ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

前往频道在 Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

显示更多
284
订阅者
+124 小时
+17 夊
-730 夊
帖子存档
ရန်ကုန်ဈေးကွက်အတွင်း ကြက်ဥဈေးနှုန်း မြင့်တက်လာရသည့် အဓိကအကြောင်းရင်းများနှင့် လက်ရှိဈေးကွက် ကွင်းဆက်အခြေအနေ ပြီးခဲ့သည့် ရက်သတ
ရန်ကုန်ဈေးကွက်အတွင်း ကြက်ဥဈေးနှုန်း မြင့်တက်လာရသည့် အဓိကအကြောင်းရင်းများနှင့် လက်ရှိဈေးကွက် ကွင်းဆက်အခြေအနေ ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၌ ကြက်ဥလက်လီ/လက်ကား ဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာခဲ့ပြီး ဈေးကွက်အတွင်း တစ်လုံးလျှင် ကျပ် ၅၅၀ မှ ၇၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ မွေးမြူရေးခြံများ၏ ထုတ်လုပ်မှုစရိတ်၊ ရောဂါကျရောက်မှု၊ သယ်ယူစရိတ်စသည်အချက်များကြောင့် ဖြစ်ကြောင်း သုံးသပ်ချက် များအရ သိရသည်။ စိစစ်တွေ့ရှိရသည့် ဈေးနှုန်းဖြစ်ပေါ်မှု ကွင်းဆက် လက်ရှိတွင် ရန်ကုန်မြို့တွင်းသို့ ရောက်ရှိလာသည့် ကြက်ဥများကို ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများမှ အဓိက ထုတ်လုပ်ပေးလျက်ရှိသည်။ မွေးမြူရေးခြံများမှ ထုတ်လုပ်မှုစရိတ်မှာ ကြက်ဥတစ်လုံးလျှင် ကျပ် ၄၄၀ မှ ၄၅၀ အထိ ရှိနေပြီး - ခြံဖမ်းဈေး (ခြံကောက်ဈေး) တစ်လုံးလျှင် ကျပ် ၄၉၀ (တစ်ကတ်လျှင် ၁၄,၇၀၀ ကျပ်)၊ ရန်ကုန်အောက်ဈေး (ပွဲရုံအရောက်) သယ်ယူစရိတ်နှင့် လုပ်သားခ ကျပ် ၅၀ မှ ၅၀ အဓိက ကုန်ကျသဖြင့် တစ်လုံးလျှင် ကျပ် ၅၂၀ အထိ ဖြစ်လာသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ရန်ကုန်ဈေးကွက်အတွင်း-ကြ/

ထိုင်းနိုင်ငံ မဟာချိုင်ရှိ ငါးစက်ရုံတွင် Forklift ယာဉ်တို-က်မိ၍ မြန်မာအလုပ်သမားတစ်ဦး ပြင်းထန်ဒ-ဏ်ရာရ ထိုင်း၊ဇူလိုင်-၂၃ ထိုင်း
ထိုင်းနိုင်ငံ မဟာချိုင်ရှိ ငါးစက်ရုံတွင် Forklift ယာဉ်တို-က်မိ၍ မြန်မာအလုပ်သမားတစ်ဦး ပြင်းထန်ဒ-ဏ်ရာရ ထိုင်း၊ဇူလိုင်-၂၃ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ငါးစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးသည် Forklift ယာဉ်ဖြင့် မတော်တဆတို-က်မိမှုဖြစ်ပွားခဲ့ပြီး ယာဘက်ခြေထောက်တွင် ပြင်းထန်ဒ-ဏ်ရာရရှိကာ ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဇူလိုင် ၂၁ ရက်တွင် အလုပ်သမားသံမှူးနှင့်အဖွဲ့က ဆေးရုံသို့ သွားရောက်ကာ ကုသပေးနေသည့် ဆရာဝန်များနှင့် တွေ့ဆုံ၍ လူနာ၏ ကျန်းမာရေးအခြေအနေကို မေးမြန်းခဲ့ပြီး ဒ-ဏ်ရာရရှိထားသည့် မြန်မာအလုပ်သမားနှင့်လည်း တွေ့ဆုံအားပေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။ ထို့ပြင် အဆိုပါ အလုပ်သမားအတွက် ရရှိသင့်သည့် လျော်ကြေးနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန် လိုအပ်သည့် ကူညီဆောင်ရွက်မှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ထိုင်းနိုင်ငံ-မဟာချိုင်/

ရိုးရာဖို-က်တာ နက္ခတ်မင်း ONE Championship ပွဲဦးထွက်တွင် ထိုင်းဖို-က်တာ ပွန်ပက်နှင့် ထိုးသ-တ်မည် ရန်ကုန်၊ ဇူလိုင် ၂၃ မြန်မာရိ
ရိုးရာဖို-က်တာ နက္ခတ်မင်း ONE Championship ပွဲဦးထွက်တွင် ထိုင်းဖို-က်တာ ပွန်ပက်နှင့် ထိုးသ-တ်မည် ရန်ကုန်၊ ဇူလိုင် ၂၃ မြန်မာရိုးရာလက်ဝှေ့ဖို-က်တာ နက္ခတ်မင်းသည် ONE Championship တွင် ပွဲဦးထွက်အဖြစ် အတွေ့အကြုံရင့် ထိုင်းဖို-က်တာ ပွန်ပက်နှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE အဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းတို့နှစ်ဦး၏ ပွဲစဉ်ကို မနက်ဖြန် ဇူလိုင် (၂၄) ရက်တွင် ကျင်းပမည့် ONE Friday Fights-163 ပြိုင်ပွဲ၏ ပတွဲခေါင်ဆိုင်းအဖြစ် ထည့်သွင်းထားခြင်းဖြစ်သည်။ နက္ခတ်မင်းသည် ယခင်က ပွန်ပက်နှင့် ထိုးသ-တ်ရန် စီစဉ်ထားသည့် ဖိုက်တာ ဒက်ချို ဒ-ဏ်ရာကြောင့် နုတ်ထွက်သွားခဲ့သဖြင့် ၎င်း၏နေရာတွင် အစားထိုးဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ရိုးရာဖို-က်တာ-နက္ခတ်မင်/

အိန္ဒိယတွင် ဥမင်လိုဏ်ခေါင်းအတွင်း ပေါက်ကွဲ၊ ၂၂ ဦးေ-သဆုံး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဆစ်ကင်းပြည်နယ်ရှိ ဆောက်လုပ်ဆဲ ရေအား
အိန္ဒိယတွင် ဥမင်လိုဏ်ခေါင်းအတွင်း ပေါက်ကွဲ၊ ၂၂ ဦးေ-သဆုံး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဆစ်ကင်းပြည်နယ်ရှိ ဆောက်လုပ်ဆဲ ရေအားလျှပ်စစ်စီမံကိန်းတစ်ခု၏ ဥမင်လိုဏ်ခေါင်းပေါက်ကွဲမှုတွင် အလေ-ာင်း ခုနစ်လေ-ာင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်နယ်အစိုးရက ဇူလိုင် ၂၂ ရက်နေ့တွင် ပြောကြားခဲ့သောကြောင့် ဖြစ်စဉ်အတွင်း ေ-သဆုံးသူဦးရေ သည် ၂၂ ဦး အထိ များပြားလာခဲ့သည်။ ယင်းဖြစ်ရပ်သည် ဆမ်မာဒန်းရွာရှိ တီးစတာမြစ်ပေါ်ရှိ အစိုးရပိုင် နိုင်ငံတော်ရေအားလျှပ်စစ်စွမ်းအင်ကော်ပိုရေးရှင်း(NHPC) ၏ စီမံကိန်းတွင် ဇူလိုင်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည်။ ဥမင်လိုဏ်ခေါင်းတွင် ကျောက်တုံးများအတွင်း ပိတ်မိနေသော သို့မဟုတ် ထွက်လာသော မီးသိန်းဓာတ်ငွေ့ကြောင့် ဖြစ်ပေါ်လာသည်ဟု သံသယရှိသော ပေါ-က်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မီးခိုးငွေများနှင့် အဆိပ်ဓာတ်ငွေ့များ ပြည့်နှက်နေကာ NHPC မှ အလုပ်သမားနှင့် အရာရှိ ၂၅ ဦး ပိတ်မိသွားခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/အိန္ဒိယတွင်-ဥမင်လိုဏ်ခေ/

ဆော်ဒီနှင့်ယူအက်စ်တို့ နျူကလီးယားစွမ်းအင်ဆိုင်ရာ သဘောတူညီချက်ရရှိ အမေရိကနှင့် ဆော်ဒီအာရေဗျတို့သည် အရပ်ဘက်နျူကလီးယားစွမ်းအင်ဆိ
ဆော်ဒီနှင့်ယူအက်စ်တို့ နျူကလီးယားစွမ်းအင်ဆိုင်ရာ သဘောတူညီချက်ရရှိ အမေရိကနှင့် ဆော်ဒီအာရေဗျတို့သည် အရပ်ဘက်နျူကလီးယားစွမ်းအင်ဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြောင်း အမေရိကန်စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့ပြီး သဘောတူညီချက်အရ ဆော်ဒီဘုရင့်နိုင်ငံသည် အမေရိကန်နည်းပညာကို အသုံးပြု၍ နျူကလီးယားဓာတ်ပေါင်းဖိုများကို တည်ဆောက်နိုင်မည်ဖြစ်ကာ ယူရေနီယံကိုလည်းသန့်စင်နိုင်မည်ဖြစ်သည်။ ဆော်ဒီနှင့် အရပ်ဘက်နျူကလီးယားသဘောတူညီချက်ရရှိရေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ပထမသက်တမ်းအစိုးရနှင့် သမ္မတဟောင်း ဂျိုးဘိုင်ဒင်အစိုးရနှစ်ရပ်စလုံးတွင် နှစ်များစွာ လုပ်ဆောင်ခဲ့သည်။ ဘိုင်ဒင်၏ အစီအစဉ်နှင့် မတူသော လက်ရှိသဘောတူညီချက်တွင် ကုလသမဂ္ဂ၏ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းများကို လုပ်ဆောင်ခွင့်ပြုသည့် နောက်ဆက်တွဲ သဘောတူညီချက် မပါဝင်ပေ။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဆော်ဒီနှင့်ယူအက်စ်တို့/

https://vt.tiktok.com/ZSXGQeeaD/ NLD လား NUG/CRPH လားရွေးကြပေါ့ 😂😂 ဖိုးမောင်
+2
https://vt.tiktok.com/ZSXGQeeaD/ NLD လား NUG/CRPH လားရွေးကြပေါ့ 😂😂 ဖိုးမောင်

မြန်မာ-ထိုင်းလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း ဖွဲ့စည်း နေပြည်တော်၊ ဇူလိုင် ၂၃ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှ
မြန်မာ-ထိုင်းလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း ဖွဲ့စည်း နေပြည်တော်၊ ဇူလိုင် ၂၃ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့တွင် မြန်မာ-ထိုင်းလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းကို ဖွဲ့စည်းအတည်ပြုခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂၂ ရက်က ကျင်းပသည့် အစည်းအဝေးတွင် အမျိုးသားလွှတ်တော်နှင့် ထိုင်းလွှတ်တော်တို့အကြား လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရေးအတွက် မြန်မာ-ထိုင်းလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း ဖွဲ့စည်းရန် လွှတ်တော်၏ သဘောတူညီချက်ကို ရယူခဲ့ကြောင်း သိရသည်။ အသင်းကို ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၀) ဦးချစ်ဆွေ၊ အတွင်းရေးမှူးအဖြစ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းထွန်းအောင်တို့ အပါအဝင် အဖွဲ့ဝင် (၁၀) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာ-ထိုင်းလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း၏ ဖွဲ့စည်းမှုနှင့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

ခန္တီးမြို့နယ်ရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုများနှင့်ပတ်သက်၍ လွှတ်တော်တွင် မေးမြန်း၊ ဥပဒေကျော်လွန်ဆောင်ရွက်ပါက ထိရောက်စွာ အ
ခန္တီးမြို့နယ်ရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုများနှင့်ပတ်သက်၍ လွှတ်တော်တွင် မေးမြန်း၊ ဥပဒေကျော်လွန်ဆောင်ရွက်ပါက ထိရောက်စွာ အရေးယူမည်ဟု ဒုတိယဝန်ကြီးပြော နေပြည်တော်၊ ဇူလိုင် ၂၃ ခန္တီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများကို ကျော်လွန်၍ ဆောင်ရွက်နေသည်ဟုဆိုသည့် ကိစ္စများကို မည်သို့ထိန်းညှိဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း ခန္တီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့တွင် မေးမြန်းခဲ့သည်။ ဦးဂုဏ်ဝမ်းက ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန် အုပ်ချုပ်ရေးအဖွဲ့များနှင့် အကြိမ်ကြိမ်ညှိနှိုင်းခဲ့သော်လည်း ခန္တီးမြို့နယ်၌ ဥပဒေနှင့်မညီသည့် အတင်းအဓမ္မဖမ်းဆီးမှုများ ရှိနေကြောင်း တွေ့ရှိရသည်ဟု လွှတ်တော်တွင် တင်ပြခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ခန္တီးမြို့နယ်ရှိ-ပြည်သ/

ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက
ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေဟု ဒုတိယဝန်ကြီးရှင်းလင်း နေပြည်တော်၊ ဇူလိုင် ၂၃ လက်ရှိကြုံတွေ့နေရသည့် စားသောက်ကုန်နှင့် အခြေခံစားသုံးကုန်များ၏ ကုန်ဈေးနှုန်းမြင့်တက်မှုကို လျှော့ချပြီး ဈေးနှုန်းတည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အသင်းအဖွဲ့များ ပူးပေါင်း၍ ကဏ္ဍအလိုက် အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားသည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဦးတင့်ဝေ၏ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်ပတ်သက်သည့် မေးခွန်းကို ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ယင်းသို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ကုန်ဈေးနှုန်းကျဆင်းရေး/

ရွှေကုက္ကိုလ်ရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းနှင့် ဆက်စပ် တရားမဝင်အဆောက်အအုံ ၇၆ လုံး ဖြိုချဖျ-က်ဆီးပြီး၊ တစ်လုံးသာ ကျန
ရွှေကုက္ကိုလ်ရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းနှင့် ဆက်စပ် တရားမဝင်အဆောက်အအုံ ၇၆ လုံး ဖြိုချဖျ-က်ဆီးပြီး၊ တစ်လုံးသာ ကျန်ရှိ နေပြည်တော်၊ ဇူလိုင် ၂၃ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ အခြေချလည်ပတ်ရာ၌ အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက စနစ်တကျ ဖြိုချဖျ-က်ဆီးလျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေအတွင်း ဖျ-က်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ တစ်လုံးသာ ရှိတော့ကြောင်း သိရသည်။ ဇူလိုင် ၂၂ ရက်တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၁၇ ထပ်အဆောက်အအုံတစ်လုံးကို စနစ်တကျ ဖောက်ခွဲဖြိုချဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အဆောက်အအုံစုစုပေါင်း (၇၇) လုံးအနက် (၅၇) လုံးကို ယာဉ်ယန္တရားများဖြင့် ဖြိုချဖျ-က်ဆီးရန်နှင့် (၂၀) လုံးကို ဖေ-ာက်ခွဲဖျ-က်ဆီးရန် အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ရွှေကုက္ကိုလ်ရှိ-အွန်လ-2/

ပဲခူးမြို့နယ်ရှိ မသန်စွမ်းသူ ၅၂၇ ဦးအား ထောက်ပံ့ကြေး ပေးအပ် ပဲခူး၊ ဇူလိုင် ၂၃ ပဲခူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူမှတ်ပုံတင်လက်မ
ပဲခူးမြို့နယ်ရှိ မသန်စွမ်းသူ ၅၂၇ ဦးအား ထောက်ပံ့ကြေး ပေးအပ် ပဲခူး၊ ဇူလိုင် ၂၃ ပဲခူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိထားသူ (၅၂၇) ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၅,၈၁၀,၀၀၀ ကို ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၂ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ကြေးပေးအပ်မှုနှင့်အတူ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ သီရိရတနာခန်းမ၌ ကျင်းပသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းသင်တန်း ဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က အမှာစကားပြောကြားခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ပဲခူးမြို့နယ်ရှိ-မသန်စွ/

(၃၃) ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်သို့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် တက်ရောက် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက
(၃၃) ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်သို့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် တက်ရောက် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်းကင်ဟွန်း (Dr. Kao Kim Hourn) ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ဒီကနေ့ ကျင်းပတဲ့ (၃၃) ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ် (ARF) ကို တခြား ARF အဖွဲ့ဝင်တွေဆီက နိုင်ငံခြားရေးဝန်ကြီးတွေ၊ ကိုယ်စားလှယ်တွေနဲ့အတူ ပါဝင်တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ဖိုရမ်ကို ဒီထက်ပိုပြီး အားကောင်းလာစေဖို့ ကြိုးပမ်းရမယ့် အပိုင်းတွေကို ဆွေးနွေးခဲ့ကြသလို၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ တိုးတက်ပြောင်းလဲမှု အခြေအနေတွေအပေါ်မှာလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/၃၃-ကြိမ်မြောက်-အာဆီယံ-ဒေ/

ဗန်းမော်ရှေ့တန်းရောက်တပ်မတော်သားများအတွက် တပ်မတော်ချစ်မြတ်နိုးသူများက ဟော့ဒေါ့ ထမင်းကြော်နှင့် ဆေးလိပ်ဂုဏ်ပြုပါသည်.... Vox
ဗန်းမော်ရှေ့တန်းရောက်တပ်မတော်သားများအတွက် တပ်မတော်ချစ်မြတ်နိုးသူများက ဟော့ဒေါ့ ထမင်းကြော်နှင့် ဆေးလိပ်ဂုဏ်ပြုပါသည်.... Vox

“AI နှင့် အနာဂတ်လူငယ်” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပ AI နည်းပညာကို ကျင့်ဝတ်နှင့်အညီ အသုံးချ၍ လူငယ်အိပ်မက်များ အကောင်အ
“AI နှင့် အနာဂတ်လူငယ်” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပ AI နည်းပညာကို ကျင့်ဝတ်နှင့်အညီ အသုံးချ၍ လူငယ်အိပ်မက်များ အကောင်အထည်ဖော်ရန် တိုက်တွန်း

မင်္ဂလာနံနက်ခင်းပါရှင် ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏🏻🙏🏻🙏🏻
မင်္ဂလာနံနက်ခင်းပါရှင် ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏🏻🙏🏻🙏🏻

🇲🇲 အာဆီယံ အစည်းအဝေးများ၌ မြန်မာ့အရေး ဆက်လက် ဆွေးနွေးသွားမည့် အခြေအနေ
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာ့အရေး ဆွေးနွေးမှုများနှင့် ပတ်သက်၍ ဇူလိုင် ၂၂ ရက်အထိ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား သီးသန့်ဆွေးနွေးခဲ့ကြသော်လည်း မြန်မာ့အရေးသည် ဇူလိုင် ၂၃ နှင့် ၂၄ ရက်များတွင် ကျင်းပမည့် အမေရိကန်၊ တရုတ်၊ ဂျပန် စသည့် ပြင်ပ မိတ်ဖက်နိုင်ငံများနှင့် တွေ့ဆုံပွဲများတွင်လည်း ဆက်လက် ပါဝင်ဆွေးနွေးသွားမည်ဖြစ်သည်။
🤝 ပြင်ပမိတ်ဖက်များ၏ ပါဝင်မှု အမေရိကန်၊ တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများသည် မြန်မာနိုင်ငံ အရေးကိစ္စတွင် ပါဝင်ပတ်သက်မှု ရှိနေသဖြင့် အာဆီယံ၏ 5 Points of Statement အကောင်အထည်ဖော်မှု၊ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးတို့ကို မိတ်ဖက်နိုင်ငံများနှင့် ဆက်လက် ညှိနှိုင်းကြမည်ဖြစ်သည်။ 📄 ပူးတွဲသတင်းထုတ်ပြန်ချက် အစည်းအဝေး နောက်ဆုံးရက်ဖြစ်သည့် ဇူလိုင် ၂၄ ရက်တွင် ထွက်ရှိလာမည့် "အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲသတင်းထုတ်ပြန်ချက် (Joint Communiqué)" တွင်မှ မြန်မာ့အရေးနှင့် ပတ်သက်သည့် အာဆီယံ၏ နောက်ဆုံး သဘောထားနှင့် ရှေ့ဆက်ဆောင်ရွက်မည့် မူဝါဒ ရလဒ်များ တရားဝင် ထွက်ပေါ်လာမည်ဟု ခန့်မှန်းရသည်။ 💡 သုံးသပ်ချက် မြန်မာ့အရေးသည် အာဆီယံအတွက်တင် မဟုတ်ဘဲ ဒေသတွင်း ကမ္ဘာ့အင်အားကြီး နိုင်ငံများအတွက်ပါ မဟာဗျူဟာကျသည့် ကိစ္စဖြစ်သဖြင့် အစည်းအဝေး ပြီးဆုံးသည်အထိ အဓိကထား ဆွေးနွေးသွားမည့် အကြောင်းအရာဖြစ်ကြောင်း သုံးသပ်မိပါသည်။ #ASEAN #MyanmarIssue #Diplomacy #ManilaSummit #ForeignAffairs #Opinion ဖိုးမောင်

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် (၅၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပ
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပလျက်ရှိသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဒေသတွင်း လုံခြုံရေး၊ သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ အဓိက အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးကြသည်။
🌐 အမေရိကန် အပါအဝင် မဟာဗျူဟာမြောက် မိတ်ဖက်များနှင့် တွေ့ဆုံမှု အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန် စသည့် အဓိက အရေးပါသော ပြင်ပမိတ်ဖက်နိုင်ငံများနှင့် တွေ့ဆုံခဲ့ကြပြီး အင်ဒို-ပစိဖိတ် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့အား အဓိကထား ဆွေးနွေးကြသည်ဟု သိရသည်။ 🇲🇲 မြန်မာ့အရေး သီးသန့်ဆွေးနွေးမှု မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးနှင့် ပဋိပက္ခ အကျပ်အတည်းများအတွက် 5 Points of Statement အပေါ် အခြေခံ၍ ငြိမ်းချမ်းသော အဖြေရှာနိုင်ရေး၊ အာဆီယံ၏ ထိတွေ့ဆက်ဆံမှု မူဝါဒများနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်များကို နိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ⚓️ နယ်စပ်နှင့် ရေကြောင်း လုံခြုံရေး တောင်တရုတ်ပင်လယ် ပြဿနာအပါအဝင် ဒေသတွင်း ရေကြောင်းဆိုင်ရာ လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် တရားမဝင် လုပ်ငန်းများ တားဆီးရေးနှင့် ဒေသတွင်း စီးပွားရေး ကွန်ရက်များ ကြံ့ခိုင်ရေးဆိုင်ရာ မူဘောင်များကို ဆွေးနွေးခဲ့ကြသည်။ 💡 သုံးသပ်ချက် ကမ္ဘာ့ အင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှုများကြားတွင် အာဆီယံ၏ ဗဟိုချက်ကျမှု (ASEAN Centrality) ကို ထိန်းသိမ်းပြီး ဒေသတွင်း တည်ငြိမ်ရေးနှင့် မြန်မာ့အရေး အပါအဝင် စိန်ခေါ်မှုများကို စည်းလုံးစွာ ပူးပေါင်းဖြေရှင်းရန် ကြိုးပမ်းနေသည့် အပြုသဘောဆောင်သော ဆွေးနွေးပွဲဖြစ်ကြောင်း သုံးသပ်မိပါသည်။ #ASEAN #US #China #ManilaSummit #MyanmarIssue #RegionalSecurity #ForeignAffairs #Opinion ဖိုးမောင်

တပ်မတော်စစ်ကြောင်းများ ပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့သောကမ္မကြီးကျေးရွာအတွင်းအကြမ်းဖက်သောင်းကျန်းသူများက ဒေသခံပြည်သူများ၏ နေအ
တပ်မတော်စစ်ကြောင်းများ ပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့သောကမ္မကြီးကျေးရွာအတွင်းအကြမ်းဖက်သောင်းကျန်းသူများက ဒေသခံပြည်သူများ၏ နေအိမ်နှင့် ခြံဝန်းအတွင်း၌လည်းကောင်း၊ အများပြည်သူသွားလာအသုံးပြုနေသော လမ်းဘေးဝဲယာများတွင်လည်းကောင်း၊ သဲအိတ်ဘန်ကာများ၊ ပစ်ကျင်းများ၊ ကတုတ်ကျင်းများတူးဖော်၍ ခံစစ်စခန်းအဖြစ်အသုံးချထားသည်ကို တွေ့ရှိရပါသည်။ Fiftytwonews

ဖားကန့် အခြေအနေ

၂၂.၇.၂၀၂၆ ရက်နေ့ ယနေ့ နံနက် မလေးရှားမှာ လေပြင်းဆင်နှာမောင်းတိုက်ခတ်..