ch
Feedback
Star Blossoms Wonderland

Star Blossoms Wonderland

前往频道在 Telegram

Self Transformation, Self Love, Self Awareness ⭐️

显示更多
978
订阅者
无数据24 小时
无数据7 天
无数据30 天

数据加载中...

标签云
无数据
有任何问题?请刷新页面或联系我们的客服。
进出提及
---
---
---
---
---
---
吸引订阅者
5月 '26
五月 '260
在0个频道中
四月 '260
在0个频道中
Get PRO
三月 '260
在0个频道中
Get PRO
二月 '260
在0个频道中
Get PRO
一月 '260
在0个频道中
Get PRO
十二月 '250
在0个频道中
Get PRO
十一月 '250
在0个频道中
Get PRO
十月 '250
在0个频道中
Get PRO
九月 '250
在0个频道中
Get PRO
八月 '250
在0个频道中
Get PRO
七月 '250
在0个频道中
Get PRO
六月 '250
在0个频道中
Get PRO
五月 '250
在0个频道中
Get PRO
四月 '250
在0个频道中
Get PRO
三月 '250
在0个频道中
Get PRO
二月 '250
在0个频道中
Get PRO
一月 '250
在0个频道中
Get PRO
十二月 '24
+1
在0个频道中
Get PRO
十一月 '24
+9
在0个频道中
Get PRO
十月 '24
+437
在0个频道中
Get PRO
九月 '24
+119
在0个频道中
Get PRO
八月 '240
在0个频道中
Get PRO
七月 '24
+12
在0个频道中
Get PRO
六月 '24
+9
在0个频道中
Get PRO
五月 '24
+7
在0个频道中
Get PRO
四月 '24
+10
在0个频道中
Get PRO
三月 '24
+23
在0个频道中
Get PRO
二月 '24
+843
在0个频道中
频道帖子
ကျကျနန ထိုင်နေမှ Meditation မဟုတ်ဘဲ ကောင်းကင်ကို စိုက်ကြည့်ခြင်းကလည်း Meditation ပဲ သံစဉ်လေး ဖွင့်ပြီး Mindful အပြည့်နဲ့ အလိုက်သင့် ကခြင်းကလည်း Meditation ပဲ ခြေလှမ်းတိုင်း သတိရှိရှိ လမ်းလျှောက်ခြင်းဟာလည်း Meditation ပဲ Six sense အာရုံ ၆ပါး မှာ တွေ့ကြုံလိုက်သမျှ အရာရာကို အသိအမှတ်ပြုပြီး Awareness ထားလိုက်ခြင်းဟာလည်း Meditation လို့ပဲ မှတ်ယူပါတယ် ဖန်တီးခြင်းတို့ဟာလည်း အချိန်တန်တဲ့အခါ ပျက်စီးခြင်းကို ရောက်ကြရမှာပဲ ဖြစ်တယ် အမည် နာမတွေ မှည့်ထားကြတဲ့ ယောကျာ်း မိန်းမ လူပုဂ္ဂိုလ်တွေ ရုပ်ဝတ္ထုပစ္စည်းတွေဟာလည်း ခွဲခြမ်း စိတ်ဖြာကြည့်တဲ့အခါ ဘာမှ အကောင်အထည် မရှိတော့တာကို သိမြင်လာရတဲ့အခါ အခု မင်း ကြုံတွေ့နေရတဲ့ အရာဟာ ယာယီအခိုက်အတန့်လေးပဲ ဆိုတာ သဘောပေါက်နားလည် သွားစေမှာ ဖြစ်ပါတယ်

2
🌱 Mindfulness ဖြင့် နေထိုင်ပါ ဝိပဿနာ Meditation ဖြစ်စေ Chakra Meditation ဖြစ်စေ တရားထိုင်ခြင်းဆိုတာကို ဘာသာရေး ရှုထောင့်ကနေ
🌱 Mindfulness ဖြင့် နေထိုင်ပါ ဝိပဿနာ Meditation ဖြစ်စေ Chakra Meditation ဖြစ်စေ တရားထိုင်ခြင်းဆိုတာကို ဘာသာရေး ရှုထောင့်ကနေ ဘောင်ခတ်မထားဘဲ မြင်ကြည့်ဖို့ ဖြစ်ပါတယ် တရားထိုင်ခြင်း ဟာ သွားချင်ရာ သွားပြီး လွင့်မျောနေတဲ့ ကိုယ့်ရဲ့ စိတ်ကို ကိုယ့် ခန္ဓာနဲ့ ဆွဲကပ်ပြီး Alignment ဖြစ်အောင် Mindfulness ရစေဖို့ ဖြစ်ပါတယ် Mindfulness ဆိုတာသည် ဘာဆိုဘာမှ မတွေးတောဘဲ ပကတိကြည်လင်တဲ့ အဖြူထည်စိတ် (သမာဓိ) ကို တွေ့ကြုံခံစားကြည့်ခြင်း လို့ နားလည်ထားပါတယ် Divine ရဲ့ Source Power နဲ့ ချိတ်ဆတ်သွားတဲ့စိတ်ကို ရည်ညွှန်းစေပါတယ် Higher Self က သင်ပေးတဲ့ Lecture ချိန်ကို တက်ရောက်ခြင်းလည်း ဖြစ်ပါတယ် Mindful State ဖြစ်နေတဲ့အခါ ဘယ်ကမှန်း မသိတဲ့ ကိုယ့်ရဲ့ အသံတစ်သံကို ပီပြင်ပြတ်သားစွာ ကြားရစေပါတယ် ဒါဟာ ကိုယ့်ကို Lecture တွေ ပေးနေတဲ့ ကိုယ့်ရဲ့ Higher Self ပဲ ဖြစ်ပါတယ်
0
3
မိမိရဲ့ အသက်ဘေးအန္တရာယ် လုံခြုံစွာ ကာကွယ်ထားရန် ဗုဒ္ဓမြတ်စွာဘုရား၏ သစ္စာစကားတော် (ဗုဒ္ဓ မန္တာန်တော်) ဖြစ်တဲ့ အဌာနမေတံ ဂါထာတော
မိမိရဲ့ အသက်ဘေးအန္တရာယ် လုံခြုံစွာ ကာကွယ်ထားရန် ဗုဒ္ဓမြတ်စွာဘုရား၏ သစ္စာစကားတော် (ဗုဒ္ဓ မန္တာန်တော်) ဖြစ်တဲ့ အဌာနမေတံ ဂါထာတော်ကို ပူဇော်ပါ MT ရဲ့ ဆရာသခင်ဖြစ်တဲ့ ဘုန်းဘုန်း အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) မိန့်ကြား လမ်းညွှန်တော်မူခဲ့တဲ့ ဂါထာတော် ဖြစ်ပါတယ်
0
4
🌱နှလုံးသားကို ဂုဏ်တော်ဖြင့် ထုံမွှမ်းထားပါ မိမိတို့ ကိုးကွယ်ယုံကြည်မှုအလိုက် ဘုရားဝတ်ပြုခြင်းနဲ့ အတူ အဓိဌာန် ဝင်ပါ MTက ဗုဒ္ဓ
🌱နှလုံးသားကို ဂုဏ်တော်ဖြင့် ထုံမွှမ်းထားပါ မိမိတို့ ကိုးကွယ်ယုံကြည်မှုအလိုက် ဘုရားဝတ်ပြုခြင်းနဲ့ အတူ အဓိဌာန် ဝင်ပါ MTက ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့အတွက် နံနက် မိုးလင်းလို့ နိုးတဲ့အခါ ညဘက် အိပ်ရာဝင်တဲ့အခါ သရဏံဂုဏ် ၃ ပါးကို စိတ်ထဲ ပူဇော်ပြီးမှ နိုးထပါတယ် သရဏံဂုဏ်တင်ပြီးမှ အိပ်ပါတယ် ကိုယ့်ကိုယ်ကိုယ် သရဏံဂုဏ်တင်ပြီး စည်းချပေးပါ ဝစီကံ စောင့်ထိန်းခြင်းအတွက် သုဂတော ဂုဏ်တော်ပွါးများပါ “သုဂတော- ကောင်းသောစကား မှန်ကန်၍ အကျိုးရှိသောစကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား” ဂုဏ်တော်များ ပူဇော်ပွါးများခြင်းသည် Affirmations တွေ ရွတ်ဆိုခြင်း နဲ့တူပါတယ် ဂုဏ်တော်ရဲ့ Vibrations ကို ဖယောင်းတိုင်နဲ့တူတဲ့ မိမိကိုယ်မှာ မီးစလေး ထွန်းညှိယူလိုက်သလိုပဲပေါ့ Ascended Masters များရဲ့ ဂုဏ်ကျေးဇူးတော်များဟာ မိမိတို့လို အညတရ လူသားငယ်များအတွက် နှုတ်ဖြင့်လည်းကောင်း ကိုယ်ဖြင့်လည်းကောင်း စောင့်ထိန်းရမယ့် ကိုယ်ကျင့်တရား အတွက် Affirmations များပဲ ဖြစ်ပါတယ်
0
5
ကိုယ် လုပ်ဖို့ ကြောက်နေတဲ့ အရာတွေဟာ ကိုယ့်အတွက် နောက်တစ်ဆင့်ကို ကျော်ဖြတ်ဖို့ ထိပ်တိုက် ရင်ဆိုင်ရမယ့် အရာတွေ ပဲ ဖြစ်တယ်လို့ ဆရာက ပြောဖူးတယ် “ဒါတွေကျန်နေသေးတယ် လျစ်လျူရှုမထားနဲ့” ဆိုပြီး သတိပေးတဲ့အနေနဲ့ ပေါ်ထွက်လာတဲ့အခါမှာ စိတ်ကို ဖွင့်ထားကာ ကိုယ့်ရဲ့ အရာအားလုံးကို ကြိုဆိုလက်ခံပေးဖို့ လိုတာ ဖြစ်ပါတယ် အတိတ်က အကြောင်းအရာတွေကိုယ့်အတွေးတွေထဲ ပြန်ပြန်ပေါ်လာတဲ့အခါ ဖယ်ရှားလိုက်ဖို့ မဟုတ်ဘဲ အပြီးတိုင်နှုတ်ဆက်လိုက်ဖို့ ဖြစ်လာပါတယ် တဲ့ စာမေးပွဲတွင်းကာလမှာ စာမေးပွဲ အောင်ဖို့ စာကျေညက်ဖို့ကို အာရုံစိုက်ထားရမှာ ဖြစ်ပါတယ်
0
6
🌱Facing with the Shadow ကမ္ဘာကြီးပေါ် ကျရောက်လာမယ့် အရိပ်မည်းတွေကို ကမ္ဘာမြေပေါ်မှာ နေထိုင်နေတဲ့ မိမိတို့ လူသားတွေက ဖယ်ရှားရ
🌱Facing with the Shadow ကမ္ဘာကြီးပေါ် ကျရောက်လာမယ့် အရိပ်မည်းတွေကို ကမ္ဘာမြေပေါ်မှာ နေထိုင်နေတဲ့ မိမိတို့ လူသားတွေက ဖယ်ရှားရှောင်လွှဲနိုင်စွမ်း မရှိသေးဘူးဆိုရင်တောင် လူတစ်ဦးချင်းစီဟာ ကိုယ့်ကိုယ်ကိုယ် အသိ သတိ နဲ့ ကာကွယ်ထားနိုင်စွမ်း ရှိကြပါတယ် Mercury ဂြိုဟ်နောက်ပြန်သွားနေတဲ့အချိန်ကာလ ဖြစ်တာကြောင့် အတိတ်က ဒဏ်ရာဟောင်းတွေ မိမိရဲ့အရိပ်တွေ၊ ကိုယ်က ကုစားပြီးပြီလို့ ထင်ရပေမယ့် သတိမထားမိတဲ့ မသိချင်ယောင်ဆောင်ထားမိတဲ့ Trauma တွေဟာ တစ်ကျော့ပြန် ကိုယ့်အတွက် ဆွဲထုတ်ပေးပြီး ကုစားခိုင်းတာပဲ ဖြစ်ပါတယ် ဒါကို ကြောက်ဖို့ မလိုဘဲ Blessing တစ်မျိုးလို့တောင် မှတ်ယူနိုင်ပါတယ်
0
7
🌱Stay away from Energy Vampires မိမိကို Energy ကုန်ဆုံးစေသော အရာများကို ရှောင်ကြဉ်ပါ Energy Vampires တွေ ပေါများတဲ့ ဒီအချိန်
🌱Stay away from Energy Vampires မိမိကို Energy ကုန်ဆုံးစေသော အရာများကို ရှောင်ကြဉ်ပါ Energy Vampires တွေ ပေါများတဲ့ ဒီအချိန်ကာလမှာ ကိုယ်တိုင်ကလည်း သူတစ်ပါးအတွက် Energy Vampire မဖြစ်စေဖို့ သတိပြုပါ ဒီကာလမှာ ပေါင်းသင်းဆက်ဆံရေးတွေ နားလည်မှုလွဲစေခြင်း အထင်လွဲခံရခြင်းတွေ မဖြစ်စေဖို့ ဝစီကံကို စောင့်ထိန်းပါ စကားတစ်ခွန်း ပြောတော့မယ် ဆိုရင် ကိစ္စတစ်ခုကို လုပ်တော့မယ်ဆိုရင် နှစ်ခါ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပေးပါ ချွန်ထက်သော အရာ ထိရှ ထိမိခိုက်မိလွယ်သော အရာတွေနားမှာ နေခြင်းကို ရှောင်ကြဉ်ပါ တကယ်တော့ ကိုယ့်ရဲ့ Energy ကို Drain ဖြစ်စေတာဟာ သူတစ်ပါးကြောင့်မဟုတ်ဘဲ ကိုယ် ကိုယ်တိုင်က လက်ခံလိုက်တဲ့ အပေါ် မူတည်စေတာ ဖြစ်ပါတယ် လူတစ်ယောက်က အမှိုက်ထုပ် တစ်ထုပ်ကို ကိုယ့်ဆီ ယူလာပေးပါတယ် “ရော့ ဒါနင်ယူလိုက်” လို့ ပြောလာရင် ကိုယ်က မယူလိုက်တဲ့အခါ သူ့ပစ္စည်းပဲ ဖြစ်နေမှာပါ ကိုယ်က သူတစ်ပါး လာပေးတဲ့ အမှိုက်ထုပ်ကြီးကိုတော့ ပျော်ပျော်ကြီး မပိုက်ထားမိပါစေနဲ့ ကလေးငယ်
0
8
အသက်ရှု ဖို့ သတိရသေးရဲ့လား ဒီနေ့မှာ ဘာတွေပဲ ကြုံခဲ့ရပါစေ ကိုယ်ဟာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဘယ်လို Charging သွင်းရမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံး ဖြစ်ပါတယ် ပထမဦးဆုံး မှန်တစ်ချပ် ရှေ့ကိုသွားပြီး မှန်ထဲမှာ မြင်ရတဲ့ မင်းကို အားလျော့နေတဲ့ မင်းရဲ့ မျက်ဝန်းလေးတွေကတစ်ဆင့် တိုးတိုးလေး ပြောပြလိုက်ပါ ဒီနေ့ အတွက်လည်း အလှဆုံး ပြုံးထားတဲ့ အပြုံးလေးတွေအတွက် ငါဟာ ကျေးဇူးတင်ပါတယ် ဒီနေ့မှာလည်း မင်း ကြိုးစားပေးခဲ့တာတွေကို ငါ မင်းကို အသိအမှတ်ပြုပါတယ် လို့ ကြင်ကြင်နာနာ ပြောပေးလိုက်ပါ သစ်ပင်ကြီးတစ်ပင်လို ဤမြေပြင်ပေါ် အခြေခိုင်ခံ့စွာ မြဲမြံစွာ ရပ်တည်ထားနိုင်ဖို့ တည်ငြိမ်အေးချမ်းစွာ လုံခြုံနေစေဖို့ ဒီနေ့မှာ Mission လေးခု ယူဆောင်လာပါတယ် April လအတွက် မှာချင်တာလေးကတော့ အိပ်ရေးဝဝ အိပ်စက်ကာ အနားယူပါ 🌱 ရေများများသောက်ပါ 🌱 မိမိကို ပျော်ရွှင်လုံခြုံရာ ရပ်ဝန်းငယ်မှာ ရှင်သန်ပါ 🌱 #MTinWonderland🌱🌟
0
9
🌱Positivity အကြည်ဓာတ်ကို အာရုံစိုက်တဲ့နေရာမှာ အရာရာကို နားလည်လက်ခံခြင်းနဲ့ ကျေးဇူးတရားပွါးများခြင်းက လေ့ကျင့်တည်ဆောက်ရမှာ ဖြ
🌱Positivity အကြည်ဓာတ်ကို အာရုံစိုက်တဲ့နေရာမှာ အရာရာကို နားလည်လက်ခံခြင်းနဲ့ ကျေးဇူးတရားပွါးများခြင်းက လေ့ကျင့်တည်ဆောက်ရမှာ ဖြစ်ပါတယ် အကောင်းမြင်ခြင်း နဲ့ မေတ္တာ စေတနာတရားကို အခြေခံထားတဲ့ ကျေးဇူးတင်စိတ်ကလေးဟာ ဘဝရဲ့အမြင်ကို နူးညံ့သိပ်မွေ့စေတယ် တွေ့သမျှကို ကျေးဇူးတင်ပါတယ်လို့ ပြောရုံသက်သက် မဟုတ်ဘဲ ဖြစ်တည်မှုတစ်ခုရဲ့ ကောင်းကွက်ကလေးကို ရှာဖွေကြည့်ပြီး အသိမှတ်ပြုပေးတာကို ကျေးဇူးတရားပွါးများခြင်းလို့ နားလည်ထားပါတယ် အရာအားလုံးမှာ အားသာချက် အားနည်းချက်လေးတွေ တူယှဉ်တွဲနေတဲ့လောကမှာ ကောင်းကွက်လေးတွေ ဝမ်းသာစရာတွေ ရှာဖွေပြီး နေကြည့်တဲ့အခါ ကိုယ့်ရဲ့ အကြည့်ဓာတ်ကလေးဟာ မြင်သူတိုင်း ဆွဲအားကြီးပြီး တောက်ပနေစေမှာ ဖြစ်ပါတယ်
0
10
🌱Renewal your Space မဝတ်ဖြစ်တော့တဲ့ အဝတ်အစားတွေ၊ မီးဖိုချောင်မှာ အသုံးတည့်နိုးနိုး စုထားခဲ့တဲ့ ကြွပ်ကြွပ်အိတ်တွေ၊ မိမိတို့ အ
🌱Renewal your Space မဝတ်ဖြစ်တော့တဲ့ အဝတ်အစားတွေ၊ မီးဖိုချောင်မှာ အသုံးတည့်နိုးနိုး စုထားခဲ့တဲ့ ကြွပ်ကြွပ်အိတ်တွေ၊ မိမိတို့ အထွဋ်အမြတ်ထားရတဲ့ ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေးလုပ်ခြင်း၊ မိမိရဲ့ အိပ်ခန်း အိပ်ရာခင်း ခေါင်းဦးစွပ် စောင်တွေ အသစ်လဲခြင်း၊ ကြည့်တဲ့ မှန်တွေ သန့်ရှင်းရေးလုပ်ခြင်း၊ အခန်း သန့်ရှင်းရေးနဲ့ နေရာအပြောင်းအလဲ လုပ်ကြည့်ခြင်းကလည်း စိတ်ကို ပြန်လည်လန်းဆန်းစေပြီး New Energy အဖြစ် ခွန်အားသစ်တွေ ရရှိစေပါတယ်
0
11
🌱Focus on your Daily Routine ကိုယ်ဟာ ဘယ်ကစလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး ဆိုရင် စာရွက်တစ်ရွက်နဲ့ ဘောပင်ကို ယူလိုက်ပါ န
🌱Focus on your Daily Routine ကိုယ်ဟာ ဘယ်ကစလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး ဆိုရင် စာရွက်တစ်ရွက်နဲ့ ဘောပင်ကို ယူလိုက်ပါ နောက်တစ်နေ့ကို မစတင်ခင်မှာ မနက် အိပ်ယာထချိန်မှ စပြီး ည အိပ်ယာဝင်အထိ ကိုယ် ဒီနေ့ တစ်နေ့တာမှာတော့ ဘာတွေကို ဦးစားပေး လုပ်ရမလဲဆိုတာကို ချရေးကြည့်ပါ ကိုယ့်အတွက် မလုပ်မဖြစ် လုပ်ရမယ့်အရာတွေကို အရင် ဦးစားပေးပါ မြစ်ပြင်ကျယ်မှာ ရေစီးအတိုင်း အလိုက်သင့် စီးမျောတတ်ဖို့ ရွေးချယ်ရပေမယ့် တစ်ခါတလေမှာ ရေဆန်ကို ဆန်တက်ရတဲ့အခါတွေရှိပါတယ် ဒီအခါမှာ လှော်တက်ကို ကျွမ်းကျင်စွာ ကစားနိုင်ဖို့ လေ့ကျင့်ရပါတယ် ပန်းတိုင်ကို မရောက်ခင်မှာ လမ်းခရီးမှာ ကြုံရတဲ့ Process ရဲ့ ခြေတစ်လှမ်းချင်းစီကို အကောင်းဆုံး သေသေသပ်သပ် လှမ်းသွားတတ်ဖို့က အဓိကကျတာဖြစ်ပါတယ် ဒီ့အတွက် ကိုယ့်ရဲ့ နေ့စဉ် Routine တွေကို အာရုံစိုက်ထားဖို့လိုပါတယ် ကိုယ့်ရဲ့ခြေလှမ်းငယ်တိုင်းဟာ လေးနက်ပြီး အဓိပ္ပါယ်ရှိပါတယ် မိုင်ရာထောင်ချီတဲ့ ခရီးရှည်ပဲ ဖြစ်နေပါစေ ခြေတစ်လှမ်းကနေပဲ စတင်ကြရတာဖြစ်ပါတယ်
0
12
🌱Detox your Spirit Spiritual လမ်းစဉ်လို့ ပြောလိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် Self Awareness ရှိဖို့ ကိုယ့်ရဲ့ဖြစ်တည်မှုကို ပိုန
🌱Detox your Spirit Spiritual လမ်းစဉ်လို့ ပြောလိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် Self Awareness ရှိဖို့ ကိုယ့်ရဲ့ဖြစ်တည်မှုကို ပိုနားလည်တတ်ဖို့၊ ကိုယ် ဘာကြောင့်ဒီနေရာမှာ တည်ရှိနေသလဲ၊ ကိုယ်ဟာ ဘယ်လိုလူမျိုး ဖြစ်တယ် ဆိုတာကို နက်ရှိုင်းစွာ ကိုယ့်ကိုယ်ကိုယ် ရှာဖွေခြင်း ခရီးစဉ်တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ် ရှင်သန်ရတဲ့ Reasonတွေကို တွေ့ကြုံ ခံစားပြီးကိုယ့်ရဲ့ ဖြစ်တည်ခြင်းသဘာဝကို ပိုပြီး အာရုံစိုက်ထားရပါတယ် အဘက်ဘက်မှာအောင်မြင်ထူးချွန်ပြီး သိပ်ထက်မြတ်တဲ့ လူသားတစ်ယောက် ဖြစ်လာဖို့ မောမောပန်းပန်း ကြိုးစားပြီး ရှင်သန်နေရခြင်းထက် ဘာမှ မသိတဲ့ ကလေးလေးတစ်ယောက်လို ရိုးရှင်းစွာ ရယ်မောပျော်ရွှင်နိုင်ဖို့ကလည်း ကိုယ်ဘဝရဲ့ ရှင်သန်ရတဲ့ အကြောင်းပြချက်တစ်ခု ဖြစ်နိုင်ပါတယ် Spirit ကို Detox လုပ်တဲ့နေရာမှာ Less Doing More Being ဖြစ်ပေးဖို့ ရွေးချယ်ထားရမှာ ဖြစ်ပါတယ် ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေပြီး ဘယ်သူကမှ ကန့်သတ်ထားခြင်း မရှိတဲ့ ကိုယ့်ရဲ့ စစ်မှန်တဲ့ Version ကို ရှာတွေ့ဖို့ အာရုံစိုက်ထားရမှာ ဖြစ်ပါတယ်
0
13
🌱Detox your Mind ကိုယ့်ကို Toxic ဖြစ်စေတဲ့ Energy ကို ခံစားရတဲ့နေရာတွေကို သတိပြုပြီး ရှောင်ရှားပါ ကိုယ်ရဲ့ နေ့စဉ်ဘဝထဲက အားလပ
🌱Detox your Mind ကိုယ့်ကို Toxic ဖြစ်စေတဲ့ Energy ကို ခံစားရတဲ့နေရာတွေကို သတိပြုပြီး ရှောင်ရှားပါ ကိုယ်ရဲ့ နေ့စဉ်ဘဝထဲက အားလပ်ချိန်တော်တော်များများကို Social Media ပေါ်မှာပဲ အချိန်ကုန်ဆုံးတတ်ကြတယ် ဒေါသပါတဲ့ Hate speech တွေ လူအမျိုးမျိုး Energy မျိုးစုံ အကြောင်းအရာမျိုးစုံကို တစ်နေရာထဲက ခံစားရပြီး ပြင်ပမှာ ဖြစ်ပျက်နေတဲ့ အရာတွေအပေါ် မေ့သွားတတ်ကြပါတယ် Social Media ကို ကိုယ့်အတွက်လိုအပ်မယ့် Knowledge and Wisdom ကို ရှာဖွေဖို့နဲ့ စိတ်အပန်းဖြေဖို့အတွက်ပဲ အသုံးချသင့်ပါတယ် MT လည်း ဒီလက စတင်ပြီး လိုအပ်တာထက်ပိုပြီး မသုံးတော့ဘဲ Social Media Detox လုပ်သွားမှာ ဖြစ်ပါတယ်
0
14
🌱Detox your Body နံနက်ခင်း နိုးနိုးချင်းမှာ ရေကို ဗိုက်အပြည့် အဝသောက်ပါ ကိုယ့်ရဲ့ ခန္ဓာကိုယ်က သယ်ပိုးထားတဲ့ ဗိုက်ထဲက အရာတွေက
🌱Detox your Body နံနက်ခင်း နိုးနိုးချင်းမှာ ရေကို ဗိုက်အပြည့် အဝသောက်ပါ ကိုယ့်ရဲ့ ခန္ဓာကိုယ်က သယ်ပိုးထားတဲ့ ဗိုက်ထဲက အရာတွေကို တစ်နေ့စာ တစ်နေ့ ရှင်းလင်းဖို့ ဖြစ်ပါတယ် Stay Hydrated and Relax ညကို စောစော အိပ်ရေးဝဝအိပ်ပြီး နံနက်ခင်း စောစော ထတဲ့အလေ့အကျင့်ရှိတဲ့အခါ Morning Yoga တို့ ပေါ့ပါးတဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်းကလည်း ခန္ဓာကိုယ်ရဲ့ Cell တွေမှာ ကျန်နေတတ်တဲ့ Old Energy ကို Renewal ဖြစ်စေပါတယ် ကိုယ် လုပ်ရမယ့် အလုပ်တွေအပေါ် အာရုံစူးစိုက်မှု ပိုရှိလာစေပါမယ်
0
15
ကြိုမမြင်နိုင်တဲ့ ကံကြမ္မာ အလှည့်အပြောင်းတွေကို စိုးရိမ်ကြောင့်ကြနေမယ့်အစား လက်တွေ့လုပ်ဆောင်လို့ရတဲ့ လက်ရှိ ပစ္စုပ္ပန်ကိုသာ အာရုံစိုက်ထားခြင်းက ကိုယ့်ရဲ့အလုပ်ပဲ မဟုတ်ပါလား ကံကြမ္မာနဲ့ ဘဝလမ်းကြောင်း နှစ်ခုကြားမှာ ကိုယ်ဟာ လက်တွေ့လုပ်ဆောင်နိုင်ဖို့ကို ရွေးချယ်သွားမှာ ဖြစ်ပါတယ် မကြာခင်မှာ မြန်မာတို့ရဲ့ နှစ်သစ်ကူးအချိန်ကာလကိုလည်း ကူးပြောင်းတော့မှာ ဖြစ်ပြီး နှစ်ဟောင်းမှာ ထားခဲ့ရမယ့် အရာတွေ လက်လွှတ်ခဲ့ရမယ့် အရာတွေကို ဆေးကြောရင်းနဲ့ ကိုယ်နဲ့ ကိုက်ညီမှုရှိတဲ့ ပုံစံသစ်ကို ပုံဖော်ကြရတော့မယ့်အချိန်ကာလကို ရောက်ရှိနေတာ ဖြစ်ပါတယ် 2023 နှစ်ကုန်လို့ 2024 ကို ကူးပြောင်းခဲ့တုန်းက ကိုယ်ဟာ နှစ်သစ်ရဲ့ Energy ကို ပြည့်ပြည့်ဝဝ ကျေနပ်အားရမှု မရှိခဲ့သေးဘူး ဆိုရင်တောင် ဒီအချိန် ကာလလေးမှာ ကိုယ်ကိုယ်ကိုယ် ပြန်လည်ထူထောင်ပြီး Routine ကို ပိုင်နိုင်စွာ တည်ဆောက်နိုင်ဖို့ စတင်ဖို့ အချိန်ကောင်း ဖြစ်ပါတယ် စတင်ခြင်းတွေ ဖြစ်ပေါ်ရဖို့ အဆုံးသတ်ခြင်း ဆိုတာ အမြဲ ဒွန်တွဲနေပါတယ် ကိုယ့်ဘဝကို ပုံပြင်စာအုပ်တစ်အုပ်လို မြင်ကြည့်ရင် အပိုင်းသစ်ကို မရောက်ခင်မှာ ရှေ့စာမျက်နှာကို ဇာတ်ရည်လည်​အောင် နားလည်သွားအောင် ဖတ်ပြီး အဆုံးသတ်ရတာ ဖြစ်ပါတယ် Chapter အဟောင်းတွေကို အဆုံးသတ်တယ်ဆိုတဲ့နေရာမှာ မိမိရဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ Release လုပ်ဖို့ သင်ယူရမယ့်အရာတွေ၊ ဟန်ချက်မညီတဲ့ Routine တွေ စတာတွေပဲ ဖြစ်ပါတယ် Apirl လရဲ့ New Me ခရီးစဉ်လေး ဖြောင့်ဖြူးစေဖို့ ရည်ရွယ်ရင်း နေကြတ်ချိန်တွေကို အကောင်းဆုံး ကျော်ဖြတ်သွားကြပါမယ် #MTinWonderland 🌱
0
16
没有文字...
0
17
ဘာမှ မဖြစ်ချင်တော့တဲ့ အခိုက်အတန့်လေးတွေ ရှိဖူးလား ဒီနေရာလေးမှာပဲ ငြိမ်ငြိမ်လေး ရပ်တန့်နေလိုက်ချင်တော့တဲ့ အဖြစ်မျိုး မိုးကောင်းကင်ထက်က တိမ်တိုက်တွေထဲ တိတ်ဆိတ်စွာ ပုန်းနေချင်တဲ့အဖြစ်မျိုး လမင်းကြီးကို ငေးကြည့်ပြီး လပြည့်ညရဲ့ လရောင်အောက်မှာ ခွေခွေလေး အိပ်ပျော်သွားချင်တဲ့ အဖြစ်မျိုး ကြုံဖူးပါသလား ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်ချင်သလဲ နားမလည်နိုင်တော့တဲ့အခါ ကျောက်ခဲကို ရေညှစ်သလို အတင်း မလုပ်ယူလိုက်ပါနဲ့ ဘာမှ မဖြစ်လာချင်လည်း ဖြစ်ပါတယ် မရေရာတဲ့ အနာဂတ်ကို မျှော်တွေးပြီး မပူပန်လည်း ဖြစ်ပါတယ် လပြည့်ညမှာ ထိန်ထိန်သာနေတဲ့ လမင်းကြီးကို တစ်ဝကြီး တိုင်ပြောပြီး လက်လွှတ်ထားလိုက်ချင်တယ်ဆိုလည်း ဖြစ်ပါတယ် Let it Flow … Trust the Universe Divine Plan! Universe က မင်းအတွက် ထိုက်တန်တဲ့ Plan တစ်ခု အမြဲတမ်း ရှိနေတယ် ဆိုတာ သတိရပေးပါနော် #MTinWonderland 🌱
0
18
⭐️Chakra Balancing မိမိတို့ရဲ့ Astral Body မှာ Main Chakra Point အနေနဲ့ Chakra ၇ နေရာ ရှိကြတယ်ဆိုတာ သိရှိပြီးသား ဖြစ်မှာပါ နေ့တိုင်း ပုံမှန် ညဘက် ဖြစ်စေ နံနက်ခင်း အစောပိုင်း ဖြစ်စေ Chakra Balancing Meditation Frequency Music ကို ဖွင့်ပြီး တရားထိုင်နိုင်ပါတယ် Chakra တွေ Balance ဖြစ်ဖို့ကလည်း Healing Journey ထဲမှာ တစ်စိတ်တစ်ပိုင်း အကျိုးပြုစေပါတယ် ဘာလို့ Balancing လုပ်လို့ လိုသလဲ Chakra တွေ Activate ဖြစ်ရင် ရရှိတဲ့ အကျိုးကျေးဇူးတွေကို ပြောပြသွားမှာ ဖြစ်ပါတယ် Chakra တွေ မမျှတတဲ့အခါ Point ရဲ့အနီးတဝိုက်နေရာမှာရှိတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေမှာရော စိတ်ပိုင်းဆိုင်ရာ Spiritual ပိုင်းဆိုင်ရာမှာရော အားနည်းနေတတ်ပါတယ် ဥပမာ Root Chakra Balance မဖြစ်ရင် တည်ငြိမ်မှု မရှိဘူး စိတ်ဓာတ် ကြံခိုင်မှုလျော့နည်းလာတယ် မိမိကိုယ်ကို မလုံလောက်ဘူး မပြည့်ဝဘူး ခံစားနေရမယ် ယုံကြည်မှု အားနည်းပြီး သတ္တိနည်းတတ်တယ် တစ်ခုခု လုပ်လိုက်ရမှာ ကြောက်တတ်တယ် ခန္ဓာကိုယ်မှာဆိုရင် Root Chakra အနီးတဝိုက်မှာ ရှိတတ်တဲ့ ဆီးရောဂါတို့၊ အမျိုးသမီးတွေမှာဆိုရင် ဓမ္မတာ မမှန်တာတို့ စတာတွေပေါ့ Body ရော Mind ရော Spirit ကိုပါ တည်ငြိမ်အေးချမ်း ချင်တယ် ဆိုရင်တော့ Chakra တွေကို မျှတအောင် Balance လုပ်ပေးရပါတယ် Chakra တွေ Activate ဖြစ်နေတဲ့အခါ ရရှိတဲ့ အကျိုးကျေးဇူးတွေကို ပြောသွားမှာ ဖြစ်ပါတယ် ⭐️Crown Chakra Activate ဖြစ်နေရင် အရာရာတိုင်းဟာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှု ရှိနေကြတယ် ဆိုတဲ့ Connectionတွေ ကို နားလည်သဘောပေါက်နိုင်စွမ်း မြင့်မားလာမယ် Universe ရဲ့ Consciousness ကို Download လုပ်နိုင်စွမ်း ပိုရှိလာမယ် (Crown Chakra ဟာငယ်ထိပ်မှာ တည်ရှိပါတယ်) ⭐️Third Eye Chakra Activate ဖြစ်နေတဲ့အခါ ဝမ်းတွင်းသိစိတ် Intuition ဉာဏ်တွေ ရရှိလာနိုင်မယ် အလိုလို သိနားလည်မှု တစ်စုံတစ်ယောက်က ကိုယ့်ကို ဒါကောင်းတယ် ဒါ မကောင်းဘူး ဆိုပြီး ဝေဖန်ပိုင်းခြားတတ်တဲ့ ဉာဏ်တွေ လာပြောပြပေးနေသလို ကိုယ့်ရဲ့ Intuition ကနေ အကျယ်ကြီး ကြားရလာနိုင်တယ် (Third Eye Chakra ဟာ မျက်ခုံး၂ခု ကြားမှာ တည်ရှိပါတယ်) ⭐️Throat Chakra Activate ဖြစ်နေတဲ့အခါ အမှန်တရားကို ရဲဝံ့စွာ ပြောထွက်လာတယ် မှန်ကန်၍ အကျိုးရှိတဲ့ စကားကို ဖြောင့်မတ်စွာ ပြောတတ်လာနိုင်ပါမယ် မပြောရဲတာ ပြောမထွက်တာ မဖြစ်တော့ဘူး Communication လည်း ပိုကောင်းလာမယ် မိမိ ပြောချင်တဲ့ အကြောင်းအရာ ပေးချင်တဲ့ Message ကို တိကျ ပြတ်သားစွာ တစ်ဖက်လူ ရှင်းရှင်းလင်းလင်း နားလည်အောင် ပြောတတ်လာပါမယ် (Throat Chakra ဟာ လည်ချောင်းမှာတည်ရှိပါတယ်) ⭐️Heart Chakra Activate ဖြစ်နေတဲ့အခါ အရာအားလုံးကို ချစ်တတ်တဲ့ အမြင်နဲ့ ကြည့်တတ်လာမယ် ကြင်နာတတ်လာမယ် အမြင့်မားဆုံး လက်ခံနိုင်စွမ်းတွေ ပွင့်လာမယ် ကိုယ့်ကိုယ်ကိုယ်ရော သူတစ်ပါးတို့ကိုရော ခွင့်လွှတ်တတ်လာမယ် ကိုယ့်ရဲ့ အကောင်းအဆိုး ဖြစ်တည်မှုကို လက်ခံလာနိုင်မယ် Scientists တွေကတောင် Research လုပ်လို့မရသေးတဲ့ ကမ္ဘာမှာ အစွမ်းထက်ဆုံး Frequency ကို မိမိတို့ရဲ့ နှလုံးသားက ထုတ်လွှတ်ပေးနိုင်လာပါလိမ့်မယ် မိမိတို့ရဲ့ Soul mate တွေနဲ့ တွေ့ဆုံချင်တယ် ဆိုရင်တော့ Heart Chakra Activate ဖြစ်နေဖို့ လိုအပ်ပါတယ် (နှလုံးသားနေရာမှာ တည်ရှိပါတယ်) ⭐️Solar Plexus Chakra Activate ဖြစ်နေတဲ့အခါ ဝမ်းဗိုက်ထဲမှာ Gut Feeling ဆိုတာ ရှိပါတယ် အစာစားနေတုန်း ဒေါသထွက်လိုက်တဲ့အခါ အစာမကျေဖြစ်ရတာ ဗိုက်နာတာတွေ ဖြစ်တယ်ဆိုတာ Gut Feeling က ဝမ်းဗိုက်မှာ တည်ရှိနေတာကြောင့်ပါ Solar Plexus Chakra ဟာ Solar System ရဲ့ နေမင်းကြီးကိုလည်း ကိုယ်စားပြုပါတယ် Fire Energy ဖြစ်တဲ့အတွက် လုပ်ဆောင်မှု Action တွေကို ရည်ညွှန်းပါတယ် တက်ကြွမှု ရှိမယ် Productive ဖြစ်နေမယ် ရှေ့ကိုပဲ ဦးဆောင်နေမယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေပြီး ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်လာမယ် စည်းကမ်းတကျ စီမံခန့်ခွဲတတ်လာမယ် မိမိရဲ့ Will power မြင့်တက်လာမယ် (ဝမ်းဗိုက်မှာ တည်ရှိပါတယ်) ⭐️Sacral Chakra Activate ဖြစ်နေတဲ့အခါ နူးညံ့သိမ်မွေ့လာတယ် ခံစားချက်တွေကို လက်ခံနိုင်စွမ်း ရှိလာမယ် မိမိရဲ့ ဆန္ဒကို ပြတ်သားစွာ သိမြင်လာမယ် ပျော်ရွှင်မှု ငြိမ်းချမ်းမှု ဆိုတာ ကိုယ်တွင်းကနေပဲ ခံစားသိရှိလာနိုင်မယ် Emotions တွေက ဟန်ချက်ညီလာစေမယ် ဆုံးဖြတ်ချက်တွေ သေချာ ချနိုင်လာမယ် (ဆီးခုံ or သားအိမ် နေရာမှာ ရှိပါတယ်) ⭐️Root Chakra Activate ဖြစ်နေတဲ့အခါ ဘယ်အရာကြောင့်မှ မတုန်လှုပ်တော့ပါဘူး အခြေခိုင်ပြီး တည်ငြိမ်စွာ ရှင်သန် ရပ်တည်လာနိုင်တယ် Grounding ဖြစ်လာမယ် ရဲရင့်ပြတ်သားမှု ရှိလာမယ် မိမိကိုယ်ကို ပြည့်စုံ လုံလောက်မှု ရှိတယ်လို့ ခံစားလာရမယ် စိတ်လုံခြုံမှု ပိုရှိလာပါမယ် (ကျောရိုးမကြီးရဲ့ အခြေမှာ တည်ရှိပါတယ်) Chakra Balancing ဟာ Meditation လည်း လုပ်ပေးရသလို အစားအစာတွေနဲ့လည်း ထိန်းညှိပေးနိုင်ပါတယ် Chakra တွေနဲ့ ပတ်သက်ပြီး ဆရာ ဆရာမတွေ ရေးသားထားတာတွေ အများကြီး ရှိတဲ့အတွက် အသေးစိတ်ကို ရှာဖွေပြီး လေ့လာနိုင်ပါတယ်
0
19
没有文字...
0
20
⭐️Inner Child Healing မိမိက ရင်မဆိုင်ချင်ဘဲ ရှောင်လွှဲထားတဲ့ စိတ်ဒဏ်ရာတွေ မျိုသိပ်ထားတဲ့ နာကျင်မှုတွေ လျစ်လျူရှူထားမိတဲ့ ဆန္ဒတွေ ကိုယ့်ကိုယ်ကိုယ်ဦးစားမပေးခဲ့တာတွေကြောင့် မိမိရဲ့ ငယ်ဘဝပုံရိပ်လေးဟာ ကလေးလေးတစ်ယောက် ဝမ်းနည်းနေသလို နာကျင်နေရတယ် အဲ့ဒီ ကလေးလေးကို ပြုံးပျော်လာအောင် ပြန်လုပ်ပေးဖို့က ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ် သူနဲ့ ရင်းနှီးမှုကို ရယူပြီး ကိုယ်နဲ့ ကိုယ်ရဲ့ Self Relationship ကို ပြန်တည်ဆောက်ပြီး ကုစားရပါတယ် တရားထိုင်ပြီး မိမိရဲ့ ငယ်ဘဝ ကလေးငယ်ကို ပုံဖော်မြင်ယောင်ကြည့်ပြီး သူ့ကို အားပေးတဲ့ စကားတွေ ပြောပြပါ သူ့ကို ချစ်တဲ့ အကြောင်း၊ သူ့ကို မျက်ကွယ်မပြုတော့ဘူး ဆိုတဲ့ အကြောင်း၊ ကာကွယ်ပေးမှာ ဖြစ်ကြောင်း သူ့ကို ပျော်ရွှင်စေဖို့ လိုက်လျောပေးဖို့ အသင့်ရှိကြောင်း ကြင်ကြင်နာနာ ပြောပြပါ မိခင်က ကလေးကို ပွေ့ဖက်သလို တယုတယ ပွေ့ဖက်ထားပါ ငိုချင်ရင်လည်း ငိုလိုက်လို့ ရပါတယ် Meditation လုပ်ပေးလို့ ရသလို Letter to my Inner Child ဆိုပြီး စာလေး တစ်စောင် ရေးကြည့်ပါ ဒါကတော့ Inner Child အတွက် ရေးထားတဲ့ စာလေးပါ https://www.facebook.com/100071888238831/posts/362391009500504/?
0