ch
Feedback
Readerless Poetry Ebook Sharing

Readerless Poetry Ebook Sharing

前往频道在 Telegram

နိုဘယ်ဆုရ စာရေးဆရာများ၊ Penguin & Oxford Classic စာအုပ်များ

显示更多
7 566
订阅者
无数据24 小时
无数据7 天
无数据30 天
帖子存档
ဒီစာအုပ်တွေက Princeton Unversity Press က ထုတ်ထားတဲ့ ပညာရှင်တွေ၊ တက္ကသိုလ် ပညာရပ်ပိုင်းဆိုင်ရာ ကျောင်းပညာရေးသမားတွေအတွက် Skill
+9
ဒီစာအုပ်တွေက Princeton Unversity Press က ထုတ်ထားတဲ့ ပညာရှင်တွေ၊ တက္ကသိုလ် ပညာရပ်ပိုင်းဆိုင်ရာ ကျောင်းပညာရေးသမားတွေအတွက် Skills for Scholars စာအုပ်တွေနဲ့ တခြား ဖတ်သင့်တဲ့ Nonfiction သုတစာအုပ်တချို့ပါ။ အရင်က Princeton ကပဲ ထုတ်ထားတဲ့ Ancient Wisdom နဲ့ တချို့ Nonfiction တွေကိုလည်း ဒီထဲ ပို့ပေးထားဖူးတာ ရှိပါတယ်။ မနေ့က သူတို့ဆီက ထုတ်ထားတဲ့ စာအုပ်စာရင်းကတ်တလောက်ကို ကြည့်မိတော့ တစ်နှစ်ထဲကိုပဲ အုပ်ရေ ၆၀၀ လောက် ထုတ်တာမျိုး တွေ့မိတယ်။ အခု ၂၀၂၆ ထဲမှာဆိုရင် Goethe ရဲ့ စာအုပ်တွေကို ပြန်ထုတ်မှာ အများကြီးပဲ။ အေးဆေးဖတ်ကြည့်ကြပါဦး။

ဘယ်သူတွေက အခုထိ ဒီချယ်နယ်ထဲမှာ စာအုပ်တွေ လိုက်ရှာပြီး ဖတ်နေကြသေးသလဲတော့ မသိ။ တကယ်တော့ ဒါတွေက တခါတည်း တထိုင်တည်း ဖတ်ဖို့ မဟုတ်ပါဘူး။ ဘယ်သူမှလည်း ဒီထဲက စာရေးဆရာတွေ တသက်လုံး ရေးခဲ့တဲ့ စာအုပ်တွေကို တထိုင်တည်း အပြီးဖတ်ဖြစ်တယ်ဆိုတာက မဖြစ်နိုင်ဘူးလေ။ ထားပါတော့ မပို့ဖြစ်တာ ကြာလို့ အခု ရှာတွေ့ထားတဲ့ စာအုပ်တချို့ ပို့ပေးချင်လို့ပါ။ ညနေကျရင် Princeton Unversity Press က ထုတ်ထားတဲ့ ပညာရှင်တွေ အတွက် ဖတ်သင့်တဲ့ Skills for Scholars စာအုပ်တွေ ဆက်ပို့ပေးပါဦီးမယ်။

+3
Legends_of_the_Condor_Heroes_1_A_Hero_Born_Jin_Yong_金庸_Anna_Holmwood.epub1.35 MB

ဒီဇာတ်လမ်းတွေကို ရေးတဲ့ စာရေးဆရာက ကျင်းယုံ Jin Yong (金庸) ပါ။ သူ့ရဲ့ သိမ်းငှက်သူရဲကောင်းဇာတ်လမ်းတွေကို အာရှရဲ့ The Lord Of The Rings လို့ ခိုင်းနှိုင်းကြတာမျိုး ရှိတယ်။ အာရှရဲ့ စိတ်ကူးယဉ် Fantansy စာပေအမျိုးအစားထဲမှာ The Lord Of The Rings လို ဇာတ်ကောင်တွေ များပြားတာရော၊ ဇာတ်လမ်းတည်ဆောက်ပုံ မိုက်တာတွေရော ပါမှာပေါ့လေ။ ပြီးတော့ ကျင်းယုံ ရေးခဲ့တဲ့ ဇာတ်လမ်းတွေ၊ တရုတ် wuxia သိုင်းဝတ္ထုဇာတ်လမ်းတွေထဲမှာ သိမ်းငှက်သူရဲကောင်းကို လက်ရာအမြောက်ဆုံး၊ မာစတာပိစ်လို့ သတ်မှတ်ထားကြတာမျိုးတွေလည်း ရှိတယ်။ အရင်က ဒီစာအုပ်တွေကို Official English Translation ရှိလားလို့ လိုက်ရှာဖူးတယ်၊ မတွေ့မိဘဲ Fan translation တွေကိုပဲ တွေ့ဖူးတယ်။ အဲဒါမျိုးကျလည်း မဖတ်ချင်တာနဲ့ မဖတ်ဖြစ်မိတာ။ အခုကျမှ တွေ့မိလာလို့ပါ။ ပြီးတော့ မူရင်းစာရေးဆရာ ကျင်းယုံ ကိုယ်တိုင်က သူ မကွယ်လွန်မချင်း သူ့ဝတ္ထုတွေကို ပြန်ပြန်ပြင်နေတာဆိုတော့ မူရင်းမူတင် လေးမျိုးလောက် ရှိတယ်။ ပထမ မူရင်းရေးတဲ့မူ၊ နောက်ပိုင်း သူ ပြင်ပြန်ရေးတဲ့မူ စသဖြင့်ပေါ့လေ။ ခုနောက်ပိုင်းထွက်လာတဲ့ သိုင်းစာစဉ် wuxia စီးရီးတွေကို တချို့က လစဉ်ကြေးယူပြီး မြန်မာ ဘာသာပြန် ပေးဖတ်တာမျိုးတွေ၊ Group တွေလည်း ရှိတယ် ထင်တယ်။ အဲ့ဘက်တွေကျ ကိုယ်လည်း လိုက်မလေ့လာကြည့်တော့ သေချာ မသိတော့ပါဘူး။ အခု ပို့ပေးတဲ့ စာအုပ်တွေက သိမ်းငှက်သူရဲကောင်းရဲ့ ပထမတွဲပါ။ ဂူဂူးကြောင့် အသည်းကွဲခဲ့ရတဲ့ Return of the Condor Heroes မပါသေးဘူး။ ခုပထမတွဲ Official English Translation တောင် ၂၀၂၃ လောက်ကမှ ထွက်ခဲ့တာလားပဲ။ ကျန်တဲ့အတွဲတွေကိုလည်း ဆက်စီစဉ်နေတာဆိုတော့ ထွက်တော့ ထွက်လာမှာပါ။ ခုချယ်နယ်လည်း အဲ့အထိ ရှိသေးရင်တော့ ထပ်ပို့ပေးပါမယ်။ အခုကတော့ ပထမတွဲ Legends of the Condor Heroes လေးအုပ်တွဲ အပြည့်အစုံပါ။ ဖတ်ချင်တဲ့သူတွေ ဖတ်ကြဖို့ပါ။

အခုခေတ် Genz တွေတော့ မသိ၊ ကျနော်တို့ ၉၀ ခုနှစ်နောက်ပိုင်း GenY တွေက ငယ်ငယ်က မြဝတီကလွှင့်တဲ့ တရုတ်သိုင်းကားတွေနဲ့ ကြီးလာရတာပဲ။
+3
အခုခေတ် Genz တွေတော့ မသိ၊ ကျနော်တို့ ၉၀ ခုနှစ်နောက်ပိုင်း GenY တွေက ငယ်ငယ်က မြဝတီကလွှင့်တဲ့ တရုတ်သိုင်းကားတွေနဲ့ ကြီးလာရတာပဲ။ ပြီးတော့ ကျနော်တို့ ခေတ်က စာအုပ်အငှားဆိုင်တွေ ရှိသေးတော့ ငှားခနည်းနည်းနဲ့ တစ်နေ့လုံး မထဘဲ ထိုင်ဖတ်လို့ ရတဲ့ တရုတ်သိုင်းဝတ္ထုအတွဲလိုက်တွေ ရှိသေးတယ်။ ငှားခက တစ်အုပ်ကို တစ်ရက်မှ ၂၀ လားပဲ ပေးရတယ်။ အဲ့ထဲမှာ အဆိုးဆုံးက အခုထိ ဆိုရှယ်မီဒီယာပေါ်မှာ မြင်လိုက်တာနဲ့ ကိုယ့်အသည်းကို ခွဲလိုက်သလို ဖြစ်သွားတဲ့ သိမ်းငှက်သူရဲကောင်း ဇာတ်လမ်းပဲ။ ပထမ ဇာတ်လမ်းတော့ မဟုတ်ဘူးပေါ့။ သူက ဒုတိယတွဲ Return of the Condor Heroes ဆိုတာ။ မက်မုံပင်ကြီးအောက်မှာ ဂူဂူးတစ်ယောက် မျက်လုံးကို ပုဝါစည်းပြီး အကြောပိတ်ခံထားရတဲ့ အခန်းလေ။ မြင်လိုက်ရတာနဲ့ ဟိုဘဲကို ဆဲချင်လာရော။ (ဂူဂူးဆိုတာ မြန်မာလိုဆို အန်တီ၊ ဒါမှမဟုတ် ဒေါ်ဒေါ်လို့ အဓိပ္ပာယ်ရမှန်းကိုလည်း ဟိုတရက်ကမှ သိတာ)

Artists Who Changed History (Andrew Graham Dixon).epub271.10 MB

DK က ထုတ်ထားတဲ့ ဒီစာအုပ်လေးမိုက်လို့။ ဒီချယ်နယ်ထဲမှာက မိုနေး၊ ဖရီဒါခါလို၊ ဗန်ဂိုး အဲ့လို ပန်းချီဆရာတွေရဲ့ လက်ရာ စာအုပ်တွေလည်း
+6
DK က ထုတ်ထားတဲ့ ဒီစာအုပ်လေးမိုက်လို့။ ဒီချယ်နယ်ထဲမှာက မိုနေး၊ ဖရီဒါခါလို၊ ဗန်ဂိုး အဲ့လို ပန်းချီဆရာတွေရဲ့ လက်ရာ စာအုပ်တွေလည်း ပို့ပေးပြီးသားပါ။ ခုစာအုပ်ကတော့ ၁၅ ရာစု မတိုင်ခင်ကနေ အခုအထိ ပန်းချီလက်ရာတွေအကြောင်းပါ။ စာအရှည်ကြီးတွေ ဖတ်ရမှာ ပျင်းရင် ခုစာအုပ်က ပုံတွေနဲ့ဆိုတော့ မိုက်တယ်။ screen size ကြီးတဲ့ device မျိုးနဲ့ ဖတ်ရင် ပိုဆင်ပြေမှာပါ။

၁၀ နာရီထိုးလောက်ကတည်းက စပို့ထားတာ အကုန်ပြီးအောင် ရောက်သွားတော့ ၁၂ ခွဲနေပြီ။ ဒါက ဒီချယ်နယ်ထဲမှာ ပို့ပေးထားတဲ့ The New Yorker မဂ္ဂဇင်းတွေကို နှစ်အလိုက် လင့်တွေ ပြန်စုထားတာပါ။ အားလုံး ၂၀၁၉ ကနေ ၂၀၂၄ အထိ ၆ နှစ်စာပါ။ တစ်နှစ်ကို အုပ် ၄၀ ပဲ အနည်းလေးထားဦး၊ အားလုံး အုပ် ၂၄၀ ရှိပါလိမ့်မယ်။ ၂၀၁၉ https://t.me/readerlesspoetrybook/3288 ၂၀၂၀ https://t.me/readerlesspoetrybook/9546 ၂၀၂၁ https://t.me/readerlesspoetrybook/9585 ၂၀၂၂ https://t.me/readerlesspoetrybook/4853 ၂၀၂၃ https://t.me/readerlesspoetrybook/9637 ၂၀၂၄ https://t.me/readerlesspoetrybook/8385 btw ဒီချယ်နယ်ထဲမှာ ပို့ပေးထားတဲ့ စာအုပ်စာတမ်းဖိုင်ပေါင်း စုစုပေါင်း အားလုံးဆိုရင် အုပ်ရေ ၅၀၀၀ ကျော်သွားပါပြီ။ ဒါက mini-library စာကြည့်တိုက် တစ်ခုစာ ပမာဏလောက် ရှိမယ် ထင်ပါတယ်။ အေးဆေးဖတ်ကြပါဦး။ ကျေးဇူးပါ။

+7
2023 The New Yorker 5

+9
2023 The New Yorker 4

+9
2023 The New Yorker 3

+9
2023 The New Yorker 2

+9
2023 The New Yorker 1

2023 The New Yorker
+3
2023 The New Yorker

+7
2021 The New Yorker 5

+9
2021 The New Yorker 4

+9
2021 The New Yorker 3

+9
2021 The New Yorker 2

+9
2021 The New Yorker 1