှိသွားကြပါတော့တယ် ကျိန်စာတွေအထပ်ထပ်ခတ်ပြီး ထောင်ချောက်တွေနဲ့ စနစ်တကျစီမံထားတဲ့မသေမျိုးမံမီစစ်သည်တွေရှိနေတဲ့ဂူထဲမှာ ဘယ်လိုဖြစ်ရပ်ဆန်းတွေဖြစ်နေတာလဲ အဲဒီဖြစ်ရပ်ဆန်းတွေကို စကူဘီတို့အုပ်စု ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာကို သမိုင်းကြောင်းတွေ ဒဏ္ဍာရီတွေနဲ့ စပ်လျဉ်းပြီး စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ movie တစ်ခုပဲဖြစ်ပါတယ်
...

My Friend Ganesha 4 (2020) ⭐IMDB: 9.2/10 (9 Votes) 🎬 #Bollywood #Comedy #Action #Animation 🗓 2020 🎞 movie 🌎 #India ⏰ 2 နာရီ 5 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Friend Ganesha 4 (2020)”မိတ်ဆွေလေး ဂါနီရှာ”======================================= My Friend Ganesha ရုပ်ရှင်တွဲရဲ့ လေးကားမြောက်ရုပ်ရှင်လေးကိုGaneshaပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း သူ့ရှေ့က ရုပ်ရှင်တွေလိုပဲအပူအပင်ကင်းတဲ့ကလေးတသိုက်ရဲ့ကျောင်းပိတ်ရက်စွန့်စားခန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီ စတုတ္ထမြောက်ရုပ်ရှင်ထဲမှာတော့ ဗီနူဆိုတဲ့ကောင်လေးတို့သူငယ်ချင်းအဖွဲ့ဟာကျောင်းပိတ်ရက်မှာ အဘွားဖြစ်သူရဲ့ဇာတိမြို့ကို အလည်အပတ်သွားရင်းအဲဒီမြို့ကပြတိုက်မှာ ထူးဆန်းတဲ့ပြဿနာတစ်ခုနဲ့ကြုံတွေ့ရတဲ့အတွက်အရှင်ဂဏိသျှားရဲ့ ကိုယ်ပွားဖြစ်သူ သူတို့ရဲ့သူငယ်ချင်းဂါနီရှာနဲ့ ပြဿနာအတူဖြေရှင်းဖို့ကြိုးစားကြပုံကို တွေ့မြင်ကြရမှာပါဖြစ်ပါတယ်…။ (ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Clockstoppers (2002) ⭐TMDB: 53% User Score 🎬 #Adventure #ScienceFiction #Thriller #Family 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ငယ်ငယ်က အချိန်ရပ်တဲ့ကားဆိုပြီးရင်းနှီးခဲ့ကြမယ်ထင်ပါတယ်။ Zak လို့ခေါ်တဲ့ကောင်လေးဟာ သူ့အဖေသိပ္ပံပညာရှင်ကြီးရဲ့ နာရီလေးကိုရှာတွေ့ပြီး အချိန်တွေကိုရပ်နိုင်တဲ့အစွမ်းရှိသွားတာဖြစ်ပါတယ်။ လူဆိုးတွေက နာရီကိုလာလုကြတဲ့အခါ Zak တစ်ယောက် သူ့ကောင်မ‌လေးဖြစ်တဲ့ Francesca နဲ့အတူဘယ်လိုမျိုး တွေကြုံရမလဲဆိုတာကိုကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ ဒီကားက ဂေါင်းကြီးတို့ကြိုက်တဲ့ဂျပန်ဗားရှင်းမဟုတ်ပါဘူးနော်။ မိသားစုနဲ့ကြည့်ဖို့သင့်တော်ပါတယ်။ ငယ်ငယ်က Spy kid တို့ Back to The future တို့လိုဇာတ်ကားတွေကြိုက်တတ်တဲ့သူတွေအတွက်တော့ သဘောကျစေမယ့်‌ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။
...

Stormskerry Maja (2024) ⭐IMDB: 7.9/10 (1 k Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Finland ⏰ 2 နာရီ 43 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Stormskerry Maja (မူရင်း: Stormskärs Maja) သည် Amanda Jansson အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Saara Cantell မှ ရိုက်ကူးထားသော ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ မာယာဟာ ဖင်လန်အနီးမှာရှိတဲ့ ကျွန်းကို ရောက်လာပြီး ဘဝရဲ့ အခက်အခဲတွေ၊ မိသားစုနှင့် ချစ်ခြင်းမေတ္တာတွေကြားက ရုန်းကန်မှုတွေကို ရင်ဆိုင်ရပါတော့တယ်။ Linus Troedsson သည် မာယာ အမျိုးသားဖြစ်ပြီး သူမရဲ့ ဘဝခရီးကို ပိုမိုကောင်းမွန်တဲ့ခရီးတစ်ခုအဖြစ်ဖန်တီးပေးပါတယ်။ ဒီရုပ်ရှင်က ကျေးလက်ဘဝရဲ့ အလှအပတွေနှင့် အခက်အခဲတွေကို တစ်ချိန်တည်းမှာပင် ဖော်ပြထားပြီး၊ စစ်ပွဲကြားက လူ့တစ်ယောက်မှာရှိရမယ့် ethic ကိုယ်ကျင့်တရားကိုလည်း ဖော်ကျူးပြသထားပါတယ်။ ဒီဇာတ်လမ်းကိုတော့ ပရိသတ်တွေကြည့်ရှု့ပြီးရင် အမှတ်တရတွေနဲ့ ပြန်လည်ခံစားသွားရစေနိုင်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပြီး နိုင်ငံတကာ ရုပ်ရှင်ရုံများတွင်လည်း အကောင်းဆုံးဇာတ်လမ်းတစ်ခုအဖြစ် ကျော်ကြားခဲ့ပါတယ်။ ဒီရုပ်ရှင်သည် ရင်ထဲထိမိစေသော ဇာတ်ကွက်များနှင့် တစ်သက်တာအတွက် ဘဝသင်ခန်းစာများကို ရရှိစေမယ့်အပြင် ရုပ်ရှင်လောကကြားမှာလည်းချီးကျူးမှု့တွေရရှိထားတာဆိုတော့ အရမ်းကိုမှကြည့်သင့်သောဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ။
...

Abracadaver (2024) ⭐IMDB: 7.0/10 (70 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #Mexico ⏰ 1 နာရီ 55 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Abracadaver (2024) IMDb Rating (7.0) မီလီလို့ခေါ်တဲ့ နာမည်ကျော်မျက်လှည့်ပညာရှင်ကြီးဟာ ကျန်းမာရေးကြောင့် မီဒီယာရှေ့ကနေ ဆယ်စုနှစ်တစ်ခုစာလောက် ပျောက်ကွယ်သွားရပါတယ်။ ကြာလာတော့ စိတ်အခြေအနေပါဆိုးလာတယ်လို့ ဆရာဝန်တွေက သတ်မှတ်လာကြပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ သူ့ရဲ့ဆုံးပါးသွားတဲ့ အမျိုးသမီးဟာ မီလီယံနာတွေနဲ့ အပေးအယူလုပ်ပြီး ကမ္ဘာကျော်တန်ဖိုးကြီး အမွေအနှစ်တွေကို လိုက်လံခိုးပေးရသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူဟာမတရားအသတ်ခံလိုက်ရပြီး တာဝန်ကိုပြီးအောင် မလုပ်လိုက်ရပါဘူး။ ဒီလိုနဲ့ မီလီတို့ မိသားစုကြီးနောက်ကို “စုဆောင်းသူ” လို့အမည်ရတဲ့ သူဟာ သရဲသဖွယ် လိုချင်ရာကို မရရအောင် ခြိမ်းခြောက်တောင်းပါတော့တယ်။ ဒီလိုနဲ့ မီလီရဲ့ သားသမီး သုံယောက်ဖြစ်သူ မီဒီယာ၊ မာလင်နဲ့ ဟူဒီနီတို့ဟာ မိဘရဲ့ အရည်အချင်းတွေကို ရထားကြသူတွေမို့ သူတို့ရဲ့ အရည်အချင်တွေကိုသုံးပြီးတော့ သူတို့မိသားစုရဲ့ တရားမျှတမှုကိုရှာဖွေဖို့ လုပ်ကြရပါတော့တယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)
...

'Twas the Date Before Christmas (2024) ⭐TMDB: 85% User Score 🎬 #Comedy #Drama #Romance #TVMovie 🗓 2024 🎞 tv movie 🌎 # ⏰ 1 နာရီ 25 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “‘Twas the Date Before Christmas” ဆိုတဲ့ဇာတ်ကားက ခရစ္စမတ်ပွဲအတွက် အရမ်းချစ်စရာကောင်းတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်ကားမှာ မင်းသမီး Eva Marcille က ပွဲကိုချစ်တဲ့သူ Carol အဖြစ် သရုပ်ဆောင်ထားပြီး သူမရဲ့ မိသားစုခရစ္စမတ်ရိုးရာတွေကို တန်ဖိုးထားသူတစ်ယောက်ဖြစ်တယ်။ ခရစ္စမတ်အကြိုနေ့မှာတော့ သူမမှာလူတစ်ယောက်နဲ့ တွေ့ဆုံရာကစပြီး သူမရဲ့ဘဝမှာ အလွဲအလွန်တွေနဲ့ချစ်စရာကောင်းတဲ့ အခြေအနေလေးတွေနဲ့ ကြုံတွေ့ရပါတော့တယ်။ ဒီဇာတ်လမ်းရဲ့ ဒါရိုက်တာက Nadia Tanna ဖြစ်ပြီး၊ ခရစ္စမတ်ရဲ့ အပျော်အစည်နဲ့ အချစ်တွေအပြည့်အဝကို ခံစားချင်သူတွေအတွက် ကောင်းမယ့် ဇာတ်ကားလေးပါပဲ။ ခရစ္စမတ်ရဲ့ အပျော်တွေကို အပြည့်အဝခံစားချင်သူတွေအတွက် ဒီဇာတ်လမ်းက ပျော်ရွှင်မှုနဲ့အတူ ချစ်ခြင်းမေတ္တာကိုလည်း ဖော်ကျူးပြသပေးနိုင်တဲ့ အရသာရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
...

Catch The Dragon (2022) ⭐TMDB: 40% User Score 🎬 #Action #Fantasy 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 12 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ကနေပြီးတော့ဒီတစ်ခါအမိုက်စားဇာတ်ကားလေးတစ်ကားဖြစ်တဲ့Catch the dragon ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Qin Xiaofeng ကထက်မြက်တဲ့လူငယ်တစ်ယောက်ဖြစ်ပြီးသူ့အဖေဖြစ်သူကတော့ခွန်မိုက်တောင်မှာနဂါးရှာပုံတော်ဖွင့်ရင်းပျောက်ဆုံးသွားခဲ့တယ်။သူ့အဖေပျောက်ဆုံးမှုအမှန်တရားကိုရှာဖွေဖိုနဲ့လက်စားချေဖိုအတွက်Qin Xiaofeng ကနဂါးရှာတဲ့အဖွဲနဲ့ပူးပေါင်းခဲ့တယ်။ ဒီလိုနဲ့ Qin Xiaofeng ကတော့သူ့အဖေပျောက်ဆုံးရတဲ့ဆန်းကြယ်တဲ့လျှိဝှက်ချက်ကိုရှာတွေ့နိုင်တဲ့လိုထင်တဲ့အချိန်မှာရုတ်တရက်အရင်တုန်းကသေဆုံးသွားတဲ့အရိုးတွေကိုရှာတွေခဲ့တယ်။Qin Xiaofeng တစ်ယောက်တဖြည်းဖြည်းချင်းလျှိဝှက်ဆန်းကြယ်တဲ့အရာတွေနဲ့ ရင်ဆိုင်လာရတဲ့အချိန်မှာတော့…ကဲဒီတော့သူ့အဖေပျောက်ဆုံးသွားတဲ့အမှန်တရားကဘာဖြစ်မလဲ ? လူတွေကခွန်မိုက်တောင်သွားရင်နဂါးဖမ်းစားခံရတယ်ဆိုတဲ့သတင်းတွေကအမှန်လား ? ဘယ်လိုတွေလျှိဝှက်ဆန်းကြယ်တဲ့အရာတွေဖြစ်လာမလဲ?အရာအားလုံးဖော်ထုတ်နိုင်မလားဆိုတာCatch the dragon ဇာတ်ကားကိုဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင်
...

Growl (2024) ⭐IMDB: 7.1/10 (12 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 1 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (18+) Ungol (2024) ဂျင်က မိဘမဲ့မျက်မမြင်ကောင်မလေးတစ်ယောက်ဖြစ်‌ပြီး ရွာစွန်မှာတစ်ယောက်တည်း အိမ်တစ်လုံးနဲ့နေပါတယ်။ သူ့ရဲ့အဓိကစီးပွားရေးကတော့ အိမ်ထဲကအခန်းတစ်ခန်းကို ချိန်းတွေ့ဖို့နေရာမရှိတဲ့ အတွဲတွေဆီ ဆက်ရှင်ကြေးနဲ့ငှားစားတာပါပဲ။ ဒါ့အပြင် သူ့ကိုတစ်ဖက်သတ်ကြီတ်ကြိုက်နေတဲ့ ငယ်သူငယ်ချင်းခါးပိုက်နှိုက်ကောင်လေး အာဘတ်ကနှိုက်ရာပါပစ္စည်းလေးတွေကို သူ့လက်ထဲထည့်လေ့ရှိတော့ သူ့ဘ၀က စုမိဆောင်းမိလို့တောင်ပြောလို့ရပါတယ်။ တစ်နေ့တော့ သူတို့ဆီမှာလာချိန်းတွေ့တဲ့ အတွဲတစ်တွဲရဲ့အမျိုးသားဆီက ညည်းသံတွေကို ဂျင်တစ်ယောက်စွဲလန်းပြီး ရမ္မက်ထန်လာချိန်မှာတော့ တစ်ဖက်သတ်ချစ်ရတဲ့ အာဘတ်၊ ဂျင် နဲ့ ဖောက်သည်အမျိုးသားတို့ကြား ဘယ်လိုစခန်းသွားကြမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

The Heiress and the Handyman (2024) ⭐IMDB: 5.0/10 (594 Votes) 🎬 #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #Canada #UnitedStates ⏰ 1 နာရီ 25 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 June လို့ခေါ်တဲ့ သူဌေးမလေးဟာ မိဘတွေထားခဲ့တဲ့အမွေတွေကိုမထိန်းသိမ်းနိုင်တာကြောင့် နေ့ချင်းညချင်းဆင်းရဲသွားပြီး အဒေါ်ဖြစ်သူ Birdie ပေးခဲ့တဲ့ နယ်ဘက်ကအိမ်လေးတစ်အိမ်မှာသွားနေဖို့အကြောင်းဖန်လာပါတယ်။ အဲ့ဒီမှာပဲ Bart နဲ့ Nina လို့ခေါ်တဲ့ အိမ်နီးချင်းမောင်နှမနှစ်ယောက်နဲ့ရင်းနှီးခဲ့ပြီး သူ့ဒေါ်အကြောင်းတွေကိုပိုသိလာရပါတယ်။ သူတို့ရဲ့ကောက်ရိတ်သိမ်းပွဲက ပြိုင်ပွဲတွေမှာ အဒေါ်ဖြစ်သူကဗိုလ်စွဲနေကြဆိုတော့ အဒေါ်ဖြစ်သူဆုံးပြီးတဲ့နောက် June တစ်ယောက်ဘယ်လိုမျိုး အဒေါ် Birdie ရဲ့ဂုဏ်ကိုဆောင်မလဲဆိုတာကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့အတွက် မိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
...

Sebastian (2024) ⭐IMDB: 6.7/10 (823 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedKingdom #Finland #Belgium #France ⏰ 1 နာရီ 52 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 LGBTQ ဇာတ်ကားတွေကိုအမြဲရိုက်လေ့ရှိတဲ့ Director Mikko Makelaရဲ့ LGBTQ Drama အသစ်စက်စက်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် Rotten Tomatoes 72% နဲ့ 1 win & 2 nominations လည်းချိတ်ထားပါသေးတယ်Gay တစ်ယောက်ရဲ့ဘဝကိုကွက်ကွက်ကွင်းကွင်းပေါ်အောင်ရိုက်ထားတယ်ဆိုတော့ ၁၈ ယောက်စုကြည့်ရမယ့်ကားလည်းဖြစ်ပါတယ် ဇာတ်လမ်းကတော့……မဂ္ဂဇင်းတိုက်တစ်ခုမှာဆောင်းပါးတွေရေး၊ ဝတ္ထုတိုတွေရေးပြီးနာမည်ရနေတဲ့ မက်စ် ဆိုတဲ့၂၅ နှစ်အရွယ်လူငယ်လေးတစ်ယောက်ဟာGay တွေရဲ့ Sex Work အကြောင်းကို ကိုယ်ပိုင်လုံးချင်းဝတ္ထုရေးဖို့ကြိုးစားနေပြီးလုပ်ဖော်ကိုင်ဖက်တွေနဲ့ မန်နေဂျာရဲ့ထောက်ပံ့မှုကိုလည်းကောင်းကောင်းရထားပါတယ်ဒါပေမယ့် သူ့ရဲ့စာအုပ်ကိုပိုပြီးလက်ရာမြောက်ဖို့အတွက် Gay တွေနဲ့အင်တာဗျူးရုံနဲ့တင်အားမရဘဲသူကိုယ်တိုင် Gay Website မှာ ဆီဘက်ရှန် ဆိုတဲ့ Account တုနဲလိုက်အိပ်ပြီးသူ့ရဲ့ဝတ္ထုကိုပိုပြီးရသမြောက်ဖို့ကြိုးစားပါတော့တယ် ကိုယ်တိုင်ကုန်ကြမ်းရှာရာကနေ သူ့ရဲ့အလုပ်အကိုင်၊ သူ့ရဲ့ဘဝအပေါ်ဘယ်လောက်ထိ လွှမ်းမိုးမှုရှိလာမှာလဲ….အဲဒီလမ်းကြောင်းမှာတကယ်ကိုယ်တိုင်းစီးမြောသွားတဲ့အခါ ဘယ်လိုအတွေ့အကြုံသစ်တွေဘယ်လိုဒုက္ခတွေနဲ့ရင်ဆိုင်ရမလဲ……သူ့ရဲ့ဝတ္ထုကရော တကယ်ပြီးမြောက်အောင်မြင်သွားရဲ့လားဆိုတာကိုတော့….. ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်
...

Mulk (2018) ⭐IMDB: 7.2/10 (22 k Votes) 🎬 #Bollywood #Drama 🗓 2018 🎞 movie 🌎 #India ⏰ 2 နာရီ 15 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဓိကသရုပ်ဆောင်တွေအဖြစ် ဂန္တဝင်မင်းသားကြီး Rishi Kapoor နှင့် မင်းသမီးချော Taapsee Pannu တို့ကပါဝင်သရုပ်ဆောင်ထားပြီး တခြားအနုပညာရှင် အတတ်ပညာရှင်ပေါင်းစုံမှ အကောင်းဆုံး အားဖြည့်ပါဝင်ထားပါတယ် ဇာတ်လမ်းလေးကတော့ အသက် ၆၅ နှစ်အရွယ် မူရာဒ် အလီ မိုဟမ္မဒ် အစ္စလာမ် ဘာသာဝင်တစ်ယောက်ဖြစ်ပြီးပတ်ဝန်းကျင်မှာ လူလေးစားကြည်ညိုရတဲ့ရှေ့နေတစ်ယောက်လူတိုုင်းနဲ့ အဆင်ပြေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခုပိုင်ဆိုင်ထားသူ ဂြိုဟ်ဆိုးဝင်ချင်တော့ သူနဲ့ တစ်အိမ်တည်းနေ သူ့အုပ်ထိန််းမှုအောက်မှာရှိတဲ့သူ့တူဖြစ်သူ ရှာဟစ်(ဒ်)ဟာ ဗုံးဖေါက်ခွဲပြီး အပြစ်မဲ့လူ ၁၆ ယောက်ကို သေစေခဲ့ပါတယ် အကြမ်းဖက်သမားဖြစ်သွားတဲ့ ရှာဟစ်(ဒ်)ကြောင့်သူတို့တစ်မိသားစုလုံး ပြောင်းပြန်အခြေအနေကို ရောက်ရှိသွားခဲ့ကြတယ် မူရာဒ် အလီ မိုဟမ္မဒ်နဲ့ သူ့ညီ ဘေလား(လ်)မိုဟမ္မဒ်တို့ဟာ အကြမ်းဖက်ဝါဒ အားပေးမှုနဲ့ တရားစွဲဆိုခြင်း ခံခဲ့ရပါတယ် စွပ်စွဲချက်ပေါင်းစုံနဲ့ တရားရုံမှာ သူတို့အပြစ်မရှိကြောင်း ဘယ်လိုသက်သေပြကြမလဲ သက်သေရော ပြနိုင်ပါ့မလားအားလုံးပဲ ဆက်လက်ရှု့စားကြည့်လိုက်ပါ ပေးရတဲ့အချိန် ထိုက်တန်ကြောင်း သိရပါလိမ့်မယ် (ဆက်ဆက်ထိမခံ ဘာသာရေး ပြဿနာကို ဒီလိုဇာတ်လမ်းရိုက်ရဲတဲ့ ဒါရိုက်တာကိုတော့ ချီးကျူမိပါတယ်ဘာသာရေး အသုံးအနှုန်းများကို အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားဘာသာပြန်ပေးထားပါတယ်အလွဲအမှားများပါခဲ့ပါက ဒီနေရာကပဲ ကြိုတောင်းပန်ထားပါရစေ) (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)
...

Kobane (2022) ⭐TMDB: 84% User Score 🎬 #Drama #War 🗓 2022 🎞 movie 🌎 #France #Iraq #Spain #SyrianArabRepublic ⏰ 2 နာရီ 39 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဖြစ်ရပ်မှန်စစ်ကားကောင်းတစ်ခု ၂၀၁၁ဆီးရီးယားပြည်တွင်းစစ်ဖြစ်တဲ့အချိန်မှာ ကာ့ဒ်တွေကဒီမိုကရက်အင်အားစုဘက်တွေဘက်ကဝင်တိုက်ခဲ့ပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို မြောက်နဲ့အရှေ့ဆီးရီးယားမှာတည်ထောင်ခဲ့တယ်။ISIS ကတော့( အစ္စလာမ်နိုင်ငံ ဆီးရီးယားနဲ့ အီရတ်) ဖြစ်ပြီး ၂၀၀၃ ကတည်းကအီရတ်ကို အမေရိကန်နဲ့မဟာမိတ်တွေကိုကျူးကျော်ဝင်ရောက်တာကိုဆန့်ကျင်တာအတွက် ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး၂၀၁၁ ဆီးရီးယားပြည်တွင်းစစ်မှာပြန်အားကောင်းလာတာဖြစ်တယ် ။ISISကကာလီဖိတ်နိုင်ငံထူထောင်ဖို့ အတွက်ရည်မှန်းလုပ်ဆောင်တယ်။ ဆီးရီးယားပြည်တွင်းစစ်ကအစမှာ အုပ်ချုပ်သူအစိုးရနဲ့အတိုက်အခံကြားကစစ်ပွဲ​ဖြစ်ပေမယ့်သမ္မတအာဆတ်အစိုးရတပ်တွေကိုအတိုက်အခံတပ်တွေ၊ကာ့ဒ်တပ်တွေISISတွေကဝိုင်းတိုက်ရုံမကပဲသူတို့အချင်းချင်းလည်းနယ်မြေတွေရအောင်တိုက်ခိုက်ရာကနေအခြေအနေတွေရှုပ်ထွေးလာတယ်။အစိုးရတပ်တွေကို ရုရှ အီရန်ကထောက်ပံ့ကူညပေးပြီး အတိုက်အခံတပ်တွေကို တူရကီ ဆော်ဒီ ပင်လယ်ကွေ့ နိုင်ငံတွေနဲ့အနောက်အုပ်စုနိုင်ငံတွေကထောက်ခံကူညီပေးတယ် ။ ကာ့ဒ်တပ်ဖွဲ့တွေကိုတော့ISISတွေကိုတိုက်ခိုက်ရာမှာအမေရိကန်ကလေကြောင်းပစ်ကူအပါထောက်ခံကူညီပေးပါတယ်။ Kobane(2022)ဇတ်ကားကကာ့ဒ်စကားပြောရုပ်ရှင်တစ်ခုဖြစ်တယ်။Kobane မြို့ဟာ ဆီးရီးယားနိုင်ငံအတွင်းမှာရှိတဲ့ ကာ့ဒ်လူမျိုးစုတွေနေထိုင်တဲ့ တူရကီ ဆီးရီးယားနယ်စပ်မြို့လေးတစ်မြို့ဖြစ်တယ်။ ISIS တွေက ကျေးရွာ၃၅၀ နဲ့မြို့တွေကိုသိမ်းပိုက်ထားပြီး ၂၀၁၄အောက်တိုဘာမှာISISတပ်ကကိုဘိန်းမြို့ကိုဝင်ရောက်တိုက်ခိုက်တယ် ။မြို့ရဲ့ ၆၀%ကိုသိမ်းထားနိုင်ခဲ့တယ်။၂၀၁၅ ဇန်နဝါရီမှာ YPG( ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်)ကကိုဘိန်းကိုပြန်သိမ်းနိုင်ခဲ့တယ်။ ကိုဘိန်းတိုက်ပွဲဟာ သမိုင်းမှာအရေးပါတဲ့တိုက်ပွဲဖြစ်ပြီး အဲဒီကရတဲ့အောင်ပွဲကနေ ISISတွေသိမ်းထားတဲ့အခြားနယ်မြေတွေကိုပါစစ်ရေးအရပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ကာ့ဒ်အမျိုးသားအမျိုးသမီးတွေရဲ့ရဲစွမ်းသတ္တိ၊စွန့်လွှတ်စွန့်စားတွေ၊ရဲဘော်ရဲဘက်တွေမျက်စိရှေ့တင်ကျဆုံးရတာတွေအတွက်ခံစားရတာတွေစစ်ရဲ့အနိဌါရုံတွေပြည်သူတွေရဲ့ဒုက္ခတွေကိုတွေ့ရမှာဖြစ်တယ်။ကာ့ဒ်လူမျိုးတွေရဲ့ မျှော်လင့်ချက်မျှော်မှန်းချက်တွေက်ကိုလည်းတွေ့ရမှာဖြစ်တယ်။ နှလုံးသားကိုထိစေတဲ့ဇတ်ကွက်လေးကတော့ “ဒဲရာ”အမြဲလိုက်ရှာနေခဲ့တဲ့ဆရာဝန်ကလေး ပြန်တွေ့တော့ ဆရာဝန်လေးရဲ့ကိုယ်ပိုင်ပစ္စည်းလေးအနည်းငယ်၊နှစ်ယောက်တွဲရိုက်ထားတဲ့ဓါတ်ပုံလေးနဲ့နားကျပ်လေးကိုဗူးလေးတစ်ခုနဲ့အမှတ်တရထားပေးထားတာပဲတွေ့ရပါတော့တယ်။ဓါတ်ပုံလေးကိုလှမ်းကိုင်လိုက်တဲ့”ဒဲရာ”ရဲ့တုန်ယင်နေတဲ့လက်ကလေးကစကားတွေအများကြီးကိုပြောပြသွားပါတယ်။ သမိုင်းတွေဟာသင်သိထားသင့်တဲ့အရာတွေဖြစ်တယ်။ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။
...

Maid Droid Origins (2024) ⭐TMDB: 33% User Score 🎬 #Drama #ScienceFiction #Thriller 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maid Droid Origins ဆိုတာက ၂၀၂၄ ခုနှစ်ထွက် sci-fi စိတ်လှုပ်ရှားဖို့ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Rich Mallery ကဒီကားကိုဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး အနာဂတ်နည်းပညာနဲ့ စိတ်ပညာဆိုင်ရာလှည့်ကွက်တွေကိုရောစပ်ပြထားပါတယ်။ Eve ဆိုတဲ့ အင်ဒရွိုက်က မတော်တဆယောက်ျားတစ်ယောက်ကိုသတ်ပြီး နောက်ဆုံးတော့ သူ့ကိုယ်သူရှာဖွေဖို့ နည်းပညာရှင် Timothy ကိုပြန်ပြီးတော့လိုက်ရှာပါတော့တယ်။ Timothy ရဲ့အိမ်မှာ ဝင်ခိုနေရင်း Timothy နဲ့ သူ့ဇနီး Belle တို့ကြားက သူစိမ်းဆန် ဆက်ဆံရေးတွေကြောင့် စိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်။ ဒီဇာတ်ကားက လူသားတန်ဖိုး၊ စိတ်ပိုင်းဆိုင်ရာတွေ၊ နည်းပညာနဲ့ လူသားဆက်ဆံရေးအကြောင်းတွေကို တင်ပြထားတဲ့အတွက် sci-fi နဲ့ စိတ် အကြောင်းတွေကိုရင်သပ်မောဖွယ်ဇာတ်လမ်းကြိုက်သူတွေအတွက် တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ လူ့ဘဝနဲ့ စက်ရုပ်တစ်ရုပ်ကြားက မူမမှန်မှုတွေနဲ့ ကွာခြားမှု့တွေကို ရင်သပ်ရှုမောဖို့ ကြည့်ရှုချင်တဲ့သူတွေအတွက်ဇာတ်ကားတစ်ကားပါပဲ။ သိပ်မကြာခင်မှာပဲ Tubi ကနေ တရားဝင်စတင်ပြသနေပြီမို့ sci-fi ကားကြိုက်သူတွေ၊ စိတ်ကူးယဉ်ရုပ်ရှင်ချစ်သူတွေအတွက် မမေ့မလျော့ကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။
...

Maborosi (1995) ⭐TMDB: 73% User Score 🎬 #Drama 🗓 1995 🎞 movie 🌎 #Japan ⏰ 1 နာရီ 49 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maborosi (1995) ~ IMDb – 7.5/10, Rotten Tomatoes – 100% ~ Maborosi ဟာ Hirokazu Kore-eda ရဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်မှာ Kore-edaနဲ့ ပတ်သက်ပြီး တော်တော်လေးသိသာတာက Kore-edaဟာ သူ့ရုပ်ရှင်သက်တမ်း အစကတည်းကို အိုဇုရဲ့လွှမ်းမိုးမှု တော်တော်ကြီးခဲ့တယ်ဆိုတဲ့အချက်ပေါ့။ ဇာတ်ကတော့ ယုမိခိုဆိုတဲ့ အမျိုးသမီးဇာတ်ကောင်ကို ဗဟိုပြုထားတယ်။ သူ့ဘဝနဲ့ သူဆုံးရှုံးခဲ့ရသူတွေ၊ သူ့ဘဝကို သူရှေ့ဆက်ပုံတွေကို တင်ပြထားတယ်။ ဇာတ်လမ်းသွားက တကယ်ဆို ဒီလောက်ပဲလို့ပြောလို့ရတယ်။ ဒါပေမဲ့ ဒါကို Kore-eda က ဘယ်လိုလှည့်ကွက်တွေနဲ့ တင်ပြသွားလဲဆိုတာက ဒီရုပ်ရှင်ရဲ့အသက်ပဲ။ ဒီကားနာမည်က Maboroshi no Hikari သူ့ရဲ့ အကောင်းဆုံးဘာသာပြန်ကတော့ Trick of The Light အလင်းရဲ့ပရိယာယ်တဲ့။ သူ့ဆိုလိုရင်းက တံလျှပ်တော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တော့ တံလျှပ်လို့ပဲ လှလိုက်ချင်ပါတယ်။ Kore-eda က ဒီရုပ်ရှင်ကို တင်ဆက်ရာမှာ အဲဒီအလင်းကို တော်တော်သုံးသွားတယ်။ ကားကမှိုင်းပေမဲ့ ဇာတ်ဆောင်ရဲ့ စိတ်ခံစားချက်တွေကို အလင်းရောင်ကိုသုံးပြီး ပုံဖော်ထားသလို ကားတစ်ခုလုံးရဲ့ အသက်ကလည်း အဲဒီအလင်းရဲ့ပရိယာယ်နောက်ပါသွားတဲ့ ဇာတ်ဆောင်ချစ်ရတဲ့ လူတစ်ချို့ဖြစ်ခဲ့တယ်။ ၁၉၉၅ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ စီနီမာတိုဂရပ်ဖီဆုလည်းရထားတော့ စီနီမာတိုဂရပ်ဖီကို Kore-eda က အလင်းနဲ့ရောပြီး ဒီကားကို ဘယ်လိုလှပစေခဲ့လဲလည်း မြင်ရလိမ့်မယ်။ ဇာတ်နဲ့ပတ်သက်ပြီး ပြောနိုင်တာကတော့ ဒီလောက်ပါပဲ။ ပုံမှန်ဆို Kore-eda ရုပ်ရှင်တွေမှာ ကျွန်တော်တို့ အိုဇုကို မြင်ရတဲ့ပုံက ဇာတ်အိမ်နဲ့ဇာတ်လမ်းမှာပဲ အမြင်ရများပေမဲ့ ဒီမှာတော့ အိုဇုရဲ့ Tatami Shot ကိုပဲ တော်တော်သုံးသွားတယ်။ နောက် အိုဇုရဲ့ Pillow Shot ဆိုတဲ့ တင်ဆက်ပုံကိုလည်း သုံးသွားတယ်။ Pillow Shot ကို အိုဇုကိုယ်တိုင်ကလည်း ဂျပန်ကဗျာက Pillow Word Makurakaotoba ဆိုတဲ့ဟန်ကနေ ယူသုံးထားတယ်။ ကဗျာရဲ့တစ်ထောက်နားနေရာဆိုတဲ့ သဘောပဲ။ အဲဒီနေရာမှာ သုံးတဲ့စကားလုံးတွေက ကျန်တဲ့ကဗျာတစ်ပုဒ်လုံးနဲ့ ဝေးလည်းဝေးကွာမသွားသလို တိုက်ရိုက်လည်းမဆက်စပ်နေတဲ့ ကဗျာကနေ တစ်ထောက်နားလိုက်တဲ့စကားလုံးတွေတဲ့။ ဆိုတော့ Maborosi မှာ Kore-eda ဟာ ဇာတ်လမ်းအမျိုးအစား၊ တင်ဆက်ပုံ၊ ရိုက်ပုံ အကုန်လုံး အိုဇုကို Homage အပြည့်ပေးထားခဲ့တယ်။ အိုဇုအငွေ့အသက်ကိုအမြင်ရဆုံး သူ့ရုပ်ရှင်လည်း ဖြစ်နေခဲ့တယ်။ အိုဇုရဲ့ Floating Weeds အဖွင့်က လှေရဲ့အသံကိုလည်း ဒီမှာ Kore-eda က ယူသုံးထားခဲ့တယ်။ တစ်ချက်ရှိတာက အိုဇုရုပ်ရှင်တွေမှာ ပါတတ်တဲ့ Kore-eda ရဲ့ ခုနောက်ပိုင်းရုပ်ရှင်တွေအထိ ပါတတ်တဲ့ ရေခဲတုံးကြီးရဲ့ အောက်ဘက်လို့ခေါ်မလား။ ဒါမှမဟုတ် ဇာတ်လမ်းရဲ့ မပြောသွားတဲ့ အပိုင်းတွေလို့ ခေါ်မလား။ အဲဒီဟာတွေပါတာက သူတို့ရုပ်ရှင်တွေကြည့်ရတာ ကျွန်တော့်အတွက် အရသာအရှိဆုံးအချက်တစ်ချက်ပါပဲ။ Maborosi မှာတော့ အဲဒီမပြောသွားတဲ့ဇာတ်လမ်းက သိသိသာသာကို ရှိနေပြီး မပြောသွားတာဖြစ်နေတယ်။ ဒီမှာ ကျွန်တော်ဝေဝါးသွားတာက ဘယ်ဟာက ပိုအားကောင်းလဲဆိုတာပါပဲ။ ဇာတ်လမ်းထဲ ပေါ့ပေါ့ပါးပါးနဲ့ ဒီတိုင်းရှိနေတဲ့ မပြောသွားတဲ့ဇာတ်လမ်းက ပိုအားကောင်းလား။ ဇာတ်လမ်းထဲ သိသိသာသာနဲ့ ဇာတ်လမ်းတစ်ခုလုံးကို သက်ရောက်သွားတဲ့ မပြောသွားတဲ့ဇာတ်လမ်းက ပိုအားကောင်းလား။ နောက်ပိုင်းမှာတော့ Kore-eda ကိုယ်တိုင်လည်း ပထမလမ်းကိုပဲ ရွေးခဲ့ပါတယ်။ သူ့ဟာနဲ့သူတော့ ကောင်းကြပေမဲ့ မဖြစ်မနေဆိုရင်တော့ ကျွန်တော်တော့ ပထမလမ်းကိုပဲ ရွေးမိပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

Civet Cat for Crown Prince (2022) ⭐TMDB: 0% User Score 🎬 #Action #Comedy #Romance 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘဝအခြေအနေချင်း လားလားမှမအပ်စပ်တဲ့ လူနှစ်ဦး မထင်မှတ်ဘဲနေရာချင်းလဲသွားတာကနေ ဇာတ်လမ်းကစပါတယ်။ ရွှီယိ ဟာအလုပ်ရောအချစ်ရေးမှာပါ ကံဆိုးမိုးမှောင်ကျနေတဲ့သူပါ။အလုပ်ကလည်းငွေမရ၊ ချစ်သူကလည်းဖောက်ပြန်၊အိမ်ငှားခလည်းပေးစရာမရှိ၊ လက်ထဲခြူးတစ်ပြားတောင်မူးလို့ရှူစရာမရှိတဲ့ဘဝကြီးမှာ တိုက်ပေါ်ကခုန်ချဖို့ဖြစ်လာရင်းသူ့ဘဝဟာပြောင်းလဲဖို့ ကံကြမ္မာဖန်လာခဲ့ပါတယ်။ လုံရှန်း ကတော့နာမည်ကြီးဖောက်ထွင်းဝိဇ္ဇာဖြစ်ပြီးတကိုယ်တည်းလှုပ်ရှားနေပေမယ့်၊လူဆိုးဂိုဏ်းတွေကပါကြောက်ရတဲ့သူဖြစ်ပါတယ်။ တစ်ရက်မှာတာဝန်တစ်ခုကိုလုပ်ဆောင်ရင်းထိခိုက်မှုဖြစ်ပြီး အတိတ်မေ့သွားခဲ့တယ်။ အဲ့ဒီမှာ လုံရှန်းနဲ့ရွှီယိတို့နေရာချင်းလဲနေဖို့ အကြောင်းဖန်လာပါတော့တယ်။ လုံရှန်းဟာလူရွှင်တော်ဖြစ်တဲ့ ရွှီယိဘဝမှာနေထိုင်ရင်း၊ရွှီယွိကလည်း လူဆိုးဂိုဏ်းတွေနဲ့ဆက်ဆံနေရတဲ့လုံရှန်းဘဝမှာနေထိုင်ရင်း ဘယ်လိုအလွဲတွေနဲ့ကြုံတွေ့ရမလဲ။ဘယ်လိုပြဿနာတွေရော ပါဝင်ပတ်သက်လာမှာလဲဆိုတာကိုဇာတ်လမ်းထဲမှာဆက်လက်ခံစားကြည့်ရှုလိုက်ရအောင်။
...

Dying to Sleep (2023) ⭐TMDB: 60% User Score 🎬 #Drama #History #Mystery #Thriller 🗓 2023 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dying to Sleep ဇာတ်ကားက မအိပ်နိုင်တဲ့ ဘဝဖြစ်စဥ်အကြောင်းကို စိတ်ဓာတ်ဖိစီးမှုတွေနဲ့ ထိတွေ့သဘောထားထားပြီး စိတ်လှုပ်ရှားစရာကောင်းအောင် ဖန်တီးထားတဲ့ သရုပ်ဆောင်မှုကောင်းများနှင့် ရုပ်ရှင်ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဦးဆောင်သရုပ်ဆောင်မင်းသား (actor name) က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး၊ ဒါရိုက်တာ (director name) က ဇာတ်အိမ်ကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။ နာမည်ကြီး ရုပ်ရှင်ပွဲတွေနဲ့ ဆုပေးပွဲတွေမှာလည်း အကောင်းဆုံး အလှည့်အပြောင်းဖြစ်စေတဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ မအိပ်ချင်ကြီးပြင်းလာချိန်မှာ အဖြစ်မှန်နဲ့ အိပ်မက်တွေ အပေါ်ဆုံးမှ ထိခိုက်စေတဲ့ ရိုက်ချက်တွေ၊ ရှေ့ပြေးလှုပ်ရှားမှုတွေက ရင်ခုန်စရာအတွေ့အကြုံကို ပေးစွမ်းထားပြီး စိတ်ရှုပ်ထွေးမှုအပြည့်နဲ့ ကြည့်ရှုသူကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။
...

Con Queens (2024) ⭐IMDB: 5.4/10 (14 Votes) 🎬 #Crime #Drama 🗓 2024 🎞 movie 🌎 #India #UnitedStates ⏰ 1 နာရီ 21 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘဝမှာ အချစ်ဆုံးလူဆီကနေ လှည့်စားခံရတာမျိုးထက်နာကျင်ရတဲ့ နာကျင်မှုမျိုူးရှိပါ့မလားနောက်ကျောကထိုးတဲ့ဓားကလောကမှာ အဆိုးဆုံး ခံရအခက်ဆုံးပါပဲဒီရုပ်ရှင်လေးကလဲ လူ့ဘဝမှာကြုံရလေ့ရှိတဲ့အချစ်ဆုံးလူကနေ ပေးတဲ့ဒဏ်ရာအကြောင်းကိုရိုက်ကူးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ် ဒီကားလေးမှာဆိုရင်တော့ အချစ်ဆုံးသူငယ်ချင်းဆီကနေသစ္စာဖောက်ခံလိုက်ရပြီးတော့ ထောင်ထဲဝင်လိုက်ရတဲ့အန်နီတာက ဘယ်လိုနည်းလမ်းနဲ့ ထောင်ထဲကနေထွက်လာပြီးတော့သူမဘဝကို ဘယ်လိုပြန်လည်ရယူသွားမလဲ၊ သူမရဲ့ဘေးမှာရော နောက်ဆုံးအချိန်ထိဘယ်သူတွေကရှိနေပေးခဲ့လည်းဆိုတာစိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
...