👩🏻🦰✍🏻သက်ထား
前往频道在 Telegram
285
订阅者
-224 小时
+17 天
-630 天
帖子存档
285
Repost from ဖိုးမောင်
မြန်မာနိုင်ငံအပေါ် အာဆီယံ၏ စီးပွားရေးမျှော်မှန်းချက်နှင့် အနာဂတ်အလားအလာ
အရှေ့တောင်အာရှဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သဘာဝအရင်းအမြစ်များ ပေါများခြင်း၊ ပထဝီဝင်အနေအထား အားသာခြင်းနှင့် လူဦးရေဈေးကွက် ကျယ်ပြန့်ခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် အာဆီယံဒေသအတွင်း စီးပွားရေးအရ အလားအလာကောင်းများစွာ ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။ ထို့ကြောင့် အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို စောင့်ကြည့်လျက်ရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအပေါ် မျှော်လင့်ချက်များ ထားရှိလျက်ရှိသည်။
မြန်မာနိုင်ငံ၏ အရေးပါမှုကို အာဆီယံက ပထဝီဝင်အနေအထားမှ စတင်မြင်တွေ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကဲ့သို့ ကမ္ဘာ့အကြီးဆုံးဈေးကွက်များနှင့် အာဆီယံဒေသကို ချိတ်ဆက်ပေးသော တံခါးပေါက်တစ်ခုဖြစ်သည်။
ထို့ပြင် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရှိခြင်းကြောင့် ဒေသတွင်း ကုန်သွယ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးကွန်ရက်များအတွက် မဟာဗျူဟာကျသော နေရာတစ်ခုအဖြစ် သတ်မှတ်ခံရသည်။
စီးပွားရေးရှုထောင့်မှ ကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ စွမ်းအင်၊ သတ္တုတူးဖော်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အခွင့်အလမ်းများစွာ ရှိနေဆဲဖြစ်သည်။ လူငယ်လုပ်သားအင်အား များပြားခြင်းနှင့် ဖွံ့ဖြိုးဆဲဈေးကွက်ဖြစ်ခြင်းတို့သည် ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုတစ်ရပ် ဖြစ်နေဆဲဖြစ်သည်။ အာဆီယံနိုင်ငံများသည် မြန်မာနိုင်ငံတွင် စီးပွားရေးတည်ငြိမ်မှု ပြန်လည်ရရှိလာပါက ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာနိုင်မည်ဟု ယုံကြည်ကြသည်။
သို့သော် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံရေးမတည်ငြိမ်မှု၊ လုံခြုံရေးဆိုင်ရာ ပြဿနာများ၊ ငွေကြေးမတည်ငြိမ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့နည်းလာခြင်းတို့သည် စီးပွားရေးတိုးတက်မှုအပေါ် သက်ရောက်မှုရှိနေသည်။ ထိုအခြေအနေများကြောင့် အာဆီယံ၏ စီးပွားရေးမျှော်မှန်းချက်များသည် လက်ရှိတွင် သတိထားစောင့်ကြည့်ရသည့် အနေအထား၌ ရှိနေသည်။
သို့ရာတွင် အာဆီယံ၏ ရေရှည်အမြင်မှာ မြန်မာနိုင်ငံ၏ အလားအလာအပေါ် အကောင်းမြင်သဘောထားရှိနေဆဲဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပြန်လည်တည်ဆောက်နိုင်ပါက အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းကုန်သွယ်ရေး တိုးချဲ့ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ဝင်ရောက်လာရေးတို့သည် မြန်မာ့စီးပွားရေး ပြန်လည်နိုးထလာစေရန် အထောက်အကူပြုမည်ဖြစ်သည်။ ထို့အပြင် ဒစ်ဂျစ်တယ်စီးပွားရေး၊ စွမ်းအင်ကဏ္ဍနှင့် ထုတ်လုပ်ရေးလုပ်ငန်းများတွင် အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာနိုင်သည်။
နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံသည် အာဆီယံအတွက် စီးပွားရေးအရ အရေးပါသော အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်နေဆဲဖြစ်သည်။ လက်ရှိစိန်ခေါ်မှုများကြားတွင်ပင် အနာဂတ်အလားအလာကောင်းများ ရှိနေသေးကြောင်း အာဆီယံ၏ စီးပွားရေးအမြင်က ဖော်ပြနေသည်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံသည် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသော မောင်းနှင်အားတစ်ခုအဖြစ် ပြန်လည်ရပ်တည်လာနိုင်မည် ဖြစ်သည်။
ဖိုးမောင်
285
Repost from သီဟဝဏ္ဏ
မျက်မှောက်ခေတ် ကမ္ဘာ့အားပြိုင်မှုအလယ်က မြန်မာ့ပထဝီနိုင်ငံရေးနှင့် စစ်ရေး(၃)
စစ်ရေးအပြင် အခြားရင်နာဖွယ်ကောင်းသော ပြည်တွင်းဖြစ်စဉ်တစ်ခုမှာ အဝေးရောက် ဝရမ်းပြေး NUG ခေါင်းဆောင်များ (ဇော်ဝေစိုး၊ ရည်မွန်၊ မန်းဝင်းခိုင်သန်း) တို့၏ သွေးထိုးမြှောက်ပင့်မှုကြောင့် လမ်းမှားရောက်နေကြသည့် PDF အမျိုးသမီးငယ်များ၏ ဘဝဖြစ်သည်။ ၎င်းခေါင်းဆောင်ဆိုသူများ၏ သားသမီးများသည် ပြည်ပတွင် ဘေးကင်းလုံခြုံစွာ အပွန်းအပဲ့မခံဘဲ နေထိုင်နေကြသော်လည်း မြေပြင်ရှိ PDF အမျိုးသမီးငယ်များမှာမူ တောထဲတောင်ထဲ၌ ရစရာမရှိအောင် နှိပ်စက်ညှဉ်းဆဲမှုများနှင့် ကိုယ်ထိလက်ရောက် စော်ကားခံရမှုများဟူသည့် လောကငရဲကို ရင်ဆိုင်နေကြရသည်။ တပ်မတော်အနေဖြင့် စစ်ရေးအရ နှိမ်နင်းရုံသာမက ဤသို့လမ်းမှားရောက်ကာ ဒုက္ခတွင်းနက်နေရသည့် PDF ညီငယ်၊ ညီမငယ်များအား ဂရုဏာသက်စွာဖြင့် လမ်းမှန်ပြန်လှည့်လာပြီး မိခင်ရင်ခွင်ထံ အမြန်ဆုံးပြန်လာကြရန်၊ လမ်းမှန်ပြန်လျှောက်မည့်သူများကို နွေးထွေးစွာ ကြိုဆိုလက်ခံမည့် မူဝါဒကိုပါ ပူးတွဲကျင့်သုံးလျက်ရှိသည်။
-
၂၀၂၆ နိုင်ငံရေးအခင်းအကျင်းသစ်
အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် သတိပြုရမည့် အဓိကအချက်မှာ မြန်မာ့နိုင်ငံရေးသည် ယခင်နှစ်များက အခြေအနေတွင် ရပ်တန့်မနေဘဲ တိုးတက်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မြန်မာ နိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် နိုင်ငံရေးပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို လွတ်လပ်ပွင့်လင်းပြီး တရားမျှတစွာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ အသိသက်သေများရှေ့မှောက်တွင် ပြည်သူလူထုကိုယ်တိုင် ဆန္ဒမဲပေးကာ ရွေးကောက်တင်မြှောက်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် စနစ်တကျ ဖွဲ့စည်းထားသော ရွေးကောက်ခံအစိုးရသစ်တစ်ရပ်သည် နိုင်ငံတော်တွင် အခိုင်အမာ ပေါ်ထွန်းလာခဲ့ပြီး ဖြစ်သည်။
-
ထို့ကြောင့် အာဆီယံအဖွဲ့ကြီးက မြန်မာ့အရေးကို ဆွေးနွေးသည့်အခါတိုင်း လက်ကိုင်တုတ်တစ်ခုလို အမြဲကိုင်စွဲနေသည့် "တူညီဆန္ဒ ၅ ရပ် (Five-Point Consensus)" ဆိုသည်မှာ ယနေ့ ၂၀၂၆ ခုနှစ်၏ မြေပြင်ပကတိ အခြေအနေမှန်များနှင့် လုံးဝကိုက်ညီမှု မရှိတော့ပါ။ ဤတူညီဆန္ဒ ၅ ရပ်သည် စတင်ချမှတ်စဉ်ကတည်းက မြန်မာနိုင်ငံဘက်က တရားဝင်သဘောတူညီချက် မပါဝင်ဘဲ တစ်ဖက်သတ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သော်လည်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ မူဘောင်များကို အပြုသဘောဆောင် နားလည်မှုပေးကာ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တည်ဆဲဥပဒေများကို မထိခိုက်သရွေ့ အတတ်နိုင်ဆုံး ဆက်စပ်ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။
-
မဟာဗျူဟာမြောက် ရွေးချယ်မှု
အကယ်၍သာ အာဆီယံအဖွဲ့ကြီးအနေဖြင့် ခိုင်လုံသော အကျိုးအကြောင်း ဆီလျော်မှုမရှိဘဲ အနောက်အုပ်စု၏ လိုလားချက်များကိုသာ လိုက်နာလုပ်ဆောင်နေရသည့် ကြားခံ (Proxy) အဖွဲ့အစည်းအဖြစ် ဆက်လက်ရပ်တည်ကာ မြန်မာနိုင်ငံအပေါ် ဝိုင်းဝန်းပိတ်ဆို့ပြီး ဖယ်ကျဉ် နေဦးမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံစုံပူးပေါင်းပါဝင်သည့် လမ်းကြောင်း (Multilateralism) ကို အပြီးတိုင် စွန့်လွှတ်သွားရဖွယ် ရှိသည်။ ထိုသို့ဖြစ်လာပါက အနာဂတ်တွင် မြန်မာနိုင်ငံသည် မိမိအပေါ် မဟာဗျူဟာမြောက် နားလည်မှုအပြည့်အဝရှိသည့် မိတ်ဖက်နိုင်ငံကြီးများနှင့်သာ နှစ်နိုင်ငံ သီးသန့်အကျိုးတူပူးပေါင်းဆောင်ရွက်သည့် မူဝါဒ (Bilateralism) သို့ အပြည့်အဝ ပြောင်းလဲကျင့်သုံး သွားနိုင်ခြေ ရှိသည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
KoThet
TREND ဂျာနယ်ပါ ဆောင်းပါး
✍️ KT June 5
285
Repost from သီဟဝဏ္ဏ
မျက်မှောက်ခေတ် ကမ္ဘာ့အားပြိုင်မှုအလယ်က မြန်မာ့ပထဝီနိုင်ငံရေးနှင့် စစ်ရေး(၂)
ဘင်္ဂလားပင်လယ်အော် စစ်ရေးမျက်နှာစာသစ်နှင့် ဒေသတွင်းအန္တရာယ်
ပထဝီစစ်ရေးဗျူဟာ (Geo-strategy) အမြင်အရ မျက်မှောက်ခေတ်တွင် အထူးအရေးပါပြီး သတိထားစောင့်ကြည့်ရမည့် အခြေအနေမှာ မြန်မာ့အနောက်ဘက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြောင်းလဲလာသော စစ်ရေးခြေလှမ်းများဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရသစ်သည် အမေရိကန် ပြည်ထောင်စုနှင့် ဝါရှင်တန်မြို့တွင် မဟာဗျူဟာမြောက် နားလည်မှုစာချွန်လွှာ (MOU) အား လက်မှတ် ရေးထိုးခဲ့သည်။ ဤစာချုပ်၏ အဓိကသော့ချက်မှာ မြန်မာ့ရခိုင်ကမ်းရိုးတန်းနှင့် ကပ်လျက်တည်ရှိသော စစ်တကောင်းဆိပ်ကမ်း (Chittagong Port) အား အဆင့်မြှင့်တင်ရန်နှင့် အမေရိကန်ရေတပ် စစ်သင်္ဘောများအား ကမ်းကပ်အခြေပြုခွင့်ပြုရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
-
ဤခြေလှမ်းသည် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ အနောက်အုပ်စု၏ စစ်ရေးအင်အား တရားဝင် ဝင်ရောက်စွက်ဖက်ခွင့်ရရှိရန် တံခါးဖွင့်ပေးလိုက်ခြင်းဖြစ်သည်။ အမေရိကန်ရေတပ်သည် အိန္ဒိယ သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအကြား အချက်အချာကျသော ရေကြောင်းထိန်းချုပ်မှု (Maritime Control) ရရှိရန် ကြိုးပမ်းသည့်အနေဖြင့် စစ်တကောင်းဆိပ်ကမ်းကို အသုံးချလာခြင်း ဖြစ်သည်။ ဤအခြေအနေသည် မြန်မာနိုင်ငံ၏ အနောက်ဘက်ရေပိုင်နက်နှင့် ရခိုင်ပြည်နယ်၏ လုံခြုံရေးအတွက် တိုက်ရိုက်စိန်ခေါ်မှုအသစ်တစ်ရပ် ဖြစ်လာစေပြီး ဒေသတွင်း ပထဝီဝင်စစ်ရေးပြိုင်ဆိုင်မှုကို ပိုမိုပြင်းထန် လာစေသည်။ မြန်မာ့ရေတပ်အနေဖြင့်လည်း ဘင်္ဂလားပင်လယ်အော်အတွင်း မိမိ၏ အချုပ်အခြာ အာဏာနှင့် ရေကြောင်းအကျိုးစီးပွားကို ကာကွယ်ရန်အတွက် ကာကွယ်ရေးဗျူဟာများကို တိုးမြှင့် ပြင်ဆင်ရမည့် ပထဝီစစ်ရေးမျက်နှာစာသစ် တစ်ရပ် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
-
ပြည်တွင်းစစ်ရေးဆန်းစစ်ချက်၊ နယ်မြေစိုးမိုးရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးကို တုံ့ပြန်ခြင်း
ပြည်တွင်းစစ်ရေးမျက်နှာစာကို ဆန်းစစ်ကြည့်လျှင် တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် အကြမ်းဖက်အဖွဲ့များကို အရှိန်အဟုန်ဖြင့် စစ်ဆင်ရေးများ ဆောင်ရွက် လျက်ရှိသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် အချို့ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများ၌ တပ်မတော်သည် ထိရောက်သော လေကြောင်းပစ်ကူများနှင့် မြေပြင်ထိုးစစ်များကို ပေါင်းစပ် အသုံးချကာ အကြမ်းဖက်သူပုန်စခန်းများကို ပစ်မှတ်ထား ချေမှုန်းလျက်ရှိသည်။ ထိရောက်သော လေကြောင်းပစ်ကူပေးနိုင်ခြင်းသည် စစ်မြေပြင်တွင် စစ်ရေးအရ အသာစီးရယူနိုင်ရန် နည်းဗျူဟာမြောက် ဆောင်ရွက်မှုပင်ဖြစ်သည်။
-
တစ်ဖက်တွင်လည်း အကြမ်းဖက်အဖွဲ့များသည် လူမှုကွန်ရက်စာမျက်နှာများပေါ်၌ သတင်းအတု၊ သတင်းအမှားများနှင့် လုပ်ကြံဝါဒဖြန့်မှု (Propaganda) များကို အသုံးချကာ ၎င်းတို့ကိုယ်ကို တွန်းအား (Motivation) ပေးရန် ကြိုးပမ်းနေကြသည်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲဒေသကဲ့သို့ နေရာမျိုးတွင် ရန်သူသည် မြေပြင်၌ အထိနာကာ ဖရိုဖရဲဆုတ်ခွာထွက်ပြေးနေရသော်လည်း သတင်းအမှားများဖြင့် ပြည်သူလူထုအား အထင်အမြင်လွဲမှားအောင် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များက ပြည်ဖျက်မီဒီယာများဖြင့် လက်ဝါးချင်းရိုက်ပြီး လုပ်ဆောင်လျက်ရှိသည်။ တပ်မတော်အနေဖြင့် နယ်မြေစိုးမိုးရေး စစ်ဆင်ရေးများကို အရှိန်မြှင့်တင်နေပြီး၊ မကြာခင်ကာလအတွင်း နယ်မြေတည်ငြိမ်မှု သတင်းကောင်းများ ပေါ်ထွက်လာတော့မည်ဖြစ်သည်။
TREND ဂျာနယ်ပါ ဆောင်းပါး
✍️ KT June 5
285
Repost from သီဟဝဏ္ဏ
မျက်မှောက်ခေတ် ကမ္ဘာ့အားပြိုင်မှုအလယ်က မြန်မာ့ပထဝီနိုင်ငံရေးနှင့် စစ်ရေး(၁)
ကမ္ဘာ့ပထဝီဝင်၏ ဗဟိုချက်နှင့် မြန်မာ့မြေ
ကမ္ဘာ့ပထဝီနိုင်ငံရေး (Geopolitics) သမိုင်းတစ်လျှောက်တွင် နိုင်ငံတစ်နိုင်ငံ၏ တည်နေရာသည် ထိုနိုင်ငံ၏ ကံကြမ္မာကို ပြဋ္ဌာန်းသက်ရောက်လေ့ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနှင့် စီးပွားရေး၊ စစ်ရေးအင်အား အရှိန်အဟုန်ဖြင့် ထိုးတက်နေသော စူပါပါဝါ နိုင်ငံကြီးနှစ်ခုဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြားတွင် မဟာဗျူဟာမြောက် ပေါင်းကူးတံတားသဖွယ် တည်ရှိနေသည်။ ထို့ပြင် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) ၏ တံခါးဝဖြစ်ပြီး၊ သမုဒ္ဒရာနှစ်စင်း အားပြိုင်မှုကို အဆုံးအဖြတ် ပေးနိုင်သည့် ဘင်္ဂလားပင်လယ်အော်နှင့်ကပ်လျက် မဟာဗျူဟာမြောက် ရေကြောင်းလမ်းမကြီးပေါ်တွင် တည်ရှိနေခြင်းကြောင့် အနောက်အုပ်စုနှင့် အရှေ့အုပ်စုတို့၏ အားပြိုင်မှုဗဟိုချက် ဖြစ်လာခဲ့သည်။
-
လက်ရှိ ၂၀၂၆ ခုနှစ်အတွင်း ဖြစ်ပေါ်တိုးတက်လာသော ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊ စစ်ရေး အပြောင်းအလဲများသည် မြန်မာ့ပထဝီဝင်အနေအထားကို ပိုမိုအကဲဆတ်လာစေသည်။ ပြည်တွင်း၌ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေရချိန်တွင် ပြည်ပမှ ပထဝီဝင် စစ်ရေးမျက်နှာစာ အသစ်များ ပေါ်ပေါက်လာခြင်းကြောင့် မြန်မာ့အချုပ်အခြာအာဏာ ကာကွယ်ရေးသည် အမျိုးသားရေး အဆင့် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
-
အာဆီယံတွင်း အက်ကြောင်းများနှင့် အနောက်အုပ်စု၏ ကြိုးဆွဲမှု
အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့သည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အာဆီယံထိပ်သီး အစည်းအဝေးများနှင့် နိုင်ငံတကာ သံတမန်ရေးရာစင်မြင့်များတွင် မြန်မာ့အရေးကို အသုံးချကာ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းမှုများကို မကြာခဏ တွေ့မြင်ခဲ့ရသည်။ အထူးသဖြင့် အနောက်အုပ်စု၏ မဟာဗျူဟာမြောက် သြဇာလွှမ်းမိုးမှုကို ခံနေရသည့် စင်ကာပူနိုင်ငံကဲ့သို့ အာဆီယံအဖွဲ့ဝင် အချို့နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ဖိအားပေးရန် ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာကြသည်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Vivian Balakrishnan ၏ ထုတ်ဖော် ပြောဆိုချက်များသည် အာဆီယံ၏ အခြေခံအကျဆုံး ပင်မမူဝါဒဖြစ်သည့် "အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရ (Non-Interference)" ဟူသည့် မူကို ချိုးဖောက်ကာ အဖွဲ့ကြီးအတွင်း သံတမန်ရေးရာ အက်ကြောင်းများ ပေါ်ပေါက်စေရန် အစပျိုးခဲ့သည်။
-
အနောက်နိုင်ငံများသည် ၎င်းတို့၏ ကြားခံ (Proxy) နယ်ရုပ်များမှတစ်ဆင့် အဂတိလိုက်စားမှုကြောင့် တည်ဆဲဥပဒေအရ အရေးယူခံထားရသည့် အကျင့်ပျက်ခေါင်းဆောင်ဟောင်းများကို ပြန်လွှတ် ပေးရန်နှင့် နိုင်ငံရေးစားပွဲဝိုင်းသို့ ပြန်လည်ခေါ်ဆောင်လာရန် ဖိအားပေးလျက်ရှိသည်။ ဤလုပ်ရပ်သည် နိုင်ငံတကာဥပဒေကြောင်းအရ လုံးဝအဓိပ္ပာယ်ကင်းမဲ့ပြီး နိုင်ငံတစ်နိုင်ငံ၏ တရားစီရင်ရေးအာဏာကို စော်ကားခြင်းဖြစ်သည်။ အနောက်ယိမ်းမူဝါဒကို ကျင့်သုံးချင်သည့် နိုင်ငံများသည် မိမိတို့တစ်နိုင်ငံ တည်း၏ ဆန္ဒအရသာ လုပ်ဆောင်သင့်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးအပေါ် ဖိအားပေး၍ မရနိုင်ပေ။
-
သို့သော်လည်း ပထဝီဝင်အနေအထားအရ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေပြီး မြန်မာ့အရေးကို အနီးကပ်ဆုံး သိရှိခံစားနေရသည့် ထိုင်းနိုင်ငံကဲ့သို့ အိမ်နီးချင်းများကမူ လက်တွေ့ ကျသော ပြန်လည်ထိတွေ့ဆက်ဆံရေးမူဝါဒ (Re-engagement Policy) ကို အပြုသဘောဆောင် ကျင့်သုံးလာသည်။ ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုများနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအပေါ် အကောင်းမြင်စိတ်ဖြင့် ရှုမြင်လာခြင်းက အဝေးမှနေ၍ မြေပြင်ပကတိ အခြေအနေကို အပေါ်ယံလောက်သာ သိရှိသည့် စင်ကာပူကဲ့သို့ နိုင်ငံများ၏ လွဲမှားသော သံတမန်ရေး ခြေလှမ်းများကို ပြန်လည်ဆင်ခြင်ရန် သတိပေးချက်တစ်ခု ဖြစ်လာခဲ့သည်။
TREND ဂျာနယ်ပါ ဆောင်းပါး
✍️ KT June 5
285
+8
ယနေ့ ဇွန်လ ၅ ရက် နံနက် ၁၀ ခွဲအချိန်ခန့်တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်မှာရှိတဲ့ မြို့နယ်လဝကရုံးမှာ PDF အကြမ်းဖက်တွေထောင်ထားတဲ့ ချိန်ကိုက်ဗုံး ပေါက်ကွဲခဲ့တာကြောင့် နိုင်ငံ့ဝန်ထမ်း ၅ ဦးနဲ့ မှတ်ပုံတင်လာရောက်ပြုလုပ်တဲ့ ဒေသခံ ၁၂ ဦးတို့ ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့ကြပါတယ်...
-
ပြည်သူတွေမှန်းသိပါလျက်နဲ့ ထိခိုက်သေဆုံးအောင် ဒဏ်ရာရအောင်လို့ ယုတ်မာစွာ ဗုံးခွဲတိုက်ခိုက်နေတဲ့ PDF အကြမ်းဖက်တွေတော့ ကိုယ်ခံရတဲ့အလှည့်ရောက်မှ ငိုမပြကြနဲ့ပေါ့...
-
Evidence အနေနဲ့ save ထားကြပါ။
✍️ KT
285
**PDF အမည်ခံ အကြမ်းဖက်သမားများက Drop Bmb ချ တိုက်ခိုက်မှုကြောင့် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားတစ်ဦး ဗုံးသီးစထိမှန်ဒဏ်ရာရရှိ**
PDF အမည်ခံ အကြမ်းဖက်သမားများသည် ဇွန်လ ၃ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့၏ အရှေ့ဘက် မီတာ ၃၃၀၀ ခန့်အကွာမှနေ၍ Drone နှစ်စီးဖြင့် အမှတ်(၃)ရပ်ကွက်၊ ရွှေအိုးကွင်းရပ်ရှိ အခြေခံပညာအထက်တန်းကျောင်းအနီးသို့ ဗိုံးသီးလေးလုံးဖြင့် လာရောက်ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အဌမတန်းကျောင်းသား မောင်သူရနိုင် အသက်(၁၄)နှစ် (ဘ) ဦးရန်နိုင်အေးတွင် ယာလက်မောင်းဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။
**ဖိုးမောင်**
285
တီမောလက်စ်တေသမ္မတ ဟိုဆေးရာမို့စ်ဟော်တာရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောကြားချက်တွေကို မြန်မာနိုင်ငံက ပြင်းပြင်းထန်ထန် ပယ်ချ
နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စာမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေကို နိုင်ငံတကာစင်မြင့်ပေါ်မှာ တစ်ဖက်သတ်ဝေဖန်ပြောဆိုတာဟာ အာဆီယံရဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးမူကို ချိုးဖောက်ရာရောက်တယ်လို့ ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် မြန်မာဦးဆောင်တဲ့ လုပ်ငန်းစဉ်နဲ့ ဆောင်ရွက်နေပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒေသအများစုမှာ တည်ငြိမ်အေးချမ်းလျက်ရှိပြီး မြေပြင်အခြေအနေမှန်တွေကို ကိုယ်တိုင်လာရောက်လေ့လာနိုင်တယ်လို့လည်း ဖိတ်ခေါ်ထားပါတယ်။
နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ မှားယွင်းတဲ့ ပြောကြားချက်တွေကို ရှောင်ကြဉ်ဖို့နဲ့ အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကို လေးစားလိုက်နာဖို့ တီမောလက်စ်တေနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။"
ဖိုးမောင်
285
+1
(၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်ဆွေးနွေး
(၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ဇွန်လ ၃ ရက်က ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးအတွင်း အာဆီယံနှင့် အမေရိကန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ အာဆီယံ-အမေရိကန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်ဖြစ်ပေါ်မှုများနှင့် အနာဂတ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ အချက်အလက်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖိုးမောင်
285
+1
တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေသည့် မှားယွင်းစွာ ပုံဖော်ပြောကြားချက်များကို ရှောင်ကြဉ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်းဖိုးမောင်
285
Repost from ဖိုးမောင်
+1
ဆယ်တန်းတောင်မအောင်တဲ့ဆရာဝန်အတုတဲ့
သေချာဇစ်မြစ်လိုက်လေ့လာပြီး တိုင်တဲ့သူကတိုင်နေပြီ။
တင်ရမယ့်သူလည်းတင်ပေးလိုက်ပြီ။
လုပ်စရာရှိတာဆက်လုပ်ဖို့ကတော့ သက်ဆိုင်ရာတာဝန်ပဲဗျို့။
ဖိုးမောင်
285
Repost from ဖိုးမောင်
+5
3-6-2026/ရက်နေ့ ယနေ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KNLA အဖွဲ၊ ABSDF အဖွဲ၊ NMSP (မွန်)(ခွဲထွက်)အဖွဲနဲ့ PDF အဖွဲ့ဝင် ၈ ဦးတို့ကို ထောက်ပံ့ငွေများပေးအပ်ပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ။
ဖိုးမောင်
285
ကျိုက်ထိုတွင် ဒလန်ဟု စွပ်စွဲကာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ
ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်တွင် KNU နှင့် ဆက်နွယ်နေသူဟုဆိုသော အမျိုးသားတစ်ဦးအား NUG အမှတ်(၂၇)ဗျူဟာ လက်အောက်ခံအဖွဲ့ဝင်များက ဒလန်ဟု စွပ်စွဲကာ ဇွန်လ ၄ ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းပေါက်ကြားမှုမရှိစေရန် အဖွဲ့အတွင်း ဖုံးဖိမှုများရှိနေပြီး KNU နှင့် ဆက်နွယ်သူများအား ပစ်မှတ်ထားဆောင်ရွက်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
ဖိုးမောင်
285
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဂျဝါဟာလာနေရူးဆိပ်ကမ်းကို ကြည့်ရှုလေ့လာ
ဖိုးမောင်
285
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဂျဝါဟာလာနေရူးဆိပ်ကမ်းကို ကြည့်ရှုလေ့လာ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၂ ရက်မွန်းလွဲပိုင်းက အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ ဂျဝါဟာ လာနေရူးဆိပ်ကမ်း၌ လုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုလေ့လာခဲ့သည်။
ဖိုးမောင်
285
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E.Shri Narendra Modi တိုတွေ့ဆုံဆွေးနွေးပြောကြားချက်များမှကောက်နုတ်ချက်
ဖိုးမောင်
285
+3
လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်
ဇွန်လ ၃ ရက်နေ့တွင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KNLA၊ ABSDF၊ NMSP (မွန်)(ခွဲထွက်) အဖွဲ့များနှင့် PDF အမည်ခံ အဖွဲ့များမှ အဖွဲ့ဝင် ၈ ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဝင်ရောက်လာသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ စိစစ်လက်ခံဆောင်ရွက်ခဲ့ပြီး လိုအပ်သည့် လုပ်ထုံးလုပ်နည်းများအတိုင်း မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို ကြိုဆိုလက်ခံလျက်ရှိပြီး ပြန်လည်ထူထောင်ရေးနှင့် လူမှုဘဝပြန်လည်ထူထောင်နိုင်ရေးအတွက် လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ထို့ပြင် လက်နက်ကိုင်အဖွဲ့များအတွင်း ရောက်ရှိနေသူများအနေဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ရွေးချယ်ကာ ဥပဒေဘောင်အတွင်းသို့ အမြန်ဆုံး ပြန်လည်ဝင်ရောက်ကြရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။
ဖိုးမောင်
285
Repost from ဖိုးမောင်
အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများအား သေဒဏ်နှင့် ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်မည့် ဥပဒေမူကြမ်း လွှတ်တော်သို့ တင်သွင်း
နေပြည်တော်၌ ကျင်းပလျက်ရှိသော တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် အွန်လိုင်းလိမ်လည်မှု (Online Scam) ကျူးလွန်သူများအား သေဒဏ်နှင့် ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်မည့် ဥပဒေမူကြမ်းကို ဇွန်လ ၃ ရက်နေ့က တင်သွင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေမူကြမ်းကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက အဆိုအဖြစ် လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သံသယရှိသူများအား နိုင်ငံသားစိစစ်ရေးကတ် (NRC) များဖြင့် စစ်ဆေးအတည်ပြုခြင်းသာမက UID ကတ်များဖြင့်လည်း စစ်ဆေးအတည်ပြုနိုင်ရန်နှင့် အွန်လိုင်းစနစ်ဖြင့် တိုက်ရိုက်စစ်ဆေးအတည်ပြုနိုင်ရန် စသည့်အချက်များကိုလည်း ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။
အဆိုပါ ဥပဒေမူကြမ်းနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး အတည်ပြုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖိုးမောင်
285
Repost from ဖိုးမောင်
+1
ဝေါလေဗျူဟာစခန်း တိုက်ပွဲအတွင်း ရေးဘီလူးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုအများအပြားရှိ
ကရင်ပြည်နယ် ဝေါလေဗျူဟာစခန်းအား တိုက်ခိုက်သည့် စစ်ဆင်ရေးအတွင်း ရေးဘီလူးတပ်ဖွဲ့မှ စေလွှတ်ထားသော စစ်ကူတပ်ဖွဲ့ဝင်များအပါအဝင် KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း သတင်းရင်းမြစ်အချို့ထံမှ သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း ကျဆုံးသူနှင့် ဒဏ်ရာရရှိသူ အရေအတွက် များပြားခဲ့ကြောင်း၊ အခြေအနေအရ ကျဆုံးသူအလောင်းအချို့ကိုသာ ပြန်လည်သယ်ယူနိုင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရေးဘီလူးဦးဆောင်မှုအပေါ် တပ်ဖွဲ့ဝင်အချို့က မကျေနပ်မှုများ ရှိနေကြောင်းနှင့် စစ်ကူစေလွှတ်မှု ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်နေကြောင်းလည်း သိရသည်။
ဖိုးမောင်
