ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

前往频道在 Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

显示更多
282
订阅者
无数据24 小时
无数据7 天
-730 夊
帖子存档
​တာဝန်ဆိုင်းငံ့ထားတာကို ပယ်ဖျက်ပေးဖို့ ICC ရှေ့နေချုပ် အယူခံဝင်ရာမှာ ရှုံးနိမ့် Credit to Popular Journal - ​လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲခံထားရတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ရှေ့နေချုပ် ကာရင်မ် ခန်း(Karim Khan) ဟာ သူ့ကို ယာယီတာဝန်ဆိုင်းငံ့ထားတာကို ပြန်ရုပ်သိမ်းပေးဖို့ အယူခံဝင်ခဲ့ပေမယ့် ရှုံးနိမ့်သွားတယ်လို့ ဗြိတိန်ရှေ့နေတွေကို ကြီးကြပ်ကွပ်ကဲတဲ့ Bar Standards Board(BSB) က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ ​အသက် ၅၆ နှစ်အရွယ် ရှေ့နေ မစ္စတာခန်းကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ​သူ့ကို ဇွန်လ ၈ ရက်နေ့ကတည်းက ICC ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကနေ ရာထူးကနေ ဆိုင်းငံ့ထားခဲ့ပြီးဖြစ်ပါတယ်။ ICC ဟာ အမေရိကန်နဲ့ အစ္စရေးကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့လို့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ခံနေရတဲ့အပြင် အခုကိစ္စကြောင့်လည်း စစ်ရာဇဝတ်မှုခုံရုံးရဲ့ အကျပ်အတည်းတွေ ပိုပြီး ကြာရှည်သွားစေပါတယ်။ ​သူ့အပေါ် […]

WAICO အဖွဲ့ဝင်ဖြစ်ပါက နည်းပညာဈေးကွက်နှင့် Digital Economy ဖော်ဆောင်မှုတို့၌ ကမ္ဘာ့နိုင်ငံများနည်းတူအခွင့်အလမ်းများရယူနိုင်သည်
WAICO အဖွဲ့ဝင်ဖြစ်ပါက နည်းပညာဈေးကွက်နှင့် Digital Economy ဖော်ဆောင်မှုတို့၌ ကမ္ဘာ့နိုင်ငံများနည်းတူအခွင့်အလမ်းများရယူနိုင်သည့် အကျိုးကျေးဇူးကောင်းများရရှိနိုင် ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WAICO)အဖွဲ့ဝင်ဖြစ်ပါက နည်းပညာဈေးကွက်နှင့် Digital Economy ဖော်ဆောင်မှုတို့၌ ကမ္ဘာ့နိုင်ငံများနည်းတူအခွင့်အလမ်းများရယူနိုင်သည့် အကျိုးကျေးဇူးကောင်းများရရှိနိုင်မည်ဟု ဒီဂျစ်တယ်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမင်းဇေယျာလှိုင်က ရှင်းလင်းပြောဆိုသည်။ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ဖြစ်သည့် ဇူလိုင် ၁၄ ရက်တွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော WAICO ဖွဲ့စည်းတည်ထောင်ခြင်းသဘောတူညီချက်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/waico-အဖွဲ့ဝင်ဖြစ်ပါက-နည်းပည/

၁၅-၇-၂၀၂၆ ရက်နေ့ယနေ့ တောင်ကြီးမြို့နယ် တစ်နေရာတွင် အထူးဒေသ(၆)၊ ပအို၀်းအမျိုးသားတပ်မတော် (PNA)က အဆင့်မြင့်စစ်ရေး အထူးကွန်မန်ဒိ
၁၅-၇-၂၀၂၆ ရက်နေ့ယနေ့ တောင်ကြီးမြို့နယ် တစ်နေရာတွင် အထူးဒေသ(၆)၊ ပအို၀်းအမျိုးသားတပ်မတော် (PNA)က အဆင့်မြင့်စစ်ရေး အထူးကွန်မန်ဒိုသင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲပြုလုပ်ကျင်းပခဲ့ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေက တက်ရောက် အမှာစကားပြော။   သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ   မှိုင်းဝေ

"နေပြည်တော်စည်ပင်ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်" ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအော
"နေပြည်တော်စည်ပင်ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်" ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ သား/သမီးများအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဌ ဦးကံမြင့်သန်း တက်ရောက်ချီးမြှင့် ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းက ကျွဲတာပြင်ရွာ(ဒေါ့ရာ့ဘိလ်) ရွာဟောင်းတွင် ဘင်္ဂါလီတွေ မွေးမြူထားတဲ့ နွားတွေကို ရခိုင်အစွန်
ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းက ကျွဲတာပြင်ရွာ(ဒေါ့ရာ့ဘိလ်) ရွာဟောင်းတွင် ဘင်္ဂါလီတွေ မွေးမြူထားတဲ့ နွားတွေကို ရခိုင်အစွန်းရောက်အကြမ်းဖက် AA အဖွဲ့နှင့် အကြမ်းဖက် AA အားပေး ရခိုင်အစွန်းရောက်များက လက်နက်နဲ့ခြိမ်းခြောက်ကာ ဓားပြတိုက်ယူဆောင်သွား..   သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ   မှိုင်းဝေ

ကျိုင်းတုံပြည်သူ့ဆေးရုံမှကျန်းမာရေးအဖွဲ့က အထူးဒေသ(၄)၏ မိုင်းလားနှင့် ဆီလူးခရိုင်တို့တွင် အခမဲ့ကွင်းဆင်းကုသပေး ရှမ်းပြည်နယ်၊ က
ကျိုင်းတုံပြည်သူ့ဆေးရုံမှကျန်းမာရေးအဖွဲ့က အထူးဒေသ(၄)၏ မိုင်းလားနှင့် ဆီလူးခရိုင်တို့တွင် အခမဲ့ကွင်းဆင်းကုသပေး ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးအဖွဲ့သည် အထူးဒေသ(၄)၏ ကျန်းမာရေးဦးစီးဌာနှင့်ပူးပေါင်း၍ ဇူလိုင် ၁၁ ရက်နှင့် ဇူလိုင် ၁၂ ရက်တို့က မိုင်းလားခရိုင်နှင့် ဆီလူးခရိုင်တို့၌ ဒေသခံများအားအခမဲ့ကျန်းမာရေးကွင်းဆင်းစစ်ဆေးကုသပေးခဲ့ကြကြောင်း သိရသည်။ အထူးကုဌာန(၁၀)ခုမှ ဆရာဝန်ကြီးများက ဒေသခံ (၂,၀၀၀)ဦးခန့်အားကုသမှုများပြုလုပ်ပေးခဲ့ကြပြီး မိုးရာသီတွင် အဖြစ်များသောရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းများကိုလည်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။ အထူးဒေသ(၄)အနေဖြင့် အခမဲ့ကွင်းဆင်းကုသပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီပံ့ပိုးမှုများကို ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံအဆင့် ကျန်းမာ ရေးဝန်ဆောင်မှုပေးခြင်းကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

အရေးပေါ်အခြေအနေကြေညာထားသည့်ကာလ တိုးမြှင့်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတ(ကိုယ်စား)အဆိုတင်သွင်း နိုင်င
အရေးပေါ်အခြေအနေကြေညာထားသည့်ကာလ တိုးမြှင့်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတ(ကိုယ်စား)အဆိုတင်သွင်း နိုင်ငံတော်သမ္မတရုံးက ဇူလိုင် ၂၁ ရက်တွင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၆)ဖြင့်ကြေညာခဲ့သည့် အရေးပေါ်အခြေအနေကာလ၏ ရက်ပေါင်း(၉၀)ပြည့်မြောက်ရန်နီးကပ်လာ၍ ထပ်မံတိုးမြှင့်သတ်မှတ်ပေးပါရန် ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည်။ ဇူလိုင် ၁၄ ရက်ကကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)တွင် ဥပဒေရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီးနှင့် ဒု-ရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေပြန်လည်ရောက်ရှိစေရန် အရေးပေါ်အခြေအနေကြေညာထားခြင်းကာလကို တိုးမြှင့်သတ်မှတ်ရန်လိုအပ်လျက်ရှိသည်ဟု ရှင်းလင်းပြောဆိုသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/အရေးပေါ်အခြေအနေကြေညာထာ-4/

အိန္ဒိယနယ်စပ်တွင် တရုတ်ပတ်စပို့နှင့် ဖမ်းမိသည့် အမေရိကန်ရေတပ်သားဟောင်းနှင့် မြန်မာ့အရေး ဆက်နွှယ်မှုကို စုံစမ်းနေ အိန္ဒိယ-နီပေ
အိန္ဒိယနယ်စပ်တွင် တရုတ်ပတ်စပို့နှင့် ဖမ်းမိသည့် အမေရိကန်ရေတပ်သားဟောင်းနှင့် မြန်မာ့အရေး ဆက်နွှယ်မှုကို စုံစမ်းနေ အိန္ဒိယ-နီပေါနယ်စပ်တွင် ဇူလိုင် ၁၁ ရက်က တရားမဝင်ဝင်ရောက်ရန် ကြိုးပမ်းသည့် အမေရိကန်ရေတပ်သားဟောင်း ဂျော်ဒန်ဘရောင်း (Jordan Brown) အား တရုတ်ပတ်စပို့၊ AI ဘာသာပြန်စက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။  - အိန္ဒိယထောက်လှမ်းရေးများသည် ၎င်းရရှိထားသော တရုတ်ပတ်စပို့မှာ မြန်မာနိုင်ငံနှင့် ဆက်စပ်မှု ရှိ၊ မရှိ စုံစမ်းနေပြီး၊ ယခင်က မြန်မာပြည်ရှိ AA၊ KIA နှင့် ချင်းလက်နက်ကိုင်များကို စစ်သင်တန်းပေးခဲ့သည်ဟု စွပ်စွဲခံရသော အမေရိကန်နိုင်ငံသား မက်သရူး ဗန်ဒိုက်နှင့် ယူကရိန်းနိုင်ငံသားများအမှုတွဲနှင့် ဆက်စပ်မှုရှိမရှိကိုပါ အဓိကထား စစ်ဆေး လျက်ရှိကြောင်း သိရသည်။ Ref : New Indian Express KT July 15

သာကေတ ၁၀ မြောက်စျေးအနီးတွင် Light Truck ကားမီးလောင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ၁၀ မြောက်စျေးအ နီးတွင် ယနေ့ ဇူလိုင် ၁၅ ရက
သာကေတ ၁၀ မြောက်စျေးအနီးတွင် Light Truck ကားမီးလောင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ၁၀ မြောက်စျေးအ နီးတွင် ယနေ့ ဇူလိုင် ၁၅ ရက်နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က Light Truck ကားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ သာကေတမြို့နယ်၊ ၁၀ မြောက်ရပ်ကွက်၊ ၁၀ မြောက်ဈေးအနီးတွင် Light Truck ကားမီးလောင်မှုဖြစ်ပွား၍ သာကေတမြို့နယ်/နယ်မြေမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၈ နာရီ ၅၇ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

WAICO အဖွဲ့ဝင်ဖြစ်ပါက နည်းပညာဈေးကွက်နှင့် Digital Economy ဖော်ဆောင်မှုတို့၌ ကမ္ဘာ့နိုင်ငံများနည်းတူအခွင့်အလမ်းများရယူနိုင်သည့် အကျိုးကျေးဇူးကောင်းများရရှိနိုင် Credit to Popular Journal - ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WAICO)အဖွဲ့ဝင်ဖြစ်ပါက နည်းပညာဈေးကွက်နှင့် Digital Economy ဖော်ဆောင်မှုတို့၌ ကမ္ဘာ့နိုင်ငံများနည်းတူအခွင့်အလမ်းများရယူနိုင်သည့် အကျိုးကျေးဇူးကောင်းများရရှိနိုင်မည်ဟု ဒီဂျစ်တယ်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမင်းဇေယျာလှိုင်က ရှင်းလင်းပြောဆိုသည်။ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ဖြစ်သည့် ဇူလိုင် ၁၄ ရက်တွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော WAICO ဖွဲ့စည်းတည်ထောင်ခြင်းသဘောတူညီချက်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကိုဦးစားပေး စံနှုန်းများအဖြစ်ထားရှိပြီး ပူးပေါင်းဆောင်ရွက်ပါက နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရလဒ်ကောင်းများရရှိနိုင်မည်ဟု ရှင်းလင်းပြောဆိုခဲ့သည်။ ထို့ပြင် AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုအကျိုးကျေးဇူးများကို နိုင်ငံတကာနှင့် တန်းတူမျှဝေခံစားနိုင်ခြင်း၊ နည်းပညာဈေးကွက်နှင့် Digital Economy ဖော်ဆောင်မှုတို့တွင် ကမ္ဘာ့နိုင်ငံများနှင့် တန်းတူပူးပေါင်းပါဝင်ခြင်းဖြင့် အခွင့်အလမ်းများရယူနိုင်ခြင်းအကျိုးကျေးဇူးကောင်းများလည်းရရှိနိုင်မည်ဟု ရှင်းလင်းပြောဆိုသည်။ ထို့အတူ WAICO အဖွဲ့သည် AI စွမ်းရည်တည်ဆောက်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ AI […]

"နေပြည်တော်စည်ပင်ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်" ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအော
"နေပြည်တော်စည်ပင်ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်" ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ သား/သမီးများအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဌ ဦးကံမြင့်သန်း တက်ရောက်ချီးမြှင့် ကျင်းပခဲ့သည်။ KT July 15

သန့်ရှင်းသောစွမ်းအင်မှသည် အစိမ်းရောင်ကမ္ဘာဆီသို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လူမှုစီးပွားဘဝ မြင့်မားဖို့ လျှပ်စစ်ဓာတ်အ
သန့်ရှင်းသောစွမ်းအင်မှသည် အစိမ်းရောင်ကမ္ဘာဆီသို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လူမှုစီးပွားဘဝ မြင့်မားဖို့ လျှပ်စစ်ဓာတ်အားက အသက်သွေးကြောတစ်ခုဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ Video is too big

အရေးပေါ်အခြေအနေကြေညာထားသည့်ကာလ တိုးမြှင့်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတ(ကိုယ်စား)အဆိုတင်သွင်း Credit to Popular Journal - နိုင်ငံတော်သမ္မတရုံးက ဇူလိုင် ၂၁ ရက်တွင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၆)ဖြင့်ကြေညာခဲ့သည့် အရေးပေါ်အခြေအနေကာလ၏ ရက်ပေါင်း(၉၀)ပြည့်မြောက်ရန်နီးကပ်လာ၍ ထပ်မံတိုးမြှင့်သတ်မှတ်ပေးပါရန် ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည်။ ဇူလိုင် ၁၄ ရက်ကကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)တွင် ဥပဒေရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီးနှင့် ဒု-ရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေပြန်လည်ရောက်ရှိစေရန် အရေးပေါ်အခြေအနေကြေညာထားခြင်းကာလကို တိုးမြှင့်သတ်မှတ်ရန်လိုအပ်လျက်ရှိသည်ဟု ရှင်းလင်းပြောဆိုသည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၂ ပုဒ်မခွဲ(ဃ)မှ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်သမ္မတက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၂၆)ဆက်လက်အတည်ဖြစ်သည့် ကာလတိုးမြှင့်သတ်မှတ်ခြင်းကို ပြည်ထောင်စုလွှတ်တော်က သဘောတူပေးနိုင်ရေးအ တွက် နိုင်ငံတော်သမ္မတ (ကိုယ်စား) အဆိုတင်သွင်းခြင်းဖြစ်သည်ဟု ရှင်းလင်းပြောဆိုသည်။ ထို့နောက် အဆိုကို ထပ်မံဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့၏ အမည်စာရင်းများကို […]

သာကေတ ၁၀ မြောက်စျေးအနီးတွင် Light Truck ကားမီးလောင် Credit to Popular Journal - ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ၁၀ မြောက်စျေးအ နီးတွင် ယနေ့ ဇူလိုင် ၁၅ ရက်နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က Light Truck ကားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ သာကေတမြို့နယ်၊ ၁၀ မြောက်ရပ်ကွက်၊ ၁၀ မြောက်ဈေးအနီးတွင် Light Truck ကားမီးလောင်မှုဖြစ်ပွား၍ သာကေတမြို့နယ်/နယ်မြေမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၈ နာရီ ၅၇ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

နိုင်ငံခြားသားပြည်နှင်ဒ-ဏ်ပေးသည့်ဥပဒေကြမ်းထိုင်းအစိုးရ အတည်ပြု နိုင်ငံခြားသားများကို ပြည်နှင်ခြင်းနှင့်ပတ်သက်သော နိုင်ငံ၏ ပထမ
နိုင်ငံခြားသားပြည်နှင်ဒ-ဏ်ပေးသည့်ဥပဒေကြမ်းထိုင်းအစိုးရ အတည်ပြု နိုင်ငံခြားသားများကို ပြည်နှင်ခြင်းနှင့်ပတ်သက်သော နိုင်ငံ၏ ပထမဆုံး တရားဝင်စည်းမျဉ်းများကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ရာဇဝတ်မှုဆိုင်ရာဥပဒေများကို ချိုးဖေ-ာက်သည့် နိုင်ငံခြားသားများကို နှင်ထုတ်မှု ကို အရှိန်မြှင့်တင် လုပ်ဆောင်မည့် မူဘောင်တစ်ခုကို စတင်လိုက်ပြီဖြစ်သည်။ ဒုတိယဝန်ကြီးချုပ် ပါခွန်း နီလ်ပရာပန့်က အဆိုပြုထားသော ပြည်နှင်ခြင်းဆိုင်ရာ ဝန်ကြီးချုပ်ရုံးစည်းမျဉ်းစည်းကမ်း ဥပဒေမူကြမ်းကို အစိုးရအဖွဲ့က ထောက်ခံခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒန်နာဒီရက်ခ်က ပြောကြားခဲ့သည်။ အများပြည်သူ ငြိမ်ဝပ်ပိပြားရေးနှင့် အများပြည်သူဆိုင်ရာ ကျင့်ဝတ်များကို ကာကွယ်ရန် လိုအပ်သည်ဟု ယူဆပါက နိုင်ငံခြားသားများကို နှင်ထုတ်နိုင်သည့် ပြစ်မှုအမျိုးအစား ခြောက်မျိုးကို စည်းမျဉ်း စည်းကမ်းဥပဒေအသစ်တွင် သတ်မှတ်ပြဌာန်းထားသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/နိုင်ငံခြားသားပြည်နှင်/

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးရဲ့ အကြိုဗိုလ်လုပွဲစဉ်များမှ နောက်ဆုံးဗိုလ်လုပွဲအထိ ဘောလုံးဝါသနာရှင်တွေ ကြည့်ရှုခံ
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးရဲ့ အကြိုဗိုလ်လုပွဲစဉ်များမှ နောက်ဆုံးဗိုလ်လုပွဲအထိ ဘောလုံးဝါသနာရှင်တွေ ကြည့်ရှုခံစားနိုင်ရန်အတွက် World Cup 26 Fan Festival Myanmar ပွဲတော်ကြီးကို ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်းကြီး၌ Immersive Mega LED Screen ကြီးဖြင့် တိုက်ရိုက်ပြသပေးနေတာဖြစ်ပြီး နိုင်ငံကျော် အနုပညာရှင်တွေ၊ အဆိုတော်တွေရဲ့ဖျော်ဖြေမှုတွေ၊ အမိုက်စား DJ ဖျော်ဖြေမှုတွေနဲ့ စားသောက်ဆိုင်ခန်းတွေကိုပါ ထည့်သွင်းကျင်းပနေတာဖြစ်လို့ လာရောက်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်...

ဘူတန်ဒုက္ခသည်အတု ဖန်တီးမှုဖြင့် နီပေါဝန်ကြီးဟောင်းများကို ထောင်ချ ဒုက္ခသည်များအဖြစ် နိုင်ငံတကာတွင် ပြန်လည်နေရာချပေးမည်ဆိုသော
ဘူတန်ဒုက္ခသည်အတု ဖန်တီးမှုဖြင့် နီပေါဝန်ကြီးဟောင်းများကို ထောင်ချ ဒုက္ခသည်များအဖြစ် နိုင်ငံတကာတွင် ပြန်လည်နေရာချပေးမည်ဆိုသော လွဲမှားသည့် ကတိပြုကာ နိုင်ငံသားများကို လိမ်လည်ခဲ့မှုဖြင့် ယခင်အစိုးရဝန်ကြီးနှစ်ဦးနှင့် အခြားလူ တစ်ဒါဇင်ကျော်ကို ထောင်ဒ-ဏ်ချမှတ်ခဲ့ကြောင်း တရားရုံးအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ၁၉၉၀ ပြည့်လွန်အစောပိုင်း နှစ်များတွင် နိုင်ငံသားဥပဒေများ ပြင်ဆင်ပြောင်းလဲလိုက်မှုကြောင့် နီပေါလူမျိုး ၁ သိန်းကျော်သည် ဘူတန်နိုင်ငံမှ ထွက်ပြေးခဲ့ရပြီး အများအပြားသည် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားရေး အစီအစဉ်အရ အမေရိက၊ ဥရောပနှင့် အခြားနေရာများတွင် နေရာသစ်များ ရရှိခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဘူတန်ဒုက္ခသည်အတု-ဖန်တီး/

ရန်ကုန်-ပြည်လမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့ ရှင်းလင်းရေးဆောင်ရွက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီ
ရန်ကုန်-ပြည်လမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့ ရှင်းလင်းရေးဆောင်ရွက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းဘေးတွင် ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁ နာရီ ၁ မိနစ်ခန့်က သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ - ဖြစ်စဉ်သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ကုန်သွယ်ရေးနှင့် နယ်စပ်ဂိတ်များကို တိုင်းလုံခြုံရေးဝန်ကြီး လာရောက်စစ်ဆေး ကော့သောင်း၊ ဇူလိုင်-၁၄ တနင်္သာရီ
ကော့သောင်းမြို့တွင် ကုန်သွယ်ရေးနှင့် နယ်စပ်ဂိတ်များကို တိုင်းလုံခြုံရေးဝန်ကြီး လာရောက်စစ်ဆေး ကော့သောင်း၊ ဇူလိုင်-၁၄ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ ကုန်သွယ်ရေးလုပ်ငန်းများနှင့် နယ်စပ်အဝင်အထွက်ဂိတ်များကို တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်က ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကော့သောင်းမြို့သို့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က ရောက်ရှိလာသည့် တိုင်းလုံခြုံရေးဝန်ကြီးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒေသခံ တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေးအထူးအဖွဲ့နှင့် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း အေးရိပ်ငြိမ်ရပ်ကွက်ရှိ တော်ဝင်ဆိပ်ခံတံတားသို့ သွားရောက်ကာ ကုန်တင်သင်္ဘောများဖြင့် ကုန်စည်တင်သွင်း၊ တင်ပို့နေသည့် အခြေအနေများနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများကို စစ်ဆေးခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ကော့သောင်းမြို့တွင်-ကုန/

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်အကြို မွေးနေ့ပူဇော်ပွဲ ဇူလိုင် (၂၆) ရက်တွင် ကျင်းပမည် Credit to Popular Journal - ရန်ကုန်၊ ဇူလိုင်-၁၅ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်ခါနီးရာပြည့်အကြို မွေးနေ့ပူဇော်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်တွင် ရန်ကုန်မြို့ရှိ ချမ်းမြေ့ရိပ်သာကျောင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် သက်တော် (၉၉) နှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သက်တော် (၁၀၀) ပြည့်မြောက်ရန် နီးကပ်လာပြီဖြစ်သည်။ ဆရာတော်ဘုရားကြီး၏ သီလ၊ သမာဓိနှင့် ပညာဂုဏ်တော်များကို ပူဇော်ဂုဏ်ပြုသည့်အနေဖြင့် ချမ်းမြေ့ရိပ်သာ ဝေယျာဝစ္စအဖွဲ့က ဦးဆောင်ကာ အဆိုပါ မွေးနေ့ပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။ အစီအစဉ်အရ ဇူလိုင်လ (၂၆) ရက် နံနက် (၁၀) နာရီခွဲတွင် သံဃာတော် အပါး (၂၀၀) အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး ဓမ္မမိတ်ဆွေ သူတော်စင်များကိုလည်း နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း […]