U Nay Win🇲🇲
前往频道在 Telegram
📈 Telegram 频道 U Nay Win🇲🇲 的分析概览
频道 U Nay Win🇲🇲 (@naywin331) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 11 455 名订阅者,在 新闻与媒体 类别中位列第 16 766,并在 缅甸 地区排名第 10 526 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 11 455 名订阅者。
根据 26 八月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -269,过去 24 小时变化为 2,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 12.81%。内容发布后 24 小时内通常能获得 10.82% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 1 468 次浏览,首日通常累积 1 240 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 35。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 27 八月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。
11 455
订阅者
+224 小时
-507 天
-26930 天
帖子存档
11 455
Repost from အဖိုးလေးးး🇲🇲
မဟာခရီးသည်ယာဥ် ဂိတ်ကိုလည်း စစ်ဆေးကြဖို့ မမေ့နဲ့နော်
တောင်သာမြို့နယ်၊ အောင်သာကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့က ခရီးသည်ယာဉ်တစ်စီးကိုတားဆီး၍ ခရီးသည်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား
*************
NOM ဩဂုတ် ၂၇၊ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်နေကိုထွန်းလင်း (၂၆) နှစ်သည် ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်၌ မြင်းခြံမြို့မှ ရန်ကုန်မြို့သို့ မဟာခရီးသည် တင်မော်တော်ယာဉ်ဖြင့် လိုက်ပါထွက်ခွာလာစဉ် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ အောင်သာကျေးရွာအနီးအရောက် PDF အကြမ်းဖက်သမားရှစ်ဦးက မော်တော်ယာဉ်အား တားဆီးရပ်တန့်ခိုင်း၍ ယာဉ်ပေါ်ပါလာသူ ကိုထွန်းလင်းအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။
#NOM
11 455
Repost from အဖိုးလေးးး🇲🇲
စစ်ရှုံးပြီးပြန်လာရတဲ့ သင်္ဘောက ထိုင်းနိုင်ငံကိုနားမယ်ဆိုတာ ရိုးသားလို့လားးး
😜😜😜😜😜
11 455
+2
တို့နိုင်ငံလဲ အဲ့လိုလုပ်သင့်
🤙🤙🤙🤙🤙
အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာတွင် အဂတိလိုက်စားသော အရာရှိများကို သေဒဏ်ပေးခြင်း၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းဖြင့် အဂတိလိုက်စားမှု အဆုံးသတ်ရန် ဆန္ဒပြသူများ တောင်းဆို
၂၇.၈.၂၀၂၆.
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာတွင် သြဂုတ် ၂၇ ရက် နံနက်က ဂျကာတာမြို့လယ်ရှိ အင်ဒိုနီးရှား ပါလီမန်၏ Senayan ဥပဒေပြုရေး အဆောက်အအုံဝင်း၌ အဖွဲ့များစွာ စုဝေးခဲ့ကြပြီး အဂတိလိုက်စား သော အရာရှိများအတွက် သေဒဏ်ပေးခြင်းနှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းဆိုင်ရာ ဥပဒေကြမ်း ကို လျင်မြန်စွာ အတည်ပြုခြင်းမှသည် အခြေခံလိုအပ်ကုန်များအတွက် ဈေးနှုန်းများ လျှော့ချရန်အထိ တောင်းဆိုခဲ့ကြသည်။
၎င်းတို့ထဲတွင် ဗဟိုဂျာဗားပြည်နယ်၊ ပတိခရိုင်မှ ဒေသခံများပါဝင်ကြပြီး United Pati People’s Alliance (AMPB) ၏ အလံအောက်တွင်စုဝေးခဲ့ကြခြင်းဖြစ်သည်။အဆိုပါအဖွဲ့သည် သြဂုတ်၂၇ရက်စုဝေးပွဲအတွက်ပြင်ဆင်မှုအနေဖြင့် ပြီးခဲ့သည့်အပတ်ကစ၍ ထောက်ခံသူများကိုစည်းရုံးပြီး
#အင်ဒိုနီးရှား #ဂျကာတာ #မြို့တော် #ဆန္ဒပြ #အဂတိ #အရာရှိ #အဂတိလိုက်စားမှု #သေဒဏ် #ပိုင်ဆိုင်မှု #သိမ်းဆည်း #MT #mtnews #MyanmarTransparency
11 455
+4
မူဆယ်မြို့အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
========================
ယနေ့ဩဂုတ်လ ၂၇ ရက်နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဟိုနားနယ်မြေ၊ မြို့ရှောင်လမ်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၃၁ ဦးတို့အား ဖုန်းမျိုးစုံ ၄၂၂ လုံး၊ All In One ကွန်ပျူတာ ၁၈ လုံး၊ Desktop ကွန်ပျူတာ ၂၀ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ Star Link ၂ လုံး၊ Wifi စက် ၂ လုံး၊ တရုတ်ငွေ ၂၄၅၀၀ ယွမ်၊ Lexus အမျိုးအစားမော်တော်ယာဉ် ၁ စီး၊ Crown အမျိုးအစား မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ်မျိုးစုံ ၃ စီး၊ ဆက်စပ်ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရှိရပါတယ်။
#UNION_Politics_News
11 455
Repost from Nay Zin Latt
🌟
ရောမအင်ပါယာကို ပြန်လည်စုစည်းဖို့ ကြိုးစားခဲ့တဲ့ ဧကရာဇ် - Justinian I
Part - 2
Part - 1 Link ➡️ https://t.me/nayzinlatt2023/25523
#SharingKnowledge
Nay Zin Latt
11 455
လူနေရပ်ကွက်နှင့် လမ်းမများတွင် အသံချဲ့စက်ဖွင့်လိုပါက ၃ ရက်ကြိုတင် ခွင့်ပြုချက်ယူရမည်
ရန်ကုန်၊ ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူနေရပ်ကွက်များနှင့် အများပြည်သူဆိုင်ရာ လမ်းမများပေါ်တွင် အသံချဲ့စက် (လော်စပီကာ) အသုံးပြုလိုပါက အနည်းဆုံး ၃ ရက်ကြိုတင်၍ သက်ဆိုင်ရာသို့ ခွင့်ပြုချက် လျှောက်ထားရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။
ဩဂုတ် ၂၆ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့တွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကျော်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အသံချဲ့စက်များကို စည်းကမ်းမဲ့ ဆူညံစွာ ဖွင့်လှစ်ခြင်းမရှိစေရေးအတွက် ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အသံချဲ့စက်အသုံးပြုလိုသည့် ကာယကံရှင် သို့မဟုတ် အဖွဲ့အစည်းအနေဖြင့် အသုံးပြုမည့်အကြောင်းအရာ၊ ရက်စွဲနှင့် အချိန်တို့ကို ဖော်ပြကာ အနည်းဆုံး ၃ ရက်ကြိုတင် လျှောက်ထားရမည်ဖြစ်ပြီး နံနက် ၆ နာရီမှ ည ၉ နာရီအထိသာ အသုံးပြုခွင့်ပြုကြောင်း ဝန်ကြီးက ရှင်းလင်းပြောကြားသည်။
ထို့ပြင် အများပြည်သူ စိတ်ငြိုငြင်အောင် ဆူညံညစ်ညမ်းစွာ ပြုလုပ်ပါက ရာဇသတ်ကြီးပုဒ်မ ၂၉၄ အရ ထောင်ဒ-ဏ် ၃ လအထိဖြစ်စေ၊ ငွေဒ-ဏ်ဖြစ်စေ၊ ဒ-ဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး သတ်မှတ်ဥပဒေများနှင့်အညီ လိုက်နာရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
11 455
Repost from Snow Queen🇲🇲🇲🇲🇲🇲
Aug-27
▪️စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျ ကျေးရွာ ရွာဦးကျောင်းဆရာတော် အရှင်က္ကန္ဒာစာရ အား အကြမ်းဖက် NUG / PDF အဖွဲ့ မှ ဩဂုတ်လ ၂၄ ရက်နေ့၌ ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။
အကြမ်းဖက်သမားများသည် ဆရာတော်အား ဖမ်းဆီးပြီးနောက် ရိုက်နှက် သတ်ဖြတ်ခဲ့သည်။
ဆရာတော်သည် အကြမ်းဖက်သမားများ လက်ချက်ဖြင့် သက်တော် ၅၂ နှစ် ဝါတော် ၃၄ဝါ၌ ကံတော်ကုန်ခဲ့သည်။
#People@peoplemedianews
11 455
.
☯️
မနက်ဖြန်၂၀၂၆ ဩဂုတ် (၂၈) ရက်ဟာ Deep Partial Lunar Eclipse (တစ်စိတ်တစ်ပိုင်း လကြတ်) ဖြစ်ပါတယ်။ လရဲ့ အချင်းဝက်ဧရိယာ ၉၆% ခန့်ဟာ ကမ္ဘာ့အရိပ်ထဲ ဝင်သွားနိုင်ပြီး အများဆုံးအချိန်က UTC 04:12 ဖြစ်ပါတယ်။
အောက်က သုံးသပ်ချက်က Astrology ရှုထောင့်သာ ဖြစ်ပါတယ်။
🌕 ၂၀၂၆ ဩဂုတ် ၂၈ လကြတ် — Astro Point of View
၁။ Pisces 4°51′ မှာ လကြတ်ခြင်း
Astrological chart အရ လကြတ်ဟာ Pisces 4°51′ မှာ ဖြစ်ပါတယ်။ Pisces ဟာ စိတ်ခံစားချက်၊ လူသားချင်းစာနာမှု၊ ပင်လယ်/ရေ၊ လျှို့ဝှက်အရာတွေ၊ ယုံကြည်ချက်နဲ့ အဆုံးသတ်ခြင်းတို့ကို ကိုယ်စားပြုတယ်။
ဒါကြောင့် ဒီလကြတ်ရဲ့ theme ကို—
“Hidden issues → Emotional pressure → Revelation → Closure”
လို့ အတိုချုပ်ဖော်ပြနိုင်ပါတယ်။
၂။ အမေရိကန် 🇺🇸
သက်ရောက်မှုမြင့်မယ်
Pisces eclipse က လူထုစိတ်ခံစားမှု၊ နိုင်ငံခြားရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတွေနဲ့ ဆက်စပ်ပြီး ဖိအားတွေ ပေါ်လာနိုင်တယ်။
အထူးသဖြင့် နိုင်ငံခြားရေး၊ စစ်ရေး၊ လူမှုရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေကို ပြန်လည်သုံးသပ်ရတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။
၃။ အီရန် 🇮🇷 ( အလွန်အရေးကြီး )
Pisces ရဲ့ “hidden/behind-the-scenes” theme ကြောင့် အီရန်အတွက်—
• လျှို့ဝှက်ညှိနှိုင်းမှု
• စီးပွားရေးဖိအား
• ပြည်တွင်းလူထုစိတ်ခံစားမှု
• နိုင်ငံခြားရေးအပြောင်းအလဲ
• အစိုးရက မဖော်ပြသေးတဲ့ အချက်အလက်များ
ပေါ်ထွက်လာနိုင်တဲ့ ကာလအဖြစ် Astrology က သတ်မှတ်နိုင်တယ်။
ဒါပေမယ့် လကြတ်ကြောင့် အီရန်မှာ တိကျတဲ့ နိုင်ငံရေးဖြစ်ရပ်တစ်ခု ဖြစ်မယ် လို့ မဆိုနိုင်ပါ။
၄။ တရုတ် 🇨🇳 ( နောက်ကွယ်က ညှိနှိုင်းမှု)
လကြတ်ရဲ့ Pisces energy ကို Astrology အရ ကြည့်မယ်ဆိုရင် တရုတ်အတွက် တိုက်ရိုက်ထိပ်တိုက်တွေ့ခြင်းထက် နောက်ကွယ်က diplomacy, negotiation နဲ့ strategic positioning ပိုအရေးကြီးလာနိုင်တဲ့ကာလလို့ ပြောရလိမ့်မယ် ။
အထူးသဖြင့် US–China–Iran ဆက်ဆံရေးမှာ “ဘယ်အချိန် ဘယ်ဘက်ကို ဘယ်လောက်အထိ ထောက်ခံမလဲ” ဆိုတာ ပိုထင်ရှားလာနိုင်ပါတယ်။
၅။ အရှေ့အလယ်ပိုင်း 🌍
Pisces ဟာ ရေနဲ့ ဆက်စပ်တဲ့ sign ဖြစ်တာကြောင့် Mundane Astrology မှာ ပင်လယ်၊ ရေကြောင်း၊ ရေနံနဲ့ ပင်လယ်ရပ်ခြားကုန်သွယ်ရေး ကိစ္စတွေကို အာရုံစိုက်ဖတ်လေ့ရှိပါတယ်။
ဒါကြောင့် Persian Gulf / Red Sea / Strait of Hormuz တစ်ဝိုက်မှာ ဖြစ်နေတဲ့ geopolitical tension တွေကို ပိုမိုအာရုံစိုက်ရမယ့်ကာလလို့ ပြောရမယ် ။
၆။ ဥရောပ 🇪🇺
ဥရောပနဲ့ အာဖရိကဒေသအချို့မှာ လကြတ်ကို နံနက်အာရုံတက်ချိန်မှာ မြင်နိုင်ပါတယ်။
Astrology အရတော့ Europe အတွက် migration, humanitarian issues, energy security နဲ့ foreign policy ကိစ္စတွေ ပိုမိုအာရုံစိုက်ရနိုင်တဲ့ကာလလို့ ဖတ်နိုင်ပါတယ်။
၇။ မြင်နိုင်တဲ့နိုင်ငံနဲ့ “သက်ရောက်မှု” မတူပါ
ဒီအချက်က အရေးကြီးပါတယ်။
လကြတ်ကို အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို၊ ဘရာဇီး၊ အာဂျင်တီးနား၊ ချီလီ စတဲ့ အမေရိကတိုက်နိုင်ငံတွေမှာ အကောင်းဆုံးမြင်နိုင်ပါတယ်။ ဥရောပနဲ့ အာဖရိကမှာလည်း အချို့အဆင့်တွေ မြင်နိုင်ပါတယ်။
အာရှဘက်ကတော့ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်တို့မှာ လကြတ်အဓိကအဆင့်ကို မမြင်ရပါ။
ဒါပေမယ့် Astrology အရ မြင်ရ/မမြင်ရတာနဲ့ နိုင်ငံတစ်နိုင်ငံအပေါ် သက်ရောက်မှုကို တိုင်းတာလို့ မရပါဘူး။ နိုင်ငံရဲ့ natal chart နဲ့ eclipse degree ကို ဘယ်လိုထိတွေ့သလဲဆိုတာနဲ့ ပိုပြီးဆက်စပ်ပါတယ် ။
အတိုချုပ် Astro Ranking
🇮🇷 အီရန် — ★★★★★
🇺🇸 အမေရိကန် — ★★★★☆
🇨🇳 တရုတ် — ★★★★☆
🌍 အရှေ့အလယ်ပိုင်း — ★★★★☆
🇪🇺 ဥရောပ — ★★★☆☆
🌏 အာရှ — ★★☆☆☆
နိဂုံး
ဒီလကြတ်ရဲ့ Astrology theme ကို စကားတစ်ကြောင်းနဲ့ဆိုရင်—
“What has been hidden may surface; what has been unstable may need to end or change.”
မြန်မာလိုဆိုရင်—
“ဖုံးကွယ်ထားတဲ့အရာတွေ ပေါ်လာနိုင်ပြီး မတည်ငြိမ်တော့တဲ့ အရာတွေကို အဆုံးသတ်ပြီး ပြန်လည်ပြင်ဆင်ရမယ့်ကာလ” လို့ Astro point of view ကနေ အတိုချုပ်ဖတ်နိုင်ပါတယ်။
လက်တွေ့အရတော့ လကြတ်ဟာ လူတစ်ဦးချင်း ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးဖြစ်ရပ်ကို ကြိုတင်ခန့်မှန်းနိုင်တယ်ဆိုတဲ့ သိပ္ပံအထောက်အထား မရှိတာကို ခွဲခြားမှတ်သားထားသင့်ပါတယ်။
မြန်မာမှာ ပြသနာဟောင်းတွေအသစ်အဖြစ်ပြန်ပေါ်ထွက်လာမယ်လို့ ပြောနိုင်ပြီး၊ အသေးစိပ်ကိုတော့ ဆရာကြီးများက ဆက်ပြောသွားကြလိမ့်မယ်လို့ ယူဆပါတယ်၊
#BaMg(NZL) ☯️
.
https://t.me/nayzinlatt2023
11 455
Repost from အဖိုးလေးးး🇲🇲
Aug-27
▪️ဟဲ့ကောင်တွေရေ အလဲအပြဲအကွဲတွေနဲ့ လမ်းမကြီးပေါ်အိပ်မနေကြနဲ့ဟ။
ကားတိုက်မိမှာ ဆိတ်ပူလို့ပါ။😁
Cred
11 455
Repost from အဖိုးလေးးး🇲🇲
ချောင်းဦးမှာ ပလဖ တွေက ရွာဦးကျောင်း ဆရာတော်ကို ဖမ်းပြီး နှိပ်စက်သတ်ပစ်လိုက်ကြတယ်။ တကယ်တော့ သတ်တာတောင် ရိုးရိုး မဟုတ်ဘူး။ သတင်းတွေမှာ ဖတ်ရ၊ မြင်ရတဲ့အခါ .....လက်သည်းခွံတွေ နွှာပြီး သတ်ပစ်လိုက်ကြတာ။
စိတ်ထဲမှာတော့ သင်္ဃာန်းဝတ် ဆရာတော်ကိုတောင် ဒီလို သွေးအေးအေး လုပ်နိုင်ရက်သလားဆိုတဲ့ အတွေး ပေါ်လာတယ်။ တကယ်တော့ ၂၀၂၁ နောက်ပိုင်းမှာ သံဃာအပါး ၁၀၀ လောက်ကို အညာမြေက လူရိုး၊ လူအေး လို့ ဆိုတဲ့ ဗမာ PDF တွေ သတ်ခဲ့ကြပြီးပြီ။
အာဏာရှင်ကို တော်လှန်မယ် ဆိုတဲ့ သူတွေကိုယ်တိုင်....လက်နက်တွေကိုယ်စီ ရှိလာတော့ တရားဥပဒေတွေလည်း မလိုက်နာနိုင်ကြတော့ဘူး။ နေရာတိုင်းမှာ အခွန်ဆက်ကြေးတွေ ကောက်ပြီး သာယာ တတ်လာတယ်။ လူသတ်တဲ့အခါလည်း လက်မရွံ စိတ်ဓာတ်တွေနဲ့။ ပြီးခဲ့တဲ့ ရက်ပိုင်း ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့တဲ့ အမျိုးသမီး လူသတ်မှုကလည်း ဒင်း တို့ပဲ။ ဒါတောင် တပ်က လုပ်သလိုလိုနဲ့ မျက်ရည်ခံ ထိုးကြသေးတာ။
ဒီလိုအခြေခံ စိတ်ဓာတ် တွေက မကောင်း၊လူသတ်တာကို တာဝန်ယူမှုတာဝန်ခံမှုက မရှိဆိုတော့ဒီအဖွဲ့အစည်း ရဲ့ အနာဂတ်လားရာက မကောင်းနိုင်ဘူး။ခုလည်း ရဟန်းသံဃာကို ရက်ရက်စက်စက် နှိပ်စက်ပြီးမှ သတ်ပစ်တာမျိုးက ဗုဒ္ဓဘာသာ အယူအရ ဆိုရင်တော့ အတော်လေး ဝဋ်လိုက်ကြဦးမှာပါ။
#(နရီမိုး)
11 455
Repost from အဖိုးလေးးး🇲🇲
+2
၂၆-၈-၂၀၂၆ ရက်နေ့ မနေ့က ရွှေကူဒေသဘက်မှာ စိတ်ကစင့်ကလျားနဲ့ ဆေးကြောင်နေတဲ့ အကြမ်းဖက် kia ဘိန်းစားများကို တပ်မတော်ကချေမှုန်းသုတ်သင်..
-အကြမ်းဖက် kia ဘိန်းစား ၁ လောင်း
-သေနတ် ၂ လက်
-ခဲယမ်းများ
-မိုင်းများနှင့် စစ်အသုံးအဆောင်များသိမ်းဆည်းရမိ..
# မှိုင်းဝေ
11 455
Repost from အဖိုးလေးးး🇲🇲
Mir Jafar ရဲ့ သစ္စာဖောက်မှုကလည်း Bengal ရဲ့ နိုင်ငံရေးအာဏာချိန်ခွင်ကို ပြောင်းလဲစေပြီး British East India Company ရဲ့ အင်အားတိုးချဲ့မှုကို အခွင့်အလမ်းပေးခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေကို ကြည့်ရင် “လူယုံသတ်” ခြင်းကြောင့် ဆုံးရှုံးမှုဟာ လူတစ်ယောက်ရဲ့ အသက်၊ ရာထူး ဒါမှမဟုတ် အာဏာတစ်ခုတည်း မဟုတ်တာကို တွေ့ရပါတယ်။
တစ်ခါတလေ ဆုံးရှုံးသွားတာက—
ယုံကြည်မှု၊
နိုင်ငံရေးစနစ်၊
အချုပ်အခြာအာဏာ၊
အဖွဲ့အစည်းရဲ့ စည်းလုံးညီညွတ်မှု၊
နောက်ဆုံးမှာ နိုင်ငံတစ်ခုရဲ့ အနာဂတ်တောင် ဖြစ်နိုင်ပါတယ်။
☘️အဆုံးသတ်ရရင်
“Et tu, Brute?” ဆိုတဲ့ စကားဟာ Caesar တစ်ယောက်ရဲ့ နောက်ဆုံးအချိန်ကို ပြောတဲ့ စကားထက် ပိုပါတယ်။
ဒါဟာ သမိုင်းတစ်လျှောက် ထပ်ခါတလဲလဲ ပေါ်ပေါက်လာတဲ့ လူ့သဘောသဘာဝတစ်ခုကို ကိုယ်စားပြုပါတယ်။
အာဏာနဲ့ အကျိုးစီးပွားတွေ ပြောင်းလဲလာတဲ့အခါ မနေ့က အယုံကြည်ရဆုံးမိတ်ဆွေဟာ ဒီနေ့ ရန်သူဖြစ်လာနိုင်ပါတယ်။
မနေ့က လူယုံဟာ ဒီနေ့ သစ္စာဖောက်ဖြစ်လာနိုင်ပါတယ်။
အပြင်က ရန်သူကိုတော့ အလွယ်တကူ သတိထားနိုင်ပါတယ်။ ဒါပေမယ့် အနီးဆုံးလူရဲ့ ရည်ရွယ်ချက်ကိုတော့ ပိုပြီး ခွဲခြမ်းသုံးသပ်ဖို့ လိုပါတယ်။
သမိုင်းရဲ့ အကြီးမားဆုံး သင်ခန်းစာတစ်ခုက—
“ရန်သူကို ကြောက်ဖို့ထက် လူယုံကို မျက်စိမှိတ်ယုံကြည်မိတာက တစ်ခါတလေ ပိုအန္တရာယ်ကြီးတတ်တယ်” ဆိုတာပါပဲ။
ဒါကြောင့် “Brutus” ဆိုတာ လူတစ်ယောက်ရဲ့ နာမည်သာ မဟုတ်တော့ပါဘူး။
“ယုံကြည်ထားသူက အချိန်တစ်ခုရောက်လာတဲ့အခါ ကိုယ့်ကို ပြန်လှည့်တိုက်နိုင်တယ်” ဆိုတဲ့ သမိုင်းဝင် သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။
ခေါင်းဆောင်တွေဟာ ရန်သူကိုအောင်နိုင်ဖို့ထက် ကိုယ့်ကိုအနီးကပ် အသက်နှုတ်ဒါးချက်နဲ့ အရေးကြုံရင်သစ္စာဖေါက်မဲ့ ဘရူးတပ်တွေကို ဖယ်ရှားပစ်နိုင်ဖို့က ပိုအရေးကြီးတယ် ။
# နေဇင်လတ် ☯️
( 27.8.26) ( 2904 )
.
https://t.me/nayzinlatt2023
11 455
Repost from အဖိုးလေးးး🇲🇲
Alexander the Great သေဆုံးပြီးတဲ့နောက် သူ့အင်ပါယာကြီးဟာ ယုံကြည်ရတဲ့ စစ်ဗိုလ်ချုပ်တွေကြား အာဏာပြိုင်ဆိုင်မှုကြောင့် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်လာခဲ့ပါတယ်။ လူယုံတွေကြားက အာဏာပြိုင်ဆိုင်မှုဟာ အင်ပါယာတစ်ခုလုံးရဲ့ အနာဂတ်ကို ပြောင်းလဲစေခဲ့ပါတယ်။
အော်တိုမန်သမိုင်းမှာလည်း Sultan တွေရဲ့ အနီးကပ်လူယုံ၊ စစ်ဗိုလ်ချုပ်နဲ့ နိုင်ငံရေးအရာရှိတွေကြား အာဏာပြိုင်ဆိုင်မှုတွေကြောင့် အာဏာရှင်များ အာဏာဆုံးရှုံးခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ပြည်တွင်းအာဏာလွန်ဆွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ရုရှားသမိုင်းမှာ Tsar တွေရဲ့ အနီးကပ်အရာရှိတွေနဲ့ စစ်တပ်အာဏာရှိသူတွေက အာဏာပြောင်းလဲမှုတွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြပါတယ်။ အာဏာကို ထိန်းသိမ်းဖို့ ယုံကြည်ရသူတွေအပေါ် အလွန်အမင်း မှီခိုရခြင်းဟာ တစ်ခါတစ်ရံမှာပဲ အန္တရာယ်ဖြစ်လာနိုင်ပါတယ်။
တရုတ်သမိုင်းမှာလည်း နန်းတွင်းလူယုံ၊ စစ်ဗိုလ်ချုပ်၊ အမတ်ကြီးတွေကြား သစ္စာဖောက်မှုနဲ့ အာဏာပြိုင်ဆိုင်မှုတွေဟာ မင်းဆက်များရဲ့ အတက်အကျကို အကြီးအကျယ် သက်ရောက်စေခဲ့ပါတယ်။ “အပြင်ကရန်သူထက် အတွင်းကလူယုံက ပိုအန္တရာယ်ရှိနိုင်တယ်” ဆိုတဲ့ သမိုင်းသင်ခန်းစာဟာ ဒီဖြစ်ရပ်တွေထဲမှာ ထင်ရှားစွာ တွေ့ရပါတယ်။
☘️မြန်မာ့သမိုင်းထဲက ဘရူးတပ်တချို့
မြန်မာ့သမိုင်းကိုလေ့လာရင် နိုင်ငံသေးသေးလေးနဲ့ ဘရူးတပ်တွေပိုများနေတာကိုတွေရလိမ့်မယ်၊ အလွန်ရိုကျိုးပြပြီးထားရာနေ စေရာသွားပုံစံနဲ့ " မှန်ပါ့ဘုရား"... ဆိုသူတချို့ဟာ ဘရူးတပ်တွေဖြစ်ခဲ့တာကိုလဲတွေ့ရလိမ့်မယ်၊ မြန်မာတွေက အစွမ်းအစတာနည်းတာ၊ အတ္တပိုကြီး ပရိယာယ်ပိုများပြီး ရုပ်ရှင်ပိုရိုက်တတ်ကြတာကို ခေတ်သစ်ဘရူးတပ်တွေမှာ တွေ့ကြရလိမ့်မယ်၊ အင်းလေ... အယုံသွင်းကြရတာကိုး၊ သရုပ်ဆောင်ကောင်းရတော့မှာပေါ့ ။
☘️အလောင်းစည်သူမင်းနှင့် နရသူ
ပုဂံခေတ်မှာ အလောင်းစည်သူမင်းကို သားတော် နရသူက နန်းတက်လိုစိတ်ကြောင့် လုပ်ကြံခဲ့တယ်လို့ ရာဇဝင်တွေမှာ ဖော်ပြထားပါတယ်။ နရသူဟာ ဖခင်ဖြစ်သူကို အနီးကပ်နေရာကနေ ဖယ်ရှားပြီး နန်းတက်ခဲ့တာကြောင့် မြန်မာ့သမိုင်းထဲက ထင်ရှားတဲ့ “လူယုံအတွင်းက အန္တရာယ်” ဖြစ်ရပ်တစ်ခုအဖြစ် မှတ်ယူနိုင်ပါတယ်။ ( လူယုံမပြောနဲ့ အတ္တအတွက် သားကိုတောင်မယုံရတာသမိုင်းအတွက်ရှက်စရာပါ )
☘️နရသူမင်းနှင့် နရသိင်္ခ
နရသူမင်းလက်ထက်မှာ နန်းတွင်းအာဏာပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ နရသူကို လုပ်ကြံသူတွေထဲမှာ သူ့အနီးကပ်လူတွေ ပါဝင်ခဲ့ကြပြီး နောက်ပိုင်းမှာ နရသိင်္ခ နန်းတက်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်က နန်းတွင်းလူယုံတွေဟာ အာဏာအပြောင်းအလဲမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ကြောင်း ပြသပါတယ်။
☘️အင်းဝခေတ် နန်းတွင်းအာဏာပြိုင်ဆိုင်မှုများ
အင်းဝခေတ်မှာလည်း မင်းများ၊ မင်းသားများ၊ အမတ်များနဲ့ စစ်ဗိုလ်ချုပ်များကြား အာဏာပြိုင်ဆိုင်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။ နန်းတက်ရေးအတွက် အနီးကပ်အရာရှိတွေက မင်းတစ်ပါးကို ထောက်ခံပြီး နောက်တစ်ချိန်မှာ ပြန်လည်ဆန့်ကျင်တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့် နန်းတွင်းမတည်ငြိမ်မှုနဲ့ ပြည်တွင်းပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။
☘️ကုန်းဘောင်ခေတ် နန်းတွင်းပဋိပက္ခများ
ကုန်းဘောင်ခေတ်မှာလည်း နန်းတွင်းအာဏာပြိုင်ဆိုင်မှုတွေ ရှိခဲ့ပါတယ်။ မင်းတစ်ပါးသေဆုံးပြီးနောက် မင်းသားများနဲ့ အမတ်များက မိမိတို့နှစ်သက်တဲ့ အာဏာရှင်ကို ထောက်ခံကြပြီး အခြားမင်းသားတွေကို ဖယ်ရှားတာ၊ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေဟာ ကိုယ်ယုံကြည်ထားတဲ့ အုပ်ချုပ်သူကို အာဏာအတွက် ပြန်လည်ဆန့်ကျင်နိုင်ကြောင်း ပြသပါတယ်။
☘️ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရအဖွဲ့ဝင်များ လုပ်ကြံခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ရှေးခေတ်နန်းတွင်းလူယုံသတ်မှုနဲ့ တိုက်ရိုက်ပုံစံမတူပေမယ့် နိုင်ငံရေးအာဏာပြိုင်ဆိုင်မှုနဲ့ အတွင်းပိုင်းပူးပေါင်းကြံစည်မှုတွေက နိုင်ငံ့ခေါင်းဆောင်တစ်ဦးကို ဘယ်လောက်အထိ ထိခိုက်စေနိုင်တယ်ဆိုတာ ပြသတဲ့ ပုံစံတမျိုးနဲ့ ဘရူးတပ်ဖြစ်ပါတယ်။
☘️ အခုရော ဘရူးတပ်မရှိဘူးတဲ့လား ❓
ဦးနုခေတ်၊ ဦးနေဝင်းခေတ်၊ ဦးသန်းရွှေခေတ်၊ ဦးသိန်းစိန်ခေတ်၊ ဒေါ်အောင်ဆန်းစုကြည်ခေတ်တွေမှာ ဘရူးတပ်တွေ အများအပြားသတိထားမိခဲ့တယ်၊ ဒါဆိုရင် ဒီနေ့ရော ဘရူးတပ်တွေမရှိဘူးတဲ့လား၊
ဆီဇာတုန်းက ဘရူးတပ်က နောက်ကြောကို ဒါးအစစ်နဲ့ထိုးပြီးအသက်နှုတ်ခဲ့တယ်၊ ခေတ်သစ်ဘရူးတပ်ကျတော့ အတ္တတွေကြောင့် ခေါင်းဆောင်ရဲ့ပုံရိပ်ကို နေ့စဉ်ဒါးနဲ့မွန်းပြီး သမိုင်းအသက်နှုတ်နေသလိုပုံစံပြောင်းသွားတယ်၊ နိုင်ငံနဲ့လူမျိုးအတွက်လဲ အလွန်နာတယ်၊
☘️လူယုံသတ်ရဲ့ အကြီးမားဆုံးဆုံးရှုံးမှု
Caesar ကို လုပ်ကြံသူတွေက Caesar တစ်ယောက်ကိုသာ ဖယ်ရှားခဲ့တာ မဟုတ်ပါဘူး။ သူတို့ရဲ့ လုပ်ရပ်က ရောမနိုင်ငံရေးစနစ်ကို ပိုမိုမတည်ငြိမ်စေပြီး နောက်ဆုံးမှာ Republic ပျောက်ကွယ်ကာ Empire ပေါ်ပေါက်လာတဲ့ အထိရှေ့ကတန်ဘိုးတွေ နိုင်ငံရေးစနစ်တွေ ဆုံးရှုံးခဲ့ရလိုက်တယ် ။
11 455
Repost from အဖိုးလေးးး🇲🇲
.
☯️
“Et tu, Brute ❓”
သမိုင်းထဲက ဘရူးတပ်များ
“Et tu, Brute?” — “မင်းရောပါလား၊ ဘရူးတပ်ရယ်”
..... ဆိုတဲ့ စကားဟာ ရှိတ်စပီးယားကြောင့် သမိုင်းထဲမှာ “လူယုံက ပြန်လှည့်သတ်ခြင်း” ရဲ့ အထင်ရှားဆုံး သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဘီစီ (၄၄ ) ခုနှစ် မတ်လ ၁၅ ရက်နေ့၊ ရောမနိုင်ငံရေးရဲ့ အင်အားအကြီးဆုံးခေါင်းဆောင် Julius Caesar ဟာ ဆီနိတ်အတွင်းမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ လုပ်ကြံသူတွေထဲမှာ Marcus Junius Brutus နဲ့ Gaius Cassius Longinus တို့က အဓိကပါဝင်ခဲ့ကြပါတယ်။
Brutus ဟာ Caesar ရဲ့ အရင်းနှီးဆုံးမိတ်ဆွေသူတစ်ဦးဖြစ်သလို Caesar ရဲ့အထူးယုံကြည်အားထားရသူတဦးပါ ။ ဒါကြောင့် ဘရူးတပ် ပါဝင်လာတဲ့ လုပ်ကြံမှုဟာ ဆီဇာ့အတွက် အပြင်ရန်သူထက် ပိုပြီး နာကျင်စရာဖြစ်ခဲ့တယ်လို့ သမိုင်းက ပုံဖော်ခဲ့ပါတယ်။
ကမ္ဘာ့သမိုင်းထဲမှာရော၊ မြန်မာ့သမိုင်းမှာပါ ခေတ်အဆက်ဆက် ဘရူးတပ်တွေရှိခဲ့ပါတယ်၊
မြန်မာမှာတော့ " အနီးဆုံးဒါးက ပိုနက်တယ် " ဆိုတဲ့စကားပုံရှိထားပါတယ်၊
ခေါင်းဆောင်တွေရဲ့ နောက်ဆုံး ထွက်သက်ဟာ အနီးဆုံးဒါးချက်ကြောင့် ဆိုတာကိုလဲတွေ့ကြရပါလိမ့်မယ်၊
Caesar ကို သတ်လိုက်ရင် ရောမသမ္မတနိုင်ငံ ပြန်လည်တည်ငြိမ်မယ်လို့ လုပ်ကြံသူတွေထဲက အချို့က မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ဖြစ်လာတာက ဆန့်ကျင်ဘက်ပါ။ အနီးဆုံးဒါးချက်တွေဟာလဲ တိုင်းပြည်ကိုကယ်တင်ချင်လို့မဟုတ်ပဲ၊ သူတို့ကိုယ်ကျိုးစီးပွားအတွက် အယုံသွင်းထားတဲ့ ဒါးချက်ဆိုတာတွေ့ရပြန်တယ် ။
Caesar သေဆုံးပြီးတဲ့နောက် ပြည်တွင်းစစ်တွေ ဆက်ဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာ Octavian က အာဏာကို စုစည်းနိုင်ခဲ့ပါတယ်။ သူဟာ Augustus အဖြစ် ရောမရဲ့ ပထမဆုံးအင်ပါယာပြည့်ရှင် ဖြစ်လာခဲ့တယ်။
အဓိပ္ပာယ်ကတော့-
“Caesar ကို သတ်ခြင်းက နိုင်ငံကိုကောင်းစေလိုသလိုနဲ့ အတ္တအကျိုးစီးပွားအတွက်"... ဆိုတဲ့ သမိုင်းသင်္ခန်းစာကို ပေးခဲ့တယ်၊ သမိုင်းအဆက်ဆက် ဘရူးတပ်တွေ မကြာခဏပေါ်လာတတ်တယ်၊ ဆီဇာပေါင်းများစွာဟာလဲ သူတို့ယုံကြည်ခဲ့တဲ့ လူယုံဘရူးတပ်ပေါင်းများစွာရဲ့ အနီးကပ်ဒါးချက်နဲ့ အသက်ထွက်ခဲ့ကြရတာချည့်ပဲ၊
☘️သမိုင်းထဲက အခြား “ဘရူးတပ်များ”
Judas Iscariot — (အနီးဆုံးလူရဲ့ သစ္စာဖောက်မှု)
Judas Iscariot ဟာ ယေရှုရဲ့ တပည့် (၁၂) ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ယေရှုကို အာဏာပိုင်တွေဆီ သတင်းပေးဖော်ထုတ်ပေးခဲ့သူဖြစ်လာခဲ့တယ်။
ဒီဖြစ်ရပ်ဟာ “ကိုယ့်အနီးဆုံးလူက ကိုယ့်ကို ပြန်သတ်ခြင်း” ဆိုတဲ့ သစ္စာဖောက်မှုရဲ့ အထင်ကရ သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် “Judas” ဆိုတဲ့ နာမည်ဟာ နောက်ပိုင်းကာလတွေမှာ သစ္စာဖောက်သူဆိုတဲ့ အဓိပ္ပာယ်နဲ့ပါ ဆက်စပ်လာခဲ့ပါတယ်။
Mir Jafar — ( သစ္စာဖောက်ရာက နိုင်ငံတစ်ခု ဆုံးရှုံးခြင်း )
အိန္ဒိယသမိုင်းမှာ Mir Jafar ရဲ့ ဖြစ်ရပ်ဟာ ပိုပြီး ထူးခြားပါတယ်။
Bengal ရဲ့ Nawab Siraj ud-Daulah ကို ဆန့်ကျင်ပြီး Mir Jafar ဟာ British East India Company နဲ့ လျှို့ဝှက်ပူးပေါင်းခဲ့ပါတယ်။
(၁၇၅၇ ) ခုနှစ် Battle of Plassey မှာ Siraj ud-Daulah ရဲ့ တပ်ဖွဲ့အတွင်း အရေးကြီးတဲ့ လူတွေက အပြည့်အဝ မတိုက်ခိုက်ခဲ့ကြတာကြောင့် British East India Company က အောင်ပွဲရခဲ့ပါတယ်။
အဲဒီအောင်ပွဲဟာ Bengal ကို British အာဏာတိုးချဲ့ရေးအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒီဖြစ်ရပ်ရဲ့ သင်ခန်းစာကတော့—
“လူတစ်ယောက်ကို သစ္စာဖောက်လိုက်တာဟာ တစ်ခါတလေ ခေါင်းဆောင်တစ်ယောက်တည်းရဲ့ ဆုံးရှုံးမှုနဲ့ မပြီးဘဲ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာအထိ ထိခိုက်စေနိုင်တယ်” ဆိုတာပါ။
Benedict Arnold — ( ကိုယ့်ဘက်ကို ပြန်လှည့်တဲ့ စစ်ဗိုလ်ချုပ် )
အမေရိကန်တော်လှန်ရေးကာလမှာ Benedict Arnold ဟာ အမေရိကန်ဘက်က ထင်ရှားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ British ဘက်ကို လျှို့ဝှက်ကူးပြောင်းပြီး West Point ခံတပ်ကို British တို့ထံ လွှဲပေးဖို့ ကြိုးစားခဲ့ပါတယ်။
အစီအစဉ် မအောင်မြင်ခဲ့ပေမယ့် Benedict Arnold ရဲ့ နာမည်ဟာ အမေရိကန်သမိုင်းမှာ “traitor — သစ္စာဖောက်သူ” ဆိုတဲ့ အဓိပ္ပာယ်နဲ့ အလွန်
ကျော်ဇော သွားခဲ့ပါတယ်၊ အမေရိကန်ရဲ့ ဘရူးတပ်ထဲက တဦးပေါ့ ။
☘️လူယုံတွေကြောင့် အာဏာကျဆုံးခဲ့တဲ့ ခေါင်းဆောင်များ
သမိုင်းတစ်လျှောက် ခေါင်းဆောင်တွေဟာ အပြင်က ရန်သူကြောင့်သာ အာဏာကျဆုံးခဲ့တာ မဟုတ်ပါဘူး။
အနီးကပ်ဆုံး အာဏာရှိသူတွေ၊ စစ်ဗိုလ်ချုပ်တွေ၊ လုံခြုံရေးအရာရှိတွေ၊ အကြံပေးတွေ၊ မိသားစုနဲ့ မိတ်ဆွေတွေကပါ အာဏာပြောင်းလဲမှုတွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြပါတယ်။
အကြောင်းက ရိုးရှင်းပါတယ်။
အပြင်ရန်သူဖွင့်မဲ့ တံခါးပေါက်ရဲ့သော့ဟာ အတွင်းလူယုံကိုပေးမိလျက်သားဖြစ်နေတတ်တယ်၊ ယုံကြည်ခံဖြစ်မှပဲ အလွယ်တကူသတ်နှိုင်မှာကိုး၊
ဒါကြောင့် အာဏာရေးရာမှာ “လူယုံ” ဆိုတာ တစ်ဖက်မှာ အင်အားအကြီးဆုံး အကာအကွယ်ဖြစ်နိုင်သလို တစ်ဖက်မှာ အန္တရာယ်အကြီးဆုံးသတိထားရမဲ့သူ ဖြစ်လာတတ်တယ်။
☘️ ကမ္ဘာ့သမိုင်းထဲက ဘရူးတပ်များ
ကမ္ဘာ့သမိုင်းထဲမှာလဲ Brutus လိုသစ္စာဖေါက်တွေ ခေတ်အဆက်ဆက်မှာရှိခဲ့ကြတယ်၊
11 455
နီပေါရဲ့ လျှပ်တပျက် ဖြစ်တဲ့ သဘာဝဘေးးးဆိုတာ ပြေးမလွတ်ဖူးးးခဲ့ရှာဘူးးး
ဘေးကင်းကြပါစေဗျာ
11 455
.
☯️
" ကြောက်စရာ ရေကြီး-တောင်ပြို "
.ဘုရား တရားမြဲကြပါ
နီပေါ တရုတ် တိဘက်နယ်စပ် နီပေါမှာ ရေကြီးတောင်ပြိုတာ အတော်ကြောက်စရာကြီးပါ၊ အဆောက်အဦးထက်ကြီးတဲ့ ရေလှိုင်းကိုတွေ့ရပါလိမ့်မယ်၊
ကမ္ဘာ့နေရာအနှံ့မှာ ကပ်ဆိုက်နေတယ်၊ ဘုရား တရားမြဲပါမှ တော်ရာကျလိမ့်မယ် ။
#BaMg(NZL) ☯️
.
11 455
နီပေါရေကြီးမှု သေဆုံးသူ ၉၅ ဦးအထိ မြင့်တက်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဟု ဝန်ကြီးချုပ် Balendra Shah ပြော
ခတ္တမန္ဒူ၊ ဩဂုတ် ၂၆
နီပေါနိုင်ငံ ရာဆူဝါ (Rasuwa) ခရိုင်ရှိ ဘိုတေကိုရှီ (Bhotekoshi) မြစ်တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးမှုကြောင့် သေဆုံးသူ ၉၅ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း နီပေါရဲတပ်ဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
နောက်ဆုံးရှာဖွေတွေ့ရှိထားသည့် သေဆုံးသူ ၉၅ ဦးတွင် အမျိုးသမီး ၂၇ ဦး၊ အမျိုးသား ၃၇ ဦး၊ မိန်းကလေးငယ် ၆ ဦး၊ ယောက်ျားလေးငယ် ၅ ဦးနှင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသူ ၂၀ ဦး ပါဝင်ကြောင်း သိရသည်။
ရေကြီးမှုဖြစ်ပွားပြီးနောက် နီပေါတပ်မတော်၊ လက်နက်ကိုင်ရဲတပ်ဖွဲ့နှင့် နီပေါရဲတပ်ဖွဲ့တို့ကို ရှာဖွေကယ်ဆယ်ရေးအတွက် ဖြန့်ကြက်ထားပြီး တပ်မတော်ရဟတ်ယာဉ်များဖြင့် လူ ၂၅၀ ကျော်ကို ကယ်ဆယ်ထားသည်။ ဒဏ်ရာရသူများကို ခတ္တမန္ဒူသို့ ပို့ဆောင်ကုသပေးနေပြီး Bir Hospital နှင့် National Trauma Center တို့တွင် ကုတင် ၁၀၀ သီးသန့်ပြင်ဆင်ထားသည်။
ရေကြီးမှုကြောင့် Rasuwa၊ Nuwakot၊ Dhading နှင့် Gorkha ခရိုင်များရှိ ဒေသအများအပြား အထူးထိခိုက်ခဲ့ပြီး ဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ သန့်ရှင်းသောသောက်သုံးရေ၊ ဆေးဝါးနှင့် ယာယီခိုလှုံရာများ အရေးပေါ်ပံ့ပိုးပေးနေကြောင်း သိရသည်။
နီပေါဝန်ကြီးချုပ် ဘာလင်ဒရာ ရှား (Balendra Shah) က ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့ညတစ်ညလုံး ဆက်လက်လုပ်ဆောင်ရန်နှင့် ပျက်စီးသွားသည့် လမ်း၊ တံတား၊ လျှပ်စစ်နှင့် သောက်သုံးရေပေးဝေရေး အခြေခံအဆောက်အအုံများကို ဦးစားပေး ပြန်လည်တည်ဆောက်ရန် ညွှန်ကြားထားသည်။
ထို့ပြင် အစိုးရအနေဖြင့် ဘေးသင့်ပြည်သူများနှင့်အတူ ရပ်တည်နေကြောင်း ဝန်ကြီးချုပ်က ပြောကြားကာ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများကို ကယ်ဆယ်ရေးနှင့် အရေးပေါ်အကူအညီပေးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။
လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသဖြင့် သေဆုံး၊ ဒဏ်ရာရနှင့် ပျောက်ဆုံးသူစာရင်းများ ထပ်မံပြောင်းလဲနိုင်ကြောင်း သိရသည်။
