ch
Feedback
Bee Kyal Football News

Bee Kyal Football News

前往频道在 Telegram

ဘောလုံး အားကစားသတင်းစုံ

显示更多
未指定国家未指定类别
590
订阅者
-524 小时
-57
-530
帖子存档
အိုပါးတို့ရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲ ကတော့ ၂-၁ နဲ့ ချက်ဇ်ကို အနိုင်ကန်ကာ ၃ မှတ်အပြည့်နဲ့ လှပသွားခဲ့ပြီ။ အာရှတိုက်ရဲ့ Intensity အ
အိုပါးတို့ရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲ ကတော့ ၂-၁ နဲ့ ချက်ဇ်ကို အနိုင်ကန်ကာ ၃ မှတ်အပြည့်နဲ့ လှပသွားခဲ့ပြီ။ အာရှတိုက်ရဲ့ Intensity အကောင်းဆုံးတစ်သင်း ဖြစ်တာနဲ့အညီ လူကောင်ပိုကြီးပြီး အရပ်ပိုရှည်နေတဲ့ ချက်ဇ်သားတွေကို Duel တွေမှာ အသာစီးယူပြီးတော့ ကစားသွားတာက တော်တော်ကောင်းပါတယ်။ အခွင့်အရေး မပေးရအောင်လည်း စနစ်တကျ ထိန်းချုပ်နိုင်ခဲ့တယ်။ ပထမပိုင်းတည်းက ဆွန်ဟောင်မင်-လီကန်အင်း အတွဲအဖက်က မွှေနှောက်သလောက် အခွင့်အရေး အများကြီးရခဲ့တယ်။ အဆုံးသတ်ပိုင်းမှာ လိုအပ်နေတာတွေ၊ ချက်ဇ်ဂိုးသမား ကိုဗာရဲ့ လက်စွမ်းတွေက ကောင်းလွန်းလို့ အိုပါးတွေ ဂိုးမရခဲ့ပါဘူး။ ပွဲကို လှုပ်နှိုးလိုက်တာက ချက်ဇ်ရဲ့ လက်ပစ်ဘောကနေ ခေါင်းတိုက်သွင်းသွားတဲ့ ဗွေဆော်ဦးအဖွင့်ဂိုးပဲ။ လက်ပစ်ပေးလိုက်တဲ့ အမြင့်၊ အရှိန်ရော ဧရိယာအပြင်ကနေ ခေါင်းပြေးဝင်တိုက်တဲ့ ချက်ဇ်ကပ္ပတိန်ရဲ့ အဆုံးသတ်ရောက တကယ့်ကို အရည်အသွေးမြင့်တယ်။ ဒါပေမဲ့လည်း လီကန်အင်ရဲ့ အဝေးကန်ချက်၊ ဆွန်ဟောင်မင်ရဲ့ အပိုင်အခွင့်အရေးတွေကို ဂိုးသမားကိုဗာ ကာကွယ်သွားလို့ ဂိုးရဖို့ခက်နေတဲ့ ကိုရီးယားက ဂိုးပေးလိုက်ရပြီး ၄ မိနစ်အကြာမှာ နိုးထာလာခဲ့တယ်။ လီကန်အင်ရဲ့ ဖန်တီးပေးပို့တဲ့ အပိုင်အလုံးကို ဟွမ်အင်ဘိုးက ချက်ဇ်နောက်တန်းတွေကို ခေါက်ပြီးတော့ ဂိုးသမားရဲ့ အပေါ်က Chip လုပ်ပြီး ချေပဂိုးထည့်သွားတယ်။ မိနစ် ၈၀ မှာ အင်ဘိုး ဖန်တီးပေးတာကို အိုဟျောင်ဂုက ပိတ်သွင်းပြီးတော့ အနိုင်သေချာစေမယ့်ဂိုး အရယူခဲ့တယ်။ နောက်ဆုံးမိနစ်မှာ ချက်ဇ်အသင်းရဲ့ အပိုင်အလုံးကို ဂိုးသမားကင် ဖမ်းလိုက်နိုင်တာက အိုပါးတွေကို ၂-၁ နဲ့ နိုင်ပွဲ ဖြစ်စေခဲ့တယ်။ ကျွန်တော်အကြိုက် ကစားသမားကတော့ တစ်ပွဲလုံး ခြေရာလက်ရာတွေနဲ့ စိတ်ကြိုက်စားပြသွားတဲ့ လီကန်အင်ပဲ။ အာရှသား ပရိတ်သတ်တွေအတွက် တော့ တကယ်အားရတဲ့ နိုင်ပွဲပါပဲ။ #BeeKyal

ယနေ့ခန့်မှန်းပွဲများ
+1
ယနေ့ခန့်မှန်းပွဲများ

😀မင်္ဂလာနံနက်ခင်းလေးပါ😀 👏ပွဲပီးရလဒ်နဲ့မနက်ခင်းကြေးလေးရပီဗျာ👏
+1
😀မင်္ဂလာနံနက်ခင်းလေးပါ😀 👏ပွဲပီးရလဒ်နဲ့မနက်ခင်းကြေးလေးရပီဗျာ👏

၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ သူ မပါခဲ့လို့ အာဂျင်တီးနားရှုံးတာဆိုပြီး ပရိသတ် တော်တော်များများက ယူဆခဲ့ကြပါတယ်။ တကယ်လည်း ဟုတ်ပါ
၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ သူ မပါခဲ့လို့ အာဂျင်တီးနားရှုံးတာဆိုပြီး ပရိသတ် တော်တော်များများက ယူဆခဲ့ကြပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ ဆက်တိုက်ကို ခြေစွမ်းပြနေတဲ့ ကစားသမားက ဗိုလ်လုပွဲမှာ နာကျင်မှုပျောက်စေတဲ့ ဆေးတွေထိုးပြီး ကစားပေးဖို့ အသင့်ဖြစ်နေပေမယ့် ကစားခွင့်မရဘဲ အာဂျင်တီးနားလည်း ဂျာမနီကို ရှုံးခဲ့ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာတော့ ဒီမာရီယာက အာဂျင်တီးနားအတွက် အဖွင့်ဂိုးကို သွင်းပေးခဲ့ပါတယ်။ Key Role တဦးအဖြစ် သူ ကစားပေးခဲ့ပြီး ခြေစွမ်းပြခဲ့တာပါ။ နောက်ဆုံးမှာ အာဂျင်တီးနားလည်း ချန်ပီယံဖြစ်ခဲ့ပါတယ်။ မက်ဆီရဲ့ အရှိန်အဝါကြောင့်သာ သူက မြုပ်နေသလိုဖြစ်ခဲ့ပေမယ့် ဒီမာရီယာကသာ မရှိရင် အာဂျင်တီးနား မလွယ်ဘူးဆိုတာ ပရိသတ်အများစုက နားလည်လက်ခံခဲ့ပါတယ်။ အာဂျင်တီးနားတို့ အခုနှစ်ပိုင်းတွေမှာ ရခဲ့တဲ့ အောင်မြင်မှုတိုင်းမှာ သူ ပါဝင်ခဲ့ပြီး အရေးပါတဲ့ ကစားသမားအဖြစ် ရှိနေခဲ့တာပါ။ ကိုပါအမေရိကအောင်ပွဲတွေ၊ ကမ္ဘာ့ဖလားအောင်မြင်မှုတွေမှာ သူ့ပတ်သက်မှုက ကြီးမားခဲ့ပါတယ်။ အခုတော့ ကမ္ဘာ့ဖလား နောက်တကြိမ်ပြန်ရောက်လာချိန်မှာ သူ့ကို မြင်ရမှာမဟုတ်ပါဘူး။ လက်ရွေးစင်အသင်းကနေ သူ အနားယူခဲ့ပါပြီ။ ဒီမာရီယာ မရှိတော့ဘဲ အဓိကပြိုင်ပွဲကြီးတခုကို အာဂျင်တီးနား ကစားရမှာပါ။ ဘယ်လိုတွေဖြစ်လာမလဲ စောင့်ကြည့်ရပါဦးမယ်။ ဒါပေမယ့် ဒီလိုပြိုင်ပွဲတွေဆို အာဂျင်တီးနားအတွက် ခြေစွမ်းပြလွန်းတဲ့ ဒီမာရီယာကြီးကို လွမ်းတော့ လွမ်းနေရမှာ အသေအချာပါပဲ။ #BeeKyal

❗️ဘော်ဒီလား📣 ❗️မောင်းလား📣 ❗️ပပိုင်း/ဒုပိုင်းခွဲလောင်းချင်လား📣 ❗️မြန်မာကြေး/မလေးကြေးတို့နဲ့ကစားချင်လား📣 ❗️တိုက်ရိုက် live
❗️ဘော်ဒီလား📣 ❗️မောင်းလား📣 ❗️ပပိုင်း/ဒုပိုင်းခွဲလောင်းချင်လား📣 ❗️မြန်မာကြေး/မလေးကြေးတို့နဲ့ကစားချင်လား📣 ❗️တိုက်ရိုက် live ကြည့်ရင်းတီးမလား📣 ဒါဆိုအားကစားဝါသနာရှင် ညီကိုတို့အတွက် တစ်နေရာထဲမှာ စုံစုံလင်လင်နဲ့ ကစားဖို့ဆို 🔠🔠🔠🔠🔠🔠🔠ကိုသတိရလိုက်ပါ 🤩🤩🤩🤩🤩🤩🤩🤩🤩🤩 တဲ့အပြင်
🏆🏆🏆🏆🏆🏆🏆 💸အကောင့်သစ် ➡️1️⃣0️⃣🔣 💸လကုန်အရှုံး   ➡️5️⃣🔣 💸စလော့နေ့စဥ်ယူနစ်ဖြည့်➡️1️⃣0️⃣🔣
လကုန်ဖုန်းဘေ ➡️3️⃣0️⃣0️⃣0️⃣
စတဲ့အခွင့်အရေးတွေလည်းရှိတယ်နော် အခုပဲယုံကြည်စိတ်ချစွာလှမ်းလာခဲ့လိုက်နော် ဆော့ကစားလိုပါက❤️✍️🧎 📱 ➡️  09777652652 📱 ➡️ @beekyal23 🙏ထိုင်းဘတ်၊ မြန်မာကျပ်စတဲ့ကြိုက်နှစ်သက်ရာနဲ့လာရောက်ဆော့ကစားနိုင်ပါတယ်🙏

ဒီနှစ်ကမ္ဘာ့ဖလားပြီးရင် ဒီကစားသမားကြီးတွေကို နိုင်ငံအသင်းပြိုင်ပွဲတွေမှာ တွေ့ရဖို့မလွယ်တော့ပါဘူး ။ သူတို့အတွက်တော့ ဒီနှစ်ကမ္ဘ
ဒီနှစ်ကမ္ဘာ့ဖလားပြီးရင် ဒီကစားသမားကြီးတွေကို နိုင်ငံအသင်းပြိုင်ပွဲတွေမှာ တွေ့ရဖို့မလွယ်တော့ပါဘူး ။ သူတို့အတွက်တော့ ဒီနှစ်ကမ္ဘာ့ဖလားဟာ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာခဲ့ပါပြီ ။ လာမယ့်ပြိုင်ပွဲတွေမှာ သူတို့နေရာတွေကို လာမိန်းယာမဲလ် ၊ နီကိုပက်ဇ် ၊ အီကီတီကီ ၊ ဖလော်အန်ဗက်စ် ၊ အက်စတီဗာအို ၊ ဖာမင်လိုပက်ဇ် ၊ အာဒါဂူလာတို့လို ကစားသမားတွေက နေရာဝင်ယူကြတော့မှာပါ ။ ၂၀၀၆ ကမ္ဘာ့ဖလားတုန်းကလိုပါပဲ ။ ဒီနှစ်ပြိုင်ပွဲဟာ ဘောလုံးစတားကြီးတွေနဲ့ ဘောလုံးစတားလေးတွေကို အတူယှဉ်တွဲတွေ့မြင်ရတဲ့ နောက်ထပ်ကမ္ဘာ့ဖလားတခု ဖြစ်လာခဲ့ရပါပြီ ။ သူတို့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားအဖြစ်ပါဝင်ကစားကြမည့်သူများ - လီယွန်နယ် မက်ဆီ ( အာဂျင်တီးနား ) ခရစ္စတီယာနို ရိုနယ်ဒို ( ပေါ်တူဂီ ) လူကာမိုဒရစ် ( ခရိုအေးရှား ) ဆာဒီယို မာနေး ( ဆီနီဂေါ ) မန်နျူရယ် နော်ယာ ( ဂျာမနီ ) ဆွန်ဟောင်မင် ( တောင်ကိုရီးယား ) ကက်စမဲရိုး ( ဘရာဇီး ) ကယ်ဗင် ဒီဘရိုင်းနား ( ဘယ်လ်ဂျီယံ ) ဟာမက်စ် ရိုဒရီဂွက် ( ကိုလံဘီယာ ) နေမာဂျူနီယာ ( ဘရာဇီး ) ဗာဂျယ် ဗန်ဒိုက် ( နယ်သာလန် ) အန်ဂိုလို ကန်တီ ( ပြင်သစ် ) ဂရန်းနစ် ရှာကာ ( ဆွစ်ဇာလန် ) အီဒင် ဒီဇစ်ကို ( ဘော့စနီးယား ) အိုင်ဗန်ပါရီဆစ် ( ခရိုအေးရှား ) ရိုမီရို လူကာကူ ( ဘယ်လ်ဂျီယံ ) #BeeKyal

အခုညကစားမယ့် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ဟာ ထူးခြားစွာနဲ့ပဲ ၂၀၁၀ ခုနှစ်တုန်းက ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်နဲ့ တူညီနေခဲ့ပါတယ် ။ တောင်အာဖရိ
အခုညကစားမယ့် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ဟာ ထူးခြားစွာနဲ့ပဲ ၂၀၁၀ ခုနှစ်တုန်းက ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်နဲ့ တူညီနေခဲ့ပါတယ် ။ တောင်အာဖရိကနိုင်ငံမှာကျင်းပခဲ့တဲ့ အဆိုပါကမ္ဘာ့ဖလားရဲ့ အဖွင့်ပွဲစဉ်မှာ တောင်အာဖရိကအသင်းနဲ့ မက္ကဆီကိုအသင်းတို့ ယှဉ်ပြိုင်ကစားပြီး ၁ ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တာပါ ။ အဲဒီတုန်းက မက္ကဆီကိုအသင်းမှာ ကားလိုစ့်ဗီလာ ၊ ဂျီယိုဗင်နီ ဒေါ့ဆန်းတိုစ့် ၊ ရာဖေးမာကွက်ဇ်နဲ့ မန်ယူအသင်းဆီ ရောက်လာမယ့် ဂျာဗီယာ ဟာနန်ဒက်စ်တို့ ပါဝင်ခဲ့ပါတယ် ။ တောင်အာဖရိကအသင်းမှာတော့ ပရီးမီးယားလိဂ်ကစားသမား စတီဖင်ပီနာ ပါဝင်လာခဲ့တာပါ ။ အိမ်ရှင်အသင်းအတွက် ရှာဘာလာလာ က အဖွင့်ဂိုးကို လှပစွာကန်သွင်းယူခဲ့ပြီး ဒီကနေ့အထိ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အမှတ်တရပုံရိပ်အဖြစ် ကျန်ရှိခဲ့ပါတယ် ။ မက္ကဆီကိုအသင်းအတွက် မားကွက်ဇ်က ချေပဂိုးပြန်သွင်းပေးခဲ့ပြီး တောင်အာဖရိကအသင်းဂိုးသမား ကူနေးကလည်း မက္ကဆီကိုအသင်းရဲ့ ကန်သွင်းမှုအချို့ကို လက်စွမ်းပြသွားခဲ့ပါတယ် ။ ၁၆ နှစ်အကြာမှာတော့ သူတို့ ၂ သင်းဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ပြန်လည်ဆုံတွေ့ခဲ့ကြပြန်ပါပြီ ။ ဒီညမှာ ဘယ်အသင်းက အနိုင်ရရှိသွားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြပါစို့ဗျာ ။ #BeeKyal

လူတိုင်းစောင့်မျှော်နေကြတဲ့ ကမ္ဘာ့ဖလားပွဲစဥ်ကြီးကတော့ အခုဆို ရောက်ရှိလာပြီနော်။ ဒီလိုပွဲမျိုးတွေကိုမှ အထာကျကျနဲ့ ရှယ်တီးချင်တ
လူတိုင်းစောင့်မျှော်နေကြတဲ့ ကမ္ဘာ့ဖလားပွဲစဥ်ကြီးကတော့ အခုဆို ရောက်ရှိလာပြီနော်။ ဒီလိုပွဲမျိုးတွေကိုမှ အထာကျကျနဲ့ ရှယ်တီးချင်တဲ့ဘော်ဒါတွေအတွက် ငွေကြေးအာမခံမှု့🟥🟥🟥🟥ရှိတဲ့ 🔠🔠🔠🔠🔠🔠🔠 ဆီကိုသာလှမ်းလာခဲ့လိုက်တော့နော်။ 🤩🤩🤩🤩🤩🤩🤩🤩🤩🤩 တဲ့အပြင် 🟥🟥🟥🟥🟥🟥 🟥🟥🟥🟥🟥🟥🟥 ပေးနေတော့ချစ်ညီကိုတို့စိတ်တိုင်းကျအထုတ်အသွင်းလုပ်လို့ရပြီပေါ့။ မန်ဘာသစ်များအတွက်လည်း 🟥🟥🟥 bonus ပေးနေသေးတော့ကဲဘာလိုသေးလို့လဲဘော်ဒါတို့✔️ မှန်ကန်မြန်ဆန်တဲ့ဝန်ဆောင်မှု့များနဲ့ အတူ 🔠🔠🔠🔠🔠🔠🔠 မှာလက်တွဲပြီးအောင်နိုင်သူဖြစ်လိုက်ပါ။😀 🤩ဆော့ကစားလိုပါက😀😀 😬📱 09777652652 😬✉️ https://t.me/beekyal23

ရော်နယ်ဒို မရတော့ဘူး ၊ စိတ်မကောင်းစွာနဲ့ လက်ခံရမယ့် အခြေအနေမျိုးကို ညက ပွဲမှာ ထပ်တွေ့လိုက်ရပြန်ပါတယ် ။ နိုင်ဂျီရီးယား ဆိုတာ တ
ရော်နယ်ဒို မရတော့ဘူး ၊ စိတ်မကောင်းစွာနဲ့ လက်ခံရမယ့် အခြေအနေမျိုးကို ညက ပွဲမှာ ထပ်တွေ့လိုက်ရပြန်ပါတယ် ။ နိုင်ဂျီရီးယား ဆိုတာ တကယ် မာကျောတဲ့ အာဖရိကအသင်းပါ ။ ဒါကြောင့်လည်း ပေါ်တူဂီ တို့ ခက်ခက်ခဲခဲ အနိုင်ယူခဲ့ပါတယ် ။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ကန်ချက်တွေ ကတော့ လွဲကို လွဲနေပါတယ် ။ အရင်ကဆို လှည့်ကြည့်စရာ မလိုတဲ့ အခွင့်အရေး မျိုး ၊ လေပေါ်မှာ ဝဲကျလာတဲ့ ဖြတ်တင်ဘောမျိုးတွေအတွက် အဆုံးသတ်လိုက်တဲ့ ရော်နယ်ဒို ရဲ့ ဘောလုံးထိချက်တွေဟာ စိတ်ပျက်စရာ ဆိုတာထက် ဝမ်းနည်းစရာ ကောင်းလောက်ပဲ လွဲချော်ကုန်ပါပြီ ။ ​ခြေစမ်းပွဲမို့ ပထမပိုင်း အပြီး တစ်သင်းလုံး လူစားလဲခဲ့တာတောင် နည်းပြက ရော်နယ်ဒို ကို ချန်ထားပါသေးတယ် ။ သွင်းဂိုးလေးနဲ့ ကမ္ဘာ့ဖလား ကို စတင်နိုင်အောင်ပါ ။ ဒါပေမယ့်လည်း ရော်နယ်ဒို မရတော့ပါဘူး ။ အရင်က ဘာကြီးပဲ ဖြစ်ခဲ့ပါစေ ၊ ရှိတဲ့ ဂွန်ဇာလို ရာမို့စ် ဘလောက်ပဲ ညံ့နေပါစေ ပေါ်တူဂီ အနေနဲ့ ကမ္ဘာ့ဖလား မျှော်မှန်းထားတယ်ဆို တိုက်စစ်အားသန် ကွင်းလယ်တွေ များတာကြောင့် No.9 မပါတဲ့ False 9 ပုံစံနဲ့ ခင်းကျင်းမှပဲ သွက်လက်ထက်မြက်တဲ့ တိုက်စစ် ကို ပုံဖော်နိုင်မယ် ထင်မိပါတယ် ။ #BeeKyal

ယနေ့ခန့်မှန်းပွဲများ
+1
ယနေ့ခန့်မှန်းပွဲများ

😀မင်္ဂလာနံနက်ခင်းလေးပါ😀 👏ပွဲပီးရလဒ်နဲ့မနက်ခင်းကြေးလေးရပီဗျာ👏
+1
😀မင်္ဂလာနံနက်ခင်းလေးပါ😀 👏ပွဲပီးရလဒ်နဲ့မနက်ခင်းကြေးလေးရပီဗျာ👏

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အသင်းကနေထွက်ခွာသွားတဲ့ နည်းပြကြီး အိုလီဗာ ဂလက်စနာရဲ့ နေရာမှာ ပြင်သစ်ကလပ် လန်းစ်အသင်းနည်းပြ ပီယာ ဆာဂေးက
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အသင်းကနေထွက်ခွာသွားတဲ့ နည်းပြကြီး အိုလီဗာ ဂလက်စနာရဲ့ နေရာမှာ ပြင်သစ်ကလပ် လန်းစ်အသင်းနည်းပြ ပီယာ ဆာဂေးကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ် ။ ပီယာဆာဂေးဟာ လီယွန်အသင်းကို ၂၀၂၃ ကနေ ၂၀၂၅ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး လန်းစ်အသင်းကို ပြီးခဲ့တဲ့ရာသီမှာ ပြင်သစ်ရှုံးထွက်ဖလားရယူပေးခဲ့သလို အမှတ်ပေးပြိုင်ပွဲမှာလည်း အဆင့် ၂ နေရာအထိ ရောက်ရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ် ။ ပဲလေ့စ်ဟာ နည်းပြသစ်ကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ် ။ မနှစ်က ဘောလုံးရာသီတုန်းက လီဂူးဝမ်းရဲ့ နည်းပြကောင်းတယောက်ဖြစ်တဲ့ လီယမ် ရိုဆီညော်ဟာ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး ရလဒ်တွေမကောင်းခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရဖူးပါတယ် ။ အခုလာမယ့် ပီယာဆာဂေးကရော ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် ၊ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ဘယ်လိုရလဒ်တွေ ထွက်ပေါ်အောင် စွမ်းဆောင်နိုင်မှာလဲ . . . #BeeKyal

ယနေ့ခန့်မှန်းပွဲများ
+1
ယနေ့ခန့်မှန်းပွဲများ

😀မင်္ဂလာနံနက်ခင်းလေးပါ😀 👏ပွဲပီးရလဒ်နဲ့မနက်ခင်းကြေးလေးရပီဗျာ👏
+1
😀မင်္ဂလာနံနက်ခင်းလေးပါ😀 👏ပွဲပီးရလဒ်နဲ့မနက်ခင်းကြေးလေးရပီဗျာ👏

ညနေခင်းကြေးလေးပါ 😍😍
ညနေခင်းကြေးလေးပါ 😍😍

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးစတင်ဖို့ ၃ ရက်သာလိုပါတော့တယ် ။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ဘယ်တော့မှထပ်မဖြစ်တော့မယ့် အဖြစ်မျိုး ၂၀၀၆
ကမ္ဘာ့ဖလားပြိုင်ပွဲကြီးစတင်ဖို့ ၃ ရက်သာလိုပါတော့တယ် ။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ဘယ်တော့မှထပ်မဖြစ်တော့မယ့် အဖြစ်မျိုး ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖြစ်ခဲ့ဖူးပါတယ် ။ အင်္ဂလန်ဒိုင်လူကြီး ဂရေဟမ်ပူးလ်ဟာ ခရိုအေးရှားကစားသမား ဆီမြူနစ်ကို အဝါကတ် ၃ ကြိမ်ပြသပြီးမှ အနီကတ်ပြထုတ်ပယ်ခဲ့တာပါပဲ ။ ဂရေဟမ်ပူးလ်ဟာ ဆီမြူနစ်ကို ဒုတိယအဝါပြသချိန်မှာ သြစတြေးလျကစားသမားဘက်ခြမ်းမှာ မှားယွင်းရေးမှတ်မိတာကြောင့် အဝါ ၂ ကြိမ်ပြသထားမှုကို သတိမပြုမိခဲ့ဘူးလို့ဆိုပါတယ် ။ ဒါကြောင့် ပွဲပြီးသွားချိန်မှ ဆီမြူနစ်ကို တတိယအဝါကတ် ထပ်မံပြသခဲ့ပြီး ၃ ဝါ ၁ နီနဲ့ ထုတ်ပယ်ခဲ့တာပါ ။ အခုချိန်မှာတော့ VAR တွေရှိနေပြီဖြစ်တာကြောင့် ဒီလိုအဖြစ်မျိုး ထပ်ကြုံရမှာမဟုတ်တော့ပါဘူး ။ #BeeKyal

"မနှစ်က မန်ချက်စတာယူနိုက်တက်ဟာ ကွန်ညာ ၊ အမ်ဘျူမိုတို့လို ပရီးမီးယားလိဂ်နဲ့ အကျွမ်းတဝင်ရှိပြီးသား ကစားသမားတွေကို ခေါ်ယူနိုင်ခဲ
"မနှစ်က မန်ချက်စတာယူနိုက်တက်ဟာ ကွန်ညာ ၊ အမ်ဘျူမိုတို့လို ပရီးမီးယားလိဂ်နဲ့ အကျွမ်းတဝင်ရှိပြီးသား ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပါတယ် ။ ဒါက အသင်းအတွက် အများကြီးအထောက်အကူဖြစ်စေခဲ့တာပါ ။ ဒါပေမယ့် တကယ်ပြောင်မြောက်တဲ့ ခေါ်ယူမှုမျိုးတော့ မဖြစ်သေးပါဘူး" "အာဆင်နယ်က ဒီကလန်ရိုက်စ်ကို ခေါ်ယူခဲ့တာမျိုးကမှ တကယ်ကောင်းတဲ့ ခေါ်ယူမှုဖြစ်ခဲ့တာပါ ။ မန်ယူအနေနဲ့ ချဲလ်ဆီးက ကိုးလ်ပါးမားကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ဒီကလန်ရိုက်စ်ကို အာဆင်နယ်က ခေါ်သလိုမျိုး ပြောင်မြောက်တဲ့ အပြောင်းအရွှေ့တခု ဖြစ်လာနိုင်ပါတယ်" Garry Neville #BeeKyal

ယနေ့ခန့်မှန်းပွဲများ
ယနေ့ခန့်မှန်းပွဲများ

😀မင်္ဂလာနံနက်ခင်းလေးပါ😀 👏ပွဲပီးရလဒ်နဲ့မနက်ခင်းကြေးလေးရပီဗျာ👏
+1
😀မင်္ဂလာနံနက်ခင်းလေးပါ😀 👏ပွဲပီးရလဒ်နဲ့မနက်ခင်းကြေးလေးရပီဗျာ👏

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ European Team တွေ ကျော်လွှားရမယ့်အရာတခုရှိနေပါတယ် ။ အဲဒါကတော့ မြောက်အမေရိကမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားတ
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ European Team တွေ ကျော်လွှားရမယ့်အရာတခုရှိနေပါတယ် ။ အဲဒါကတော့ မြောက်အမေရိကမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားတိုင်းမှာ European Team တွေ ချန်ပီယံမဖြစ်ဖူးသေးတဲ့အစဉ်အလာပါ ။ မက္ကဆီကိုနိုင်ငံမှာ ၂ ကြိမ် ၊ အမေရိကန်နိုင်ငံမှာ ၁ ကြိမ် ၊ စုစုပေါင်း ၃ ကြိမ်ကျင်းပရာမှာ တောင်အမေရိကအသင်းတွေကချည်း ချန်ပီယံဖြစ်ခဲ့ကြပါတယ် ။ ၁၉၇၀ ကမ္ဘာ့ဖလားမှာ ဘရာဇီးက အီတလီ ၊ ၁၉၈၆ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားက ဂျာမနီ ၊ ၁၉၉၄ ကမ္ဘာ့ဖလားမှာ ဘရာဇီးကပဲ အီတလီ စတဲ့ European Team တွေကို အနိုင်ကစားပြီး ချန်ပီယံဖြစ်ခဲ့ကြတာပါ ။ ၂၀၁၄ တုန်းကတော့ ဂျာမနီအသင်းဟာ အာဂျင်တီးနားကို အနိုင်ကစားပြီး တောင်အမေရိကမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ European Team တွေ ချန်ပီယံမဖြစ်ခဲ့မှုကို ရပ်တန့်ပြနိုင်ခဲ့ပါတယ် ။ အခုလာမယ့် ၂၀၂၆ ပြိုင်ပွဲမှာရော မြောက်အမေရိက ကမ္ဘာ့ဖလားတွေမှာ စည်သူလွင်ဖြစ်နေမှုကို European Team တွေ ရပ်တန့်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် ။ #BeeKyal