ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

前往频道在 Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

显示更多
285
订阅者
无数据24 小时
-17 夊
-630 夊
帖子存档
Facebook နဲ့ Instagram ကြောင့် Meta ဒေါ်လာ ၁.၄ ထရီလီယံဒဏ်ငွေ ရင်ဆိုင်ရဖွယ်ရှိ အမေရိကန်ပြည်နယ် ၄ ခုက Facebook နဲ့ Instagram ဟာ
Facebook နဲ့ Instagram ကြောင့် Meta ဒေါ်လာ ၁.၄ ထရီလီယံဒဏ်ငွေ ရင်ဆိုင်ရဖွယ်ရှိ အမေရိကန်ပြည်နယ် ၄ ခုက Facebook နဲ့ Instagram ဟာ လူငယ်တွေကို စွဲလမ်းအောင် ဒီဇိုင်းထုတ်ထားပြီး လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို အများပြည်သူထံ လွဲမှားစွာတင်ပြခဲ့တယ်လို့ စွပ်စွဲကာ Meta ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၁.၄ ထရီလီယံ (စင်ကာပူဒေါ်လာ ၁.၈၁ ထရီလီယံခန့်) ဒဏ်ငွေပေးဆောင်စေဖို့ တောင်းဆိုထားပါတယ်။ - Meta ဘက်ကတော့ ဒီပမာဏဟာ လက်တွေ့မကျသလို "လူမှုကွန်ရက်စွဲလမ်းမှု" ဟာ တရားဝင်သတ်မှတ်ထားတဲ့ စိတ်ကျန်းမာရေးရောဂါ မဟုတ်ကြောင်း ပြန်လည်ငြင်းဆိုထားပါတယ်။ ဒီအမှုကို သြဂုတ်လမှာ စတင်စစ်ဆေးဖို့ရှိပြီး Meta အနေနဲ့ ကလေးတွေရဲ့ လုံခြုံရေးထက် အမြတ်အစွန်းကို ပိုဦးစားပေးခဲ့သလား ဆိုတာ အဓိကအငြင်းပွားစရာ ဖြစ်လာနေပါတယ်။ KT July 8 သက်ထား

အမေရိကန်ကို လက်တုံ့ပြန်သည့်အနေဖြင့် ဘာရိန်းနဲ့ ကူဝိတ်ရှိ အမေရိကန်စစ်စခန်းတွေ ဒုံးကျည်နဲ့တိုက်ခိုက် အမေရိကန်ရဲ့ စစ်ရေးတိုက်ခို
အမေရိကန်ကို လက်တုံ့ပြန်သည့်အနေဖြင့် ဘာရိန်းနဲ့ ကူဝိတ်ရှိ အမေရိကန်စစ်စခန်းတွေ ဒုံးကျည်နဲ့တိုက်ခိုက် အမေရိကန်ရဲ့ စစ်ရေးတိုက်ခိုက်မှုအပြီးမှာ အီရန်က ဘာရိန်းနဲ့ ကူဝိတ်ရှိ အမေရိကန်စစ်ရေးပစ်မှတ်တွေကို ဒုံးကျည်နဲ့ ဒရုန်းတွေသုံးပြီး ပြန်လည်တိုက်ခိုက်လိုက်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ယာယီအပစ်ရပ်သဘောတူညီချက် ထပ်မံယိမ်းယိုင်လာပြီး အရှေ့အလယ်ပိုင်းဒေသရဲ့ တင်းမာမှုလည်း ပိုမြင့်တက်လာပါတယ်။ - တစ်ဖက်မှာလည်း အမေရိကန်က အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးနှက်ခဲ့ပြီး ရေနံတင်ပို့ခွင့်လိုင်စင်ကိုပါ ပြန်ရုပ်သိမ်းထားပါတယ်။ အီရန်ကတော့ မိမိနိုင်ငံလုံခြုံရေးအတွက် လိုအပ်သလို ဆက်လက်တုံ့ပြန်သွားမယ်လို့ သတိပေးထားတာကြောင့် ဒေသတွင်း အခြေအနေက ဆက်လက်တင်းမာနေဆဲဖြစ်ပါတယ်။ KT July 8 သက်ထား

ဟိုတယ်/ခရီးကဏ္ဍမြှင့်တင်ရန် ပြင်ဦးလွင်တွင် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်း စတင်ဖွင့်လှစ်တယ်လို့ သတင်းရပါတယ်ရှင်။ စိတ်ဝင်စားစ
ဟိုတယ်/ခရီးကဏ္ဍမြှင့်တင်ရန် ပြင်ဦးလွင်တွင် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်း စတင်ဖွင့်လှစ်တယ်လို့ သတင်းရပါတယ်ရှင်။ စိတ်ဝင်စားစရာပဲ 🥰 သက်ထား

သက်ထား testing သက်ထား
သက်ထား testing သက်ထား

နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပြော
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပြောကြား   ယမန်နေ့ ဇူလိုင် ၇ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေး၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ပြောကြားခဲ့သည်။ သက်ထား

SEAISI 2026 Travelling Seminar ရန်ကုန်မြို့တွင် ကျင်းပ ဒေသတွင်း သံနှင့်သံမဏိလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာအသစ်များ
SEAISI 2026 Travelling Seminar ရန်ကုန်မြို့တွင် ကျင်းပ ဒေသတွင်း သံနှင့်သံမဏိလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာအသစ်များကို အဓိကထား ဆွေးနွေး မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း (Myanmar Iron and Steel Association) ၏ ပူးပေါင်းစီစဉ်မှုဖြင့် SEAISI 2026 Travelling Seminar ကို ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးမျိုးသော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း ဥက္ကဋ္ဌနှင့် UMFCCI ဒုတိယဥက္ကဋ္ဌတို့ကလည်း အမှာစကားများ ပြောကြားခဲ့ကြသည်။ ဆွေးနွေးပွဲတွင် အရှေ့တောင်အာရှဒေသ သံနှင့်သံမဏိလုပ်ငန်းကဏ္ဍ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ၊ နည်းပညာအသစ်များနှင့် လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ သံနှင့်သံမဏိလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်

ကျိုက်လတ်မြို့တွင် ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်
ကျိုက်လတ်မြို့တွင် ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်

ပညာရေးကို တိုက်ခိုက်လာတဲ့ တောင်ငူ PDF အဖွဲ့ တောင်ငူခရိုင် PDF တွေဟာ တောင်ငူမြို့နယ်၊ မြပင်ကူးကျေးရွာက ကျောင်းသားတွေကို ကျေးရွ
ပညာရေးကို တိုက်ခိုက်လာတဲ့ တောင်ငူ PDF အဖွဲ့ တောင်ငူခရိုင် PDF တွေဟာ တောင်ငူမြို့နယ်၊ မြပင်ကူးကျေးရွာက ကျောင်းသားတွေကို ကျေးရွာစာသင်ကျောင်းမှာ ကျောင်းမတက်ဖို့ ခြိမ်းခြောက်ပြောဆိုနေပါတယ်။ - ကလေးတွေရဲ့ ပညာရေးကိစ္စကို မတားဆီးဖို့ ကျောင်းသားမိဘတွေက ရှင်းပြပေမဲ့ အကြမ်းဖက် PDF တွေက လက်မခံဘဲ ကျေးရွာစာသင်ကျောင်းကို ယုတ်မာစွာလက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မိဘတွေနဲ့ ကျောင်းသား/ကျောင်းသူတွေ စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ သိရပါတယ်။ - ပြောချင်တာက ကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့်ဟာ အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်တယ်။ ပညာရေးဟာ ကလေးတိုင်းရဲ့ အနာဂတ်ဖြစ်တယ်။ ပညာရေးကို တိုက်ခိုက်တာ ဘယ်နိုင်ငံတကာကမှ လက်မခံဘူး။ အပြစ်ကြီးတယ်ဆိုတာ အကြမ်းဖက်အဖွဲ့တွေ နားလည်သဘောပေါက်သင့်ပါတယ်။ တိုက်ပွဲသတင်းစုံ

ရန်ကုန်မြစ်အတွင်း ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်အထိ ထူးကဲဒီရေတက်နိုင်၊ မြစ်ကမ်းနားနေပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် အသိပေး ရန်ကုန်မြ
ရန်ကုန်မြစ်အတွင်း ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်အထိ ထူးကဲဒီရေတက်နိုင်၊ မြစ်ကမ်းနားနေပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် အသိပေး ရန်ကုန်မြစ်အတွင်း ဇူလိုင်လ ၁၄ ရက်မှ ၁၈ ရက်အထိ ကာလအတွင်း အခြေခံရေစံမျဉ်းအထက် ၂၀.၀၁ ပေမှ ၂၀.၇၀ ပေအထိ သာမန်ထက် ထူးကဲသော ဒီရေတက်နိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိပေးချက် ထုတ်ပြန်ထားသည်။ အဆိုပါ ဒီရေတက်မှုသည် စိုးရိမ်ဖွယ်အခြေအနေမဟုတ်သော်လည်း မြစ်ကမ်းနားဒေသများတွင် နေထိုင်သူများ ကြိုတင်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ အသိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ ယခင် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်၏ ဒီရေအမြင့်မှာ ၂၂ ပေအထိ တက်ရောက်ခဲ့ဖူးသဖြင့် ယခုခန့်မှန်းထားသည့် ၂၀.၀၁ ပေမှ ၂၀.၇၀ ပေအထိ ဒီရေတက်မှုမှာ စိုးရိမ်ဖွယ်မရှိကြောင်း ဖော်ပြထားသည်။ သို့သော် ရန်ကုန်မြစ်၏ ဒီရေအမြင့်သည် အခြေခံရေစံမျဉ်းအထက် ၂၀ ပေကျော်လွန်နိုင်သဖြင့် မြစ်ကမ်းနားဒေသများတွင် နေထိုင်သူများအနေဖြင့် ရေဝင်ရောက်နိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားကြရန် အသိပေးထားသည်။

တောင်ငူခရိုင် PDF တွေဟာ တောင်ငူမြို့နယ် မြပင်ကူးကျေးရွာက ကျောင်းသားတွေကို ကျေးရွာစာသင်ကျောင်းမှာ ကျောင်းမတက်ဖို့ ခြိမ်းခြောက်
တောင်ငူခရိုင် PDF တွေဟာ တောင်ငူမြို့နယ် မြပင်ကူးကျေးရွာက ကျောင်းသားတွေကို ကျေးရွာစာသင်ကျောင်းမှာ ကျောင်းမတက်ဖို့ ခြိမ်းခြောက်ပြောဆိုနေပါတယ်... ကျောင်းသားတွေရဲ့ ပညာရေးကိစ္စကို မတားဆီးမပိတ်ပင်ဖို့ ကျောင်းသားမီဘတွေက ရှင်းပြပေမဲ့ အကြမ်းဖက် PDF တွေက လက်သင့်မခံဘဲ ကျေးရွာစာသင်ကျောင်းကို ယုတ်မာစွာလက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မိဘတွေနဲ့ ကျောင်းသား/ကျောင်းသူတွေ စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ သိရပါတယ်... ဒါဟာ တောင်ငူခရိုင် PDF အကြမ်းဖက်တွေက ကလေးငယ်တွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို နှောင့်ယှက်ဟန့်တားခြိမ်းခြောက်တဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ အကြမ်းဖက်လုပ်ရပ်ပဲဖြစ်ပါတယ်.

တရုတ်ကျားဖြန့် ၂၀၀ နီးပါးကို ဖမ်းဆီးပြီး တရုတ်ဘက်သို “ဝ” ပြန်ပို မဲခေါင်၊ ဇူလိုင် ၈ “ဝ”ဒေသသို တရားမဝင် ဝင်ရောက်လာသည့် တရုတ်ကျ
တရုတ်ကျားဖြန့် ၂၀၀ နီးပါးကို ဖမ်းဆီးပြီး တရုတ်ဘက်သို “ဝ” ပြန်ပို မဲခေါင်၊ ဇူလိုင် ၈ “ဝ”ဒေသသို တရားမဝင် ဝင်ရောက်လာသည့် တရုတ်ကျားဖြန့် ၁၉၂ ဦးကို ဖမ်းဆီးကာ တရုတ်ဘက်သို မုန်အာနယ်စပ်ဂိတ်မှတစ်ဆင့် ပြန်လည်လွှပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ - UWSA က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံမှ လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၁၂ ဦး ကော့သောင်းမြို့သို့ ပြန်လည်ရောက်ရှိ ===== ဇူလိုင် ၇ ရက်နေ့က ထိုင်းနိုင်ငံ၊
ထိုင်းနိုင်ငံမှ လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၁၂ ဦး ကော့သောင်းမြို့သို့ ပြန်လည်ရောက်ရှိ ===== ဇူလိုင် ၇ ရက်နေ့က ထိုင်းနိုင်ငံ၊ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးအချုပ်ဆောင် (IDC) တွင် ထိန်းသိမ်းထားသည့် လွတ်ရက်စေ့ မြန်မာနိုင်ငံသား ကျား ၈၇ ဦး၊ မ ၂၅ ဦး (စုစုပေါင်း ၁၁၂ ဦး) အား အလုပ်သမားသံအရာရှိ ဦးဆောင်ကာ ပဲ့ချိတ်စက်လှေ ၈ စီးဖြင့် ကော့သောင်းမြို့ ရွှေဝက်ဝံတံတားသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။   ကော့သောင်းခရိုင် တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ပြီး နဝရက်အားကစားခန်းမ၌ ကျန်းမာရေးစစ်ဆေးခြင်း၊ အချက်အလက်စိစစ်ခြင်းနှင့် မှတ်ပုံတင်မရှိသူများကို NVC ကတ်၊ စမတ်ကတ်များ ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးကာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 🔍 🇲🇲 🛥 🚨   Photo-eleven မင်းခေါင်

ဒီလိုမြင်ရင် သူတို့တွေအတွက် စိတ်မကောင်းသလို အသုံးချနေတဲ့ အောက်တန်းစားကောင်တွေကိုလည်း ရွံတယ်... လူငယ်တွေရဲ့ အသက်တွေ ဘဝတွေကိုအသ
ဒီလိုမြင်ရင် သူတို့တွေအတွက် စိတ်မကောင်းသလို အသုံးချနေတဲ့ အောက်တန်းစားကောင်တွေကိုလည်း ရွံတယ်... လူငယ်တွေရဲ့ အသက်တွေ ဘဝတွေကိုအသုံးချပြီး မင်းတို့ဘဝတွေတည်ဆောက်နေကြတာ မရှက်ကြဘူးလား..? မင်းတို့ကမှ တကယ့်အောက်တန်းစားကောင်တွေ။ မှိုင်းဝေ သက်ထား

ရောင်နီ (NP News) - ဇူလိုင် ၈ ပြင်သစ်နိုင်ငံရှိ နာမည်ကျော် ဇိမ်ခံဖန်ထည်နဲ့ ရတနာလုပ်ငန်းစုကြီးဖြစ်တဲ့ Lalique ရဲ့ပြတိုက်မှာ ဇူ
ရောင်နီ (NP News) - ဇူလိုင် ၈ ပြင်သစ်နိုင်ငံရှိ နာမည်ကျော် ဇိမ်ခံဖန်ထည်နဲ့ ရတနာလုပ်ငန်းစုကြီးဖြစ်တဲ့ Lalique ရဲ့ပြတိုက်မှာ ဇူလိုင်လ (၅) ရက်က ဖောက်ထွင်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး ယူရိုသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ရတနာပစ္စည်းတွေ ခိုးယူခံခဲ့ရ တယ်လို့ ကုမ္ပဏီနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့အသိုင်းအဝိုင်းက ပြောကြားပါတယ်။ ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဝင်ဂန်ဆူရ်မိုဒါဒေသမှာ တည်ရှိတဲ့ အဲဒီပြတိုက်မှာ ဇူလိုင် (၅) ရက် ဒေသ စံတော်ချိန် နံနက် (၅) နာရီခွဲခန့်က ဖောက်ထွင်းခံခဲ့ရတာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ခုက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ "ရတနာပစ္စည်း အခု (၂၀) ခန့် ခိုးယူခံလိုက်ရပါတယ်၊ ဆုံးရှုံးမှုတန်ဖိုးကို လတ်တလော တွက်ချက်နေဆဲဖြစ်ပေမဲ့ ယူရိုသန်းပေါင်းများစွာ ရှိနိုင်ပြီး (၄) သန်းဝန်းကျင်အထိ ရှိနိုင်ပါတယ်" လို့ အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်။ ပြတိုက်ဘက်ကလည်း ယခုဖောက်ထွင်းမှုကြောင့် ပြတိုက်ကို ရက်အနည်းငယ်ကြာ ပိတ်ထားမှာဖြစ်ကြောင်း သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။ "လုံခြုံရေးအချက်ပေးဥဩ (Alarm) မြည်ခဲ့ပါတယ်။ ဒါပေမဲ့ လုံခြုံရေးကုမ္ပဏီဘက်က စစ်ဆေးမှုတွေ လုပ်ဆောင်နေတုန်းမှာပဲ အခင်းဖြစ်ပွားရာ

ဘီလင်းမြိုနယ်၊ တက်တူးကုန်းကျေးရွာအနီးရှိ အကြမ်းဖက် KNU + PDF စခန်းကို တပ်မတော်ကချေမှုန်းရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများထွက်ပ
+1
ဘီလင်းမြိုနယ်၊ တက်တူးကုန်းကျေးရွာအနီးရှိ အကြမ်းဖက် KNU + PDF စခန်းကို တပ်မတော်ကချေမှုန်းရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများထွက်ပြေးသွားကြပြီး အကြမ်းဖက်စခန်းအတွင်းရှိ မော်တော်ယာဉ်များအား သိမ်းဆည်းရမိခဲ့။ Congratulations ပါဗျာ။ 👏👏👏 ဖမ်းဆီးရမိတွေ ထပ်လာဦးမယ်။ 🤪😆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ခဲမောက်ကျေးရွာအနီး အကြမ်းဖက် KNU/PDF အဖွဲ့များဖြင့် ပူးပေါင်းကာတရားမဝင်ပစ္စည်းများ သိုလှောင်ထား
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ခဲမောက်ကျေးရွာအနီး အကြမ်းဖက် KNU/PDF အဖွဲ့များဖြင့် ပူးပေါင်းကာတရားမဝင်ပစ္စည်းများ သိုလှောင်ထားသည့်နေရာကို တပ်မတော်ကရှင်းလင်းသိမ်းပိုက်..   သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ Photo-KSO   မှိုင်းဝေ သက်ထား

ဆောင်းပါးရှင် မင်းခန့်ကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ပေးစာ ၂ ပေးပို့ပြီး သူခိုးကျော်မိုးထွန်ကို ဗြင်းနေပြန်ပြီ။ မှိုင်းဝေ
ဆောင်းပါးရှင် မင်းခန့်ကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ပေးစာ ၂ ပေးပို့ပြီး သူခိုးကျော်မိုးထွန်ကို ဗြင်းနေပြန်ပြီ။ မှိုင်းဝေ သက်ထား

ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်(၁၁)ခု၌ ဇူလိုင် ၉ ရက်မှ ဇူလိုင် ၁၆ ရက်အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင် သက်ထား
ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်(၁၁)ခု၌ ဇူလိုင် ၉ ရက်မှ ဇူလိုင် ၁၆ ရက်အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင် သက်ထား

NATO ထိပ်သီးအစည်းအဝေးမှာ ထရမ့်နဲ့ ဥရောပခေါင်းဆောင်တွေ ထိပ်တိုက်တွေ့ တူရကီနိုင်ငံ အန်ကာရာမြို့မှာ ကျင်းပနေတဲ့ NATO ထိပ်သီးအစည်
NATO ထိပ်သီးအစည်းအဝေးမှာ ထရမ့်နဲ့ ဥရောပခေါင်းဆောင်တွေ ထိပ်တိုက်တွေ့ တူရကီနိုင်ငံ အန်ကာရာမြို့မှာ ကျင်းပနေတဲ့ NATO ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဥရောပခေါင်းဆောင်တွေကြား အီရန်စစ်ပွဲ၊ ဂရင်းလန်းကျွန်းနဲ့ ကာကွယ်ရေးကိစ္စတွေကို အကြောင်းပြုပြီး သဘောထားကွဲလွဲမှုတွေ ပြင်းထန်လာခဲ့ပါတယ်။ - ထရမ့်က အီရန်အရေးမှာ ဥရောပနိုင်ငံတွေက အမေရိကန်ကို လုံလောက်တဲ့ အကူအညီမပေးခဲ့ဘူးလို့ ဝေဖန်ခဲ့သလို၊ ဥရောပမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ထပ်မံလျှော့ချနိုင်တယ်လို့လည်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ - အစည်းအဝေးအတွင်း NATO က ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေးနဲ့ ဒေါ်လာ ၅၀ ဘီလီယံတန် လက်နက်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သစ်ကို ထုတ်ပြန်ခဲ့ပေမယ့်၊ ထရမ့်က ဂရင်းလန်းကျွန်းကို အမေရိကန်က ထိန်းချုပ်သင့်တယ်လို့ ထပ်မံပြောဆိုခဲ့ရာ ဒိန်းမတ်ဘက်က အချုပ်အခြာအာဏာကို လေးစားဖို့ ချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။ - အငြင်းပွားမှုတွေရှိနေသော်လည်း NATO အဖွဲ့ဝင် ၃၂ နိုင်ငံကတော့ စုပေါင်းကာကွယ်ရေးအပေါ် ဆက်လက်ကတိပြုထားပြီး နောက်ဆုံးကြေညာချက်ကို ခေါင်းဆောင်တွေရဲ့ အတည်ပြုလက်မှတ်ရေးထိုးမှုကို စောင့်ဆိုင်းနေပါတယ်။ KT July 8 သက်ထား

မင်္ဂလာပါရှင် သူငယ်ချင်းတို့ရေ 🎉💥🔥 တပ်မတော်က အကြမ်းဖက်စခန်း ချေမှုန်းခြင်း ဘီလင်းမြို့နယ်ရှိ တက်တူးကုန်းကျေးရွာ အနီးတွင် တ
မင်္ဂလာပါရှင် သူငယ်ချင်းတို့ရေ 🎉💥🔥 တပ်မတော်က အကြမ်းဖက်စခန်း ချေမှုန်းခြင်း ဘီလင်းမြို့နယ်ရှိ တက်တူးကုန်းကျေးရွာ အနီးတွင် တပ်မတော်က အကြမ်းဖက် KNU + PDF စခန်းကို ချေမှုန်းရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများ ထွက်ပြေးသွားကြပြီး စခန်းအတွင်းရှိ မော်တော်ယာဉ်များအား သိမ်းဆည်းရမိခဲ့သည်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သာမန်တို့ ဘယ်လို ထိခိုက်မှု မရှိကြပါစေ 🙏💕 သက်ထား