EHS Myanmar
前往频道在 Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
显示更多934
订阅者
无数据24 小时
+47 天
+730 天
帖子存档
934
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများအတွက် EIA က ဘယ်လောက်ထိအထောက်အကူပြုလဲ။ Podcast
--------------------------------------------------------------------------------------
EHS Myanmar | 22.2.23
🎙ဘာကြောင့် ဒီဆွေးနွေးပွဲကိုနားထောင်သင့်သလဲ။
ကျွန်မတို့ နိုင်ငံမှာ စီးပွားရေးဖွံဖြိုးတိုးတက်မှုတွေလုပ်တဲ့အခါ သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်မှုတွေအပေါ် ဘယ်လို စီမံခန့်ခွဲကြလဲ၊ ဘယ်လိုဥပဒေတွေနဲ့အကာအကွယ်ပေးထားပါသလဲ။ Economic Sustaianbility ဖြစ်အောင်လုပ်ဆောင် ဖို့အတွက် ဘယ်လိုဥပဒေ နည်းဥပဒေ နဲ့ Environmental Governance တွေရှိပါသလဲ။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုလို့ခေါ်တဲ့ Sustainable Development ဖြစ်လာစေဖို့ Environmental Impact Assessment (EIA) က ဘယ်ကြောင့်အရေးကြီးရတာပါလဲ စတဲ့ အကြောင်းအရာတွေနဲ့ပတ်သတ်ပြီး ပိုမို သိရှိနိုင်ဖို့ ယခု Podcast မှာ ဆွေးနွေးအဖြေရှာထားပါတယ်။ ယခု Podcast ကို EIA ကိုစိတ်ဝင်စားတဲ့လူငယ်တွေ နဲ့ EIA ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်ချင်တဲ့လူငယ်တွေ အတွက် အထူးရည်ရွယ်ပြီး ဆွေးနွေးတင်ဆက်ထားပါတယ်ရှင့်။
🎙ဘယ်သူတွေဆွေးနွေးတာလဲ။
ယခု Podcast ကို EHS Myanmar ၏ Environmental Management and Planning (EMP) အတန်းတွင် သင်ကြားပေးနေတဲ့ ဆရာမ မသက်ဝေနှင်း နှင့်အတူ EHS Myanmar ၏ Founder ဆရာကောင်းထက်စွမ်း တို့ မှ ဆွေးနွေးတင်ဆက်ပေးထားပါတယ်ရှင့်။ ဆရာ နှင့် ဆရာမတို့ဟာဆိုလျှင် EIA အကြံပေးဆိုင်ရာနယ်ပယ်မှာ ပြည်တွင်းပြည်ပ အတွေ့အကြုံ ရှိကြသူများလဲဖြစ်ကြပါတယ်။
🎙ဘယ်မှာနားထောင်လို့ရမလဲ။
EHS Myanmar website (www.ehsmyanmar.org) မှာ နားဆင်လို့ရပါတယ်။ ဒါတင်မက Spotify, Apple Podcast, Google Podcast, Anchor FM, Pocket Casts, Radio Public စသည့် Podcast Platform တော်တော်များများမှာ နားဆင်လို့ရနေပါပြီရှင်။
Website - https://www.ehsmyanmar.org/podcast-1
Spotify - https://open.spotify.com/show/7d7SwaSQgzgkJDe7UkjwMq...
Anchor FM - https://anchor.fm/ehsmyanmar...
Apple Podcast -https://podcasts.apple.com/.../ehs.../id1554795854...
Google Podcast - https://podcasts.google.com/.../aHR0cHM6Ly9hbmNob3IuZm0vc...
---------------------------------------------
Don't forget to join our Telegram Channel -
https://t.me/ehsmyanmar
#EHSMyanmar #EnvironmentalImpactAssessment #SustainableDevelopment #podcast
934
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း သစ်တောပြုန်းတီးမှု သတိပေးချက် စုစုပေါင်း ၂၂၆၀၇ခု လေ့လာတွေ့ရှိရပါ သည်။
ရေးသားသူ- ဂီတမိုင်ချီ
References -
1. Research program on Forests, Trees and Agroforestry
2. Global Forest Resources Assessment FRA- 2020
3. Global Forest Watch GFW
4. Ministry of Natural Resources and Environmental Conservation- NUG
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #Environmental #Forest #DeforestationInMyanmar
934
Drivers of Deforestation in Myanmar - မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုကို ဖြစ်စေသော အကြောင်းရင်းများ
_____________________
EHS Myanmar | 20.2.23
၂၀၂၀ပြည့်နှစ်၊ ကမ္ဘာ့သစ်တောသယံဇာတ လေ့လာဆန်းစစ်ချက် (FRA 2020) အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက် သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံဖြစ်သည်။ ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင်ငံတွင် သဘာဝသစ်တောဧရိယာ 40.1Mha ရှိပြီး နိုင်ငံ၏ 61% ခန့်ကို ဖုံးလွှမ်းနေပါသည်။ FRA 2020 အရ သစ်တောဧရိယာ သည် 28.5Mha သာကျန်ရှိပြီး မြန်မာနိုင်ငံဧရိယာ၏ 42.19% ကိုသာ ဖုံးအုပ်ကျန်ရှိပါတော့သည်။ ၁၀စုနှစ်တစ်ခု အတွင်း သစ်တောပြုန်းတီးမှု ပမာဏသည် ထက်ဝက်နီးပါးခန့်များလာသည်မှာ မြန်မာ့သစ်တောများအတွက် စိုးရိမ် ရေမှတ်ကို ရောက်ရှိနေပြီဖြစ်ပါသည်။
• ဆိုးကျိုးများ
သစ်တောများပြုန်းတီးမှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူတို့အပေါ်တွင်လည်း များစွာ အကျိုးသက်ရောက်မှုရှိပါသည်။ ပထမဦးစွာ “ဥတုရာသီ တောကိုမှီ” ဆိုသည့်အတိုင်း တောတောင်များပျက်စီး ပြုန်းတီးမှုကြောင့် ရာသီဥတုတွေဖောက်ပြန် လာသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ကမ္ဘာပေါ်တွင် ဒုတိယအဆိုးရွားဆုံးခံစားနေရသော နိုင်ငံဖြစ်ပါသည်။ သစ်တောများအလွန်ပြုန်းတီးမှုကြောင့် ဂေဟစနစ်များ၊ စိုက်ပျိုးရေး၊ အစားအသောက်ဖူလုံရေး၊ ကျန်းမာရေးတို့အပေါ်တွင် များစွာသော ဆိုးကျိုးများ ကျရောက်လာမည် ဖြစ်ပါသည်။
• သစ်တောပြုန်းတီးမှုကိုဖြစ်စေသော အကြောင်းရင်းများ
မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုများကို လေ့လာကြည့်လျှင် Direct Drivers (တိုက်ရိုက်ဖြစ်စေသော အကြောင်းရင်း) နှင့် Indirect Drivers (သွယ်ဝှိုက်၍ဖြစ်စေသော အကြောင်းရင်း) ဟု တွေ့ရှိရပါသည်။
1️⃣ Direct Drivers
တိုက်ရိုက်ဖြစ်စေသော အကြောင်းရင်းများထဲမှ အဓိကအချက်မှာ စိုက်ပျိုးမြေအတွက် သစ်တောများ ခုတ်ထွင်ရှင်းလင်းခြင်းကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ တောင်တန်းကြီးများသည် တချိန်က ထူထဲလှသော အမြဲစိမ်းတောများနှင့် ဖုံးအုပ်နေခဲ့ပါသည်။ ထိုတောကြီးသည် လူဦးရေတိုးပွားလာသည်နှင့်အမျှ စားနပ်ရိက္ခာအတွက် ကောက်ပဲသီးနှံများ စိုက်ပျိုးရန်အတွက် သစ်တောများကို ခုတ်ထွင်ရှင်းလင်းစိုက်ပျိုးရသည့် အတွက် သစ်တောပြုန်းတီးမှုများ ပို၍ဖြစ်ပွားခဲ့ရပါသည်။ ၂၀၀၂-၂၀၁၄ ခုနှစ်အတွင်းတွင် စိုက်ပျိုးမြေချဲ့ထွင်မှုကြောင့် သစ်တောဧရိယာများစွာ ပြုန်းတီးခဲ့ရသည်။
သစ်တောများပျက်စီးစေသော နောက်ထပ်အကြောင်းရင်းတစ်ချက်မှာ အလွန်အကျွံ သစ်ထုတ်လုပ်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သစ်၊ ထင်း၊လောင်စာနှင့် မီးသွေးတို့ကို တရားမဝင် အလွန်အကျွံ ထုတ်ယူ သုံးစွဲနေကြသောကြောင့် သစ်တောပြုန်းတီးမှုများ လွန်စွာဖြစ်ပေါ်နေပါသည်။ ရေအားလျှပ်စစ် ထုတ်ယူခြင်းကြောင့်လည်း သစ်ေတာပြုန်းတီးမှုကို ဖြစ်စေနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရေအားလျှပ်စစ်စွမ်းအင် ထုတ်ယူနိုင်ရန်အတွက် ဆည်များတည်ဆောက်ရန် လိုအပ်သည်။ ထိုဆည်များတည်ဆောက်ခြင်းသည် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ်တောများရှိရာ ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့တွင် တည်ရှိသောကြောင့် သစ်တောပြုန်းတီးမှုကို များစွာဖြစ်ပေါ်စေနိုင်ပါသည်။
2️⃣ Indirect Drivers
သတ္ထုတူးဖော်ခြင်းသည်လည်း သစ်ေတာများပြုန်းတီးစေသော အကြောင်းရင်းများထဲမှ တစ်ချက်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကျောက်စိမ်း၊ နီလာ၊ ကြေးနီ၊ အဖြိုက်နက်နှင့် ရွှေစသဖြင့် ဘူမိသယံဇာတများ ပေါကြွယ်ဝရာ သတ္ထုတူးဖော်ရေးလုပ်ငန်းသည် နိုင်ငံ၏အရေးပါဆုံး စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ သို့သော် သတ္ထုတူးဖော်ခြင်းသည် သစ်တောပြုန်းတီးမှု၏ တိုက်ရိုက်မကျသော အကြောင်းရင်း ( Indirect driver) တစ်ခုဖြစ်ပါသည်။
တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်၍ သစ်တောပြုန်းတီးပျက်စီးမှုကို ဖြစ်စေသော အခြားအကြောင်းရင်းများလည်း ရှိပါသေးသည်။ တရားဥပဒေ စိုးမိုးမှုမရှိခြင်း၊ မိရိုးဖလာမြေများကို လုံလောက်စွာ ကာကွယ်ပေးထားခြင်း မရှိသဖြင့် မြေသိမ်းဆည်းမှုများ၊ မျှတပြီး ပွင့်လင်းမြင်သာမှုရှိသော မြေအငြင်းပွားမှု ဖြေရှင်းသည့် လုပ်ငန်းစနစ်နှင့် အဖွဲ့များမရှိခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် အစားထိုးအသက်မွေးမှုလုပ်ငန်း နည်းပါးခြင်း၊ တိုးပွားလာသော လူလတ်တန်းစား၏ လိုအပ်ချက်များ တိုးပွားလာခြင်း စသည်တို့သည် သွယ်ဝိုက်သောအားဖြင့် သစ်တောပြုန်းတီးမှုကို အရှိန်အဟုန်ဖြင့် တွန်းအားပေးနေပါသည်။
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တို့ကိုပါ ပူးတွဲ စဉ်းစားရမည့် အခြေအနေသို့ ရောက်ရှိနေပါပြီ။ သို့သော် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော မတည်ငြိမ်မှုများကြောင့် လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ရန် မလွယ်ကူသေးပါ။ သစ်တောပြုန်းတီးမှု များသည်လည်း တိုး၍သာဖြစ်ပွားနေပါသည်။ ကမ္ဘာ့သစ်တောစောင့်ကြည့်ရေး ပလက်ဖောင်း (Global Forest Watch GFW) အရ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ မှ ၂၀၂၂ခုနှစ် အောက်တိုဘာ ၁၃ရက်နေ့ အတွင်း
934
World Whale Day, February 19
=============================================================
World Whale Day honors these aquatic giants in an effort to spread awareness of their magnificence, majesty, and ecological importance to the earth. World Whale Day greetings!
#EHSMyanmar #internationaldays #whale
934
World Pangolin Day, February 18
=============================================================
The third Saturday in February, which falls on February 18 this year, is designated as World Pangolin Day. The day aims to honor pangolins, increase awareness of them, and recommit international nongovernmental organizations to the battle against pangolin poaching in Africa and Asia.
#EHSMyanmar #internationaldays #pangolin
934
နှိုင်းယှဉ်ကြည့် လျှင် စာဖတ်သူ၏ စိတ်ထဲ၌ ပင်စဉ်းစားတွေးတောကာ ရေရွတ်နေမိမည်မှာ အမှန်ပင်။ ဇီဝမျိုးစုံမျိုးကွဲများနှင့်အတူ သစ်ပင်မန်းများရှားပါးသွားခြင်းအဓိက အကြောင်းအရင်းမှာ သစ်တောမြေများ နည်းပါးသွားရခြင်းကြောင့်ပင် ဖြစ်သည်။ အချုပ်အားဖြင့် ဆိုရသော် သဘာဝ ထဲမှ သဘာဝများဖြစ်ကြသော ကျွန်ုပ်တို့ လူသားအပါအဝင် ဇီဝမျိုးစုံ မျိုးကွဲများ နှင့် သစ်ပင်ပန်းမန်များ အတွက် သစ်တော သည် အကောင်းဆုံးသော အဖော်မွန် ပင်ဖြစ်သည်။
မောင်ဆား မှ ပြုစုရေးသားသည်။
ကိုးကား Indawgyi Lake in Myanmar: A bird watcher's paradise, Forest resources and context of Myanmar - Timber Trade Portal.
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar#forest #valuetheforest #benifitsofforest #forestsoulmatefornature
934
Forest SoulMate For Nature (သစ်တောဟာ သဘာဝအတွက် အဖော်မွန် )
-----------------------------------------------------------------------------------
EHS Myanmar | 16.2.2023
ကျွန်တော်တို့ လူသားအားလုံးဟာ သစ်တော (Forest) ကို တရင်းတနှီး သိရှိနေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ သစ်တောဟူသည်မှာ သစ်ပင်၊ ချုံ၊ နွယ်၊ ပိတ်ပေါင်းများ ထူထပ်များပြားစွာ ပေါက်ရောက်သောနေရာ တစ်ခုကိုပင် ဆိုလိုသည်။ ဤ သစ်တောကြီးများသည် သက်ရှိများ (လူသားများ၊ ဇီဝမျိုးစုံ မျိုးကွဲများ ၊ သစ်ပင်ပန်းမန်များ) အတွက် ကောင်းဆုံးသော အသက်၊ အဖော်မွန်လည်းဖြစ်သည်။ ထို့အပြင်တောတွင်းတိရစ္ဆာန်များ၏ အမှီတဟဲပြုရန် အကောင်းဆုံးသော အသိုက်အမြုံ လည်းဖြစ်သည်။
သစ်တောများသည် လူသားများနေထိုင် အသက်ရှင်နိုင်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
.
၁။ သစ်တောရှိနေခြင်းဖြင့် ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ……..
သစ်တောများရှိနေခြင်းကြောင့် သဘာဝရဲ့အလှတရားများ ကိုပိုမို ထင်ဟပ်စေရုံသာမက လူသားများ၏ ကျန်းမာရေး ကိုလည်း အစဉ်တိုးတက်လာစေပါသည်။ သစ်ပင်များကြောင့် စက်ယန္တရားအမျိုးမျိုးနှင့် စက်ရုံအမျိုးမျိုးမှ ထွက်သော လေညစ်လေညမ်းများ( ကာဗွန်ဒိုင်အောက်ဆိုဒ်) ကိုစုပ်ယူ လျော့ချစေသည်။ သစ်တောများသည် လေထု အတွင်းရှိ ဖန်လုံအိမ်ဓာတ်ငွေ့များ(Greenhouse gases) ကို လျော့ကျအောင်တိုက်ထုတ်ပေးနိုင်စွမ်းလည်းရှိသည်။ သစ်တောများသည် ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်များ(Renewable Energy) ကို ထိန်းသိမ်းထားနိုင်သည်။ သစ်တောကြီးများသည် တံတိုင်းမျာသဖွယ် တည်ရှိနေခြင်းဖြင့် ပတ်ဝန်းကျင်ဆူညံမှုများကိုပါ လျော့ချစေနိုင်သည်။ သားရဲတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန် မျိုးတူ၊မျိုးကွဲ များကိုလည်း ထိန်းသိမ်း ကာကွယ်ပေးနိုင်စွမ်းရှိသည်။ သစ်ပင်များကြောင့် ပိုင်ဆိုင်မှုတန်ဖိုးများ (Property value) ကိုပါ တိုးတက်လာစေနိုင်သည်။ သစ်ပင်များမှ သန့်ရှင်းလတ်ဆတ် ကောင်းမွန်သော လေကောင်းလေသန့်များကို ထုတ်လွတ်ပေးသည်။ သစ်တောများကြောင့် မြေအောက်ရေများ ကိုကြည်လင်သန့်ရှင်းစေသည်။ သစ်တောများရှိနေခြင်းကြောင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများကို ကာကွယ်ပေးနိုင်သည်။
သဘာဝသက်ရှိများ နှင့် သစ်တောကြီးများသည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းကာ အမှီသဟဲပြုလျက်ရှိနေပါသည်။
.
၂။ သစ်တောအမျိုးအစားများ……….
ကမ္ဘာပေါ်တွင် သစ်တောအမျိုးအစားများစွာရှိသည်။ ၎င်းတို့ အနက်မှ မြန်မာ့သစ်တောအမျိုးအစားများကို ကောက်နုတ်တင်ပြသွားပါမည်။
ဒီရေတော ( Tidal Forest)
ပင်လယ်သဲခုံတော ( Beach and Dune Forest)
ရွှံ့နွံတော ( Swamp Forest)
အင်တိုင်းတော (Inaing Forest)
မြစ်ကမ်းခြေတောစိမ်း ( Riverine Evergreen)
အထက်ရွက်ပြတ်ရောနှောတောခို ( MUMD)
သန်း၊ ဒဟတ်တော ( Than Dhaf Forest)
တောင်ပေါ်ရွက်မပြတ်တော ( Hill Evergreen Forest)
ရွက်မပြတ်တောစိမ်းကြီး ( Giant Evergreen)
အထက်ရွက်ပြတ်ရောနှောတောခြောက် ( DUMB)
ဆူးတော ( Thorn Forest)
တောင်ပေါ်တောခြောက် ( Dry Hill Forest)
တောစိမ်း (သို့) အရွက်မပြတ်တော ( Typical Evergreen or Evergreen Forest)
ရွက်ပြတ်ရောနှောတော ( Mixed Deciduous Forest or LMD)
တောခြောက် ( Dry Forest)
တောင်ပေါ်တောများ ( Hill Forest or Pine Forest)
စသည့် သစ်တောကြီးများသည် မြန်မာနိုင်ငံတွင် ပေါက်ရောက်သော သစ်တောများဖြစ်သည်။ မြန်မာ့သစ်တော၏ ၃၈% မှာ ရွက်ပြတ်ရောနှောတော ( Mixed Deciduous Forest or LMD) များဖြစ်ပြီး အကြီးဆုံးသစ်တောဧရိယာမြေ ဖြစ်သည်။ တောင်ပေါ်ရွက်မပြတ်တော ၂၅% ( Hill Evergreen Forest) ၊ တောစိမ်း (သို့) အရွက်မပြတ်တော ၁၆% ( Typical Evergreen or Evergreen Forest)၊ တောခြောက် ၁၀% ( Dry Forest) နှင့် အခြားသစ်တောမြေများ ၅% နှင့် ၄% အသီးသီး ရှိကြသည်။
ဤသစ်တောကြီးများသည် လူသားများ၊ ဇီဝမျိုးစုံ မျိုးကွဲများ နှင့် သစ်ပင်ပန်းမန်များ အတွက် အထောက်အပံ့သာမက အကောင်းဆုံးသော အဖော်မွန် အဖြစ် ဒွန်တွဲရှင်သန်လျက်ရှိသည်။
.
၃။ သစ်တောဟာ သဘာဝအတွက် အဖော်မွန်……….
အကယ်၍ စိမ်းလန်းနေသည့် သစ်တောကြီးများသာ မရှိတော့လျှင် ကျွန်တော်တို့ လူသားများ အတွက်သာမက အခြားသော သက်ရှိသတ္တဝါများ အတွက်ပါ သစ်တောကြီးမှ ပေးအပ်သော ဘေးထွက်ဆိုးကျိုးများကို ကျိန်စာသင့် သကဲ့သို့ ခံစားလာရမည်မှာ အမှန်ပင် ဖြစ်သည်။ နည်းပညာများတိုးတက် ပြောင်းလဲ မြန်ဆန်နေသည့် ယနေ့ခေတ်တွင် သစ်တော၏ ကောင်းကျိုးအကြောင်းတရားများကို ကျွနုပ်တို့အနေဖြင့် တစ်ခါတစ်ရံ အမှုမဲ့ အမှတ်မဲ့ သတိမမူ ဂူမမြင်ဘဲ ရှိနေတတ်ကြသည်။ သစ်တော အရင်းအမြစ်များ ပျောက်ဆုံးနေခြင်း ကြောင့် ရာသီဥတု ပြောင်းလဲ ဖောက်ပြန်လာသည့် အပြင် သဘာဝ ပတ်ဝန်းကျင် ကိုပင် အရောင်စွန်းထင်းနေပြီ ဖြစ်သည်။ ယခင်နှစ်များစွာက ဆောင်းခိုငှက်များသည် ဆောင်းတွင်းဝင်လာသည်နှင့်တစ်ပြိုင်နက် မိမိ ဇာတိမြေကို အုပ်စုဖွဲ့ ကာ တီတီတူး၍ အမိအိမ် ကို ပျံသန်းထွက်ခွာကြသည်။ ယခုနှစ်များတွင် မြန်မာနိုင်ငံ ကချင်ပြည်နယ် အင်းတော်ကြီးဒေသများတွင် ယခင်နှစ်များထက် ဆောင်းခိုငှက်များ သာမက အခြားငှက်များ နည်းပါးသွားသည်မှာ သိသာထင်ရှားလှသည်။ ဤ အဖြစ်အပျက် ကို
934
World Hippopotamus Day, February 15
=============================================================
Only blue whales and African elephants are larger than a hippopotamus since all other animals are smaller. An ancient Greek term for a river horse was hippopotamus. The massive beast weighs 8,000 pounds.
#EHSMyanmar #internationaldays #hippopotamus
934
သင်ချစ်ခင်ရသူတွေကို လက်ဆောင်ပေးတဲ့အခါ ချစ်ခြင်းမေတ္တာကို ပြသရင်း သဘာဝပတ်ဝန်းကျင်ကိုလည်း တထောင့်တနေရာကနေ ထိန်းသိမ်းရာရောက်အောင် eco-friendly ဖြစ်တဲ့ ထုပ်ပိုးမှု နည်းလမ်းတွေ အသုံးပြုလို့ရတာကို သိပါသလား?
ယခုအခါမှာတော့ "Furoshiki" လို့ ခေါ်တဲ့ လက်ဆောင်ပစ္စည်းထုတ်ပိုးမှုနည်းလမ်းအကြောင်း မျှဝေပေးလိုက်ပါတယ်။
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #ZeroWaste #Furoshiki #EcoFriendlyLifeStyle
934
📝 EHS Myanmar မှာ အသစ်ဖွင့်လစ်ထားတဲ့ Environmental Sustainability Online Course Batch-5 သင်တန်းရဲ့ Registration Form ပိတ်ဖို့ ၂ ရက်ပဲ လိုတော့ပါတယ်နော်။
📝 ယခု Batch-5 သင်တန်းကို အရင်က Batch တွေနဲ့မတူတဲ့ သင်ရိုးအသစ်နဲ့ သင်မှာမို့လို့ တက်လိုသူများ အမြန်ဆုံးစာရင်းပေးကြဖို့ တိုက်တွန်းလိုပါတယ်နော်။
📝 သင်တန်းအကြောင်းအား သိရှိလိုပါက - https://www.facebook.com/108833677318058/posts/724493035752116/?mibextid=Nif5oz
📝 Registration Form - https://forms.gle/dXBGXCMviW46X15E9
☎️ အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 977 050 1186 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
Learn more at www.ehsmyanmar.org
---------------------------------------------------------------------------
Don't forget to follow us on Instagram -
https://www.instagram.com/ehsmyanmar/
#EHSMyanmar #onlinecourse #environmental #sustainability #batch5
934
🇲🇲 ပြည်ထောင်စုနေ့ တို့မမေ့ 🇲🇲
၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (တနင်္ဂနွေနေ့)တွင် ကျရောက်သော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့မှသည် ကမ္ဘာတည်သ၍ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ပြီး ပျော်ရွှင်ခြင်းများဖြင့် ပြည့်စုံနိုင်ကြပါစေလို့ EHS Myanmar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🙏
#EHSMyanmar #myanmar #unionday
934
သင်ရိုးအသစ်ဖြင့်သင်ကြားမည့် Environmental Sustainability online course အပတ်စဉ် (၅) အတွက် သင်တန်းသားလက်ခံနေပါပြီနော်။ အသေးစိတ်ကို https://www.facebook.com/ehsmyanmar/posts/pfbid0Z6hDUii6FuJw2x1yds7ybWmf8huMyZYSaPXfBxhRMfds6SBhUpaTDj9sec9K82CLl ဒီမှာလေ့လာလိုက်ပါနော်။
