K Movies by Vin
关闭频道
显示更多
未指定国家未指定类别
📈 Telegram 频道 K Movies by Vin 的分析概览
频道 K Movies by Vin 是活跃参与者。目前社区聚集了 63 427 名订阅者,在 其他 类别中位列第 。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 63 427 名订阅者。
根据 29 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 4 297,过去 24 小时变化为 511,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 15.39%。内容发布后 24 小时内通常能获得 4.13% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 9 735 次浏览,首日通常累积 2 610 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 11。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 30 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 其他 类别中的关键影响点。
63 427
订阅者
+51124 小时
+1 8717 天
+4 29730 天
帖子存档
63 702
+2
The Exclusive: Beat the Devil's Tattoo (2015)
အခုတစ်ခါ တင်ဆက်ပေးချင်တာလေးကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား Jo Jung Suk နဲ့အတူ မင်းသမီး Lee Ha Na၊ သရုပ်ဆောင် Kim Dae Myung တို့အပြင် အခြားသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ Thriller, Mystery ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအညွှန်း
ဇနီးသည်နဲ့ ကွာရှင်းခဲ့ရပြီး အလုပ်ပြုတ်တော့မဲ့ အခြေအနေနဲ့ပါ ရင်ဆိုင်နေရတဲ့ သတင်းထောက် ဟောမူဟျော့ဟာ သတင်းပေးသူတစ်ယောက်ရဲ့ သတင်းပေးမှုကြောင့်
မထင်မှတ်ဘဲနဲ့ ကွင်းဆက်လူသတ်မှုကို သတင်းယူဖို့ ဖြစ်လာပါတော့တယ်။ ဒီသတင်းကို သူတို့သတင်းဌာန တစ်ခုတည်းကသာ ပထမဆုံး ထုတ်ပြန်နိုင်ခဲ့ပေမဲ့လည်း
တကယ်တမ်းမှာတော့ သူ ရခဲ့တဲ့ အချက်အလက်တွေက မှားယွင်းနေပါတော့တယ်။ အဲဒီလိုနဲ့ မူဟျော့လည်း ကြံရာမရတဲ့မဆုံး သူ့အမှားကို ဖုံးကွယ်ဖို့အတွက် အတုအယောင်
ဇာတ်လမ်းကို ဖန်တီးရင်းနဲ့ ကိစ္စတွေက တဖြည်းဖြည်း ကြီးထွားလာတဲ့အခါမှာတော့ …
63 702
The Chronicles of Evil [2015]
Choi Chang-Sik ဟာ သမ္မတကိုယ်တိုင် ချီးမြှင့်တဲ့ ထူးချွန်ဆုကိုရရှိထားပြီးဌာနမှာ ရာထူးတိုးဖို့ အလားအလာရှိနေသူတစ်ယောက်ပါ။ဆုချီးမြှင့်ခံရသည့်ည ဂုဏ်ပြုညစာစားပွဲမှအပြန်လမ်းမှာကားမောင်းသမားယောင်ဆောင်ထားတဲ့ လုပ်ကြံသူ၏တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။
နှစ်ယောက်သား ရုန်းရင်းဆန်ခတ်နဲ့ တိုက်ခိုက်နေကြရင်းChoi Chang- Sik မှ မတော်တဆ လက်လွန်သွားခဲ့ပါတယ်။ရာထူးတိုးဖို့အကြောင်းရှိနေတာကြောင့် အမှုကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ပေမယ့်နောက်နေ့မနက်မှာ တစ်စုံတစ်ယောက်က ဂန်းနမ်ရဲစခန်းရှေ့မှာအလောင်းကို လာချိတ်ထားခဲ့ပါတယ်။ထောင်ချောက်မိသွားမှန်း သိလိုက်ရတဲ့ Choi Chang-Sik တစ်ယောက်မိမိကို ဦးတည်တိုက်ခိုက်ရခြင်းရဲ့ နောက်ကွယ်က အဖြစ်မှန်ကိုတိတ်တဆိတ် စုံစမ်းဖို့ဖြစ်လာခဲ့ပါတယ်။လူသတ်မှုကိုပဲ ဆက်လက်ဖုံးဖိထားနိုင်မလား?????လွန်ခဲ့တဲ့၁၅နှစ်က အဖြစ်မှန်တွေပဲ ပြန်ရှာတွေ့သွားမလားဆိုတာကတော့The Chronicles Of Evil မှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။
မင်းသားPark Seo Joon ပါဝင်တဲ့အပြင်စုံထောက်အက်ရှင်မင်းသားကြီး Ma Dong Seok ကပါ ပါဝင်အားဖြည့်ထားပြီးRatingကောင်းခဲ့တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
63 702
Method Acting (2026)
- ဇာတ်လမ်းအကျဉ်း -
အီဒုံဟွီ (Lee Dong-Hwi) ကတော့ "အရက်စွဲဂြိုဟ်သား"ဆိုတဲ့ ဟာသဇာတ်ကားနဲ့ နာမည်ကြီးလာတဲ့ မင်းသားတစ်လက်ပါ။အဲဒီနောက်ပိုင်း သူ့ဆီ ရောက်လာသမျှ ဇာတ်ညွှန်းတိုင်းကလည်း ဟာသဇာတ်ရုပ်တွေချည်းပဲ ဖြစ်နေတာကြောင့်ဒုံဟွီက အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားပြီးတည်ကြည်လေးနက်တဲ့ သရုပ်ဆောင်ချက်တွေကို ပြောင်းလဲပြသနိုင်မဲ့ အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ပါတယ်။အဲဒီလိုနဲ့ ၂ နှစ်အကြာမှာ ထိပ်တန်းမင်းသား ဂျောင်ထယ်မင်း (Chani) ရဲ့ ကမ်းလှမ်းမှုနဲ့အတူ"မှန်ထဲက ပန်း၊ ရေပြင်ထက်က လမင်း" ဆိုတဲ့ နန်းတွင်းဇာတ်ကားမှာ တိုင်းသူပြည်သားတွေအတွက် အစာငတ်မွတ်ခံတဲ့ ဘုရင်အဖြစ် သရုပ်ဆောင်ဖို့ အခွင့်အရေးရလာပါတော့တယ်။ ဒုံဟွီဟာ Method Acting လို့ ခေါ်တဲ့ ဇာတ်ကောင်ထဲ အပြည့်အဝ လိုက်ပါစီးမျောပြီး သရုပ်ဆောင်တဲ့ နည်းစနစ်နဲ့အတူ သူ့ရဲ့အရည်အချင်းကို သက်သေပြနိုင်ဖို့အတွက် လူသိရှင်ကြား အစာငတ်ခံတာမျိုးတောင် လုပ်ပြခဲ့ပေမဲ့ လက်တွေ့ရိုက်ကူးရေးမှာတော့ ထင်သလို ဖြစ်မလာဘဲ အလွဲအချော်တွေနဲ့ ကြုံတွေ့ရတဲ့အခါ... တကယ်ပဲ အီဒုံဟွီက Method Acting ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဖော်ပြပြီး ဟာသမင်းသားဆိုတဲ့ ပုံရိပ်ကို ဖျောက်ပစ်နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက် ကြည့်ရှုပေးကြပါနော်။
63 702
𝙎𝙚𝙭 𝙄𝙨 𝙕𝙚𝙧𝙤 (2002)
ဒီဇာတ်ကားဟာ နာမည်ကြီး ကိုရီးယားကျောင်းသား ဟာသဇာတ်ကားဖြစ်ပါတယ်။မင်းသား Im Chang‑jung ရဲ့မှတ်တိုင်ဇာတ်ကားဖြစ်သလို မင်းသမီး ဟာဂျီဝန်ရဲ့ နာမည်ကျော်ဇာတ်ကားလဲဖြစ်ပါတယ်။
ခပ်ပေါပေါခပ်ချာချာ လုပ်ချင်ရာလုပ် နေချင်သလိုနေတတ်ပေမယ့် သာမန်လူသားတွေထက် နူးညံ့တဲ့နှလုံးသားနဲ့ Eun Sik…ငွေကြေးနဲ့ရုပ်ရည်မှာနှစ်မြောပြီး တစ်ဘဝလုံးပေးဆပ်ခဲ့ပေမယ့် လူသားမဆန်တဲ့လူတစ်ယောက်ကြောင့် ဒုက္ခတွေ့ရတဲ့ Eun‑hyo Lee..သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုတွေ…သူတို့နှစ်ယောက်ရဲ့ အံသြဖွယ် ဂန္တဝင်သူငယ်ချင်းတွေနဲ့ ကျောင်းသားဘဝ…စတာတွေကိုအခြေပြုလို့ချစ်ခြင်းကို ဘယ်လိုအလွဲလေးတွေနဲ့စတင်မလဲဆိုတာ ကြည့်လိုက်ရအောင်…
63 702
မိန်းမဖြစ်သူဆီက ငွေလိမ်သွားတဲ့ဖွဲ့ကို ကိုယ်တိုင်လိုက်စုံစမ်းဖော်ထုတ် ❤️🔥On the Line (2021) ❤️🔥 Voice Phishing ဆိုတာ အသံနဲ့လိမ်လည်မှု တစ်နည်းပြောရရင် ဖုန်းဆက်ပြီးလိမ်တဲ့ လိမ်နည်းပါပဲ မြန်မာနိုင်ငံမှာ ဒီစကားလုံးနဲ့စိမ်းနေပေမဲ့ ကိုရီးယားမှာတော့ မကြာခဏဖြစ်လေ့ရှိတဲ့ လိမ်လည်မှုလို့ ပြောရင်လည်းမမှားပါဘူး “အသံနဲ့ လိမ်တယ်ဆိုတာက သနားကြင်နာမှုပဲ ဦးနှောက်မရှိတာ အသိပညာမရှိတာနဲ့မဆိုင်ဘူး တစ်ဖက်လူရဲ့ မျှော်လင့်ချက်နဲ့ ကြောက်ရွံမှုကို သုံးရတာ”လူတွေရဲ့ စိတ်လှုပ်ရှားဆုံး ကြောက်ရွံ့ဆုံးအချိန် အမှားအမှန်မခွဲခြားနိုင်တဲ့ အချိန်ကို အသုံးချပြီး ငွေကြေးလိမ်လည်နေတဲ့အဖွဲ့အစည်း…. လုပ်ဖော်ကိုင်ဖက်တွေ ငွေအလိမ်ခံရတာကို နောက်ဆုံးအချိန်ထိလိုက်မဲ့ ရဲဝန်ထမ်းကနေ နှုတ်ထွက်ထားတဲ့ ဟန်ဆောဂျွန်း….ဒီအမှုကို ဟန်ဆောဂျွန်းနောက်ဆုံးအချိန်ထိ ထုတ်ဖော်သွားနိုင်မလားဆိုတာ On the line မှာကြည့်ရှုပေးကြပါဦးနော် Cast တွေကတော့ Byun Yo Han နဲ့ Woo Jin Ah တို့ပဲ ဖြစ်ကြပါတယ်။
63 702
Jung E (2023) ✨ စ/ဆုံး movie 🎥
၂၂ ရာစုအရောက်မှာတော့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် လူသားတွေဟာ ကမ္ဘာမြေကြီးမှာ ရှင်သန်နေထိုင်ဖို့ ခက်ခဲလာခဲ့ပါတယ်။ဒီအတွက်လည်း အာကာသဟင်းလင်ပြင်မှာ လူနေအာကာသစခန်းတွေ ဆောက်လုပ်ပြီး အသက်ဆက်ခဲ့ကြရပါတယ်။
တစ်နေ့မှာတော့ ဒီအာကာသစခန်းမှာနေထိုင်ကြတဲ့ လူသားတွေ အချင်းချင်း ကတောက်ကဆဖြစ်ရာကနေ စစ်ပွဲကြီးဆီကိုပါဦးတည်လာပါတော့တယ်။ဂျောင်အီ ဆိုတာကတော့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုရဲ့ အဖွဲ့မှူးပါ။ ကံမကောင်းစွာပဲ သူဟာ ဥဦးနှောက်ပုံတူပွါးခြင်းသုတေသနတစ်ခုမှာ စမ်းသပ်ခံတစ်ယောက် ဖြစ်ခဲ့ရပါတယ်။
ဒီသုတေသနသာအောင်မြင်ရင် စစ်ပွဲကြီးကို အနိုင်နဲ့ ပိုင်းနိုင်မှာဖြစ်တဲ့အတွက် သုတေသနမှူးတွေဖြစ်တဲ့ ဆောဟျွန်း နဲ့ ဆန်းဟွန်းတို့ကလည်း အစွမ်းကုန် ကြိုးစားအားထုတ်ကြတယ်။သုတေသနမှူးတွေရဲ့ ကြိုးစားအားထုတ်မှုက တကယ်ပဲအောင်မြင်လာမှာလား? ကံမကောင်းအကြောင်းမလှစွာနဲ့ စမ်းသပ်ခံဖြစ်သွားရရှာတဲ့ တပ်ဖွဲ့မှူး ဂျောင်အီတစ်ယောက်ကော စမ်းသပ်ခံဘဝကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ပါ့မလား? စစ်ပွဲကြီးကကော ဘယ်လို အဆုံးသတ်သွားမလဲ? ဆိုတာတွေကိုတော့....
63 702
Everybody Has a Little Secret (2004) ⚠️
မင်းသားကြီး Lee Byung Heon နဲ့
မင်းသမီးကြီး Choi Ji Woo၊ Chu San Mi၊ Kim Hyo Jin တို့ အဓိက ပါဝင်ထားတဲ့တစ်ချိန်ကား နာမည်ကြီး ဟာသရိုမန့်ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
မိန်းကလေးတွေရဲ့ နှလုံးသားကို ဘယ်လိုပုံစံမျိုးနဲ့ အပိုင်သိမ်းယူရမလဲဆိုတာကို သိထားတဲ့ ဆူဟျွန်း(Lee Byung Heon)ကတော့
အပြောချိုချိုလေးတွေနဲ့ မိန်းကလေးတွေကို ပြုစားတဲ့ နေရာမှာ ဆရာတစ်ဆူပါပဲ။တစ်ဖက်မှာတော့ ဟန်ဂျင်းယောင်း၊ ဟန်ဆွန်းယောင်းနဲ့ ဟန်မီယောင်း လိုခေါ်တဲ့ ညီအစ်မ သုံးဖော် ရှိကြပြီးတော့
အငယ်ဆုံး ညီမ ဟန်မီယောင်းနဲ့ မိန်းမကျမ်းကျေသူ ဆူဟျွန်းတို့က ချစ်ကြိုက်နေကြတဲ့ ဆက်ဆံရေးပါ။
ဒါပေမဲ့ တစ်ခုလပ် ဖြစ်နေတဲ့ ဟန်ဂျင်းယောင်းနဲ့ဝတ္ထုထဲက အချစ်ဇာတ်လမ်းတွေကို နှစ်သက်တဲ့ဟန်ဆွန်းယောင်းတို့ဟာဆူဟျွန်းရဲ့ စကားလုံးတွေထဲမှာ မျောပါပြီး ဆွဲဆောင်ခံလိုက်ရပါတော့တယ်။
စကားလုံးတွေနဲ့ ပြုစားတတ်တဲ့ ဆူဟျွန်းနဲ့“ဟန်”ညီအစ်မ သုံးယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဟာသလေးနှောပြီး ရိုက်ကူးပြသထားတာမို့လို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားဖို ညွှန်းပေးလိုက်ရပါတယ်။
63 702
+2
The Ultimate Duo (2026)
မှုခင်းဇာတ်လမ်းတွေကို
ကြိုက်နှစ်သက်သူများအတွက် ဂျပန်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတဲ့ အမိုက်စား ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။
Light Shop ထဲက မင်းသားကြီး Bae Seong-Woo၊ Love Alarm ထဲက မင်းသား Jung Ga-ram၊
လက်ရှိပြသနေတဲ့ Phantom Lawyer ထဲက မင်းသမီး Esom တို့အပြင် တခြား ဝါရင့်သရုပ်ဆောင်ကြီးများစွာ
ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
- ဇာတ်လမ်းအကျဉ်း -
ဆောဂျယ်ဟျော့ (Bae Seong-Woo) ကတော့ တစ်ချိန်က အောင်မြင်ခဲ့ပေမဲ့ အမှုတစ်ခုမှာ အမှားအယွင်းဖြစ်ပြီးတော့ ရာထူးကျပြီး နယ်ဘက်ကို ရွှေ့ပြောင်းခံလိုက်ရတဲ့ ဝါရင့်စုံထောက်တစ်ဦးပါ။
တစ်နေ့မှာ ဉာဏ်ရည်ထက်မြက်တဲ့အပြင် ငွေကြေးဥစ္စာပါ ပြည့်စုံတဲ့ လူချမ်းသာ စုံထောက်သစ်လေး
ဂင်ဂျွန်းဟို (Jung Ga-ram) က ဂျယ်ဟျော့တို့ရဲ့ နယ်စခန်းလေးဆီကို ပြောင်းလာပါတော့တယ်။
ဘာတစ်ခုမှ ကိုက်ညီမနေတဲ့ သူတို့နှစ်ဦးဟာ ဘုရားကျောင်းအလှူငွေကို ခိုးသွားတဲ့ သူခိုးကို ဖမ်းမိခဲ့ရာကနေ
အဲဒီသူခိုးက ဆိုးလ်မြို့၊ ဂန်းနမ်လူသတ်မှုရဲ့ ဖြစ်နိုင်ခြေအရှိဆုံး သံသယရှိသူဖြစ်နေကြောင်း ဖော်ထုတ်လိုက်နိုင်ပေမဲ့ပြဿနာက အဲဒီအမှုရဲ့ တရားခံကို ဖမ်းတောင်မိပြီးသွားလို့ အမှုပိတ်သိမ်းပြီးသား ဖြစ်နေတာပါပဲ....
ဒါကြောင့် သူတို့နှစ်ဦးအတူ ဒီအမှုရဲ့ နောက်ကွယ်က အမှန်တရားကို စုံစမ်းဖို့အတွက် ဆိုးလ်မြို့ပေါ်
အလုပ်ခရီး ထွက်လာတဲ့အခါမှာတော့...ဖမ်းမိပြီးသား တရားခံကပဲ တရားခံအစစ် ဖြစ်နေမလား........ အလှူငွေသူခိုးက တရားခံအစစ် ဖြစ်နေမလားဆိုတာကိုဂျယ်ဟျော့နဲ့ ဂျွန်းဟိုတို့ စုံထောက်နှစ်ဦးနဲ့အတူ puzzle ဆက်သလို အဖြေရှာရင်း ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် လက်မလွတ်တမ်း ကြည့်ရှုကြဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။
63 702
The Spy Gone North စ/ဆုံး movie ✨
မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ကားမျိုးဆိုဇာတ်အိမ် ဇာတ်ညွှန်း သရုပ်ဆောင်တွေကို ခမ်းခမ်းနားနားရိုက်လေ့ရှိပါတယ် အထူးသဖြင့် စပိုင်ကားတွေဆိုတော်တော်ကြီးကို ကောင်းတယ်။
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ကွဲသွားပြီးနောက်ပိုင်း နှစ်နိုင်ငံလုံးက တစ်ဖက်နဲ့ တစ်ဖက် သူလျှိတွေ စေလွှတ်ပြီး အသံတိတ်ဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့ မြောက်ကိုရီးယားဘက်ကို စေလွှတ်လိုက်တဲ့ တောင်ကိုရီးယားစုံစမ်းရေးတပ်ဖွဲကဘလက်ဗီးနပ်စ်ဆိုတဲ့ အေးဂျင့်အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ။ သူဟာ စီးပွားရေးသမားဟန်ဆောင်ပြီး မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအီကိုချဉ်းကပ်ခဲ့တယ်။ သူဘာကြောင့်ချဉ်းကပ်ခဲ့လဲ.. အချိန်မရွေးအသက်ပျောက်သွားနိုင်ပြီး အန္တရယ်များလွန်းလှတဲ့မြောက်ကိုရီးယားဆီ ဘာကြောင့်စပိုင်လာလုပ်တာလဲ…? ကိုင်း ဆက်လက်ခံစားကြည့်လိုက်ပါဦးဗျို့…။
