ch
Feedback
👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

前往频道在 Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

显示更多
283
订阅者
+124 小时
无数据7 天
-730 夊
帖子存档
Repost from BaNyunt
"နီပိတ်တွေဝိုင်းရံထားတဲ့ အနုပညာကြယ်တစ်ပွင့်" နီပိတ်တွေလိမ်ချက်ကတော့... အုပ်အုပ်က ပွဲဖျက်ဖို့လာတာတဲ့... 😀 ပွဲဖျက်မယ့်သူက ဒီလိ
"နီပိတ်တွေဝိုင်းရံထားတဲ့ အနုပညာကြယ်တစ်ပွင့်" နီပိတ်တွေလိမ်ချက်ကတော့... အုပ်အုပ်က ပွဲဖျက်ဖို့လာတာတဲ့... 😀 ပွဲဖျက်မယ့်သူက ဒီလိုလေး ဂီတကိုနားထောင်နေမှာလား🤔 အခုတော့ အမေရိကားကို ဒုက္ခသည်စခန်းကနေရောက်လာပြီး ... တောစရိုက်မပျောက် စာမတတ်တော့ ဥပဒေနားမလည် လူတွင်ကျယ်လုပ်ချင်လို့အော်ဟစ်ဆဲဆိုနေတဲ့ ဒုက္ခသည်နီပိတ်တွေ ICE လာတံခါးခေါက်မှာစိုးလို့ အိမ်ပြောင်းအိပ်နေကြရသတဲ့😂😂 #ညိုလုံးဦး

တီးတိန်မြို့နယ်တွင် သင်းအုပ်ဆရာတစ်ဦး PDF-Zoland အဖွဲ့လက်ချက်ဖြင့် သေဆုံး 🔹 ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ လမ်းဇန်ကျေ
တီးတိန်မြို့နယ်တွင် သင်းအုပ်ဆရာတစ်ဦး PDF-Zoland အဖွဲ့လက်ချက်ဖြင့် သေဆုံး 🔹 ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ လမ်းဇန်ကျေးရွာ နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာ ဒါလ်ထွန်းတွောင်သည် စက်တင်ဘာ ၁၄ ရက် မွန်းလွှဲပိုင်းတွင် တီးတော့်ရွာမှ လမ်းဇန်ရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ကပ်တဲလ်ကျေးရွာ ချောင်းကူးတံတားအနီး၌ ပစ်ခတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။ 🔹 အဆိုပါ ဆိုင်ကယ်အား PDF-Zoland အဖွဲ့က တားဆီးစဉ် မရပ်တန့်ဘဲ ဆက်လက်မောင်းနှင်ခဲ့သဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ သင်းအုပ်ဆရာမှာ ကျည်မှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ဆိုင်ကယ်မောင်းနှင်သည့် အစ်ကိုဖြစ်သူမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် သင်းအုပ်ဆရာ၏ ရုပ်အလောင်းအား ၎င်း၏ မိသားစုထံ ပြန်လည်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ #Myanmar #Chin #Tedim #Lawngzang #PDFZoland #Security #LocalNews ဖိုးမောင်

တီးတိန်၌ သင်းအုပ်ဆရာ ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ သတင်းမှားများ ဖြန့်ဝေနေမှု 🔹 တီးတိန်မြို့နယ်တွင် PDF-Zoland အဖွဲ့ထံမှ လက်နက်န
+1
တီးတိန်၌ သင်းအုပ်ဆရာ ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ သတင်းမှားများ ဖြန့်ဝေနေမှု 🔹 တီးတိန်မြို့နယ်တွင် PDF-Zoland အဖွဲ့ထံမှ လက်နက်နှင့် ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများက ပစ်ခတ်၍ သင်းအုပ်ဆရာ ၁ ဦး သေဆုံးခဲ့သည်ဟု လူမှုကွန်ရက်တွင် ဖြန့်ဝေနေသော သတင်းမှာ သတင်းအမှားသာ ဖြစ်ကြောင်း သိရသည်။ 🔹 ဖြစ်စဉ်အမှန်မှာ လမ်းဇန်ကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာ ဒါလ်ထွန်းတွောင်သည် အစ်ကိုဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် ရွာသို့ပြန်လာစဉ် ကပ်တဲလ်ကျေးရွာ ချောင်းကူးတံတားအနီး၌ PDF-Zoland အဖွဲ့က ဆိုင်ကယ်အား ရပ်တန့်ခိုင်းသည်ကို မကြားဘဲ ဆက်လက်မောင်းနှင်ခဲ့သည်ကို စစ်သုံ့ပန်းများအမှတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ 🔹 အဆိုပါ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါလာသူ သင်းအုပ်ဆရာ ဒါလ်ထွန်းတွောင်မှာ သေဆုံးခဲ့ပြီး အစ်ကိုဖြစ်သူမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။ PDF-Zoland အဖွဲ့သည် သင်းအုပ်ဆရာ၏ အလောင်းအား မိသားစုထံ ပို့ဆောင်ပေးခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားသည့် စစ်သုံ့ပန်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်သွားခြင်းဖြစ်သည်ဟု သတင်းအမှားများ ဖြန့်ဝေနေခြင်းဖြစ်ကြောင်းသိရပါသည်။ ဖိုးမောင်

ဥက္ကာမင်းမောင် ကို အော်ဟစ်၍ မောင်းထုတ်ခဲ့ကြသူများ နယူးယောက် ဥပဒေအရ အရေးယူခံရနိုင် နယူးယောက်၊ စက်တင်ဘာ ၁၆ နယူးယောက်မြိုမှာအကြမ
ဥက္ကာမင်းမောင် ကို အော်ဟစ်၍ မောင်းထုတ်ခဲ့ကြသူများ နယူးယောက် ဥပဒေအရ အရေးယူခံရနိုင် နယူးယောက်၊ စက်တင်ဘာ ၁၆ နယူးယောက်မြိုမှာအကြမ်း ဖက်လှုပ်ရှားမှုအတွက်မြန်မာပြည်က ပြည်ပြေးအဆိုတော်တွေနဲ့ကျင်းပခဲ့တဲ့ပွဲမှာဥက္ကာမင်းမောင်ကိုလိင်ခွဲခြားဆက်ဆံ(အခြောက်ဆိုသည့်စကားသုံးနှုန်း) "ထွက်သွား" ဆိုပြီးအော်ဟစ်နေကြ၊ နှင်ထုတ်ဖိုကြိုးစားနေကြခြင်းဟာနယူးယောက်ဥပဒေအရ ပြစ်မှုမြောက်သလို၊အရပ်ဘက်ဥပဒေကိုလည်းချိုးဖောက်ရာရောက်ကြောင်းထောက်ပြပြောဆိုလိုက်ပါတယ်။ အမေရိကန်မှာ နေထိုင်တဲ့ မြန်မာအမျိုးသမီးတစ်ဦးဖြစ်တဲ့ Yu က "New Yorkမြိုမှာ ဖြစ်ပွားခဲ့တဲ့မြန်မာအဆိုတော်တွေရဲ့ဖျော်ဖြေမှုပွဲမှာ သူ့ပိုက်ဆံနဲ့သူ လက်မှတ်ဝယ်၊ အေးဆေးပွဲကိုကြည့်ရှု၊ဘာအနှောင့်အယှက်မှမပေးတဲ့ ပွဲကြည့်ပရိတ်သတ်ဖြစ်သူ  မြန်မာပြည်မှရုပ်ရှင်မင်းသား၊ အနုပညာရှင်တစ်ယောက်ကို လူနည်းစုလေးကဆဲဆို အော်ဟစ်၊လိင်ခွဲခြားဆက်ဆံ ( အခြောက်ဆိုသည့်စကားသုံးနှုန်း)"ထွက်သွား"ဆိုပြီး အော်ဟစ်နေကြ၊နှင်ထုတ်ဖို ကြိုးစားနေကြခြင်းဟာနယူးယောက်ဥပဒေအရပြစ်မှုမြောက်သလို၊အရပ်ဘက်ဥပဒေကိုလည်းချိုးဖောက်ရာ ရောက်ပါတယ်ရှင်။ နယူးယောက်ဟာအမုန်းစကားနှင့် ခွဲခြားဆက်ဆံမှုများကိုအလွန်တင်းကျပ်စွာ အရေးယူတဲ့ ပြည်နယ်ပဲဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ မအူပင်မြိုနယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို
ဧရာဝတီတိုင်း၊ မအူပင်မြိုနယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို ယူဆရတဲ့ သံသယတရားခံကို ဖမ်းဆီးရ မိထားတယ်လို သိရပါတယ်။ စက်တင်ဘာ ၁၃ ရက် နေ့လယ် ၃ နာရီခန့်မှာ မဆောင်းနှင်းဖြူဟာ တရွာတည်းနေ ကျူရှင်ဆရာမ ဒေါ်ခင်မဉ္ဇူရဲ့ နေအိမ်ကို ကျူရှင်တက်ဖို သွားခဲ့ပြီး ကျူရှင်ဆင်းချိန် ညနေ ၅ နာရီခန့်အထိ နေအိမ်ကို ပြန်မရောက်လာတာကြောင့် မိသားစုဝင်တွေက လိုက်လံရှာဖွေခဲ့ကြတယ်လို သိရပါတယ်။ အဲဒီနောက် ည ၈ နာရီခန့်မှာ ပန်းတောကျေးရွာရှိ ရွာလမ်းဘေး ဝါးရုံအောက်မှာ မဆောင်းနှင်းဖြူကို ပက်လက်အနေအထားနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပြီး လည်ပင်းမှာ အဝတ်စည်းထားတာ တွေ့ရှိရတယ်လို ရဲမှတ်တမ်းအရ သိရပါတယ်။ ရုပ်အလောင်းကို တွေ့ရှိချိန်မှာ မဆောင်းနှင်းဖြူ ဝတ်ဆင်ထားတဲ့ နားကပ်တရံကို မတွေ့ရှိတော့တာကြောင့် လုယက်ပြီး သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို ဒေသခံတွေက ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လုယက်လူသတ်မှု ကျူးလွန်ခဲ့တယ်လို ယူဆရတဲ့ ဦးစန်းနိုင်ဆိုသူကို စက်တင်ဘာလ ၁၄ ရက် မနက်ပိုင်းမှာ ဖမ်းဆီးရမိထားပြီး တာတပေါနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၂၀ နဲ့ အမှုဖွင့်ကာ ဆက်လက်စစ်ဆေးနေတယ်လို ရဲနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ လက်ရှိမှာ သံသယတရားခံကို ရမန်တစ်ပတ်ယူထားပြီး တရားစွဲတင်နိုင်ရေး ဆောင်ရွက်နေတယ်လို သိရပါတယ်။

အသိစိတ်လွတ်နေတဲ့ ပဒပ်တွေရဲ့လုပ်ရပ်ကြောင့် ဒုက္ခအတိရောက်နေကြရတဲ့ ပြည်သူများ
အသိစိတ်လွတ်နေတဲ့ ပဒပ်တွေရဲ့လုပ်ရပ်ကြောင့် ဒုက္ခအတိရောက်နေကြရတဲ့ ပြည်သူများ

ယူကရိန်း ရှေ့နေချုပ် ကရပ်ဗ်ချန်ကို နိုင်ငံက ထွက်ပြေး ယူကရိန်း ရှေ့နေချုပ် ရူစလန် ကရပ်ဗ်ချန်ကို (Ruslan Kravchenko) ဟာ နိုင်ငံ
ယူကရိန်း ရှေ့နေချုပ် ကရပ်ဗ်ချန်ကို နိုင်ငံက ထွက်ပြေး ယူကရိန်း ရှေ့နေချုပ် ရူစလန် ကရပ်ဗ်ချန်ကို (Ruslan Kravchenko) ဟာ နိုင်ငံထဲကနေ ထွက်ခွာသွားပြီလို့ ယူကရိန်း ကာကွယ်ရေးအရာရှိဟောင်းရဲ့ အကြံပေး ဆာဂေး စတာနန်ကို (Sergey Sternenko) က ပြောပါတယ်။ "တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေဆီက ရတဲ့ သတင်းအရ ရှေ့နေချုပ် ကရပ်ဗ်ချန်ကိုဟာ မနေ့ညက ယူကရိန်းကနေ ထွက်ပြေးသွားတာ ဖြစ်ပါတယ်" လို့ စတာနန်ကိုက သူရဲ့ Telegram ချန်နယ်မှာ ရေးထားပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ယူကရိန်း-ရှေ့နေချုပ်-ကရပ/

ရန်ကုန်တိုင်းရှိ မြို့နယ်(၂)ခုတွင် သစ်ပင်လဲကျမှုများဖြစ်ပေါ် ကားများပိမိခဲ့ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင
ရန်ကုန်တိုင်းရှိ မြို့နယ်(၂)ခုတွင် သစ်ပင်လဲကျမှုများဖြစ်ပေါ် ကားများပိမိခဲ့ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့ နယ်တို့တွင် ယနေ့ စက်တင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် မွန်းလွဲ ၂ နာရီခွဲကျော်ခန့်က သစ်ပင်လဲကျကာ ကား(၁)စီးပေါ်သို့ပိမိပြီး လမ်းပိတ်ဆို့နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ဈေးကြီးလမ်းတွင်သစ်ပင်လဲကျ၍ ကား(၁)စီးပေါ်ပိမိပြီးလမ်း ပိတ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အကြို စုပေါင်းသွေးလှူဒါန်း အောက်တိုဘာလ ၁ ရက်တွင် ကျရောက်မည့် (၆၂)နှစ်မြောက် မြန်မာနို
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အကြို စုပေါင်းသွေးလှူဒါန်း အောက်တိုဘာလ ၁ ရက်တွင် ကျရောက်မည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာလ ၁၄ ရက် နံနက်ပိုင်းက ထားဝယ်ပြည်သူ့ဆေးရုံကြီးနှင့် အမှတ်(၁၂) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀) တို့တွင် စုပေါင်းသွေးလှူဒါန်း။ KT Sep 14

တပ်မတော်ဆိုတာ အကိုကြီးပါ ဒီလောက်ကြီးထိတော့ မရက်စက်သင့်ပါဘူး၊ အင်္ဂါဂြိုလ်က ဂြိုလ်သားတွေလည်း တပ်မတော်ကြီးကို လာတားပေးကြပါဦး..
တပ်မတော်ဆိုတာ အကိုကြီးပါ ဒီလောက်ကြီးထိတော့ မရက်စက်သင့်ပါဘူး၊ အင်္ဂါဂြိုလ်က ဂြိုလ်သားတွေလည်း တပ်မတော်ကြီးကို လာတားပေးကြပါဦး.. ၄၉၂၆ တကယ်ကြောက်နေပြီ

ဝရမ်းပြေးကျော်မိုးထွန်းရဲ့ သရုပ်အမှန် (၃) ဒါကြောင့် သံအမတ်ဟောင်း ကျော်မိုးထွန်းက ငွေကြေးအရှုပ်အရှင်းရှိနေတဲ့ ဝရမ်းပြေးဖြစ်သလိ
ဝရမ်းပြေးကျော်မိုးထွန်းရဲ့ သရုပ်အမှန် (၃) ဒါကြောင့် သံအမတ်ဟောင်း ကျော်မိုးထွန်းက ငွေကြေးအရှုပ်အရှင်းရှိနေတဲ့ ဝရမ်းပြေးဖြစ်သလို သူ့မိသားစုနဲ့ သူ့လက်အောက်က သူ့ရဲ့တပည့်များဟာ အမေရိကန်နိုင်ငံထဲ ခိုးဝင်နေထိုင်သူများ ဖြစ်ပါတယ်။ - သူသစ္စာခံ၊ ထောက်ခံနေတဲ့ NUG အဖွဲ့ဟာလည်း ပြည်တွင်း/ပြည်ပထောက်ခံမှုတွေလျော့နည်းလာပြီး ဒီမိုကရေစီအရေးထက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများကြောင့် စုစည်းမှုမရှိတော့တဲ့ နိုင်ငံရေးတပ်ပျက်အဖွဲ့ ဖြစ်နေပါတယ်။ - တစ်ဖက်မှာလည်း မြန်မာအစိုးရသစ်ဟာ ရွေးကောက်ခံအစိုးရဖြစ်သလို ကြီး ၃ ကြီးဖြစ်တဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယအပါအဝင် အိမ်နီးချင်းနိုင်ငံများနဲ့ ဒေသတွင်းနိုင်ငံများရဲ့ အသိအမှတ်ပြုမှုတွေ ရရှိထားပါတယ်။ - ဒါကြောင့် ဒီနှစ်မှာတော့ သံအမတ်ဟောင်း ကျော်မိုးထွန်းရဲ့ ဖုံးကွယ်ထားတဲ့ သရုပ်အမှန်ဟာ ရုပ်လုံးကြွပေါ်လာနေပြီဖြစ်လို့ စက်တင်ဘာ ၈ ရက်နေ့ အတည်ပြုရွေးချယ်လိုက်တဲ့ Credentials Committee နိုင်ငံများ မြန်မာအမြဲတမ်းကိုယ်စားလှယ် ထိုင်ခုံနေရာအတွက် ဝရမ်းပြေး၊ သစ္စာဖောက်၊ သူခိုးကျော်မိုးထွန်းကို ဖယ်ရှားတော့မှာဖြစ်ကြောင်း ယုံကြည်မျှော်လင့်ရပါတယ်။ ခင် ညို ချော စက်တင်ဘာ ၁၁ ရက်

NUG / CRPH ဆိုတာ ပြည်သူကိုလိမ်စားနေတာ။ လူငယ်တွေကို ဂျင်းထည့်နေတာ။ လူငယ်တွေအသက်တွေကို စတေးပြီး ချမ်းသာနေကြပြီ။ သိပ်ရွံဖို့ကောင
NUG / CRPH ဆိုတာ ပြည်သူကိုလိမ်စားနေတာ။ လူငယ်တွေကို ဂျင်းထည့်နေတာ။ လူငယ်တွေအသက်တွေကို စတေးပြီး ချမ်းသာနေကြပြီ။ သိပ်ရွံဖို့ကောင်းတယ်။ သတိထားကြပါ။ ဖိုးမောင်

စက်ရုံများ ကုန်ထုတ်လုပ်မှုလျာထားချက် ပြည့်မီကျော်လွန်အောင် ထုတ်လုပ်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း နေပြည်တော်၊ စက်တင်ဘာ ၁၄
စက်ရုံများ ကုန်ထုတ်လုပ်မှုလျာထားချက် ပြည့်မီကျော်လွန်အောင် ထုတ်လုပ်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း နေပြည်တော်၊ စက်တင်ဘာ ၁၄ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စက်ရုံများအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် သတ်မှတ်ထားသည့် ကုန်ထုတ်လုပ်မှုလျာထားချက်များ ပြည့်မီကျော်လွန်အောင် ထုတ်လုပ်ကြရန် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ကျိုက်ဝိုင်း MSME ဗဟိုဌာန၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းတာဝန်ခံများအား တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ စက်ရုံများအနေဖြင့် ပစ္စည်းချင်းတူပါက အရည်အသွေးပိုမိုကောင်းမွန်ရန်၊ အရည်အသွေးချင်းတူပါက ဈေးနှုန်းပိုမိုသက်သာရန်နှင့် ထုပ်ပိုးမှု ပိုမိုကောင်းမွန်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/စက်ရုံများ-ကုန်ထုတ်လုပ်/

📌 အင်းလျားကန်၌ နိုင်ငံခြားသား အမျိုးသား ရုပ်အလောင်းတစ်လောင်း တွေ့ရှိ 💚 ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အင်းလျား
📌 အင်းလျားကန်၌ နိုင်ငံခြားသား အမျိုးသား ရုပ်အလောင်းတစ်လောင်း တွေ့ရှိ 💚 ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အင်းလျားကန်အတွင်း၌ ယမန်နေ့ နံနက်ပိုင်းက နိုင်ငံခြားသား အမျိုးသား ရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ 💚 သေဆုံးသူမှာ အသက် (၂၀) ကျော်အရွယ်ရှိ ဗီယက်နမ်နိုင်ငံသားတစ်ဦး ဖြစ်သည်ဟု သိရသည်။ 💚 အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းအား မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။ သက်ထား

ဘွဲ့ရကျောင်းသားများ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းရန် တိုက်တွန်း မန္တလေး၊ စက်တင်ဘာ ၁၄ အမျိုး
ဘွဲ့ရကျောင်းသားများ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းရန် တိုက်တွန်း မန္တလေး၊ စက်တင်ဘာ ၁၄ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းဆင်းဘွဲ့ယူကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေး ဆက်လက်ထိန်းသိမ်းစောင့်ရှောက် ကာကွယ်သွားကြရန် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက တိုက်တွန်းပြောကြားသည်။ ဒုတိယဝန်ကြီးသည် ယမန်နေ့က မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အကြိမ် (၂၀) မြောက် ဘွဲ့ယူစွမ်းရည်ပြ ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် စင်တင်တင်ဆက်ပွဲသို့ တက်ရောက်ကြည့်ရှုစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲတွင် ပန်းချီပညာဌာနမှ စတုတ္ထနှစ်၊ ဘွဲ့လွန်အနုပညာဒီပလိုမာတန်းနှင့် မဟာဝိဇ္ဇာတန်း ကျောင်းသား၊ ကျောင်းသူများ၏ ဆီဆေး၊ ရေဆေးနှင့် Acrylic ပန်းချီလက်ရာများကို ပြသထားသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဘွဲ့ရကျောင်းသားများ-ရို/

တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲအမီ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်မည် တောင်ကြီး၊ စက်တင်ဘာ ၁၄ ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြ
တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲအမီ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်မည် တောင်ကြီး၊ စက်တင်ဘာ ၁၄ ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ပေါ်ရှိ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များတွင် လမ်းအမည် လမ်းညွှန်ဆိုင်းဘုတ်များကို တန်ဆောင်တိုင်ပွဲတော် မတိုင်မီ အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနထံမှ သိရသည်။ ယခုတပ်ဆင်မည့် လမ်းညွှန်ဆိုင်းဘုတ်များတွင် တောင်ကြီးမြို့၏ အထိမ်းအမှတ်ဖြစ်သည့် မီးပုံးပျံရုပ်ပုံများ ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အရှေ့၊ အနောက် မြို့ပတ်လမ်းတစ်လျှောက်ရှိ လမ်းသွယ်များတွင် စတင်တပ်ဆင်သွားမည်ဖြစ်သည်။ ထို့ပြင် ပျ-က်စီးနေသည့် လူသွားစင်္ကြန် (ပလက်ဖောင်း) များကို ပြန်လည်ပြုပြင်သွားရန် စီစဥ်နေကြောင်းသိရသည်။ ဆေးရောင်လွင့်ပြယ်ပြီး မထင်မရှားဖြစ်နေသည့် "မဝင်ရ" တစ်လမ်းမောင်း ဆိုင်းဘုတ်များကိုလည်း အသစ်ပြန်လည် လဲလှယ်သွားမည်ဖြစ်သည်ဟု သိရသည်။