ch
Feedback
APTV

APTV

前往频道在 Telegram

Welcome to APTV ! We used to be Ayadaw Post, but after 4 years of revolutionary journey, we also had to go through some changes like many. But, the stories we reported as a former news media are still on our channels, as our history and milestones.

显示更多
4 108
订阅者
无数据24 小时
-287 天
-13430 天
帖子存档
APTV
4 108
သက်ကြီးရွယ်အိုတွေရဲ့ စိုးရိမ်တုန်လှုပ်မှု၊ ကလေးငယ်တွေရဲ့ ကြောက်ရွံ့ထိတ်လန့်မှု‌၊ သတင်းအချက်အလက် လုံးဝ မရရှိဘဲ လက်နက်သံကို ကြားရတဲ့ အရပ်သားတွေရဲ့ စိုးထိတ်မှုနဲ့ ခုခံစရာနဲ့ အကာအကွယ် မရှိတဲ့အခါ ကူကယ်ရာမဲ့ဖြစ်မှု စတဲ့ ခံစားချက်တွေကို မောင်ချမ်းငြိမ်းတို့ အဲ့ဒီညက ကြုံလိုက်ရတဲ့ ရဲဘော်တွေဟာ နားလည်ခံစားနိုင်ကြပါ့မလား။ ကြပ်မတ်တဲ့ ကွပ်ကဲမှု၊ ပြည့်ဝတဲ့ စစ်စည်းကမ်း၊ မှန်ကန်တဲ့ စစ်သည်တော်ကျင့်ဝတ်၊ တာဝန်ယူမှု/တာဝန်ခံမှုပါဝင်တဲ့ လက်နက်ကိုင်ဆောင်မှု၊ လိုက်နာရမည့် စစ်ရေးထိတွေ့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း (Military Codes of Conduct)တွေအပေါ် ဂရုမစိုက် အလေးမထားကြတဲ့ ကာကွယ်ရေးတပ်ဖွဲ့အချို့ကြောင့် ဒေသခံအရပ်သားပြည်သူတွေဟာ အာဏာသိမ်းမှုအလွန် နောက်ဆက်တွဲ ထိခိုက်မှုတွေကြားကနေ ထပ်မံ စိတ်မောကြရပါတယ်။ တပ်ဖွဲ့တစ်ခုရဲ့ တပ်သားတစ်ယောက်ကြောင့် (သို့မဟုတ်) တပ်သားတွေကြောင့် အရပ်သားပြည်သူတွေ ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရဖြစ်စေ ထိခိုက်ကြရတာဟာ တပ်ဖွဲ့ရဲ့ အုပ်ချုပ်ရေးခေါင်းဆောင်တွေအနေနဲ့ ဖြေရှင်းပေးဖို့ တာဝန်အပြည့်ရှိပါတယ်။ ▪️ အဲဒီနေ့ညက ရွာလယ်ခေါင်မှာ သေနတ်ဖောက်ပြီး ဆိုင်ကယ်နဲ့ ရပ်နေတဲ့ ရဲဘော်နှစ်ယောက်ဆီကို မောင်ချမ်းငြိမ်း အကဲခတ်ဖို့ သွားကြည့်ခဲ့ပါတယ်။ သူတို့ထဲက တစ်ယောက်ဟာ အရက်သောက်ထားလို့ မူးနေပြီး နှစ်ယောက်စလုံးဟာ အနီးအနားက ဘယ်အရပ်သားပြည်သူကိုမှ တောင်းပန်သွားခြင်းမရှိပါဘူး။ ခဏနေတော့ သူတို့တပ်ဖွဲ့က လူတစ်ယောက်က ရွာမှာရောက်နေတဲ့ အထက်ပါလက်နက်ကိုင်ရဲဘော်နှစ်ယောက်ကို လာခေါ်သွားပါတယ်။ အဲဒီလူဟာလည်း ရှေ့က နှစ်ယောက်လိုပဲ၊ ဘယ်အရပ်သားပြည်သူကိုမှ တောင်းပန်တာ၊ မကြောက်လန့်ဖို့ နှစ်သိမ့်တာမျိုး လုံးဝ ပြုလုပ်မသွားခဲ့ပါဘူး။ မောင်ချမ်းငြိမ်းအနေနဲ့ အဲဒီအဖြစ်အပျက်ကြောင့် အစာစားချင်စိတ်ပျောက်‌ဆုံးသွားခဲ့ပါတယ်။ အားလုံး အိမ်ပြန်ဝင်ကြချိန် စားပွဲဝိုင်းပေါ်က ကြာဇံဟင်းခါးတွေလည်း ပူနွေးမနေတော့ဘဲ ဆောင်းညနဲ့အပြိုင် အေးစက်နေပါတော့တယ် ။ အဲဒီလိုပဲ လွန်ခဲ့တဲ့ နာရီဝက်ခန့်က စိုပြည်နေတဲ့ စကားဝိုင်းလေးဟာလည်း အေးစက်သွားခဲ့ပါပြီ ။ ပန်းကန်တွေကို သိမ်းပြီး ညအိပ်ယာအဝင်မှာတော့ ကြောက်ရွံ့စိတ်က တစ်ဖက်၊ ဒေါသက တစ်ဖက်နဲ့ စိတ်ဖိစီးမှုဒဏ်ကြောင့် မောင်ချမ်းငြိမ်းအနေနဲ့ လက်ဖျားတွေ တုန်ယင်လို့ နေပါတယ်။ ▪️ "သေနတ်သံတွေ ကြားရတယ်။ အရေးပေါ် အိတ်ကိုယူ။ ခြံတံခါးဆီ အမြန်သွား။ ဖုန်းနဲ့ ဆေးအိတ်ကို မမေ့စေနဲ့။ မြန်မြန် မြန်မြန် ပုန်း ။" အဲ့ဒီညသန်းခေါင်မှာ စိတ်မောဖွယ်ရာ အိပ်မက်ဆိုးတစ်ခုကနေ အော်ဟစ်ရင်း ထိတ်လန့်တကြား နိုးလာတော့ မောင်ချမ်းငြိမ်းရဲ့ ပတ်လည်က ကမ္ဘာကြီးဟာ ငြိမ်သက်နေလေရဲ့ ။ ရေထသောက်ပြီး အိပ်ယာဆီ အပြန်မှာ မောင်ချမ်းငြိမ်းဟာ အိပ်ယာဘေးက အရေးပေါ်အိတ်ကို ကိုင်ကြည့်ကာ သက်ပြင်းရှည်ကြီး ချပစ်လိုက်တော့တယ်။ မောင်ချမ်းငြိမ်းရဲ့ အိပ်ပျော်ဖို့ခက်တဲ့ အတွေးထဲမှာ မေးခွန်းတစ်ခုဟာ ထပ်ကာ ထပ်ကာ ပေါ်နေတယ်။ ဖတ်ဖူးတဲ့ ကဗျာရှည်တစ်ပုဒ်ထဲက "သူရဲကောင်းဆိုတာ ဓါးမထုတ်ခင် သေချာစဥ်းစားတတ်ကြတယ်" ဆိုတဲ့ စကားကို ဘယ်သူရဲကောင်းကို ပြောလို့ရမလဲ။ ◾ ◽ ပုံပြင် (သတင်းဆောင်းပါးရေးသားသူ 'ပုံပြင်' သည် အသက်မွေးဝမ်းကြောင်းတက္ကသိုလ်တခုမှ CDM ပြုလုပ်ထားသော တတိယနှစ် ကျောင်းသားတစ်ဦးဖြစ်သည်။ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့ပြီး အညာဒေသကို အခြေပြု၍ လူထုတော်လှန်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိသည်။) Join Our Telegram : https://t.me/aptvburma Subscribe Our Youtube : https://youtube.com/@aptvburma APTV သို့ ကိုယ်တိုင်ရေးစာမူများ ပေးပို့နိုင်ပါသည်။ #APTV #APTVBURMA

APTV
4 108
ဘာအသံလဲ ◾ APTV | ဆောင်းပါး (ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများ၏ အမည်များကို လွှဲပြောင်းဖော်ပြထားပါသည်) အညာဒေသ၊ ကျေးရွာတစ်ရွာရဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ စတုဒိသာအဖြစ် ဝေမျှတဲ့ ကြာဇံဟင်းကို သောက်ဖို့ မောင်ချမ်းငြိမ်းတို့ ပြင်ဆင်နေကြပါတယ်။ ဆောင်းညအေးအေးမှာ အိမ်နီးချင်းအဒေါ်ကြီးရယ်၊ ဘေးအိမ်က ကလေးရယ်အတွက် ပူပူနွေးနွေး ခပ်ပေးပြီးတဲ့နောက်မှာ ကိုယ်တိုင်သောက်ဖို့အတွက်လည်း မောင်ချမ်းငြိမ်းက တစ်ပန်းကန် ခပ်လိုက်ပါတယ်။ ကြာဇံဟင်းသောက်ဖို့ ဇွန်းကိုင်လိုက်ချိန်မှာတော့ မောင်ချမ်းငြိမ်းတို့ ကိုင်ထားတဲ့ ဇွန်းကို လွှတ်ချလို့ အရေးပေါ်ပစ္စည်းထုတ်နဲ့ ဖုန်းကို ကိုင်ပြီး ထွက်ပေါက်ရှိရာ ခြံစည်းရိုးဘက်ဆီ ကမန်းကတန်း ပြေးလွှားလိုက်ကြရပါတယ်။ မောင်ချမ်းငြိမ်းသာမက တစ်ရွာလုံးက လူကြီး လူငယ်တွေပါ တောအုပ်ရှိရာ ရွာပြင်ဘက်ဆီကို အလန့်တကြားနဲ့ ပြေးလွှားပုန်းခိုလာကြပါတယ်။ မြောက်ပြန်လေမှာတောင် မတုန်ချမ်းခဲ့တဲ့ ကလေးတစ်ယောက်ဟာလည်း မောင်ချမ်းငြိမ်းရဲ့ ဘေးမှာ တဆတ်ဆတ် တုန်ခါနေပါတယ်။ အရှေ့ဘက်အိမ်က အဘွားဟာလည်း တောင်ဝှေးတစ်ချောင်းကို ထောက်လို့ တုန်တုန်ခါခါ ပြေးထွက်လာပါတယ်။ အေးချမ်းလှတဲ့ ဆောင်းရာသီညမှာ မောင်ချမ်းငြိမ်းတို့ ရွာကလေးဟာတော့ မအေးချမ်းနိုင်ရှာတော့ပါဘူး။ ထိတ်လန့်မှုကြောင့် တဆတ်ဆတ်တုန်နေတဲ့ မောင်ချမ်းငြိမ်းရဲ့ လက်ဖျားတွေဟာ ဖုန်းမျက်နှာပြင်က နံပါတ်တွေကို နှိပ်နိုင်ဖို့တောင် မနည်းကြိုးစားနေရပါတယ်။ မကြာခင်က ရွာကနေ အနီးကပ်ကြားလိုက်ရတဲ့ သေနတ်ပစ်ဖောက်သံ (၇)ချက်က ရွာထဲက အရပ်သားပြည်သူတွေဆီ ထိတ်လန့်စေတဲ့ အခုလို ဝရုန်းသုန်းကား အခြေအနေတွေကို လက်ဆောင်ပေးလိုက်တာ ဖြစ်ပါတယ်။ သေနတ်သံထွက်ပေါ်လာရာနဲ့ ဆန့်ကျင်ဘက်ဆီကို တစ်ရွာလုံးက သက်ကြီးရွယ်အိုတွေပါ စိုးရိမ်မှုအပြည့်နဲ့ ရောက်ရှိလာကြပြီး ရွာထဲကို ရောက်လာမယ့် အခြေအနေကို စောင့်ကြည့်လို့ ဆက်ပြေးနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ ▪️ မောင်ချမ်းငြိမ်းတို့ရွာလို အညာက ရွာကလေးတွေမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှု ငြိမ်သက်တဲ့အခါမျိုးလေးတွေမှာမှ အရပ်သားပြည်သူတွေအနေနဲ့ ဒါနပြုတဲ့ အလှူပွဲ၊ ပျော်ပွဲရွှင်ပွဲလေးတွေကို လုပ်ရဲကြတာ ဖြစ်ပါတယ်။ ဒီကနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာလည်း စစ်ကောင်စီရဲ့ လှုပ်ရှားမှုမကြားရတာကြောင့်သာ မောင်ချမ်းငြိမ်းတို့ ရွာက အရပ်သားပြည်သူတွေမှာ ရိုးရာမပျက် တန်ဆောင်တိုင် စတုဒိသာနဲ့ မီးထွန်းပွဲလေးတွေ လုပ်ရဲတာဖြစ်ပြီး မပျော်နိုင်တဲ့ စစ်ပွဲတွေကြားက ကြောက်ရွံ့ခြင်းတွေနဲ့ မွန်းကျပ်မှုတွေကို စွန့်စားပြီး ပျော်ရွှင်ကြရတာ ဖြစ်ပါတယ်။ အခုတော့ ဒီသေနတ်သံ (၇)ချက်ဟာ ဒီအပျော်တွေကို ခြိမ်းခြောက်နှင်ထုတ်ဖျက်ဆီးပစ်လိုက်ပါပြီ။ ရွာအစွန်က မှောင်ရိပ်ထဲမှာတော့ ကလေးလူငယ်သက်ကြီးရွယ်အိုတွေဟာ ရွာတွင်းက အခြေအနေကို တိုးတိုးတိတ်တိတ် စောင့်ကြည့်နေကြပြီး ရွာထဲကို စစ်ကောင်စီစစ်ကြောင်းရောက်လာတော့မလား ဆိုတဲ့ စိုးရိမ်မှုအပြည့် ရှိနေပါတယ်။ အခြေအနေအရ ဆက်လက် တိမ်းရှောင်ဖို့ကိုလည်း အင်မတန် ချမ်းအေးလွန်းတဲ့ ဆောင်းညမှာ ပြင်ဆင်နေကြပါတယ်။ မကြာခင်မှာပဲ ဒီသေနတ်သံ ဘယ်က ဘယ်လို ထွက်ပေါ်လာတယ်ဆိုတာကို အဖြေသိလိုက်ကြရပါတယ်။ ▪️ ရေလဲလုံချည်ခါရင်တောင် သေနတ်သံနဲ့ ဆင်တူတဲ့ အသံထွက်မှာစိုးလို့ လုံချည်မခါတော့တဲ့၊ သံတခါး ပြင်းပြင်းပိတ်ရင်တောင် လက်နက်ကြီးသံနဲ့ ဆင်တူတဲ့ အသံထွက်မှာစိုးလို့ ညင်ညင်သာသာ ပိတ်ကြတဲ့ မောင်ချမ်းငြိမ်းတို့ရဲ့ ရွာထိပ်အရောက်မှာကတည်းက ကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ တပ်ဖွဲ့ဝင်လူငယ်နှစ်ယောက်က ‌ သေနတ်ပစ်ဖောက်ခဲ့ပြီး အရပ်သားတွေ နေထိုင်တဲ့ ရွာလည်ခေါင်မှာလည်း ရပ်တန့်ကာ ထပ်မံ ပစ်ဖောက်လိုက်ကြတာ ဖြစ်ပါတယ်။ အဲဒီနေ့ညက ကျေးရွာအခြေအနေက အနီးအနားမှာ စစ်ကြောင်းလှုပ်ရှားမှုလည်း ရှိမနေခဲ့သလို အရပ်သားပြည်သူကို ကာကွယ်ပေးရဖို့ လက်နက် ပစ်ဖောက်ရမယ့် အခြေအနေမျိုးလည်း ရှိမနေခဲ့ပါဘူး။ အာဏာသိမ်းပြီးကာလကတည်းက မောင်ချမ်းငြိမ်းတို့ ရွာကလေးဟာ သေနတ်ပစ်ဖောက်သံတွေကြောင့် မကြာခဏ ပြေးလွှားတိမ်းရှောင်ခဲ့ကြရပါတယ်။ သေနတ်သံကို ကြားတိုင်း ဒေသခံအရပ်သားပြည်သူတွေမှာ ကြုံတွေ့ခဲ့ရဖူးတဲ့ ဒီလို ရင်မောစရာ မှတ်ဉာဏ်တွေဟာ ပြန်ပြန် ပေါ်လာပါတယ်။ ▪️ တကယ်တော့ မောင်ချမ်းငြိမ်းတို့ ဒေသမှာ ကြိုတင် အသိပေးထားခြင်းမရှိတဲ့ လက်နက် စမ်းသပ်မှုတွေ၊ ပစ်ဖောက်မှုတွေ၊ ဖောက်ခွဲမှုတွေကြောင့် ဒေသခံ အရပ်သားပြည်သူတွေကို ကြောက်လန့်မောဟိုက်ရစေတဲ့ ဖြစ်စဉ်မျိုးဟာ အခု တစ်ကြိမ်တည်း မဟုတ်ပါဘူး။ သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့် စတဲ့ ကာလတွေမှာ အညာက လက်နက်ကိုင်တပ်ဖွဲ့အချို့ဟာ ဗျောက်အိုးအစား စစ်လက်နက်ပစ္စည်းတွေ ဖြစ်တဲ့ သေနတ်ကျည်ဆန် ပစ်ဖောက်တာနဲ့ မိုင်းဖောက်ခွဲတာမျိုးတွေကို လုပ်ဆောင်လာကြတာဟာ ဒီတစ်ခါတည်းသာ မဟုတ်ပါဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်လက်နက်ပစ္စည်းကိုင်ဆောင်အသုံးပြုမှုဆိုင်ရာစည်းမျဥ်းစည်းကမ်းတွေကို လိုက်နာခြင်း မရှိဘဲ ရမ်းကားပစ်ခတ်ဖောက်ခွဲမှုတွေဟာ ဒေသခံအရပ်သားပြည်သူများအပေါ် စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်ထိခိုက်မှုများစွာ ဖြစ်နေစေပါတယ်။

APTV
4 108
photo content

APTV
4 108
အရာတော်မြို့အရှေ့ဖက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသဖြင့် ရွှေဘို - အရာတော် - မုံရွာလမ်းကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ထား ဒီဇ
အရာတော်မြို့အရှေ့ဖက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသဖြင့် ရွှေဘို - အရာတော် - မုံရွာလမ်းကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ထား ဒီဇင်ဘာ ၁၀ | အရာတော် ယနေ့ ဒီဇင်ဘာ ၁၀ ရက်၊ မွန်းလွဲ ၁ နာရီကျော်တွင် အရာတော်မြို့၏ အရှေ့ဖက်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲဖြစ်နေသဖြင့် ရွှေဘို - ဝက်လက် - အရာတော်လမ်းပိုင်းနှင့် အရာတော် - မုံရွာလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း မပြုကြရန် သတိပေးထားကြောင်း သိရှိရသည်။ ဓာတ်ပုံ - အရာတော်၊ မုံရွာလမ်းပိုင်း Google မြေပုံ #BreakingNews #Ayadaw #APTV

APTV
4 108
Welcome to APTV ! We used to be Ayadaw Post, but after almost 4 years of revolutionary journey, we also had to go through some changes like many did. But, the stories we reported as a former news media are still on our channels, as our history and milestones. And they will be a testament for how we have grown and are still going strong. We are APTV, where the past meets the future, and ideas ignite transformation. We aim to be a catalyst of a cultural renaissance, of an intellectual revolution, and of profound change. Our mission is clear: to challenge, to provoke, and to inspire. With stories that shape societies, voices that spark movements, and perspectives that dare to question, APTV is your platform for the bold, the brave, and the brilliant. This is more than media. This is a movement. The world is changing—let’s change it together. #APTV

APTV
4 108
THIS IS NOT A GOODBYE! WE WILL BE BACK, SOON. #AyadawPost

APTV
4 108
ဘုတလင်နယ်၊ နတ်ရွာနှင့် မြင်သာရွာတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးတွဲပျံပြီး ဗုံးကြဲတိုက်ခိုက် အောက်တိုဘာ ၂၇ | မုံရွာ ယနေ့ အောက်တိုဘာ ၂၇ ရက်၊ ညနေ ၅း၄၅ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ နတ်ရွာနှင့် မြင်သာကျေးရွာတို့အနီးတဝိုက်ကို စစ်ကောင်စီတပ်က မိတ္ထီလာ ရှမ်းတဲလေတပ်မှ ပျံတက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးပါ။ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကလည်း အရပ်သားပြည်သူများကို လူမဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်ခြင်း၊ နေအိမ် ၄၀၀ ကျော်ကို မီးတင်ရှို့ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ထားသည်။ အဆိုပါစစ်ကြောင်းသည် ယနေ့ညနေပိုင်းတွင် ဘုတလင်မြို့နယ်၊ ပဲမြစ်တောအရှေ့ရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။ ယခုတခေါက် ဘုတလင်မြို့နယ်တွင်း စစ်ကြောင်းထိုးမှုတွင် ပိုမိုဆိုးရွားလာသော စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ဘုတလင်မြို့နယ်ကျေးရွာများမှ ဒေသခံပြည်သူအများအပြား ထိတ်လန့်ကာ စစ်ဘေးရှောင်တိမ်းနေကြရသည်။ ဓာတ်ပုံ - ယနေ့ ၂၀၂၄၊ အောက်တိုဘာ ၂၇ ရက်တွင် ဘုတလင်မြို့နယ်၊ နတ်ရွာနှင့် မြင်သာကျေးရွာတို့အနီး လေကြောင်းတိုက်ခိုက်ခဲ့သော စစ်ကောင်စီဂျက်ဖိုက်တာ ၂ စီး (Thurain) Subscribe Ayadaw Post on Telegram : https://t.me/ayadawpost #AyadawPost #အရာတော်ပို့စ် #ဘုတလင် #Budalin

APTV
4 108
ဘုတလင်နယ်၊ နတ်ရွာနှင့် မြင်သာရွာတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးတွဲပျံပြီး ဗုံးကြဲတိုက်ခိုက် အောက်တိုဘာ ၂၇ | မုံရွာ
ဘုတလင်နယ်၊ နတ်ရွာနှင့် မြင်သာရွာတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးတွဲပျံပြီး ဗုံးကြဲတိုက်ခိုက် အောက်တိုဘာ ၂၇ | မုံရွာ

APTV
4 108
အရာတော်မြို့နယ်တနေရာတွင် ငွေစက္ကူအတုသုံးစွဲသည်ကို တွေ့ရှိ အောက်တိုဘာ ၁၂ | အရာတော် ပြီးခဲ့သော စက်တင်ဘာလအတွင်းက အရာတော်မြို့နယ်
+3
အရာတော်မြို့နယ်တနေရာတွင် ငွေစက္ကူအတုသုံးစွဲသည်ကို တွေ့ရှိ အောက်တိုဘာ ၁၂ | အရာတော် ပြီးခဲ့သော စက်တင်ဘာလအတွင်းက အရာတော်မြို့နယ်တနေရာရှိ စားသောက်ဆိုင်တဆိုင်တွင် ကျပ်တစ်ထောင်တန် ငွေစက္ကူအတုဖြင့် လာရောက်သုံးစွဲသွားခဲ့သည်။ အဆိုပါ ငွေအတုကို သုံးစွဲသွားသူမှာ မည်သူမှန်း မသိလိုက်ရဘဲ နောက်ကျမှသာ သတိထားမိခဲ့သည်ဟု သတင်းရင်းမြစ်ထံမှ သိရှိရသည်။ လာရောက်သုံးစွဲသော တစ်ထောင်ကျပ်တန်ငွေစက္ကူ အတုမှာ ရိုးရိုးစက္ကူပေါ်တွင် ပုံနှိပ်ထားခြင်းသာဖြစ်ပြီး အချို့နေရာများတွင် မှင်များပါ ပျက်နေသည်ကို တွေ့ရသည်။ ယခုလို ငွေစက္ကူအတုသုံးစွဲမှုအပြင် အရာတော်မြို့နယ်၊ ကျေးရွာအချို့တွင် ခိုးမှုအသေးစားလေးများ ဖြစ်ပွားနေသည်ဟု သတင်းရရှိပြီး တရားမဝင်လောင်းကစားဝိုင်းများနှင့် ဆက်စပ်နေနိုင်ကြောင်း ဒေသခံအချို့က မှတ်ချက်ပေးကြသည်။ Subscribe Ayadaw Post on Telegram : https://t.me/ayadawpost အရာတော်ပို့စ် - Ayadaw Post #AyadawPost #အရာတော်ပို့စ် #အရာတော် #Ayadaw

APTV
4 108
အရာတော်နဲ့ ဘုတလင်နယ်က ကျေးရွာတွေကို မီးဝင်ရှို့ပြီး ဒေသခံတွေကို နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ဖမ်းဆီးခံ စစ်ကောင်စီသုံ့ပန်းများကိုယ်တိုင် ဝန်ခံထွက်ဆိုပြီး ပြည်သူလူထုကို တောင်းပန်ကြောင်းပြော (ရုပ်သံ) စက်တင်ဘာ ၃၀ ရက်၊ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာတိုက်ပွဲမှာ တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများမှ ၎င်းတို့ စစ်ကြောင်းရောက်ခဲ့တဲ့ အရာတော်မြို့နယ်နဲ့ ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို မီးရှို့ခဲ့ပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးကာ နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ကျူးလွန်သူတွေကိုယ်တိုင် ဝန်ခံထွက်ဆိုထားပါတယ်။ Subscribe Ayadaw Post on Telegram : https://t.me/ayadawpost #AyadawPost #အရာတော်ပို့စ် #အရာတော် #Ayadaw

APTV
4 108
အရာတော် - မြင်းမူနယ်အစပ်ကို စစ်ကောင်စီဂျက်ဖိုက်တာက ဗုံးကြဲတိုက်ခိုက် အောက်တိုဘာ ၂ | အရာတော် ယနေ့ အောက်တိုဘာ ၂ ရက်၊ မွန်းလွဲ ၂ နာရီခွဲက အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ်အစပ် ကျေးရွာအချို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။ အရာတော်မြို့နယ်တောင်ပိုင်း၊ ညောင်ပင်ကျေးရွာအနီးတွင် စစ်တပ်ဂျက်ဖိုက်တာမှ ကြဲချခဲ့သော ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိပြီး ဒေသခံပြည်သူများ ထိတ်လန့်နေကြကြောင်း သိရှိရသည်။ ယနေ့ ညနေ ၄ နာရီခန့်ကလည်း အရာတော်မြို့၊ ‌တကရ ၅၀၀၄ တပ်ရင်းအနီးမှ စစ်ကောင်စီတပ်ဖွဲ့များက ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိကြောင်း သတင်းရရှိပြီး မည်သည့်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းကို အတည်မပြုနိုင်သေးပါ။ ဆက်လက်တင်ပြပေးပါမည်။ ရုပ်သံ - Ko Kyaw ၊ ဓာတ်ပုံ - ပေးပို့ Subscribe Ayadaw Post on Telegram : https://t.me/ayadawpost အရာတော်ပို့စ် - Ayadaw Post #AyadawPost #အရာတော်ပို့စ် #အရာတော် #Ayadaw

APTV
4 108
မုံရွာ နမခတွင် စစ်ရဟတ်ယာဉ်များ ထပ်မံရောက်ရှိနေပြီး စစ်ကိုင်းတိုင်းမှ တိုက်ပွဲဖြစ်ပွားသောဒေသများတွင် အသုံးပြုနေ စက်တင်ဘာ ၂၄ | မုံရွာ မုံရွာမြို့အနီးရှိ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တွင် ယခင်က Mi35 စစ်ရဟတ်ယာဉ်တစီးသာ ရှိခဲ့သော်လည်း ယခု စက်တင်ဘာလထဲတွင် ‌Mi17 ထောက်ပို့ရဟတ်ယာဉ် ၄ စီးပါ ထပ်မံရောက်ရှိနေကြောင်း သတင်းရရှိသည်။ တိုက်ပွဲများဖြစ်ပွားလျက်ရှိသော စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နှင့် ပင်လည်ဘူးမြို့တို့ရှိ စစ်ကောင်စီတပ်ရင်း/တပ်ဖွဲ့များထံသို့ နမခ ထပ်မံရောက်ရှိ‌နေသော Mi17 ရဟတ်ယာဉ် ၄ စီးဖြင့် လူ၊ လက်နက်ခဲယမ်း၊ ရိက္ခာများ သွားရောက်ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များအား Mi17 ရဟတ်ယာဉ် ၄ စီးဖြင့် ထောက်ပို့လုပ်ဆောင်ရာတွင် Mi35 ရဟတ်ယာဉ်က လေကြောင်းလုံခြုံရေးလိုက်ပါလေ့ရှိကြောင်း ဒေသခံများက ပြောသည်။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် စစ်ရဟတ်ယာဉ်များ ထပ်မံဖြည့်တင်းထားခြင်းနှင့် ပတ်သက်၍ "ရန်သူက အခုနောက်ပိုင်းမှာ တပ်ပြောင်း/ရွှေ့နဲ့ စစ်ဆင်ရေးတွေမှာ လေကြောင်းကိုပဲ အဓိက အသုံးပြုလာတာတွေ့ရတယ်ဗျ။ လေကြောင်းသတိတော့ ဂရုစိုက်ရမှာပေါ့ဗျာ။" ဟု မုံရွာခရိုင်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တာဝန်ရှိရဲဘော်တဦးက အရာတော်ပို့စ်အား ပြောသည်။ စစ်ကိုင်းတိုင်းမှ ပြည်သူလူထုအနေဖြင့်လည်း လေကြောင်းရန် လုံခြုံရေးသတိရှိကြရန် "လေကြောင်းရန်ကာကွယ်ရေး ဗုံးခိုကျင်းတွေတူးထားဖို့တော့ လိုပြီဗျ။ စကစက သူတို့မနိုင်တော့ရင် ပြည်သူနေအိမ်တွေကို ပစ်မှတ်ထားလာမှာ။" ဟု အဆိုပါ ရဲဘော်က သတိပေးပြောဆိုသည်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် အနီးတဝိုက် ဒေသများရှိ ပြည်သူလူထုမှာလည်း စစ်ရဟတ်ယာဉ်၊ စစ်လေယာဉ်များ ခေါင်းပေါ်မှ ဖြတ်သန်းပျံဝဲနေသည်ကို နေ့စဉ် ကြုံတွေ့နေရပြီဖြစ်သည်။ ဓာတ်ပုံ - စစ်ကောင်စီ၏ Mi17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တစီး (ရန်ကုန်ခေတ်သစ်) Subscribe Ayadaw Post on Telegram : https://t.me/ayadawpost အရာတော်ပို့စ် - Ayadaw Post #AyadawPost #အရာတော်ပို့စ် #အရာတော် #Ayadaw

APTV
4 108
မုံရွာ နမခတွင် စစ်ရဟတ်ယာဉ်များ ထပ်မံရောက်ရှိနေပြီး စစ်ကိုင်းတိုင်းမှ တိုက်ပွဲဖြစ်ပွားသောဒေသများတွင် အသုံးပြုနေ စက်တင်ဘာ ၂၄ |
မုံရွာ နမခတွင် စစ်ရဟတ်ယာဉ်များ ထပ်မံရောက်ရှိနေပြီး စစ်ကိုင်းတိုင်းမှ တိုက်ပွဲဖြစ်ပွားသောဒေသများတွင် အသုံးပြုနေ စက်တင်ဘာ ၂၄ | မုံရွာ Subscribe Ayadaw Post on Telegram : https://t.me/ayadawpost #AyadawPost #အရာတော်ပို့စ် #အရာတော် #Ayadaw

APTV
4 108
Breaking News အရာတော် စ.ခ.တ (၁၀)မှ ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ ၊ ကျောက်တိုင်အနီးတွင်လည်း ကားများကို တားဆီး
Breaking News အရာတော် စ.ခ.တ (၁၀)မှ ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ ၊ ကျောက်တိုင်အနီးတွင်လည်း ကားများကို တားဆီးစစ်ဆေးမှုများရှိ စက်တင်ဘာ ၂၄ | အရာတော် ယနေ့ စက်တင်ဘာလ ၂၄ ရက် နေ့လည်ပိုင်းတွင် အရာတော်မြို့ စ.ခ.တ (၁၀)တပ်မှ ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေ‌ေသာ‌ေကြာင့် ဒေသခံပြည်သူများ စိုးရိမ်‌ေနလျက်ရှိသည်။ ယနေ့နံနက်ပိုင်းကလည်း အရာတော်မြို့ ကျောက်တိုင်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖြတ်သန်းသွား‌လာသော ကားများကို တားဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရှိရသည်။ စ.ခ.တ (၁၀)အတွင်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏဆိုသလို ပြုလုပ်နေခြင်းကြောင့် မြို့နယ်တွင်းရှိ ကျေးရွာများမှ အရပ်သားများနှင့် ကျွဲ၊နွား၊တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုများရှိပြီး နေအိမ်၊အဆောက်အအုံ ထိခိုက်ပျက်စီးမှုများလည်း ရှိနေသည်။ ဆက်လက်တင်ပြပေးပါမည်။ Subscribe Ayadaw Post on Telegram : https://t.me/ayadawpost သတင်းများပေးပို့ရန် ကင်းထောက်ချယ်နယ် : https://t.me/ayadawscouts #AyadawPost #အရာတော်ပို့စ် #အရာတော် #ဟောင်ဝစ်ဇာ

APTV
4 108
စစ်ကောင်စီတပ်များက မုံရွာလမ်းအတိုင်းသွားလာစဉ် လမ်းတလျှောက်ကျေးရွာများမှ နေအိမ်(၁၂)လုံးကို မီးတင်ရှို့ခဲ့ စက်တင်ဘာ ၁၁ | အရာတော် စက်တင်ဘာ ၉ ရက်နေ့က အရာတော် - မုံရွာလမ်းတွင် ဖြတ်သန်းသွားလာခဲ့သော စစ်ကောင်စီတပ်များသည် အရာတော်မြို့နယ်၊ ဆူးလေကုန်းကျေးရွာမှ ပြည်သူ့နေအိမ်(၁၁)လုံးနှင့် တုံးတင်ကန်ကျေးရွာမှ ပြည်သူ့နေအိမ်(၁)လုံးကို မီးရှို့သွားခဲ့ကြောင်း သတင်းရရှိသည်။ နေအိမ်များကို ပြာကျသည်ထိ ရည်ရွယ်ချက်ရှိရှိ မီးတင်ရှို့သွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ အသုံးပြုခဲ့သော မီးတုတ်များကိုလည်း တွေ့ရှိရသည်ဟု ဒေသခံတဦးထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များက ဆူးလေကုန်းကျေးရွာရှိ နေအိမ်များမှ ၎င်းတို့ လိုချင်သည့်ပစ္စည်းများလည်း ယူငင်သွားပြီး နေအိမ်တစ်အိမ်မှဆိုလျှင် စက်ဘီးတစ်စီးပါ,ပါသွားသည်ဟု သိရသည်။ နေအိမ်အချို့တွင် စစ်ကောင်စီတပ်သားများက မြေကြီးများတူးပြီး တစုံတရာကို ရှာဖွေထားသည်ကိုလည်း တွေ့ရကြောင်း ဒေသခံက ပြောသည်။ အရာတော် - မုံရွာလမ်းတလျှောက်ကို အရာတော်မြို့မှ လာသောစစ်ကောင်စီတပ်များနှင့် မုံရွာမြို့မှ စစ်ကောင်စီတပ်များ ခြေချင်းလိမ်အောင်သွားလာနေသည့် လွန်ခဲ့သောရက်များတွင် စစ်ကောင်စီတပ်ဖွဲ့များက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့သော အရပ်သားပြည်သူအချို့လည်း ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်ဟု သတင်းရရှိပါသည်။ ဆက်လက်တင်ပြပေးပါမည်။ ဓာတ်ပုံ - လွန်ခဲ့သော ဧပြီလ(၁၃)ရက်က အရာတော်မြို့နယ်၊ ဝါးတောမကျေးရွာကို စစ်ကောင်စီတပ်များက မီးရှို့နေစဉ် Subscribe Ayadaw Post on Telegram : https://t.me/ayadawpost #AyadawPost #အရာတော်ပို့စ် #အရာတော် #Ayadaw

APTV
4 108
စစ်ကောင်စီတပ်များက မုံရွာလမ်းအတိုင်းသွားလာစဉ် လမ်းတလျှောက်ကျေးရွာများမှ နေအိမ်(၁၂)လုံးကို မီးတင်ရှို့ခဲ့ စက်တင်ဘာ ၁၁ | အရာတော
စစ်ကောင်စီတပ်များက မုံရွာလမ်းအတိုင်းသွားလာစဉ် လမ်းတလျှောက်ကျေးရွာများမှ နေအိမ်(၁၂)လုံးကို မီးတင်ရှို့ခဲ့ စက်တင်ဘာ ၁၁ | အရာတော်

APTV
4 108
အရာတော် - မုံရွာလမ်းမှ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကား ၃ စီး ပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိ စက်တင်ဘာ ၁၀ | မုံရွာ မနေ့ စက်တင်ဘာ ၉ ရက်က မုံရွာမြို့မှ အရာတော်မြို့နယ်သို့ ဦးတည်ထွက်လာသော စစ်ကား ၁၇ စီးပါ စစ်ယာဉ်တန်းကို မိုင်းအများအပြားနှင့် တူမီးပြောင်းလက်နက်ကြီးများ အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ စစ်ကား ၃ စီး နေရာတင် ထိုးရပ်၍ ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ကြောင်း Ayadaw Rocket LPDF က သတင်းထုတ်ပြန်ထားသည်။ တိုက်ခိုက်ခံ စစ်ယာဉ်တန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များတင်ဆောင်လာသည့်အပြင် သံပြားကာကား၊ စားနပ်ရိက္ခာကား၊ ဆီကားစသည်များလည်း ပါဝင်ကြောင်း သိရသည်။ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်ဟု Ayadaw Rocket LPDF က ပြောသည်။ အဆိုပါ တိုက်ခိုက်ခံရသော စစ်ယာဉ်တန်းသည် အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာတွင် ခေတ္တရပ်တန့်နေပြီးမှ ကားအချို့မှာ အမတ(၃၆၉) - သစ်ကျင်းကြီးအမြောက်တပ်ဟောင်းဘက်သို့ ထွက်ခွာသွားပြီး ညနေပိုင်းတွင် စစ်ယာဉ်တန်းမှာ အရာတော်မြို့တွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။ မိုင်းထိပျက်စီးသွား၍ မောင်းနှင်မရသော စစ်ကားများကိုလည်း အခြားယာဉ်များဖြင့် ‌ဆွဲယူလာခဲ့သည်ဟု မျက်မြင်ဒေသခံအချို့ထံမှ သိရသည်။ မုံရွာဘက်မှ အရာတော်မြို့သို့ လာရောက်သော တိုက်ခိုက်ခံ စစ်ကောင်စီယာဉ်တန်းသည် အရာတော်မြို့၊ စခတ(၁၀)တပ်ရင်းသို့ ဝင်ရောက်သွားပြီးနောက် ယာဉ်အလွတ်အချို့ မုံရွာဘက်သို့ ပြန်လည်ထွက်ခွာထားကြောင်း နောက်ဆက်တွဲသတင်းရရှိထားသည်။ ယနေ့ စက်တင်ဘာ ၁၀ ရက်၊ နံနက် ၁၀ နာရီမှစ၍ အရာတော် - မုံရွာလမ်းကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ စက်တင်ဘာ ၄ ရက်နေ့က အရာတော် - မုံရွာလမ်းပိုင်းတွင် မိုင်းရှင်းလင်းရေးလုပ်နေသော စစ်ကောင်စီတပ်ဖွဲ့များကိုလည်း လက်နက်ကြီးနှင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Ayadaw Rocket LPDF က ထုတ်ပြန်ထားသည်။ နယ်မြေရှင်းလင်းနေသော စစ်ကောင်စီတပ်ဖွဲ့များသည် ဒေသခံပြည်သူအချို့ကိုလည်း ဖမ်းဆီးခဲ့သေးကြောင်း သိရသည်။ အရာတော်မြို့၊ စခတ(၁၀)တပ်ရင်းမှ ထွက်လာသော အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ တိုက်ခိုက်မှုကြောင့် အထိအခိုက်များပြားနိုင်ပြီး ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်သေးကြောင်း ဖော်ပြထားသည်။ ထိခိုက်ဒဏ်ရာရသော စစ်ကောင်စီတပ်သားများကို အမတ(၃၆၉)တပ်ဘက်သို့ သယ်သွားပြီး မိမိတို့ တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း Ayadaw Rocket LPDF က ပြောသည်။ စက်တင်ဘာ ၅ ရက်၊ ညပိုင်းက အရာတော် - မုံရွာလမ်းပေါ်ရှိ ကျွန်းဖိုပင်ကျေးရွာမှ အနောက်ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့များအားလည်း တိုက်ခိုက်ခဲ့သေးကြောင်း တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ယခု စစ်ဆင်ရေးကို Ayadaw Rocket LPDF, Eagle Brother တပ်ဖွဲ့၊ မုံရွာခရိုင် PDF တပ်ရင်း ၂၁ (တပ်ခွဲ ၃)၊ မုံရွာခရိုင် PDF တပ်ရင်း ၂၄ နှင့် BGS Ayadaw Drone Force ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု သိရပါသည်။ ရုပ်သံ - အရာတော် မုံရွာလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်နေစဉ် (Ayadaw Rocket LPDF) Subscribe Ayadaw Post on Telegram : https://t.me/ayadawpost အရာတော်ပို့စ် - Ayadaw Post #AyadawPost #အရာတော်ပို့စ် #အရာတော် #Ayadaw

APTV
4 108
အရာတော် - မုံရွာလမ်းမှ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကား ၃ စီး ပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိ စက်တင်ဘာ ၁၀ | မုံရွာ

APTV
4 108
ရိက္ခာလာပို့သော စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကား ၂ စီး ထိမှန်ပျက်စီး စက်တင်ဘာ ၉ | အရာတော် ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းက ရိက္ခာနှင့် ဆီပေပါများတင်ဆောင်လာသော စစ်ကား ၁၆ စီးပါ ယာဉ်တန်းက မုံရွာမြို့မှ အရာတော်မြို့ဖက်သို့ ထွက်ခွာလာခဲ့ရာ အရာတော်-မုံရွာကားလမ်းပေါ်တွင် တော်လှန်ရေးအင်အားစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ မိုင်းဆွဲခံရချိန်တွင် စစ်ကား ၂ စီး ထိမှန်ပျက်စီးသွားသဖြင့် အခြားစစ်ကားများနှင့် ချိတ်ဆက်ဆွဲယူကာ စ.ခ.တ (၁၀)အတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။ ရိက္ခာပို့ပြီးနောက် အဆိုပါ စစ်ယာဉ်တန်းသည် မိုင်းထိမှန် ပျက်စီးသွားသော စစ်ကား ၁ စီးကို ချန်ထားခဲ့ကာ ကျန် ၁၅ စီးဖြင့်သာ ပြန်လည်ထွက်ခွာသွားခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံး၊ထိခိုက်မှု ရှိ၊မရှိကို အတည်ပြု၍ မရနိုင်သေးပါ။ ယခင်နေ့များက စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရာတော်-မုံရွာလမ်းတလျှောက် စစ်ကြောင်းထွက်ချိန်တွင် သေနတ်များ ရမ်းသန်းပစ်ခတ်မှုကြောင့် လမ်းဘေးဝဲယာရှိ ကျေးရွာများမှ လူနေအိမ်အချို့ သေနတ်ကျည်ထိမှန်မှုများ ရှိခဲ့ကြောင်းလည်း သိရှိရသည်။ Subscribe Ayadaw Post on Telegram : https://t.me/ayadawpost သတင်းများပေးပို့ရန် ကင်းထောက်ချယ်နယ် : https://t.me/ayadawscouts #AyadawPost #အရာတော်ပို့စ် #စစ်ကြောင်း #မိုင်းဆွဲ

APTV
4 108
ရိက္ခာလာပို့သော စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကား ၂ စီး ထိမှန်ပျက်စီး စက်တင်ဘာ ၉ | အရာတော်
ရိက္ခာလာပို့သော စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကား ၂ စီး ထိမှန်ပျက်စီး စက်တင်ဘာ ၉ | အရာတော်