Dream world Movies Channel(MM Sub)
前往频道在 Telegram
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ
显示更多未指定国家未指定类别
📈 Telegram 频道 Dream world Movies Channel(MM Sub) 的分析概览
频道 Dream world Movies Channel(MM Sub) (@dreamworld2) 是活跃参与者。目前社区聚集了 44 787 名订阅者,在 其他 类别中位列第 。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 44 787 名订阅者。
根据 22 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 7 576,过去 24 小时变化为 -122,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 4.65%。内容发布后 24 小时内通常能获得 3.59% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 2 091 次浏览,首日通常累积 1 615 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 1。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“ကြော်ငြာကိစ္စများ/Daily Postများအပ်ရန်
Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ”
凭借高频更新(最新数据采集于 23 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 其他 类别中的关键影响点。
44 787
订阅者
-12224 小时
+10 6647 天
+7 57630 天
帖子存档
နော်မယ်မြို့ (၂၀၂၆)
+++++++
ဒါကတော့ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ နော်မယ် ဆိုတဲ့ အက်ရှင်ကားလေးပါ။
ဂျွန်ဝစ် ကို ဖန်တီးခဲ့တဲ့ Derek Kolstad က ဇာတ်ညွှန်းရေးထားပြီး၊ ဒါရိုက်တာ Ben Wheatley က ရိုက်ကူးပေးထားတာဆိုတော့
အက်ရှင်ခန်းတွေ၊ သေနတ်ပစ်ခန်းတွေကတော့ လုံးဝ အမိုက်စားပဲ။
မင်းသားကြီး Bob Odenkirk က ခေါင်းဆောင်ပါဝင်ထားပါတယ်။
ဇာတ်လမ်းက ယူလစ်ဆီး လို့ခေါ်တဲ့ ရဲအရာရှိတစ်ယောက်က မင်နီဆိုးတားပြည်နယ်က နော်မယ် ဆိုတဲ့ မြို့လေးမှာ ယာယီရဲအုပ်အဖြစ်
ပြောင်းလာရာကနေ စတာပါ။
သူက အတိတ်က ပြဿနာတွေ၊ မိန်းမနဲ့ ကွဲထားတာတွေကြောင့် စိတ်ညစ်ပြီး အရက်သောက်တတ်တဲ့ အကျင့်ရှိတော့၊ ပြဿနာမရှိဘဲ
အေးအေးဆေးဆေး နေရမယ့် ဒီမြို့လေးမှာ အလုပ်လုပ်ဖို့ ရွေးလိုက်တာပေါ့။
မြို့နာမည် နော်မယ် လို့ ပေးထားတဲ့အတိုင်း မြို့ခံတွေကလည်း အေးချမ်းပြီး ဘာပြဿနာမှ မရှိသလိုပါပဲ။
ဒါပေမဲ့ တစ်နေ့မှာ ဘဏ်ဓားပြတိုက်မှုတစ်ခု ဖြစ်သွားချိန်မှာတော့ ဒီမြို့လေးရဲ့ လျှို့ဝှက်ချက်တွေ အကုန်ပေါ်လာပါတော့တယ်။
တကယ်တော့ ဒီမြို့လေးက နာမည်နဲ့ လုံးဝမလိုက်ဘဲ ရာဇဝတ်မှုတွေ၊ ယာကူဇာဂိုဏ်းတွေနဲ့ ပတ်သက်နေတဲ့ နေရာကြီးဖြစ်နေတာကို
ယူလစ်ဆီး တစ်ယောက် သိသွားပါတယ်။
အဲဒီအချိန်မှာ သူ့ရဲ့ ရဲတပ်ဖွဲ့ဝင်တွေရော၊ တစ်မြို့လုံးကပါ သူ့ကို ရန်သူလို သဘောထားပြီး လိုက်သတ်ကြတော့တာပါပဲ။
ဒီတော့ သူက ဘဏ်ဓားပြတွေနဲ့ ပေါင်းပြီး တစ်ညလုံး အသက်ရှင်ဖို့အတွက် ဘယ်လိုတွေ ကြမ်းရမလဲဆိုတာကို အက်ရှင်အမိုက်စားတွေနဲ့
ကြည့်ရမယ့် ဇာတ်ကားပါ။
ဒီကားက ကြာချိန် ၁ နာရီခွဲလောက်ပဲ ရှိတာမလို့ ပျင်းစရာမကောင်းဘဲ အစအဆုံး ဆွဲခေါ်သွားမယ့် ကားမျိုးပါ။
နိုးဘော်ဒီ ကားထဲကလိုပဲ မင်းသားကြီး Bob Odenkirk ရဲ့ အက်ရှင်စတိုင်ကို သဘောကျတဲ့သူတွေ၊ သွေးထွက်သံယိုများပေမဲ့ ဟာသလေးတွေပါ
စွက်ထားတဲ့ အက်ရှင်ကားမျိုးကို ကြိုက်တဲ့သူတွေအတွက်ကတော့ အကြိုက်တွေ့စေမှာ သေချာပါတယ်။
အပန်းဖြေရင်း ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင်ကြမ်းကြမ်းလေး ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို လက်မလွတ်သင့်ဘူးနော်။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/146
Repost from N/a
မင်းသားကြီးဂျက်ကီချမ်းနဲ့ မြင်းလိမ္မာလေးဖိုးနီးတို့ ရင်ထဲထိရောက်ပြီး မျက်ရည်ကျစေမဲ့ကားလေး
ーーーーーーーーーーーーーーーー
⚠️ Copyright Disclaimer No copyright infringement intended. I do not own any of the videos or music. Use only for the entertainment purpose only under the principle of Fair Use. All rights reserved goes to its rightful owner
မင်းသားကြီးဂျက်ကီချမ်းနဲ့ မြင်းလိမ္မာလေးဖိုးနီးတို့ ရင်ထဲထိရောက်ပြီး မျက်ရည်ကျစေမဲ့ကားလေး
ーーーーーーーーーーーーーーーーー
ဒီရုပ်ရှင်ကတော့ CGI တွေခေတ်မစားခင် ဂျက်ကီချန်းတို့ရဲ့ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်ကစတန့်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတာလဲဖြစ်ပါတယ်...
စတန့်သမားတွေရဲ့ ဘဝတွေ၊ ခံစားချက်တွေကို ပုံဖော်ပြသထားတာပါ...
ဇာတ်လမ်းအကျဉ်း –
ဂျက်ကီချန်းဟာ လော့ကျီလုံဆိုတဲ့ စတန့်သမားဟောင်းအဘိုးကြီးအနေနဲ့ ပါဝင်ထားပါတယ်...
သူ့မှာ သားအရင်းလိုချစ်ရတဲ့ မြင်းလေး
ဖိုးနီ(ချိထူ)ပဲရှိပြီး သူတို့နှစ်ယောက်တည်း ဆင်းဆင်းရဲရဲနဲ့ အလုပ်ရှာပြီး အသက်မွေးနေရတာပါ။
သူ့ရဲ့သမီး ရှောင်ပေါင် ကလည်း သူ့ကို
စိတ်နာစရာတွေရှိတာကြောင့် စကားမပြော အသိအမှတ်မပြုပါဘူး။
သူ့ရဲ့မြင်းလေးဖိုးနီဟာ သူ့ကို ကုမ္ပဏီပိုင်ရှင်သူဌေးဝမ်က မသေခင်
လက်ဆောင်ပေးခဲ့တာပါ။
ဒါပေမဲ့အဲဒီသူဌေးရဲ့ ကုမ္ပဏီ ဒေဝါလီခံရပြီးနောက်မှာ ကုမ္ပဏီအသစ်က သူ့ရဲ့မြင်းကိုပါ ကုမ္ပဏီပိုင်ပစ္စည်းအနေနဲ့သိမ်းဖို့ကြိုးစားလာပါတယ်။
တချိန်တည်းမှာပဲ သူ့ရဲ့အကြွေးရှင်တွေ
ကလည်း မြင်းကို အကြွေးနဲ့သိမ်းဖို့ အတင်းကြိုးစားလာပါတယ်။
အဲဒီအန္တရာယ်တွေကြားမှာ မြင်းလေးကိုကာကွယ်ဖို့ ဘယ်လိုတိုက်ခိုက်ရုန်း
ကန်ရလဲဆိုတာကို ဆက်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/144
မော်တယ်ကွန်ဘတ် ၂ (၂၀၂၆)
========================
အကြည်ဗားရှင်း
ကဲ ကဲ အားလုံးစောင့်စားနေတဲ့ မော်တယ်ကွန်ဘတ် ၂ ဟာ ထင်ထားတာထက်စောပြီး အကြည်ဗားရှင်းလေးထွက်ထားပါတယ်
ဒီဇာတ်ကားမှာတော့ ကောင်လေးအဖွဲ့ထဲက ဘီလီဘွတ်ချာကြီးက ဂျွန်နီကေ့ချ်အဖြစ် ပါဝင်ထားပြီး ကစ်တာနာ Cast ကလည်း တော်တော်လေး
ga*me ac*cu*rat*e ဖြစ်တာမလို့ အားလုံးကျေနပ်နေကြမယ် ထင်ပါတယ်
MK ဟာ ဂိမ်းအနေနဲ့လည်း တော်တော်ကြီးအောင်မြင်မှုရရှိထားပြီး fan အရမ်းတောင့်တင်းတဲ့ဂိမ်းဖြစ်တာမလို့ ရုပ်ရှင်ထွက်လာတဲ့အခါမှာလည်း
တော်တော်လေး အားပေးကြမ်းနေကြပါတယ်
ပိုကောင်းတာတစ်ခုကတော့ ပထမကားမှာ တိုင်ပတ်သွားသမျှ ဒီကားနဲ့ပြန်အဖတ်ဆယ်ထားပြီး ရုံတင်ပိုင်းမှာရော rating အရပါ တော်တော်လေးအခြေအနေကောင်းနေတာပါ
မော်တယ်ကွန်ဘတ်ဆိုတာကတော့ အထက်နတ်ဘုရားတွေက ချမှတ်ပေးထားတဲ့ပြိုင်ပွဲဖြစ်ပြီး ကမ္ဘာတစ်ခုက နောက်တစ်ခုကိုသိမ်းချင်တဲ့အခါ ဗမာလိုကြီးတက်သိမ်းလို့မရဘဲ ကမ္ဘာတွေကရွေးထားတဲ့ချန်ပီယံတွေဟာ သူတို့ကမ္ဘာအတွက် တိုက်ပွဲဝင်ရပါတယ်
ကမ္ဘာတစ်ခုဟာ မော်တယ်ကွန်ဘတ်ပြိုင်ပွဲကို ဆယ်ပွဲဆက်တိုက်နိုင်တဲ့အခါ သိမ်းပိုက်ခွင့်ရှိပါတယ်
ခုချိန်မှာတော့ Ou*t*er Wo*r*ld ဆိုတဲ့ရှောင်ခန်ဦးစီးတဲ့ကမ္ဘာဟာ ကမ္ဘာမြေကို ကိုးပွဲနိုင်ထားတာဖြစ်ပြီး နောက်ထပ်တစ်ပွဲနိင်ရင် သိမ်းခွင့်ရတော့မှာပါ
မိုးကြိုးနတ်ဘုရားရေဒန်ဟာ ကမ္ဘာရဲ့ချန်ပီယံအတွက် တစ်ယောက်လိုနေတာကြောင့် ဂျွန်နီကေ့ချ်ဆိုတဲ့ မင်းသားသရုပ်ဆောင်ကို အထက်နတ်ဘုရားတွေက ရွေးချယ်လိုက်ပါတော့တယ်
ဂျက်စ် ဆွန်ညာ လျူခန်း ကိုးလ်ရောင်း ဂျွန်နီတို့ဟာ ကမ္ဘာမြေအတွက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ကမ္ဘာကြီးရဲ့ ကံကြမ္မာက ဒီလူတွေအပေါ် မူတည်နေတဲ့အခါမှာတော့....
ကမ္ဘာကိုကယ်တင်ဖို့ သူတို့တွေဟာ သေမျိုးတိုက်ပွဲတဖြစ်လည်း မော်တယ်ကွန်ဘတ်မှာ အသက်လုပြီး ယှဉ်ပြိုင်ကြပါတော့တယ်
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/142
" Koi... Mil Gaya " (2003)
Koi... Mil Gaya ဟာ ဘောလိဝုဒ်ရုပ်ရှင်လောကရဲ့ အအောင်မြင်ဆုံးနဲ့ နာမည်အကြီးဆုံး သိပ္ပံစိတ်ကူးယဉ် (Sci-Fi) ဒရမ်မာ ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Rakesh Roshan ရိုက်ကူးပြီး Hrithik Roshan, Preity Zinta နဲ့ Rekha တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ရိုဟစ်ဆိုတဲ့ လူငယ်လေးဟာ အသက်အရွယ်အရ လူကြီးဖြစ်နေပေမယ့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနောက်ကျနေတာကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ယောက်လိုပဲ တွေးခေါ်ပြုမူနေထိုင်တတ်သူပါ။ သူ့ကို ကျောင်းက ကလေးတွေက အမြဲအနိုင်ကျင့်တတ်ပေမယ့် ရိုဟစ်ဟာ စိတ်ထားဖြူစင်ပြီး မိခင်ဖြစ်သူနဲ့အတူ တောင်ပေါ်မြို့လေးတစ်မြို့မှာ အေးအေးချမ်းချမ်း နေထိုင်ပါတယ်။
ရိုဟစ်ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ဟာ အာကာသထဲက ဂြိုဟ်သားတွေနဲ့ ဆက်သွယ်ဖို့ ကွန်ပျူတာတစ်လုံးကို တီထွင်ခဲ့ဖူးပါတယ်။ တစ်နေ့မှာတော့ ရိုဟစ်နဲ့ သူ့ရဲ့သူငယ်ချင်းအသစ် နီရှာတို့ဟာ အဲဒီကွန်ပျူတာကို အမှတ်မထင်အသုံးပြုမိရာကနေ အချက်ပြသံတွေပို့မိပြီး ဂြိုဟ်သားယာဉ်ပျံကို ကမ္ဘာမြေဆီ ရောက်လာစေခဲ့ပါတယ်။
ယာဉ်ပျံကြီး ပြန်လည်ထွက်ခွာသွားချိန်မှာတော့ ချစ်စရာကောင်းတဲ့ အပြာရောင်ဂြိုဟ်သားလေးတစ်ကောင် ကမ္ဘာပေါ်မှာ သောင်တင်ကျန်ရစ်ခဲ့ပါတယ်။ ရိုဟစ်က အဲ့ဒီဂြိုဟ်သားလေးကို ရှာတွေ့သွားပြီး "ဂျာဒူး" (Jadoo ) လို့ နာမည်ပေးကာ အိမ်မှာ တိတ်တဆိတ်ဖွက်ထားခဲ့ပါတယ်။
ဂျာဒူးဟာ ရိုဟစ်ရဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကို သိသွားတဲ့အခါ သူ့ရဲ့ မှော်အစွမ်းတွေနဲ့ ရိုဟစ်ကို ကုသပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရိုဟစ်ဟာ ပုံမှန်လူတွေထက် ပိုမိုထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ အံ့မခန်း ခွန်အားနဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်လာခဲ့ပါတော့တယ်။
ဒါပေမယ့် အစိုးရတာဝန်ရှိသူတွေနဲ့ ရဲတွေက ဂြိုဟ်သားရှိနေတာကို ရိပ်မိသွားပြီး ဂျာဒူးကို ဖမ်းဆီးဖို့ ကြိုးစားလာတဲ့အခါ ရိုဟစ်နဲ့ သူ့သူငယ်ချင်းတွေက ဂျာဒူးကို ဘယ်လိုအကာအကွယ်ပေးမလဲ၊ ဂျာဒူး တစ်ယောက် သူ့ရဲ့ဂြိုဟ်ဆီကို ဘေးကင်းကင်း ပြန်နိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားဖွယ်ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။
Old but Gold ဇာတ်ကားတစ်ကားကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ ဒီကားကိုသာ ရွေးလိုက်ပါတော့ဗျာ။
( ဇာတ်လမ်းအကျဉ်းကို LL မှ ရေးသားပေးထားပါတယ် )
Subtitle By - LL
Encode By - Lwin Htoo Aung
Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
#KoiMilGaya
#AshChannel #Ash
#AshBollywoodMovie
#AshBMovies #AshIndiaMovie
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/140
လှလိုက်တဲ့ မင်းသမီးလေးဗျာ အသစ်ထွက်လာပြီး အရမ်းနာမည်ကြီးနေတဲ့ ကားလေး
လူသားတွေကို မာယာနဲ့ ဖမ်းစားတတ်တဲ့ တောစောင့်နတ်မိမယ် နဲ့ ရေသူမလေး ဇာတ်ကားသစ်
ーーーーーーーーーーーーーーーーー
M_a-v_k-a T_h-e T_r-u_e M_y-t_h (20_26)
တက္ကသိုလ်တစ်ခုက ဇီဝဗေဒပါမောက္ခတစ်ယောက်နဲ့ သူ့ကျောင်းသားတွေက နယ်အစွန်အဖျားမှာရှိတဲ့ လူသူမနီးမဝေးတောအုပ်တစ်ခုထဲကို လေ့လာရေးခရီးထွက်လာခဲ့ပါတယ်။
သူတို လေ့လာရေးခရီးထွက်လာခဲ့တဲ့တောအုပ်က ယုံတမ်းပုံပြင်ထဲက ဒဏ္ဍာရီလာ မာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်တွေနဲ့ ရေသူမတွေရှိတယ်လို ဒေသခံတွေက ယုံကြည်ကြပါတယ်။
ဒီမာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်သမီးတွေနဲ့ ရေသူမတွေဟာ နှစ်တစ်နှစ်ရဲ့ အခုလိုအချိန်မှာ တောထဲရောက်လာသူတွေကို ဖမ်းစားတတ်တဲ့အကြောင်း တည်းခိုခန်းပိုင်ရှင်က သတိပေးလိုက်ပါသေးတယ်။
ဒါပေမဲ့ ကျောင်းသားတစ်စုက သိပ္ပံပညာရှင်တွေဆိုတော့ အယုံအကြည်မရှိဘဲ အမှုမဲ့ အမှတ်မဲ့ပါပဲ ဒီလိုနဲ့ ခေတ္တတည်းခိုခဲ့တဲ့ တည်းခိုခန်းပိုင်ရှင်ကို နှုတ်ဆက်ပြီး တောထဲကို ခရီးဆက်ထွက်လာခဲ့ပါတယ်။
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/138
Repost from Dream Word Indian Movies (MM sub)
" Euphoria " (2026)
"မိခင်တစ်ယောက်ရဲ့ အချစ်နဲ့ တရားမျှတမှု... ဘယ်အရာက ပိုပြီး အလေးသာမလဲ"
နိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် ဗီကတ်စ် အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီး ဗင်ဒယာ...။ သူဟာ ကျောင်းသူကျောင်းသားတွေအပေါ် စည်းကမ်းတင်းကျပ်သလို ကိုယ်ကျင့်တရားကိုလည်း တန်ဖိုးထားတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့ဘဝကို အကြီးအကျယ် တုန်လှုပ်သွားစေမယ့် အဖြစ်အပျက်တစ်ခု ကြုံလာရပါတယ်။
အဲဒါကတော့ သူ့ရဲ့ သားအရင်းဖြစ်သူ ဗီကတ်စ်ကိုယ်တိုင် အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ယောက်ကို အုပ်စုဖွဲ့မုဒိမ်းကျင့်တဲ့အမှုမှာ အဓိက တရားခံဖြစ်နေတာပါပဲ။ သားဖြစ်သူကို ကယ်တင်မယ့် မိခင်တစ်ယောက်အဖြစ် ရပ်တည်မလား... ဒါမှမဟုတ် မှန်ကန်တဲ့ တရားမျှတမှုအတွက် ရပ်တည်မယ့် အမျိုးသမီးတစ်ယောက် ဖြစ်လာမလား။
ဥပဒေ၊ တရားမျှတမှုနဲ့ မိသားစုသံယောဇဉ်ကြားက အားပြိုင်မှုတွေကို ရင်သပ်ရှုမောဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ Crime/Drama ဇာတ်ကားကောင်းတစ်ကားမို့ လက်မလွတ်တမ်း ကြည့်ရှုသင့်ပါတယ်!
( ဇာတ်လမ်းအကျဉ်းကို LL မှ ရေးသားပေးထားပါတယ် )
Subtitle By - LL
Encode By - Lwin Htoo Aung
Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
#Euphoria
#AshChannel #Ash
#AshBollywoodMovie
#AshBMovies #AshIndiaMovie
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld782
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld782/118
Repost from Dream Word Indian Movies (MM sub)
" Ustaad Bhagat Singh " (2026)
”Ustaad Bhagat Singh” ဆိုတဲ့ အက်ရှင်ဇာတ်ကားလေးဟာ 2026 မှာထွက်ရှိထားပြီး တောင်ပိုင်းအက်ရှင်မင်းသားကြီး Pawan Kalyan ပါ၀င်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ရိုးရိုး ရဲအက်ရှင်ကားမျိုးမဟုတ်ဘဲ အဂတိလိုက်စားမှုအပြင် နိုင်ငံရေးကစားကွက်တွေနဲ့ ပြည်တွင်းပြည်ပရန်သူတွေကို အမြစ်ပြတ်ချေမှုန်းမယ့် ရဲအရာရှိတစ်ယောက်ရဲ့ အားမာန်ပါပါ တိုက်ပွဲဝင်မှုကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရိုက်ကူးသရုပ်ဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
ဒီတော့ ဇာတ်ကားထဲမှာ အူစတက်ဘာဂတ်ဆင်းဂ်အဖြစ် မင်းသားကြီး Pawan Kalyan တစ်ယောက် ဘယ်လိုအခက်အခဲတွေကိုကျော်ဖြတ်ရင်း ကြီးမားတဲ့ရန်သူတွေကို ဘယ်လိုနည်းဗျူဟာတွေနဲ့ တိုက်ခိုက်အမြစ်ပြတ်ချေမှုန်းမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
( ဇာတ်လမ်းအကျဉ်းကို DD မှ ရေးသားပေးထားပါတယ် )
Subtitle By - DD
Encode By - Lwin Htoo Aung
Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
#UstaadBhagatSingh
#AshChannel #Ash
#AshBollywoodMovie
#AshBMovies #AshIndiaMovie
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld782
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld782/115
Repost from N/a
" Happy Patel: Khatarnak Jasoos " (2026) 1080p
" Happy Patel: Khatarnak Jasoos " (2026)
တစ်ညမှာ အင်္ဂလန်အေးဂျင့်နှစ်ဦးရဲ့အသက်ကို အိန္ဒိယအမျိုးသမီးတစ်ယောက်က ကယ်တင်ခဲ့ပါတယ် အသက်ကယ်ကျေးဇူးကြောင့် ထိုအင်္ဂလန်အေးဂျင့်နှစ်ဦးဟာ သူ့ရဲ့ သားလေးကိုကယ်ဆယ်စောင့်ရှောက်ထားပြီး ဟက်ပီးလို့ နာမည်မှည့်ပေးခဲ့ပါတယ်
ဟက်ပီးလေးအရွယ်ရောက်လာတဲ့အခါ ဖခင်နှစ်ဦးရဲ့ ခြေရာအတိုင်း အေးဂျင့်ဖြစ်ဖို့ ကြိုးစားခဲ့ပေမဲ့ အေးဂျင့်ဖြစ်ဖို့ကံမပါရှာလာတဲ့ ဟက်ပီးလေးဟာ အကနဲ့ ဟင်းချက်လက်ရာမှာတော့ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်နေခဲ့ပါတယ် ဒီလိုနဲ့ တစ်နေ့မှာ ဖခင်နှစ်ဦးရဲ့ မိတ်ဆွေတစ်ဦးက ဟက်ပီးကို အေးဂျင့်လုပ်ဖို့ ကမ်းလှမ်းတဲ့အခါ…
ထိုကမ်းလှမ်းချက်က အိန္ဒိယသားအယောင်ဆောင်ပြီး ပြန်ပေးဆွဲခံလိုက်ရတဲ့ အလှအပသိပ္ပံပညာရှင်တစ်ဦးကို ကယ်တင်ဖို့ဖြစ်လာတဲ့အခါမှာတော့ အေးဂျင့်တစ်ယောက် သိပ်ဖြစ်ချင်နေတဲ့ ဟက်ပီးတစ်ဦး ဘယ်လိုမျိုးတွေ မစ်ရှင်ကို ဆောင်ရွက်မလဲ သူ့ရဲ့မွေးရပ်မြေအိန္ဒိယကို ပြန်အလာပြီးမစ်ရှင်ဆောင်ရွက်တဲ့အခါ ဘာအခက်အခဲတွေကြုံရမလဲဆိုတာကိုတော့ ဟာသနဲ့အက်ရှင်နှောပြီးကြည့်ရှု့ရမှာဖြစ်ပါတယ်
( ဇာတ်လမ်းအကျဉ်းကို Chen Zi မှ ရေးသားပေးထားပါတယ် )
Subtitle By - Chen Zi
Encode By - Lwin Htoo Aung
Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
#HappyPatelKhatarnakJasoos
#AshChannel #Ash
#AshBollywoodMovie
#AshBMovies #AshIndiaMovie
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/134
Repost from Dream Word Indian Movies (MM sub)
" S.Saraswathi " (2026)
ဒီမနက်မှ ကိုယ့်လက်နဲ့ ကျောင်းဝင်းထဲ လိုက်ပို့ခဲ့တဲ့ သမီးလေး... ညနေ လာကြိုချိန်မှာတော့ ဒီကမ္ဘာပေါ်မှာ တစ်ခါမှ မရှိခဲ့ဖူးသူတစ်ယောက်လို လုံးဝ အစအနဖျောက်ခံလိုက်ရတယ်။
အထိတ်တလန့်အဖြစ်ရဆုံးက ကျောင်းကလူအားလုံးက ကလေးကို လုံးဝ မမြင်ဖူးပါဘူးလို့ တစ်သံတည်း ငြင်းဆန်နေကြတာပါပဲ။ သမီးလေးရဲ့ တည်ရှိမှုက လေထဲကို အငွေ့ပျံသွားသလိုပဲလား။ ဒါပေမဲ့ ညနက်ပိုင်းမှာ ဝင်လာတဲ့ ခြောက်ခြားဖွယ် ဖုန်းတစ်ကောက အရာအားလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့တယ်။ ဖုန်းထဲကအတိုင်း သမီးရှိတဲ့နေရာကို လိုက်သွားတဲ့အခါ သမီးလေး လူမဆန်စွာ အဓမ္မပြုကျင့်ခံရတာကြောင့် အသက်ပျောက်သွားခဲ့ပြီ...။
တရားခံကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ ကလေးရဲ့ အလောင်းဟာ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသလို ဗီဒီယိုသက်သေဆိုတာကလည်း အရိပ်အယောင်တောင် မရှိတော့ပါဘူး။
သက်သေမရှိ အလောင်းမရှိတဲ့အပြင် ကလေးကိုပါ မသိဘူးလို့ လောကကြီးတစ်ခုလုံးက အမှန်တရားကို ဖုံးကွယ်ထားချိန်မှာ... ဒီအမှုကြီးရဲ့ နောက်ကွယ်က ကြောက်မက်ဖွယ် လျှို့ဝှက်ချက်က ဘာများဖြစ်မလဲ။ သမီးအတွက် အသက်ပေးပြီး တိုက်ပွဲဝင်မယ့် မိခင်တစ်ယောက်ရဲ့ ရင်နင့်ဖွယ် ကလဲ့စားချေမှုကို ဇာတ်ရှိန်အမြင့်ဆုံးနဲ့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ့် Psychological Thriller ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။
( ဇာတ်လမ်းအကျဉ်းကို DD မှ ရေးသားပေးထားပါတယ် )
Subtitle By - DD
Encode By - Lwin Htoo Aung
Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
#SSaraswathi
#AshChannel #Ash
#AshBollywoodMovie
#AshBMovies #AshIndiaMovie
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld782
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld782/113
Repost from Dream Word Indian Movies (MM sub)
" Will " (2025)
ဒီနေ့မှာတော့ သေတမ်းစာလေးတစ်စောင်ကနေဖြစ်ပေါ်လာတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်အကြောင်း တင်ဆက်ပေးချင်ပါတယ်
ဗစ်နက်ရှ်ရက်ဒီဟာ မသေခင်မှာ သေတမ်းစာလေးတစ်စောင်ထားခဲ့ပါတယ် ထိုသေတမ်းစာလေးထဲမှာ သူ့ရဲ့ အမွေတွေအားလုံးကို သူ့သားနှစ်ယောက်ဆီ အညီအမျှခွဲဝေပေးပြီး ချန်နိုင်က ၂ ကုဋေတန်ဖိုးရှိတိုက်ခန်းတစ်လွှာကိုတော့ ရှာဒါဆိုတဲ့ကောင်မလေးတစ်ယောက်အတွက် ချန်ထားပေးခဲ့ပါတယ် ဒါပေမဲ့ ဗစ်နက်ရှ်တို့မိသားစုဟာ အမွေတွေအပြင် ကောင်မလေးအတွက် ချန်ပေးထားခဲ့တဲ့ တိုက်ခန်းကိုပါ လိုချင်နေတဲ့အတွက်ကြောင့် သူတို့ဟာ အခကြေးငွေနဲ့ငှားပြီး ရှာဒါအတုနဲ့ တရားရုံးမှာ ကျမ်းကျိန်လွှာလျှောက်တင်ခဲ့ပါတယ်
တရားသူကြီးမင်းကလည်း ကျမ်းကျိန်လွှာမူမမှန်နေတာကို သတိပြုမိပြီး စုံထောက် ပယ်လာနီကိုစုံစမ်းခိုင်းရာမှ ရှာဒါဆိုတဲ့မိန်းကလေးရဲ့ဘဝကို စုံစမ်းဖို့ဖြစ်လာတဲ့အခါ… ထိုမိန်းကလေးနဲ့ ဗာနက်ရှ်တို့ဘယ်လိုများဆက်စပ်နေလို့လဲ စုံထောက်ကြီးတစ်ယောက်မီးခိုးကြွက်လျှောက်လိုက်စုံစမ်းရင်း ရှာဒါဆိုတဲ့ကောင်မလေးရဲ့ သနားစရာဘဝဇာတ်ကြောင်းကိုသိလိုက်တဲ့အခါမှာရော… စသဖြင့် မျိုးစုံတဲ့ plot twist တွေပါတာကြောင့် ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လည်း ဖြစ်ပါတယ်
ဒီဇာတ်လမ်းလေးဟာ မိသားစုအတွက် စတေးခံဖြစ်ခဲ့ရတဲ့အိန္ဒိယအမျိုးသမီးတွေရဲ့ဘဝ နှစ်စဉ်နှစ်စဉ်ဖြစ်ပေါ်နေတဲ့ ကိုယ်ဝန်ဖျက်ချခြင်းတွေအကြောင်းတွေကို သင်ခန်းစာယူဖွယ်တင်ဆက်ထားတာဖြစ်ပါတယ်
( ဇာတ်လမ်းအကျဉ်းကို Chen Zi မှ ရေးသားပေးထားပါတယ် )
Subtitle By - Chen Zi
Encode By - Lwin Htoo Aung
Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
#Will
#AshChannel #Ash
#AshBollywoodMovie
#AshBMovies #AshIndiaMovie
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld782
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld782/111
Repost from Dream Word Indian Movies (MM sub)
M a a r a n [ 2 0 2 2 ]
-------------------------------------------
ဆက်သီမိုသီဟာ ရိုးသားတဲ့မှုခင်းဂျာနယ်သမားတစ်ယောက်ဖြစ်ပြီး အမှန်တရားကိုဖော်ထုတ်မိတဲ့ အတွက်လုပ်ကြံခံခဲ့ရပါတယ်။
သူလုပ်ကြံခံရတဲ့ အချိန်မှာပဲ သူ့မိန်းမကလည်းဆေးရုံမှာသူ့သမီးလေးကို မီးဖွားရင်းကွယ်လွန်သွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့
ဆက်သီမိုသီရဲ့သားအကြီးလေးဖြစ်တဲ့မတ်သီမာရန်ကပဲ သူ့ညီမလေးကိုအုပ်ထိန်းပျိုးထောင်ဖို့ဖြစ်လာပါတော့တယ်။
အဲဒီနောက်မှာတော့ သူကိုယ်တိုင်လည်းဂျာနယ်သမားတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့အဖေလိုပဲ အန္တရာယ်တွေကြားကအမှန်တရားတွေကိုဖော်ထုတ်ဖို့ကြိုးစားတဲ့အခါမှာတော့…။
နှစ်နာရီကျော်လောက်နစ်မြောသွားစေမယ့် Action/drama ကားမျိုးဖြစ်တဲ့အပြင် IMDb ရိတ်တင်ကောင်းကောင်းရရှိထားတာကြောင့် သာမန်ကာလျှံကာမဟုတ်တာတော့ကျိန်းသေပါပဲ။
ယနေ့ခေတ် သတင်းမီဒီယာလောကကို သရော်ထားတဲ့အပြင် ဇာတ်ညွှန်းကောင်းကောင်းနဲ့ သေသပ်တဲ့ရိုက်ချက်တွေနဲ့ရိုက်ကူးထားတာပါ
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld782
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld782/66
The Missing( 2026) ,Action
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld2
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld2/77
Repost from Dream World Horror Movies (MM sub)
ထိတ်လန့်ဝိညာဉ်
(民国惊魂录) Republic of China Thriller 2026
ချန်နယ်လင့်🔽🔽🔽
https://t.me/dreamworld6543
ဇာတ်ကားကြည့်ရန်🔽🔽🔽
https://t.me/dreamworld6543/59
Repost from N/a
T_h-e I-n-t-e-r-n_s-h_i-p (2-0 -2-6)
===========================
IMDB ⭐️ 4.7/10
အရင်တုန်းက စီအိုင်အေက ဟင်နရီဘန်းဟာ Internship လို့ခေါ်တဲ့ ကလေးတွေကိုငယ်ငယ်ကတည်းက
ဖမ်းပြီးလူသတ်လက်နက်ဖြစ်လာအောင် လေ့ကျင့်ပေးတဲ့ပရိုဂရမ်ကို ဖန်တီးခဲ့ပါတယ်
Internship ကလေ့ကျင့်ပေးခံရတဲ့ ကလေးတွေကို အထူးသင်တန်းသားလို့ခေါ်ပြီး သူတို့တွေဟာဟင်နရီဘန်းထဖောက်ပြီး သေဆုံးသွားတဲ့နောက်မှာ Internship ပရိုဂရမ်နဲ့အတူ သူတို့ပါပျောက်ကွယ်သွားပါတော့တယ်
ဇာတ်မြှုပ်နေထိုင်နေတဲ့ ကတ်တလစ်စ်ခေါ်ရီနီဟာ အထူးသင်တန်းသားတစ်ယောက်ဖြစ်ပြီး သူ့လိုအထူးသင်တန်းသားတွေအကြောင်းရေးသားထားတဲ့ စာရင်းကိုခိုးယူခဲ့ပြီး အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ ဆက်သွယ်ကာလူစုလိုက်ပါတော့တယ်
ဒီ Internship အစီအစဉ်ကို ရုရှားတွေကလည်း လိုက်လုပ်ပေမဲ့ ထင်သလိုဖြစ်မလာဘဲ
ကျရှုံးသွားတဲ့နောက်မှာ သူတို့တွေဟာလည်း ကျန်ရှိနေတဲ့သင်တန်းသားတွေကို အမေရိကန်တွေအသုံးမချနိုင်အောင် ရီနီကိုသတ်ဖို့ ကြံရွယ်လာပြီး
စီအိုင်အေကလည်း သင်တန်းသားတွေကို ထိန်းမနိုင်သိမ်းမရမဖြစ်ခင် ဖမ်းဖို့ကြံလာတဲ့နောက်မှာ ရီနီဦးဆောင်တဲ့သင်တန်းသားအဖွဲ့ဟာ ဘာတွေကြံစည်ပြီး ဘာဆက်လုပ်မလဲဆိုတာကတော့.....
