ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

Take Your Time

Take Your Time

前往频道在 Telegram

Our commitment is to empower Myanmar Youths to affect positive change in their community.

显示更多
1 108
订阅者
无数据24 小时
-17 天
-630 天
帖子存档
photo content

🌍 တစ်လကို USD 1,200 ရရှိမယ့် International Remote Internship အခွင့်အရေး💙 International Organization တစ်ခုမှာ အလုပ်လုပ်ရင်း Human Rights နဲ့ Advocacy ပိုင်းဆိုင်ရာ လက်တွေ့အတွေ့အကြုံတွေ ရယူချင်တဲ့ Timers တို့အတွက် CIVICUS က Human Rights Intern ရာထူးကို ခေါ်ယူနေပါပြီ။ 📌 Internship Details Organization – CIVICUS Position – Human Rights Intern Location – Remote Duration – 6 Months (Full-Time) Monthly Stipend – USD 1,200 🎓 ဘယ်သူတွေ လျှောက်ထားနိုင်လဲ? International Relations, Law, Politics နဲ့ သက်ဆိုင်ရာ Social Sciences ဘာသာရပ်တွေမှာ Bachelor’s Degree ရရှိထားသူ။ Advocacy သို့မဟုတ် International Policy ပိုင်းမှာ အနည်းဆုံး ၆ လ အတွေ့အကြုံရှိသူ။ English Speaking & Writing Skills ကောင်းမွန်သူ။ Research, Communication နဲ့ Teamwork Skills ရှိသူ။ ⏰ Application Deadline: 15 November 2026 (11:59 PM SAST) 📅 Expected Start Date: January 2027 လလယ်ပိုင်း သို့မဟုတ် February 2027 🔗 အသေးစိတ်ဖတ်ရှုရန်: https://civicus.org/index.php/component/content/article/8901-human-rights-intern-3 📝 Apply Here: https://civicus.bamboohr.com/careers/87 ⚠️ သတိပြုရန်: Application အတွက် CV နဲ့ Cover Note တို့ကို ကိုယ်တိုင်ရေးသားတင်ပြရမှာဖြစ်ပြီး AI-generated Documents တွေကို လက်မခံပါဘူး။ ကိုယ့်ရဲ့ Career ကို International Level အထိ တစ်ဆင့်မြှင့်တင်ချင်တဲ့ Timers တွေ ဒီအခွင့်အရေးလေးကို လက်မလွတ်စေနဲ့နော်။ 💙 #TakeYourTime #RemoteInternship #HumanRights #InternationalOpportunities #takeyourtimemyanmar #laura_tyt #internship

photo content

🎓ကိုယ့်ရဲ့ ပညာရေးအိပ်မက်တွေကို ငွေကြေးအခက်အခဲကြောင့် လက်လျှော့ထားရတယ်ဆိုတဲ့သူတွေအတွက် 💜 CrossWorks နဲ့ BARS တို့ ပူးပေါင်းဖွင့်လှစ်လိုက်တဲ့ Helping Hearts Scholarship Program ကနေ လူငယ်တွေအတွက် 4-year Degree Program တစ်ခုလုံးစာ ကျောင်းလခ 100% ထောက်ပံ့ပေးသွားမှာပါ။ ✨ အထူးသဖြင့် ငလျင်ဒဏ်သင့်ဒေသတွေက ကျောင်းသား၊ ကျောင်းသူတွေနဲ့ ငွေကြေးအခက်အခဲရှိပေမဲ့ ပညာဆက်လက်သင်ယူချင်တဲ့ လူငယ်တွေအတွက် အခွင့်အရေးကောင်းတစ်ခုပါပဲ။ 📚 ဘယ်ဘာသာရပ်တွေကို လျှောက်ထားနိုင်လဲ? 🔹 Business 🔹 Social Studies 🔹 Computer Science 🔹 English 🙋 ဘယ်သူတွေ လျှောက်ထားနိုင်လဲ? ☑ BARS_MIT Entrance Exam အောင်မြင်ထားသူများ ☑ ငလျင်ဒဏ်သင့်ဒေသများမှ ကျောင်းသား၊ ကျောင်းသူများ ☑ မြန်မာနိုင်ငံတစ်ဝန်းမှ ငွေကြေးအခက်အခဲ အမှန်တကယ်ရှိသူများ ☑ ဘွဲ့ရပြီးနောက် မြန်မာနိုင်ငံမှာ အနည်းဆုံး ၂ နှစ် အလုပ်လုပ်ပေးနိုင်သူများ 📝 ရွေးချယ်မှုအဆင့်တွေကတော့ BARS ရဲ့ Entrance Exam ရလဒ်၊ ပညာရေးစွမ်းဆောင်ရည်နဲ့ ငွေကြေးလိုအပ်ချက်တို့ကို အခြေခံပြီး Shortlist ရွေးချယ်ကာ နောက်ဆုံးမှာ CrossWorks နဲ့ Interview ဖြေဆိုရမှာ ဖြစ်ပါတယ်။ 📅 Application Deadline – 30 October 2026 🔗 လျှောက်ထားရန် ဒီ Link လေးကို နှိပ်လိုက်ပါနော်။ https://docs.google.com/forms/d/e/1FAIpQLSckd_M0dvOSIpsQsEPrUvDuB1a-ldUE91mwEaZUobaSFYBmvw/viewform?usp=sharing&ouid=108620308552891853187 Timers လေးတို့ရေ… ပညာရေးဆိုတာ ကိုယ့်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ ကိုယ့်အတွက်မလိုအပ်ရင်တောင် ဒီအခွင့်အရေးကိုလိုအပ်နေတဲ့ သူငယ်ချင်းတွေဆီ Share ပေးလိုက်ပါဦးနော်။ 💜 #TakeYourTime #ScholarshipOpportunity #HelpingHeartsScholarship #EducationForAll #MyanmarYouth #takeyourtimemyanmar #laura_tyt

photo content

ထိုင်းနိုင်ငံမှာ အနာဂတ်အတွက် ပညာရေးအခွင့်အရေး ရှာနေတဲ့ timers လေးတွေရှိလား? 🎓✨ Brackett Refugee Education Fund (BREF) ကနေ Nawamintrachinee Maehongson Industrial and Community Education College မှာ တက်ရောက်မယ့် ကျောင်းသူ/ကျောင်းသားတွေအတွက် Scholarship ကြီး ပေးနေပါပြီနော်… 🏫💡 ထောက်ပံ့မှုအစီစဉ် 💰 • ကျောင်းလခ (Tuition Fees) နဲ့ သင်ထောက်ကူပစ္စည်းများအတွက် ကုန်ကျစရိတ် Partial Scholarship လျှောက်ထားနိုင်သူများ 👩‍🎓 • ထိုင်းနိုင်ငံသား မဟုတ်သူများ သို့မဟုတ် ထိုင်းနိုင်ငံသား လျှောက်ထားဆဲဖြစ်သူများ • လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်ပြီး 10-year card, G-number သို့မဟုတ် O-number ကိုင်ဆောင်ထားသူများ • ကျောင်းစာကြိုးစားပြီး Vocational Education တက်ရောက်ရန် စိတ်ပါဝင်စားသူများ • Nawamintrachinee Maehongson College မှာ Diploma သင်တန်း လျှောက်ထားပြီးသူ (သို့) လက်ခံရရှိပြီးသူများ 🗓️ လျှောက်လွှာပိတ်ရက်: December 15, 2026 📩 လျှောက်ထားရန်: https://forms.gle/mwHcNn8qc8orBZov6 📧 အသေးစိတ်မေးမြန်းရန်: brackettapplications@gmail.com အခွင့်အရေးကောင်းတစ်ခုမို့ လက်တွန့်မနေဘဲ အမြန်ဆုံး လျှောက်ထားလိုက်တော့နော် timers လေးတို့ရေ 🚀❤️ #TakeYourTime #ScholarshipOpportunity #VocationalEducation #ThailandScholarship #EducationForFuture #tyt #takeyourtimemyanmar #laura_tyt

photo content

ဂျပန်နိုင်ငံမှာ Full Scholarship နဲ့ Master's Degree သွားတက်ချင်တဲ့ Timers တွေအတွက် အရမ်းမိုက်တဲ့ ADB–Japan Scholarship ဘယ်သူတွေ လျှောက်လို့ရလဲ? ADB အဖွဲ့ဝင်နိုင်ငံတွေက (မြန်မာနိုင်ငံအပါအဝင်) အရည်အချင်းပြည့်မီတဲ့ လူငယ်တွေ လျှောက်ထားနိုင်ပါတယ်။ ဦးစားပေးမှု - အမျိုးသမီး လျှောက်ထားသူတွေနဲ့ ငွေကြေးအခက်အခဲရှိတဲ့ သူတွေကို ပိုမိုဦးစားပေး စဉ်းစားပေးပါတယ်။ ပြန်လည်တာဝန်ထမ်းဆောင်ရန် - ပညာသင်ကာလ ပြီးဆုံးသွားတာနဲ့ မိမိနိုင်ငံကို ပြန်လာပြီး အနည်းဆုံး (၂) နှစ်ကြာ နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်အကျိုးပြုရမှာ ဖြစ်ပါတယ်။ 📝 လျှောက်ထားမည့်ပုံစံ IUJ ရဲ့ Online Application ဖောင်ကို ဖြည့်သွင်းတဲ့အခါ scholarship လျှောက်ထားတဲ့ အပိုင်း (Part 2) ကိုပါ သေချာတွဲပြီး ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်။ IUJ ဘက်ကလည်း ဖြစ်နိုင်ခြေရှိတဲ့ scholarship အခွင့်အလမ်းတွေအတွက် အကောင်းဆုံး စဉ်းစားပေးသွားမှာပါ။ 💡အကြံပြုချက် ဒီ scholarship က အပြိုင်အဆိုင် အရမ်းများတာကြောင့် 1st Intake (သို့မဟုတ်) 2nd Intake မှာ အမြန်ဆုံး လျှောက်ထားဖို့ တိုက်တွန်းချင်ပါတယ်။ 3rd Intake မှာ လျှောက်မယ်ဆိုရင်တော့ Full Scholarship ရဖို့ အခွင့်အလမ်း အလွန်နည်းသွားနိုင်ပါတယ်။ 1st Intake Deadlines: ဒီဇင်ဘာ ၁၀၊ ၂၀၂၆ 2nd Intake Deadlines: ဖေဖော်ဝါရီ ၁၁၊ ၂၀၂၇ အသေးစိတ် အချက်အလက်တွေကိုတော့ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Link: IUJ Admissions Timers တို့အနေနဲ့ ဒီအခွင့်အလမ်းကြီးကို လက်လွတ်မခံဘဲ အကောင်းဆုံး ကြိုးစားလျှောက်လှမ်းနိုင်ကြပါစေလို့ Take Your Time က ဆုတောင်းပေးလိုက်ပါတယ်နော်။ #adbjapanscholarship #adbscholarship #japanscholarship #masterdegree #masterdegreescholarship #TakeYourTime #takeyourtimemyanmar #Timers #ScholarshipMyanmar #FullyFunded #laura_tyt

photo content

ကိုရီးယားနိုင်ငံမှာ ပညာသင်ကြားနေတဲ့ လူငယ်တွေအတွက် သီးသန့် အခွင့်အရေးကြီး 🇲🇲🇰🇭🇱🇦🇹🇭🇻🇳🇰🇷 ဒီနေ့တော့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပမယ့် ကြီးကျယ်ခမ်းနားတဲ့ "The 4th Mekong-Korea International Water Forum" မှာ ကိုယ့်နိုင်ငံကိုယ် ကိုယ်စားပြု တက်ရောက်ခွင့်ရမယ့် "Youth Ambassador Programme" ခေါ်ယူနေပြီဆိုတဲ့ သတင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ၊ နိုင်ငံတကာ ဆွေးနွေးပွဲတွေမှာ လူငယ်တွေရဲ့ အမြင်တွေကို တင်ပြခွင့်ရမယ့် အခွင့်အရေးကောင်းတစ်ခုပါပဲ။ Youth Ambassador တစ်ယောက်အနေနဲ့ ဘာတွေလုပ်ရမလဲ? 🔹 တရားဝင် ဖိုရမ်အစီအစဉ်များနှင့် Ceremony of Joint Statement တို့မှာ ပါဝင်ဆင်နွှဲခြင်း 🔹 Youth Ambassador Exhibition အတွက် Content များ ဖန်တီးခြင်း ရရှိမယ့် အကျိုးကျေးဇူးတွေကတော့... 🏆 Business Roundtable မှာ အစိုးရ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် စက်မှုလုပ်ငန်း ခေါင်းဆောင်များနဲ့ ချိတ်ဆက်ဆွေးနွေးနိုင်ခြင်း 🏆 KOMEC (Korea-Mekong Water Center) မှ ထုတ်ပေးမည့် Certificate of Completion ရရှိခြင်း 🏆 ကိုရီးယားနဲ့ မဲခေါင်နိုင်ငံ (၅) နိုင်ငံမှ လူငယ်ခေါင်းဆောင်များနှင့် ရင်းနှီးစွာ မိတ်ဆွေဖွဲ့နိုင်ခြင်း ဘယ်သူတွေ လျှောက်ထားနိုင်လဲ? ကိုရီးယားနိုင်ငံမှာ လက်ရှိ ပညာသင်ကြားနေတဲ့ တက္ကသိုလ်ကျောင်းသား/သူ (Undergraduate နှင့် Graduate) များ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နှင့် တောင်ကိုရီးယား နိုင်ငံသားများ နိုင်ငံတကာဖလှယ်ရေး၊ ပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲမှု (သို့မဟုတ်) နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို စိတ်ဝင်စားသူများ အင်္ဂလိပ်ဘာသာစကားဖြင့် အခြေခံ ဆက်သွယ်ပြောဆိုနိုင်သူများ 👥 နိုင်ငံတစ်နိုင်ငံလျှင် (၁) ဦးစီဖြင့် စုစုပေါင်း (၆) ဦးသာ ရွေးချယ်သွားမှာဖြစ်ပါတယ်။ 📅 မှတ်သားထားရန် ရက်စွဲများ: ဖိုရမ်ကျင်းပမည့်ရက်: အောက်တိုဘာလ ၁ ရက်၊ ၂၀၂၆ (The Westin Josun Seoul, South Korea) လျှောက်လွှာပိတ်မည့်ရက်: စက်တင်ဘာလ ၁၀ ရက်၊ ၂၀၂၆ (ည ၁၁:၅၉ KST) ဒီထူးခြားတဲ့ အခွင့်အရေးကြီးကို လက်လွတ်မခံဘဲ အမြန်ဆုံး လျှောက်ထားလိုက်ကြရအောင် Timers တို့ရေ 🚀 လျှောက်ထားရန် လင့်ခ် - https://docs.google.com/forms/d/e/1FAIpQLScmWpHCmJ1rv9Tu7yTHWLcBU7H1DSiNaNZ651AXcYuv_6N5og/viewform #TakeYourTime #MekongKorea #YouthAmbassador #MKWF #Komec #KoreanScholarship #YouthOpportunity #takeyourtimemyanmar #laura_tyt

photo content

အနားယူခြင်းက အိပ်စက်တာတစ်ခုတည်းနဲ့ မလုံလောက်တော့တဲ့အခါ...🤔 😴 အိပ်ရေးဝအောင်တော့ အိပ်လိုက်တာပဲ၊ ဒါပေမဲ့ အားပြန်မပြည့်ဘဲ ပင်ပန်းနေတုန်းပဲ ဆိုတာမျိုးတွေ ကြုံဖူးကြမယ်ထင်ပါတယ်။ မောပန်းနွမ်းနယ်တဲ့အခါ "အိပ်လိုက်ရင် ကောင်းသွားမှာပါ" လို့ ထင်တတ်ကြပေမဲ့ တကယ်တော့ လူတစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုအမျိုးအစားအလိုက် လိုအပ်တဲ့ အနားယူမှုပုံံစံတွေဆိုတာ ရှိပါတယ်။ 💡 အဲ့ဒါကြောင့် ဒီနေ့မှာတော့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ် ပြန်လည်လန်းဆန်းအားပြည့်စေဖို့ လိုအပ်တဲ့ အနားယူမှုအမျိုးအစားတွေဖြစ်တဲ့ "𝟕 𝐓𝐲𝐩𝐞𝐬 𝐨𝐟 𝐑𝐞𝐬𝐭" အကြောင်းကို မျှဝေပေးသွားချင်ပါတယ်။ ⏬ 1️⃣ 𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐑𝐞𝐬𝐭 ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုအတွက် လိုအပ်တဲ့အနားယူခြင်းပဲဖြစ်ပါတယ်။ ✰ Physical Rest မှာ ⟡ Passive Rest လို့ခေါ်တဲ့ ငြိမ်ငြိမ်လေးနဲ့အနားယူခြင်းဖြစ်ပြီး အိပ်ရေးဝဝအိပ်စက်ခြင်းနဲ့ တစ်ရေးတစ်မောအိပ်တာမျိုးတွေလုပ်လို့ရပြီး ⟡ Active Rest ဆိုတဲ့ လှုပ်ရှားရတဲ့လေ့ကျင့်ခန်းလုပ်တာ၊ အကြောလျှော့တာ၊ နှိပ်နှယ်တာနဲ့ ယောဂလုပ်တာမျိုးတွေပြုလုပ်ပြီး ခန္ဓာကိုယ်ကို အားပြန်ဖြည့်နိုင်ပါတယ်။ 2️⃣ 𝐌𝐞𝐧𝐭𝐚𝐥 𝐑𝐞𝐬𝐭 အတွေးတွေများလွန်းပြီး စိတ်တွေမွန်းကြပ်လာတဲ့အခါမျိုးမှာ စိတ်အနားပေးဖို့လိုအပ်ပါတယ်။ ✰ Short breaks ခဏယူတာ၊ Multitasking လုပ်နေတာတွေကို ခေတ္တရပ်ထားလိုက်ပြီး ခဏတဖြုတ်အနားပေးတာ၊ စိတ်ထဲရှိတဲ့အတွေးတွေကို ရှင်းလင်းဖို့ စာအုပ်ထဲ ရေးထုတ်ကြည့်လိုက်တာမျိုး၊ သဘာဝနဲ့ထိတွေ့ခံစားလိုက်တာမျိုးတွေနဲ့ အနားပေးခြင်းလုပ်နိုင်ပါတယ်။ 3️⃣ 𝐒𝐞𝐧𝐬𝐨𝐫𝐲 𝐑𝐞𝐬𝐭 Sensory လို့ခေါ်တဲ့ အာရုံခံအစိတ်အပိုင်းတွေ (ဥပမာ - မျက်စိ၊ နား) ကို တစ်ခါတလေ မြင်ရ ကြားရတဲ့ အသံတွေ၊ မြင်ကွင်းတွေကနေ စိတ်ရှုပ်ရတာတွေဖြစ်တဲ့အခါအနားပေးခြင်းဖြစ်ပါတယ်။ ✰ Screen time လျှော့ချပြီး Digital Detox လုပ်ခြင်း၊ Noise-cancelling Headphones သုံးခြင်း (သို့) တိတ်ဆိတ်တဲ့နေရာမှာ ခဏထိုင်ပြီး အနားပေးခြင်း၊ မီးရောင်မှိန်မှိန်မှာ ခဏမှေးနေခြင်းတွေနဲ့ အနားပေးနိုင်ပါတယ်။ 4️⃣ 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐑𝐞𝐬𝐭 ခံစားချက်တွေကို မျိုသိပ်ထားရလို့ ပင်ပန်းနေတဲ့အခါမျိုး၊ သူများ စိတ်ချမ်းသာအောင် လိုက်လုပ်ပေးနေရလို့ ကိုယ့်ခံစားချက်ကိုထည့်မတွေးဖြစ်တော့တဲ့အခါ အနားယူဖို့လိုပါတယ်။ ✰ ကိုယ့်ရဲ့ တကယ့်ခံစားချက်တွေကို Journaling လုပ်ပြီး ပွင့်ပွင့်လင်းလင်း ဖွင့်ထုတ်ရေးသားကြည့်ပါ။ စိတ်မပါတာတွေကို "No" လို့ ငြင်းဆိုတတ်အောင်ကြိုးစားကြည့်တာနဲ့ ကိုယ့်ရဲ့အစစ်အမှန်အတိုင်း နေထိုင်ကြည့်တဲ့အခါ စိတ်ကိုသက်သာအနားရစေနိုင်ပါတယ်။ 5️⃣ 𝐒𝐨𝐜𝐢𝐚𝐥 𝐑𝐞𝐬𝐭 ကိုယ့်ရဲ့ စွမ်းအင်တွေကို ကုန်ခမ်းစေတဲ့ Relationship တွေကြောင့် မောပန်းနေတဲ့အခါမျိုးမှာ တကယ်လိုအပ်ပါတယ်။ ✰ ကိုယ့်ရဲ့စိတ်ကို တကယ်နားလည်နိုင်တဲ့သူ၊ ကိုယ့်ရဲ့ဖြစ်တည်မှုကို အရှိအတိုင်း နားလည်လက်ခံပေးနိုင်တဲ့သူ၊ ကိုယ့်ကို အားအင်ပေးနိုင်တဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း မိတ်ဆွေတွေနဲ့ပဲ အချိန်ဖြုန်းပါ။ ဒါမှမဟုတ် တစ်ယောက်တည်း အေးဆေးအနားယူချိန်ဖန်တီးပါ။ ကိုယ့်အပေါ် Positive မဖြစ်တဲ့သူတွေကို စိတ်ထဲကရော အပြင်မှာပါ ထုတ်လိုက်ပါ။ ကိုယ့်စိတ်ခံစားမှုတွေကို သက်သာလျော့ပါးစေပါလိမ့်မယ်။ 6️⃣ 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐑𝐞𝐬𝐭 Idea တွေ ထွက်မလာတော့ဘဲ စိတ်ကူးစိတ်သန်းတွေ ခန်းခြောက်နေတဲ့အခါမျိုးမှာ Creative Rest ဖို့ အချိန်ပေးရပါတယ်။ ✰ ပန်းချီကားတွေ၊ ဓာတ်ပုံတွေ အနုပညာလက်ရာတွေကို ကြည့်ရှုခံစားပါ။ ကိုယ့်ရဲ့အိမ်ထဲမှာ ပန်းပင်လေးတွေကို လှလှပပနေရာချတာ၊ သီချင်းနားထောင်တာ၊ ကခုန်တာ၊ စာရေးတာ၊ ပန်းချီဆွဲတာ စတဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ ဝါသနာတွေကို ဖန်တီးလုပ်ဆောင်တာဟာ Creative Rest အတွက် အထောက်အကူဖြစ်နိုင်ပါတယ်။ 7️⃣ 𝐒𝐩𝐢𝐫𝐢𝐭𝐮𝐚𝐥 𝐑𝐞𝐬𝐭 ဘဝရဲ့ ရည်ရွယ်ချက် ပျောက်ဆုံးနေသလို ခံစားရပြီး ရှင်သန်ရတာအဓိပ္ပာယ်မဲ့နေတယ်လို့ ခံစားရတဲ့အချိန်မျိုးမှာ အလိုအပ်ဆုံးပါပဲ။ ✰ ဘာသာတရားအလိုက် ဆုတောင်းဝတ်ပြုတာ၊ တရားထိုင်တာ၊ လူမှုရေးလုပ်ငန်းတွေမှာ Volunteer အဖြစ်ပါဝင်တာ၊ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုကို ရှာဖွေပြီး စိတ်နှလုံးသားကို ငြိမ်သက်စေခြင်းတွေက Spiritual Rest ပဲဖြစ်ပါတယ်။ 🔎 အခုတလော ကိုယ့်မှာပင်ပန်းနေတာမျိုးရှိနေရင် ဒီထဲက ဘယ်အနားယူမှု ပျောက်ဆုံးနေလို့ ဖြစ်မလဲဆိုတာ ဆန်းစစ်ကြည့်ပါ။ ပင်ပန်းရတဲ့အကြောင်းအရင်းမှန်ကိုသိမှ သင့်တော်တဲ့ အနားယူမှုကိုယူပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် အားဖြည့်နိုင်မှာဖြစ်ပါတယ်။ Timers တို့အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်ပြီး အားပြည့်လန်းဆန်းတဲ့နေ့ရက်တွေ ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ပါတယ်။ 🩵 #takeyourtimemyanmar #scholarshipopportunities #7TypesofRest #SelfCare #Wellness #ExhaustionRecovery #myo_tyt

photo content

Timers တွေထဲမှာ “China မှာ Fully Funded နဲ့ Master’s တက်ချင်တယ်” ဆိုတဲ့သူရှိလား? 👀🇨🇳 ကမ္ဘာ့အဆင့်မီ Tsinghua University မှာ ၁ နှစ်တာ Fully Funded Master’s Programme တက်ရောက်ခွင့်ရမယ့် Schwarzman Scholars Programme ကြီး လာပါပြီ။ 🎓 ဒီ Programme က စာသင်ရုံတင်မဟုတ်ဘဲ 🌏 နိုင်ငံတကာက လူငယ်တွေနဲ့ Network တည်ဆောက်နိုင်မယ် 💡 Leadership Skills တွေ တိုးတက်လာမယ် 🤝 မတူညီတဲ့ Culture တွေကို လေ့လာဖလှယ်နိုင်မယ် 🚀 အနာဂတ်မှာ Leader တစ်ယောက်အနေနဲ့ ရပ်တည်နိုင်ဖို့ အတွေ့အကြုံကောင်းတွေ ရရှိနိုင်မယ့် အခွင့်အရေးတစ်ခုပါ။ 🎯 ဘယ်သူတွေ လျှောက်လို့ရလဲ? အသက် 18–28 နှစ် အတွင်းဖြစ်ပြီး 🎓 Undergraduate Degree ရရှိထားရမယ် 🗣 English Proficiency ရှိရမယ် ဒါ့အပြင် Academic Excellence တင်မကဘဲ Leadership, Empathy, Entrepreneurial Spirit နဲ့ Open-mindedness ရှိတဲ့ လူငယ်တွေကိုလည်း အဓိကထားရွေးချယ်မှာပါ။ ⏰ Deadline — 9 September 2026, 3:00 PM (EDT) အချိန်သိပ်မကျန်တော့တာကြောင့် စိတ်ဝင်စားတဲ့ Timers တွေက Eligibility နဲ့ Application Requirements တွေကို အမြန်စစ်ဆေးပြီး ပြင်ဆင်ထားသင့်ပါတယ်။ 👀 ဒီ Scholarship နဲ့ ကိုက်ညီမယ့် သူငယ်ချင်းရှိရင်လည်း Share ပေးလိုက်ပါဦးနော် 💛 For Details: https://www.schwarzmanscholars.org/ #TakeYourTime #Timers #SchwarzmanScholars #TsinghuaUniversity #StudyInChina #FullyFunded #MasterDegree #ScholarshipMyanmar #Opportunities2026 #takeyourmyanmar #laura_tyt

photo content

Digital Marketing ကို စိတ်ဝင်စားတဲ့သူတွေသိထားသင့်တဲ့ ပညာရေး ရတနာသိုက်တစ်ခု ✨ Marketing ကိုစိတ်ဝင်စားပြီး လေ့လာဖို့စိတ်အားထက်သန်သူတွေ၊ Digital Marketing နယ်ပယ်မှာ Career တည်ဆောက်ပြီး Digital Marketer ဖြစ်ချင်သူတွေအတွက် အခမဲ့ (𝐅𝐫𝐞𝐞) သင်ယူလေ့လာနိုင်တဲ့ ရတနာသိုက်တစ်ခုအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ 🤗 💡 အဲ့ဒါကတော့ 𝐇𝐮𝐛𝐒𝐩𝐨𝐭 𝐀𝐜𝐚𝐝𝐞𝐦𝐲 ပဲဖြစ်ပါတယ်။ HubSpot Academy ဆိုတာကတော့ Digital Marketing, Sales, Customer Service နဲ့ Inbound Methodology တွေအတွက် ကမ္ဘာ့အဆင့်မီ သင်ခန်းစာတွေကို အခမဲ့ (𝐅𝐫𝐞𝐞) သင်ယူနိုင်တဲ့ Online Learning Platform တစ်ခုပဲဖြစ်ပါတယ်။ 🌐 ဒီ Platform မှာဆိုရင် စိတ်ဝင်စားစရာ Course များစွာရှိပြီး သင်ခန်းစာ‌တွေက Short Video တွေမို့ အချိန်ကုန်မှန်းမသိဘဲ လေ့လာရလွယ်ပါတယ်။ HubSpot ကပေးတဲ့ Online Course တွေက Marketing & Sales နယ်ပယ်မှာ Global Industry Standard အဖြစ် အသိအမှတ်ပြုခံထားရတာပဲဖြစ်ပါတယ်။ သင်တန်းပြီးလို့ ဖြေဆိုရတဲ့ Exam အောင်မြင်တာနဲ့ အသိအမှတ်ပြု Certificate တွေပါ ရရှိနိုင်ပါတယ်နော်။ Digital Marketer တွေ၊ Freelancer တွေအနေနဲ့ Skill Up ဖို့အတွက် တကယ်ကိုလေ့လာစရာအပြည့်နဲ့ အသုံးဝင်မယ့် Platform တစ်ခုဖြစ်မှာပါ။ ဒါဆိုရင်တော့ Website ထဲလေ့လာကြည့်ပြီး စိတ်ဝင်စားတဲ့ Course ရှိရင် Free Account ဖွင့်ပြီး Learning Process စတင်လိုက်ကြမယ်နော်! 🧑🏻‍💻 📎 https://academy.hubspot.com/ #takeyourtimemyanmar #scholarshipopportunities #HubSpotAcademy #DigitalMarketing #Marketing #Sales #ContentCreation #FreeOnlineCourses #myo_tyt

photo content

🔥 21 ရာစုမှာ အရင်ခေတ်တွေထက် အများကြီးတိုးတက်လာတာကတော့ လူတိုင်းသိကြတဲ့အတိုင်း learning လုပ်ဖို့အတွက် များစွာလွယ်ကူလာပြီး မကောင်းတဲ့အချက်အနေနဲ့ဆိုရင်တော့ Sources တွေလွန်စွာပေါများနေပြီး ရွေးချက်ရခက်ခဲလာတယ်ပေါ့နော်။ 🛜 ဒါကြောင့်ဒီနေ့မှာတော့ Online learning လုပ်ချင်တဲ့သူတွေအတွက် QS ranking 2 ချိတ်တဲ့ Stanford University ကနေ လေ့လာသင်ကြားလို့ရမယ့် Free learning courses အချို့ကို sharing လုပ်ပေးချင်ပါတယ်ဗျ။ 📚 Free Course topic ပေါင်း 68 ခုရှိပြီး  📌 Health and medicine, 📌 Engineering, 📌 Education,  📌 Arts and humanities အစရှိသဖြင့် Fields တွေနဲ့ပတ်သက်တဲ့ courses တွေအဓိကပါဝင်ပါတယ်။  1️⃣ Stanford လို့ပြောလိုက်ရင် လုံးဝကို ထိပ်တန်းအဆင့်မှာရှိနေတာ လူတိုင်းသိကြပါတယ်။ Qualified ဖြစ်တဲ့ instructor တွေကနေ ပေးထားတဲ့ Lecture တွေဖြစ်တဲ့အတွက်ကြောင့်လည်း Course တွေက တကယ့်ကို ထိပ်တန်းအဆင့်ပါဗျ။  🖇️ Link  Free Online Courses | Stanford Online https://share.google/ctxk2TPR92QNnYKwv 🌟 သိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင် Comment box ထဲမှာမေးသွားလို့ရပါတယ်ခင်ဗျ။  Vpn အခက်အခဲကြောင့် Facebook မှာ တင်သမျှ Content တွေကို အမှီလိုက်ဖို့ခက်ခဲနေရင် take your time ရဲ့ telegram channel မှာလည်း လေ့လာလို့ရပါတယ်ခင်ဗျ 👇 🖇️ https://t.me/takeyourtime_TYT #takeyourtimemyanmar #stanforduniversity #content_yoon_tyt

photo content

ထိုင်းနိုင်ငံမှာ Engineering နဲ့ Business ဘာသာရပ်တွေကို Scholarship နဲ့ တက်ရောက်ခွင့်ရမယ့် 𝐒𝐈𝐈𝐓 𝐎𝐒𝐏 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩! 🎓 🇹🇭 ထိုင်းနိုင်ငံ ရဲ့ Thammasat University လက်အောက်ရှိ SIIT (Sirindhorn International Institute of Technology) ကနေ Bachelor's Degree Program တွေအတွက် ပေးအပ်တဲ့ 𝐎𝐮𝐭𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦 (𝐎𝐒𝐏) ကို 2027 စာသင်နှစ်အတွက် လျှောက်ထားလို့ရနေပြီဗျာ။ 🌟 Scholarship Coverage ကတော့ လျှောက်ထားသူတွေအနေနဲ့ 𝐓𝐮𝐢𝐭𝐢𝐨𝐧 𝐅𝐞𝐞 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ရရှိနိုင်မယ့် အခွင့်အရေးရှိပြီး Scholarship အမျိုးအစားတွေကတော့ စာသင်နှစ် (၄) နှစ်တစ်လျှောက် Semester တစ်ခုချင်းစီမှာ 🟪 Full Scholarship: 100% of SIIT tuition and educational support fees 🟪 Half Scholarship: 50% of SIIT tuition and educational support fees 🟪 Quarter Scholarship: 25% of SIIT tuition and educational support fees စသဖြင့်ထောက်ပံ့သွားမှာပဲဖြစ်ပါတယ်။ 📂 လိုအပ်တဲ့ Qualifications နဲ့ Documents 🔸 High School Level or Equivalent: Grade 10th - Grade 11th (4 - 5 semesters) မှာ CGPA အနည်းဆုံး 2.50 နဲ့အထက် (သို့) 🔸 Grade 10th - Grade 12th (6 semesters) မှာ CGPA အနည်းဆုံး 2.50 နဲ့အထက် ရှိထားရပါမယ်။ 🔸 High School Transcripts နဲ့ 🔸 Passport Copy စာရွက်စာတမ်းတွေပြင်ဆင်ဖို့လိုပါမယ်။ စကားမစပ် လိုအပ်တဲ့ Document တွေအတွက် Online Notary Service ရှာနေတယ်ဆိုရင် TYT Online Notary Services ကိုသာ အရောက်လာခဲ့ပါဗျ။ 👇🏻 📎 https://www.facebook.com/TYTOnlineNotaryServices 🎓 လျှောက်ထားနိုင်တဲ့ Academic Program တွေကတော့ 🧑🏻‍🎓 Bachelor of Engineering (B.Eng.) ရဲ့ General Engineering Group မှာ > Civil Engineering Program > Electrical Engineering Program > Chemical Engineering Program > Mechanical Engineering Program > Industrial Engineering and Smart Logistics Program တွေနဲ့ Computer Engineering and Digital Engineering Group မှာ > Computer Engineering > Digital Engineering တွေအပြင် 🧑🏻‍🎓 Bachelor of Science (B.Sc.) မှာ > Business and Supply Chain Analytics Program တို့ လျှောက်ထားနိုင်ပါတယ်။ 🧑🏻‍💻 Online Application ကတဆင့် လျှောက်ထားရမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေနဲ့ လျှောက်ထားပုံအဆင့်ဆင့်ကိုတော့ အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 📎 https://admissions.siit.tu.ac.th/admission_box/outstanding-student-program-osp/ ⏳ 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞: 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝟏𝟓, 𝟐𝟎𝟐𝟔 ကိုယ့်ရဲ့ အင်ဂျင်နီယာအိပ်မက်တွေအကောင်အထည်ဖော်ဖို့ မနှောင့်နှေးရအောင် သေချာပြင်ဆင်ပြီး အမြန်ဆုံးသာ လျှောက်ထားလိုက်ပါဗျို့။ 💪🏻 #takeyourtimemyanmar #scholarshipopportunities #SIITScholarship #OutstandingStudentProgram #OSP #UndergraduateProgram #BachelorDegree #studyinThailand #myo_tyt