NDSP Book
前往频道在 Telegram
ငါတို့စာပေရဲ့ တရားဝင် Telegram Channel ဖြစ်ပါတယ်။ လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးနော်🥰
显示更多📈 Telegram 频道 NDSP Book 的分析概览
频道 NDSP Book (@ndspbooks) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 11 616 名订阅者,在 书籍 类别中位列第 3 302,并在 缅甸 地区排名第 10 260 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 11 616 名订阅者。
根据 10 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -121,过去 24 小时变化为 0,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 19.90%。内容发布后 24 小时内通常能获得 4.65% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 2 312 次浏览,首日通常累积 540 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 53。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“ငါတို့စာပေရဲ့ တရားဝင် Telegram Channel ဖြစ်ပါတယ်။ လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးနော်🥰”
凭借高频更新(最新数据采集于 11 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 书籍 类别中的关键影响点。
11 616
订阅者
无数据24 小时
-97 天
-12130 天
帖子存档
11 617
📣 Special Announcement
⭐️Yoke Pya X Monkey Mind
ရုပ်ပြစာအုပ်တိုက် နဲ့ Monkey Mind တို့ ပူးပေါင်းလက်တွဲသွားမှာဖြစ်ပြီး
ရုပ်ပြစာအုပ်သစ်များစွာ
ထုတ်ဝေသွားတော့မှာ ဖြစ်ပါတယ်။
ပူးပေါင်းမှုရဲ့ ပထမဆုံး ခြေလှမ်းအနေနဲ့
လျှို့ဝှက်မှုခင်း ရုပ်ပြဇာတ်လမ်းတွဲ ဖြစ်တဲ့
"ဒိုက်" ကို
လာမယ့်နှစ်
နွေရာသီမှာ စတင် ဖြန့်ချိပေးသွားပါမယ်။
အကောင်းဆုံး အရည်အသွေးနဲ့
စာဖတ်သူတွေ လက်ထဲ
ရောက်ရှိလာစေဖို့
အခုကတည်းက
သေချာ အချိန်ယူ ပြင်ဆင်နေပါတယ်။
စာအုပ်နဲ့ ပတ်သက်တဲ့
နောက်ဆက်တွဲ Update တွေကိုတော့
Monkey Mind Page ကနေ
ဆက်လက် ဖော်ပြပေးသွားပါမယ်။
စောင့်မျှော်အားပေးကြပါဦး။
#YokePya #MonkeyMind #Book #Myanmar #Comic #ဒိုက်
11 617
ကာမတဏှာပြီးရင် ဘာလဲ
ကာမတဏှာစာအုပ်ကြီးဟာ
စာဖတ်သူတွေကြားမှာ
ထင်ရှားပါတယ်။
လက်ဆင့်ကမ်းညွှန်းဆိုကြတယ်။
ဖတ်ရှုပြီးတဲ့သူ
၁၀ ယောက်မှာ ၁၀ ယောက်စလုံးက
ဖတ်ရကျိုးနပ်တယ်၊
တစ်စုံတစ်ခု အကျိုးများတယ်လို့
ဆိုကြ ပြောကြရတဲ့ စာအုပ်ပါ။
ဒါကြောင့် စာအုပ်တိုက်ကို
မေးကြတယ်။
ဦးနုရဲ့ ကာမတဏှာပြီးရင်
ဘယ်စာအုပ်တွေကို ဆက်ဖတ်ရမလဲတဲ့။
ဦးနုဟာ
လူငယ် လူရွယ်များအတွက်
အထူးရည်ရွယ်ပြီး
ဝတ္ထုပုံစံ စာအုပ်သုံးအုပ်ကို
ရှေ့ဆင့် နောက်ဆင့် ရေးခဲ့တယ်။
အဲ့ဒါတွေကတော့
ကာမတဏှာ
ငရဲဆိုချိုနဲ့လားဗျို့နဲ့
ကျေးဇူးရှင်တို့ပါပဲ။
သုံးအုပ်စလုံး
ကောင်းတဲ့ စိတ်ထား၊
မွန်မြတ်တဲ့ လူသား တစ်ယောက်ဖြစ်လာအောင်
လမ်းညွှန်ပြသတယ်။
စာအုပ်ဖတ်ပြီးတာနဲ့
အကျိုး တစ်စုံတစ်ခု
ရရှိစေမှာ သေချာပါတယ်။
ဖတ်ကြည့်ပါ..
ဖတ်ပြီးရင် လက်ဆင့်ကမ်းပါ
11 617
R U Ready ❗️❤️❗️
၉ ရက် ၉ လ ၉ နာရီအတွက်
ထို၉ အုပ်
၉ အုပ်စလုံးက
လူကြိုက်များပြီးသားစာအုပ်တွေ
ဖြစ်တာမို့
အထူးမိတ်ဆက်ဖို့ လိုမယ် မထင်ပါ။
တစ်ခုပါပဲ…
အထူး Sale မှာ
ရောင်းမယ့်စာအုပ်တွေက
Error စာအုပ်တွေပါ…
Error ဆိုတာ
စာမျက်နှာကျော်နေတာ
ဖတ်မရလောက်အောင် ပျက်စီးနေတာမျိုး
လုံးဝ (လုံးဝ ) မဟုတ်ပါ။
စာရွက်တွန့်နေတာမျိုး
အဖုံးတွန့်နေတာမျိုးနဲ့
စာရွက်မှာ
အစက်အပျောက်ရှိနေတာမျိုးပါပဲ။
စာအုပ်အသစ်များမဟုတ်ဘဲ
တိုက်လက်ကျန်စာအုပ် Error များ
ဖြစ်တာကြောင့် အမြတ်တနိုး
သိမ်းဆည်းလိုသူများအတွက်
မသင့်တော်ပါ။
စျေးတန်တန်နဲ့ စာအုပ်ဖတ်ချင်သူများအတွက်
ရည်ရွယ်ပါတယ်။
အုပ်ရေအကန့်အသတ်ရှိတာကြောင့်
ဦးရာလူ
စနစ်ပါပဲ
ည ၉ နာရီမှာဆုံကြစို့
(WE Distribution Facebook page မှာပါ)
11 617
R U Ready ❗️❤️❗️
ည ၉ နာရီမှာဆုံကြပါစို့…
အထူး Sale မှာ
နှစ်မျိုးပါဝင်မှာပါ
ပထမတစ်မျိုးက
Error စာအုပ်တွေပါ
Error ဆိုတာ
စာမျက်ကျော်နေတာ
ဖတ်မရလောက်အောင် ပျက်စီးနေတာမျိုး
လုံးဝ (လုံးဝ ) မဟုတ်ပါ။
စာရွက်တွန့်နေတာမျိုး
အဖုံးတွန့်နေတာမျိုးကို
ဆိုလိုတာ ဖြစ်ပါတယ်။
နောက်တစ်မျိုးက
မူလလက်ဟောင်းစျေးစာအုပ်များပါ။
တိုက်လက်ကျန်စာအုပ်များဖြစ်ပြီး
စျေးကပ် စျေးပြင်ထားတာမျိုး
မဟုတ်တဲ့အတွက်
ယနေ့ခေတ်စာအုပ်စျေးတွေနဲ့
နှိုင်းယှဉ်ရင်
လွှတ်တန်နေမှာပါ။
ပုံပါ လူကြိုက်များ
စာအုပ်၁၀ အုပ်ကို
ရောင်းချပေးမှာဖြစ်ပြီး
အုပ်ရေအကန့်အသတ်ရှိတာကြောင့်
ဦးရာလူ
စနစ်ပါပဲ
ည ၉ နာရီမှာဆုံကြစို့
11 617
သမိုင်းဝင် အဖြစ်အပျက်တွေနဲ့အတူ သစ္စာဖောက်မှုတွေ၊ ရက်စက်မှုတွေ၊ အဖြစ်အပျက်များစွာ ရောယှက်ဖန်တီးထားတဲ့ တကယ့် Masterpiece ရုပ်ပြစာအုပ်ကြီး
11 617
+3
❤️ပို့ခ Free နဲ့မှာယူနိုင်မယ့်
ပေါက်စ စာအုပ်သစ် နှစ်အုပ်
💪ပေါက်စဆိုတာ ဘာလဲ
ပေါက်စစာအုပ်တွေရဲ့
အဓိက ရည်ရွယ်ချက်ကတော့
“သတ္တိ” တွေကို သရုပ်ဖော်တာပါ။
ဘယ်လို သတ္တိလဲဆိုတော့
ဟုတ်တာပြော မှန်တာ လုပ်ရဲတဲ့ စိတ်သတ္တိ၊
ရည်မှန်းချက်ပန်းတိုင်ဆီ
မရောက်ရောက်အောင် သွားရဲတဲ့ ဇွဲသတ္တိ၊
အစရှိတဲ့ သတ္တိတွေကို
အတုယူ အားကျနိုင်စေဖို့ပါပဲ။
ပေါက်စ စာအုပ်တွေဟာ
ကလေးတွေ အတွက် ရည်ရွယ်ပါတယ်။
စိတ်ကူးယဉ် ပုံပြင်တွေမဟုတ်ပါဘူး။
စိတ်နယ်လွန် ဖြစ်ရပ်တွေ မဟုတ်ပါဘူး။
မြန်မာပြည်မှာ မွေးပြီး
မြန်မာပြည်ကနေ ထူးချွန်ခဲ့တဲ့
လူပုဂ္ဂိုဟ်တွေအကြောင်းကို
ရေးဖွဲ့ပါတယ်။
ဆရာကြီး ဦးဘဥာဏ်ဆိုပါစို့…
ဆရာကြီးဟာ တောနယ်လေးမှာ မွေးတယ်။
သူ့ကျိုးစားမှုနဲ့ ထူးချွန်မှုတို့ကြောင့်
မြန်မာပြည်ကနေ
ဗြိတိန်နိုင်ငံကြီးရဲ့
တော်ဝင်ပန်းချီသိပ္ပံကြီးမှာ
ပန်းချီပညာသင်ကြားခွင့်ရခဲ့တယ်။
လန်ဒန်၊ ပါရီအစရှိတဲ့ မြို့ကြီးတွေမှာ
ပြပွဲတွေ လုပ်ခွင့်ရခဲ့တယ်။
မြန်မာနိုင်ငံရဲ့ အထူးချွန်ဆုံး
ပန်းချီဆရာကြီးဖြစ်ခဲ့တယ်။
ဂရိတ်ဖိုးစိန်လို့ နာမည်တွင်ကျန်ရစ်တဲ့
ဇာတ်မင်းသားကြီး ဦးဖိုးစိန်ဟာ
မြန်မာ့ဇာတ်သဘင်လောကကို
ကျော်လွန်ပြီး မသိသူ မရှိအောင်
ကျော်ကြားထင်ရှားခဲ့တယ်။
ကကွက်သစ်တွေ၊ ဇာတ်သဘင်ပုံစံသစ်တွေ
တီထွင်နိုင်ခဲ့တယ်။
မြန်မာ့ဇာတ်သဘင်ကို ခေတ်သစ်ထူထောင်နိုင်ခဲ့တယ်။
ဒါပေမယ့် ဆရာကြီး ဦးဘဥာဏ်ရော
ဇာတ်မင်းသားကြီး
ဦးဖိုးစိန်ရောရဲ့
ပေါက်စဘဝတွေဟာ
လွယ်ကူရိုးရှင်းခဲ့တာ မဟုတ်။
အခက်အခဲတွေ စိန်ခေါ်မှုတွေကို
ကျော်ဖြတ်ပြီးမှာသာ
အောင်မြင်မှုတွေရခဲ့တာပါ။
ပေါက်စ စာအုပ်ကို ဖတ်မိတဲ့
သားသား မီးမီးတို့ကိုလည်း
ဆရာကြီးတို့လို
အခက်အခဲတွေ
စိန်ခေါ်မှုတွေကို
ရင်ဆိုင်ဖြတ်သန်းရဲတဲ့
သတ္တိတွေ ရစေချင်တာပါပဲ။
စာအုပ်တစ်အုပ်လုံးကို
ကြွေစက္ကူအကောင်းစားပေါ်မှာ
ရောင်စုံပုံနှိပ်ထားပါတယ်။
ဖိုးစိန်ပေါက်စနဲ့ ဘဥာဏ်ပေါက်စတို့ကို
နှစ်အုပ်ပေါင်းမှာယူပါက
ပို့ခ အခမဲ့နဲ့ မှာယူနိုင်ပါတယ်။
ဘဥာဏ်ပေါက်စ
တန်ဖိုး - ၈၅၀၀ ကျပ်
စာမျက်နှာ - ၄၄ မျက်နှာ
ဖိုးစိန်ပေါက်စ
တန်ဖိုး - ၈၅၀၀ ကျပ်
စာမျက်နှာ - ၄၄ မျက်နှာ
ထွက်ရှိပြီး ပေါက်စနှစ်အုပ်
ရှောလုပေါက်စ
တန်ဖိုး - ၇၅၀၀ ကျပ်
ဇော်ဝိတ်ပေါက်စ
တန်ဖိုး - ၇၅၀၀ ကျပ်
11 617
ဒီ keychain သုံးခုစလုံး
စုနိုင်တဲ့သူကတော့
အကောင်ပဲ…
ဘယ်လို အကောင်လဲဆိုတော့
မိန်းမ မရမယ့် အကောင် 😁
11 617
+3
ရုပ်ပြစာအုပ်နှစ်အုပ်တစ်ပြိုင်တည်းထုတ်ပြီး ပွဲဦးထွက် ပွဲကြမ်းပြတဲ့ BAH
BAH ဆိုတာ Burmese Art House အဖွဲ့ဖြစ်ပြီး
လူငယ် အနုပညာရှင်များနဲ့ ဖွဲ့စည်းထားပါတယ်။
ထူးထူးခြားခြားအနေနဲ့
ရုပ်ပြ စာအုပ်နှစ်အုပ်ကို
တစ်ပြိုင်တည်း ထုတ်လာပါတယ်။
✅မောင်ကံ နဲ့
✅မဖဲဝါတို့ ဖြစ်ပါတယ်။
နှစ်အုပ်စလုံးရဲ့
ပင်ရင်းဇာတ်လမ်းတွေဟာ
ပါးစပ်ရာဇဝင်တွေအဖြစ်
ထင်ရှားလူသိများတဲ့
ဇာတ်လမ်းများ ဖြစ်ပါတယ်။
မောင်ကံရုပ်တုဟာ ရွှေတိဂုံဘုရားပေါ်မှာ
ယနေ့ချိန်ထိ ရှိနေပါသေးတယ်။
လှံပျံစီးကာ
ဘုရားဌါပနာကိုဖောက်ပြီး
တရုတ်ပြည်ကို ပို့ဖို့ကြိုးစားတဲ့အတွက်
ရုပ်တုဖြစ်သွားခဲ့ရတဲ့
မောင်ကံအကြောင်းကို
ရုပ်ပြအနေနဲ့ အသက်သွင်းထားတာပါ။
မဖဲဝါကတော့ အထူးမိတ်ဆက်ဖို့
လိုမယ် မထင်။
မြန်မာတို့ရဲ့ ပါးစပ်ရာဇဝင်မှာ
အထင်ရှားဆုံး သရဲတစ္ဆေဇာတ်လမ်း
တစ်ပုဒ်ပါပဲ။
နှစ်အုပ်စလုံးကို
ကြွေစက္ကူပေါ်မှာ
ရောင်စုံပုံနှိပ်ထားပြီး
စာအုပ်အရည်အသွေး လွန်စွာ
ကောင်းမွန်ပါတယ်။
ရုပ်ပြစာအုပ်သစ်မျှော်လင့်နေသူများ
စိတ်ကျေနပ်စေမယ့်
စာအုပ်များ ဖြစ်ပါတယ်။
တစ်အုပ်ကို ၁၂၀၀၀ ကျပ်နဲ့ မှာယူနိုင်ပါပြီ။
✅မဖဲဝါ
✅စာမျက်နှာ - ၉၈ မျက်နှာ
✅ကြွေစက္ကူ၊ ရောင်စုံပုံနှိပ်
✅တန်ဖိုး - ၁၂၀၀၀ ကျပ်
✅မောင်ကံ
✅စာမျက်နှာ - ၅၃ မျက်နှာ
✅ကြွေစက္ကူ၊ ရောင်စုံပုံနှိပ်
✅တန်ဖိုး - ၁၂၀၀၀ ကျပ်
👍 ဖုန်းနဲ့ဆက်သွယ်မှာယူလိုပါက
☎️ 09250091913
☎️ 09254192489
☎️ 09972293371 တို့ကို နေ့စဉ်
မနက်ကိုးနာရီမှညနေ ငါးနာရီအတွင်း
(တနင်္ဂနွေမပါ) မှာယူနိုင်ပါတယ်။
👍 မက်ဆင်ဂျာကနေ မှာယူလိုပါက
အမည်၊ လိပ်စာ၊ ဖုန်းနံပတ်များပေးပို့မှာယူနိုင်ပါတယ်။
👍Viber ဆိုပါက
09250091913 ၊ 09960969991 တို့ကို
ဆက်သွယ်မှာယူနိုင်ပါတယ်။
