Saya Sithu Htet
前往频道在 Telegram
📈 Telegram 频道 Saya Sithu Htet 的分析概览
频道 Saya Sithu Htet (@essentialsayasithuhtet) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 32 876 名订阅者,在 教育 类别中位列第 5 808,并在 缅甸 地区排名第 4 258 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 32 876 名订阅者。
根据 19 五月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -183,过去 24 小时变化为 0,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 0%。内容发布后 24 小时内通常能获得 N/A% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 0 次浏览,首日通常累积 0 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 0。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“English for Teachers and Students”
凭借高频更新(最新数据采集于 20 五月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 教育 类别中的关键影响点。
32 876
订阅者
无数据24 小时
-297 天
-18330 天
帖子存档
32 876
Great Writing စာအုပ်တွဲတွေက Foundation ပါ ထည့်ရေမယ်ဆိုရင် စုစုပေါင်း ခြောက်အုပ်ရှိပါတယ်။
လေ့ကျင့်ခန်းများများနဲ့ အခြေခံကစပြီး လေ့လာလို့ရတဲ့ စာအုပ်တွေမို့ အချိန်ယူပြီး သေချာသင်ပေးတာ၊ လေ့ကျင့်တာဆိုရင် အကျိုးရှိပါတယ်။ တော်တော်များများ သိကြတဲ့ စာအုပ်ပါ။
ခု နောက်ဆုံးထွက် 5th edition စာအုပ်တွေကို လွယ်လွယ်ကူကူ Download ယူနိုင်အောင် Telegram ကနေ တင်ပေးထားပါတယ်။
Foundation
https://t.me/essentialSayaSithuHtet/1000
1
https://t.me/essentialSayaSithuHtet/1001
2
https://t.me/essentialSayaSithuHtet/1002
3
https://t.me/essentialSayaSithuHtet/1003
4
https://t.me/essentialSayaSithuHtet/1004
5
https://t.me/essentialSayaSithuHtet/1005
32 876
"Preparatory it"
တချို့ကျောင်းသားတွေက ဝါကျအစမှာတွေ့တဲ့ စကားလုံးတွေကို Subject လို့ပဲ ပုံသေမှတ်တတ်ပါတယ်။ ဒါပေမဲ့ ဘယ်ဟုတ်နိုင်ပါ့မလဲ။ ဝါကျတစ်ခုက ဘာအကြောင်းကို အဓိက ပြောချင်တာလဲ။ အဲဒီအကြောင်းအရာက Subject ပါ။
“မင်းနဲ့စကားပြောရတာ ကောင်းတယ်” ဆိုပြီး ပြောတယ်ဆိုပါတော့။ ဘယ်အကြောင်းအရာကို ပြောချင်တာလဲ။
“မင်းနဲ့ စကားပြောရတာ” ပေါ့။ အင်္ဂလိပ်လို to talk to you လို့ ရေးနိုင်တယ်။ “ကောင်းတယ်” ဆိုတာကတော့ is good လို့ ပြောမယ်။ ဒါဆိုရင် To talk to you is good. လို့ ရေးနိုင်မလား။ ရေးရင်တော့ မှားတယ်လို့မပြောနိုင်ပါဘူး။ ဒါပေမဲ့လည်း ဝါကျတစ်ကြောင်းရဲ့ Subject က infinitive ပုံစံဖြစ်နေရင် (ဆိုလိုတာက to + verb တစ်ခုရဲ့ အခြေခံပုံစံဖြစ်နေရင်) အဲဒါကို ဝါကျရဲ့ရှေ့မှာ ထားလေ့မရှိပါဘူး။
ဒါဆိုရင် ဘာလုပ်သလဲ။ preparatory subject နဲ့ စပြီး infinitive ကို နောက်မှာထားလေ့ရှိပါတယ်။ (preparatory ဆိုတာက “အကြိုဖြစ်သော” လို့ ဆိုလိုပါတယ်။)
Preparatory it က be+adjective/ noun ပုံစံတွေနဲ့ အတွေ့ရများပါတယ်။
It’s nice to talk to you.
မင်းနဲ့စကားပြောရတာ ကောင်းတယ်။ (ဒီလိုပြောတာက To talk to you is nice. လို့ပြောတာထက် ပိုပြီး သဘာဝကျတယ်)
နောက်ထပ်ဝါကျတွေကို လေ့လာကြည့်ပါဦး။
It was stupid of you to leave the door unlocked.
မင်း တံခါးကို သော့မခတ်ဘဲထားခဲ့တာ မိုက်တာပဲ။
It’s important to book in advance.
ကြိုပြီး နေရာမှာထားဖို့ အရေးကြီးတယ်။
It’s my ambition to run a three-hour marathon.
သုံးနာရီကြာတဲ့ မာရသွန်ပြိုင်ပွဲမှာ ဝင်ပြေးဖို့က ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ပဲ။
It upsets me to hear people arguing all the time.
လူတွေ တစ်ချိန်လုံး ငြင်းခုံနေတာကို ကြားရတာ ငါစိတ်မချမ်းသာဘူး။
Preparatory subject နဲ့ for+object+infinitive ပုံစံလည်း ဖြစ်နိုင်ပါတယ်။။
It will suit me best for you to arrive at about ten o’clock.
မင်းဆယ်နာရီလောက် ရောက်လာတာ ငါ့အတွက်အဆင်အပြေဆုံးဖြစ်လိမ့်မယ်။
It’s essential for the papers to be ready before Thursday.
ကြာသပတေးနေ့မတိုင်ခင် စာရွက်စာတမ်းတွေ အဆင်သင့်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်တယ်။
ဒီတစ်ခါ ဝါကျတစ်ကြောင်းကို ကြည့်ပါဦး။
It’s probable that we’ll be late.
တို့ နောက်ကျနိုင်တယ်။ (တို့နောက်ကျမှာ ဖြစ်နိုင်တယ်)
ဒီဝါကျမှာလည်း preparatory it ကို သုံးထားတယ်။ ဒါပေမဲ့ subject က to+infinitive မဟုတ်တော့ဘူး။ that we’ll be late တို့နောက်ကျမှာ ဆိုတဲ့ ပုဒ်စု (clause) ဖြစ်နေတယ်။ ဒီတော့ နောက်ထပ် အသုံးလေးတစ်ခု မှတ်ပါဦး။
ဝါကျတစ်ခုရဲ့ subject ကိုယ်တိုင်က clause ဖြစ်နေရင် preparatory it ကို သုံးပါတယ်။
ဥပမာ ဝါကျလေးတွေ ကြည့်ပါ။
It doesn’t interest me what you think.
မင်းတွေးတာ ငါစိတ်မဝင်စားဘူး။
It’s surprising how many unhappy marriages there are.
မပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝတွေအများကြီးရှိတာ အံ့သြစရာပဲ။
It’s exciting when a baby starts talking.
ကလေးတစ်ယောက် စပြီး စကားပြောတတ်တဲ့အခါ စိတ်လှုပ်ရှားစရာပါ။
Ref: Practical English Usage
32 876
♥ တစ်စုံတစ်ခုက တခြားတစ်ခုကို ဖုံးအုပ်ပြီး ထိနေတယ်ဆိုရင် over သုံးရတယ်။ above မသုံးရဘူး။
She put a quilt OVER the bed.
သူက အိပ်ရာပေါ်ကို အိပ်ရာဖုံး ထားခဲ့တယ်။
♥ တစ်စုံတစ်ခုထက် ပိုမြင့်တဲ့နေရာကနေ ရေပြင်ညီလှုပ်ရှားမှုအတိုင်း သွားတာမျိုးကို ပြောဖို့အတွက်လည်း over သုံးလေ့ရှိပါတယ်။
I saw the helicopter fly out OVER the water, near the fishing boat.
ရဟတ်ယာဉ်ကြီး ငါးဖမ်းလှေအနားကနေ ရေအပေါ်ပျံသွားတာ ကျွန်တော်တွေ့ခဲ့တယ်။
♥ Below က above ရဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ under ကတော့ over ရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ below နဲ့ under ကွာခြားပုံက above နဲ့ over ကွာသလိုပါပဲ။
It’s hard to believe that there is a railway line BELOW/ UNDER the building.
ဒီအဆောက်အဦးရဲ့ အောက်မှာ မီးရထားလမ်းရှိတယ်ဆိုတာ ယုံဖို့ ခက်တယ်။ (နိမ့်တဲ့နေရာမှာ ရှိနေတာ)
Her head was BELOW the level of the table and nobody noticed her.
သူ့ရဲ့ခေါင်းက စားပွဲရဲ့အမြင့်အောက်မှာ ရှိနေတယ်။ ဘယ်သူမှ သူ့ကို သတိမထားမိခဲ့ဘူး။ (တိုက်ရိုက်အောက်ရောက်နေတာ မဟုတ်)
She hid the presents UNDER a blanket.
သူက လက်ဆောင်တွေကို စောင်အောက်မှာ ဝှက်ခဲ့တယ်။ (စောင်ကလက်ဆောင်ကို ဖုံးထားပြီး ထိလည်း ထိနေတယ်)
Esther ran UNDER the bridge.
အက်စ်သာက တံတားအောက်မှာ ပြေးခဲ့တယ်။ (ပိုနိမ့်တဲ့နေရာကနေ ရေပြင်ညီအတိုင်း လှုပ်ရှားနေတာ)
♥ Underneath ကို under အစား နေရာပြတဲ့ ဝိဘတ်အဖြစ်သုံးနိုင်တယ်။ beneath ကိုတော့ တစ်ခါတစ်ရံမှာ under တို့ below တို့ကို ပိုပြီးထည်ထည်ဝါဝါရှိအောင် အစားထိုးသုံးတယ်။
♥ တစ်စုံတစ်ခုက နေရာတစ်ခုရဲ့ အစိတ်အပိုင်းတိုင်းမှာ ရှိတာကိုအလေးပေးပြောချင်ရင် throughout ကို သုံးနိုင်ပါတယ်။
The flower is found THROUGHOUT the island.
ဒီပန်းကို ကျွန်းအနှံ့မှာ တွေ့ရတယ်။
The same laws apply THROUGHOUT Europe.
ဥရောပတစ်ခွင်မှာ ဒီဥပဒေတစ်ခုတည်းပဲ ကျင့်သုံးတယ်။
စည်သူထက်
Ref: Advanced Grammar in Use (Martin Hewings)
32 876
“PREPOSITIONS OF POSITION AND MOVEMENT”
တည်နေရာတို့၊ လှုပ်ရှားမှုတို့ အကြောင်းပြောပြတဲ့ preposition တွေ အကြောင်း ကြည့်ကြမယ်။ စိတ်ဝင်စားစရာကောင်းသလို အသုံးလည်းဝင်တာပေါ့။ ကဲ..စစချင်း ဒီနှစ်ခုကို ကြည့်ရအောင်။
“across, over”
across နဲ့ over ကို “တခြားတစ်ဖက်မှာရှိတဲ့ နေရာ”၊ ဒါမှမဟုတ် “လမ်း၊ တံတား၊ မြစ်၊ နယ်စပ် စတာတွေရဲ့ တခြားတစ်ဖက်ကို သွားခြင်း” ကို ပြဖို့ သုံးသတဲ့။
ဒီအတိုင်း ပြောပြရုံနဲ့ ဘယ်သဘောပေါက်ပါ့မလဲ။ ဒါကြောင့် ဥပမာလေးတွေ ကြည့်ပါ။
Mike lives in the house ACROSS/ OVER the road from ours.
မိုက်ခ်က တို့အိမ်ရဲ့လမ်းတစ်ဖက်က အိမ်မှာနေတယ်။
The truck came towards them ACROSS/ OVER the bridge.
ကုန်တင်ကားကြီးက တံတားပေါ်ကဖြတ်ပြီး သူတို့ဆီလာတယ်။
Once she was ACROSS/ OVER the border, she knew she would be safe.
နယ်စပ်တစ်ဖက်မှာရှိရင် သူလုံခြုံမယ်ဆိုတာ သိတယ်။
အခုပြောခဲ့တာက နှစ်ခုစလုံးရဲ့ ယေဘုယျသုံးစွဲပုံတွေပေါ့။ သီးသန့်သုံးစွဲပုံတွေလည်းရှိသေးတယ်။ နှိုင်းယှဉ်ကြည့်ကြမယ်။
♥ မြင့်တဲ့တစ်စုံတစ်ခုရဲ့ တစ်ဖက်ကို ရောက်တာကို ပြောချင်ရင် over သုံးရတယ်။
ဥပမာ-
He jumped OVER the fence into the garden.
သူက ခြံစည်းရိုးကိုကျော်ပြီး ဥယျာဉ်ထဲ ခုန်ချတယ်။
(တစ်ဖက်ကနေ တခြားတစ်ဖက်ကို သွားတာပါပဲ။ ဒါပေမဲ့ ခြံစည်းရိုးဆိုတာ အမြင့်မဟုတ်လား။ အဲဒီလို မြင့်တဲ့တစ်ခုခုကို ကျော်ပြီး တခြားတစ်ဖက်ကို သွားတာကို across သုံးမှာထက် over သုံးတာ ပိုသင့်တော်တယ်)
♥ ပြန့်တဲ့ မျက်နှာပြင်မျိုး၊ ဒါမှမဟုတ် တိုင်းပြည်လို၊ ပင်လယ်လို နေရာမျိုးအကြောင်းကို ပြောမယ်ဆိုရင်တော့ across ကို ပိုသုံးပါတယ်။
The figures moved rapidly ACROSS the screen.
ဖန်သားပြင်ကို ဖြတ်ပြီး ရုပ်ပုံတွေ လျင်မြန်စွာလှုပ်ရှားနေတယ်။ (ပြန့်တဲ့ မျက်နှာပြင် အကြောင်းပြောတာမို့ over မသုံးဘဲ across သုံးတာ)
The programme was broadcast ACROSS Australia.
ဒီအစီအစဉ်ကို သြစတေးလျမှာ ထုတ်လွှင့်ခဲ့တယ်။ (တိုင်းပြည်အကြောင်း ပြောတာမို့)
♥ “နေရာတစ်ခုရဲ့ အစိတ်အပိုင်းအားလုံးမှာ”၊ ဒါမှမဟုတ် “နေရာတစ်ခုရဲ့ အစိတ်အပိုင်းအားလုံးသို့” ဆိုတဲ့ အဓိပ္ပာယ်နဲ့ဆိုရင် all over သုံးပါတယ်။ all across မသုံးပါဘူး။ လေးနက်စေချင်တဲ့အခါမှာတော့ right across သုံးတတ်ပါတယ်။
The disease has now spread ALL OVER the world. (or..(right) across the world)
ဒီရောဂါက တစ်ကမ္ဘာလုံးကို အခုပြန့်နှံ့သွားတယ်။
ဒီတစ်ခါမှာတော့ နောက်ထပ် preposition နှစ်ခုကို နှိုင်းယှဉ်ပြောရအောင်။
Along, through
♥ လမ်း၊ မြစ် စတာတွေရဲ့ လမ်းကြောင်းအတိုင်း လိုက်သွားတာကို ပြောဖို့ along သုံးပါတယ်။
They walked ALONG the footpath until they came to a small village.
ရွာလေးတစ်ရွာကို ရောက်တဲ့အထိ သူတို့လူသွားလမ်းလေးအတိုင်း လျှောက်ခဲ့တယ်။
♥ ဘေးနားဝန်းကျင်တစ်ခုလုံးမှာ အရာဝတ္ထုတို့ရှိတဲ့ သုံးဘက်မြင်နေရာမှာ လှုပ်ရှားမှုအကြောင်း အလေးပေးပြောချင်ရင် through သုံးရတယ်။ (We use through to emphasize that we are talking about movement in a three dimensional space, with things all around.)
He pushed his way THROUGH a crowd of people to get to her.
သူမဆီကိုရောက်ဖို့ သူက လူအုပ်ကြီးကိုဖြတ်ပြီး တိုးဝှေ့သွားခဲ့ရတယ်။
တစ်ခုပြောစရာရှိတယ်။ ဘေးမှာအရာဝတ္ထုတွေရှိတဲ့ တစ်ခုခုအတွင်းကို ပြောတာတော့ ဟုတ်ပါပြီ။ ဒါဆိုရင် in နဲ့ ဘာကွာမလဲပေါ့။ ဒီလိုပါ။ through က နေရာတစ်ခုရဲ့ တစ်ဖက်၊ ဒါမှမဟုတ် အစွန်းတစ်ခုကနေ တခြားတစ်ခုကို ရွှေ့ရှားမှုကို ရည်ညွှန်းပါတယ်။
She walked THROUGH the forest to get to her grandmother’s house.
သူက အဘွားအိမ်ကို ရောက်ဖို့ သစ်တောကို ဖြတ်ပြီးလမ်းလျှောက်ခဲ့တယ်။
ဒီစာကြောင်းနဲ့ နှိုင်းယှဉ်ကြည့်ပါ။
She spent a lot of her free time walking IN the forest.
သူက သစ်တောထဲမှာ လမ်းလျှောက်ပြီး သူ့ရဲ့အားလုပ်ချိန်အများအပြားကို ကုန်ဆုံးစေခဲ့တယ်။
ဒီအချက်တွေ နားလည်ပြီဆိုရင် နောက်ထပ် preposition တွေအများကြီး အကြောင်းပြောရအောင်။
Above, over; below, under; beneath, underneath; throughout
♥ Above နဲ့ over နှစ်ခုစလုံးကို အရာဝတ္ထုတစ်ခုက တခြားတစ်ခုထက် ပိုမြင့်တဲ့နေရာမှာ ရှိနေတဲ့အကြောင်းကို ပြောဖို့ သုံးတယ်။
Above/ Over the door was a sign saying, “Mind your head’.
တံခါးပေါ်မှာ “ခေါင်းသတိထားပါ” လို့ ပြောထားတဲ့ သင်္ကေတရှိတယ်။
♥ အရာဝတ္ထုတစ်ခုက တခြားအရာအပေါ်ကို တိုက်ရိုက်ရောက်မနေတဲ့အခါမှာ above ကို ပိုသုံးပါတယ်။
The lived in a village in the mountains ABOVE the lake.
သူတို့က ကန်အပေါ်က တောင်တန်းတွေကြားထဲမှာရှိတဲ့ ရွာမှာနေတယ်။ (အပေါ်မှာ တိုက်ရိုက်ကြီး ရှိနေတာ ဘယ်ဟုတ်ပါ့မလဲ)
The bird hovered just few metres ABOVE/ OVER the lake.
ငှက်က ကန်အပေါ်ဘက် မီတာအနည်းငယ်အကွာကနေ ဝဲပျံခဲ့တယ်။ (ဒါကတော့ ကန်အပေါ်မှာ တိုက်ရိုက်ကို ပျံနေတာ)
32 876
Loving vs lovely
============
Loving နဲ့ lovely က ရောတတ်တဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ဒီတော့ မမှားရအောင် ကွဲကွဲပြားပြား မှတ်ကြပါမယ်။
Loving က မြန်မာလိုဆိုရင် “ချစ်ခင်သော၊ ကြင်နာသော” လို့ အဓိပ္ပာယ်ရတယ်။ အင်္ဂလိပ်လို မှတ်ထားချင်ရင်တော့ feeling or showing love and care for somebody/something လို့ မှတ်ထားနိုင်ပါတယ်။
ဥပမာ -
the confidence he had gained from having a warm and loving family
နွေးထွေးပြီး ချစ်ခင်ကြင်နာတဲ့မိသားစုရှိတာကနေ သူ ရထားတဲ့ မိမိကိုယ်မိမိ ယုံကြည်မှု
What that child needs is plenty of loving care.
ဒီကလေးလိုတာက ချစ်ခင်ဂရုစိုက်မှုတွေ အများကြီး ဖြစ်ပါတယ်။
Lovely ကျတော့ “လှသော။ ချစ်စရာကောင်းသော။ နှစ်သက်ဖွယ်ဖြစ်သော” စတဲ့ အဓိပ္ပာယ်တွေ ရပါတယ်။ beautiful, attractive, very pleasant စသည်ဖြင့် အင်္ဂလိပ်လို မှတ်ထားနိုင်ပါတယ်။
ဥပမာဝါကျတွေကို ကြည့်လိုက်ပါ။
She looked particularly lovely that night.
အဲဒီညက သူက အထူးလှနေတယ်။
He has a lovely voice.
သူ့မှာ နှစ်သက်ဖွယ်အသံရှိတယ်။
You’ve got lovely eyes.
မင်းမှာ ချစ်စရာ မျက်လုံးလေးတွေ ရှိတယ်။
We travelled through some lovely countryside.
တို့က နှစ်သက်စရာ ကျေးလက်ဒေသကို ဖြတ်ပြီး ခရီးသွားခဲ့တယ်။
She’s got an absolutely lovely face.
သူ့မှာ အလွန်ကို ချစ်စရာကောင်းတဲ့ မျက်နှာလေး ရှိတယ်။
References: OALD, Longman, English-Myanmar Dictionary
32 876
အင်္ဂလိပ်စာအုပ်တွေကိုဖတ်ရင်း အကျိုးရှိနိုင်မယ့် အချက်အလက်တွေကို ထုတ်နှုတ်ပြထားပါတယ်။
ဒီ Playlist ကို နှိပ်ပြီး video တစ်ခုချင်းစီကို ကြည့်ရှုလို့ ရပါတယ်ခင်ဗျာ။
Life-changing Books: https://www.youtube.com/playlist?list=PLLutYsv1-KzbRyUfXFlDBXmzyr4pTMcZJ
32 876
"Lesson 32"
စဉ်းစားနေတယ်၊ စိတ်ကူးကြည့်နေတယ် လို့ ပြောချင်ရင် I'm thinking of လို့ ပြောနိုင်ပါတယ်။ လေ့လာကြည့်ပါဦး။
https://youtu.be/UK-ptudki90
32 876
"Lesson 31"
I'm sorry to + (Verb)
"စိတ်မကောင်းပါဘူး၊ ဝမ်းနည်းပါတယ်၊ တောင်းပန်ပါတယ်" စသည်ဖြင့် စာနာသနားတဲ့၊ နောင်တရတဲ့ ခံစားချက်ကို ဖော်ပြတဲ့ စကားကို လေ့လာကြည့်ပါဦး။
https://youtu.be/KiYl7T8uoxQ
32 876
Basic Writing ကို Telegram မှာ member ဝင်ပြီး လေ့လာနိုင်ပါပြီ။
Essay တွေ ရေးတာပဲ ဖြစ်ဖြစ်၊ တခြားEnglish Writing အတွက်ပဲဖြစ်ဖြစ် ဘယ်လိုတွေး၊ ဘယ်လိုရေးဆိုပြီး ပြောကြပေမဲ့ အခြေခံဝါကျတွေတောင် ဖြောင့်အောင် မရေးတတ်ရင် အဆင်မပြေဘူးလေ။
Writing က ချက်ချင်းသင်၊ ချက်ချင်းတတ်တာမဟုတ်ဘဲ အချိန်ယူရတော့ တချို့လေ့လာသူတွေက အချိန်ယူပြီး လေ့လာချင်ကြတယ်။ အချိန်မရွေး လေ့လာလို့ရတာ သဘောကျကြတယ်။ ဒါဆိုရင် Video သင်ခန်းစာတွေကို အထပ်ထပ်ကြည့်၊ ကိုယ်ရေးချင်တဲ့ပုံစံနဲ့ ချိတ်ဆက်ရေးသားလေ့ကျင့်လို့ ရရင် အဆင်အပြေဆုံးပေါ့။
ဒီ သင်တန်းမှာ video သင်ခန်းစာတွေနဲ့ စကားစု တစ်ခုချင်းစီကစပြီး ရေးတတ်အောင် စသင်ပါတယ်။ စကားစုတွေရေးတတ်ပြီဆိုရင် ဝါကျတည်ဆောက်တတ်အောင်၊ အဲဒီကနေမှ ဝါကျတွေကို ချိတ်ဆက်တတ်၊ အတွေးအစဉ်မပြတ်အောင် သုံးရတဲ့ စကားတွေသုံးတတ်အောင် သင်တာပါ။
ဒါကြောင့် အခြေခံအားနည်းတဲ့အတွက် အခြေခံကစပြီး သေချာလေ့ကျင့်ချင်သူတွေအတွက် ဒီသင်တန်းက အထူးသင့်တော်ပါတယ်။ သင်ထားသမျှ တဆင့်ချင်းစီ ကြေညက်အောင် လေ့လာ၊ လေ့ကျင့်သွားမယ်ဆိုရင် ကိုယ်ပိုင်ဝါကျတွေ သေချာရေးတတ်ပါလိမ့်မယ်။
ဒါ့အပြင် တပည့်တွေ၊ သားသမီးတွေ၊ မောင်နှမတွေကို Writing တဆင့်ပြန်သင်ပေးချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ အဆင်သင့်ပြင်ဆင်ပေးထားတဲ့ မှတ်စုတွေကို Download ယူ၊ သင်ပြထားတဲ့ Video တွေကို နမူနာကြည့်ပြီး ကိုယ့်ကျောင်းသားနဲ့ ကိုက်ညီအောင် ပြင်ဆင်သင်ပြမယ်ဆိုရင် မပင်ပန်းဘဲ အဆင်သင့်သင်ပြနိုင်မှာပါ။
ဒီလို အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ Writing သင်တန်းမှာ member ဝင်ပြီး လေ့လာချင်ရင် သင်တန်းကြေး 60,000 (ခြောက်သောင်းကျပ်) သာ သွင်းဖို့ လိုအပ်ပါတယ်။ Telegram ရှိနေသရွေ့၊ account မပျက်သရွေ့ ရာသက်ပန်လေ့လာလို့ ရပါတယ်။
ဒီ Link ကို နှိပ်ပြီး chat box ကနေ သင်တန်းအပ်လို့ ရပါတယ်ခင်ဗျာ။
t.me/SayaSithuHtetEssentialEnglish
32 876
"Go ဆိုတိုင်း သွားတာလား"
go ရဲ့ အဓိပ္ပာယ်ကို ပြောပါဦးလို့ ပြောလိုက်ရင် အများစုက “သွားသည်” လို့ ပြောကြလိမ့်မယ်။ မဟုတ်လို့လားဆိုတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီဝါကျတစ်ကြောင်းကို ဖတ်ကြည့်ပါဦး။
🔸 Leaves go brown in autumn.
သစ်ရွက်တွေက ဆောင်းဦးရာသီမှာ အညိုရောင်ဖြစ်လာတယ်။
ဒီဝါကျမှာတော့ go က တစ်နေရာကနေ တစ်နေရာကို သွားသည်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်တော့ဘူး။ အညိုရောင်ဖြစ်လာသည်။ ညိုလာသည် ဆိုတဲ့ သဘောကိုပြတဲ့ “ဖြစ်လာသည်” ဆိုတဲ့ အဓိပ္ပာယ်ရတယ်။
အင်္ဂလိပ်လိုလေး တစ်ချက်အရင်မှတ်ကြမယ်။
♦️ We use go to mean ‘become’ before some adjectives.
တချို့ adjectives တွေရဲ့ ရှေ့မှာ go ကို ဖြစ်လာသည် (become) ဆိုတဲ့ အဓိပ္ပာယ်နဲ့သုံးတယ်။
go ကို ဖြစ်လာသည် လို့ မှတ်တာကတော့ ဟုတ်ပါပြီ။ ဘယ်စကားလုံးတွေ၊ ဘယ် adjective တွေနဲ့ တွဲရင် ခုလို အဓိပ္ပာယ်ဖြစ်တာလဲ။
ပထမတစ်ချက်ကို အရင်ကြည့်မယ်။
(1) အရောင်ကိုပြတဲ့ စကားလုံးတွေနဲ့ တွဲလိုက်ရင် “ဖြစ်လာတယ်” ဆိုတဲ့ အဓိပ္ပာယ်ရမယ်။
🔸 Leaves go brown in autumn.
ဆောင်းဦးရာသီမှာ သစ်ရွက်တွေ အညိုရောင် ဖြစ်လာတယ်။ (အညိုရောင် ပြောင်းလာတယ်)
🔸 People go red, pale or white with anger; blue with cold; green with seasickness.
လူတွေက ဒေါသနဲ့ (မျက်နှာ) နီရဲလာ/ ဖျော့တော့လာ/ ဖြူလာတတ်တယ်။ အအေးဒဏ်နဲ့ ပြာလာတတ်တယ်။ လှိုင်းမူးတဲ့ဒဏ်နဲ့ စိမ်းလာတတ်တယ်။
🔸 If you faint, everything goes black.
သင်သတိလစ်သွားတဲ့အခါ အရာရာ အမှောင်ကျသွားတယ်။
ခုလိုဝါကျတွေမှာ go ကို သုံးတယ်ဆိုပေမဲ့ ခံ့ခံ့ညားညားရေးတဲ့ ပုံစံနဲ့ဆိုရင် ဒီလိုကိစ္စမျိုးတွေမှာ go အစား turn ကိုသုံးတယ်။
နောက်ထပ် အချက် တစ်ခုကို အင်္ဂလိပ်လို အရင် မှတ်ကြမယ်။
(2) We use go with some other adjectives to talk about things changing for the worse.
အဆိုးဘက်ကို ပြောင်းသွားတဲ့ အရာတွေအကြောင်းကို ပြောဖို့တခြား Adjectives တချို့နဲ့ go ကို သုံးတယ်။
🔸 Her father's going deaf.
သူ့အဖေက နားလေးလာတယ်။
🔸 If anything goes wrong, you can call our emergency hotline free of charge.
တစ်ခုခု အမှားအယွင်းဖြစ်ရင် ကျွန်တော်တို့ရဲ့ အရေးပေါ်ဖုန်းလိုင်းကို အခမဲ့ ခေါ်နိုင်ပါတယ်။
Reference:
Basic English Usage (Michael Swan)
https://dictionary.cambridge.org/dictionary/english/go
32 876
“until” နဲ့ “by” ဘယ်လို ခွဲခြားသုံးမလဲ?
♦ until က ဒီအဓိပ္ပာယ်တွေရှိပါတယ်။
(1) တိုင်အောင်၊ အထိ
(2) မ..မချင်း
◊ အချိန်ကာလတစ်ခုအထိ ဆက်ဖြစ်သွားမယ့် အခြေအနေကိုပြောဖို့ until သုံးရတယ်။
အင်္ဂလိပ်လို မှတ်ချင်ရင် ဒီစာကြောင်းလေးနဲ့ မှတ်ပါ။
♦ We use until to talk about a situation or state that will continue up to a certain moment.
ဟောဒီဥပမာလေးကြည့်ရင် မြင်လွယ်မယ်။
Can I stay until the weekend?
ကျွန်တော် ဒီစနေ၊ တနင်္ဂနွေအထိ နေလို့ရနိုင်မလား။
ဒီဝါကျမှာ နေမယ်ဆိုတာက စနေ၊ တနင်္ဂနွေအထိပေါ့။ ခုအချိန်ကစပြီးနေမှာ စနေ၊ တနင်္ဂနွေရောက်တဲ့အထိပဲ။ အဲဒီအချိန်ကျော်ရင်တော့ မနေတော့ပါဘူးလေ။ ဒီလိုမျိုး အချိန်ကာလတစ်ခုအထိ ဆက်လုပ်သွားမှာကို ပြောတဲ့အခါ until သုံးတာပေါ့။
until ကိုတော့ သိပါပြီတဲ့။ by ကိုရော ဘယ်လိုသုံးပါလိမ့်။
♦ by ကို “(အချိန်) နောက်ဆုံးထား၍၊ ထက်နောက်မကျဘဲ၊ မှာ” ဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ သုံးနိုင်တယ်။
မြန်မာအဓိပ္ပာယ်သိရင် သုံးစွဲပုံကို မှန်းလို့ရပြီပေါ့။
◊ အနာဂတ်အချိန်တစ်ခုမှာ၊ ဒါမှမဟုတ် အဲဒီအချိန်မတိုင်ခင်မှာ ဖြစ်မယ့် လုပ်ဆောင်ချက်ကို ပြောဖို့ by ကို သုံးပါတယ်တဲ့။
နားရှင်းသွားအောင် အင်္ဂလိပ်လိုလည်း ကြည့်လိုက်ပါဦး။
♦ We use by to talk about an action that will happen on or before a future moment.
ဥပမာလေး ကြည့်ပါ။
You’ll have to leave by Monday midday at the latest.
ခင်ဗျား တနင်္လာနေ့ နေ့လယ်မတိုင်ခင်ကို နောက်အကျဆုံးထားပြီး ထွက်ခွာ ရမယ်။
ဆိုလိုတာက တနင်္လာနေ့ ဆယ့်နှစ်နာရီမှာ ထွက်ချင်ထွက်၊ ဒါမှမဟုတ်ရင် အဲဒီအချိန် မတိုင်ခင်ကြိုထွက်ပဲ ။ အဲဒါထက် နောက်မကျစေနဲ့ ဆိုတဲ့သဘော။
ကဲ “until” နဲ့ “by” နှိုင်းယှဉ်ကြည့်ရအောင်လား။
Can you repair my watch by Tuesday?
ကျွန်မရဲ့ နာရီလေးကို အင်္ဂါနေ့ နောက်ဆုံးထားပြီး ပြင်ပေးပါလား။
(အရေးကြီးနေပြီ။ အင်္ဂါနေ့ထက် နောက်မကျစေချင်ဘူး။ စောရင် ကြိုက်သလောက်စော။ အဲဒီလို။ ဒါကို until သုံးရင် ခုချိန်ကစပြီးပြင်တာ အင်္ဂါနေ့ထိ ပြင်နေပါဆိုတာမျိုး ဖြစ်သွားလိမ့်မယ်။ ကိုယ်က မြန်ချင်လို့ပြောနေတာ အဲဒီလိုသွား မသုံးနဲ့နော်။)
‘No, I’ll have to keep it until Saturday.’
“ဟင့်အင်း ကျွန်တော်အဲဒါကို စနေနေ့အထိတော့ သိမ်းထားရမယ်။”
ကဲ နာရီပြင်သမားက မအားဘူး။ အဲဒီတော့ သူ့အနေနဲ့ စနေနေ့ဆိုတဲ့ အချိန်ကာလအထိတော့ သိမ်းထားရမယ်။ ဒီနေရာမှာတော့ by သုံးလို့ မရပြန်ဘူး။
ပုံလေးနဲ့ ကြည့်ရင် ပိုရှင်းပါတယ်လေ။ နှိုင်းယှဉ်ကြည့်ပါဦး။
Ref: Basic English Usage
•••
Telegram Channel
https://t.me/essentialSayaSithuHtet
32 876
do and make ဘယ်လိုကွာသလဲ
========================
မြန်မာလိုဆိုရင် do ရော make ရော "ပြုလုပ်သည်" ဆိုတာချည်းပါပဲ။ ဒီစကားလုံးနှစ်လုံး အတော်ဆင်တူပါတယ်။ ဒါပေမဲ့ ကွာခြားချက် တချို့တော့ ရှိတယ်။
♦️ တစ်ခုခု လုပ်တဲ့အခါ ဘယ်ဟာကို လုပ်တယ်ဆိုတာအတိအကျမပြောဘဲ လုပ်တယ်ဆိုတဲ့အကြောင်းပဲ ပြောချင်ရင် do သုံးတယ်။ တစ်ခုခုလုပ်တယ် ဆိုပါတော့။ ဘာကိုလုပ်တယ်ဆိုတာ အတိအကျ မပြောဘူးလေ။ do something လို့ ပြောရတာပေါ့။
အဲဒီလိုပဲ do ကို -
nothing
everything
anything
what တို့နဲ့လည်း သုံးတယ်။
ရှင်းလင်းသွားအောင် ဥပမာလေးတွေ ကြည့်ပါ။
🔸Do something!
တစ်ခုခုလုပ်ပါ။
🔸 I like doing nothing.
ကျွန်တော် ဘာမှမလုပ်ရတာ ကြိုက်တယ်။
🔸 What shall we do?
တို့ဘာလုပ်သင့်လဲ။
🔸 Then he did a very strange thing.
ထို့နောက် သူက အလွန်ထူးဆန်းတဲ့ အရာကို လုပ်ခဲ့တယ်။
♦️ အလုပ်အကြောင်းကို ပြောတဲ့အခါ do -ing ပုံစံနဲ့သုံးပါတယ်။
🔸 I'm not going to do any work today.
ကျွန်တော် ဒီနေ့ ဘာအလုပ်မှ လုပ်မှာမဟုတ်ဘူး။
🔸 I'm going to do some reading.
ကျွန်တော် စာဖတ်တာ လုပ်မယ်။
🔸 I dislike doing housework.
ကျွန်တော် အိမ်အလုပ်တွေ လုပ်ရတာ မကြိုက်ဘူး။
🔸 I hate doing the cooking and shopping.
ကျွန်တော် ချက်ရပြုတ်ရ၊ စျေးဝယ်ထွက်ရတာ မုန်းတယ်။
🔸 Would you like to do my job?
မင်း ငါ့အလုပ် လုပ်ချင်လား။
♦️ တည်ဆောက်တာ၊ ဆောက်လုပ်တာ၊ ဖန်တီးတာ စာတာတွေအကြောင်း ပြောချင်ရင်တော့ make သုံးရတယ်။
🔸 I've just made a cake.
ကျွန်တော် ခုပဲ ကိတ်မုန့်တစ်လုံး လုပ်ပြီးတယ်။
🔸 Let's make a plan.
အစီအစဉ်တစ်ခု ချရအောင်။
🔸 My father and I once made a boat.
ကျွန်တော့်အဖေနဲ့ကျွန်တော် တစ်ခါက လှေတစ်စီးလုပ်ခဲ့တယ်။
ဒီအသုံးအနှုန်းတွေလည်း လေ့လာကျက်မှတ်ထားပါ။ ဒါတွေက အသုံးများတာတွေပေါ့။ အပြည့်အစုံသိချင်ရင်တော့ အဘိဓာန်ကောင်းကောင်း တစ်အုပ်ထဲမှာ ရှာကြည့်ပါ။
🔹 do good / harm / one's best / a favour
🔹 make an offer / arrangements / a suggestion / a decision / an attempt / an effort / an excuse / an exception / a mistake / a noise / a journey / a phone call / money / a profit / love / peace / war / a bed
•••
Telegram Channel
https://t.me/essentialSayaSithuHtet
32 876
broad နဲ့ wide ဘယ်လိုကွာသလဲ
========================
wide နဲ့ broad နှစ်ခုစလုံးက မြန်မာလိုတော့ "ကျယ်" တယ်ဆိုတဲ့ အဓိပ္ပာယ်ချည်းပါပဲ။
🍓 wide က တစ်ဖက်နဲ့ တစ်ဖက် အကွာအဝေး ကျယ်တာကို ပြောတယ်။
We live in a very wide street.
တို့က အလွန်ကျယ်တဲ့ လမ်းထဲမှာ နေတယ်။
The car's too wide for the garage.
ကားက ဂိုထောင်အတွက် ကျယ်လွန်းတယ်။
broad ကိုတော့ စိတ်ကူးသက်သက်နဲ့ဆိုင်တဲ့ အသုံးအနှုန်းတွေ (abstract expressions) မှာ အများဆုံး သုံးကြတယ်။
broad agreement (= agreement on most points) - ကျယ်ပြန့်တဲ့ သဘောတူညီချက်
broad-minded (=tolerant) - သဘောထားကြီးသော။ တစ်ယူသန် အစွဲမထားသော
broad daylight (= full, bright daylight)
broad ကို တခြား နေရာမှာလည်း သုံးသေးတယ်။
ဒီလိုနေရာတွေပေါ့။
broad shoulders (= wide strong shoulders) - ကျယ်ပြန့်တဲ့ ပခုံးတွေ
ရှုမျှော်ခင်းတွေကို အခံ့သုံးပုံစံနဲ့ ဖော်ပြတဲ့အခါမှာ
Across the broad valley, the mountains rose blue and mysterious.
ကျယ်ပြန့်တဲ့ တောင်ကြားကို ဖြတ်ပြီး တောင်တန်းတွေက ပြာပြီး ဆန်းပြားစွာ ပေါ်ထွက်နေတယ်။
Ref: Basic English Usage (Michael Swan)
32 876
❗️စိတ်ဝင်စားတယ်❗️
စိတ်ဝင်စားတယ်လို့ ပြောလိုက်ရင် ခေါင်းထဲပေါ်လာတဲ့ စကားလုံးက interest ဖြစ်နိုင်တယ်။
ဒါကြောင့်မို့ ကျွန်မ ဂီတမှာ စိတ်ဝင်စားတယ်လို့ ပြောချင်တဲ့အခါ I interest music. လို့ ရေးမိနိုင်တယ်။ ဒါဆို လွဲသွားမှာပါ။
interest (v) က စိတ်ဝင်စားတယ်လို့ အဓိပ္ပာယ်ရတာ မှန်တယ်။ ဒါပေမဲ့ တိတိကျကျ ပြောရရင် "စိတ်ဝင်စားစေတယ်" လို့ ပြောတာပါ။ interest somebody ပုံစံ သုံးတယ်။
ဥပမာ -
🔸Politics doesn't interest me.
ကျွန်တော် နိုင်ငံရေး စိတ်မဝင်စားဘူး။ (နိုင်ငံရေးက ကျွန်တော့်ကို စိတ်မဝင်စားစေဘူး)
🔸The museum has something to interest everyone, young and old.
ဒီပြတိုက်မှာ လူ ငယ်ငယ်ကြီးကြီး အားလုံးကို စိတ်ဝင်စားစေတာ တစ်ခုခုရှိတယ်။
ကိုယ်က တစ်ခုခုအကြောင်း ပိုသိချင်တာ၊ "စိတ်ဝင်စားတာ" ဆိုရင် be interested in ပုံစံ သုံးရပါတယ်။ ဒီနေရာမှာ interested (စိတ်ဝင်စားသော) က Adjective ပေါ့။
ဥပမာ -
🔸I am very interested in politics.
ကျွန်တော်က နိုင်ငံရေးမှာ သိပ်စိတ်ဝင်စားတယ်။
🔸I was interested in visiting different parts of the world.
ကျွန်တော်က ကမ္ဘာရဲ့ မတူညီတဲ့အရပ်တွေကို အလည်သွားရတာ စိတ်ဝင်စားခဲ့တယ်။
♦️interested ရဲ့ နောက်မှာ preposition ဖြစ်တဲ့ in သုံးတာလေးလည်း မှတ်ထားနော်။ interested to do ဆိုပြီး မသုံးရတာ သတိထားပါ။
interested နဲ့ interesting ကို မရောထွေးသင့်ဘူး။ interesting လည်း adjective ပါပဲ။
တစ်ယောက်ယောက်၊ ဒါမှမဟုတ် တစ်ခုခုက ကိုယ့်ကို စိတ်ဝင်စားစေတဲ့ အရည်အသွေးရှိနေတာ၊ "စိတ်ဝင်စားစရာကောင်းတာ" ဆိုရင် interesting ကို သုံးရပါမယ်။
ဥပမာ -
🔸I've met some very interesting people.
ကျွန်တော်က သိပ်စိတ်ဝင်စားစရာကောင်းတဲ့ လူတချို့နဲ့ ဆုံဖူးတယ်။
🔸There are some interesting old buildings in the village.
ရွာထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အဆောက်အဦဟောင်းတချို့ ရှိတယ်။
ပြန်နှိုင်းယှဉ်ပြောရရင် ဒီလိုတွေ ကွာခြားပါတယ်။
🔹"စိတ်ဝင်စားစေသည်" ဆိုရင် interest (verb)
🔹"စိတ်ဝင်စားသော" ဆိုရင် interested (adjective)
🔹"စိတ်ဝင်စားစရာကောင်းသော" ဆိုရင် interesting (adjective)
မြန်မာလိုပဲ အားကိုးပြီး ပုံသေမှတ်တာထက်၊ သုံးစွဲပုံတွေ၊ ဥပမာတွေနဲ့ တွဲဖက်လေ့လာပြီး မှတ်သားရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်။
•••
Telegram Channel
https://t.me/essentialSayaSithuHtet
