ch
Feedback
👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

前往频道在 Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

显示更多
283
订阅者
+124 小时
无数据7 天
-730 夊
帖子存档
၁။ နှစ်ထပ်အခွန်ကောက်ခံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် ဆိုလိုတာက နှစ်ထပ်အခွန်ကောက်ခံမှု ပပျောက်စေဖို၊ အခွန်ရှောင်တိမ်းမှုန
၁။ နှစ်ထပ်အခွန်ကောက်ခံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် ဆိုလိုတာက နှစ်ထပ်အခွန်ကောက်ခံမှု ပပျောက်စေဖို၊ အခွန်ရှောင်တိမ်းမှုနဲ့အခွန်ရှောင်လွှမှု‌ တွေကို စနစ်တကျ ဖြစ်စေဖို ရည်ရွယ်တယ်လိုပဲ နားလည်ရတယ်။ ၂။ ရင်းနှီးမြှုပ်နှံမှုများ အပြန်အလှန်မြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုတွေကို အပြန်အလှန် မြှင့်တင်ပေးနိုင်ရေးနဲ့ ကာကွယ်ပေးနိုင်ဖို ဖြစ်တယ်။ ၃။ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ် ကမ္ဘောဒီးယားရဲ့ ယဉ်ကျေးမှုနဲ့ အနုပညာဝန်ကြီးဌာန နဲ့မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန တိုအကြား ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်။ ၄။ သတင်းအချက်အလက်နှင့် မီဒီယာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ကမ္ဘောဒီးယားအစိုးရနဲ့ မြန်မာအစိုးရတိုအကြား သတင်းအချက်အလက်နဲ့ မီဒီယာကဏ္ဍ တွေမှာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ။ ဒီ ၄ ချက်ကို မနေ့က သဘောတူနိုင်ခဲ့ကြတယ်။ (နရီမိုး)

လူငယ်သင်တန်းကျောင်းတွေက တော်‌တော်ကို ပြည့်ပြည့်စုံစုံ စီမံပေးထားတာ တွေ့ရတယ်။ 💚💚💚
လူငယ်သင်တန်းကျောင်းတွေက တော်‌တော်ကို ပြည့်ပြည့်စုံစုံ စီမံပေးထားတာ တွေ့ရတယ်။ 💚💚💚

Repost from BaNyunt
ကမ္ဘာကျော်အမွေအနှစ် ရှေးဟောင်းဘာသာရေးအဆောက်အအုံဖြစ်သော “အန်ကောဝပ်” ကျောင်းတော်ကို မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

မတ္တရာမြို့နယ်၊ ရွှေဂဲပြန်ရွာ၌ စစ်ကိုင်း ပကဖ အဖွဲ့မှ ဝင်ရောက်ဓားပြတိုက် 🔹 မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရွှေဂဲပြန်ကျ
မတ္တရာမြို့နယ်၊ ရွှေဂဲပြန်ရွာ၌ စစ်ကိုင်း ပကဖ အဖွဲ့မှ ဝင်ရောက်ဓားပြတိုက် 🔹 မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရွှေဂဲပြန်ကျေးရွာ အစွန်ရှိ နေအိမ်တစ်လုံးအား စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် စစ်ကိုင်း ပကဖ အဖွဲ့ဝင်များက ဝင်ရောက်ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 🔹အဆိုပါ ဓားပြတိုက်မှုအတွင်း အိမ်ရှင်များအား ကြိုးတုပ်၍ နေအိမ်အတွင်းရှိ ရွှေ၊ ငွေကြေးများနှင့် မော်တော်ဆိုင်ကယ် ၂ စီးတို့အား အတင်းအဓမ္မ လုယက် ယူဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။ #Myanmar #Mandalay #Madaya #ShweGePyan #SagaingPAKAFA #Robbery #Security #LocalNews ဖိုးမောင်

ကျောက်မဲမြို့၌ ရွှေဆိုင်အား သေနတ်ပစ်ဖောက် ဓားပြတိုက်ခံရပြီး သိန်း ၆,၃၀၀ ဖိုးခန့် ပါသွားကာ ၂ ဦး ကျည်ထိမှန် ဒဏ်ရာရ 🔹ရှမ်းပြည်န
ကျောက်မဲမြို့၌ ရွှေဆိုင်အား သေနတ်ပစ်ဖောက် ဓားပြတိုက်ခံရပြီး သိန်း ၆,၃၀၀ ဖိုးခန့် ပါသွားကာ ၂ ဦး ကျည်ထိမှန် ဒဏ်ရာရ 🔹ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် (၄) ရပ်ကွက်၊ ကျောက်မဲဗဟိုဈေး တောင်ဘက် အပြင်ဆိုင်တန်းရှိ "ရွှေမိုး" ရွှေဆိုင်အား စက်တင်ဘာ ၁၂ ရက်တွင် လက်နက်ကိုင်ဆောင်ထားသည့် လူငယ် ၃ ဦးက သေနတ်ပစ်ဖောက် ဓားပြတိုက်ခဲ့ကြောင်း သိရသည်။ 🔹အဆိုပါ ဓားပြတိုက်မှုကြောင့် ငွေကျပ်သိန်း ၆,၃၀၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပါဝင်သွားခဲ့ပြီး ပစ်ခတ်မှုအတွင်း ရွှေဆိုင်ရှင်နှင့် စည်ပင်ယာဉ်မောင်းဖြစ်သူတို့ ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ #Myanmar #ShanState #Kyaukme #GoldShopRobbery #Security #CrimeNews #LocalNews ဖိုးမောင်

ကနီမြို့နယ်၌ PDF များ မဆင်မခြင်မိုင်းထောင်ထားမှု‌ကြောင့် ကျောင်းဆရာတစ်ဦး မိုင်းနင်းမိသေဆုံး 🔹 စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြိ
ကနီမြို့နယ်၌ PDF များ မဆင်မခြင်မိုင်းထောင်ထားမှု‌ကြောင့် ကျောင်းဆရာတစ်ဦး မိုင်းနင်းမိသေဆုံး 🔹 စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မုဌောကျေးရွာတွင် စက်တင်ဘာ ၁၁ ရက် ညနေပိုင်းက ပြင်ပမှ နေအိမ်သို့ ပြန်လာသည့် ကျောင်းဆရာ ဦးနိုင်လင်းသည် လမ်းခရီး၌ PDF အဖွဲ့များ ထောင်ထားသည့် မိုင်းအား နင်းမိခဲ့ကြောင်း သိရသည်။ အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းဆရာ ဦးနိုင်လင်းမှာ သေဆုံးသွားခဲ့ရကြောင်း သတင်းရရှိသည်။ #Myanmar #Sagaing #Kani #MuHtaw #Landmine #PDF #Security #LocalNews ဖိုးမောင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့် တွေ့ဆုံဆွေးနွေး ကမ္ဘ
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့် တွေ့ဆုံဆွေးနွေး ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့် ယနေ့ စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ငြိမ်းချမ်းရေးနန်းတော်၌ တွေ့ဆုံဆွေးနွေးသည်။   အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံဘက်မှ ဝန်ကြီးချုပ်နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Samdech KHUON Sudary နှင့်
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Samdech KHUON Sudary နှင့် တွေ့ဆုံဆွေးနွေး ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Samdech KHUON Sudary နှင့် ယနေ့ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်
+3
ြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြိုရှိ လွတ်လပ်ရေးကျောက်တိုင်နှင့် ခမည်းတော်ဘုရင် Preah Borom  Ratanak Kaudh ကျောက်တိုင်တို၌ လွမ်းသူ့ပန်းခွေချအလေးပြု

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ကမ္ဘောဒီးယားနိုင်ငံသို ရောက်ရှိမှုမှတ်တမ်း

📌 နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ ရောက်ရှိ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နွေးထွေးစွာ ကြိုဆို 💚 နိုင်ငံတော်သမ
+3
📌 နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ ရောက်ရှိ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နွေးထွေးစွာ ကြိုဆို 💚 နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ထွက်ခွာလာခဲ့ရာ ဖနွမ်းပင်မြို့ရှိ Techo အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။ 💚 လေဆိပ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့် တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံးမိသားစုဝင်များက ကော်ဇောနီတစ်လျှောက် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ 💚 ထို့ပြင် ကမ္ဘောဒီးယား ပြည်သူများကလည်း နှစ်နိုင်ငံ အလံများ၊ ခေါင်းဆောင်များ၏ ဓာတ်ပုံများနှင့် ပန်းစည်းများ ကိုင်ဆောင်ကာ လေဆိပ်လျှောက်လမ်းတစ်လျှောက် သောင်းသောင်းဖြဖြ ဂုဏ်ပြု ကြိုဆိုခဲ့ကြကြောင်း သိရသည်။ သက်ထား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ 🔹 ပြည်ထောင်စုသမ္မ
+5
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ 🔹 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ရန် စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားခဲ့သည်။ 🔹ခရီးစဉ်အတွင်း ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် နည်းပညာ အပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးသွားမည်ဖြစ်သည်။ ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံရှိ အထင်ကရနေရာများကိုလည်း သွားရောက်လေ့လာမည် ဖြစ်သည်။ #Myanmar #Cambodia #PresidentOffice #StateVisit #Diplomacy #BilateralRelations #LocalNews ဖိုးမောင်

Repost from N/a
ကုန်ဆုံးသွားတဲ့ တို့ရဲ့ အချိန်တွေ ဘယ်တောမှ ပြန်မလာတော့ဘူး အိမ်ပြန်ပါ ညီလေး Channel ကို Subscribe လုပ်ထားခဲ့ကြပါခင်ဗျာ။ https://t.me/Tailong888666777

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် နှလုံးသွေးကြောပိတ်လူနာ ၆ ဦးကို တရုတ်ဆရာဝန်အဖွဲ့က ခွဲစိတ်ကုသပေး တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ Yida
မန္တလေးပြည်သူ့ဆေးရုံကြီးတွင် နှလုံးသွေးကြောပိတ်လူနာ ၆ ဦးကို တရုတ်ဆရာဝန်အဖွဲ့က ခွဲစိတ်ကုသပေး တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ Yida Hospital မှ Dr. Feng Wan ဦးဆောင်သည့် ဆရာဝန် ၅ ဦးပါအဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနနှင့် ပူးပေါင်း၍ ဩဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ နှလုံးစက်အသုံးမပြုဘဲ နှလုံးသွေးကြောအစားထိုးဖြတ်ကျော် ဆက်သွယ်ခြင်း (Off-Pump CABG) ဖြင့် လူနာ ၆ ဦးကို ခွဲစိတ်ကုသပေးခဲ့သည်။ လက်ရှိတွင် လူနာများသည် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဆက်လက်ကုသမှုခံယူနေပြီး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ Dr. Feng Wan သည် ၂၀၀၈ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံရှိ ပြည်သူ့ဆေးရုံကြီးများနှင့် ပူးပေါင်းကာ နှလုံးနှင့်သွေးကြောခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနေသူဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင်လည်း မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ကာ ခွဲစိတ်ကုသမှုများနှင့် ဘွဲ့လွန်ကျောင်းသားများကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။ မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနအနေဖြင့်လည်း ၂၀၂၅ ခုနှစ်တွင် အကြီးစားခွဲစိတ်ကုသမှု ၁၅ ခု နှင့် ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ၄၀ ခု ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

IIMM အဖွဲ့၏ အစီရင်ခံစာအပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန် 🔹 ဂျနီဗာမြို့၌ ကျင
+1
IIMM အဖွဲ့၏ အစီရင်ခံစာအပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန် 🔹 ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် လူ့အခွင့်အရေးကောင်စီ၏ (၆၃) ကြိမ်မြောက် အစည်းအဝေးတွင် တင်သွင်းခဲ့သော မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်တွင် ရပ်တည်ချက် သတင်းထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် IIMM အဖွဲ့အား စတင်ထူထောင်စဉ်ကတည်းက အသိအမှတ်ပြုခြင်းမရှိဘဲ ယင်းအဖွဲ့သည် ဥပဒေကြောင်းအရ အားနည်းချက်များစွာရှိသည့်အပြင် နိုင်ငံရေးအရ ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် ထူထောင်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ 🔹 အစီရင်ခံစာပါ စွပ်စွဲချက်များသည် တပ်မတော်အပေါ် တစ်ဖက်သတ် စွပ်စွဲချက်များ၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှ ရရှိသည့် မမှန်ကန်သော သတင်းများပေါ် အခြေခံထားခြင်းဖြစ်ပြီး တပ်မတော်အနေဖြင့် စစ်ရေးပစ်မှတ်များကိုသာ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-RoE) နှင့်အညီ တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်၍ IIMM ၏ ထုတ်ပြန်ချက်များအားလုံးကို ပြင်းထန်းစွာ ကန့်ကွက်ပယ်ချကြောင်း ထုတ်ပြန်ထားသည်။ ဖိုးမောင်

ပုဏ္ဏားကျွန်းနှင့် အမ်းတွင် အကြမ်းဖက် AA စခန်း ၅ ခုအား တပ်မတော်မှ ပြန်လည်သိမ်းပိုက်👍👍👍 - 4926 Operation (၆) ရက် ၉-၉-၂၀၂၆ ရ
ပုဏ္ဏားကျွန်းနှင့် အမ်းတွင် အကြမ်းဖက် AA စခန်း ၅ ခုအား တပ်မတော်မှ ပြန်လည်သိမ်းပိုက်👍👍👍 - 4926 Operation (၆) ရက် ၉-၉-၂၀၂၆ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း တပ်မတော် စစ်ကြောင်းများက စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာ ပုဏ္ဏားကျွန်းမြိုနယ်ရှိ အကြမ်းဖက် AA အဖွဲ၏ ကာကင်းစခန်း ၄ ခုနှင့် အမ်း-ပဒန်းလမ်းပေါ်ရှိ ဂုတ်ကြီးစခန်းတိုကို အောင်မြင်စွာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ ဖိုးမောင်

မော်တော်ယာဉ်များ စုံ/မ စနစ်ဖြင့် မောင်းနှင်သုံးစွဲခြင်းအား ယနေ့မှစတင်၍ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သမ္မတရုံး ပြောကြား

တွန်းဇံမြို့အတွက်ပေးပို့သည့် ဆက်သွယ်ရေးဆိုင်ရာစက်ပစ္စည်းများ တီးတိန်မြို့သို့ရောက်ရှိ စက်တင်ဘာ ၇ တွန်းဇံမြို့အတွက်ပေးပို့သည့်
တွန်းဇံမြို့အတွက်ပေးပို့သည့် ဆက်သွယ်ရေးဆိုင်ရာစက်ပစ္စည်းများ တီးတိန်မြို့သို့ရောက်ရှိ   စက်တင်ဘာ ၇   တွန်းဇံမြို့အတွက်ပေးပို့သည့် ဆက်သွယ်ရေးဆိုင်ရာစက်ပစ္စည်းများ တီးတိန်မြို့သို့ ရောက်ရှိလျက်ရှိပြီး တွန်းဇံမြို့သို့ ဆက်လက်ပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။   အဆိုပါပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ယမန်နေ့နံနက်ပိုင်းက ချင်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦးနှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီတွင် အဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။   ဆက်လက်၍ အကြမ်းဖက်ဖြစ်စဉ်ကြောင့် တီးတိန်မြို့အတွင်း ထိခိုက်ပျက်စီးမှုများကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုပြီး ရှောင်စောန်းစံပြကျေးရွာသို့ရောက်ရှိကာ ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား၍ ချင်းရိုးရာ နေအိမ်၊ ချင်းရိုးရာအဝတ်အထည်နှင့် အသုံးအဆောင်များကို ကြည့်ရှုလေ့လာကာ အလှူငွေပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ TruthZoneOnline

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံချစ်စိတ်ဖြင့် အပတ်တကုတ်ကြိုးစားအားထုတ်မှုများကြောင့် တိုးတက်ပြောင်းလဲမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်ခဲ့ကြ
ဗီယက်နမ်နိုင်ငံ၏ နိုင်ငံချစ်စိတ်ဖြင့် အပတ်တကုတ်ကြိုးစားအားထုတ်မှုများကြောင့် တိုးတက်ပြောင်းလဲမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်ခဲ့ကြသည်ကို အတုယူကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပြောကြား ================================ ဗီယက်နမ်နိုင်ငံအနေဖြင့် စစ်ပွဲဒဏ်နှင့် အရေးယူပိတ်ဆိုကန့်သတ်မှုများကို ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော်လည်း နိုင်ငံချစ်စိတ်ဖြင့် အပတ်တကုတ်ကြိုးစားအားထုတ်မှုများကြောင့် တိုးတက်ပြောင်းလဲမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်ခဲ့ကြသည်ကို အတုယူကြရန်လိုကြောင်း၊ အချင်းချင်းစည်းလုံးညီညွတ်စွာနေထိုင်၍ နိုင်ငံ့အကျိုးကို တစ်ထောင့်တစ်နေရာမှ ပါဝင်ထမ်းရွက်သွားကြရန် မှာကြားလိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် က စက်တင်ဘာလ ၆ ရက်တွင် ဟနွိင်းမြိုရှိ မြန်မာသံရုံး၊ စစ်သံရုံးတိုမှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။