无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Don't. Get. Out! (2018) ⭐IMDB: 5.8/10 (2 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2018 🎞 movie 🌎 #Germany ⏰ 1 နာရီ 49 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Don’t. Get. Out! (2018) ********************** IMDb….5.8 အရင်တုန်းက အခွေထိုးကြည့်ခဲ့ရတဲ့ Speed ဆိုတဲ့ ဘတ်စ်ကားပေါ်မှာ ဗုံးထောင်ထားတဲ့ကားကိုတော့ အနည်းနဲ့အများမှတ်မိကြဦးမှာပါ။ အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကလည်း အဲဒါမျိုးခပ်ဆင်ဆင် ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ Feeling မျိုးရစေမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Don’t Get Out! ဖြစ်ပြီး IMDb Rating 5.8 အထိရရှိထားပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကထွက်ရှိခဲ့တာဆိုပေမဲ့ အခုပြန်ကြည့်ရင်တောင်မှ ကောင်းနေဆဲလို့ပြောလို့ရပါတယ်။ ဇာတ်ကားအစမှာ ကားလ်ဆိုတဲ့ အိမ်ခြံမြေစီမံကိန်းအကျိုးဆောင်တစ်ယောက်က ကွာရှင်းလုဆဲဆဲမိန်းမဖြစ်သူနဲ့ ကလေးတွေဆီလာတဲ့ခရီးလမ်းကိုတွေ့ရမှာပဲဖြစ်ပါတယ်။ စစချင်းတုန်းကတော့ ၁၅ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်မလို့ ချစ်ကြည်နူးတစ်တီတူးဖို့ စိတ်ကူးနဲ့လာခဲ့ပေမဲ့ မိန်းမဖြစ်သူက အဆင်မပြေတဲ့အတွက် ရန်ဖြစ်ပြီး ကလေးနှစ်ယောက်ကို ကျောင်းပို့ဖို့ သူ့ကားနဲ့ထွက်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာ ဘယ်ကမှန်းမသိတဲ့ ဖုန်းတစ်လုံးက သူ့ကားပေါ်ရောက်နေပြီး ဖုန်းဝင်လာခဲ့ပါတော့တယ်။ အဲ့ဒီဖုန်းကိုကိုင်လိုက်တဲ့အချိန်မှာ သူ့ကားပေါ်မှာ ဖင်ကြွလိုက်တာနဲ့ ပေါက်ကွဲမဲ့ဗုံးထောင်ထားကြောင်းသိခဲ့ရပြီး ခြိမ်းခြောက်ငွေညှစ်တာကိုခံခဲ့ရပါတော့တယ်။ စစချင်းတုန်းကမယုံပေမဲ့ ကလေးတွေအသက်ကို မစွန့်စားရဲတဲ့အတွက် ကားလ်က အဲဒီခြိမ်းခြောက်ငွေညှစ်သူရဲ့စကားအတိုင်း တသဝေမတိမ်းလိုက်နာခဲ့ပြီး နောက်ပိုင်းမှာ ရဲတွေပါ ပါဝင်ပတ်သတ်လာတဲ့အခါမှာတော့ အရှုပ်အထွေးတွေဖြစ်ကုန်ပြီး ကားလ်နဲ့သူ့ကလေးတွေ ဒီဗုံးရန်ကလွတ်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Saw Lay ပဲဖြစ်ပါတယ်...
The Pass: Last Days of the Samurai (2022) ⭐TMDB: 71% User Score 🎬 #Drama #History 🗓 2022 🎞 movie 🌎 #Japan ⏰ 1 နာရီ 54 မိနစ် 48 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 The Pass: Last Days of the Samurai (2020)Toge: Saigo no Samurai (2020) ~ MyAnimeList – 7/10, IMDb – 5.9/10 ~ ဂျပန်နိုင်ငံရဲ့ အဲဒိုးခေတ် (၁၆၀၃-၁၈၆၈) ကို အုပ်ချုပ်ခဲ့တဲ့ တိုကုဂါဝါရှိုးဂန်းရဲ့ ၁၅ ယောက်မြောက်နဲ့ နောက်ဆုံးသောရှိုးဂန်းဖြစ်သူ တိုကုဂါဝါရောရှိနိုဘုက သူ့အာဏာကို ဂျပန်ဧကရာဇ်မင်းမြတ်ဆီ ၁၈၆၇ ခုနှစ်မှာ ပြန်လွှဲပြောင်းပေးလိုက်ပါတယ်။ အဲဒီအကျိုးဆက်က ဧကရာဇ်တပ်ဖွဲ့ (ဂျပန်အနောက်ပိုင်း) နဲ့ ရှိုးဂန်းတပ်ဖွဲ့ (ဂျပန်အရှေ့ပိုင်း) ဆိုပြီး နှစ်ဖွဲ့ခွဲသွားလို့ ၁၈၆၈ ခုနှစ်မှာ ဖြစ်လာခဲ့တဲ့ Battle of Toba-Fushimi (တိုဘဘူရှိမီတိုက်ပွဲ) က ပြည်တွင်းစစ်လို့ပြောနိုင်တဲ့ Boshin War (ဘိုရှင်းစစ်ပွဲ (၁၈၆၈-၁၈၆၉)) ကို စတင်စေခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ အဲချိဂို့စီရင်စု (Echigo Province) မှာရှိတဲ့ နာဂါအိုကာနယ်မြေ (Nagaoka Domain) ကို မာကီနိုမျိုးနွယ်စု (Makino Clan) ရဲ့ မာကီနိုတာဒါယူကီ (၁၈၂၄-၁၈၇၈) က အပိုင်စားအုပ်ချုပ်နေခဲ့တယ်။ ထိုမာကီနိုနယ်စားလက်အောက်က ကာရို (Karo) ရာထူးနဲ့ အမှုထမ်းနေတဲ့ ကာဝါအီ ဆုဂိနိုဆုကဲ (Kawai Tsuginosuke – 1827~1868) လို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ရှိတယ်။ ကာရို ဆိုတာက အင်္ဂလိပ်ဆို “Chief Retainer” ဒါမှမဟုတ် “Daimyo’s Minister” ဖြစ်ပြီး ဝီကီပီဒီးယားထဲမှာတော့ အဆင့်မြင့်ဆာမူရိုင်းအရာရှိများ ဒါမှမဟုတ် နယ်စားရဲ့အကြံပေးပုဂ္ဂိုလ်လို့ ပြောထားပါတယ်။ ဟာတာမိုတို (Hatamoto) ထက်တော့ အဆင့်နည်းနည်းနိမ့်ပါတယ်။ ကာရိုမှာလည်း အဆင့်အမျိုးမျိုးနဲ့ခေါ်နည်းမျိုးစုံရှိပါသေးတယ်။ ကာဝါအီ ဆုဂိနိုဆုကဲက သူ့နယ်မြေထဲက ပြည်သူတွေကို မထိခိုက်စေချင်လို့ ဘယ်တပ်ဖွဲ့ထဲကိုမှ မပါဘဲ ကြားနေအဖြစ် ရပ်တည်မယ်လို့တွေးထားတဲ့ ဆာမူရိုင်းတစ်ယောက်ပါ။ နောက်ပြီး ဆာမူရိုင်းခေတ်မှာ စစ်ပွဲတွေ တိုက်ပွဲတွေဆိုတာ ပုံမှန်ဖြစ်ကြပေမဲ့ အဲဒါကအဖြေမဟုတ်တဲ့အပြင် ပြည်သူတွေပဲ ထိခိုက်စေနိုင်တယ်၊ ဂျပန်ပြည်ကြီးကို နောက်ထပ် ဘာစစ်ပွဲမှမဖြစ်စေချင်ဘဲ အဘက်ဘက်မှာ အကောင်းဆုံး တိုးတက်စေချင်တယ်ဆိုတဲ့ အတွေးအခေါ်ကို လက်ကိုင်ထားပြီး ဆုဂိနိုဆုကဲက ဆာဆုမချောရှုးမဟာမိတ် (Satsuma-Choshu Alliance) ပါဝင်တဲ့ ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပေမဲ့ မအောင်မြင်ခဲ့လို့ နောက်ဆုံးမှာတော့ စစ်မှန်တဲ့ဆာမူရိုင်းတစ်ယောက်အနေနဲ့ သူယူထားတဲ့တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ပြီး တပ်ဖွဲ့အင်အားများပြားလှတဲ့ ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့ကို သူ့နာဂါအိုကာနယ်မြေကနေ ရင်ဆိုင်ပါတော့တယ်။ ဒီဇာတ်ကားက ဘာကူမာဆုကာလ (Bakumatsu Period) အတွင်းမှာ အခြေခံထားတယ်ဆိုပေမဲ့ နာမည်ကြီး ရှင်းဆန်းဂူမိ (Shinsengumi) တော့ ပါဝင်လာမှာမဟုတ်ပါဘူး။ နာဂါအိုကာနယ်မြေလေးကို အုပ်ချုပ်နေတဲ့ မာကီနိုမျိုးနွယ်စု နယ်စားလက်အောက်က ကာရို “ကာဝါအီ ဆုဂိနိုဆုကဲ” ရဲ့ နောက်ဆုံးနေ့ရက်တွေ အထူးသဖြင့် ၁၈၆၈ ခုနှစ်နောက်ပိုင်းကာလက သူရှင်သန်လှုပ်ရှားခဲ့တဲ့နေ့ရက်တွေကို ပြထားပြီး သူခံယူထားတဲ့ နိုင်ငံရေးသဘောထားတွေ၊ ပြည်သူတွေကို စစ်ပွဲကြောင့် မထိခိုက်စေချင်တဲ့ သူ့စိတ်ဓာတ်၊ ဂျပန်ပြည်ကြီးကို လူငယ်တွေလက်ထဲ စိတ်ချလက်ချအပ်ထားခဲ့ချင်တဲ့ သူ့ဆန္ဒ၊ သူ့ဇနီးအပေါ် ချစ်တတ်မှု၊ တိုက်ပွဲအတွင်း သူ့စွမ်းဆောင်ရည်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လက်တွေ့ပြင်ပမှာ တကယ်ရှိခဲ့တဲ့ ကာဝါအီ ဆုဂိနိုဆုကဲ နေရာမှာ သရုပ်ဆောင်တဲ့သူကတော့ Perfect Days (2023) မှာ အိမ်သာသန့်ရှင်းရေးသမားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားကြီး Koji Yakusho ပဲဖြစ်ပါတယ်။ နောက်ပြီး Takako Matsu, Kyoko Kagawa, Min Tanaka, Hidetaka Yoshioka အစရှိတဲ့ ဝါရင့်သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ The Pass: Last Days of the Samurai ဇာတ်ကားကို ဒါရိုက်တာ Takashi Koizumi က Ryotaro Shiba (1923~1996) ရဲ့ ဝတ္ထုရှည် “Touge (1968)” ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ တစ်လက်စတည်းပြောရရင် သူ့ဝတ္ထုရှည်နောက်တစ်ပုဒ်ဖြစ်တဲ့ “Moeyo Ken (1964)” လည်း“Baragaki: Unbroken Samurai (2021)”ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားပါတယ်။ အဲဒီကားကတော့ CM မှာ ဘာသာပြန်တင်ဆက်ပြီးသားဖြစ်ပါတယ်။ Shinsengumi ရဲ့ဒုခေါင်းဆောင် Hijikata Toshizo (1835~1869) အကြောင်းကို ရိုက်ကူးထားတဲ့ Baragaki: Unbroken Samurai ကတော့ ဒီဇာတ်ကားထက် ပိုမြိုင်၊ ပိုသွက်လက်တယ်ဆိုတာ ကြည့်ပြီးသူတိုင်းသိကြမှာပါ။ အဲဒီလိုပြောလိုက်လို့ ဒီဇာတ်ကားက ပျင်းစရာကြီးပေါ့ဆိုပြီး မတွေးလိုက်ပါနဲ့။ တူညီတဲ့ခေတ်ကာလအတွင်းမှာ အတူတူရှိနေခဲ့တဲ့ Shinsengumi အကြောင်းအပြင် ကိုယ်မသိသေးတဲ့ တစ်ခြားသော ဆာမူရိုင်းတွေရဲ့ စိတ်နေသဘောထားတွေ၊ ရာထူးအဆင့်အတန်းတွေ၊ စွမ်းဆောင်ရည်တွေ၊ တာဝန်ယူမှုတွေ၊ ဆုံးဖြတ်ချက်တွေကို ကာဝါအီဆုဂိနိုဆုကဲလို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ဆီကနေ တစ်စိတ်တစ်ပ...
The Love of Han River (2025) ⭐TMDB: 0% User Score 🎬 #Drama 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ CM ကနေတောပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။မြစ်ရေအသွင်သွင်စီးဆင်းနေတဲ့ဟန့်မြစ်ဘေးမှာ စစ်ပွဲကြောင့်ထွက်သွားပြီးဘယ်တော့မှပြန်မလာတော့တဲ့အဖေကို လွမ်းဆွေးနေတဲ့ဟယ်မောက်ချွမ်းဆိုတဲ့ကောင်လေး။သူကတော့ စာပေပညာမှာထူးချွန်ပြီးတော့စာရေးဆရာဖြစ်ချင်တဲ့အိပ်မက်တစ်ခုရှိခဲ့တယ်။ သို့ပေမဲ့လည်းမဖွံ့ဖြိုးတဲ့ကျေးလက်ဒေသကသူမို့လို့တက္ကသိုလ်ပညာသင်ကြားရေးအထိမရရှိခဲ့ရတဲ့ လူတစ်ယောက်ပေါ့။ ရွာအဖွဲ့အစည်းရဲ့စာရင်းကိုင် စာရေးသမား အမေကိုပြုစုပေးနေတဲ့သားလိမ္မာ ဟယ်မောက်ချွမ်းအပြင်အမေ့ရဲ့နောက်အိမ်ထောင်ယောကျ်ားကနေပါလာတဲ့သမီးလေးချင်းချင်းဆိုတဲ့မိန်းကလေးကလည်းအစ်ကိုဖြစ်သူမောက်ချွမ်းနဲ့အတူ ပညာအရာမှာထူးချွန်ထက်မြတ်လှတယ်။ နှစ်ယောက်လုံးရဲ့အိပ်မက်က မြို့ကြီးပြကြီးမှာပညာသွားသင်ချင်တာကြောင့်အစ်ကိုဖြစ်သူမောက်ချွမ်းက ညီမလေးချင်းချင်းအတွက်အနစ်နာခံပြီးရွာမှာရှာဖွေစားသောက်ဖို့ဆုံးဖြတ်ခဲ့တယ်။ နှစ်ယောက်သားကအဖေမတူအမေမတူပေမဲ့ ခံစားချက်အရမ်းနီးကပ်ကြတာကြောင့်လူတိုင်းအားကျရတဲ့ မောင်နှမမျိုးဖြစ်နေခဲ့တာပေါ့။ တနေ့မှာတော့ မောက်ချွမ်းကိုတဖက်သတ်ကြိုက်နေတဲ့ လျိုရိူ့ကျူးကလက်ထပ်ခွင့်တောင်းရမ်းခဲ့တဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ဒီဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးကျေးလက်တောရွာမိသားစုပုံစံလေးကိုဖော်ကျူးထားတာကြောင့်မို့လို့ဒီဇာတ်လမ်းလေးကိုစောင့်မျှော်ကြည့်ရူလိုက်ရအောင်...
Hello, Love, Again (2024) ⭐IMDB: 7.0/10 (612 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines #Canada ⏰ 2 နာရီ 2 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hello, Love, Again (2024) ************************* IMDb – 7.1/10 ဖိလစ်ပိုင်မင်းသမီးကြီး Kathryn Bernardo ရဲ့ Hello LoveGoodbye(2019)ရဲ့ အဆက်ကားလေး ထွက်ရှိလို့ လာခဲ့ပါပြီ။ အရှေ့ဇာတ်ကားမှာဆိုရင် ဟောင်ကောင်ကနေ ကနေဒါကို အလုပ်သွားလုပ်နိုင်ဖို့အတွက် ကြိုးစားနေတဲ့ ဂျွိုင်းဆိုတဲ့ ကောင်မလေးရဲ့ ဘဝဇာတ်လမ်းကြောင်းကို မြင်တွေ့ခဲ့ရမှာဖြစ်ပြီး ဂျွိုင်းတစ်ယောက် ကနေဒါကိုလည်း ရောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဂျွိုင်း ကနေဒါကို ရောက်ပြီးနောက်မှာ ကနေဒါနဲ့ ဟောင်ကောင် အချိန်ဇုန်တွေ မတူညီတဲ့အကြောင်းပြချက်, ဝေးကွာမှုတွေကြောင့်နဲ့ ဂျွိုင်းနဲ့ သူ့ချစ်သူကောင်လေး အီသန်တို့နှစ်ယောက်ဟာ လမ်းခွဲရတဲ့အခြေအနေကို ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဂျွိုင်းတစ်ယောက် အလုပ်တွေ ကြိုးစားရင်း သူ့အိပ်မက်ဖြစ်တဲ့ သူနာပြုဖြစ်ဖို့ ကြိုးစားလာရင်းနဲ့ပဲ ကနေဒါမှာ နိုင်ငံသားအဖြစ်ခံယူနိုင်ခဲ့ပြီးနောက်မှာတော့ အီသန်တစ်ယောက် ကနေဒါကို ရောက်ရှိလာခဲ့ရင်း ဂျွိုင်းနဲ့ ပြန်လည်တွေ့ပါတော့တယ်။ အရင်က အချစ်ကြီးချစ်ခဲ့ကြတဲ့ ချစ်သူတွေ ပြန်လည်တွေ့ဆုံခဲ့ကြပေမဲ့ နှစ်ယောက်လုံးဟာပြောင်းလဲသွားခဲ့ကြပြီးဖြစ်တဲ့အပြင် ဂျွိုင်းရဲ့ဘေးမှာ အူနိုဆိုတဲ့ ကောင်လေးကပါ ရှိနေလေတော့ ……… ဂျွိုင်းနဲ့ အီသန်တို့ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမဲ့ ဒရာမာအချစ်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်)...
Birthday Girl (2001) ⭐TMDB: 59% User Score 🎬 #Comedy #Crime #Thriller 🗓 2001 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Birthday Girl (2001) ********************** IMDb….6.0 အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ဟောင်းပေမယ့်ကောင်းနေဆဲဖြစ်တဲ့ ၂၀၀၁ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ အထူးသဖြင့်ဒီဇာတ်ကားလေးက အသက်ကြီးပြီး မစွံသေးတဲ့လူပျိုကြီးတွေအတွက် တွေ့ကရာလှမ်းမဆွဲဖို့ သတိပေးထားတယ်လို့ပြောရမှာပါပဲ။ Drama ဇာတ်လမ်းလေးဖြစ်ပြီး ယနေ့ခေတ်ဇာတ်ကားတွေထက်တောင် ပိုစိတ်ဝင်စားစရာကောင်းတဲ့အတွက် တစ်ခါလောက်တော့ကြည့်ထားသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Birthday Girl ဖြစ်ပြီး IMDb Rating 6.0 အထိရရှိထားပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ ဘဏ်ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဂျွန်ဆိုတဲ့ သာမာန်ရိုးရိုးအအလူပျိုကြီးပဲဖြစ်ပါတယ်။ တစ်ယောက်တည်းနေလာတာကြာပြီး အချစ်ကိုဆာငတ်လာတဲ့အခါမှာ ဂျွန်က လိုင်းပေါ်ကနေ ရုရှားမလေးတစ်ယောက်ကို လှမ်းမှာခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ဆီကို နာဒီယာ ဆိုတဲ့ရှရှားမလေးတစ်ယောက်ရောက်လာခဲ့တဲ့အချိန်ကစပြီး\ ဂျွန့်ဘ၀ကြီးကပြောင်းလဲသွားခဲ့ပါတော့တယ်။ ဖြစ်ချင်တော့နာဒီယာက အင်္ဂလိပ်စကားမပြောတတ် ဂျွန်ကလည်းရုရှားစကားမပြောတတ်နဲ့ နှစ်ယောက်သားတိုင်ပတ်နေရင်းနဲ့ နာဒီယာ့မွေးနေ့ရောက်တဲ့အခါမှာတော့ ဂျွန်က သူ့အတွက် မွေးနေ့လုပ်ပေးခဲ့ပြီး နာဒီယာကလည်းသူ့သူငယ်ချင်းနှစ်ယောက်ကိုဖိတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ သနားစရာဂျွန့်အတွက် စိတ်မကောင်းစရာကတော့ နာဒီယာနဲ့ သူ့သူငယ်ချင်းနှစ်ယောက်က လုပ်စားနေတဲ့ လူလိမ်တွေဖြစ်နေတဲ့အခါမှာတော့ သူတို့ ၄ ယောက်သားဘာတွေဆက်ဖြစ်သွားမှာလဲ..။ ဂျွန်နဲ့ နာဒီယာရဲ့ အချစ်ကရော ဒီအတိုင်း ပြီးဆုံးသွားမှာလား.. ဆိုတာကို ရှုစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Saw Lay ပဲဖြစ်ပါတယ်...
Extras for Chasing The Dragon (2025) ⭐TMDB: 10% User Score 🎬 #Action #Crime #Drama 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 12 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟောင်ကောင်ကျွန်းရဲ့ တစ်ချိန်က အမှောင်လောကကို ပုံဖော်ထားတဲ့ကားကောင်းလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ငွေမည်းကို ငွေဖြူပြောင်းပြီး… ချမ်းသာပြီးသားသူတွေ ပိုပိုချမ်းသာလာတာဘာလို့လဲသိလား… ဘာလို့လဲဆိုတော့ ငွေနဲ့ အာဏာကိုဝယ်ပြီး အာဏာနဲ့ ငွေကို ပြန်ဝယ်နေကြလို့ပါပဲ…ဒီကားလေးက အဲ့ကွင်းဆက်ကို ရိုက်ပြထားတာပါ..ဒီကားထဲမှာ ရွှီလဲ့ဆိုတဲ့ အမျိုးသားက ပိုင်ကျန့်နီဆိုတဲ့ ဟောင်ကောင်လုပ်ငန်းရှင်ကြီး၄ ဦးထဲက တစ်ယောက်နဲ့ ဖူးစာဆုံပြီးတော့ ရာထူးလည်းတက် ဥစ္စာလည်းပေါခဲ့တာပေါ့… တစ်ခုပဲရှိတယ် ဒါကတော့ ပိုင်ကျန့်နီရဲ့ လောင်းကစားဝိုင်းကအရှုပ်တွေရှင်းပေးရတာနဲ့ သူ့အသက်ကို ကာကွယ်ဖို့ပဲ…အဲ့ဒီမှာတင် ကိုယ်မွေးတဲ့မျောက် ကိုယ်မနိုင်တဲ့ ဇာတ်လမ်းပေါ်လာတာပဲ… အကြောင်းတိုက်ဆိုင်ပြီး အားဟောက်ဆိုတဲ့ ညီလေးကောက်ရလိုက်ပြီးပိုင်ကျန့်နီကို ကာကွယ်ဖို့ ငှားရာကနေ…လောင်းကစားဝိုင်း အတူတူလုပ်တဲ့အထိဖြစ်လာပြီးတော့…နောက်ဆုံးမှာ သစ္စာဖောက်သွားမှာလား…ညီအစ်ကိုတွေအဖြစ်နဲ့ပဲ ဆက်ရှိနိုင်မှာလား…ဒီလို ငွေမည်းလောကကြီးကိုရော ဘယ်လိုမျိုးရှင်းနိုင်မှာလဲ...
Fight Another Day (2024) ⭐IMDB: 5.3/10 (263 Votes) 🎬 #Action #SciFi 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 37 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှာ ထွက်ရှိခဲ့တဲ့ အမေရိကန် အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ခရိုနိုကွန်းဆိုတဲ့ နည်းပညာနဲ့ဆေးဝါးကုမ္ပဏီကြီးက အနာဂတ်ကမ္ဘာကြီးကို လွှမ်းမိုးထားပါတယ်။ သူတို့က စိတ်ငြိမ်ဆေး၊ စိတ်ကြွဆေး အမျိုးမျိုးကိုလည်း တရားဝင်ထုတ်လုပ်နေသူတွေပါ။ သူတို့ရဲ့ တီဗီအစီအစဥ်ဖြစ်တဲ့ Fight Another Day အစီ အစဥ်ကလည်း နာမည်ကြီးပါပဲ။ Fight Another Day ဆိုတဲ့ အစီအစဥ်ကတော့ အတိတ်ခေတ် အဆက်ဆက်က ထင်ရှားသူတွေ၊ သူရဲကောင်းတွေ၊ စစ်သည်တော်တွေကို အချိန်ခရီးသွားစက်နဲ့ ဆင့်ခေါ်ပြီးတော့ အချင်းချင်း အခန်းတစ်ခုထဲထည့်ပြီး သေဆုံးတဲ့အထိ တိုက်ခိုက် ခိုင်းတဲ့အစီအစဥ်တစ်ခုပါ။ ဒီလိုနဲ့ အတိတ်မှာ သေဆုံးသွားပြီဖြစ်တဲ့ နာမည်ကြီးရဲ အရာရှိ တစ်ယောက်ဖြစ်တဲ့ ရိုင်ယန်ကိုလည်း အစီအစဥ်ကို ဆင့်ခေါ် လိုက်ပါတော့တယ်။ ရိုင်ယန်ကတော့ အတိတ်ဘဝက မတရားမှုတွေ အကြမ်းဖက်မှုတွေကို တိုက်ဖျက်တဲ့နေရာမှာ နာမည်ကြီးတဲ့ ရဲအရာရှိတစ်ယောက်ပါ။ ဒီဇာတ်ကားလေးမှာတော့ ရိုင်ယန်တစ်ယောက် အနာဂတ်က တီဗီအစီအစဥ်တစ်ခုမှာ ဘယ်လိုရှင်သန်ဖို့ကြိုးစားမလဲ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုကြရမှာပါ။...
Zbory OSBB (2024) ⭐IMDB: 6.9/10 (421 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #Ukraine ⏰ 1 နာရီ 35 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Homeowners’ Dilemma aka Zbory OSBB===============================IMDb rating – 6.9/10 ယူကရိန်းစကားပြော ဟာသရုပ်ရှင်လေးပါ။ ဒါရိုက်တာ Mitya Shmurak ကရိုက်ကူးထားပြီး rating လည်း အဆင်ပြေ၊ ရယ်လည်းရယ်ရတာကြောင့်စိတ်အပန်းပြေစေမှာ ကျိန်းသေပါပဲ။ ဒီရုပ်ရှင်ကို ကြည့်လိုက်ရတော့ အရမ်းမနှိင်းကောင်းပေမယ့်12 Angry Men (1957) ရုပ်ရှင်ကိုတောင် သတိရစေပါတယ်။လူ(၁၂)ယောက် စုထိုင်ပြီး ကိစ္စတစ်ခုခုကို ဖြေရှင်းကြသလိုပဲအခုရုပ်ရှင်လည်း ဒီလိုသဘောပါပဲ။ ဇာတ်လမ်းသဘောကဝောာ့ ယူကရိန်းနိုင်ငံမှာရှိတဲ့ တိုက်တစ်ခုမှာ မီးအရမ်းပျက်ပါတယ်။ဒီနိုင်ငံလိုမျိုး အချိန်နဲ့ပဲ လာတာပါ။ ဒါကြောင့် တိုက်ခန်းပိုင်ရှင်တွေဟာ ငွေစုပြီးမီးစက်ဝယ်ဖို တိုင်ပင်ကြပါတယ်။ လူတွေရဲ့ သဘောသဘာဝအတိုင်း မီးစက်ကိုဘယ်နားမှာထားမယ် ဘယ်လိုသုံးမယ် ဘယ်သူဆီဖြည့်မယ် ဘာညာတွေတိုင်ပင်ပြီး ရန်တွေဖြစ်ကြပါတယ်။နောက်ဆုံးမှာ ဘယ်လိုအဆင်ပြေသွားလဲဆိုတော့...
The Best of Me (2014) ⭐IMDB: 6.7/10 (79 k Votes) 🎬 #Drama #Romance 🗓 2014 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူဆိုတာတွေ့ရမယ်၊ ကြုံရမယ်၊ ဆုံရမယ် ပြီးရင်ကွဲရမယ်တဲ့။ ဘဝရယ်လို့ ဖြစ်တည်လာလို့ရှိရင် ဒါကိုမလွဲမသွေကြုံရမှာပဲ။ သိလျက်နဲ့မိုက်တယ်လို့ပြောရမလား ချစ်လို့ မျက်စိကန်းတယ်ပဲပြောရမလား အရုပ်လေးတစ်ခုလက်ထဲရောက်လာရင်တောင် ဒါငါ့အရုပ်၊ အရုပ်လေးကို တန်ဖိုးထားတတ်ကြတာ လူ့သဘာဝပဲလေ။ လူနှစ်ယောက်ချစ်ကြတယ်ဆိုရင်ပိုဆိုးတာပေါ့။ The Best of Me ကတော့ ဒီသဘောကို အကောင်းဆုံးမဟုတ်တောင် ပြီးပြည့်စုံအောင်ဖော်ပြသွားပါတယ်။ ဒီကားကိုကြည့်လိုက်ရတာ တာရာပွကြီးရဲ့ ကာတွန်းတစ်အုပ်ကိုပြန်ဖတ်လိုက်ရသလို၊ ငယ်ဘဝကိုပြန်ရောက်သွားရသလို၊ လွမ်းခြင်းနဲ့ ဝမ်းနည်းခြင်း နှစ်ခုပေါင်းပြီး ရင်ထဲဆို့တက်လာရပါတယ်။ ရင်ထဲမှာ ဆွေးပြီးတော့ ကျန်ခဲ့ရမယ့် ရုပ်ရှင်ဖြစ်လို့ တစ်ရှူးလေးဆောင်ပြီး ကြည့်ဖို့အကြံပေးပါတယ်။ ဇာတ်ညွှန်း ကိုးလ် မိသားစုဆိုတာရှိတယ်။ ဒုစရိုက်လူမိုက်ဖခင်ကမွေးလာတဲ့ သားသုံးယောက်မှာ နှစ်ယောက်က အဖေခြေရာကိုထပ်ခဲ့တယ်။ ဒေါ်ဆင်ကိုးလ် ဆိုတဲ့ အငယ်ဆုံးသားကတော့ အကြီးနှစ်ယောက်နဲ့မတူပဲ အဖေနဲ့ ဆန့်ကျင်ဖက်ဖြစ်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ရိုက်နှက်ဆုံးမခံလာရတဲ့ ဒေါ်ဆင်အတွက် လောကကြီးကထင်သလောက်ရှင်သန်ရတာ လွယ်ကူမနေပါဘူး။ အရောင်မဲ့နေတဲ့ ဒေါ်ဆင်ရဲ့ ဘဝထဲကို အရောင်စိုပြေအောင် စွမ်းဆောင်ပေးမယ့် အမန်ဒါဆိုတဲ့ ကောင်မလေးတစ်ယောက်မမျှော်လင့်ပဲရောက်လာခဲ့ပါတယ်။ ဘဝမှာ မမျှော်လင့်ထားတာတွေအများကြီးဖြစ်တတ်ပါတယ်။ မမျှော်လင့်ထားခြင်းမှာ ကောင်းခြင်းဆိုတဲ့အရာကနည်းလှပါတယ်။ ဒေါ်ဆင်လိုမျိုး လူတစ်ယောက်အတွက်ကတော့ အမန်ဒါဟာ ဘုရားပေးတဲ့ဆုလာဘ်ထက်ကိုပိုခဲ့ပါတယ်။ ဒါပေမယ့် ဘဝဆိုတာကလည်းအခက်သား ပျော်တစ်ရက်၊ မပျော် တစ်လ လောက်နှိပ်စက်ချင်တာ။ အချစ်ကံကောင်းပေမယ့် ဘဝကံမကောင်းခဲ့တဲ့ ဒေါ်ဆင်ရဲ့ ဘဝထဲမှာ အမန်ဒါတစ်ယောက်ဘယ်လိုများဖြစ်မှာလဲ။ ပြီးပြည့်စုံတဲ့ကောင်မလေးနဲ့ မပြီးပြည့်စုံတဲ့ ဒေါ်ဆင်တို့နှစ်ယောက်ရဲ့ ဘဝနှစ်ခုက ဘယ်လိုကြမ္မာငင်ကြမှာလဲ။ သေချာတာတစ်ခုကတော့ အမန်ဒါဟာ ဒေါ်ဆင်ရဲ့ “အကောင်းဆုံးဖြစ်တည်မှု”တစ်ခုပါပဲ။ Dawson အဖြစ်မင်းသား James Marsden Amanda အဖြစ် မင်းသမီး Michelle Monaghan တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသားနဲ့မင်းသမီးကလည်း ပရိသတ်နဲ့မစိမ်းတာမလို့ ခံစားကြည့်လိုက်ကြပါ။...
A Hundred Lies (2024) ⭐IMDB: 6.5/10 (140 Votes) 🎬 #Drama #Music #Crime 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 35 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Canadian Crime Drama ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ ဒါရိုက်တာ Rouzbeh Heydari က ရိုက်ကူးပေးထားပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Rob Raco, Dana Abraham, Humberly González, Brandon McKnight တို့က ပါဝင် ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သီချင်းဆို၊သီချင်းရေးရတာကို ဝါသနာပါတဲ့ ရစ်ကီဟာ နာမကျန်းဖြစ်နေတဲ့မိခင်ကို ထောက်ပံ့ဖို့အတွက် ဘားတစ်ခုမှာ စားပွဲထိုးနေရပါတယ်။ တစ်နေ့တော့ သူဟာ သီချင်းထုတ်လုပ်သူ တစ်ယောက်နဲ့တွေ့ပြီးတော့ သီချင်းခွေထုတ်ဖို့ဖြစ်လာပါတယ်။ အဲဒီလိုနဲ့ သူ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပြီးတော့ ရုတ်တရက် နာမည်ကြီးလာ၊ ပရိသတ်တွေရလာပါတယ်။ ဒါပေမယ့် ဒီအောင်မြင်မှုရဲ့နောက်ကွယ်မှာ မှောင်မိုက်တဲ့လျှို့ဝှက်ချက်တွေ ရှိနေပါတယ်။ ဘယ်လိုလျှို့ဝှက်ချက်တွေလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါ။ မထင်မှတ်ထားတဲ့ လောကဓံရဲ့ရက်စက်မှုတွေ၊ နေ့ချင်းညချင်းရလာတဲ့ အောင်မြင်မှုတွေကြားကနေ ရစ်ကီဘယ်လို ရုန်းကန်ရမလဲ။ ဘယ်လိုလှည့်ကွက်တွေ ရှိနေမလဲ။ IMDb မှာ rating ကောင်းတစ်ခုကို ရရှိထားပြီးတော့ ကြည့်ရှုသူတွေကို ရသပေါင်းစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။...
Thirsty for Likes (2024) ⭐IMDB: 4.2/10 (27 Votes) 🎬 #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 45 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thirsty for likes(2024)ခေတ်ရေစီးကြောင်းပြောင်းလဲလာတော့ လူတွေရဲ့အာရုံကSocial Media platforms အမျိုးမျိုးပေါ်မှာ ပိုပြီးအာရုံစိုက်လာကြတယ်။ စိတ်လှုပ်ရှားတက်ကြွမှုတွေက like လေးတစ်ချက်ပေါ် အသက်တမျှ မူတည်လာတဲ့အခါကျင့်ဝတ်တွေ သိက္ခာတွေကို အပေါ်ယံအလှအပ ဇိမ်ခံပစ္စည်းအကောင်းစားတွေနဲ့ဆင်ယင်ထားတဲ့ဓာတ်ပုံတစ်ပုံနောက်ကွယ်မှာ ဖျောက်ပစ်လိုက်ကြတယ်။ ဒီလို အပေါ်ယံနောက်မှာ ဇာတ်မျောလိုက်သွားကြတဲ့ Diamond နဲ့ Harmony တိုinfluencer ၂ယောက်ကတော့သူတိုဒီလိုနေရာနေရဖိုအတွက် ကိုယ့်ဘဝ ခန္ဓာပေးဆပ်ရမှုကိုပါမမြင်နိုင်ဘဲမှားမှန်းသိရက်နဲ့ဆက်တိုးကြတဲ့အကြောင်းတွေ ထိခိုက်ခံစားရတာကိုပေးဆပ်ရတာတန်တယ်ထင်တဲ့ သူတိုနှစ်ယောက်ရဲ့ အဆုံးသတ်တစ်ခုဟာဘယ်လောက်ထိဖြစ်သွားနိုင်လဲ ပိုက်ဆံနောက် လွယ်လွယ်လိုက်မိတဲ့အခါမသိလိုက်ဘဲဆုံးရှုးလိုက်ရတာတွေဟာ ခံစားနိုင်စွမ်းရှိမယ့်အခြေအနေတစ်ခုဖြစ်ပါ့မလားဆိုတဲ့ကြည့်ရှုသင်ခန်းစာယူနိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
Life and Love (2024) ⭐IMDB: 6.7/10 (197 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Estonia ⏰ 1 နာရီ 59 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Life and Love (2024) Elu ja armastus IMDb Rating (6.8) 1933 ခုနစ်ကာလမှာ Irma ဆိုတဲ့ မိန်းမပျိုလေးတစ်ယောက်ဟာ သူ့ဇာတိ ကျေးလက်ကိုစွန့်ခွာပြီး အိပ်မက်တွေနောက်ကိုလိုက်ဖို့ မြို့ကိုတက်လာခဲ့တယ်။ မြို့က သူ့ရဲ့ဝမ်းကွဲဖြစ်သူ Lonni ရဲ့ အကူအညီနဲ့ ပုံနှိပ်တိုက်တစ်ခုမှာ သန့်ရှင်းရေးအဖြစ် ဝင်လုပ်ရင်း ကံကြမ္မာဖန်တော့ ပုံနှိပ်တိုက်ပိုင်ရှင်ရဲ့အိမ်မှာ အိမ်ဖော်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီ အသက်လတ်ပိုင်း လူပုံခန့်ခန့်နဲ့ ဆိုရှယ်ကောင်းတဲ့ ပုံနှိပ်တိုက်ပိုင်ရှင် Rudolf ဟာ မကြာခင်မှာပဲ အိမ်ဖော်မလေး Irma ကို စိတ်ဝင်တစားနဲ့ ချဉ်းကပ်လာတယ်။ ခေတ်ကာလက စီးပွားပျက်ကပ်ဆိုက်ပြီး နိုင်ငံရေးရှုပ်ထွေးနေချိန်ဆိုတော့ အချစ်က အဲဒီလောက် အရေးမပါတဲ့ကာလ ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ Irma က Rudolf ရဲ့အချစ်ကိုလက်ခံပြီး နှစ်ဦးသား လက်ထပ်ခဲ့ကြတယ်။ လက်ထပ်ပြီး သိပ်မကြာခင်နောက်ပိုင်းမှာပဲ သိပ်မြတ်နိုးလှပါတယ်ဆိုတဲ့ Rudolf ရဲ့ အမူအယာတွေဟာ ပြောင်းလဲလာခဲ့တယ်။ Rudolf ကို သိပ်ချစ်မိသွားတဲ့ Irma ဟာတော့ အကြောင်းရင်းကို ရှာဖွေရင်း ဒီအချစ်ဇာတ်လမ်းရဲ့ဇာတ်သိမ်းလေး ဘယ်လိုပြီးဆုံးသွားမလဲ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khey Ki ဖြစ်ပါတယ်။)...
Shaadi Ke Side Effects (2014) ⭐IMDB: 5.6/10 (4 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓 2014 🎞 movie 🌎 #India ⏰ 2 နာရီ 22 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shaadi Ke Side Effects 2014 အိမ်ထောင်ရေး၏ ဘေးထွက်ဆိုးကျိုးများ IMDb 5.6/10 ရှာရွတ်ရဲ့ နာမည်ကျော် Donရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာလည်းဖြစ်သလိုသရုပ်ဆောင်နဲ့ အဆိုတော်လည်းဖြစ်တဲ့ နာမည်ကျော်ဟင်ဒီအနုပညာရှင် ဖာဟန်အက်ခ်တာနုစဉ်အခါက သရုပ်ဆောင်ခဲ့တဲ့ အဟောင်းထဲက ကားကောင်းလေးတစ်ကားပေါ့။ မင်းသမီးအနေနဲ့ကလည်း ပါကစ္စတန်အိန္ဒိယနယ်စပ်က ဆောင်ကြာမြိုင်မှာအရမ်းကြမ်းခဲ့တဲ့ Begum Jaan (2017)က မင်းသမီး ဗစ်ဒ်ယာဘာလန်ဆိုတော့ညွှန်းနေဖိုတောင်မလိုသလောက်ပါ။ ဒီဇာတ်ကားလေးထဲက ဆစ်ဒ်နဲ့ ထရီရှာက သိပ်ချစ်ကြတဲ့ လင်မယားတွေပေါ့။သူတိုရဲ့အိမ်ထောင်ရေးကလည်း သိပ်ကိုသာယာခဲ့ပါတယ်။ ဆစ်ဒ်ရဲ့ လက်ကိုင်ဆောင်ပုဒ်ကတော့ “ကိုယ်မှားရင် ကိုယ်တောင်းပန်တယ်၊မိန်းမ မှားရင်လည်း ကိုယ်ပဲတောင်းပန်တယ်” တဲ့။ ဒီလိုနဲ့ လေပြည်ပြီး မုန်တိုင်းရောက်ရှိလာပါတော့တယ်။ အဲဒါကတော့ ထရီရှာမှာ ကိုယ်ဝန်ရှိလာတာပါပဲ။ ၃-၄ လနေရင် ရာထူးတိုးတော့မယ့်ထရီရှာနဲ့ ခုမှပထမဆုံးအယ်လ်ဘမ်ကို အသံသွင်းဖိုကြိုးစားနေဆဲ တေးရေးဆရာပေါက်စဆစ်ဒ်တိုအတွက်တော့ ကလေးယူဖို အဆင်သင့်မဖြစ်သေးပါဘူး။ဒီလိုနဲ့ ကလေးကိုမယူဖိုဆုံးဖြတ်ကြပြီး ဖျက်ချဖို ဆေးရုံကိုရောက်ရှိလာပါတော့တယ်။ ဆရာဝန်တွေက ထရီရှာကို အော်ပရေးရှင်းလုပ်နေစဉ်အတွင်းမှာ ဆစ်ဒ်ကအပြင်မှာ ထိုင်စောင့်နေခဲ့ပါတယ်။အဲဒီအချိန်မှာ ဆစ်ဒ်ကလွဲလို ဘယ်သူမှ မသိလိုက်တဲ့ကိစ္စတစ်ခု ဖြစ်သွားခဲ့ပါတော့တယ်။အဲဒီလိုနဲ့ဆစ်ဒ်လည်း ခွဲခန်းထဲအထိလိုက်ဝင်ပြီး ကလေးကိုယူပါတော့မယ့်အကြောင်းပြောပြီးအော်ပရေးရှင်းဆက်မလုပ်စေတော့ပါဘူး။ ထရီရှာရဲ့အမေကလည်း အလုပ်အကိုင်အတည်တကျမရှိတဲ့ဆစ်ဒ်နဲ့သဘောမတူပါဘူးဆိုမှ အခုကလေးပါယူမယ်ဆိုတော့ သူတိုကိုအမြင်မကြည်ဝောာ့ပါဘူး။ဒါပေမဲ့ဆစ်ဒ်ကတော့ ကမ္ဘာမှာ အကောင်းဆုံးဖခင်ဖြစ်ဖို အစွမ်းကုန်ကြိုးစားပါတော့တယ်။သူ့မိန်းမရဲ့ ကိုယ်ဝန်ဆောင်သည်ခံစားချက်ကိုသိရအောင် ပူဖောင်းထည့်ပြီး သူပါလိုက်နေတာမျိုးကစလိုပေါ့။ ခွဲခန်းအပြင်မှာ ဆစ်ဒ်ကြုံတွေ့ခဲ့ရတာ ဘာပါလဲ၊ ဖခင်ကောင်းဖြစ်အောင် သူကြိုးစားနိုင်ပါ့မလား၊ထရီရှာရဲ့မိခင်နဲ့ ဘယ်လိုပြေလည်အောင်ညှိနှိင်းမလဲဆိုတာတွေကိုဟာသလေးနှောပြီး ရင်သပ်ရှုမောကြည့်ရှုအားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။...
Highlander: Endgame (2000) ⭐TMDB: 48% User Score 🎬 #Action #Adventure #Fantasy #SciFi 🗓 2000 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Highlander: Endgame (2000) Jacob Kell လို့ခေါ်တဲ့ လူဆိုးကို ဖြုတ်ချဖို့ အဖွဲ့ဖွဲ့ရမယ့် မသေနိုင်တဲ့ Connor MacLeod နှင့် Duncan MacLeod တို့အကြောင်းဖြစ်ပါတယ်။ Kell က အန္တရာယ်များတဲ့လူဖြစ်ပြီး လက်စားချေချင်နေပါတယ်။ ရုပ်ရှင်အတွင်းမှာ Connor နှင့် Duncan တို့က စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့က တစ်ယောက်ကို တစ်ယောက် ကာကွယ်ဖို့နဲ့ သူတို့ အလေးထားတဲ့ လူတွေကို ကာကွယ်ဖို့ ဆက်လက် တိုက်ပွဲဝင်နေကြပါတယ်။ ဒီဇာတ်ကားက တိုက်ပွဲတွေချည်းပဲ မဟုတ်ပါဘူး။ မသေနိုင်တဲ့လူတွေ ၊ ကလဲ့စားချေခြင်းနှင့် MacLeodsေရဲ့အတိတ်တွေက ဘယ်လိုဘယ်ပုံသွင်းသည်ဆိုတဲ့ အယူအဆကို အမှန်တကယ်တူးဆွသွားတာပါ။ သူတို့ အမှားတွေ လုပ်ခဲ့ပုံတွေကို မှန်ကန်အောင် ကြိုးစားနေပုံတွေကို ပြသပါတယ်။ အက်ရှင်ဇာတ်ဝင်ခန်းတွေက ပြင်းထန်ပေမယ့် ဇာတ်ကားရဲ့ထူးခြားချက်ကတော့ ဇာတ်ကောင်တွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေပါပဲ။ ရှင်သန်ခြင်းအတွက်သာမက အသက် တာရှည်ခြင်း အကျိုးဆက်ကို ကိုင်တွယ်ဖြေရှင်းခြင်းလည်း ဖြစ်ပါတယ်။ အဆုံးမှာ Highlander: Endgame က ဓားတွေနဲ့တိုက်နေတဲ့ဇာတ်ကားတစ်ခုထက်ပိုတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ရွေးချယ်ရခြင်းတွေ နှင့် ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နိုင်ဖို့ကျွန်တော်တို့ကိုကူညီပေးခဲ့တဲ့လူတွေအကြောင်းကိုခံစားရပါတယ် ကြည့်လို့ကောင်းပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)...
A Merry Royal Christmas (2024) ⭐IMDB: 5.2/10 (127 Votes) 🎬 #Romance #Comedy #TVMovie 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 29 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Merry Royal Christmas 2024======================= ဒီတစ်ခါမှာတော့ မိသားစုနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ၂၀၂၄ ထွက်ခရစ်စမတ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ မင်္ဂလာပွဲစီစဥ်သူဖလစ်စတီဟာ အလုပ်ထွက်ခါနီးဆဲဆဲအင်္ဂလိပ်တော်ဝင်မျိုးနွယ်တစ်ခုရဲ့ မင်္ဂလာပွဲကို စီစဥ်ပေးဖို စေလွှတ်ခံရပါတယ်။ တော်ဝင်မင်္ဂလာပွဲတွေဟာ ခရစ်စမတ်နေ့မှာပဲလုပ်ကြတာကြောင့်အားလပ်ရက်မှာ အမေရိကန်ကနေ အင်္ဂလန်ကို ခရီးထွက်လာရင်း လမ်းမှာသူစိမ်းတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့တယ်။ နောက်မှသူသိလိုက်ရတာကဒီသူစိမ်းက သူမင်္ဂလာပွဲစီစဥ်ပေးရမယ့် သတိုသမီးရဲ့မောင် ၊ ထီးနန်းဆက်ခံမယ့်မင်းသား ဖြစ်နေတာပါပဲ။ မင်္ဂလာပွဲနီးလာတာနဲ့အမျှ ဖလစ်စတီနဲ့ မင်းသားတိုနှစ်ယောက်သားတော်ဝင်စံနှုန်းတွေနဲ့ကိုက်ညီအောင် ပွဲစီစဥ်ရင်း နှစ်ဦးကြားမှာသံယောဇဥ်နဲ့ ချစ်မေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။ အညတရအမေရိကန်ကောင်မလေးနဲ့ အင်္ဂလိပ်တော်ဝင်မင်းသားတိုနှစ်ယောက်လွတ်လပ်မှုနဲ့နဲ့ ထုံးတမ်းစဥ်လာ ၊ အချစ်စစ်နဲ့တိုင်းပြည်တာဝန်ကြား လွန်ဆွဲပွဲမှာဘာကိုစွန့်လွှတ်ပြီး ဘာကိုရွေးချယ်ကြမလဲ။ ဒီရုပ်ရှင်မှာ ခရစ်စမတ်ရဲ့ ကြည်နူးဖွယ်ရိုက်ချက်လေးတွေနဲ့အတူလေးနက်တဲ့တော်ဝင်မင်္ဂလာဆောင်တွေရဲ့ ထုံးတမ်းအစဥ်အလာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ ။ ပွဲစီစဥ်သူ ဖလစ်စတီအဖြစ် ကက်သရင်းဒေးဗစ် ၊မင်းသားနေရာမှာ ဂျက်မူရေးနဲ့ သတိုသမီးအဖြစ်ရေဗက်ကာဖင်းတိုက အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။...
The Outfit (1973) ⭐TMDB: 68% User Score 🎬 #Crime #Drama #Thriller 🗓 1973 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်လေးကတော့ neo-noir film တွေ စတင်ပေါ်ပေါက်ခဲ့တဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်ကာလမှာ ထွက်ရှိခဲ့တဲ့ crime/drama အမျိုးအစားပါ IMDb rating 7 နဲ့ Letterboxd မှာ 3.6 ထိ ရထားပါတယ် Neo-noir ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပဲ ဒီဇာတ်လမ်းမှာ လူကောင်း လူဆိုး ဆိုတာရယ်လို့ ကွဲကွဲပြားပြားမရှိနေဘဲ ဇာတ်ကောင်တွေရဲ့ စိတ်တွင်းကစရိုက်ကို မြင်သာအောင် ရိုက်ပြထားပါတယ် အဓိကဇာတ်ဆောင်အဖြစ် Legendary actor လို့ တင်စားကြတဲ့ Robert Duvall က သရုပ်ဆောင်ထားပါတယ် သူနဲ့ ဆိုးဖော်ဆိုးဖက်အဖြစ် tough guy ကာရိုက်တာတွေမှာ တော်တော်များများတွေ့ရတတ်တဲ့ Joe Don Baker က ပါဝင်ထားပါတယ်ဒီရုပ်ရှင်ဟာ ဒီဇာတ်လမ်းရဲ့ main villain အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Robert Ryan ရဲ့ နောက်ဆုံးရုပ်ရှင်လည်း ဖြစ်ပါတယ်neo-noir style အလင်းအမှောင်၊ ဇာတ်လမ်းဇာတ်ကွက်၊ ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ၁၉၇၀ ခုနှစ်ကာလတွေရဲ့ သရုပ်ကို ကောင်းကောင်းရိုက်ပြထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ ဇာတ်လမ်းအကျဉ်းကတော့ ဒုစရိုက်သမားတစ်ယောက်ဖြစ်သူ မက်ကလင်ဟာ ထောင်ကနေထွက်လာချိန် သူ့ရဲ့ညီဖြစ်သူ အက်ဒီတစ်ယောက် The Outfit ဆိုတဲ့ဂိုဏ်းရဲ့ အသတ်ခံလိုက်ရတာကို သိလိုက်ရပါတယ် သူ့ညီအတွက် လက်စားပြန်ချေဖို့ တွဲဖက်ဟောင်းကြီး ကိုဒီနဲ့ ပြန်ပူးပေါင်းပြီး The Outfit ဂိုဏ်းကို တိုက်ဖို့ စီစဉ်ပါတော့တယ် ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်း လူဆိုးလူမိုက်တွေရဲ့ မျက်လုံးတစ်လုံးအတွက် မျက်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ဆိုတာမျိုးပါပဲ အချင်းချင်း အပြန်အလှန် သတ်ဖို့ချောင်းနေကြတဲ့အချိန်မှာ ကံကောင်းတဲ့ကောင်က အသာစီးရတတ်သလိုပေါ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်နဲ့ တစ်ထပ်တည်းကျတဲ့ သရုပ်ဆောင်မှု၊ neo-noir ရုပ်ရှင်ရသ၊ crime, drama ရသကို အပြည့်အဝ ခံစားရမှာပါခင်ဗျ...
The Witcher: Sirens of the Deep (2025) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Action #Adventure #Animation #Drama #Fantasy #Mystery 🗓 2025 🎞 movie 🌎 #Poland #SouthKorea #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Witcher: Sirens of the Deep (2025) IMDb Rating (6.2) / Rotten Tomatoes (60%) ဒီဇာတ်ကားလေးကတော့ ၂၀၂၅ မှာ ပူပူနွေးနွေး ထွက်ရှိထားတဲ့ The Witcher စီးရီးရဲ့ စွန့်စားခန်းသစ်တစ်ပုဒ်ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝစ်ချာ ဂါးရတ် နဲ့ သီချင်းသည် Jaskier တို့ဟာ ယန်နီဖာနဲ့ ခွာပြဲပြီး နှစ်ယောက်တည်း ခရီးဆက်လာရင်း ကုန်းစပ်ရေစပ်တိုင်းပြည်တစ်ခုကို ရောက်ရှိလာပါတယ်။ ဒီတိုင်းပြည်ရဲ့ ပြည်သူတွေဟာ ပင်လယ်ပြင်ကို အမှီပြုပြီး ငါးဖမ်း၊ ပုလဲရှာကာ အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ ဒီတိုင်းပြည်နဲ့ မနီးမဝေးက ရေအောက်ကမ္ဘာထဲမှာ ရေသူမတွေ နေထိုင်တဲ့ တိုင်းပြည်တစ်ခုလည်း ရှိပါတယ်။ ဒီတိုင်းပြည်နှစ်ခုဟာ နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြပြီး ကုန်းမြေက မင်းသားလေးနဲ့ ပင်လယ်က တော်ဝင်ရေသူမလေးတို့ကလည်း အပြန်အလှန်ချစ်ကြိုက်နေကြပါတယ်။ ဒါပေမဲ့ ဝစ်ချာတို့ ရောက်ပြီးမကြာပါဘူး၊ ပုလဲငုပ်သမားတစ်စုဟာ ရေအောက်မှာ ရက်စက်စွာ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ကြောင့် ကုန်းမြေနဲ့ ပင်လယ်ပြင်ကြား ဆက်ဆံရေး တင်းမာလာပါတယ်။ ငြိမ်းချမ်းရေး ပျက်ပြားလုနီးပါး ဖြစ်လာတဲ့အတွက် ဘုရင်ကြီးက ဒီပြဿနာကို ဖြေရှင်းဖို့ ဝစ်ချာကို ငှားရမ်းလိုက်ပါတယ်။ ဒီတော့ Geralt နဲ့ Jaskier တို့ဟာ ဒီအမှုနောက်ကွယ်က လက်သည်ကို ဘယ်လိုဖော်ထုတ်မလဲ၊ ဘယ်သူက ငြိမ်းချမ်းရေးကို ပျက်ပြားစေချင်တာလဲ၊ ဘယ်လိုသတ္တဝါမျိုးက ပါဝင်ပတ်သက်နေလဲဆိုတာကို မထင်မှတ်ထားတဲ့ ဇာတ်အိမ်အလှည့်အပြောင်းနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။)...
Paraman (2024) ⭐TMDB: 0% User Score 🎬 #Action #Bollywood #Drama #Family 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Paraman (2024) “လယ်သမားကြီး ပါရာမန်” တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့ရတဲ့ လယ်သမားဦးလေးကြီးတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့တမီးလ်ကျေးလက်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ပါရာမန်ဆိုတဲ့ လယ်သမားကြီးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ နောက်ကျိုးဓားနဲ့ထိုးတဲ့လုပ်ရပ်ကြောင့်သူ့အမေအမွေပေးထားတဲ့လယ်မြေလေး မဆုံးရှုးရဖိုအရေး တရားရင်ဆိုင်နေရပါတယ်။ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို အစိုးရကဖောက်လုပ်မဲ့ လေးလမ်းသွားလမ်းမကြီးအတွက်လယ်တွေသိမ်းမယ်ဆိုတော့ သူ့လယ်လေးက ပါနေပြန်ရော။ အမေဖြစ်သူ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး သူ့အတွက်ထားခဲ့တဲ့လယ်မြေလေးကို အသက်နဲ့လဲပြီးကာကွယ်ဖိုဆုံးဖြတ်ထားတဲ့လယ်သမားကြီးပါရာမန်တစ်ယောက်ရဲ့ လောကဓံရိုက်ချက်တွေကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။)...
Babu (2024) ⭐IMDB: 8.3/10 (173 Votes) 🎬 #Action #Bollywood 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 20 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Babu (2024)“ဘာဘူ” မာရသီစကားပြော ရိုမန့်တစ် အက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ် တစ်ခါတုန်းက နယ်တစ်နယ်မှာ တရားမဝင်လုပ်ငန်းတွေခွင့်ပြုတဲ့ခရိုင်မှူးတစ်ယောက်ရှိပြီး သူ့ကိုဆန့်ကျင်တဲ့လူတွေထဲမှာချာရူဆိုတဲ့ ရဲရင့်လှပတဲ့ ကောင်မလေးလည်း အပါအဝင်ပါ ခရိုင်မှူးရဲ့သားက သတ္တိခဲမလေး ချာရူကိုမှသဘောကျသွားခဲ့ပြီး အချစ်ဇာတ်လမ်းတစ်ခု ဖြစ်လာခဲ့တယ် ခရိုင်မှူးကို ထောက်ခံတဲ့လူတစ်ယောက်ကသတင်းပေးလိုက်တဲ့အခါမှာတော့ခရိုင်မှူးက သူ့သားနဲ့ ချာရူတိုရဲ့ ချစ်ခြင်းကိုခွဲခဲ့ပြီးချာရူရဲ့အဖေကလည်း ထူးဆန်းစွာနဲ့ သေဆုံးသွားတဲ့အခါမှာဘယ်လို လက်စားချေဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာလဲ ခံစားကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Anti Drug Operations (2025) ⭐TMDB: 0% User Score 🎬 #Uncategorized #Crime #Action 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 29 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့မူးယစ်ရှင်းလင်းရေးတပ်ဖွဲ့အကြောင်းကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် မူးယစ်ရာဇာ ဟန်တုန်းဝမ့်နဲ့သူ့အဖွဲ့ကို အပိုင်ဖမ်းဖို့ ဗျူဟာချပြီး အထူးရဲတပ်ဖွဲ့ရဲအရာရှိရှန်အောင်ပါဝင်တဲ့တပ်ဖွဲ့ဟာ အဖွဲ့၂ဖွဲ့ခွဲပြီးတော့ လှုပ်ရှားပါတော့တယ်ဗျူဟာက အရမ်းသေသပ်တော့ ဟန်တုန်းဝမ့်တစ်ယောက်ကို ဖမ်းမိသွားခဲ့ပါတယ်ဒါပေမယ့် သူ့သားဖြစ်သူကတော့ လွတ်သွားခဲ့ပါတယ် အဲ့ကနေမှ ရှန်အောင်တစ်ယောက် အထူးရဲတပ်ဖွဲ့ကနေပြီးတော့မူးယစ်ရှင်းလင်းရေး အဖွဲ့ဆီကို ဒုအဖွဲ့ခေါင်းဆောင်အဖြစ်ရွှေ့ပြောင်းခံလိုက်ရပါတယ်သူ့ရဲ့အထက်လူကြီးဖြစ်တဲ့ ဝမ်ကျင်းကန်းတို့နဲ့အတူ အဲ့မြို့မှာရှိတဲ့မူးယစ်ဆေးအမှုအမြောက်အမြားကို ရှင်းလင်းသုတ်သင်နိုင်ခဲ့ပါတယ် ဒါပေမဲ့ အတိတ်ကမပြီးဆုံးနိုင်သေးတဲ့အရှုပ်ထုတ်တစ်ခုကသူ့နောက်ကိုတစ်ကောက်ကောက်လိုက်လာတဲ့အချိန်မှာတော့...
