3 495
订阅者
-124 小时
-47 天
-1330 天
数据加载中...
吸引订阅者
十月 '2610月 '26
十月 '26
+7
在0个频道中
九月 '26
+31
在0个频道中
Get PRO
八月 '26
+62
在0个频道中
Get PRO
七月 '26
+59
在0个频道中
Get PRO
六月 '26
+60
在0个频道中
Get PRO
五月 '26
+52
在0个频道中
Get PRO
四月 '26
+40
在0个频道中
Get PRO
三月 '26
+27
在0个频道中
Get PRO
二月 '26
+24
在0个频道中
Get PRO
一月 '26
+19
在0个频道中
Get PRO
十二月 '25
+25
在0个频道中
Get PRO
十一月 '25
+25
在0个频道中
Get PRO
十月 '25
+27
在0个频道中
Get PRO
九月 '25
+45
在0个频道中
Get PRO
八月 '25
+50
在0个频道中
Get PRO
七月 '25
+40
在0个频道中
Get PRO
六月 '25
+57
在0个频道中
Get PRO
五月 '25
+85
在1个频道中
Get PRO
四月 '25
+51
在0个频道中
Get PRO
三月 '25
+77
在0个频道中
Get PRO
二月 '25
+96
在0个频道中
Get PRO
一月 '25
+166
在0个频道中
Get PRO
十二月 '24
+189
在1个频道中
Get PRO
十一月 '24
+109
在0个频道中
Get PRO
十月 '24
+141
在0个频道中
Get PRO
九月 '24
+189
在1个频道中
Get PRO
八月 '24
+198
在0个频道中
Get PRO
七月 '24
+2 645
在1个频道中
| 日期 | 订阅者增长 | 提及 | 频道 | |
| 08 十月 | 0 | |||
| 07 十月 | 0 | |||
| 06 十月 | 0 | |||
| 05 十月 | +1 | |||
| 04 十月 | +1 | |||
| 03 十月 | +2 | |||
| 02 十月 | +1 | |||
| 01 十月 | +2 |
频道帖子
Writing & Learners📖✍️
-----------------------------
Writing သင်တဲ့အခါ ကျောင်းသားအသက်အရွယ်အလိုက် ၃မျိုးခွဲပြီး သင်တဲ့အကြောင်းအရာ၊ သင်တဲ့ပုံစံ၊ တစ်ဦးချင်း တစ်ဖွဲ့ချင်း လိုအပ်ချက်အရ adjust လုပ်ပြီးသင်ရပါတယ်။
အဲ့လိုသင်လာရင်း ဘာတွေ့ရလဲဆိုတော့ Young Learner လို့ခေါ်တဲ့ အသက် ၈နှစ်ကစလို့ ၁၂ နှစ်လောက်ထိ ကလေးတွေကို writing သင်ရတာ အပျော်ဆုံးပါပဲ။ သူတို့ဆီမှာ creative mind အားသာလို့ တစ်ခုခုဆို သိပ်ရေးပြချင်၊ ပြောပြချင်ကြတယ်။ မှားတာ မှန်တာတွေထက် ရေးပြလိုက်မယ်၊ မြန်မြန်ရေးပြီးရင် မြန်မြန်ကစားရမယ်ဆိုတဲ့စိတ်နဲ့ ပေါ့ပေါ့ပါးပါး ရေးတယ်။ သူတို့ writing ကို Feedback တွေ အများကြီးပေးတာထက် ရေးထားတာလေးကို ချီးကျူးစကားပြောပေးပြီး ရေးချင်စိတ်ရှိလာအောင် ဆွဲခေါ်ရပါတယ်။
Teenager တွေနဲ့ Young Adult တွေ
ကျတော့ တစ်ခုခုကို ကြာကြာအာရုံမစိုက်ချင်ကြဘူး။ စာအရမ်းလိုချင်တဲ့သူေတွကလွဲရင် အများစုက writing လို စဉ်းစားရမယ့်အလုပ်ကို သိပ်မလုပ်ချင်ဘူး။ By force နဲ့ မိနစ် ၂၀ စာရေးရမယ်လို့ သတ်မှတ်ပြီး lessons ထဲက အကြောင်းအရာနဲ့ပတ်သက်တဲ့ short passage လေး စာသင်ရင်း တခါတည်းရေးခိုင်းရတယ်။ အိမ်စာပေးရင် မလုပ်ချင်ကြဘူး။ သူတို့ တကယ်လိုနေတာလည်း writing ပဲဆိုတာ သိရက်နဲ့ စာမလုပ်ချင်တာဆိုပါတာ့။ သင်ပေးတာကိုတော့ သေချာလိုက်မှတ်ပါတယ်။ Receptive skills ပဲ ပိုရပြီး Productive skills အားနည်းနိုင်ပါတယ်။
နောက်ဆုံး ၃၀ကျော်အများစုကတော့ အလုပ်တစ်ဖက်၊ စာလုပ်တာတစ်ဖက်အပြင် တခြားလူမှုရေးကိစ္စေတွလည်းများတော့ အိမ်စာလုပ်ဖို့ ခဲယဉ်းကြပါတယ်။ သူတို့သဘာ၀က သိထားတာ လေ့လာထားတာတွေလည်းရှိတော့ တစ်ခုခုသင်ရင် သိသလိုလို၊ တက်သလိုလိုဖြစ်နေပြီး တကယ်ရေးပါဆိုရင် စာမကြေခဲ့သေးတာတွေ အများကြီးတွ့ရတာပါ။ အချိန်ကလည်း ကလေးတွေလိုမပေးနိုင်၊ တခြားကန့်သတ်ချက်တွေလည်းများတော့ စာသင်ရင် ရှေ့သိပ်မရောက်တတ်ဘူး။ ဒါပေမယ့် မအားတဲ့ကြားက ပြောသမျှ ရေးခိုင်းသမျှ မပျက်မကွက်ေရးတဲ့သူ တွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် သင်ယူချင်စိတ်ရှိနေတာနဲ့တင် ရှေ့ကိုတိုးတက်ဖို့ မြင်ရပါတယ်။ ပိုအားစိုက်နိုင်ရင် မြန်မြန်ပိုတိုးတက်မယ်ပေါ့။
📍အဓိက writing သင်တဲ့သူတွေကို အကြံပြုချင်တာက .....
# စာရေးတတ်ချင်ရင် ရေးကိုရေးရပါမယ်။
# စိတ်ရှည်ရပါမယ်။
# သေချာ စနစ်တကျ လိုက်မှတ်တတ်ရပါမယ်။ (သိသလိုလိုနဲ့ တကယ်မသိ၊ မသုံးနိုင်သေးတာတွေရှိပါတယ်)
# သေချာသိဖို့ များများ မေးရပါမယ်။ (ကိုယ်တိုင်လည်းလေ့လာပါ)
# စာများများဖတ်ပေးရပါမယ်။
If you want to write, WRITE!
Best wishes,
Tr. Aye Moh
Aye Moh - Edu
| 2 | Video lessons တွေလေ့လာတဲ့အခါ...
ပုံမှန် live class တွေမှာ one-on-one ဖြစ်စေ၊ group နဲ့ဖြစ်စေ စာသင်ကြတဲ့အခါ သတ်မှတ်ထားတဲ့အချိန်မှာ ဘာတွေရသွားရမယ်ဆိုတာမျိုးရှိသလို သေသေချာချာပြင်ဆင်ထားတဲ့ video lessons တွေကလည်း လေ့လာသူတွေအတွက် အများကြီးအကျိုးရှိပါတယ်။
ကိုယ့် level နဲ့ ကိုက်ညီတဲ့သင်ခန်းစာကို စနစ်တကျအချိန်သတ်မှတ်ပြီး ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်မယ်ဆိုရင် ပုံမှန် live class တွေထက် အဆပေါင်းများစွာ ငွေကြေးသက်သာရုံသာမက ကိုယ်ရရှိမယ့် ဗဟုသုတကလည်း မလျော့ပါဘူး။ instructor (teacher) ကို စာမေးလို့ရတဲ့ interactive video class တွေဆိုရင် ပိုလို့တောင် အကျိုးများပါသေးတယ်။ ဒါပေမယ့် self-paced learning တိုင်းက self-discipline ရှိကိုရှိမှ ရပါလိမ့်မယ်။
🔰 စာလုပ်မယ့်အချိန် သတ်မှတ်ပါ။
ဥပမာ - တစ်ပတ်ကို ၃ချိန်၊ တစ်ချိန်ကို မိနစ် ၃၀။
ကိုယ်ပေးနိုင်မယ့်အချိန်ပေါ်မူတည်ပြီး အဲ့ဒီသတ်မှတ်ထားတဲ့အချိန်မှာ မဖြစ်မနေ စာလုပ်ပါ။
🔰 Instructor ပေးထားတဲ့ အိမ်စာတွေကို သေချာလိုက်လုပ်ပါ။ ညွှန်ကြားတဲ့ further reading တွေကို ဆက်လေ့လာပါ။
🔰 Instructor ကို တိုက်ရိုက်မေးလို့ရနိုင်မယ့် video class မျိုးကို ပိုပြီးရွေးချယ်သင့်ပါတယ်။ သင်ခန်းစာနဲ့ပတ်သက်တဲ့ ကိုယ်မေးချင်တဲ့ အကြောင်းအရာတွေကို မေးမြန်းဆွေးနွေးပါ။
ဒါဆိုရင်တော့.....
video lessons တွေက ကိုယ့်အတွက် အများကြီး အထောက်အကူပြုမှာ အသေအချာပါပဲ ☺️
***
Aye Moh - Edu မှာ "Grammar & Writing" နဲ့ဆိုင်တဲ့ video lesson တွေကို level အလိုက် Basic grammar & Sentence writing ကနေ Advanced grammar & Academic writing အထိ အဆင့်ဆင့်လေ့လာလို့ရအောင် ပြင်ဆင်ပေးထားပါတယ်။ ဒီ link လေးမှာ ဖတ်ကြည့်ပါ။
https://www.facebook.com/share/p/1NezAcMgdX/
🍀
Tr. Aye Moh (B.Ed; M.Ed.)
Dip; in Eng & Creative Writing (YU)
TESOL certified by ASU | 279 |
| 3 | To Kill A Mockingbird (မှတ်စု ၂)
ဒီနေ့ဖတ်ထားတဲ့အပိုင်းက စာကြောင်းလှလှလေးတွေ ပြန်ပြီးမျှဝေပေးပါမယ်။
✅ Jem and I found our father satisfactory: he played with us, read to us, and treated us with courteous detachment.
ဒီစာကြောင်းထဲမှာ "S + find + O + Adj..." အသုံးလေးပါပါတယ်။ ဒီအဓိပ္ပာယ်က I think my father is satisfactory. ပါပဲ။
- I find Maths difficult.
- I find going to the beach relaxing.
- I found my mother obsessed with K-drama.
နောက်တစ်ခုကတော့ "treat someone with courteous detachment" ပါ။ လူတစ်ယောက်ကို သူ့ရဲ့ privacy ကို အလေးထားပေးပြီး ဆက်ဆံတတ်တယ်လို့ ဆိုလိုပါတယ်။ သူတို့အဖေက ကလေးတွေကို ဖခင်တစ်ယောက်အနေနဲ့ ထိန်းကျောင်းတဲ့အခါမှာ privacy ရှိတယ်ပေါ့။ Respect for privacy ပါပဲ။
✅ She was all angles and bones.
ဒီအဓိပ္ပာယ်ကတော့ ကလေးမလေးက အထိန်းအေဒါ်ကြီးကို တမင်စိတ်တိုပြီး ကလေးသဘာ၀ သူ့ကို ပေးမဆော့တဲ့အခါ စိတ်မကြည်လို့ negatively သုံးထားတာပါ။ "အရိုးပေါ်အရေတင်" ဖြစ်နေတယ်လို့ ဆိုရပါမယ်။
✅ Jem was the product of their first year of marriage; four years later I was born, and two years later our mother died from a sudden heart attack.
ဒီစာကြောင်းလေးကတော့ "the product of their first year of marriage" ရေးပုံလေး သဘောကျလို့ပါ။ လက်ထပ်ပြီးတဲ့နှစ်မှာပဲ ယူလိုက်ကြတဲ့ ပထမဆုံးကလေးပေါ့နော်။
✅ They said it (heart attack) ran in her family.
"run in the family" မျိုးရိုးလိုက်" တာကိုပြောတာပါ။
နှလုံးရောဂါက သူတို့မျိုးရိုးအစဉ်အဆက်ဖြစ်ကြတာမျိုးပါ။
✅ I knew better than to bother him.
Sub + know(s) better than to + Vinf - "မလုပ်သင့်တာသိတယ်" လို့ အဓိပ္ပာယ်ရပါတယ်။
- He knows better than to bother his coworkers on their day off.
(လုပ်ဖော်ကိုင်ဖက်တွေကို အလုပ်ပိတ်ရက်မှာ မနှောက်ယှက်သင့်ဘူးဆိုတာ သိတယ်)
- She knows better than to lie to her parents.
(မိဘတွေကို လိမ်မပြောသင့်တာ သိတယ်။)
- We know better than to waste our time.
(အချိန်မဖြုန်းသင့်တာ သိတယ်။)
✅ It was enough to make us behave for days on end.
ဒီစကားစုလေးကလည်း အဆန်းလေးပါပဲ။ တစ်ခုခုကို ဆက်တိုက်လုပ်ရတဲ့အခါ သုံးလို့ရပါတယိ။
for days on end - ရက်ပေါင်းများစွာ ဆက်တိုက်
for hours on end - နာရီပေါင်းမျစွာ ဆက်တိုက်
for months on end - လပေါင်းများစွာ ဆက်တိုက်
- He played games for hours on end.
သူက နာရီပေါင်းများစွာ ဆက်တိုက် ဂိမ်းကစားခဲ့တယ်။
~~~~~
To be continued......
Tr. Aye Moh
Aye Moh-Edu
#tokillamockinbird
#novel
#notes | 411 |
| 4 | 🍁 Adjective Order 🍁
Sentence လေးတွေရေးတဲ့အခါ စာကြောင်းကို ပိုရှည်ဖို့ Noun လေးတွေကို အထူးပြုပေးရတဲ့ Adjective တွေကလည်း အရေးပါပါတယ်။
နမူနာစာကြောင်းလေးတွေ ကြည့်ရအောင် …
🔰 dog ဆိုတဲ့ Noun လေးကို အထူးပြုရေးကြည့်ကြမယ်...။
အဖြူရောင် ခွေးတစ်ကောင်
- a white dog (white)
အဖြူရောင် ခွေးလေးတစ်ကောင်
- a little white dog (little white)
ချစ်စရာကောင်းတဲ့ အဖြူရောင်ခွေးလေးတစ်ကောင်
- a cute little white dog (cute little white)
Look at that CUTE, LITTLE, WHITE dog. (Opinion, size, and color.)
ဒီစာကြောင်းလေးမှာ Opinion, size, colour ဆိုတဲ့ order လေးအတိုင်း စီရေးထားတာပါ။ ဒါဆိုရင်တော့ ကိုယ်ရေးမယ့်စာကြောင်းလေးတွေကို လိုသလိုစိတ်ကြိုက်ချဲ့ရေးနိုင်ကြပြီပေါ့နော် 😊
Adjective order လေးကိုလည်း မှတ်ထားနော် 👇
[Opinion, Size, Age, Shape, Color, Origin, Material, Purpose]
အတိုကောက်အနေနဲ့ #OSASCOMP လို့ မှတ်လိုက်ကြစို့ 😆
Example လေးတွေ ထပ်ကြည့်လိုက်ရအောင် …
1. I carried a very small black suitcase.
2. They have some old French paintings.
3. She was wearing a new red silk dress.
4. That is a really ugly wooden chair.
5. We bought a new round kitchen table.
6. There are some new Chinese students in the class.
🍀
Reference : Perfect English Grammar
#AyeMoh_Edu
#Grammar
#Writing
အချိန်မရွေးသင်ယူနိုင်မယ့် Writing (Video Courses) များအပြင် zoom class တွေဖြစ်တဲ့ One-on-one, Smal group class လေးတွေလည်း Aye Moh - Edu မှာ သင်လို့ရပါတယ် 😊
#Four_skills
#Writing
#Grammar
#Speaking
#Cambridge_exams | 553 |
| 5 | ebook | 514 |
| 6 | To Kill A Mockingbird (မှတ်စု - ၁)
---------------------------
စာရေးဆရာမ Harper Lee ရဲ့ နာမည်ကြီး၀တ္ထု "To Kill A Mockingbird" ထဲက သဘောကျမိတဲ့ အင်္ဂလိပ်စာအသုံးအနှုန်းလေးတွေကို မျှဝေချင်ပါတယ်။ Let's learn together! 🎁
✅ Jem, who was four years my senior, said it started long before that.
ကိုယ့်ထက်အသက်ကြီးတာကို ပြောပုံလေးက --- years my senior လို့ သုံးထားပါတယ်။ ငယ်ရင် --- years my junior ပေါ့။
four years my senior = four years older than me
four years my junior = four years younger than me
✅ He returned to Saint Stephens only once, to find a wife, and with her established a line that ran high to daughters.
သမီးတွေပဲအများကြီးမွေးထားတဲ့ မျိုးဆက်တစ်ဆက်ကို ပြောချင်ရင် ...
"a line that ran high to daughters" တဲ့။
သားတွေပဲမွေးထားရင်တော့ "a line that ran high to sons" ပေါ့။
✅ Simon lived to an impressive age and died rich.
ဒီလိုလေးရေးထားတာလည်း လှတယ်။ အသက်ကြီးတဲ့အထိ နေခဲ့ပြီး ချမ်းချမ်းသာသာနဲ့ပဲ သေသွားခဲ့ပါတယ်တဲ့။
died rich, died poor, died well-known,... သုံးလို့ရတာပေါ့။
✅ When my father was admitted to the bar, he returned to Maycomb and began his practice.
ရှေ့နေလိုင်စင်ရတာကို "be admitted to the bar" လို့ သုံးတာနော်။ ဒါကတော့ legal term ဖြစ်ပါတယ်။
✅ During his first five years in Maycomb, Atticus practised economy.
ချွေချွေတာတာသုံးစွဲတာကတော့ "practise economy" ပါ။
✅ He was Maycomb County born and bred.
ဒီနေရာမှာမွေးပြီး ဒီနေရာမှာပဲ ကြီးပြင်းခဲ့တာဆိုရင် "born and bred" လို့ ရေးပါ။ "born and raised" လည်း သုံးလို့ရပါတယ်။
- I was born and bred in the country and all I know is farming.
- We were both born and raised here so the culture was in our blood.
✅ Because of Simon Finch's industry, Atticus was related by blood or marriage to nearly every family in the town.
ရွာတွေမှာဆိုရင် တစ်ရွာလုံးနီးပါး အမျိုးတွေချည်းပဲဆိုသလိုပေါ့။ အမျိုးစပ်လိုက်ရင် လူတစ်ယောက်နဲ့တစ်ယောက်က တစ်နည်းနည်းတော့ ဆွေမျိုးတော်နေကြတာလေ။ အဲ့လိုမျိုးကို ရေးချင်ရင်သုံးတဲ့စကားလေးက "relate by blood or marriage" ပါတဲ့။
-------------------
ဒီနေ့တော့ ဒီလောက်ပါပဲနော်
နောက်ရက်မှ ဆက်တင်ပေးပါအုံးမယ် 🤍
Tr. Aye Moh
Aye Moh - Edu
#Tokillamockingbird
#harperlee | 535 |
| 7 | “lest” ကို အလွယ်ဆုံးပြောရရင် “မဖြစ်အောင် / မလုပ်မိအောင်” ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးပါတယ်။
⚠️ lest က formal / literary English ဖြစ်လို့ everyday conversation မှာ သိပ်မသုံးပါဘူး။ Writing, formal texts တွေမှာ ပိုတွေ့ရပါတယ်။
1. lest + subject + should + Vinf
အများဆုံးတွေ့ရတဲ့ပုံစံပါ။
> Take an umbrella lest it should rain.
ထီးယူသွားပါ၊ မိုးရွာမယ့်အတွက် / မိုးရွာရင် မစိုအောင်။
> He spoke quietly lest he should wake the baby.
ကလေးနိုးသွားမှာစိုးလို့ သူ တိုးတိုးပြောတယ်။
2. lest + subject + Vinf
ပိုပြီး formal ဖြစ်ပြီး should မပါဘဲလည်း ရပါတယ်။
> She left early lest she miss the bus.
ဘတ်စ်ကားမလွတ်အောင် သူမ စောစောထွက်သွားတယ်။ (Subjunctive mood ပုံစံမျိုးမို့ miss က infinitive ပဲ သုံးတာပါ။ s, es မထည့်ပါ။)
3. lest = so that ... not
ဒီလိုမှတ်ရင် အလွယ်ဆုံးပါ။
lest + V
≈ so that ... not
> He studied hard lest he should fail.
= He studied hard so that he would not fail.
မှတ်ရန် _
> lest = for fear that / so that ... not = မဖြစ်အောင်၊ မလုပ်မိအောင်
--------------------
Aye Moh - Edu
#lest
#formalwriting | 505 |
| 8 | တချို့ကျောင်းသားတွေက Writing ရေးရင် အိမ်စာယူပြီး တဖြည်းဖြည်းရေးကြသလို၊ တချို့ကတော့ ဆရာမနဲ့အတူတူ အတန်းထဲမှာပဲ တစ်ခါတည်းရေးကြတယ်။
မရေးခင် အတူတူ brainstorming လုပ်ကြ၊ Plan အကြမ်းစဉ်းစားခိုင်း၊ သူတို့မရရင် ကူစဉ်းစားပေး၊ အပိုင်းလိုက်ကို စိတ်ရှည်ရှည်နဲ့ ကျောင်းသားကို ဦးဆောင်ပြီး ရေးခိုင်းတယ်။ ဆရာမက လိုနေတဲ့အချက်လေးတွေ၊ မှားနေတာလေးတွေ၊ ရေးထားတဲ့ပုံစံကို ပိုကောင်းအောင် feedback ပေးတာလေးတွေ အတူတူတွဲလုပ်ရင်း အက်ဆေးတစ်ပုဒ်ပြီးဖို့ နှစ်ချိန်နီးနီးလောက် ရေးရတယ်။
တစ်ပုဒ်လုံးပြီးသွားတဲ့အခါတော့ စိတ်ကျေနပ်စရာပါပဲ။ တစ်ခုပဲ... စိတ်ရှည်ရပါတယ် 😊
#Essay #Writing
#oneononeclass
Aye Moh - Edu | 750 |
| 9 | 没有文字... | 714 |
| 10 | 没有文字... | 816 |
| 11 | 没有文字... | 802 |
| 12 | 🩷 Love & Relationship 🩷
- လူငယ်တွေကြား ခုတွေ့ ခုကြိုက် ခဏနေ လမ်းခွဲကြတဲ့ ချစ်ခြင်းမျိုးက...
📍 Puppy love
- Love you so much. ဆိုတာကို ခပ်ဆန်းဆန်းလေးပြောချင်ရင် ...
📍 Be head over heels (in love)
- သူတို့က သိပ်လိုက်တာ...နတ်ဖက်တဲ့စုံတွဲတွေအတိုင်းပဲဆိုရင် ....
📍 A match made in heaven
- တစ်ယောက်ယောက်ကို ကြိတ် crush နေရင်တော့...
📍Have a crush (on someone)
- ကောင်မလေးကို လက်ထပ်ခွင့်တောင်းတော့မယ်ဆိုရင် ...
📍 Pop the question
- ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်သူငယ်ချင်းတွေ၊ အတွဲတွေကတော့ ...
📍Kiss and make up
- အခက်အခဲတွေ အတူတူကြုံတွေ့ဖြတ်ကျော်နေကြတယ်ဆိုရင်.....
📍 On the rocks
- ဒီတခါတော့ ပြတ်သွားကြလေပြီတဲ့...
📍 Split up
- တချို့ကတော့ ပျော်ရွှင်စွာ လက်ထပ်ပေါင်းသင်းကြလေသတည်းပေါ့....
📍Tie the knot
- အသေးအမွှားလေးတွေကအစ ငြင်းခုံနေတတ်ကြရင်တော့ ...
📍 Bicker
........
ကဲ .... ပုံထဲက story လေးကို ဖတ်ကြည့်ရအောင်ပါ 📖📖
Ref: New Headway (Upper-inter)
With best wishes,
Tr. Aye Moh
Aye Moh - Edu
Telegram : https://t.me/ayemohedu | 721 |
| 13 | "didn't dislike" / "isn't unnecessary" တို့လို double negatives ပုံစံရေးထားတဲ့အသုံးအနှုန်းမျိုးတွေကို မြင်ဖူးကြမှာပါ။ ဒီလိုပုံစံရေးတာကို Litotes လို့ ခေါ်ပါတယ်။
🎯 Litotes ဆိုတာ ဘာလဲ
Litotes ဆိုတာက အငြင်းသဘောဆောင်တဲ့စကားလုံး (negative word) နှစ်လုံးကို တွဲပြီး အပြုသဘောဆောင်တဲ့အဓိပ္ပာယ်ကို ဖော်ပြတဲ့ အတတ်ပညာတစ်မျိုးပါ။
ဥပမာ-
- He isn't unfriendly. (သူက မဖော်ရွေတာမဟုတ်)
သူက ဖော်ရွေတယ်။ (He is friendly. အဓိပ္ပာယ်ပါပဲ)
- It's not a bad idea. (မကောင်းတဲ့စိတ်ကူးမဟုတ်)
ဒါက ကောင်းတဲ့စိတ်ကူးပါ။ (It's a good idea.)
🎯 Litotes ကို ဘာကြောင့်သုံးကြတာလဲ
🔺အလေးအနက် မပြောလိုတဲ့အခါ (Understatement)
တိုက်ရိုက် "It's great" လို့ပြောမယ့်အစား "It's not bad." လို့ပြောလိုက်ရင် နည်းနည်းလေး ပိုပြီး လျှော့ပြောရာရောက်ပါတယ်။ ဒီလို လျှော့ပြောတာက စကားပြောတဲ့သူရဲ့ စိတ်ခံစားမှုကို ပိုပြီး နက်နက်နဲနဲ ထင်ဟပ်စေပါတယ်။
🔺 တိုက်ရိုက်မပြောလိုတဲ့အခါ (Less direct, more polite)
လူတစ်ယောက်ရဲ့အိုင်ဒီယာကို "It's a brilliant idea!" လို့ တိုက်ရိုက်ပြောမယ့်အစား "That's not a bad idea." လို့ ပြောလိုက်တာက ပိုပြီး ယဉ်ကျေးတဲ့ပုံစံမျိုး ဖြစ်စေပါတယ်။ ဒါ့အပြင် တခြားသူရဲ့ ခံစားချက်ကို ထိခိုက်မှုမရှိစေဖို့အတွက်လည်း သုံးကြပါတယ်။
🔺ဟာသဉာဏ်ရွှင်ဖို့ (Irony and Humor)
အထူးသဖြင့် ဆန့်ကျင်ဘက်အဓိပ္ပာယ်ကို သုံးပြီး ဟာသမြောက်အောင် ပြောလေ့ရှိပါတယ်။
ဥပမာ- ရေခဲတုံးလို အေးနေတဲ့ အခန်းထဲ ရောက်သွားတဲ့အခါ "It's a bit chilly in here" လို့ ပြောမယ့်အစား "It's not exactly warm in here" လို့ ဟာသလုပ်ပြီး ပြောလို့ရပါတယ်။
🎯 ဥပမာတွေ ဆက်လေ့လာကြည့်ပါ။
- This is not unnecessay.
ဒါက လိုအပ်တယ်။ (This is necessary.)
- It wasn't a bad movie.
အဲဒီရုပ်ရှင်က ကောင်းပါတယ်။ (It was a good movie.)
- She's not a poor writer.
သူမက စာရေးကောင်းတယ်။ (She is a good writer.)
- I can't disagree with you.
မင်းပြောတာကို သဘောတူပါတယ်။ (I agree with you.)
- The exam was not easy.
စာမေးပွဲက ခက်တယ်။ (The exam was difficult.)
Litotes ကို တိုက်ရိုက်ပြောတာထက် ပိုပြီး ယဉ်ကျေးတာ၊ နူးညံ့သိမ်မွေ့တာ၊ ဒါမှမဟုတ် ဟာသနှောတာမျိုးတွေမှာ သုံးလေ့ရှိပါတယ်။
--------------------------------
🍀
Tr. Aye Moh
Aye Moh - Edu | 500 |
| 14 | 没有文字... | 527 |
| 15 | Speaking & Pronunciation တိုးတက်ချင်ပေမယ့် အချိန်မရလို့ သင်တန်းမတက်နိုင်သူတွေ၊ အလုပ်များသူတွေအတွက်အဆင်ပြေအောင် modified လုပ်ထားတဲ့ Shadowing Method လေးကို မျှဝေပေးချင်ပါတယ်။
📌 ပထမဆုံး App လေး တစ်ခုကို download ဆွဲပါ။ App name က "Learn English Listening" ပါ (ပုံမှာပေးထားပါတယ်)။
📌 ဒုတိယအနေနဲ့ App ထဲမှာ ကိုယ့် level ကို ရွေးပြီးဖြစ်ဖြစ်၊ American or British voice ကို ရွေးပြီးဖြစ်ဖြစ် ကိုယ်နားထောင်မယ့်တစ်ပုဒ်ကို ရွေးပါ။ (တစ်ပုဒ်ကို 2 mins or 3 mins ပဲ ကြာပါတယ်)
🔗 နားထောင်မယ့်အကြောင်းအရာနဲ့ပတ်သက်ပြီး Listening exercise, Transcript, Vocab တွေလည်း ပါပါတယ်။
📌 လေ့ကျင့်ရမယ့်အပိုင်း လာပါပြီ 🤫
(နေ့အလိုက် သတ်မှတ်ပေးထားတဲ့အဆင့်အတိုင်းပဲ ဖြည်းဖြည်းမှန်မှန် လေ့ကျင့်ပေးပါ)
📌Shadowing Method (modified)
ကိုယ်ရွေးထားတဲ့ Listening တစ်ပုဒ်တည်းကိုပဲ.....
☑️ Mon - Listen 5 times
(၅ခေါက်နားထောင်ပါ)
☑️ Tue - Repeat phrase by phrase
(စကားစုလေးတွေကို pause လုပ်ပြီး နောက်ကလိုက်ဆိုပါ)
☑️ Wed - Repeat sentence by sentence
စာကြောင်းလေးတွေကို pause လုပ်ပြီး နောက်ကလိုက်ဆိုပါ)
☑️ Thu - Repeat after the speaker
(Speaker နဲ့အတူတူ လိုက်ပြောကြည့်ပါ)
☑️ Fri - Record - Analyze - Record
(Listening တစ်ပုဒ်လုံးကို record လုပ်ပြီး ကိုယ့်အသံကို ပြန်ဆန်းစစ်ပါ။ လိုတဲ့နေရာ မှားတဲ့နေရာတွေမှတ်ထားပါ။ နောက်တစ်ခေါက် record ပြန်လုပ်ပါ။)
☑️ Sat - Retell the subject
(Listening အကြောင်းအရာကို ကိုယ်မှတ်မိသလို ကိုယ့်စကားနဲ့ကိုယ် ပြန်ပြောပြီး record လုပ်၊ သိမ်းထားပါ။ တစ်လကြာတဲ့အခါ ကိုယ့်ရဲ့တိုးတက်မှုကို ပြန်တွေ့ရပါလိမ့်မယ်)
☑️ Sun - Relax 🥰
*********
You will see your improvement after one month.
But .... 📍Be consistent!!!
Telegram ကနေလည်း စာတွေဖတ်နိုင်ပါတယ် ... https://t.me/ayemohedu
With best wishes,
Tr. Aye Moh
Aye Moh - Edu | 531 |
| 16 | 🎯 "used to" နှင့် "be used to"
"used to" နဲ့ "be used to" ဆိုတဲ့ စကားစုနှစ်ခုက ပုံစံချင်းဆင်ပေမဲ့ အဓိပ္ပာယ်နဲ့ အသုံးပြုပုံချင်း မတူပါဘူး။ ဘယ်လိုကွာခြားလဲ....?
✅ "used to"
အတိတ်တုန်းက ပုံမှန်လုပ်ခဲ့ဖူးတဲ့ အလေ့အကျင့်တစ်ခု ဒါမှမဟုတ် အခုလက်ရှိမှာ မဟုတ်တော့တဲ့ အခြေအနေတစ်ခုကို ပြောချင်တဲ့အခါ သုံးပါတယ်။
📌 Subject + used to + Verb (base form)
* I used to play football when I was young.
(ငါ ငယ်ငယ်တုန်းက ဘောလုံးကန်လေ့ရှိတယ်၊ အခုတော့ မကန်တော့ဘူး။)
* He used to live in Yangon.
(သူ ရန်ကုန်မှာ နေခဲ့ဖူးတယ်၊ အခုတော့ မနေတော့ဘူး။)
✅ "be used to"
အကျွမ်းတဝင်ရှိနေပြီဖြစ်တဲ့ အခြေအနေတစ်ခု ဒါမှမဟုတ် အရာတစ်ခုကို ပြောချင်တဲ့အခါ သုံးပါတယ်။ ဒီအခြေအနေကို ကိုယ်က အဆင်ပြေပြေနဲ့ ရင်ဆိုင်နိုင်နေပါပြီ။
"to" နောက်မှာ noun / verb-ing (gerund) လိုက်ရပါမယ်။
📌 Subject + be used to + Noun / Verb-ing
* I am used to getting up early.
(ငါ မနက်စောစောထတာကို အကျင့်ဖြစ်နေပြီ။)
* She is used to the hot weather in Myanmar.
(သူမ မြန်မာနိုင်ငံရဲ့ ရာသီဥတုပူတာကို အသားကျနေပြီ။)
🎯 အနှစ်ချုပ်
* used to + (Verb): အတိတ်က အလေ့အကျင့် (past habit)
* be used to + (Noun/Verb-ing): လက်ရှိမှာ အသားကျနေပြီ (present familiarity)
ဒီလေ့ကျင့်ခန်းလေးကို ဖြေကြည့်ပါ။
Choose the correct answer:
* He (used to / is used to) eat a lot of sweets, but now he eats healthy food.
* I (used to / am used to) working late at night, so it's not a problem for me.
----------------🍀
Tr. Aye Moh
Aye Moh - Edu
https://t.me/ayemohedu | 623 |
| 17 | 没有文字... | 698 |
| 18 | အင်္ဂလိပ်လို ရေးရတဲ့အခါ_
🪫 Tense 12 မျိုးတော့ သိတယ်၊ သေသေချာချာ ကွဲကွဲပြားပြားမသုံးတတ်ပြန်ဘူး။ သုံးနေကျ tense တွေပဲ ထပ်တလဲလဲသုံးနေမိတယ်။
🪫Sentence တွေက တစ်ခါလာလည်း ဒီထဲကမထွက် simple sentence, simple words တွေပဲဖြစ်နေတယ်။
ဒါတွေကတော့ အင်္ဂလိပ်စာနဲ့ ရေးရ၊ သုံးရတဲ့သူ အများစုရဲ့ အခက်အခဲတွေပါပဲ။
Grammar ခဏခဏ လေ့လာဖူးပေမယ့် Rules + Exercises ပဲ လုပ်ပြီး အဲ့ဒီ Rules ကို တကယ်လက်တွေ့စာရေးတဲ့ဆီ ခေါ်မလာတဲ့အခါ၊ စာကြောင်း Pattern တွေပဲ လေ့လာပြီး အဲ့ဒီ Sentence style တွေကို ကိုယ်ရေးတဲ့စာထဲမှာ နေရာတကျ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြန်ထည့်သုံးဖို့ လေ့ကျင့်မှု (Practice) မလုပ်တဲ့အခါ ဘယ်လောက်ပဲ စာလုပ်တယ်ပြောပြော input ပဲရပြီး output အနေနဲ့ ပြန်မထုတ်နိုင်ပါဘူး။ အဓိကက Practice လိုနေတာပါ။
🎯 အဲ့ဒီ Practice ကို ဒီ Advanced Grammar and General Writing (Video Course) မှာ အများကြီး လေ့ကျင့်ရမှာပါ။ Grammar Rule တစ်ခုပြောပြီးတိုင်း၊ Sentence pattern တစ်ခုရှင်းပြီးတိုင်းမှာ ဒါတွေကို ပြန်သုံးနိုင်ဖို့ writing paragraph လေးတွေ၊ Essay လေးတွေ အိမ်စာအနေနဲ့ အရေးလေ့ကျင့်ရတဲ့သင်တန်းပါ။ သင်ကြားမယ့် Course outline ကို အောက်မှာပေးထားပါတယ်။
🎁Advanced Grammar and Writing Practice (Video Lessons)
- Tense ၁၂မျိုး ယှဉ်တွဲလေ့လာထားတဲ့ပုံစံ အနှစ်ချုပ်
- Verb အမျိုးအစားများ
- Adjectives & Adj phrases
- Adverbs & Adv phrases
- Correlative conjunctions
- Infinitive Vs Gerund
- Phrases
- Clauses
- Participles
- Past Modals
- If Conditional & Inversion
- Inversions အမျိုးမျိုး
- Cleft sentences
- Passive Voice (formal)
- Linking words
- Types of Sentences
- Paragraph writing အမျိုးမျိုး
🧭 ပုံမှန်သင်တန်းကြေး - ၇သောင်း
🎁 Special fee (၃သောင်းခွဲ) 🎁
#50 % off (Aug 7 အထိ)
စုံစမ်းရန် - Aye Moh-Edu (Page Messenger),
Ph- 09 43115607
-------------------------------
Tr. Aye Moh
B.Ed; M.Ed (YUOE)
Dip in English & Creative writing (YU)
TESOL certified by ASU | 657 |
| 19 | ✅ Figurative Language (Part 3)
📌 Hyperbole (အလွန်အမင်းချဲ့ကားပြောခြင်း)
Hyperbole ဆိုတာက ကိုယ်ပြောချင်တဲ့ စိတ်ကူးစိတ်သန်း၊ အချိန်ကာလ၊ ခံစားချက် စတာတွေကို ပိုမိုအလေးအနက်ဖော်ပြပြီး အလွန်အမင်းချဲ့ကားပြောတဲ့ ဥပစာစကားဖြစ်ပါတယ်။
Examples_
- It's going to take a million years to get there!
(ဒီကိုရောက်ဖို့ နှစ်သန်းပေါင်းများစွာ ကြာလိမ့်မယ်။)
- I'm so hungry, I could eat a horse!
(ငါအရမ်းဗိုက်ဆာနေတာ၊ မြင်းတစ်ကောင်ကိုတောင် စားနိုင်တယ်။)
- I'm so tired, I could sleep for a century!
(ငါအရမ်းပင်ပန်းနေတာ၊ ရာစုနှစ်တစ်ခုလုံး အိပ်နိုင်တယ်။)
🍹Common examples_
1. I’m literally freezing to death.
2. He runs faster than the speed of light.
3. This bag weighs a ton.
4. It’s taking forever.
5. I’m dying of laughter.
6. He’s older than the hills.
7. She cried a river.
8. It’s boiling hot outside.
9. I have a ton of homework.
10. That was the worst day of my life.
--------------------------------
✅ Alliteration (အက္ခရာတူအစပြုစကားလုံးများ)
Alliteration ဆိုတာက tongue twisters လိုပါပဲ။ အက္ခရာတူနဲ့စတဲ့ စကားလုံးတွေကို ထပ်တလဲလဲသုံးတဲ့ လျှာခလုတ်တိုက်အောင်ရေးတဲ့နည်းပါ။
Examples_
- Three tired tigers.
(ပင်ပန်းနွမ်းနယ်နေတဲ့ ကျားသုံးကောင်။)
- The silly snake slithered.
(နုံးနယ်တဲ့မြွေဟောက်က လိမ်ခွေသွားတယ်။)
- Giddy goats galloped gracefully.
(ပျော်ရွှင်နေတဲ့ဆိတ်တွေ ကြော့ကြော့မော့မော့ပြေးလွှားနေကြတယ်။)
🍹 Common examples_
1. Peter Piper picked a peck of pickled peppers.
2. She sells seashells by the seashore.
3. Busy buzzing bees.
4. Whispering winds whirled wildly.
5. Big brown bears bellowed boldly.
6. Silly snakes slither silently.
7. The wild winds whipped wildly.
--------------------------
✅ Oxymoron (ဆန့်ကျင်ဘက်စကားလုံးတွဲ)
Oxymoron ဆိုတာက ဆန့်ကျင်ဘက်အဓိပ္ပာယ်ရှိသော စကားလုံးနှစ်လုံးကို တွဲဖက်အသုံးပြုထားသော စကားလုံးအလှဖြစ်ပါတယ်။
Examples_
- After the explosion, there was a deafening silence.
(ကျယ်လောင်တဲ့ပေါက်ကွဲသံအပြီး မထင်မှတ်အောင် တိတ်ဆိတ်သွားတဲ့သဘော)
- Graduating was a bittersweet moment—I was proud but sad to leave my friends.
(ဘွဲ့ရတဲ့နောက်ဆုံးနေ့ဆိုတာ ဂုဏ်ယူစရာကောင်းသလို သူငယ်ချင်းတွေကို ခွဲရတာမို့ ၀မ်းနည်းစရာလည်းကောင်းတတယ်ဆိုတာကို bittersweet လို့ သုံးလိုက်တာပါ)
- After three nights with no sleep, I felt like the living dead.
(၃ ည ဆက်တိုက်မအိပ်တော့ လူက သေမလိုကို ပင်ပန်းနေတယ်ဆိုတဲ့သဘော)
🍹 Common examples
1. That comedian’s routine was seriously funny!
2. Please bring the original copy of your birth certificate.
3. He wore a headset to explore a virtual reality game.
4. She looked clearly confused after hearing the complex instructions.
------------------
အားလုံးပဲ စာရေးတဲ့အခါရော စာဖတ်တဲ့အခါမှာပါ ပိုပြီးလွယ်ကူအဆင်ပြေကြပါစေ။
With love,
Tr. Aye Moh
Aye Moh - Edu | 544 |
| 20 | ✅ Figurative Language (Part 2)
📌 Personification (လူပုဂ္ဂိုလ်အနေဖြင့် ခိုင်းနှိုင်းတင်စားမှု)
Personification ဆိုတာက poem တွေ၊ story တွေ ရေးတဲ့အခါ သက်မဲ့အရာဝတ္ထုတွေ၊ တိရိစ္ဆာန်တွေ၊ စိတ်ကူးစိတ်သန်းတွေကို လူသားရဲ့ခံစားတတ်တဲ့ပုံမျိုး၊ လှုပ်ရှားပြုမူတဲ့ပုံမျိုးနဲ့ နှိုင်းယှဉ်ရေးသားတဲ့ ပုံစံတစ်ခုပါ။ ဒီနည်းလမ်းက စာဖတ်သူရဲ့ စိတ်ထဲမှာ ကိုယ်ဖတ်နေတဲ့အကြောင်းအရာကို ပိုပြီးကွက်ကွက်ကွင်းကွင်း မြင်ယောင်မိစေဖို့ ကူညီပေးပါတယ်။
Examples_
1. That slice of pizza is calling my name.
(အဲဒီပီဇာတစ်ချပ်က ငါ့နာမည်ကို ခေါ်နေပြီ/ pizza က စားချင်စဖွယ်ဖြစ်နေ/ငါ အရမ်းစားချင်နေ။)
#pizza ကတော့ လူလို စကားပြောလို့မရပေမယ့် ပိုပြီးချဲ့ကားပြောတာမျိုးပေါ့။
2. His car engine roared as he drove off.
(သူ ကားမောင်းတဲ့အခါ ကားအင်ဂျင်က ဟိန်းဟောက်သံထွက်လာတယ်။)
#အင်ဂျင်သံကျယ်လောင်တာကိုပြော။
3. The cat scowled at me in disbelief.
(ကြောင်လေးက မယုံသလို ငါ့ကို မျက်မှောင်ကြုတ်ပြတယ်။)
4. The sky was so unhappy without sunlight.
(နေရောင်မရှိတော့ ကောင်းကင်ကြီး ဝမ်းနည်းတာပေါ့။)
5. My heart was beating so hard, it was practically jumping in and out of my body.
(ငါ့နှလုံးသားက အရမ်းခုန်နေတယ်၊ ခန္ဓာကိုယ်ထဲကနေ ခုန်ထွက်လာမလိုပဲ။)
⚡ More examples
- The wind whispered – (gentle breeze making a soft sound)
- The sun smiled – (bright, pleasant sunlight)
- Time flew – (time passed quickly)
- The storm screamed – (loud thunder/wind)
- The leaves danced – (leaves moving lightly in the wind)
- The night crept in – (night slowly arriving)
- The rain tapped on the window – (raindrops hitting softly)
- The city never sleeps – (city is always active)
- The fire swallowed the house – (fire destroying quickly)
- The clock ticked angrily – (time passing with pressure or stress)
-------------------------------------
📌 Onomatopoeia (မြည်သံစွဲအလင်္ကာ)
Onomatopoeia ဆိုတာက သဘာဝအသံတွေကို စာလုံးနဲ့ တိုက်ရိုက်ဖော်ပြတဲ့ စကားလုံးတွေပါ။ များသောအားဖြင့် Story တွေ ဖတ်တဲ့အခါ ဒီစကားလုံးတွေက စာဖတ်နေရင်း အသံကို ပိုပြီးစိတ်ထဲမြင်အောင် ကူညီပေးပါတယ်။
Examples_
1. Bonk! Sam felt a throbbing pain in his head after accidentally running into a nearby tree.
(Bonk! ဆမ်က သစ်ပင်နဲ့ မတော်တဆတိုက်မိပြီး ခေါင်းထဲမှာ တဒုတ်ဒုတ်ကိုက်နေတယ်။)
2. Ha-ha-ha-ha-ha! They laughed in unison.
(ဟားဟားဟား! သူတို့အားလုံးတစ်ပြိုင်တည်း ရယ်လိုက်ကြတယ်။)
3. Achoo! 'Bless you,' said Professor Penguin when he heard Florence Flamingo sneeze.
(Achoo! "ဘုရားသခင်ကောင်းချီးပေးပါစေ" လို့ ပရော်ဖက်ဆာ ပင်ဂွင်းက Florence Flamingo နှာချေသံကြားတဲ့အခါ ပြောလိုက်တယ်။)
4. Vrooooooommmm! He hears the engine roar.
(Vrooooooommm! သူက အင်ဂျင်ဟိန်းသံကို ကြားလိုက်ရတယ်။)
5. Beep, beep, beep, beep… It won’t stop!
(ဘီး၊ ဘီး၊ ဘီး၊ ဘီး... "ဒီအသံ မရပ်ဘူး!" )
⚡ More examples_
- Whoosh (လေတိုက်သံ)
- Pitter-patter (မိုးစက်သံ)
- Bong (ခေါင်းလောင်းသံ)
- Bonk (ခေါင်းတိုက်မိသံ)
- Ha-ha (ရယ်သံ)
- Boom (ပေါက်ကွဲသံ)
- Vroom (မော်တော်ဆိုင်ကယ်သံ)
- Splat (ဖျပ်ခနဲမြည်သံ)
- Bam (ပြင်းထန်စွာထိမိသံ)
- Beep (အချက်ပေးသံ)
- Achoo (နှာချေသံ)
- Buzz (တဝီဝီမြည်သံ)
-------------------------
Creative writing တွေရေးမယ်ဆို ဒီနည်းလမ်းတွေက စာရေးသူကို အများကြီးအကူအညီဖြစ်စေပါတယ်။ စာဖတ်သူတွေလည်း ဖတ်ရတာ ပိုပျော်စရာကောင်းပြီး စိတ်ကူးမြင်လွယ်စေပါတယ်။
အပိုင်း (၃) ကို ဆက်လက်ဖော်ပြပါမယ်။
Tr. Aye Moh
Aye Moh - Edu | 348 |
