ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

前往频道在 Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

显示更多
284
订阅者
无数据24 小时
-27 夊
-1030 夊
帖子存档
နိုင်ငံတော်သမ္မတ ထံသို “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲက လာရေ
+9
နိုင်ငံတော်သမ္မတ ထံသို “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲက လာရောက်ဂါရဝပြုတွေ့ဆုံ 🔹ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ထံသို “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။ 🔹နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် သန္နိဋ္ဌာန်ချမှတ်ပြီး မဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဖိုးမောင်

စစ်မှုထမ်းတာဝန်ကျေပွန်သူများ ပြည်ပအလုပ်အကိုင်ရရှိရေး MOEAA နှင့် ချိတ်ဆက်ဆောင်ရွက် နေပြည်တော်၊ ဩဂုတ် ၄ တာဝန်ကျေပွန်စွာ ထမ်းဆေ
စစ်မှုထမ်းတာဝန်ကျေပွန်သူများ ပြည်ပအလုပ်အကိုင်ရရှိရေး MOEAA နှင့် ချိတ်ဆက်ဆောင်ရွက် နေပြည်တော်၊ ဩဂုတ် ၄ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအနက် ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်လိုသူများအတွက် အလုပ်အကိုင်ရရှိစေရေး မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) နှင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၌ ကျင်းပသည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေးမှ သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/စစ်မှုထမ်းတာဝန်ကျေပွန်-2/

ရန်ကုန်မြိုတွင် မြေအောက်ရထားလမ်း ထည့်သွင်း တည်ဆောက်သွားနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား မ
ရန်ကုန်မြိုတွင် မြေအောက်ရထားလမ်း ထည့်သွင်း တည်ဆောက်သွားနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား မိမိတိုနိုင်ငံအနေဖြင့် လက်ရှိအခြေအနေအရ လျှပ်စစ်ဓာတ်အား လုံလောက်စွာ သုံးစွဲနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက် ရှိနေသဖြင့် ရထားပိုဆောင်ရေးအား အချို လမ်းကြောင်းများတွင် ဘက်ထရီစနစ်သုံး ရထားခေါင်းတွဲများကို ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်ကာ အသုံးပြုနိုင်ရေး အားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ အသွားအလာ များပြားသည့် ရထားလမ်းကူး နေရာများ၌ ရထားလမ်း ခုံးကျော်တံတားများ မဖြစ်မနေ တည်ဆောက်သွားရန်နှင့် ရန်ကုန်မြိုတွင် မြေအောက် ရထားလမ်း ထည့်သွင်း တည်ဆောက်သွားနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရန် လိုကြောင်း ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ပိုဆောင်ရေးဝန်ကြီးဌာန ၊ မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းရုံ(မလွှကုန်း) သိုသွားရောက်ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတ လမ်းညွှန်မှာကြား ပြောကြားခဲ့ခြင်းဖြစ်သည်။ KT August 4

UK တော့ ဒီလိုဖြစ်နေပြီ... သူများနိုင်ငံကို အမြဲအောက်လုံးထိုးတဲ့မိစ္ဆာနိုင်ငံက မိစ္ဆာတွေနဲ့ပဲ တန်ပါတယ်.. မှိုင်းဝေ
UK တော့ ဒီလိုဖြစ်နေပြီ... သူများနိုင်ငံကို အမြဲအောက်လုံးထိုးတဲ့မိစ္ဆာနိုင်ငံက မိစ္ဆာတွေနဲ့ပဲ တန်ပါတယ်.. မှိုင်းဝေ

ငါးနှစ်ကြာ ရပ်နားထားသည့် Scania Marcopolo ဘတ်စ်ကားများ ဆူးလေ–ဒလ ယာဉ်လိုင်းတွင် ပြန်လည်ပြေးဆွဲ ငါးနှစ်ခန့် ရပ်နားထားခဲ့သည့် Sc
ငါးနှစ်ကြာ ရပ်နားထားသည့် Scania Marcopolo ဘတ်စ်ကားများ ဆူးလေ–ဒလ ယာဉ်လိုင်းတွင် ပြန်လည်ပြေးဆွဲ ငါးနှစ်ခန့် ရပ်နားထားခဲ့သည့် Scania Marcopolo Torino Low Entry City Bus များကို ပြန်လည်ပြုပြင်မွမ်းမံ၍ ဆူးလေ–ဒလ (ဝန်ထမ်းအိမ်ရာ) ယာဉ်လိုင်းတွင် ဩဂုတ် ၁ ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်သည်။ - အဆိုပါ ဘတ်စ်ကားများသည် ယခင်က BRT Lite နှင့် YBS ၃၇ ယာဉ်လိုင်းများအဖြစ် ပြေးဆွဲခဲ့သည့် ကားများဖြစ်ကြသည်။ လက်ရှိတွင် ဆူးလေ–ဒလ (ဝန်ထမ်းအိမ်ရာ) အပြင် ဆူးလေ–ဒလ (ကျောင်းရှေ့)၊ ဆူးလေ–ဒလ (ချယ်ရီသင်္ဘောဆိပ်) နှင့် ဒလ–တွံတေး ယာဉ်လိုင်းများတွင်ပါ နေ့စဉ် နံနက် ၅ နာရီမှ ၆ နာရီအတွင်း စတင်ကာ ညနေ ၆ နာရီမှ ၇ နာရီအထိ ပြေးဆွဲပေးလျက်ရှိသည်။ - သက်သောင့်သက်သာရှိသည့် အဆိုပါ ဘတ်စ်ကားများ ပြန်လည်ပြေးဆွဲလာမှုအပေါ် ဒေသခံ ခရီးသွားပြည်သူများက ဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိကြသည်။   KT August 4

ASEAN HYUNDAI CUP ™ 2026 MATCHDAY! Myanmar 🇲🇲 (Vs) 🇱🇦 Laos 📅 Date - 4 August 2026 ⏱️ Time - 4:30 PM (MMT) 🏟 Venue - Thu
ASEAN HYUNDAI CUP ™ 2026 MATCHDAY! Myanmar 🇲🇲 (Vs) 🇱🇦 Laos 📅 Date - 4 August 2026 ⏱️ Time - 4:30 PM (MMT) 🏟 Venue - Thuwuanna Stadium, Yangon

အနောက်နိုင်ငံတွေဘက်က ရင့်ကျက်တဲ့ ချဉ်းကပ်မှုရှိရင် ယူကရိန်းကိစ္စ ဆွေးနွေးဖို့ ရုရှား အသင့်ရှိ အနောက်နိုင်ငံတွေဘက်က အပြုသဘောဆေ
အနောက်နိုင်ငံတွေဘက်က ရင့်ကျက်တဲ့ ချဉ်းကပ်မှုရှိရင် ယူကရိန်းကိစ္စ ဆွေးနွေးဖို့ ရုရှား အသင့်ရှိ အနောက်နိုင်ငံတွေဘက်က အပြုသဘောဆောင်ပြီး ရင့်ကျက်တဲ့ ချဉ်းကပ်မှုမျိုး ရှိလာမယ်ဆိုရင် ယူကရိန်းကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတွေလုပ်ဖို့ ရုရှားဖက်က တံခါးဖွင့်ထားပါတယ်လို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာခေးလ် ဂါလူဇင်(Mikhail Galuzin) က TASS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ တတိယအကြိမ်မြောက် ကာဇက်စတန်-ရုရှား မီဒီယာဖိုရမ်ရဲ့ ဘေးထွက်ဆွေးနွေးပွဲတစ်ခုမှာ သူက"ကျနော်တို့ဘက်ကတော့ တွေ့ဆုံဆွေးနွေးဖို့ အမြဲအသင့်ရှိနေသလို၊ ဆွေးနွေးပွဲကနေတစ်ဆင့် အဖြေရှာဖို့လည်း အမြဲတံခါးဖွင့်ထားပါတယ်။ ဒါကိုလည်း ထပ်ခါတလဲလဲ သက်သေပြခဲ့ပြီးသားပါ။ ဆွေးနွေးပွဲကနေ နှုတ်ထွက်သွားတာ၊ ဆွေးနွေးပွဲမလုပ်ဖို့ မိမိဘာသာ ပိတ်ပင်လိုက်တာနဲ့ ပြောရရင် အမျိုးမျိုး မတည်မငြိမ် မူမမှန် လုပ်ခဲ့တာက တစ်ဖက် ယူကရိန်းဘက်ကပဲ ဖြစ်ပါတယ်" လို့ ပြောခဲ့တာပါ။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/အနောက်နိုင်ငံတွေဘက်က-ရင/

ကျောက်ခတ် ကျားဖြန့် ဖြိုခွင်းမှုနှင့် နောက်ဆက်တွဲဖြစ်စဉ် 🔹ဇူလိုင်လအတွင်း မြဝတီမြို့နယ်၊ ကျောက်ခတ်ဒေသ၌ ကျားဖြန့်လုပ်ကိုင်သူ ၇
ကျောက်ခတ် ကျားဖြန့် ဖြိုခွင်းမှုနှင့် နောက်ဆက်တွဲဖြစ်စဉ် 🔹ဇူလိုင်လအတွင်း မြဝတီမြို့နယ်၊ ကျောက်ခတ်ဒေသ၌ ကျားဖြန့်လုပ်ကိုင်သူ ၇၇၇ ဦး နှင့်အတူ Starlink ဗန်း၊ ကွန်ပျူတာ၊ ဖုန်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ နောက်ဆက်တွဲရရှိသည့် သတင်း - 🔹KNLA နှင့် PDF ပူးပေါင်းအဖွဲ့မှ ငွေကြေးယူ၍ လွတ်မြောက်အောင် ကူညီခြင်း တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများဖြစ်နေစဉ် ဇူလိုင် ၁၇ နှင့် ၁၈ ရက်တို့တွင် KNLA/PDF ပူးပေါင်းအဖွဲ့သည် အွန်လိုင်းငွေလိမ်လည်မှုလုပ်ကိုင်သူ ပြည်ပနိုင်ငံသား ၂၁၀ ခန့်ထံမှ အခကြေးငွေယူ၍ ကျောက်ခတ်-ဝေါလေ လမ်းကြောင်းအတိုင်း မြန်မာ-ထိုင်းနယ်စပ်အထိ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ ၎င်းတို့ အား ဖမ်းဆီးရရှိမှုမရှိပဲထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းသိရသည်။
နိုင်ငံတကာ အွန်လိုင်းငွေလိမ်မှု တိုက်ဖျက်ရေးနှင့် ဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းနေချိန်တွင် ဒုစရိုက်သမားများထံမှ ကိုယ်ကျိုးစီးပွားယူ၍ အကာအကွယ်ပေးခဲ့သည့် ယခုလုပ်ရပ်သည် ဒေသတွင်း တည်ငြိမ်ရေးကို ပျက်စီးစေပြီး လုံးဝလက်ခံနိုင်ဖွယ်မရှိသည့် ရှုံ့ချထိုက်သော လုပ်ရပ် ဖြစ်သည်။
ဖိုးမောင်

⚠️ EAO အဖွဲ့အစည်းအချို့ ကျောက်ခတ်ဒေသရှိ ကျားဖြန့်အဖွဲ့များထံမှ အခကြေးငွေယူ၍ မြန်မာ-ထိုင်းနယ်စပ်သို့ ပို့ဆောင်ပေးနေ တိုင်းရင်း
+3
⚠️ EAO အဖွဲ့အစည်းအချို့ ကျောက်ခတ်ဒေသရှိ ကျားဖြန့်အဖွဲ့များထံမှ အခကြေးငွေယူ၍ မြန်မာ-ထိုင်းနယ်စပ်သို့ ပို့ဆောင်ပေးနေ
တိုင်းရင်းသားလက်နက်ကိုင် (EAO) အဖွဲ့အစည်းအချို့သည် ကျောက်ခတ်ဒေသအတွင်း အခြေစိုက်လှုပ်ရှားနေသည့် ကျားဖြန့် (အွန်လိုင်းငွေလိမ်) အဖွဲ့များထံမှ အခကြေးငွေ ရယူကာ ၎င်းတို့အား မြန်မာ-ထိုင်းနယ်စပ်သို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။
🔹 အဆိုပါ လုပ်ရပ်များကြောင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ #Myanmar #KyaukKhat #OnlineScam #BorderNews #LocalNews ဖိုးမောင်

မန္တလေးငလျင် ပြန်လည်ထူထောင်ရေးအတွက် ချေးငွေကျပ် ၆ ဒသမ ၈၆ ဘီလီယံ အတည်ပြု နေပြည်တော်၊ ဩဂုတ် ၄ အင်အားပြင်း မန္တလေးငလျင်ဒဏ်ခံခဲ့ရ
မန္တလေးငလျင် ပြန်လည်ထူထောင်ရေးအတွက် ချေးငွေကျပ် ၆ ဒသမ ၈၆ ဘီလီယံ အတည်ပြု နေပြည်တော်၊ ဩဂုတ် ၄ အင်အားပြင်း မန္တလေးငလျင်ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေကျပ် ၆ ဒသမ ၈၆ ဘီလီယံကို ရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီက အတည်ပြုပေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိ ဇမ္ဗူသီရိခန်းမ၌ ဩဂုတ် ၃ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပသည့် အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီ (၂/၂၀၂၆) အစည်းအဝေးတွင် ယင်းသို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ချေးငွေအစီအစဉ်၌ ခွင့်ပြုထားသည့် ဘဏ် ၁၀ ဘဏ်နှင့် Finance Company ၂ ခုအနက် အဆိုပါအစည်းအဝေးတွင် ဘဏ် ၆ ဘဏ်နှင့် Finance Company ၁ ခုတို့က တင်ပြလာသည့် ချေးငွေအမှုတွဲ ၁၁ ခုကို စိစစ်ခဲ့ရာ နိုင်ငံ့ဝန်ထမ်း ၃ ဦးနှင့် လုပ်ငန်း ၇ ခုအပါအဝင်  စုစုပေါင်း ချေးငွေ ၁၀ ခုအတွက် ကျပ် ၆ ဒသမ ၈၆ ဘီလီယံကို ဗဟိုကော်မတီက အတည်ပြုပေးခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/မန္တလေးငလျင်-ပြန်လည်ထူ-2/

📌 အမရပူရမြို့နယ်တွင် ကျပ်သိန်း ၄,၄၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၇ ဒသမ ၆ ကီလို ဖမ်းဆီးရမိ 💚 မန္တလေးတိုင်း၊ အမရပူရမြို့နယ် မင်းတည်း
📌 အမရပူရမြို့နယ်တွင် ကျပ်သိန်း ၄,၄၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၇ ဒသမ ၆ ကီလို ဖမ်းဆီးရမိ 💚 မန္တလေးတိုင်း၊ အမရပူရမြို့နယ် မင်းတည်းကုန်းကျေးရွာအနီးတွင် ဇူလိုင် (၂၈) ရက် ညပိုင်းက ဆိုင်ကယ် (၄) စီးဖြင့် သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုး ကျပ်သိန်း ၄,၄၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၇ ဒသမ ၆ ကီလိုနှင့် လက်ကိုင်ဖုန်း (၅) လုံးကို ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ထုတ်ပြန်သည်။ 💚 ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ မြင့်ဦး၊ မျိုးဇော်ဦး(ခ)သာကျော်၊ ရဲထွန်းနှင့် မောင်ဝင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက် တရားခံများကိုလည်း ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ သက်ထား

🙏🙏🙏 နံနက်ခင်း မေတ္တာပို့ ဆုတောင်း 💚သုံးဆယ့်တစ်ဘုံ၌ ကျင်လည်ကြကုန်သော လူ၊နတ်၊ဗြဟ္မာ၊သတ္တဝါအပေါင်းတို့သည်..... 💚ဘေးရန် ခပ်သ
🙏🙏🙏 နံနက်ခင်း မေတ္တာပို့ ဆုတောင်း 💚သုံးဆယ့်တစ်ဘုံ၌ ကျင်လည်ကြကုန်သော  လူ၊နတ်၊ဗြဟ္မာ၊သတ္တဝါအပေါင်းတို့သည်..... 💚ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ.. 💚ဒေါသခပ်သိမ်း ငြိမ်းကြပါစေ.. 💚ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ.. 💚နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ.. သူတော်စိတ်မြတ် အငြိမ်းဓာတ် လွှမ်းပတ် ကမ္ဘာတည်ပါစေ မေတ္တာစိတ်မြတ် အအေးဓာတ် လွှမ်းပတ်ကမ္ဘာခြုံပါစေ 💚သတ္တဝါမှန်သမျှ ဘေးမခ အေးမြချမ်းသာရှိပါစေ သတ္တဝါမှန်သရွေ့တရားတွေ့ ၊ ချမ်းမြေ့သာယာရှိပါစေ 🙏🙏🙏

📌 နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည် 💚 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင
+1
📌 နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည် 💚 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင် ချာရီကူအန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည်ဖြစ်သည်။ 💚 ခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံ ဆွေးနွေးမည့်အပြင် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကို လက်ခံတွေ့ဆုံခြင်းနှင့် စီးပွားရေးဖိုရမ်သို့ တက်ရောက်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။ 💚 ဆွေးနွေးပွဲများတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရေး ပိုမိုခိုင်မာစေရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်သွားမည်ဖြစ်ပြီး ခရီးစဉ်သို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားမည်ဖြစ်သည်။ သက်ထား

📌 တရုတ် ကန်စုပြည်နယ် ရေကြီး မြေပြိုမှုတွင် သေဆုံးသူဦးရေ ၂၅ ဦးအထိ တိုးလာ 💚 တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်စုပြည်နယ်တွင်
📌 တရုတ် ကန်စုပြည်နယ် ရေကြီး မြေပြိုမှုတွင် သေဆုံးသူဦးရေ ၂၅ ဦးအထိ တိုးလာ 💚 တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်စုပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ ၂၅ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူ ၂၃ ဦး ရှိလာကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ 💚 ဇူလိုင်လ ၂၆ ရက်နေ့က ကန်စုပြည်နယ် တင်းရှီမြို့ Weiyuan ကောင်တီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့သည်ဟု ကနဦး သတင်းထုတ်ပြန်ခဲ့သော်လည်း အကဲဖြတ် စုံစမ်းမှုများ နောက်ဆက်တွဲ ပြုလုပ်ခဲ့ပြီးနောက် သေဆုံးသူဦးရေ ထပ်မံတိုးလာခြင်းဖြစ်သည်။ 💚 စုံစမ်းစစ်ဆေးမှုများနှင့် အကဲဖြတ်တွက်ချက်မှုများ ပြုလုပ်ရန် ကန်စုပြည်နယ်အာဏာပိုင်များက နိုင်ငံတော် သဘာဝဘေးကာကွယ်ရေး၊ လျှော့ချရေးနှင့် ကယ်ဆယ်ရေးကော်မရှင်သို့ အကူအညီတောင်းခံထားကြောင်း သိရသည်။ သက်ထား

မွှေစုက ICRC နဲ့တွေ့တဲ့အထိမ်းအမှတ်အဖြစ် ယနေ့အရက်သောက်မည်ဖြစ်ကြောင်း ကိုရည်မွန်ပြော.. နောက်ရက်ကြရင် နောက်ထပ် ခေါင်းစဉ်တစ်ခုပေါ
မွှေစုက ICRC နဲ့တွေ့တဲ့အထိမ်းအမှတ်အဖြစ် ယနေ့အရက်သောက်မည်ဖြစ်ကြောင်း ကိုရည်မွန်ပြော.. နောက်ရက်ကြရင် နောက်ထပ် ခေါင်းစဉ်တစ်ခုပေါ့ ခ်ခ် မှိုင်းဝေ

📌 ဝါရှင်တန်ပြည်နယ်၌ တောမီးအရှိန်ပြင်းထန်နေသဖြင့် လူ ၆၀,၀၀၀ ခန့်အား အရေးပေါ်ရွှေ့ပြောင်းခိုင်း 💚 အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပ
📌 ဝါရှင်တန်ပြည်နယ်၌ တောမီးအရှိန်ပြင်းထန်နေသဖြင့် လူ ၆၀,၀၀၀ ခန့်အား အရေးပေါ်ရွှေ့ပြောင်းခိုင်း 💚 အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Spokane နှင့် အနီးပတ်ဝန်းကျင်တွင် တောမီးအပြင်းအထန် လောင်ကျွမ်းနေသဖြင့် ဒေသခံ ၆၀,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်ထားသည်။ 💚 အဆိုပါ တောမီးကြောင့် နေအိမ်နှင့် စီးပွားရေးအဆောက်အအုံ ၆၀ ကျော် အပါအဝင် အဆောက်အအုံ စုစုပေါင်း ၆၀၀ ခန့် ပျက်စီးခဲ့ရပြီး ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။ သက်ထား

📌 ဟော်မုဇ်ရေလက်ကြား ပိတ်လိုက်သဖြင့် ကမ္ဘာ့ရေနံဈေး အရှိန်အဟုန်ဖြင့် မြင့်တက် 💚 အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် ထပ်မံတ
📌 ဟော်မုဇ်ရေလက်ကြား ပိတ်လိုက်သဖြင့် ကမ္ဘာ့ရေနံဈေး အရှိန်အဟုန်ဖြင့် မြင့်တက် 💚 အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် ထပ်မံတိုက်ခိုက်မည့် အစီအစဉ်ကို ယာယီရပ်ဆိုင်းလိုက်ပြီးနောက် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်သဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့သည်။ 💚 ကမ္ဘာ့ရေနံတင်ပို့မှု၏ အဓိကလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရမှုကြောင့် စွမ်းအင်ထောက်ပံ့မှု ပြတ်တောက်နိုင်သည့် စိုးရိမ်မှုများကြောင့် Brent ရေနံစိမ်းဈေးမှာ တစ်စည်လျှင် ၉၅.၄၀ ဒေါ်လာ၊ WTI ရေနံစိမ်းဈေးမှာ ၉၂.၆၃ ဒေါ်လာအထိ မြင့်တက်သွားကြောင်း သိရသည်။ သက်ထား