ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

EHS Myanmar

EHS Myanmar

前往频道在 Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

显示更多
868
订阅者
无数据24 小时
-17 天
+230 天
帖子存档
အဘယ့်ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သဘာဝဘေးအန္တရာယ်၏ အကျိုးဆက်ကို ပိုမို ခံစားရသနည်း? ________ EHS Myanmar | 6.10.2022 လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းတွင် ကမ္ဘာအနှံ့၌ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုနှုန်းမှာ ယခင်ထက် ပိုမိုများပြားလာသည်ကို တွေ့ရသည်။ ထိုသဘာဝဘေးအန္တရာယ်များကြောင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ထိခိုက်ဆုံးရှုံးများ ကြုံတွေ့ရသော်လည်း တစ်နေရာနှင့်တစ်နေရာ ပျက်ဆီးမှုပမာဏမှာ မတူညီကြပေ။ ထို့အတူ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများထက် သဘာဝဘေးအန္တရာယ်များ၏ အကျိုးဆက် ပိုမိုခံစားရသည်ကို လေ့လာတွေ့ရှိရပါသည်။ ဒေသတစ်ခု၏ ပထဝီဝင်အနေအထား၊ နေထိုင်ရာ အခြေခံအဆောက်အဦး၊ တစ်ကိုယ်ရေအင်အား၊ နိုင်ငံရေးတည်ငြိမ်မှု စသည့်အချက်များပေါ်မူတည်၍ ထိုဒေသ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကျိုးသက်ရောက်မှုမှာ ကွာခြားသွားပါသည်။ သုတေသန လေ့လာချက်များအရ လူနေမှုစီးပွားရေးကွာခြားသွားသည်နှင့်အမျှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုမှာလည်း ခြားနားသွားသည်ကို တွေ့ရှိရသည်။ ဆင်းရဲမွဲတေမှု၊ အစိုးရ၏ စီမံခန့်ခွဲမှု အားနည်းခြင်းနှင့် ကြိုတင်သတိပေးချက်များ မရှိခြင်း စသည့်အချက်များကြောင့် ဖွံ့ဖြိုးဆဲဒေသများသည် သဘာဝဘေးအန္တရာယ်၏ အကျိုးဆက်ကို ပိုမိုခံစားနေကြရသည်။ ဆင်းရဲမွဲတေမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးမှုများကို လှုံ့ဆော်နေသော အရာဖြစ်သည့်အပြင် ထိုသဘာဝဘေးအန္တရာယ်၏ အကျိုးဆက်မှာလည်း ဆင်းရဲမွဲတေမှု ဖြစ်နေပြန်သည်။ လေ့လာချက်များအရ ဆင်းရဲနွမ်းပါးသူများသည် ဝင်ငွေနည်းပါးခြင်းကြောင့် မြစ်ကမ်းဘေး၊ ရေလွှမ်းလွင်ပြင်ဒေသနှင့် တောင်စောင်းများကဲ့သို့သော ဘေးဖြစ်နိုင်ချေမြင့်မားသည့်ဒေသများတွင် နေထိုင်ကြရသည့်အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာနှင့် ကြိုတင်ပြင်ဆင်မှုအားနည်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့များ မရရှိခြင်းတို့ကြောင့် ယင်းဒေသရှိ နေထိုင်သူများသည် သဘာဝဘေးအန္တရာယ်ဒဏ်ကို ဆိုးရွားစွာ ခံစားနေကြရသည်။ သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်လာသည်နှင့်တစ်ပြိုက်နက် ထိုဒေသတွင် နေထိုင်သူတို့၏ စီးပွားရေး၊ လူမှုရေးတို့ကို ထိခိုက်ဆုံးရှုံးမှု ဖြစ်စေရုံမက ယင်းဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကိုပါ နှောင့်နှေးသွားစေသည်။ ဘေးသင့်ဒေသရှိ ထိခိုက်ပျက်ဆီးသွားသော အိုးအိမ်နှင့် အခြားအခြေခံအဆောက်အဦးများကို ပြန်လည်တည်ဆောက်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ရန် ငွေကြေးအင်အားလိုအပ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲမှုလျှော့ချရေးအစီအစဉ်များသည်လည်း သဘာဝဘေးအန္တရာယ်နှင့် ကြုံကြိုက်သည့်အခါ မအောင်မြင်တော့ချေ။ ၂၀၀၉ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပွားခဲ့သော Ondoy မုန်တိုင်းနှင့် တိုင်ဖွန်း Pepeng တို့ကြောင့် Rizal ပြည်နယ်၏ ဆင်းရဲမှုနှုန်းမှာ ၂၀၀၆ ခုနှစ်တွင် ၅.၅ % ရှိခဲ့ပြီး မုန်တိုင်းဖြစ်ပေါ်ခဲ့သော ၂၀၀၉ ခုနှစ်တွင်မူ ၉.၅ % အထိ ၂ ဆ နီးပါး မြင့်တက်လာခဲ့သည်။ မုန်တိုင်းဖြစ်ပွားပြီး ၆ နှစ်ကြာသည်ထိတိုင် ၎င်းဒေသ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ အလှမ်းကွာဝေးလျက်ရှိနေခဲ့ပြီး မိသားစု ၇.၆% မှာလည်း ဆင်းရဲမှုဒဏ်ကို ခံစားနေခဲ့ရသည်။ သဘာဝဘေးအန္တရာယ်ကြောင့် အသက်သေဆုံးမှုများ၏ ၉၀% မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဆင်းရဲနွမ်းပါးသော ဒေသများတွင် ဖြစ်ပွားလျက်ရှိသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် Disaster Risk Reduction - DRR (သဘာဝဘေးအန္တရာယ်ကြောင့်ဆုံးရှုံးနိုင်ခြေလျှော့ချရေး) လုပ်ငန်းစဉ်များကို ထိရောက်စွာ လုပ်ဆောင်ရန်လိုအပ်သည်။ သို့သော် ယေဘုယျအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် Disaster Risk Reduction လုပ်ငန်းစဉ်များအတွက် ရန်ပုံငွေထိန်းသိမ်းမှုအားနည်းလှပါသည်။ ထို့အပြင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကလည်း အရေးပါလှပေသည်။ စေ့စပ်သေချာစွာ ကြိုတင်ပြင်ဆင်မှုပြုလုပ်ခြင်း၊ ကြိုတင်သတိပေးချက်များထုတ်ပြန်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဖြန့်ဝေခြင်းတို့သည် သဘာဝဘေးအန္တရာယ်ကြောင့် လူ့အသက်သေဆုံးမှုပမာဏကို လျှော့ချနိုင်သကဲ့သို့ ပျက်ဆီးဆုံးရှုံးမှုပမာဏကိုလည်း လျော့ကျစေပါသည်။ ၂၀၁၃ ခုနှစ်က အိန္ဒိယနိုင်ငံ Odisha ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော Phailin မုန်တိုင်းကြောင့် လူပေါင်း ၁၂ သန်း ထိခိုက်ခဲ့ပြီး လူ ၁ သန်းမှာ အရေးပေါ်ပြောင်းရွှေ့ခဲ့ရသည်။ သို့သော် လူသေနှုန်းမှာ ၂၇ ဦးသာ ရှိခဲ့ပြီး ထိုပမာဏမှာ အစိုးရ၏ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ စီမံခန့်ခွဲမှုအားကောင်းခြင်းကို ပြသနေပါသည်။ ထို့အတူ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများကို ဦးစားပေးလုပ်ဆောင်လျက်ရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ယင်းကဲ့သို့သော အကျိုးရလဒ်များ ရရှိလျက်ရှိကြောင်း လေ့လာချက်များအရ တွေ့ရှိရပါသည်။

photo content

EHS Myanmar's Monthly Theme: What is it for October? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။ 🌫 ယခု စက်တင်ဘာလအတွက် theme ကတော့ "Disaster Prevention and Mangement" Theme လေးကိုရွေးချယ်ထားပါသည်။ 🌥 ယခုလို ရာသီဥတုပြောင်းလဲမှုပြင်းထန်တဲ့ကာလကြီးတွေမှာ လူသား တွေကြောင့် ဖြစ်စေ၊ သဘာဝတရားကြီးကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ်များကျရောက်မှုတွေ တစ်ကမ္ဘာလုံးအတိုင်းအတာရအဖြစ်များလာသည်ကိုအတွက် "သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်စီမံခန့်ခွဲမှု" တို့နှင့်သက်ဆိုင်သည့် ပညာပေးဆောင်းပါးများရေးသားတင်ဆက်ခြင်း၊ free online course များလမ်းညွှန်ပေးခြင်း၊ Podcast အစီအစဉ်များထုတ်လွှင့်ခြင်း၊ Online Campaign များပြုလုပ်ခြင်း နှင့် စာအုပ်ကောင်းများ မျှဝေခြင်းတို့ကို ပြုလုပ်ပေးသွားပါမည်။ ✌️ Disaster Prevention and Mangement နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." #EHSMyanmar #Disasterprevention #Management #sustainabledevelopmentgoals #SDGs

photo content

လေထုညစ်ညမ်းမှုက ဘယ်သူတွေအပေါ် ပိုအန္တရာယ်ဖြစ်စေပါသလဲ။ ----------------------------------------------------------------------------------------------------- EHS Myanmar | 30.9.2022 လေထုညစ်ညမ်းမှု (Air Pollution) ကြောင့် လူတိုင်းရဲ့ ကျန်းမာရေးကိုခြိမ်းခြောက်လျက်ရှိပါတယ်။ အထူးသဖြင့် အချိန်ကြာကြာ ထိတွေ့နိုင်သည့် အချိန်မျိုး၊ အခြေအနေမျိုးမှာဆို ပို ဆိုးရွားနိုင်ပါတယ်။ တချို့သော လူအုပ်စု (Group) များအတွက်တော့ အခြားသူများအတွက် အန္တရာယ်ကြီးကြီးမားမားရှိနိုင်ပါတယ်။ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ အန္တရာယ်ရှိ ဓာတ်ငွေ့များ (Pollutants) အမျိုးအစားပေါ်လိုက် ၍ လူ့ကျန်းမာရေးထိခိုက်မှုကလဲကွဲပြားနိုင်ပါသေးတယ်ဆိုတာလဲ သိထားဖို့လိုပါဦးမယ်။ ဘယ်သူတွေက လေထုညစ်ညမ်းမှုဒဏ်ကို သူများတွေထက်ပိုခံစားရစေနိုင်လဲလေ့လာကြည့်ရအောင်။ . Asthma ရှိတဲ့သူများ Asthma ရောဂါအခံရှိတဲ့သူများက လေထုညစ်ညမ်းမှုကြောင့် ရောဂါလက္ခဏာ အခြေအနေဆိုးရွားသွား စေနိုင်ပါတယ်။ ဒါကြောင့် Asthama ရောဂါရှိတဲ့သူများအနေဖြင့် လေထု သန့်ရှင်းမှုမရှိစေနိုင်တဲ့ နေရာများသွားမယ်ဆိုလျှင် အထူးသတိထားသင့်ပါတယ်။ အဆုတ်ရောဂါရှိသူများ နာတာရှည်ရောဂါအခံရှိသူများ သို့မဟုတ် COPD ရောဂါရှိသူများအနေဖြင့်လဲ လေထုညစ်ညမ်းမှုကြောင့် ကိုယ့်ရောဂါကိုပိုမိုခံစားရစေနိုင်ပါတယ်။ နှလုံးရောဂါရှိသူများ ရင်တုန်ခြင်း၊ နှလုံးအောင့်ခြင်း၊ အသက်ရှုမဝခြင်းတို့က နှလုံးရောဂါရှိသူများတွင် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာများဖြစ်ပါတယ်။ သို့သော် မသန့်ရှင်းသောလေထုကိုရှုရှိုက်မိရင်လဲ ဒီ လက္ခဏာတွေက ပိုအဖြစ်များလာကြောင်း စာတမ်းအချို့ကဆိုထားပါတယ်။ အထက်ဖော်ပြပါ လူတွေကတော့ ရောဂါအခံရှိတဲ့သူတွေဖြစ်ပါတယ်။ သူတို့ဆိုလျှင် လေမသန့်တဲ့အရပ်တွေရှောင်တာကောင်းပါတယ်။ Asthma ရောဂါရှိတဲ့သူတွေဆိုလျှင် Mask အကြာကြီးတပ်ဆင်ထားဖို့က မလွယ်ကူတဲ့အတွက် လေထုညစ်ညမ်းမှုအဖြစ်များဆုံး အချိန်တွေကိုရှောင်သွားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ . နောက် လူအုပ်စု တစ်စုကိုလေ့လာကြည့်ရအောင်။ ကိုယ်ဝန်ဆောင်မိခင်များ မသန့်ရှင်းသော လေကို အချိန်ကြာကြာရှုရှိုက်မိတဲ့ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် သတိထားဖို့လိုပါမယ်။ အန္တရာယ်ရှိလေထုအမှုန်အမွှားလေးတွေကြောင့် ကလေးအလေးအချိန် မပြည့်ခြင်း နှင့် လမစေ့ပဲမွေးခြင်း စတာတွေကြုံရနိုင်ပါတယ်။ ကလေးသူငယ်များ လူကြီးတွေထက်စာလျှင် ကလေးငယ်လေးတွေက လေထုညစ်ညမ်းမှုဒဏ်ကို ပိုမိုခံစားရလေ့ ရှိပါတယ်။ သူတို့ရဲ့ အဆုတ်လေးတွေက ကြီးထွားနေဆဲအခြေအနေပဲရှိသေးခြင်း၊ သူတို့ရဲ့ ကိုယ်ခံအားနဲ့ metabolic system တွေက ဖွံ့ဖြိုးနေဆဲအခြေအနေပဲရှိသေးခြင်း၊ ကိုယ်ခံအား ကောင်းမွန်မှုမရှိသေးတဲ့အတွက်လဲ မကြာခဏဆိုသလို ပြင်ပရောဂါပိုးမွှားများကြောင့် ဖျားနာခြင်းများကြုံရနိုင်ပါတယ်။ နောက်တခုကတော့ ကလေးငယ်လေးတွေရဲ့ သဘာဝအရ အိမ်အဆောက်အဦးထဲမှာထက် အပြင်မှာလွတ်လွတ်လပ်လပ်ဆော့ကစားရတာ ကြိုက်ပါတယ်။ ဒါကြောင့်လဲ ပြင်ပလေထုညစ်ညမ်းမှုကို သူတို့လေးတွေအနေဖြင့် ခံစားရတာဖြစ်ပါတယ်။ သက်ကြီးရွယ်အိုများ သက်ကြီးရွယ်အိုများအနေဖြင့်လဲ လေထုညစ်ညမ်းမှုကို ခံစားရနိုင်ခြေ (most likely) များပါတယ်။ သူတို့သည်လဲ ကလေးငယ်များကဲ့သို့ပင် ကိုယ်ခံအားကောင်းမွန်မှုမရှိတော့ခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ နှင့် နှလုံးရောဂါများနှင့် ပေါင်းစပ်လိုက်ပါက အန္တရာယ်ရှိအဆင့်ဖြစ်စေနိုင်ပါတယ်။ အသက်ကြီးလာသည်နှင့်အမျှ သူတို့ရဲ့ ခန္ဓာကိုယ်ကသဘာဝပတ်ဝန်းကျင်ဆိုင်ရာဘေးအန္တရာယ် (Environmental Hazard) များကို ခုခံနိုင်စွမ်း လျော့နည်းလာပါတယ်။ ရောဂါအခံမရှိသည့်တိုင် ညစ်ညမ်းသောလေကိုရှုရှိုက်မိပါက နှလုံးရောဂါနှင့် လေဖြတ်ခြင်း၊ နာတာရှည်လည်ချောင်းနာခြင်း (နာတာရှည်လေပြွန်ကျဉ်းကျဉ်းရောဂါ သို့မဟုတ် COPD) နှင့် ပန်းနာရင်ကျပ်ကဲ့သို့သော အဆုတ်ရောဂါများကိုပါ ဖြစ်စေနိုင်ပါသည်။ . အချုပ်ဆိုရသော် အထက်ဖော်ပြပါလူအုပ်စုများသည် လေထုညစ်ညမ်းမှုကို တကြိမ်တခါ ရက်အနည်းငယ်ရှုရှိုက် မိရုံနှင့်ဖြစ်နိုင်လားဆိုတာကတော့ ယခု factor တွေပေါ်မှာလဲ မူတည်နေပါသေးသည်။ - Exposure > ထိတွေ့ရှုရှိုက်မိမှု မြင့်မားမှုရှိမရှိ၊ - Periods > ထိတွေ့ရှုရှိုက်မိမှု ကြာချိန်၊ - Pollutants > ထိတွေ့ရှုရှိုက်မိသည့် အန္တရာယ်ရှိ လေထုအမှုန်အမွှားအမျိုးအစားပေါ်လိုက်၍ လဲ concentration ဖြစ်မဖြစ်၊ စသည့် ယင်းအကြောင်းအရာများအပေါ် များစွာမူတည်နေပါသေးတယ်လို့ပြောကြားရင်း။ ။ နိုင်ကျော်လူ ရေးသားသည်။ ကိုးကားကျမ်းများ - NSW Health, WHO. ------------------------------------------------------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #airpollution #climatechange #humanhealth

photo content

ဓါးကောင်းတစ်လက်ဆိုတာ မသွေးဘဲထားတာကြာလေ တုံးလေဖြစ်မသွားရလေအောင်....စာဖတ်ပါ။ အပိုင်း (၈) ================================================ EHS Myanmar က တက္ကသိုလ်ကျောင်းသား ကျောင်းသူများအတွက် သဘာဝပတ်ဝန်းကျင်ပညာရပ်ဆိုင်ရာ စာအုပ်ကောင်းများကို (အခမဲ့) ထပ်ဆင့်မျှဝေမည့် အစီအစဥ်လေး ရောက်ရှိလို့လာပါပြီ။ ယခုတခေါက်မှာတော့ Monthly Theme ဖြစ်သည့် "Clean Air and Climate Change" နှင့် သက်ဆိုင်သည့် စာအုပ်ကောင်းများ ကို share ပေးသွားပါမယ်။ . 🌪 Introduction to Air Pollution Science: a Public Health Perspective - https://drive.google.com/file/d/1dtnu3X5aO8Vm0zc-BDkVbFNTovqZaE77/view?usp=sharing . 🌪 African Climate and Climate Change - https://drive.google.com/file/d/1uX5lSmbwUsiVqnE92GYnKaV8UOYGae6e/view?usp=sharing . 🌪 American Global Warming Beliefs - https://drive.google.com/file/d/1xiDfcWiAX46oNw5jCyxgnqjBKK0HVvi-/view?usp=sharing . 🌪 Myanmar Climate Change Policy - https://drive.google.com/file/d/1cu-ck_x5OAllSVx_5Z2wgPGebso_qjOd/view?usp=sharing . အင်တာနက်ရချိန်မှာ စာအုပ်များကို ဒေါင်းထားပြီး အားလပ်ချိန်များမှာ လေ့လာလိုက်ပါ။ သင့်အတွက် အကျိုးရှိမယ်ဆိုလျှင် အခြားသူတွေအတွက်လဲ share ဖို့မမေ့ပါနဲ့နော်။ -------------------------------------------------------------------------- "Gaining knowledge is the first step to wisdom. Sharing it is the first step to humanity." #EHSMyanmar #environmental #books #cleanAir #airpollution #climatechange #globalwarming

photo content

ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်သတ်ပြီး ဘယ်ဟာက Myths ဘယ်ဟာက Facts လဲလေ့လာကြည့်ရအောင်။ ====================================================== EHS Myanmar | 22.9.22 ၁။ ကမ္ဘာ့ရာသီဥတုသည်အမြဲတမ်းပြောင်းလဲနေသည်။ နှစ်ပေါင်း ၄.၅ ဘီလျံရှိနေသော ကမ္ဘာမြေကြီးတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် များ ကြိမ်ဖန်များစွာတွေ့ကြုံရပြီးဖြစ်ပါတယ်။ သို့ပေမယ့် ရုတ်တရက် အေးလိုက် ပူလိုက် အအေးလွန် ခြင်း အပူလွန်ခြင်း တွေ ရံဖန်ရံခါဖြစ်ခြင်းတွေက သဘာဝဖြစ်စဉ်များမဟုတ်တာကို သဘောပေါက်ဖို့လိုအပ်ပါတယ်။ ထို့အပြင် သဘာဝအတိုင်းရှိရမည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏသည် စက်မှုတော်လှန်ရေးခေတ်ကာလမှ စတင်၍ များပြားလာြခင်းဖြစ်ပါတယ်။ ဒါကြောင့် စာရေးသူတို့က Climate Change လို့ပြောလိုက်ပြီဆိုတာနှင့် လူတွေကြောင့်ဖြစ် ရတဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကိုဆိုလိုတာဖြစ်ပါတယ်။ ဒီအချက်က Myth ဖြစ်ပါတယ်။ ၂။ ကမ္ဘာ့ရာသီဥတုအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်သည်အရေးပါသည်။ မှတ်တမ်းများအရ (၂၀၁၇) ခုနှစ်တွင် ကမ္ဘာ့ပေါ်ရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်သည် (၄၀၅) ppm အထိ အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ယခုလေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ် သည် နှစ်ပေါင်း ၃ သန်းတွင် အမြင့်ဆုံးသောအခြေအနေဖြစ်ပါတယ်။ သက်ရှိတွေ အသက်ရှင်နေထိုင်ဖို့ သစ်ပင်များရှင်သန်ကြီးထွားဖို့အတွက် GHG က အရေးပါပါတယ်။ ဖန်လုံ အိမ်ဓာတ်ငွေ့မှာ တစုံတခုချို့ယွင်းသွားလျှင် Natural Process ပျက်ယွင်းသွားနိုင်ပါတယ်။ ဒါကြောင့် CO2 သည်အရေးပါပါတယ်။ Facts ပါ။ သို့သော် ကာဗွန်ဒိုင်အောက်ဆိုဒ် ကို စုပ်ယူမယ့် သစ်ပင်တွေနည်းပါလာတာ၊ သစ်တောပြုန်းတီးလာမှုတွေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် အလွန်အကျွံထုတ်လွှင့်ခြင်းတွေဖြစ်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့များပြီး ကမ္ဘာကြီးပူနွေးလာမှုတွေ စတာတွေကြောင့်သာ ဆိုးကျိုးခံစားတွေနေရခြင်းဖြစ်ပါတယ်။ ၃။ Global Warming isn't real as it's still Cold. ဒါကတော့ အကြီးမားဆုံး Myth ပါ။ ကမ္ဘာကြီး၏ မျက်နှာပြင်အပူချိန် (surface temperature) တွေက ကမ္ဘာကြီးပူနွေးလာမှု၏ ပြယုဂ်တွေပဲဖြစ်ပါတယ်။ ထို့အပြင် မိုးခေါင်ရေရှားမယ်၊ အပူလှိုင်းတွေ ခဏခဏဖြတ်မယ်၊ ရာသီဥတုတွေဖောက်ပြန်မယ် စတာတွေသည် Global Warming ကြောင့်ပင်။ ဒါတင်မကသေးပါ သဘာဝဘေးအန္တရာယ်တွေ ခပ်စိတ်စိတ်ဖြစ်လာမယ် မုန်တိုင်းတွေတိုက်တဲ့အချိန်တွေ ထပ်ခါထပ်ခါဖြစ်မယ်၊ ပျောက်ကွယ်သွားဖို့ အချိန်ကြာမယ့်ဖြစ်ရပ်တွေဖြစ်လာပါမယ်။ ယခုနှစ် (၂၀၂၂) ဆိုလျှင် ဥရောပ နှင့် အာရှတခွင် မိုးခေါင်ရေရှားမှု မကြုံစဖူးကြုံရပြီး မြစ်ရေတွေခမ်းခြောက်တဲ့အထိတွေပါဖြစ်လာ ရပါတယ်။ (အပိုင်း ၂ ဆက်ပါဦးမည်။) ပြုစုရေးသားသူ - နိုင်ကျော်လူ Sources - MYTHS ABOUT CLIMATE CHANGE, WWF and Climate Change Facts and Myths, JustEnergy.com ----------------------------------------------------------------------------------------- ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ LinkedIn ကိုအခုပဲ join လိုက်ပါ။ https://www.linkedin.com/company/ehsmyanmar/ #EHSMyanmar #ClimateChange #Facts #Myths

World Car Free Day, September 22 ================================================== On September 22, World Car Free Day is ho
World Car Free Day, September 22 ================================================== On September 22, World Car Free Day is honored, and it encourages drivers to abandon their vehicles for the day. Some towns and nations host organized events. According to research, cities gain from car-free days in a variety of ways. This includes fewer car accidents, less noise and air pollution, less congested traffic, and less time lost. Days without a car also promote more conversation and exercise. #EHSMyanmar #CarFreeDay #internationalDays

Ms. May Tharaphu, project coordinator of EHS Myanmar, will participate in the following workshop and share knowledge on Clima
Ms. May Tharaphu, project coordinator of EHS Myanmar, will participate in the following workshop and share knowledge on Climate Change with young people. If you would like to participate in the workshop, please contact the hosting organizations. Workshop Details - https://m.facebook.com/story.php?story_fbid=pfbid02YZbbVjD1LAhDL6hiWSkpu9owDWP8HqXVEMUnGiSUEx8A46Jm1657Vf2BgWSZf7B6l&id=808198199557573 Registration Form for the Workshop - https://docs.google.com/forms/d/e/1FAIpQLScmSD-ThtEqem4KmTgNislT8GjKuNXHQ0drIPeWgECHJw5yAQ/viewform #EHSMyanmar #climatechange

Zero Emission Day, September 21 ========================================== Zero Emissions Day is a global day of action to ur
Zero Emission Day, September 21 ========================================== Zero Emissions Day is a global day of action to urge an end to air pollution, which contributes to global warming. The purpose of Zero Emissions Day is to promote awareness about the importance of using cleaner energy sources over fossil fuels, as well as to encourage individuals and businesses to do their part to safeguard the environment. Reference - thewholeleafco.com #EHSMyanmar #ZeroEmissionDay #internationaldays

World Water Monitoring Day, September 18 ========================================== As part of a global education outreach in
World Water Monitoring Day, September 18 ========================================== As part of a global education outreach initiative, the America's Clean Water Foundation (ACWF) created World Water Monitoring Day in 2003. The program, which has now been renamed the "World Water Monitoring Challenge" and "EarthEcho Water Challenge," aims to increase public awareness and involvement in safeguarding water resources by enabling individuals to do straightforward water body monitoring in their local communities. Reference - wikipedia #EHSMyanmar #WaterMonitoringDay #internationaldays

photo content
+2

📞 အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် 09755282383, 09885123207 များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သည်။ Learn more at www.ehsmyanmar.org -------------------------------------------------------- Don't forget to follow us on Facebook and LinkedIn https://www.facebook.com/ehsmyanmar/ https://www.linkedin.com/company/ehsmyanmar/ #EHSMyanmar #Onlinecourse #Environmental_Management_and_Planning

Environmental Management and Planning Online Course Program (Batch-1) by EHS Myanmar -------------------------------------------------------- 💠 ယခုခေတ်ကမ္ဘာကြီးပေါ်တွင် လူသားများ၏ လုပ်ဆောင်ချက်များကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများ၊ ရာသီဥတုပြောင်းလည်းခြင်းများနှင့် ၎င်း၏အကျိုးဆက်များ စသည့်ဆိုးကျိုးများဖြစ်ပေါ်လျက်ရှိပါတယ်။ ထို့ကြောင့် ထိုဆိုးကျိုများအား တန်ပြန်နိုင်ရန်နှင့် စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတို့အားရရှိနိုင်ရန် Environmental Management Plan (EMP) ဟုခေါ်သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်အား နိုင်ငံတကာ စီမံကိန်းများတွင်လည်းမရှိမဖြစ်လိုအပ်လာရာ မြန်မာနိုင်ငံတွင်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများ (၂၀၁၄)၊ နည်းဥပဒေ ၅၅(က) အရ ဝန်ကြီးဌာနက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲတင်ပြရန်လိုအပ်သည်ဟုသတ်မှတ်သည့် စီမံကိန်းအမျိုးအစားများတွင် EMP ကိုရေးဆွဲတင်ပြရန်လိုအပ်လာပါသည်။ 💠 ထို့ကြောင့် EHS Myanmar အဖွဲ့အစည်းသည် မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့နဲ့ ပတ်သက်သည့် အသိပညာဗဟုသုတများ မြှင့်တင်နိုင်ရန်အတွက် ဖွဲ့စည်းတည်ထောင်ခဲ့သည်ဖြစ်ရာ ယခုအခါတွင်လည်း နိုင်ငံအတွင်း များစွာလိုအပ်နေသည့် Environmental Management and Planning Online Course Program (Batch-1) သင်တန်းအား ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်။ 💠 သင်တန်းတွင် ဘာတွေသင်ကြားမှာလည်း? ဤ EMP သင်တန်းတွင် -Policy, Legal and Framework -Examining Methods of Surrounding Environment -Environmental Quality Monitoring -Impacts of Identification and Risk Assessment -‌Impact Assessment Methodologies -Mitigation and Management Plan စသည်တို့အား ဆရာ၊ ဆရာမများမှ ရှင်းလင်း၊ သေချာစွာ သင်ကြားပေးသွားမည်ဖြစ်ပါတယ်။ 💠 သင်တန်းတွင် ဘယ်သူတွေသင်ကြားမှာလည်း? သင်တန်းအား EIA နယ်ပယ်တွင်များစွာအတွေ့အကြုံရှိသည့်၊ နိုင်ငံတကာတက္ကသိုလ်များမှ ဘွဲ့များရရှိထားသည့် ဆရာ၊ ဆရာမများမှ သင်ကြားပေးသွားမည်ဖြစ်ပါတယ်။ 💠 သင်တန်းအား ဘယ်သူတွေတက်သင့်ပါလည်း? EMP သင်တန်းအား EIA နှင့် EMP နယ်ပယ်များအတွင်း လုပ်ကိုင်လိုသည့် ဘွဲ့ကြိုကျောင်းသား ကျောင်းသူများ၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများအပြင် Environmental Officer များ၊ Environmental Auditor များ၊ EMP အားကိုယ်တိုင်လုပ်ရေးဆွဲလိုသည့် Manager များ နှင့် လုပ်ငန်းရှင်ကြီးများအတွက် အထူးသင့်လျှော်ပါတယ်။ မှတ်ချက်။ ။သင်တန်းအားအချိန်ပြည့်တက်ပေးသူ၊ တက်ကြွစွာပါဝင်သူနဲ့ Assessment နှင့် Attendance ပြည့်မှီသူများကိုသာ သင်တန်းပြီး Certificate ပေးအပ်မှာဖြစ်ပါတယ်။ 💠 သင်တန်းအား ဘယ်အချိန်နဲ့ ဘယ်နေရာများတွင် သင်ကြားမှာပါလည်း? သင်တန်းသည် October လ ၁ ရက်နေ့ ၂၀၂၂ ခုနှစ် (1/10/2022) မှ‌စ‌၍ October လ ၂၃ ရက်နေ့ ၂၀၂၂ ခုနစ် (23/10/2022) အထိ ကျောင်း၊ ရုံးလွတ်ချိန် စနေ တနင်္ဂနွေနေ့များတွင် Zoom မှတဆင့် သင်ကြားပေးသွားမည်ဖြစ်ပါတယ်။ သင်တန်းအား ညနေ ၆ နာရီခွဲ (6:30 pm) မှ ည‌ ၈ နာရီ (8:00 pm) အတွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။ မှတ်ချက်။ ။ဆရာ၊ ဆရာမများ၏ စာသင်ကြားမှုပေါ်မူတည်၍ စာသင်ချိန် ၁ နာရီခွဲမှ ၂ နာရီအတွင်းကြာမြင့်နိုင်ပါတယ်။ 💠 သင်တန်းကြေးက ဘယ်လောက်ပါလည်း? သင်တန်းကြေးသည် ၂၅,၀၀၀ ကျပ်ဖြစ်ပြီး Online Payment များဖြစ်သည့် KBZ Pay၊ Wave Pay၊ AYA Bank၊ CB Bank များဖြင့်ပေးချေနိုင်ပါတယ်။ 🎯EHS Myanmar ဖွင့်လှစ်ခဲ့သည့် သင်တန်းများနှင့် EHS Myanmar Partnership organisation များတွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများအားတက်ရောက်ခဲ့သည့် သင်တန်းသူ သင်တန်းသားဟောင်းများက‌တော့ Alumni Discount ရရှိမှာဖြစ်ပါတယ်။ မှတ်ချက်။ ။ငွေသွင်းပြီးပါက ငွေပို့လိုက်သည့်အကြောင်းအား EHS Myanmar ၏ Messenger Chat Box သို့ လာရောက်အကြောင်းကြားပေးရန်လိုအပ်ပါတယ်။ 💠 သင်တန်း၏ Registration Form သင်တန်းအား အောက်ပါ Link တွင်စာရင်းပေးသွင်းနိုင်မှာဖြစ်ပြီး သင်တန်းသားအား September လ ၂၈ ရက် ၂၀၂၂ ခုနစ် (28/9/2022) အထိ လက်ခံပေးသွားမည်ဖြစ်ပါတယ်။ သင်တန်းသားအရေအတွက် ကန့်သက်ထားသည့်အပြင် သင်တန်းကြေးပေးသွင်းသူများသာ ဦးစားပေးခေါ်ယူမည်ဖြစ်သောကြောင့် သင်တန်းအားအမြန်ဆုံး စာရင်းပေးဖို့ တိုက်တွန်းလိုပါတယ်။ Registration Link - https://forms.gle/LhwGwAAPeReVZWdF9 💠 Environmental Sustainability Online Course (Batch - 2) နှင့် (Batch -3) မှ Review များ https://m.facebook.com/story.php?story_fbid=438878044313618&id=108833677318058 https://m.facebook.com/story.php?story_fbid=521757932692295&id=108833677318058 💠 Environmental Management and Planning (EMP) article - https://www.facebook.com/108833677318058/posts/584563883078366/

World Cleanup Day, September 17 ========================================== World Cleanup Day is the greatest one-day civic ac
World Cleanup Day, September 17 ========================================== World Cleanup Day is the greatest one-day civic action in the world, with over 191 countries participating to combat the global trash epidemic. World Cleanup Day encompasses more than just cleanups. It is a powerful and distinct movement that shares the vision of a world without waste. Reference - www.worldcleanupday.org #EHSMyanmar #CleanupDay #internationaldays

photo content

MYEO ၏ လုပ်ငန်းခွင်စွမ်းရည်တွေကို လေ့ကျင့်သင်ယူပြီး အတွေ့အကြုံနဲ့ဝင်ငွေရှာနိုင်မယ့် ပရိုဂရမ် တွင် EHS Myanmar မှ မိတ်ဖက်အဖွဲ့အစည်း အဖြစ်ပါဝင်သွားပါမည်။ . ဒီပရိုဂရမ်မှာ ပါဝင်ခြင်းအားဖြင့် 📌 ဘယ်လုပ်ငန်းခွင်အတွက်မဆို လိုအပ်တဲ့နည်းပညာ၊ အတတ်ပညာတွေကို ဖြည့်ဆည်းနိုင်ပြီး လုပ်ငန်းခွင်သာမက နေ့စဉ်ဘဝနဲ့လူမှုဘဝအတွက် လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရရှိလာမယ်။ 📌 စိုက်ပျိုးရေးပညာရပ်တွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ လေ့လာသင်ယူနိုင်လို့ လုပ်ငန်းပိုတိုးတက်လာမယ်။ 📌 သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ လုပ်ငန်းရှင်တွေ၊ တခြားဒေသက ဝါသနာတူလူငယ်တွေနဲ့လည်း ဆက်သွယ်ချိတ်ဆက်နိုင်လို့ လူမှုအသိုင်းအဝိုင်း ပိုကျယ်ပြန့်လာမယ်။ . 📌 MYEO ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေမှာ - 😍လစာရအလုပ်သင်အစီအစဉ် (Paid Internship)😍 ကို လျှောက်ထားနိုင်လို့ ဝင်ငွေရှာရင်း စာတွေ့အပြင် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံလည်း ရယူနိုင်မယ်။ . ဒီ "Learn to Earn Program" အောင်မြင်သွားသူများအနေဖြင့် EHS Myanmar တွင် Environmental Operations Intern အဖြစ် (၃) လတာ အလုပ်သင်ဆင်းနိုင်ဖို့ အခွင့်အရေးရှိပါတယ်။ . Program အသေးစိတ်ကို ဒီမှာလေ့လာပါ - https://www.facebook.com/myeo.hub/posts/pfbid0VBTJqYmLNVfGqfRjX3MDo9cPepuU6cjAJppzoYF6Y7JrqvPacb8LeSMAQ1ocbJgZl ----------------------------------------------------------------------------------------- ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #MYEO #Agriculture #FoodSafety #LearnToEarnProgram #Internship

International Day for the Preservation of the Ozone Layer, September 16 =============================================== Inter
International Day for the Preservation of the Ozone Layer, September 16 =============================================== International Day for the Preservation of the Ozone Layer (informally known as Ozone Day) is observed on September 16 as designated by the United Nations General Assembly.[1] This designation was made on December 19, 2000, to commemorate the date on which nations signed the Montreal Protocol on Substances that Deplete the Ozone Layer in 1987. #EHSMyanmar #OzoneDay #internationaldays