无数据
订阅者
+2224 小时
-197 天
-28930 天
帖子存档
I Am A Running Mate (2025)
***************************
အခုတစ်ခါမှာတော့ ပရိသတ်ကြီးတို့နဲ့ ရင်းနှီးပြီးသား သရုပ်ဆောင်တွေဖြစ်ကြတဲ့
Yoon Hyun Soo, Lee Jung Sic, Choi Woo Sung, Kim Ji Woo ,
Hong Hwa yeon တို့ အဓိကပါဝင်ထားတဲ့ ကျောင်းသား ဟာသကားလေးကို
တင်ဆက်ပေးလိုက်ပါတယ်ရှင် ..
ဇာတ်လမ်းအညွှန်း
************
Se Hoon (Yoon Hyun Soo )ကတော့ စာတော်တဲ့ စံပြကျောင်းသားလေးတစ်ယောက်ပါ
တစ်နေ့ ဘတ်စ်ကားပေါ်မှာ ကံမကောင်းစွာနဲ့ ကြုံတွေ့လိုက်ရတဲ့ အဖြစ်အပျက်တစ်ခုကြောင့်
တစ်ကျောင်းလုံးရဲ့ ဟားတိုက်ခြင်းကို ခံနေရသူတစ်ဦးပေါ့ ..
တေးဂီတသံစုံကျူးအဖွဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Won Dae( Choi Woo Sung) က
သူ့ကို လာမယ့် ကျောင်းကောင်စီရွေးကောက်ပွဲမှာ တွဲဖက်ရွေးကောက်ခံအဖြစ် ပါဝင်ပေးဖို့
တောင်းဆိုခဲ့ပါတယ် ..
သူ့ရဲ့ image ကို အဖတ်ပြန်ဆယ်ဖို့ လိုအပ်နေတဲ့ Se Hoon ကလည်း အဲဒီတောင်းဆိုချက်ကို
လက်ခံလိုက်ပြီးနောက်... သူဟာ Won Dae ရဲ့ 12 ယောက်မြောက် တွဲဖက်ရွေးကောက်ခံသူ
ဖြစ်နေတာကို သိသွားတဲ့အခါ မာနထိခိုက်တယ်လို့ ခံစားရတဲ့အခါမှာတော့ ..
လူအများနဲ့ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေပြီး အထက်တန်းကျကျ နေထိုင်မှုပုံစံကြောင့်
နာမည်ကြီးရေပန်းစားနေတဲ့ Sang Hyun (Lee Jung Shin) နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
အဲဒီလိုနဲ့ပဲ ကျောင်းကောင်စီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း သူ့ရဲ့ ပျက်စီးသွားတဲ့ image ကို
ပြန်လည်အဖတ်ဆယ်သွားနိုင်ဖို့အတွက် ဘယ်လိုတွေ ကြိုးပမ်းသွားမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ
စောင့်ကြည့်ပေးကြပါဦးနော် .. ။
(အညွှန်းကို May Thet Khaing မှ ရေးသားပေးထားပါတယ်)
Episodes: 8
Aired: Jun 19, 2025
Aired On: Thursday
Original Network: TVING
Genres: Comedy, Youth, Drama, Political
Translated by Khin Ni, May Thet, Toe Toe Aung, Theint, Su Sandi & Esther Oo
Encoded by AHtet
