Bioscope Vibes
关闭频道
Well
显示更多未指定国家未指定类别
📈 Telegram 频道 Bioscope Vibes 的分析概览
频道 Bioscope Vibes 是活跃参与者。目前社区聚集了 15 519 名订阅者,在 其他 类别中位列第 。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 15 519 名订阅者。
根据 29 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 611,过去 24 小时变化为 54,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 4.95%。内容发布后 24 小时内通常能获得 1.68% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 769 次浏览,首日通常累积 261 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 1。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“Well”
凭借高频更新(最新数据采集于 30 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 其他 类别中的关键影响点。
15 519
订阅者
+5424 小时
+2957 天
+61130 天
帖子存档
15 519
Run to the West (2025)
ဒီတစ်ခေါက်မှာတော့ Black Out ထဲက မင်းသား Byun Yo-Han, Low Life ထဲက မင်းသား Yang Se-Jong,
Wonderful World ထဲက မင်းသား Kim Kang-Woo, Aema ထဲက မင်းသမီး Bang Hyo-Rin, နဲ့
မင်းသား Lim Hyung-Jun, As You Stood By ထဲက မင်းသား Lee Mu-Saeng တို့ အဓိက
ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်ကူးယဉ်အက်ရှင် ရုပ်ရှင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
နာမည်ကြီးရုပ်ရှင် THE OUTLAWS ရဲ့ ဒါရိုက်တာ ဂန်ယွန်းဆောင်းက ရို-က်ကူးထားပြီး ဇာတ်ကွက်တချို့ကို
AI နည်းပညာ အသုံးပြုဖန်တီးထားတဲ့ ပထမဆုံး ကိုးရီးယားရုပ်ရှင်မို့လို့ လက်မလွတ်တမ်း ကြည့်သင့်တဲ့ ရုပ်ရှင်လေးပါပဲနော်။
- ဇာတ်လမ်းအကျဉ်း -
မိခင်ရဲ့ ဈာပနပွဲအတွက် နိုင်ငံခြားကနေ ပြန်လာရင်း လူမို-က်ဂို-ဏ်းတစ်ခုရဲ့ ပြ-န်-ေ-ပ-းဆွဲ-ခြင်းကို ခံလိုက်ရတဲ့
လော-င်းက-စားဆိုဒ်သူဌေး ဂျယ်ဘုမ်း (Yang Se-Jong) ကို ဈာပနပွဲမှာ ရောက်ရှိနေတဲ့
အမျိုးသားထော-က်လှမ်းရေးအဖွဲ့ ဘလက်အေးဂျင့် အီဂျောင်ဝန်း (Byun Yo-Han)၊
ရုပ်သံဌာန ပီဒီ ဂင်ဆော့ထယ် (Lim Hyung-Jun)၊ ရဲ-အ-ရာ-ရှိ ဂျိုမင်ယောင်း (Kim Kang-Woo)၊
မင်းသမီး ဘန်ဆောအာ (Bang Hyo-Rin) တို့ လေးဦးက ကယ်တင်ဖို့ ကြိုးစားရင်းကနေ ယ-ာဉ်တို-က်မှုဖြစ်သွားခဲ့ပါတယ်
အဲဒီလိုကနေ သူတို့တွေက လူတစ်ယောက် ေ-သ-ဆုံ-းသွားတဲ့အခါ နောက်ဘ-ဝမကူးခင် ခဏတာ
လှ-ည့်လ-ည်ရှ-င်သ-န်ရတဲ့ ကြားလော-ကထဲမှာ ပိ-တ်မိသွားပြီး ဝိ-ညာ-ဉ်တွေကို လိုက်လံဖ-မ်းဆီ-းနေတဲ့
ေ-သ-မ-င်းတ-မ-န်တွေနဲ့ ရင်ဆိုင်တို-က်ခို-က်ကြရတဲ့အခါမှာတော့...
ရှင်လူလည်းမဟုတ် ေ-သလူလည်းမဟုတ်တဲ့ အခြေအနေကနေ လွတ်မြောက်နိုင်ဖို့ သူတို့တွေ ဘယ်လိုမျိုး
အသ-က်လုရု-န်းက-န်သွားကြမှာလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/208
15 519
ပျောက်ဆုံးနေသော မိမိ
(消失的我) I'm Gone 2026 Movie 👁️🪞
"ကားအက်စီးဒင့်တစ်ခုအပြီးမှာ အတိတ်တွေအားလုံး ပျောက်ဆုံးသွားခဲ့တဲ့ မိန်းကလေး......"
ဒီတစ်ခါတကယ့်ကို စိတ္တဇဆန်ဆန် ဦးနှောက်ခြောက်စေမယ့် Suspense / Mystery ရုပ်ရှင်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော်
ဇာတ်လမ်းက "ငါ ဘယ်သူလဲ" ဆိုတဲ့ လျှို့ဝှက်ချက်ကို မှန်တစ်ချပ် အခန်းမှောင်တစ်ခန်းနဲ့ ထိန့်လန့်စရာ ပုံဖော်ထားတာပါ
ဇာတ်လမ်းအကျဉ်း 📝
ပြင်းထန်လှတဲ့ ကားမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် အမျိုးသမီးလေး Xu Meng ဟာ သူမရဲ့ အတိတ်အမှတ်တရတွေအားလုံး ပျောက်ဆုံးပြီး အတိတ်မေ့သွားခဲ့ရပါတယ်
အဲဒီလို အားကိုးရာမဲ့နေတဲ့ အချိန်မှာပဲ ရုပ်ရည်ရော ငွေကြေးပါ ပြည့်စုံလှတဲ့ ယောက်ျား Qin Shibin နဲ့ ဆုံတွေ့ခဲ့ပြီး သူမဟာ Qin Shibin အပေါ် အသက်ထက်မက သံယောဇဉ်တွယ်ကာ ချစ်မိသွားခဲ့ပါတော့တယ်
သူတို့နှစ်ယောက်ဟာ တစ်အိမ်တည်းမှာ အတူတူ နေထိုင်ခဲ့ကြပြီး အစပိုင်းမှာတော့ အရာရာဟာ စိတ်ကူးယဉ်အိပ်မက်တစ်ခုလို သာယာလို့နေခဲ့ပါတယ် ဒါပေမဲ့ တစ်နေ့မှာတော့ Xu Meng ဟာ အိမ်ထဲက လူမသိသူမသိ ပိတ်ထားတဲ့ လျှို့ဝှက်ခန်း တစ်ခုကို မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်
အဲဒီအခန်းထဲကို ဝင်သွားတဲ့အချိန်မှာတော့ သူမကို တုန်လှုပ်ခြောက်ခြားသွားစေတာက အခန်းထဲမှာ ပုပ်ပွနေတဲ့ အမျိုးသမီး အလောင်းတစ်လောင်းရှိနေတာပါပဲ
ပိုပြီး ထိတ်လန့်စရာကောင်းတာက အဲဒီအလောင်းကို တွေ့ပြီးနောက် မှန်ထဲကို ပြန်ကြည့်လိုက်တဲ့အခါမှာ မှန်ထဲက မြင်နေရတဲ့ မိမိကိုယ်တိုင်ရဲ့ မျက်နှာဟာ Xu Meng ရုပ်ရည်မဟုတ်တော့ဘဲ အခန်းမှောင်ထဲက သေဆုံးနေတဲ့ ထိုအမျိုးသမီး ရဲ့ မျက်နှာအဖြစ် ပြောင်းလဲသွားတာကို ကြောက်မက်ဖွယ် တွေ့လိုက်ရတဲ့အခါမှာတော့ အမှန်တရားကို လိုက်လံစုံစမ်းပါတော့တယ်
ဒါပေမဲ့ အမှန်တရားရဲ့ နောက်ကွယ်ကို လိုက်လေလေ ဒီမျက်နှာပြောင်းလဲမှုနဲ့ ယောက်ျားဖြစ်သူ Qin Shibin ရဲ့ နောက်ကွယ်မှာ သာမန်လူတွေ တွေးလို့မရနိုင်လောက်အောင် နက်ရှိုင်းပြီး ကြောက်စရာကောင်းတဲ့ ကစားပွဲကြီးရှိနေမှန်း သိလိုက်ရတဲ့အခါ...
ဒီရုပ်ရှင်လေးက အိပ်မက်လား တကယ်လား ခွဲမရအောင် ဇာတ်ကောင်ကိုရော ကြည့်ရှုသူကိုပါ စိတ္တဇဝင်္ကပါထဲ ပိတ်လှောင်ထားတဲ့ Plot မျိုးဖြစ်ပြီးဇာတ်လမ်းရဲ့ အဓိက ဆွဲဆောင်မှုက မှန်ထဲက မျက်နှာက ဘာလို့ သူများမျက်နှာ ဖြစ်နေရတာလဲ အခန်းမှောင်ထဲက အလောင်းကကော ဘယ်သူလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ဇာတ်ရှိန်ကို တောက်လျှောက် ဆွဲတင်ထားတာမို့ စိတ်၀င်စားစရာအရမ်းကောင်းနေမှာပါ
ကဲ မှန်တစ်ချပ်ရဲ့ နောက်ကွယ်မှာ ပျောက်ဆုံးသွားတဲ့ သစ္စာတရားကို SoulKingdom မှာ အခုပဲ ရှုစားလိုက်ရအောင်
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+sHLyxfc2smVhYzVl
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/2704450145/913
15 519
ရထားလမ်းရဲ့ အဆုံးသတ်က ငရဲတံခါးဝ ဖြစ်နေတဲ့အခါ
S_p-e_e-d De-m-o-n (2-0-2-6)
သည်းထိတ်ရင်ဖို Horror ကားအလန်းစားတွေကိုမှ အရသာခံကြည့်တတ်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ ပြေးစရာမြေမရှိတဲ့ သံမဏိရထားတွဲတွေထဲက သွေးပျက်စရာကံကြမ္မာဆိုးအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်အသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်...
ဘဝမှာ သီလရှင်ဝတ်စုံသာဝတ်ထားပေမဲ့ အရက်လည်းကြိုက်၊ ဆေးလည်းသုံး၊ အပျော်အပါးလည်းမက်ပြီး ယုံကြည်ချက်တွေပျောက်ဆုံးနေတဲ့ လူရှုပ်သီလရှင်မလေးလူစီယာက ဗာတီကန်ရဲ့ ထိပ်သီးနတ်ဆိုးနှင်ဘုန်းကြီး ဖာသာနိုဗက်ခ်ရဲ့ လက်ထောက်အဖြစ် မွန်ထရီအောကနေ နယူးယောက်ကိုသွားမဲ့ ရထားပေါ်လိုက်လာခဲ့ပါတယ်...
ဒါပေမဲ့ ရထားပေါ်က ခရီးသည်တစ်ယောက်က ရှေးဟောင်းရုပ်တုတစ်ခုကနေတစ်ဆင့် အမှောင်ထုထဲက နတ်ဆိုးရဲ့ ပူးကပ်စီးနင်းခြင်းကို ခံလိုက်ရတဲ့အခါမှာတော့...အရှိန်အဟုန်နဲ့မောင်းနှင်နေတဲ့ ရထားကြီးရဲ့စနစ်တွေအကုန်ပျက်စီးပြီး အရှိန်ထိန်းမရတဲ့ငရဲရထားကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားပါတော့တယ်...
ပြေးစရာမြေမရှိ၊ အပြင်ကိုခုန်ချရင်လည်း အသက်ပျောက်မဲ့ မိုင်ကုန်မောင်းနေတဲ့ ရထားတွဲတွေထဲမှာ... နတ်ဆိုးက ခရီးသည်တွေကို တစ်ယောက်ပြီးတစ်ယောက် သွေးအေးအေးနဲ့ အမဲလိုက်သတ်ဖြတ်နေတဲ့အခါ...အမြဲတမ်း စိတ်မချရတဲ့၊သီလမလုံတဲ့ သီလရှင်မလေး လူစီယာတစ်ယောက် သူ့ရဲ့ပျောက်ဆုံးနေတဲ့ ယုံကြည်ခြင်းတရားတွေကိုပြန်ရှာဖွေပြီး ခရီးသည်တွေရဲ့အသက်ကို ကယ်တင်နိုင်သွားမလား...ဒါမှမဟုတ် အားလုံးကပဲ ရထားလမ်းရဲ့အဆုံးသတ်ငရဲဆီကို တရှိန်ထိုးပါသွားကြမှာလား...
15 519
Super Happy Fun Clown (2025)
ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ဂျန်နီဖာဆူလီဗန်ဟာ ငယ်ငယ်က ပါရမီရှင်ကလေးတစ်ယောက် ဖြစ်ခဲ့ပေမဲ့
ကြီးလာတဲ့အခါမှာတော့ စိတ်ပျက်စရာကောင်းတဲ့ အလုပ်ခွင်၊ အသုံးမကျတဲ့ ခင်ပွန်း၊ ပြီးတော့ သူမကို အမြဲတမ်း အပြစ်တင်နှိမ်ချတတ်တဲ့
မိခင်ဖြစ်သူတို့ကြားမှာ ဘဝကို ပျင်းရိငြီးငွေ့စွာ ဖြတ်သန်းနေရသူပါ။
သူမဘဝရဲ့ တစ်ခုတည်းသော စိတ်ထွက်ပေါက်ကတော့ ကလေးတွေကို ဖျော်ဖြေပေးရတဲ့ ဂျန်-အိုဆိုတဲ့ လူပြက်အလုပ်လေးပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ သူမမှာ လူမသိတဲ့ စိတ်ကူးယဉ် ဝါသနာတစ်ခု ရှိနေပါသေးတယ် ဒါကတော့ နာမည်ကြီး လူသတ်သမားတွေကို စွဲလမ်းတာပါပဲ။
နောက်ဆုံးမှာတော့ ဘဝရဲ့ ဖိအားတွေကြောင့် စိတ်အစွန်းရောက်သွားတဲ့ ဂျန်နီဖာဟာ....
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/201
15 519
ကူကယ်ရာမဲ့
(阁楼) The Loft 2026 Movie
လင်မယားကွာရှင်းပြတ်စဲပြီးနောက် စိတ်ကျရောဂါ ခံစားနေရတဲ့ အမျိုးသမီးတစ်ယောက် ညဉ့်နက်သန်းခေါင်တိုင်းမှာ အိမ်အပေါ်ထပ်ထဲကနေ ထွက်ပေါ်လာတတ်တဲ့ ထူးဆန်းတဲ့ ခြောက်ခြားဖွယ် အသံဗလံတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ဘာဖြစ်မလဲ...
အခုတင်ဆက်ပေးမဲ့ ဇာတ်လမ်းက သာမန် သရဲခြောက်တဲ့ ကားမျိုးတင် မဟုတ်ဘဲ လူသားတစ်ယောက်ရဲ့ စိတ်ဒဏ်ရာ နဲ့ အမှောင်ထုထဲက လျှို့ဝှက်ချက်တွေကို ပိုင်နိုင်စွာ ပေါင်းစပ်ပြီး ကြည့်သူကို တွေးစရာအများကြီးပေးမဲ့ကားလေးပါ
ဇာတ်လမ်းအကျဉ်း 📝
အဓိက အမျိုးသမီးဇာတ်ဆောင် ဖြစ်သူ Xiao Yue ဟာ သူမရဲ့ အိမ်ထောင်ရေး ပြိုကွဲပြီး လင်မယားကွာရှင်းပြတ်စဲခဲ့ရပြီးနောက် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်ပြီး စိတ်ကျရောဂါဝေဒနာကို အလူးအလဲ ခံစားခဲ့ရရှာပါတယ်
ဘဝမှာ အထီးကျန်စွာနဲ့ အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ကိုယ်တည်း နေထိုင်နေတဲ့ သူမရဲ့ အိမ်ဂေဟာလေးက သာမန်ကြည့်ရင်တော့ အေးချမ်းပြီး ပုံမှန်အတိုင်းပါပဲ ဒါပေမဲ့ ညဉ့်နက်သန်းခေါင် ယံအချိန် ရောက်လို့ လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားတဲ့ အခါတိုင်းမှာတော့ အိမ်ရဲ့ အပေါ်ဆုံး ထပ်ခိုးဆီကနေ လူကို စိုးရိမ်ထိတ်လန့်သွားစေမယ့် ထူးဆန်းတဲ့ အသံဗလံတွေဟာ မကြာခဏဆိုသလို ထွက်ပေါ်လာတတ်ပါတယ်
အဲဒီ ထပ်ခိုးပေါ်က ထွက်ပေါ်လာတဲ့ အသံတွေဟာ လူတစ်ယောက်ရဲ့ မသိရသေးတဲ့ လျှို့ဝှက်ချက်တွေကို တီးတိုးရေရွတ် တိုင်တည်နေသလိုမျိုး ခံစားရစေပြီး တစ်ချက်တစ်ချက် မြည်ဟည်းသွားတဲ့ အသံတိုင်းဟာ ကြည့်ရှုနေတဲ့ ပရိသတ်တွေရဲ့ စိတ္တဇအာရုံခံစားမှု အကန့်အသတ်ကို အပြင်းအထန် စိန်ခေါ်လှုံ့ဆော်နေခဲ့ပါတယ်
ဒါဟာ စိတ်ကျရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ သူမရဲ့ စိတ်ကူးယဉ် အာရုံခြောက်လှန့်မှုတွေလား သို့မဟုတ် အိမ်ရဲ့ အမှောင်ထုထဲမှာ တကယ်ပဲ တစ်ခုခု ခိုအောင်းနေတာလား
တစ်ဖက်မှာလည်း ကြောက်စရာ ကောင်းလှတဲ့ ဒီပတ်ဝန်းကျင် အခြေအနေကြားထဲကနေ Xiao Yue ဟာ လက်မလျှော့ဘဲ မိမိကိုယ်တိုင်ရဲ့ အားတင်းကြိုးစားမှုတွေ သူမအပေါ် မေတ္တာမပျက်တဲ့ မိဘတွေ စိတ်ရှည်လက်ရှည် ကုသပေးတဲ့ ဆရာဝန်တွေနဲ့ အနီးနားက ကြင်နာတတ်တဲ့ အိမ်နီးနားချင်း တွေရဲ့ ကူညီစောင့်ရှောက်မှုတွေကြောင့် ဘဝအပေါ် ထားရှိတဲ့ မျှော်လင့်ချက် အလင်းရောင်တွေကို တဖြည်းဖြည်း ပြန်လည်စုဆောင်း ခိုင်မာလာခဲ့ပြီး စိတ္တဇအမှောင်ထုတွေ ထပ်ခိုးပေါ်က ခြောက်ခြားစရာ အသံဗလံတွေရဲ့ ပဟေဠိ အမှန်တရားတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖော်ထုတ်ရင်း နောက်ဆုံးမှာတော့ ဘယ်လိုဆက်ဖြစ်လာမလဲ.....
ကဲ စိတ်ရဲ့ အမှောင်ထုနဲ့ ထပ်ခိုးပေါ်က ကျောချမ်းစရာ အမှန်တရားကို ရှာဖွေမယ့် ခရီးစဉ်ကို SoulKingdom မှာ အခုပဲ ကြည့်ရှုခံစားလိုက်ရအောင်
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+sHLyxfc2smVhYzVl
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/2704450145/906
15 519
မော်တယ်ကွန်ဘတ် (၂)
M_o-r_t-a_l Ko-m_b-at 2 ( 2-0-2-6 )
IMDB ⭐️ 6.9/10
RT 🍅 6.4
မော်တယ်ကွန်ဘတ်
ဒီဇာတ်ကားမှာတော့ ကောင်လေးအဖွဲ့ထဲက ဘီလီဘွတ်ချာကြီးက ဂျွန်နီကေ့ချ်အဖြစ် ပါဝင်ထားပြီး ကစ်တာနာ Cast ကလည်း တော်တော်လေး
game accurate ဖြစ်တာမလို့ အားလုံးကျေနပ်နေကြမယ် ထင်ပါတယ်
MK ဟာ ဂိမ်းအနေနဲ့လည်း တော်တော်ကြီးအောင်မြင်မှုရရှိထားပြီး fan အရမ်းတောင့်တင်းတဲ့ဂိမ်းဖြစ်တာမလို့ ရုပ်ရှင်ထွက်လာတဲ့အခါမှာလည်း
တော်တော်လေး အားပေးကြမ်းနေကြပါတယ်
ပိုကောင်းတာတစ်ခုကတော့ ပထမကားမှာ တိုင်ပတ်သွားသမျှ ဒီကားနဲ့ပြန်အဖတ်ဆယ်ထားပြီး ရုံတင်ပိုင်းမှာရော rating အရပါ တော်တော်လေးအခြေအနေကောင်းနေတာပါ
မော်တယ်ကွန်ဘတ်ဆိုတာကတော့ အထက်နတ်ဘုရားတွေက ချမှတ်ပေးထားတဲ့ပြိုင်ပွဲဖြစ်ပြီး ကမ္ဘာတစ်ခုက နောက်တစ်ခုကိုသိမ်းချင်တဲ့အခါ ဗမာလိုကြီးတက်သိမ်းလို့မရဘဲ ကမ္ဘာတွေကရွေးထားတဲ့ချန်ပီယံတွေဟာ သူတို့ကမ္ဘာအတွက် တိုက်ပွဲဝင်ရပါတယ်
ကမ္ဘာတစ်ခုဟာ မော်တယ်ကွန်ဘတ်ပြိုင်ပွဲကို ဆယ်ပွဲဆက်တိုက်နိုင်တဲ့အခါ သိမ်းပိုက်ခွင့်ရှိပါတယ်
ခုချိန်မှာတော့ Outer World ဆိုတဲ့ရှောင်ခန်ဦးစီးတဲ့ကမ္ဘာဟာ ကမ္ဘာမြေကို ကိုးပွဲနိုင်ထားတာဖြစ်ပြီး နောက်ထပ်တစ်ပွဲနိင်ရင် သိမ်းခွင့်ရတော့မှာပါ
မိုးကြိုးနတ်ဘုရားရေဒန်ဟာ ကမ္ဘာရဲ့ချန်ပီယံအတွက် တစ်ယောက်လိုနေတာကြောင့် ဂျွန်နီကေ့ချ်ဆိုတဲ့ မင်းသားသရုပ်ဆောင်ကို အထက်နတ်ဘုရားတွေက ရွေးချယ်လိုက်ပါတော့တယ်
ဂျက်စ် ဆွန်ညာ လျူခန်း ကိုးလ်ရောင်း ဂျွန်နီတို့ဟာ ကမ္ဘာမြေအတွက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ကမ္ဘာကြီးရဲ့ ကံကြမ္မာက ဒီလူတွေအပေါ် မူတည်နေတဲ့အခါမှာတော့....
ကမ္ဘာကိုကယ်တင်ဖို့ သူတို့တွေဟာ သေမျိုးတိုက်ပွဲတဖြစ်လည်း မော်တယ်ကွန်ဘတ်မှာ အသက်လုပြီး ယှဉ်ပြိုင်ကြပါတော့တယ်
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/196
15 519
Office Romance 2026
IMDb Rating (6.1) / Rotten Tomatoes (50%)
"O*f*f*i*c*e R*o*m*a*n*c*e " ဆိုတဲ့ Romantic Comedy ဇာတ်ကား လာပါပြီ။ ဒီကားမှာ ပရိသတ်အချစ်တော် Jennifer Lopez (J.Lo) နဲ့ Ted Lasso စီးရီးထဲက Brett Goldstein တိုက အဓိက ခေါင်းဆောင်ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
Jackie (Jennifer Lopez) ဟာ Air Cruz ဆိုတဲ့ လေကြောင်းလိုင်းကုမ္ပဏီတစ်ခုရဲ့ CEO ပါ။ သူက အလုပ်ကို အရမ်းဖိလုပ်တတ်တဲ့သူဖြစ်သလို သူ့ကုမ္ပဏီထဲက ဝန်ထမ်းတွေ ရုံးတွင်းရည်းစားမထားရဆိုတဲ့ စည်းကမ်းကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထားတဲ့ ဘော့စ်ကြီးပေါ့။
တစ်နေ့တော့ ကုမ္ပဏီကို ရှေ့နေအသစ် Daniel (Brett Goldstein) ရောက်လာပါရော။ Daniel က အလုပ်လည်းတော်သလို အရမ်းလည်း ဆွဲဆောင်မှုရှိနေတော့ ဘော့စ်ကြီး Jackie တစ်ယောက် သူ့ချမှတ်ထားတဲ့ စည်းကမ်းတွေကိုသူပဲ ပြန်ချိုးဖောက်ပြီး Daniel နဲ့ ငြိစွန်းသွားပါတော့တယ်။ ရုံးမှာ တခြားသူတွေ မရိပ်မိအောင် ခိုးကြောင်ခိုးဝှက်တွဲရတဲ့ အလွဲလေးတွေ၊ အချစ်ရေးနဲ့ အလုပ်အကိုင်ကြားက ရုန်းကန်ရမှုတွေကို ဟာသနှောပြီး ရိုက်ပြထားတာပါ။
ဒီကားကို Ticket to Paradise (2022) ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Ol Parker က ရိုက်ကူးထားတာပါ။ J.Lo ရဲ့ ခပ်တည်တည် စီးပွားရေးလုပ်ငန်းရှင်ပုံစံနဲ့ Brett Goldstein ရဲ့ ဗြိတိန်စတိုင် အေးအေးဆေးဆေးနဲ့ အရွှန်းဖောက်တတ်တဲ့ ကာရိုက်တာ နှစ်ခုကြားမှာ တော်တော်လေး ကြည့်ကောင်းတယ်။
ရုံးတွင်းအချစ်ဇာတ်လမ်း (Workplace romance) တွေကိုမှ သဘောကျတဲ့သူတွေ၊ ခေါင်းစားစရာမလိုဘဲ ပေါ့ပေါ့ပါးပါး ရယ်ရပြုံးရမယ့် Rom-Com ဇာတ်ကားကောင်းလေး တစ်ကား ရှာကြည့်ချင်တဲ့သူတွေအတွက် အဆင်ပြေမယ့် ဇာတ်ကားလေးပါပဲ။
15 519
ခရီးသည်
T_h-e Pa-s_s-en_g-er (2-0-2-6)
IMDb ⭐️ 5.6/10
ခရီးသည်
ဒီဇာတ်ကားလေးကတော့ ဇာတ်ကွက်တွေ သရုပ်ဆောင်တွေ အများကြီးမပါဘဲ ကားကျဉ်းကျဉ်းလေးတစ်စီးထဲမှာ လူနှစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အားပြိုင်မှုတွေ အပြန်အလှန်စကားပြောခန်းတွေနဲ့တင် ပရိသတ်ကို ဇာတ်လမ်းအဆုံးထိ ရင်တမမနဲ့ ဆွဲခေါ်သွားနိုင်မယ့် Psychological Thriller ကားကောင်းလေးတစ်ကားပါ။
ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် 'ဟာဆန်' ဆိုတာက မိသားစုစားဝတ်နေရေးနဲ့ ကားအကြွေးတွေအတွက် အားကြိုးမာန်တက် ရုန်းကန်နေရတဲ့ ရိုးရိုးသားသား လေဆိပ်ကြိုပို့ ကားဆရာတစ်ယောက်ပါ။ တစ်နေ့တော့ သူ့ကားပေါ်ကို 'လွိုက်ဒ်' ဆိုတဲ့ လူငယ်တစ်ယောက် အတင်းတိုးဝှေ့တက်လာပြီး ပိုက်ဆံအများကြီးပေးမယ်ဆိုပြီး ချီကာဂိုအထိ လိုက်ပို့ပေးဖို့ ငှားပါတော့တယ်။ အဲဒီအချိန်လေးမှာပဲ လေဆိပ်မှာ အကြီးအကျယ် ဗုံးပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားပါတယ်။
ပြဿနာက အဲဒီလေဆိပ်ကို ဗုံးခွဲလိုက်တဲ့ တရားခံဟာ အခု သူ့ကားပေါ်ရောက်နေတဲ့ ခရီးသည် 'လွိုက်ဒ်' ဖြစ်နေတာပါပဲ။ ပိုဆိုးတာက လွိုက်ဒ်ရဲ့ ကိုယ်ပေါ်မှာ အသေခံဗုံးအင်္ကျီကိုပါ ဝတ်ဆင်ထားသေးတာပါ။
ဒီလိုနဲ့ ရူးသွပ်နေတဲ့အကြမ်းဖက်သမားနဲ့အတူ ကားတစ်စီးတည်းစီးနေရချိန် တစ်ဖက်မှာလည်း အကြမ်းဖက်သမားအဖြစ် ကြေညာခံထားရတဲ့ ဟာဆန်ရဲ့ စိတ်ပင်ပန်းမွန်းကျပ်မှုတွေကို ရင်တမမနဲ့ ခံစားကြည့်ရှုပေးပါဦးဗျာ။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/191
15 519
ရှင်သန်သူမရှိစေရ
No Survivors (不留活口) 2026 Movie
ဇာတ်လမ်းအကျဉ်း 📝
မင်ကော်ခေတ်ဦးကာလရဲ့ ဝူလင်တောင်တန်းဒေသထဲမှာ တည်ရှိပြီး မြူခိုးတွေ အမြဲပိတ်ဆိုင်းနေတတ်တဲ့ Mi Wu ပဟေဠိမြူခိုး မြို့ရွာလေးရှိပြီး အဲဒီဒေသမှာ Xuan Wu လို့ အမည်ရတဲ့ ဒေသခံ ဓားပြအဖွဲ့ကြီးဟာ တောပုန်းခိုပြီး တိုင်းသူပြည်သားတွေကို အမျိုးမျိုး နှိပ်စက်ညှဉ်းပန်းကာ ဗိုလ်ကျစိုးမိုးနေခဲ့ကြပါတယ်
အဲဒီလို အခြေအနေကြားထဲမှာပဲ ဇာတ်လိုက်ဖြစ်သူ လူငယ်လေး Lao Yao ဟာ အတိတ်က ဒီဓားပြတွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ မိသားစုရဲ့ နာကျင်စရာ သွေးကြွေးကလဲ့စားကို ပြန်လည်တောင်းခံဖို့အတွက် ရွာလေးဆီကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်
သူဟာ အင်အားချင်း မမျှတာကြောင့် ထိပ်တိုက်မတွေ့ဘဲ... တစ်ကိုယ်တော် ဉာဏ်ဆင်ပြီးတော့ တစ်ဖက် Bai Hu ဓားပြအဖွဲ့ကြီးတစ်ခုလုံးကို မြှုံးထဲက ငါးလိုမျိုး သွေးခွဲထောင်ချောက်ဆင်ကာ အမြစ်ပြတ် ချေမှုန်းပစ်ဖို့ စနစ်တကျ အကွက်ချပါတော့တယ်
ဒီလိုနဲ့ ဓားပြဂိုဏ်းတွေကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဉာဏ်နဲ့ ကစားရင်း နောက်ဆုံးမှာတော့ Lao Yao ဟာ ရွာသားတွေကို ကာကွယ်ပေးနေပါတယ်ဆိုတဲ့ ဒေသခံ လုံခြုံရေးတပ်ဖွဲ့နဲ့ တောပုန်းဓားပြတွေက တကယ်တော့ နောက်ကွယ်မှာ တစ်သားတည်း ပူးပေါင်းပြီး ရွာသားတွေကို ဓားပြတိုက်နေကြတဲ့ တစ်ခုတည်းသော ရာဇဝတ်ဂိုဏ်းဖြစ်နေတယ်ဆိုတဲ့ ကျောချမ်းစရာ အမှန်တရားကြီးကိုပါ တစ်ပြိုင်နက်တည်း ဘယ်လိုဖော်ထုတ်နိုင်သွားမလဲဆိုတာ....
ဒီရုပ်ရှင်လေးက သာမန်လူသားလေးတစ်ယောက်ရဲ့ ကလဲ့စားချေခြင်းကိုမှ တောင်တန်းဒေသ ဓားပြခေတ်ရဲ့ အငွေ့အသက်တွေ၊ ဉာဏ်ဆင် လှည့်စားမှုတွေနဲ့ ပုံဖော်ထားပြီး ဇာတ်လိုက်ဖြစ်သူ Lao Yao က ဓားပြအဖွဲ့တွေကို အချင်းချင်း သံသယဝင်အောင် သွေးခွဲပြီး တစ်ဖွဲ့လုံး အချင်းချင်း သတ်ဖြတ်မိအောင် ဘယ်လို ကြိုးကိုင်သွားမလဲဆိုတာက တကယ့်ကို စိတ်ဝင်စားစရာဖြစ်မဲ့အပြင် အဓိက သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Du Yuming နဲ့ Li Ming တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေရဲ့ အချင်းချင်း ဉာဏ်ဆင်တဲ့ အပိုင်းတွေကလည်း ရုပ်ရှင်ကို ပိုပြီး အရသာမြောက်စေမှာပါနော်
ကဲ SoulKingdom မှာ အခုပဲ ကြည့်ရှုအားပေးလိုက်ရအောင်
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+sHLyxfc2smVhYzVl
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/2704450145/897
