EHS Myanmar
前往频道在 Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
显示更多934
订阅者
无数据24 小时
+47 天
+730 天
帖子存档
934
Landfill ပြုလုပ်ဖို့မြေနေရာရှားပါသည့် ဒေသမျိုးတွင် သဘာဝအတိုင်းဆွေးမြေ့ခြင်း နှင့် မြေဆွေးပြုလုပ်ခြင်းနည်းလမ်းများသည် အဖြေဖြစ်ပါလိမ့်မည်။ အထူးသဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ကိုင်နေသည့် တောင်သူများအတွက် အသင့်တော်ဆုံးဖြစ်ပါသည်။ Composting နည်းလမ်းသည် အိမ်တစ်အိမ်စာ ခြံတစ်ခြံစာအတွက် ကောင်းကောင်းဖြေရှင်းပေးနိုင်သောစနစ်လဲဖြစ်ပါသည်။ ဆွေးမြေ့လွယ်သောစွန့်ပစ်ပစ္စည်းများ (Biodegradable waste) များကိုသီးသန့်ရွေးထုတ်၍ မှိုနှင့်ဘက်တီးရီးယားများပါဝင်သည့် micro-organisms တို့ဖြင့် ဆွေးမြေ့ခြင်းဖြစ်သည်ဟုဆိုရပေမည်။ ထွက်ရှိလာသော မြေဩဇာသည် ကာဗွန် နှင့် နိုက်ထရိုဂျင်ဓာတ်များအပြည့်အဝပါပါသည်။ ထို့အတွက်ကြောင့် environment friendly စနစ်ကောင်းဖြစ်ပါသည်။ ဘိုကာရှီမြန်မာသည် မြန်မာနိုင်ငံတွင် Composting နှင့်ပတ်သတ်ပြီးတက်ကြွစာလုပ်ကိုင်လျက်ရှိပါသည်။
♻️နိဂုံးချုပ်ရသော် နေ့စဉ်နှင့်အမျှထွက်ရှိနေသော စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲဖို့သည် လွန်စွာအရေးကြီးပါသည်။ အထူးသဖြင့် Circular Economy နှင့် EHRA တို့ကို လေ့လာသိရှိထားမှသာ Sustainable Development လမ်းကြောင်းပေါ်ရောက်ပြီး မိမိဘဝ၊ မိမိလုပ်ငန်း နှင့် မိမိတိုင်းပြည်အတွင် ရေရှည်တည်တံ့ခိုင်မြဲပြီးဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါသည်။ ထို့ကြောင့် EHS Myanmar ၏ သဘာ၀ပတ်၀န်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေး အွန်လိုင်းသင်တန်း အပတ်စဉ် (၄) ကို ဩဂုတ်လ (၁၃) ရက်နေ့တွင်စတင်ဖွင့်လှစ်တော့မည်အကြောင်း လေး ကြော်ငြာဝင်ရင်း...။
ရေးသားသူ - နိုင်ကျော်လူ
ကိုးကားကျမ်း - စွန့်ပစ်ပစ္စည်းများအားစီမံခန့်ခွဲခြင်း၊ WSH Myanmar Journal
Environmental Sustainability Online Course Batch 4 အသေးစိတ်လေ့လာရန် - https://www.facebook.com/ehsmyanmar/posts/pfbid0358GCfzxEmxZeAuyzrPhqtHCruFCK5AoMCe7EADJU37ewfw4bugxv9wqeyFvhodVkl
☎️ အသေးစိတ်သိချင်တာတွေရှိလျှင် EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းဆက်ချင်တယ်ဆိုလျှင်တော့ ရုံးချိန်အတွင်း (+95) 09755282383 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Learn more at www.ehsmyanmar.org
---------------------------------------------------------------------------
Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar
#EHSMyanmar #onlinecourse #environmental #Sustainability
934
စွန့်ပစ်အမှိုက်များအား စွန့်ပစ်နည်းလမ်းများ နှင့် စီမံခန့်ခွဲမှုစနစ်များ
=============================================================
EHS Myanmar | 24.7.22
♻️လူ နှင့် တရိစ္ဆာန်တို့မှထွက်ရှိလာသော မလိုလားအပ်သည့် ပစ္စည်းများကို စွန့်ပစ်ပစ္စည်းများအဖြစ် သတ်မှတ်ကြပါသည်။ ယေဘုယျအားဖြင့် စွန့်ပစ်အမှိုက်များကို စက်မှုလုပ်ငန်းများ၊ လူနေအိမ်များ၊ စီးပွားရေးလုပ်ငန်းများတို့မှ ထွက်ရှိပြီး နည်းလမ်းပေါင်းစုံဖြင့် စွန့်ပစ်ကြပါသည်။ စွန့်ပစ်အမှိုက်များကို ခွဲခြမ်းလေ့လာကြည့်ရသော် စက္ကူစာရွက်များ၊ ပလတ်စတစ်ပစ္စည်းများ၊ ဖန်နှင့်ကွဲရှနိုင်သောပစ္စည်းများ၊ သံသတ္ထုများ နှင့် ဆွေးမြေ့ပစ္စည်းများစသည်တို့ပါဝင်ပါသည်။ ထိုစွန့်ပစ်အမှိုက်များကို စနစ်တကျစီမံခန့်ခွဲပြီး စွန့်ပစ်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သည်သာမက လူ့ကျန်းမာရေးကိုပါ ကာကွယ်ရာလဲရောက်ပါသည်။
♻️စွန့်ပစ်နည်းလမ်းများ နှင့် စီမံခန့်ခွဲမှုစနစ်အမျိုးအစားများ
စွန့်ပစ်အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင်သည့် နည်းလမ်းများစွာရှိပါသည်။ ၎င်းတို့ထဲမှ အကောင်းဆုံးစွန့်ပစ်နည်းလမ်း (Best Practices) များကိုရွေးချယ်ဖော်ပြပေးသွားပါမည်။
💠 ၁။ Sanitary Landfill
စနစ်တကျမြေဖို့ခြင်းစနစ်သည် ယခုခေတ်တွင်အကောင်းဆုံးသော စွန့်ပစ်နည်းလမ်းအဖြစ်သတ်မှတ်ထားကြသည်။ စွန့်ပစ်အမှိုက်များကို မြေဖို့ပြီး မြေကြီးပေါ်တွင် ပါးလွှားသောအလွှာတစ်ခု (Impreviouse thin layers) ကိုထားထားပါသည်။ ဒီအလွှာသည် အမှိုက်များမှစိမ့်ထွက်လာမည့် အန္တရာယ်ရှိအညစ်အကြေးများကို မြေအောက်ရေထဲသို့စိမ့်ဝင်ခြင်းမှတားဆီးပေးပါတယ်။ ထို့အပြင် အမှိုက်များကိုအလုံပိတ်၍ ၎င်းတို့ထံမှထွက်ရှိလာသော မီသန်းနှင့် အခြားဓာတ်ငွေ့များကို သန့်စင်စုပ်ယူပြီး Bio-Gas အဖြစ်ပြန်အသုံးပြုလေ့ရှိပါသည်။ မန္တလေးမြို့တွင် တည်ဆောက်ဆဲ Sanitary Landfill တစ်ခုရှိပါသည်။
💠၂။ Incineration
မီးရှို့ဖျက်ဆီးခြင်းစနစ် ဆိုသည်မှာ သာမာန်လမ်းဘေးတွင် ပုံ၍ မီးရှို့သည့်နည်းလမ်းကိုဆိုလိုခြင်းမဟုတ်ပါ။ စနစ်တကျတည်ဆောက်ထားသော မီးရှို့စက်ဖြင့် သတ်မှတ်ထားသော မြင့်မားသည့်အပူချိန်များတွင် ခွဲခြမ်းစိတ်ဖြထားသော (Segreation) ပြုလုပ်ထားသည့် အမှိုက်များကိုသာမီးရှို့ဖျက်ဆီးပြီး ပြာအဖြစ်ရောက်သည်အထိ မီးရှို့ဖျက်ဆီးရသည့်စနစ်ဖြစ်ပါသည်။ ထို့ကြောင့်အပူချိန်သည် ပျှမ်းမျှအားဖြင့် (၈၇၀) ဒီဂရီစင်တီဂရိတ် မှ (၁၂၀၀) စင်တီဂရိတ်လောက်ထိရှိရပါသည်။ ထို Incinerator များကို Waste-to-energy Plant များအဖြစ်အသုံးပြုနိုင်သည်။ သို့သော် အားနည်းချက်မှာ ဈေးအလွန်ကြီးပြီး ကျွမ်းကျင်သောလုပ်သားများ (Skilled Technician) နှင့် လုံလောက်သော စွမ်းအင်ပမာဏ (auxiliary fuel systems) တို့ရှိရန်အရေးကြီးပါသည်။ မြန်မာနိုင်ငံ၏တစ်ခုထည်းသော Waste-to-energy Plant ကို ရန်ကုန်မြို့တွင် တွေ့နိုင်ပြီး အသေးစားအမှိုက်မီးရှို့စက်များကိုတော့ မြို့ကြီးများတွင် ဆေးဝါးစွန့်ပစ်ပစ္စည်းများကိုမီးရှို့သည့်
အခါအသုံးပြုလေ့ရှိသည်။
💠၃။ Recycling
Recycling သည် ငွေကုန်ကြေးကျနည်းပြီး လူတိုင်းလက်လှမ်းမှီနိုင်သော နည်းလမ်းဟုဆိုရပေမည်။ ပြန်လည်တီထွင်အသုံးပြုလို့ရနိုင်သည့် စွန့်ပစ်အမှိုက်များကိုရွေးချယ်၍ ပစ္စည်းအသစ်တစ်ခု ဖန်တီးအသုံးပြုခြင်းဖြစ်ပါသည်။ ပလတ်စတစ်အိတ်များ၊ သံဗူးများ၊ ဖန်ပုလင်းများ၊ ကတ်ထူဗူးများ စသည်တို့ကို ရှေးယခင်ထည်းကပင်ပြန်လည်အသုံးပြုသည့်အလေ့အကျင့်ကောင်းများရှိနေပြီဖြစ်ပါသည်။ Recycling ပြုလုပ်ခြင်းကြောင့် စွမ်းအင်ချွေတာရာရောက်ပြီး သဘာဝသယံဇာတရင်းမြစ်များကိုလဲ ထိန်းသိမ်းကာကွယ်ပြီးသားဖြစ်ပါသည်။ အားနည်းချက်မှာတန်ဖိုးကြီးသည့် စွန့်ပစ်အမှိုက်များကို recycle လုပ်ရန်အတွက် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် အခက်အခဲများစွာရှိသည့်အပြင် recycled products များကို လိုအပ်သလောက်မရသည့်ပြသနာလဲရှိနေပြန်ပါသေးသည်။ သို့သော် Recycling နည်းလမ်းများကို ယခုထက်ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ဖို့ တွန်းအားပေးရန်မှာ Stakeholders အားလုံးတွင်တာဝန်ရှိပါသည်။ မြန်မာနိုင်ငံတွင် Recycling ကုမ္ပဏီအများအပြား ထွက်ပေါ်လာပြီဖြစ်ပါသည်။ ဥပမာ - Chu Chu Recycle.
💠၄။ Biodegrading and Composting
934
Environmental Sustainability online Course Batch-4
---------------------------------------------------------
🌐 ဩဂုတ်လ (၁၃) ရက်နေ့တွင် အားလုံးပဲစောင့်မျှော်နေကြပြီဖြစ်တဲ့ Environmental Sustainability Course Batch 4 (Intermediate Level) ကို ဖွင့်လှစ် သင်ကြားသွားမှာဖြစ်ပါတယ်။
🌐EHS Myanmarသည် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ရပ်ရွာလူထုများ၏ပတ်ဝန်းကျင်အသိအမြင်ကိုမြှင့်တင်ရန် ရည်ရွယ်တည်ထောင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများနဲ့ ၎င်းတို့ကို လျှော့ချခြင်းနဲ့ သက်ဆိုင်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်အကဲဖြတ်ခြင်းနဲ့ Environmental Engineering နှင့် Environmental Sciences ကဲ့သို့သောနယ်ပယ်များမှာ တန်ဖိုးရှိသော အသိပညာများကိုမျှဝေပေးလျက်ရှိတဲ့ ထိပ်တန်း NGO အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
🌐 ဘာတွေသင်မှာလဲ?
- Circular Economy and Sustainability
- Environmental Hazards and Public Health
-Environmental Health Risk Assessment (EHRA)
- Wastewater Treatment System and Management
- Sludge digestion and Biosolid management
-etc.
🌐ဘယ်သူတွေသင်မှာလဲ?
အတွေ့အကြုံရှိ နိုင်ငံတကာတက္ကသိုလ်များမှာ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာဘာသာရပ်များကို ဘွဲ့လွန်မဟာတန်း၊ ပါရဂူတန်းအသီးသီးတို့မှာ တက်ရောက်ပြီး အထူးပြုလေ့လာနေသည့်အပြင် ပညာပေးဆောင်းပါးများရေးသားနေတဲ့ The Environment, Health and Safety Myanmar (EHS Myanmar) Organization မှ ဆရာ၊ဆရာမများက course material (lecture notes, ebooks, quiz, etc.) ဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
🌐ဘယ်သူတွေတက်သင့်သလဲ?
Environmental Sustainability (သဘာ၀ပတ်၀န်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေး) သင်တန်းကို ဘွဲ့ကြိုကျောင်းသား/ ကျောင်းသူများ၊ ဘွဲ့လွန် ကျောင်းသားကျောင်းသူများ အတွက် အထူးသင့်လျော်ပြီး လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ လူငယ်တွေလည်း လက်တွေ့အသုံးချနိုင်မှာဖြစ်ပါတယ်။
🌐 ဘယ်အချိန်တွေလဲ? ဘယ်နှပတ်လဲ?
ရုံးချိန်လွတ် ၃ ပတ်တာသင်တန်းဖြစ်ပြီး ပြီးဆုံးပါက သင်တန်းချိန် နှင့် assessment ပြည့်မှီအောင်မြင် သူများကို certificate ပေးအပ်သွားမှာဖြစ်ပါတယ်။
အချိန်။ ။ ညနေ ၆:၃၀ မှ ည ၈:၃၀ နာရီ အထိ
နေ့ရက်။ ။ ဩဂုတ်လ ၁၃ရက်နေ့မှ ၂၈ ရက်နေ့အထိ (စနေနေ့ နှင့် တနင်္ဂနွေနေ့များ)
သင်ကြားရေးစနစ်။ ။ ZOOM Video Conferencing
မှတ်ချက်။ ။ ဆရာ/ဆရာမများ၏ စာသင်ကြားမှုပေါ်မူတည်၍ စာသင်ချိန် ၂နာရီမှ ၂နာရီခွဲဝန်းကျင် ကြာမြင့်နိုင်ပါသည်။
🌐သင်တန်းကြေး ကကော? online ကနေပေးလို့ရရဲ့လား?
သင်တန်းကြေးက ၂၅၀၀၀/- ကျပ်သာဖြစ်ပြီး မိမိအဆင်ပြေတဲ့ online payment တွေနဲ့ပေးချေလို့ရပါတယ်။
🤩 EHS Myanmar ၏ Partnership Organizations များမှ Members များက နှင့် ကျောင်းသား/ ကျောင်းသူဟောင်းများကတော့ Discount ရရှိမှာဖြစ်ပါတယ်။
🌐 သင်တန်းသားဦးရေ ကန့်သတ်ထားတဲ့အတွက်ကြောင့် ထိထိရောက်ရောက် အေးအေးဆေးဆေးလေ့လာသင်ယူနိုင်မှာဖြစ်ပြီး ဆရာ/ဆရာမ များနှင့် discussion session တွေများလဲထည့်သွင်းထားပါသေးတယ်။ သင်တန်းတလျှောက်လုံး တက်ကြွစွာပါဝင်ဆွေးနွေး ဖို့တော့လိုပါမယ်နော်။
🌐 သင်တန်းလျှောက်လွှာကို အောက်ဖော်ပြပါ Link မှတစ်ဆင့် ဖြည့်ပြီးလျှောက်ထားနိုင်ပါပြီ။ သင်တန်းကြေးပေးသွင်းထားသူစာရင်းနှင့်သာ သင်တန်းသားအရေအတွက်ကိုစဥ်းစားမည်ဖြစ်သောကြောင့် မကျန်ခဲ့အောင် registration ပြီးလျှင် သင်တန်းကြေးမြန်မြန်ပေးသွင်း ဖို့တော့လိုပါမယ်နော်။
Registration Form - https://3c5.com/wcxy6
Environmental Sustainability Course ရဲ့လျှောက်လွှာတွေကိုတော့ ဩဂုတ်လ (၁၀) ရက်နေ့အထိ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။
Batch 1 မှ Review များ - https://www.facebook.com/ehsmyanmar/posts/438878044313618
Batch 3 မှ Review များ -
https://www.facebook.com/108833677318058/posts/521757932692295/
☎️ အသေးစိတ်သိချင်တာတွေရှိလျှင် EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းဆက်ချင်တယ်ဆိုလျှင်တော့ ရုံးချိန်အတွင်း (+95) 09755282383 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Learn more at www.ehsmyanmar.org
---------------------------------------------------------------------------
Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar
#EHSMyanmar #onlinecourse #environmental #Sustainability
934
[English Below] ပြည်ပအစီရင်ခံစာများအရ မြန်မာ့စီးပွားရေးသည် နိုင်ငံရေးရှုပ်ထွေးမှုများကြောင့် (၂၀၂၁) ခုနှစ်တွင် သိသိသာသာကျဆင်းခဲ့သည်။ သို့သော်လည်း (၂၀၂၀ မှ ၂၀၂၁) ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူဦးရေ (၂.၅) သန်း အထိတိုးလာခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ဆိုရသော်(၁၂) ရာခိုင်နှုန်းထိတိုးလာသည်။ ရလဒ်အနေဖြင့် အင်တာနက်၏လည်ပတ်ပုံအား ခြုံငုံသုံးသပ်နိုင်မည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ လူသားများနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ၎င်း၏ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများကို ဖော်ပြနိုင်ရန် ယခုသုတေသနကိုပြုလုပ်ခဲ့ပါသည်။ EHS Myanmar အနေဖြင့် "A study on environmental impacts of Internet Emissions: a case study of Yangon, Myanmar" ခေါင်းစဥ်ဖြင့် အသေးစား သုတေသနစာတမ်း တစ်ခုကို Self-Funded ဖြင့် ၂၀၂၂ ခုနှစ် ဧပြီလတွင် ပြုစုရေးသားထုတ်ဝေနိုင်ခဲ့ပါသည်။
European Union (အီးယူ) အောက်ရှိ European Research Organization မှ ထူထောင်ထားသော Zenodo တွင်လည်း ယခုသုတေသနစာတမ်းကို ကို ဖတ်ရှုလို့ရနိုင်ပါသည်။ အသေးစိတ်ဖတ်ရှုရန် - https://zenodo.org/record/6553351?fbclid=IwAR1L07Q27wm0IumRWMqPEHCReW-vKDn79-oSkI7Tlk7ufE0cAcp3c0O3WWc#.YoI0d2ku5zA
.
According to foreign reports, Myanmar's economy has declined in 2021 because of political concerns. However, between 2020 and 2021, the number of internet users in Myanmar increased by 2.5 million (+12%). As a result, the research study will provide an overview of how the internet operates, as well as its good and negative effects on humans and the environment in the nation. In April 2022, EHS Myanmar had developed and published a self-funded Research Paper titled "A Study on Environmental Impacts of Internet Emissions: A Case Study of Yangon, Myanmar". You can also read this paper at Zenodo, founded by the European Research Organization under the European Union (EU).
If you would like to read the full report, please visit the zenodo.org website or go to this link. https://zenodo.org/record/6553351?fbclid=IwAR1L07Q27wm0IumRWMqPEHCReW-vKDn79-oSkI7Tlk7ufE0cAcp3c0O3WWc#.YoI0d2ku5zA
-----------------------------------------------------------------------------------------
Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar
#EHSMyanmar #SLCAdvocates #researchpaper #internetemissions
934
[English Below] ၂၀၁၉ ခုနှစ်တွင်ထွက်ရှိထားသည့် မြန်မာနိုင်ငံ ပတ်၀န်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် အစီရင်ခံစာအရ ရန်ကုန်မြို့တွင် စွန့်ပစ်ပစ္စည်းများသိမ်းဆည်းမှုလွှမ်းခြုံမှု (Waste Collection Coverage) သည် ၅၃% ရှိပြီး၊ မန္တလေးမြို့တွင် ၈၄% အထိရှိပါသည်။ မြန်မာနိုင်ငံ ၏ စွန့်ပစ်အမှိုက်ထွက်ရှိမှု ကိန်းဂဏန်းများကိုလေ့လာကြည့်ရာတွင်လဲ တစ်ဦးလျှင် တစ်ရက်ကို ၀.၅၆ kg/cap ထွက်ရှိလျက်ရှိပြီး တစ်နိုင်ငံဆိုလျှင် တစ်ရက်ကို ၂၈.၈၄ တန်ရှိပြီး၊ တစ်နှစ်လုံးဆိုလျှင်တန်ပေါင်း ၁၀.၅ သန်း ရှိနေကြောင်းတွေ့ရပါသည်။ ထွက်ရှိသည့်အမှိုက်များကိုလေ့လာကြည့်လျှင်လဲ ဆွေးမြေ့လွယ်သောအမှိုက်များ (Organic Waste) သည် ၇၇%၊ ပလတ်စတစ်အမှိုက်များသည်
၁၃ %၊ စာရွက်စက္ကူများ ၇% ရှိပြီး အခြားသောအမှိုက်များသည် ၃% ဖြစ်ကြောင်းအစီအရင်ခံစာတွင် ရေးသားထားပါသည်။
.
According to the 2019 Myanmar Country Environmental Analysis, waste collection coverage is approximately 53% in Yangon and 84% in Mandalay. Thus, the average daily trash production in Myanmar is 0.56 kg per person, 28.85 tons per day for the entire nation, and 10.5 million tons per year. Seventy-seven percent are organic garbage, thirteen percent are plastic waste, seven percent are paper waste, and three percent are other wastes.
Source - Myanmar Country Environmental Analysis by the World Bank (2019)
======================================
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel နှင့် LinkedIn အားအခုပဲ Follow လုပ်ထားလိုက်ပါ။
https://t.me/ehsmyanmar
https://www.linkedin.com/company/ehsmyanmar/
#EHSMyanmar #wastecollectioncoverage #Myanmar #WorldBank
934
National Grographic ၏ Documentary+News အမျိုးအစားဖြစ်ပြီး သူ့ခေတ်သူ့အခါက အရေးအပါဆုံးနဲ့ အအောင်မြင်ဆုံးမင်းသားလဲဖြစ်၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေး သံတမန်တစ်ဦးလဲဖြစ်ခဲ့တဲ့ လီယိုနာဒို ဒီကာပရီယို ဟာ မကြာခင်ကျရောက်တော့မယ့် သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်ရဲ့ သက်ရောက်မှုတွေကို ကိုယ်တွေ့မြင် တွေ့ဖို့ နှင့် ကမ္ဘာကြီးပူနွေးလာမှုပြဿနာကို လူသားတွေအာရုံစိုက်ဖို့ အတွက် ကမ္ဘာပတ်ခရီးထွက်ခဲ့တဲ့ Documentary လေးဖြစ်ပါတယ်။ မင်းသားကြီး လီယိုနာဒို ဒီကာပရီယိုရဲ့သရုပ်ဆောင်မှုနဲ့ အသံနေအသံထား ကောင်းမွန်မှုကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုအပေါ်လူတွေသတိပြုလာနိုင်ခဲ့ပါတယ်။
Trailer ကြည့်ရန် - https://www.youtube.com/watch?v=6UGsRcxaSAI
ဆက်ပါဦးမည်။
Reference - Environmentshow.com
ပြုစုသူ - နိုင်ကျော်လူ
-----------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #environmental #movies
934
ကြည့်သင့်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်ရှင်များ (အပိုင်း ၂)
=================================================================
EHS Myanmar | 18.6.2022
သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများ နှင့် ပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှုတွေကြောင့်နောက်ဆက်တွဲဆုံးရှူံးမှုများအကြောင်းလေ့လာချင်သည့်သူများအတွက် လက်မလွတ်တမ်းကြည့်သင့်သည့် အကောင်းဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာရုပ်ရှင် (Environmental Movie) ၅ခု ဒုတိယပိုင်းအနေဖြင့် စုစည်းဖော်ပြပေးလိုက်ပါတယ်။ ယခုဖော်ပြပါ ရုပ်ရှင်တွေထဲမှာ ကြည့်ပြီးသား ရုပ်ရှင်တွေပါနေလျှင် တစ်ကားကို (၁) မှတ်ပေးကြည့်ပါ။ အဲ့တော့ ကိုယ်ဘယ်နှမှတ်ရလဲဆိုတာ comment မှာ မန့်သွားပါဦးနော်။
၁။ Avatar (2009)
၂၀၀၉ ခုနှစ်မှာထွက်ရှိတဲ့ James Cameron ရဲ့ Avatar ရုပ်ရှင်ဟာဆိုလျှင် မကြည့်ဖူးသူမရှိလောက်အောင် နာမည်ကျော်ကြားခဲ့ပါတယ်။ Sam Worthington နဲ့ Zoe Saldana တို့လို နာမည်ကြီးသရုပ်ဆောင်တွေပါဝင်တဲ့ရုပ်ရှင်တစ်ခုလဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်တဲ့ ပေးချင်တဲ့ message တွေတွေ့ရမှာပါ။ အထူးသဖြင့် ကျွန်ုပ်တို့မှာရှိတဲ့ သဘာဝသယံဇာတရင်းမြစ်တွေကိုတန်ဖိုးထားတက်အောင် နှင့် သယံဇာတရင်းမြစ်ထုတ်လုပ်မှုကိုတက်နိုင်သမျှလျှော့ချရန်တို့ပဲဖြစ်ပါတယ်။ Avatar 2 လဲမကြာခင်ပြတော့မှာပါ။
Trailer ကြည့်ရန် - https://www.youtube.com/watch?v=5PSNL1qE6VY
၂။ Lion King (2019)
Disney ရဲ့ အအောင်မြင်ဆုံးကာတွန်းကားတွေထဲမှာ Lion King ကမပါမဖြစ်ပါ။ ၂၀၁၉ ခုနှစ်မှာဆိုလျှင်တော့ Animation ဖြင့်အသစ်ပြန်လည်ရိုက်ကူးနိုင်ပြီး အောင်မြင်ခဲပါသေးတယ်။ Lion King ရုပ်ရှင်မှာတော့ အားလုံးသိကြတဲ့အတိုင်း တောရိုင်းတရိစ္ဆာန်များကိုအခြေခံပြီးရိုက်ကူးထားသည့်အတွက် ဇီဝမျိုးစုံမျိုးကွဲများအကြောင်းလေ့လာရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာ Sustainability နှင့်ပတ်သတ်ပြီး highlight လုပ်ထားတဲ့အကြောင်းအရာတွေရှိပါတယ်။
- မျှတစွာသုံးစွဲရမည်။ (Balance)
- လောဘကြီးလွန်းလျှင်မကောင်းပါ။ (Greed)
- သဘာဝသယံဇာတများကိုအလွန်အကျွံသုံးစွဲခြင်းမပြုရ။ (Overhunting (exploitation of resources))
- အသားအစားထိုးများကိုသုံးဆောင်ပါ။ (Alternative Proteins)
- အကောင်းမြင်စိတ်တွေးပြီး အကောင်းဆုံးအရာတွေလုပ်ပါ။ ("Hakuna Matata")
Trailer ကြည့်ရန် - https://www.youtube.com/watch?v=7TavVZMewpY
၃။ A New Economy (2016)
ထူးထူးခြားခြား ကနေဒါ Documentary လေးနဲ့မိတ်ဆက်ပါရစေ။ စီးပွားရေးအသစ်တစ်ခု စတင်တည်ဆောက်ဖို့ ကြိုးစားကြတဲ့လူတွေအကြောင်းကိုရိုက်ကူးထားတာပါ။ ဒီလို လူသားများ၏ ကြိုးစားအားထုတ်မှုတွေရှိသည့်တိုင် တော်လှန်ရေးစီးပွားရေးလုပ်ငန်းခေတ် (Revolutionary Businesses) ကိုသွားကြဖို့အတွက် Sustainability ဖြစ်အောင် People-friendly နဲ့ eco-friendly ကို မျှမျှတတလုပ်ဆောင်လို့ရနိုင်အောင် အားပေးထားသည့် ရုပ်ရှင်တခုလဲဖြစ်ပါတယ်။ Sustainable Business ကိုစိတ်ဝင်စားတဲ့ လူငယ်တွေကြည့်သင့်တဲ့ ရုပ်ရှင်တခုဖြစ်ပါတယ်။
Trailer ကြည့်ရန် - https://www.youtube.com/watch?v=zjB5w5Up8vs
၄။ Erin Brockovich (2000)
IMDB 7.4 အထိရရှိထားတဲ့ ဟောလီးဝဒ်မင်းသမီး Julia Robert ပါဝင်ထားတဲ့ Biography+Drama ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်က အမေရိကန်နိုင်ငံ Pacific Gas and Electric Company (PG&E) ကုမ္ပဏီက အဆိပ်အတောက်ဖြစ်စေတဲ့ hexavalent chromium များကို တရားမဝင်စွန့်ပစ်ဖို့ (illegal dumping) အတွက် မြေကွက်များကို အတင်းအားဓမ္မကြိုးစားဝယ်ယူခဲ့သည့်အပြင် စက်ရုံအနီးအနားဝန်းကျင်မှာရှိတဲ့ နေထိုင်သူတွေကိုပါ အဆိပ်အတောက်ဖြစ်စေခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို Single-mother တစ်ဦးဖြစ်သူ Erin Brockovich ကသိရှိခဲ့ပြီး တရားဥပဒေအရ Multi-billion Dollar ကော်ပရေးရှင်းတစ်ခုကိုတရားစွဲဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်က အမေရိကန်နိုင်ငံရှိ ရေနံကုမ္ပဏီတွေကြားမှာ လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
Trailer ကြည့်ရန် - https://www.youtube.com/watch?v=l0ftkL6qhT8
၅။ Before the Flood (2016)
ရာသီဥတုပြောင်းလဲမှုသည် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ကို အကျိုးသက်ရောက်ပုံနှင့် ကမ္ဘာတဝှမ်းရှိ မျိုးသုဉ်းလုနီးပါးမျိုးစိတ်များ၊ ဂေဟစနစ်များနှင့် ဇာတိရပ်ရွာများ၏ ကွယ်ပျောက်မှုကို တားဆီးရန်အတွက် လူ့အဖွဲ့အစည်း မည်သို့သက်ရောက်မှုတွေဖြစ်ပေါ်နေသည်ကို လေ့လာလိုက်ပါ။
934
ကျွန်တော်တို့ လူသားများ၏ ကျောက်ခေတ်၊ သံခေတ်၊ စိုက်ပျိုးမှုတော်လှန်ရေးခေတ် (Agricultural Revolution)၊ စက်မှုတော်လှန်ရေးခေတ် (Industrial Revolution)၊ ယခု ၂၁ ရာစု စသည့်ခေတ်အဆက်အဆက်တွင် ကျွန်တော်တို့ လူသားများကိုသာ အဓိကထားကြလေ့ရှိပါသည်။ ကျွန်တော်တို့ လူသားများသည်သာလျှင် အင်အားအကြီးဆုံးဖြစ်သည့်အတွက် သဘာပတ်ဝန်းကျင်သည် လူသားများအတွက် ဖန်တီးထားခြင်းဖြစ်သည်၊ လူသားများသည်သာ သာလွန်သည် စသည့်စိတ်များဖြင့် ရှင်သန်လာကြပါသည်။ ဒုတိယတစ်ခုတွင် လူသားများနှင့်တကွ သဘာဝ (Ecocentrism) ဟုဆိုရာတွင် လူသားများအားဦးစားပေးသည်ဆိုသည်အထက် လူသားများသည်လည်းပင် အခြားသောအကောင်များ၊ အပင်များကဲ့သို့ သဘာဝနှင့်နည်းတူယှဉ်တွဲနေထိုင်နေကြသည့် တိရိစ္ဆာန်များဖြစ်ပါသည်။ ထို့သို့သောအခါတွင် လူသားများသည်လည်း သဘာဝပတ်ဝန်းကျင်၏ တစိတ်တဒေသဖြစ်ပါသည်။ ထိုသို့သောကြောင့်သည်ပင် တိရိစ္ဆာန်များ၊ အပင်များသည်လည်းပင် လူသားများကဲ့သို့ အခြေခံအခွင့်အရေးများခံစားခွင့်ရှိသည်ဟူသော အဆိုပြုချက်များထွက်ပေါ်လာပါသည်။
⚖️နိုင်ငံကြီးနှင့် နိုင်ငံငယ်
ယခုနှစ်များတွင်မူ ပို၍ထင်ရှားလာသည့် အဆိုပြုချက်မှာ နိုင်ငံကြီးများသည် ဖွင့်ဖြိုးတိုးတက်ရေးအတွက် ခေတ်အဆက်အဆက် ရာသီဥတုပြောင်းလဲခြင်းများဖြစ်စေသည့် ကျောက်မီးသွေးများ၊ ရေနံများအား အသုံးပြုပြီး ယခုအခါမှ စတင်ဖွံ့ဖြိုးမည့် နိုင်ငံငယ်လေးများအား အသုံးမပြုရန် ဟနိ့တားနေခြင်းဖြစ်သည်။ စာဖတ်သူများအနေဖြင့်လည်း ဘာလုပ်သင့်သည်ဟုထင်ပါသနည်း?
ကိုးကားကျမ်း - Stanford Encyclopedia of Philosophy
Hector မှရေးသားသည်။
#EHSMyanmar #Environmental #Ethics
934
ပတ်ဝန်းကျင်ဆိုင်ရာ ကိုယ်ကျင့်တရားဆိုသည်မှာ
(What is Environmental Ethics?)
=====================================
EHS Myanmar | 29.6.2022
ကျွန်တော်တို့ လူသားများ ရှင်သန်ကျက်စားနေထိုင်နေကြသည့် ဤကမ္ဘာကြီး၌ ယဉ်ကျေးမှု၊ လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ နေရာထိုင်ခင်းပေါ်မူတည်၍ များစွာ
သော ကိုယ့်ကျင့်တရားများ (Ethics) ရှိပါသည်။ ဥပမာ မြန်မာနိုင်ငံတွင်မူ မိဘများ၊ ဆရာ ဆရာမများ၊ လူကြီးသူမ အရှေ့များတွင် ရိုသေလေးစားသမှုဖြင့် လူငယ်များ ခေါင်းငုံ့၍သွားစေခြင်း၊ ဂျပန်နိုင်ငံတွင် ကိုယ့်ကိုယ်ကိုထက်
လူအများအား ဦးစားပေးစေခြင်း၊ အမေရိကန်နိုင်ငံတွင်မူ လူတစ်ဦးတစ်ယောက်၏ လွတ်လပ်ခွင့်အား လေးစားစေခြင်း စသည်တို့သည် ကျွန်တော်တို့ လူသားများ နေ့စဉ်လူနေမှုဘဝတွင် ငယ်ငယ်လေးကတည်းကပင် မိဘကတဆင့်သော်လည်းကောင်း၊ ပတ်ဝန်းကျင်ကတဆင့်သော်လည်းကောင်း သင်ယူခဲ့ရသော ကိုယ်ကျင့်တရားများဖြစ်ပါသည်။ ထို့အပြင် ထိုကိုယ်ကျင့်တရားများသည်လည်း အခြေအနေနဲ့ အချိန်အခါပေါ်မူတည်၍ မတူညီပြောင်းလဲနေကြပါသည်။ ကိုယ်ကျင့်တရားဆိုသည်မှာ ပညာရေးရှုထောင့်ကကြည့်မည်ဆိုပါက အဓိကကအားဖြင့် လူသားများ၏ ဘဝအတွင်း ကောင်းခြင်း၊ ဆိုးခြင်းများကို ခွဲခြားသိမြင်နိုင်စေရန်အတွက်ဖြစ်ပါသည်။ "ကျွန်တော်တို့ ဘာလုပ်သင့်လည်း၊ ကျွန်တော်တို့ ဘယ်လိုနေထိုင်သင့်သလည်း၊ ကျွန်တော်တို့ တစ်ဦးပေါ်တစ်ဦး ဘယ်လိုဆက်ဆံသင့်သလည်း" အစရှိသောမေးခွန်းများစွာမေးခြင်းအားဖြင့် လူများ၏ တန်ဖိုးများ (Values)၊ နိယာမများ (Principles)၊ ယုံကြည်ကိုးကွယ်မှုများ (Beliefs)၊
စံသတ်မှတ်ချက်များ (Norms) များကို လေ့လာပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာ ကိုယ်ကျင့်တရားဆိုသည်မှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပါသည်။
ပတ်ဝန်းကျင်ဆိုင်ရာ ကိုယ်ကျင့်တရားများ (Environmental Ethics) ဟုဆိုရာတွင် ဒဿနိကဗေဒ (Philosophy) ၏ လေ့လာရာ ဘာသာခွဲတစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူသားများအကြားရှိ ဆက်စပ်မှု၊ ဆက်နွယ်မှု (Relationship) ကို အဓိကထား၍ လေ့လာစေပြီး ဒဿနိကဗေဒဆိုသည့်အတိုင်း အခြေအနေနဲ့ အချိန်ခါပေါ်လိုက်၍ လူသားများ၏ သဘာဝပတ်ဝန်းကျင်ပေါ်ရှိ နဂိုရှိသော တန်ဖိုးများ၊ နိယာမများ၊ ယုံကြည်မှုများ၊ စံသတ်မှတ်ချက်များကို များစွာမေးခွန်းထုတ်လေ့ရှိပါသည်။ ဥပမာအားဖြင့် လူသားတွေက တကယ်ပဲ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရမည့် တာဝန်ရှိသလား? တောရိုင်းတိရိစ္ဆာန်များ၊ အပင်များတွင် လူသားများကဲ့သို့ အခြေခံအခွင့်အရေး (Basic Rights) ရှိသလား? စသည်တို့ဖြစ်ပါသည်။
⚖️ ပုဂ္ဂလိကတန်ဖိုး (Intrinsic Value) နှင့်
ဓမ္မဓိဌာန်တန်ဖိုး (Instrumental Value)
လူသားသည် သဘယဝပတ်ဝန်းကျင်ပေါ်တွင် ပုဂ္ဂလိကတန်ဖိုးနှင့် ဓမ္မဓိဌာန်တန်ဖိုးဟာဆိုရာတွင် သဘာဝပတ်ဝန်းကျင်ပေါ်တွင်ရှိသော လူသားများ၏ စိတ်အတွင်းမှရရှိတဲ့တန်ဖိုးနဲ့ အရာဝတ္တုတစ်ခု၏ မူလပင်ကိုတန်ဖိုးကို ဆိုလိုခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် အပင် (က) နှင့် အပင် (ခ) တို့တွင် အပင် (က) သည် လူသားများအတွက် ရောဂါပျောက်ကင်းစေနိုင်သော သူ၏ပင်ကိုတန်ဖိုးရှိပြီး သူသည် ဓမ္မဓိဌာန်တန်ဖိုး (Instrumental Value) ရှိပြီး အပင် (ခ) မှာတော့ သူ၏ ပင်ကိုတန်ဖိုးမရှိသော်ငြားလည်း လူအများ၏ တန်ဖိုး၊ ယုံကြည်မှုများ (စိတ်) မှရရှိသော တန်ဖိုးများစွာရှိခြင်းကြောင့် ထိုအပင်တွင် ပုဂ္ဂလိကတန်ဖိုး (Intrinsic Value) ကိုပိုင်ဆိုင်ထားပါသည်။ ထိုသို့သောအခါ အပင် (က) တွင်မှု သူ၏တန်ဖိုးသည် အစားထိုး၍ရနိုင်ပြီး အပင် (ခ) တွင်မူ သူ၏တန်ဖိုးသည် အစားထိုး၍ ခက်ခဲလှပါသည်။
ထိုသို့သောအခါတွင် လူသားများကြားအတွင်း မေးခွန်းများစွာထွက်ပေါ်လာပါသည်။ လူသားများအတွက်သာ အသုံးဝင်သော အကောင်များနှင့် အပင်များသာ အသက်ရှင်စေပြီး ကျန်သောသူများအား ဘာကြောင့် သတ်လို့မရသလည်း? စာဖတ်သူများလည်း ဘယ်လိုထင်ပါသနည်း?
⚖️ လူသားများသာ အဓိက (Anthropocentrism) နှင့်
လူသားများနှင့်တကွ သဘာဝ (Ecocentrism)
ပတ်ဝန်းကျင်ဆိုင်ရာ ကိုယ်ကျင့်တရားများဟုဆိုရာတွင် လူသားများသာ အဓိက (Anthropocentrism) နှင့် လူသားများနှင့်တကွ သဘာဝ (Ecocentrism) တို့အား လေ့လာရန်လိုအပ်ပါသည်။
934
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သာတူညီမျှမှု (သို့မဟုတ်) Environmental Equity
---------------------------------------------------------
EHS Myanmar | 24.6.22
Environmental Equity သည် အခြေခံအားဖြင့် လူ့အခွင့်အရေးပင်ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူတစ်စု သို့မဟုတ် လူတစ်ဦးတစ်ယောက်မှပြုလုပ်၍ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များ နှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ ကို နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူတစ်စု သို့မဟုတ် လူတစ်ဦးတစ်ယောက် ထည်းကသာ ဒုက္ခခံစားနေရတာမျိုးမဖြစ်ရပါ။ အကောင်းဆုံးကတော့၊ သူတို့မိသားစုနဲ့ အသိုင်းအဝိုင်းတွေရဲ့ ကောင်းကျိုးချမ်းသာကို ကာကွယ်ဖို့ လွန်ကဲကြွယ်ဝမှု ဒါမှမဟုတ် နိုင်ငံရေးအရ ချိတ်ဆက်မှုတွေ မလိုအပ်ပဲနဲ့ အားလုံးကို ထိန်းသိမ်းကာကွယ်ပေးရန်လိုအပ်ပါတယ်။ Environmental Protection Agency၏အဆိုအရ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သာတူညီမျှမှုအား မျှတသော ဆက်ဆံမှုနှင့် အဓိပ္ပါယ်ရှိသော ပါဝင်ပတ်သက်မှုဟူ၍ အမျိုးအစား နှစ်မျိုးခွဲနိုင်သည်။ တရားမျှတသော ဆက်ဆံမှုသည် ဥပဒေများ သို့မဟုတ် မူဝါဒများကြောင့် လူဦးရေ၏ ဂိုဏ်းဂဏတစ်ခုမှ အချိုးအစား မမျှမတ ဖြစ်သင့်သည်ဟု ဆိုသည်။ အဓိပ္ပါယ်ရှိသော ပါဝင်ပတ်သက်မှုဆိုသည်မှာ အုပ်စုများသည် ၎င်းတို့၏ ကျန်းမာရေး သို့မဟုတ် ၎င်းတို့၏ ပတ်ဝန်းကျင်ကို ထိခိုက်စေသော ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ထည့်သွင်းပေးနိုင်သည်။ ဤပါဝင်ပတ်သက်မှုသည် ပြောကြားသောဆုံးဖြတ်ချက်များချရာတွင် ၎င်းတို့၏ထည့်သွင်းမှုကို အလေးအနက်ထားပြီး ထည့်သွင်းစဉ်းစားမည်ဟုလည်း ဆိုလိုပါသည်။ ထို့အပြင်၊ ဥပဒေပြုအမတ်များသည် ထိခိုက်ခံစားရသည့်အသိုက်အဝန်းများထံမှ တုံ့ပြန်ချက်များကို တက်ကြွစွာရှာဖွေမည်ဖြစ်သည်။
.
ချုပ်ရသော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သာတူညီမျှမှုသည် ပတ်ဝန်းကျင်ဆိုင်ရာတရားမျှတမှု (Environmental Justice) ၏ ရလဒ်လဲဖြစ်သည်။ သာတူညီမျှမှုရရှိသောလူ့အဖွဲ့အစည်းဖြစ်မှသာ တရားမျှတမှုကိုရရှိမှာဖြစ်ပါသည်။ ၎င်းတို့သည် တစ်ခုထည်းရပ်တည်၍မရပါ၊ ပေါင်းဖက်မှု (Complementary) ရှိသည်ကို သတိပြုရမည်။
ဘာသာပြန်သူ - နိုင်ကျော်လူ
-----------------------------------------------------------------------------------------
Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar
#EHSMyanmar #environmental #justice #equity
934
အများပြည်သူတို့သည် Environmental Justice ကိုလိုက် နာဆောင်ရွက်ကြသောအခါမှသာ သဘာဝသယံဇာတများကို ပညာရှိစွာစောင့်ရှောက်ထိန်းသိမ်းရန် ဂရုပြုမိကြမည်ဖြစ်သည်။ သဘာဝအရင်းအမြစ်များကို တရားမျှတမှုမရှိဘဲ အလွန်အကျွံသုံးစွဲခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင် သော အကျိုးဆက်အန္တရာယ်များကို နားလည်သဘောပေါက်လာမည်ဖြစ်သည်။
၃။ ရေရှည်တည်တံ့မှုကို ကောင်းစွာနားလည်သဘော
ပေါက်လာစေခြင်း
ရေရှည်တည်တံ့မှု Sustainability ကိုကောင်းစွာ နားလည် လာပြီး အရင်းမြစ်များကိုသာမက အရေးအရာတိုင်းတွင် သဘာဝပတ်ဝန်းကျင်အပေါ် ရေရှည်တည်တံ့စေသော အပြုအမူအကောင်းများကို ကျင့်သုံးလာနိုင်မည်ဖြစ်ပါသည်။
၄။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့် မူဝါဒများကို အားကောင်းလာစေခြင်း
Environmental Justice အားကောင်းလာမှသာမူဝါဒများကိုမည်သို့လုပ်ဆောင်ရေးဆွဲဆုံးဖြတ်ကြပုံ၊ ထိုဆုံးဖြတ်
ချက်များနှင့်လုပ်ဆောင်ချက်များမှထွက်ပေါ်လာသော အကျိုးဆက်များဖြစ်သည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ
တရားမျှတမှုတို့ကို အများပြည်သူလုထုမှ လေ့လာသိရှိ
နိုင်မည်ဖြစ်သည်။ ထိုမှသာ ပြည်သူလုထုအနေနှင့် မိမိတို့၏ရသင့်ရထိုက်သောအခွင့်အရေးများရှိမရှိနှင့်
အခွင့်အရေးချိုးဖောက်ခံရမှုများကို သတိပြုလာနိုင်မည် ဖြစ်ပေသည်။
⚖️ Environmental Justice - ပတ်ဝန်းကျင်တရားမျှတမှုဆိုင်ရာ ဥပမာများ
၁။ Pittston Coal ( ၁၉၇၂ )
Pittston ကျောက်မီးသွေး ကုမ္ပဏီကိုဆန့်ကျင်သည့်
အလုပ်သမားများ၏အမှုသည် အောင်မြင်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာအမှုတွဲများထဲမှ တစ်ခုဖြစ်ပေသည်။ Pittston ကုမ္ပဏီသည် အငြိမ်းစားများ၊ မုဆိုးမများနှင့် မသန်စွမ်းမိုင်းလုပ်သားများအတွက် ကျန်းမာရေးစောင့် ရှောက်ခွင့်များကို ရပ်ဆိုင်းလိုက်သောကြောင့် အလုပ်သမားများကစတင်သပိတ်မှောက်ခဲ့ကြသည်။ ထို့ပြင်ကုမ္ပဏီမှထွက်လာသည့် စွန့်ပစ်ရေကာတာများ ကျိုးပေါက်စီးဆင်းလာမှုကြောင့် လူအများအပြားပြောင်းရွှေ့ပေးခဲ့ရပြီး ထောင်နှင့်ချီသောလူများကို အိုးမဲ့အိမ်မဲ့
ဖြစ်စေခဲ့သည်။ အဆိုပါအကြောင်းအရာများကြောင့် ပြည်သူများမနစ်နာစေရန် ဖြေရှင်းပေးရန်အတွက် Pittston ကုမ္ပဏီအားအရေးယူခဲ့ခြင်းဖြစ်သည်။
၂။ Exxon Valdez Disaster ( ၁၉၈၉ )
ရေနံစိမ်း ၃၈ ဂါလံပါရှိသောရေနံတင်သင်္ဘောသည် Alaska ကမ်းလွန်ရှိ သန္တာကျောက်တန်းတွင် သောင်တင် နေခဲ့စဥ် သမုဒ္ဒရာအတွင်းရှိ ရေနေသတ္တဝါများစွာကို သေစေခဲ့သောကြောင့် ဒဏ်ကြေးငွေသန်းပေါင်းများစွာပေးဆောင်ခဲ့ရလေသည်။
၃။ Chevron Refining ( ၁၉၉၃ )
Chevron ကုမ္ပဏီသည် ယင်းတို့၏ရေနံချက်စက်ရုံကို California ရှိ Richmond သို့တိုးချဲ့ခဲ့ပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများကိုလျစ်လျူရှုခဲ့သည်။ သို့ဖြစ်၍ ဒေသခံနိုင်ငံသားများသည် ထိုပြဿနာကိုဖြေရှင်းရန် ခရိုင်ညွှန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုညွန့်ပေါင်းအဖွဲ့သည် Chevron ကုမ္ပဏီအနေနှင့် မြို့တော်၏ အနာဂတ်ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်များအတွက် ရန်ပုံငွေဒေါ်လာငါးသန်းထောက်ပံ့နေသ၍ လုပ်ငန်းဆက်လက်လည်ပတ်ခွင့်ပြု
မည့် သဘောတူညီချက် တစ်ရပ်ကိုပြုလုပ်ခဲ့သည်။ ၎င်းညွန့်ပေါင်းအဖွဲ့သည်လည်း ယနေ့တိုင်ထိရောက်နေဆဲ
ဖြစ်ပါသည်။
သို့ဖြစ်၍ မိမိတို့တစ်ဦးတစ်ယောက်ချင်းအနေဖြင့် ပိုမိုကောင်းမွန်သော အနာဂတ် ပတ်ဝန်းကျင်ကိုရရှိစေရန် Environmental Justice ကိုသေချာသိရှိနားလည်ထားပြီး Environmental Justiceဆိုင်ရာမူဝါဒများ အလေ့အကျင့် ကောင်းများ ပေါ်ပေါက်လာစေရေးအတွက် တွန်းအားပေးရန်လိုအပ်ပါသည်။
ခေတ် မှရေးသားပြုစုသည်။
ကိုးကားကျမ်း - Conserve Energy Future Article, Client Earth: Promoting Environmental Justice
#EHSMyanmar #EnvironmentalJustice #ethics
934
လူမှုဝန်းကျင်တွင် Environmental Justice ၏အရေးပါပုံနှင့် ၎င်း၏အခန်းကဏ္ဍ
-------------------------------------------------------------------
EHS Myanmar | 25.6.2022
Environmental Justice ဆိုသည်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများ၊ စည်းမျဥ်းများနှင့် မူဝါဒများကို ကျင့်သုံးရာတွင် လူသားအားလုံး၏ ကွဲပြားခြားနားမှု၊ အသားအရောင်ကွဲပြားမှု၊ လူမျိုးနှင့် အမျိုးသားဇာတိကွဲပြားမှုတို့အပေါ် ခွဲခြားမှုမရှိဘဲ လူမှုပတ်ဝန်းကျင်အပေါ် တရားမျှတစွာဆက်ဆံခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များကို စပ်လျဥ်းအကောင်အထည်ဖော်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် Environmental Justice ဟူသည် ကမ္ဘာပေါ်ရှိလူသားအားလုံးတို့ထံ တန်းတူညီမျှသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာတရားမျှတမှုရရှိစေရေးအတွက် လူသား ချင်းခွဲခြားဆက်ဆံမှုများမရှိဘဲ ရပ်ရွာအားလုံးအတွက် ကျန်းမာကောင်းမွန်သော ပတ်ဝန်းကျင်ကိုရရှိစေရေးတို့ကို ဆောင်ရွက်သည့် လူမှုဝန်းကျင်လှုပ်ရှားမှုမှ ဆင်း သက်လာခြင်းဖြစ်ပေသည်။
Environmental Justice သည်လူတစ်ဦးချင်းစီအတွက် ပတ်ဝန်းကျင်နှင့်ကျန်းမာရေးဆိုင်ရာ အန္တရာယ်များမှ အတိုင်းအတာတစ်ခုအထိ တန်းတူညီမျှစွာကာကွယ်ပေးနိုင်ရေးကိုလည်း ရည်ရွယ်သည်။
⚖️ Environmental Justice ၏ အခြေခံသဘောတရား
ဥပဒေသများ
၁။ ဘက်လိုက်မှုနှင့်ခွဲခြားဆက်ဆံမှုများမရှိဘဲ လူသားအားလုံးအတွက် တရားမျှတမှုနှင့် အပြန်အလှန်လေးစားမှုအပေါ် အခြေခံသောသဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုထုမူဝါဒများကိုအားပေးရန်။
၂။ လူသားမျိုးနွယ်နှင့် အခြားသက်ရှိသတ္တဝါများ အတွက် ရေရှည်တည်တံသောကမ္ဘာမြေကို ထိန်းသိမ်း နိုင်ရန်အတွက် မြေယာအသုံးပြုမှုနှင့်ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်များကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျင့် ဝတ်နှင့်အညီတာဝန်သိစွာအသုံးပြုရေးတို့ကို ရေးရှု
လှုံ့ဆော်ရန်။
၃။ အန္တရာယ်ရှိသော နျူကလီးယားစမ်းသပ်ခြင်းများ၊ အဆိပ်သင့်သော စွန့်ပစ်ပစ္စည်းများနှင့် အဆိပ်အတောက် များထုတ်လုပ်ခြင်း၊ ယင်းတို့ကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းများမှ မိမိတို့ပတ်ဝန်းကျင်ကာကွယ်ပေးရန်။
၄။ လူသားတိုင်းရသင့်ရထိုက်သော စီးပွားရေး၊ နိုင်ငံရေး၊ ယဥ်ကျေးမှု နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအခွင့်အရေးများကို ရရှိစေရန်။
၅။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံကိန်းရေးဆွဲခြင်း၊ အကဲဖြတ်ခြင်း၊ ပြဋ္ဌာန်းခြင်း၊ အကောင်အထည်ဖော်ခြင်းစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးဖြတ်ချက်တိုင်းတွင် လူထုကိုကိုလည်း ပါဝင်ခွင့်ပြုရန်။
၆။ အလုပ်သမားတိုင်း မလုံခြုံသောအသက်မွေးဝမ်းကျောင်းမှုများမှ ကင်းဝေးပြီး ဘေးကင်းလုံခြုံသော အလုပ်ပတ်ဝန်းကျင်ကိုရရှိစေရန်။
၇။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျင့်ဝတ်များကို ချိုးဖောက်သောတရားခံများကို တိကျစွာအရေးယူ၍ ယင်းတို့ထံမှလျော်ကြေးများရယူကာ နစ်နာသူများအားပြန်လည်ပေးအပ်ရန်။
၈။ အစိုးရ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျင့်ဝတ်ချိုးဖောက်မှုများကိုလည်း စောင့်ကြည့်အရေးယူရန်။
၉။ သဘာဝပတ်ဝန်းကျင်တရားမျှတမှုဆိုင်ရာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် အချုပ်အခြာအာဏာကို အခိုင်အမာ
အတည်ပြုသည့် ပဋိညာဉ်စာချုပ်များမှတစ်ဆင့် ဒေသဆိုင်ရာအကြီးအကဲများနှင့် အစိုးရကြား တရားဝင်ဆက် ဆံရေးကိုအသိအမှတ်ပြုရန်။
၁၀။ မြို့ပြနှင့်ကျေးလက်ကြား ဂေဟဗေဒဆိုင်ရာမူဝါဒများကို ဟန်ချက်ညီစေရန်နှင့် ရပ်ရွာလူထုကိုလေးစားအသိအမှတ်ပြုကာ ရရှိနိုင်သော အရင်းအမြစ်အားလုံးကို တန်းတူညီမျှစွာ လက်လှမ်းမီ ရရှိစေနိုင်ရန်။
အထက်တွင်ဖော်ပြထားပါသော အချက်များမှာ Environmental Justice ၏အခြေခံသဘောတရား ဥပဒေသများဖြစ်ပါသည်။
⚖️ Environmental Justice ၏ အရေးပါမှု
၁။ သဘာဝပတ်ဝန်းကျင်နှင့်လူသားတို့၏ ဆက်နွယ်မှုကို ဂရုပြုအလေးထားခြင်း
မိမိတို့နေထိုင်ရာကမ္ဘာ၌ သဘာဝပတ်ဝန်းကျင်နှင့်လူသားတို့၏ ဆက်နွယ်မှုသည် တန်ဖိုးကြီးပြီး အရေးပါသောအခန်းကဏ္ဍတွင်ပါဝင်သည်။ ထိုဆက်နွယ်မှု၏ တန်ဖိုးကိုလူအများကမြင်သာလာအောင် ပုံဖော်ပေးနိုင်သည့်အရာမှာ Environmental Justice ဖြစ်သည်။ Environmental Justice အားကောင်းလာမှသာ လူသားများ၊ သဘာဝပတ် ဝန်းကျင်နှင့် သက်ရှိသတ္တဝါမျိုးစိတ်များအပေါ်
မတရားမှုများကို ဆန့်ကျင်ကန့်ကွက်နိုင်ကြမည်ဖြစ်သည်။
ထိုသို့ Environmental Justice အားကောင်းလာမှသာ အစိုးရနှင့်တာဝန်ရှိသူများက လူမှုအသိုင်းအဝိုင်းနှင့် ဂေဟစနစ်ကိုထိခိုက်စေနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများကိုရှုတ်ချအရေးယူမှုအားကောင်းလာ
မည်ဖြစ်သည်။ ထိုမှသာ အများပြည်သူအနေနှင့်လည်း Environmental Justice ကိုကောင်းမွန်စွာလက်ခံသဘောပေါက်လာပြီး ပတ်ဝန်းကျင်ကျင်တရားမျှတမှုဆိုင်ရာ ပဏာမခြေလှမ်းများမှတစ်ဆင့် လက်ရှိပစ္စုပ္ပန်နှင့်
အနာဂတ်မျိုးဆက်များကိုပါ အကာအကွယ်ပေးနိုင်မည် ဖြစ်သည်။
၂။ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းခြင်းနှင့် မျှတစွာသုံးစွဲခြင်းတို့၏ အရေးကြီးပုံကို မီးမောင်းထိုးပြခြင်း
