ch
Feedback
ရွှေပြည်သစ်

ရွှေပြည်သစ်

前往频道在 Telegram

တိုင်းချစ် ပြည်ချစ် ရွှေပြည်သစ်

显示更多
未指定国家未指定类别
234
订阅者
+124 小时
+167 天
+1430 天
帖子存档
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံ၊လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံ၊နေပြည်တော် သို့ ပြန်လည်ထွက်ခွာ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့ ဇူလိုင် ၅ ရက်‌‌ မွန်လွဲပိုင်းတွင် လာအိုနိုင်ငံ၊ လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ တာဝန်ရှိသူများက လိုက်လံပို‌ဆောင်နှုတ်ဆက်ခဲ့ကြသည်။ President U Min Aung Hlaing departs from Luang Prabang International Airport for Myanmar President U Min Aung Hlaing and his wife Daw Kyu Kyu Hla, who are currently on an official state visit to the Lao People’s Democratic Republic, departed from Luang Prabang International Airport for Myanmar this afternoon. They were seen off at the airport by responsible officials. ရွှေပြည်သစ် https://t.me/shwepyithit01

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လွန်ပရာဘန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong က  လာရောက်ဂါရဝပြုတွေ့ဆုံ၊ မြန်မာ-လာအို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာရေး ဆွေးနွေး လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong က လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး မြန်မာ-လာအို နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ - (၁) လွန်ပရာဘန်မြို့သည် သာယာလှပ၍ အေးချမ်းစိမ်းလန်းသောမြို့ဖြစ်ကြောင်း၊ ယခုကဲ့သို့ လာရောက်နိုင်ခြင်းအတွက် ဝမ်းမြောက်ကျေနပ်မိကြောင်း (၂) ပုဂံ-လွန်ပရာဘန် Sister City ဆက်ဆံရေးကို ဆက်လက်မြှင့်တင်သွားလိုကြောင်း၊ ကျိုင်းတုံ-လွန်ပရာဘန်အကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ကြိုးပမ်းသင့်ကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများတွင် တူညီမှုများရှိသဖြင့် ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်မည်ဟု ယုံကြည်ကြောင်း (၃) လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးက နိုင်ငံတော်သမ္မတနှင့် ဇနီး၊ မြန်မာကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုဂါရဝပြုကြောင်း၊ ယခုခရီးစဉ်သည် မြန်မာ-လာအို နှစ်နိုင်ငံ၏ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဟု ယုံကြည်ကြောင်း (၄) ပြည်နယ်အတွင်းရေးမှူးမှ လွန်ပရာဘန်ပြည်နယ်၏ သမိုင်း၊ ပထဝီဝင်နှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်သမ္မတဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ လွန်ပရာဘန်မြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို လာရောက်လေ့လာခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း (၅) လွန်ပရာဘန်ပြည်နယ်သည် ဧရိယာ စတုရန်းကီလိုမီတာ ၁၆,၀၀၀ ကျော်ရှိပြီး ဧရိယာ၏ ၈၅ ရာခိုင်နှုန်းမှာ တောင်တန်းဒေသများဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြို့အဖြစ် အသိအမှတ်ပြုခံထားရပြီး ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းထားကြောင်း၊ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်ခဲ့ပြီး ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိကြောင်း (၆) နိုင်ငံတော်သမ္မတ၏ လွန်ပရာဘန်ခရီးစဉ် အောင်မြင်ချောမွေ့ပြီး ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်စေရန် ဆုမွန်ကောင်းတောင်းပါကြောင်း (၇) နိုင်ငံတော်သမ္မတက ရှင်းလင်းတင်ပြမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ မန္တလေး၊ ပုဂံ၊ ရန်ကုန်နှင့် လွန်ပရာဘန်မြို့တို့အကြား ခရီးသွားလုပ်ငန်း ချိတ်ဆက်ဖွံ့ဖြိုးလာပါက နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း (၈) ယခုလာအိုနိုင်ငံခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ မြန်မာ-လာအို နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဆင့်သို့ မြှင့်တင်နိုင်ရေးဖြစ်ကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ရွှေပြည်သစ် https://t.me/shwepyithit01

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ လာအိုနိုင်ငံရှိ ထက်လွမ် ဘုရားအား ဖူးမျှော်ကြည်ညို သည့်မှတ်တမ်း ရွှေပြည်သစ် https://t.me/shwepyithit01

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် အား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး ခဲ့မှု မှတ်တမ်း ရွှေပြည်သစ် https://t.me/shwepyithit01

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မ
+4
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံရှိ ထက်လွမ် ဘုရားအား ဖူးမျှော်ကြည်ညို ထက်လွမ်ဘုရားသို ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့အား ကော်ဇောနီခင်း၍ လာအိုတိုင်းရင်းသားအဖွဲများက ကြိုဆိုခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ထက်လွမ်ဘုရား အနောက်ဖက်မုဒ်ဦးမှတစ်ဆင့် ဝင်ရောက်၍ ဘုရားအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးများနှင့် ဆီမီးများ ဆပ်ကပ်ပူဇော်ခဲ့ကြသည်။ ထို့နောက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ထက်လွမ်ဘုရား၏ ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့သည်။ ရွှေပြည်သစ် https://t.me/shwepyithit01

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြ
+4
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် သည် ယနေ့မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့် လာအိုအမျိုးသား လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။ ရွှေပြည်သစ် https://t.me/shwepyithit01

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိင် နှင့် လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတ
+2
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိင် နှင့် လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် တို၏ ရှေ့မှောက်၌ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာများနှင့် သဘောတူစာချုပ်များ အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ် ရွှေပြည်သစ် https://t.me/shwepyithit01

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လွ
+2
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ် ရွှေပြည်သစ် https://t.me/shwepyithit01

Repost from N/a
ဒေသတွင်းနိုင်ငံကြီးနှစ်နိုင်ငံကို ချစ်ကြည်ရေးခရီးသွားပြီးပြီဆိုတော့ ကျန်တဲ့ နိုင်ငံတွေ အထူးသဖြင့် ဒေသတွင်း အာဆီယံနိုင်ငံတွေ သ
+1
ဒေသတွင်းနိုင်ငံကြီးနှစ်နိုင်ငံကို ချစ်ကြည်ရေးခရီးသွားပြီးပြီဆိုတော့ ကျန်တဲ့ နိုင်ငံတွေ အထူးသဖြင့် ဒေသတွင်း အာဆီယံနိုင်ငံတွေ သူ့အလိုလို ပါလာတဲ့သဘောပါပဲ။ တရုတ်လို ကမ္ဘာ့ စီးပွါးရေးရော လူဦးရေကောကအစ အင်အားကြီးမားတဲ့ နိုင်ငံကိုသွားတယ်၊ အိန္ဒိယလို ဒီမိုကရေစီဘိုးအေကြီး နိုင်ငံတွေကိုသွားပြတယ်။ အဲ့တော့အရင်တုန်းက ခန့်မှန်းခဲ့တဲ့ အတိုင်းပဲ ဒေသတွင်းနိုင်ငံတွေရဲ့ ဖိတ်ကြားမှုတွေကို သေချာစဉ်းစားပြီး တစ်ဆင့်ချင်းသွားနေတယ်။ သတိထားမိတာတစ်ချက်က သံတမန်ဆက်ဆံရေး အရမ်းကောင်းနေတဲ့ ရုရှားလိုနိုင်ငံကိုတောင်မသွားရသေးဘူး ဒေသတွင်းနိုင်ငံတွေရဲ့ ဖိတ်ကြားမှုတွေ အာယံအတွင်း အလေးထားမှုတွေကို ခံလာရတာက လက်ရှိ သမ္မတကြီးရဲ့ နိုင်ငံအပေါ်ထားတဲ့ စေတနာနှင့် အနစ်နာခံမှုတွေကြောင့်ပဲလို့ ပြောရမှာပဲ။ အိန္ဒိယနဲ့ တရုတ်ပြီးတော့ လာအိုကိုသွားတာက အကြောင်းရှိတယ်။ အိန္ဒိယ- မြန်မာ-ထိုင်း ကုန်သွယ်ရေးလမ်းကြောင်း အကောင်အထည်ဖော်ဖို့နဲ့ BRI, CMEC လမ်းကြောင်းအကောင်အထည်ဖော်နိုင်ဖို့အတွက် အဓိက အရေးကြီးတဲ့ တစ်ချို့အရာတွေက လာအိုနှင့် ဆက်စပ်နေတာဖြစ်ပါလိမ့်မယ်။ အကောင်အထည်ပေါ်လာတဲ့ခါသိလာရမှာပါ။ U Uncle 🇲🇲

သမ္မတကြီးအား လာအိုသမ္မတမှ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် စည်ကားသိုက်မြိုက်စွာကြိုဆို ရွှေပြည်သစ် https://t.me/shwepyithit01

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို
+3
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေး ခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်အား ယနေ့နံနက်ပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်က ဂုဏ်ပြုတပ်ဖွဲဖြင့်ကြိုဆိုသည်။ ရွှေပြည်သစ် https://t.me/shwepyithit01

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အညတရသူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြု A high-level Myanmar delegation led by President of the Republic of the Union of Myanmar, U Min Aung Hlaing and his wife, Daw Kyu Kyu Hla, who are currently on a State Visit to the Lao People's Democratic Republic, laid a wreath and paid tribute at the Monument of the Unknown Soldier. ရွှေပြည်သစ် https://t.me/shwepyithit01

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲသည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေး ခရီးစဉ် (State Visit) သွားရောက်ရာ ယနေ့နံနက် ၉ နာရီ ခွဲ ခန့်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ရွှေပြည်သစ် https://t.me/shwepyithit01

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေး ခရီးစဉ် (State Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။   သမ္မတကြီးရဲ့  လာအိုခရီးစဉ်ကနေ နိုင်ငံတော်အတွက် ကောင်းကျိုးများစွာ ရရှိလာပါစေ   ရွှေပြည်သစ် https://t.me/shwepyithit01

ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ နိုင်ငံတော် သမ္မတကြီး။ မွေးနေ့မှစ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး သက်ရှည်အောင်မြင်ပါစေကြေ
ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ နိုင်ငံတော် သမ္မတကြီး။ မွေးနေ့မှစ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး သက်ရှည်အောင်မြင်ပါစေကြောင်း လေးစားစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ နိုင်ငံနှင့် ပြည်သူများအကျိုးအတွက် ထမ်းဆောင်လျက်ရှိသော တာဝန်များတွင် အောင်မြင်မှုများ ပိုမိုရရှိပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်ဦးဆောင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။ မွန်မြတ်သောစိတ်ဓာတ်၊ ခိုင်မာသောခံယူချက်များဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဆက်လက်သယ်ပိုးနိုင်ပါစေကြောင်း မွေးနေ့အခါသမယတွင် အလေးအနက် ဂုဏ်ပြုဆုတောင်းအပ်ပါသည်။ Happy Birthday Our President 💐 💐 💐 3-7-2026 ရွှေပြည်သစ် https://t.me/shwepyithit01

ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ရန်အတွက် အင်ဒိုနီးရှား နိုင်ငံမှ စတင်ထွက်ခွာလာ နိုင်ငံတေ
ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ရန်အတွက် အင်ဒိုနီးရှား နိုင်ငံမှ စတင်ထွက်ခွာလာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်ဖြင့် ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ယနေ့ လာရောက်လျက်ရှိပြီး၊ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတတို့သည် နှစ်ဦးတည်းတွေ့ဆုံဆွေးနွေးပွဲ (One-on-One Meeting) ပြုလုပ်မည်ဖြစ်ပြီး မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေး၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ အရေးပါသည့်ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ရွှေပြည်သစ် https://t.me/shwepyithit01

မင်္ဂလာနံနက်ခင်းပါ ခင်ဗျာ 🙏🙏🙏 ဗုဒ္ဓံ ပူဇေမိ ဓမ္မံ ပူဇေမိ သံဃံ ပူဇေမိ ပါ ဘုရား🙏🙏🙏 ရတနာသုံးပါးနှင့်တကွ မိဘဆရာသမားတို့ကို
မင်္ဂလာနံနက်ခင်းပါ ခင်ဗျာ 🙏🙏🙏 ဗုဒ္ဓံ ပူဇေမိ ဓမ္မံ ပူဇေမိ သံဃံ ပူဇေမိ ပါ ဘုရား🙏🙏🙏 ရတနာသုံးပါးနှင့်တကွ မိဘဆရာသမားတို့ကို ရိုသေမြတ်နိုး ရှစ်ခိုးကန်တော့ ပါတယ်... မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ကြပါစေ... ရွှင်လန်း ချမ်းမြေ့ ကြပါစေ... ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ... အလုပ်စီးပွား အကိုင်စီးပွား များလည်း တိုးတက် စည်ပင်ကြပါစေ... ဥစ္စာရွှေငွေများလည်း ပေါကြွယ်ဝကြပါစေ... ဝင်ငွေ အခွင့်အလမ်း များလည်း ဒီရေအလား တိုးပွားနိုင် ကြပါစေ... အောင်မြင်အဆင်ပြေသော နေ့သစ်လေး ဖြစ်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ခင်ဗျာ 🙏🙏🙏