ch
Feedback
ရွှေပြည်သစ်

ရွှေပြည်သစ်

前往频道在 Telegram

တိုင်းချစ် ပြည်ချစ် ရွှေပြည်သစ်

显示更多
未指定国家未指定类别
232
订阅者
-124 小时
+157 天
+1330 天
帖子存档
*        ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေသည့် တောင်ကိုရီးယားဘောလုံးအသင်း လေ့ကျင့်ရေး ကွင်းနား တွင် ပျံသန်းနေသော ဒရုန်းတစ်စင်းကို မက္ကဆီကိုစစ်တပ် ပစ်ချ   ·        ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေသည့် တောင်ကိုရီးယားဘောလုံးအသင်း လေ့ကျင့်ရေး ကွင်းနား တွင် ပျံသန်းနေသော ဒရုန်းတစ်စင်းကို မက္ကဆီကိုစစ်တပ် ပစ်ချခဲ့ကြောင်း သိရသည်။ ·        တောင်ကိုရီးယားဘောလုံးအသင်းသည် သောကြာနေ့တွင် ၂၀၂၆ ကမ္ဘာ့ဖလား ပူးတွဲ အိမ်ရှင် မက္ကဆီကိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ ·        တောင်ကိုရီးယားအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မက္ကဆီကိုနိုင်ငံ၊ ဂွါဒါလာဟာရာမြို့တွင် အခြေစိုက် လေ့ကျင့်နေပြီး အင်္ဂါနေ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ထောက်လှမ်းခြင်းဖြစ်ကြောင်း ယူဆရသည့် ဒရုန်းတစ်စင်း တွေ့ခဲ့ရကြောင်း သိရသည်။ ·        အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကိုရီးယားဘောလုံးအသင်းမန်နေဂျာ ဟောင်မြန်ဘို က ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး အသင်းကို သိသာထင်ရှားသည့် သက်ရောက်မှုမရှိကြောင်း ပြောကြားခဲ့သည်။ ·        ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု A တွင် မက္ကဆီကိုနှင့် တောင်ကိုရီးယား နှစ်သင်းစလုံး အဖွင့်ပွဲ အနိုင်ရထားကြောင်း၊ ထို့ကြောင့် နှစ်သင်းစလုံးအတွက် ယခုတွေ့ဆုံမှုတွင် အနိုင်ရသည့်အသင်းမှာ နောက်တစ်ဆင့်တက်ရန် သေချာမည်ဖြစ်ကြောင်း သိရှိရသည်။ ရွှေပြည်သစ် https://t.me/shwepyithit01

G7 ထိပ်သီးအစည်းအဝေးမှ ထူးခြားချက်များ ၁။      ထရမ့် ပိုမိုတည်ငြိမ်ရင့်ကျက်လာပြီး ပြဿနာမရှာတော့ခြင်း ထရမ့်ဟာ သူ့ရဲ့ ပထမသမ္မတသက်တမ်းတုန်းက G7 အစည်းအဝေးတွေမှာ ပူးတွဲ ကြေညာချက်ကို ဆုတ်ဖြဲတာ၊ စိတ်ကောက်ပြီး အစည်းအဝေးက စောစောပြန်တာမျိုးတွေ လုပ်ခဲ့ဖူး ပါတယ်။ ဒါပေမဲ့ ယခုအကြိမ်မှာတော့ ခန်းမပူတာ၊ နောက်ကျတာမျိုး အနည်းငယ် ညည်းညူ ပြက်လုံးထုတ်ရုံကလွဲရင် အစည်းအဝေး ပရိုဂရမ်တစ်ခုလုံးကို ပြဿနာမရှာဘဲ အေးအေး ဆေးဆေး တက်ရောက်ပြီးစီးခဲ့ပါတယ်။ ©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©© ၂။       ယူကရိန်းအရေးအပေါ် မမျှော်လင့်ဘဲ ပြတ်သားစွာ ရပ်တည်ခြင်း ထရမ့်ဟာ ရုရှား-ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ရင် ဝေဝါးတဲ့သဘောထား ရှိတတ်ပေမယ့် ယခု အစည်းအဝေးမှာတော့ ရုရှားကို ပြတ်ပြတ်သားသား တုံ့ပြန်ထားတဲ့ G7 ပူးတွဲကြေညာချက်ကို ထောက်ခံခဲ့ပြီး ယူကရိန်း အတွက် “မယိမ်းယိုင်သော ထောက်ပံ့မှုပေးမယ်” လို့ ကတိပြုခဲ့တာဟာ မမျှော်လင့်ထားတဲ့ အချက်တစ်ခု ဖြစ်တဲ့အတွက် ရုရှား-ယူကရိန်းအရေးဟာ ဆက်လက်ရှည်ကြာ နေဦးမှာဖြစ်ပြီး ထရမ့်မှ ဝှက်ဖဲတစ်ချပ်ကို ကိုင်ဆောင်ထားလာတာကို တွေ့ရပါတယ်။ JJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJ ၃။      အီရန်သဘောတူညီချက်ကြောင့် သံတမန်ရေးရာ အသာစီးရခြင်း ထရမ့် ကြားဝင်စေ့စပ်ပေးခဲ့တဲ့ “အီရန်နဲ့ ကနဦးသဘောတူညီချက်” ဟာ ဥရောပရဲ့ စွမ်းအင်အခက်အခဲကို ကယ်တင်ပေးနိုင်တဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အကြီးအကျယ် ချီးမွမ်းမှုကို ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း ထရမ့်ဟာ ဒီအစည်းအဝေးမှာ သံတမန်ရေးရာအရ အားသာချက် ရရှိသွားခဲ့တာကို တွေ့ရပါတယ်။ ¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥ ၄။      အသက် (၈၀) အရွယ် G7 ရဲ့ “ဝါရင့်အဖွဲ့ဝင်ကြီး” ဖြစ်လာခြင်း အစည်းအဝေး တက်ရောက်လာတဲ့ အခြားခေါင်းဆောင် အများစုဟာ မကြာသေးခင် နှစ်ပိုင်းကမှ ရွေးကောက်ခံထားရတဲ့သူတွေ ဖြစ်ပြီး ပြင်သစ်သမ္မတ မက်ခရွန်ကလွဲရင် ထရမ့် လောက် G7 အစည်းအဝေး မတက်ဖူးကြပါဘူး။ ဒါကြောင့် အသက် ၈၀ အရွယ် ရောက်လာပြီ ဖြစ်တဲ့ ထရမ့်ဟာ ကမ္ဘာ့ခေါင်းဆောင်တွေအလယ်မှာ သူ့ကိုယ်သူ ဩဇာပြဖို့ မလိုတော့ဘဲ ဝါရင့်အဖွဲ့ဝင်ကြီးတစ်ဦးအနေနဲ့ ပိုပြီး တည်ငြိမ်တဲ့ လေသံမျိုး ပြောင်းလဲလာတာ တွေ့ရပါတယ်။ (တစ်ပြိုင်နက်တည်းမှာပဲ အသက်အရွယ်ကြောင့် ပင်ပန်းနွမ်းနယ်နေတာကိုလည်း မြင်တွေ့ခဲ့ ရပါတယ်)။ €€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€ ၅။      ကမ္ဘာ့ခေါင်းဆောင်များ ထရမ့်ကို အလိုလိုက် ပေါင်းသင်းလာခြင်း ထရမ့်ရဲ့ ပုတ်ခတ်ဝေဖန်မှုကို ခံခဲ့ရဖူးတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ (ကနေဒါ၊ ဂျာမနီ၊ အီတလီ ခေါင်းဆောင်များ) ဟာ ထရမ့်နဲ့ ပြန်အဆင်ပြေဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ကြပါတယ်။ အမေရိကန်ရဲ့ ၄၇ ဆက်မြောက် သမ္မတ (47th President) ကို ရည်ရွယ်တဲ့ကျောနံပါတ် ၄၇ ရေးထားတဲ့ အင်္ကျီလက်ဆောင်ပေးတာ၊ သီးသန့်တွေ့ဆုံပြီး အထင်အမြင်လွဲမှားမှု ရှင်းလင်းတာ တွေ လုပ်ခဲ့ကြလို့ ယခုအစည်းအဝေးဟာ ထရမ့်အတွက်တော့ ခေါင်းဆောင်တွေရဲ့ အလိုလိုက်မှုကို ခံခဲ့ရတဲ့ အစည်းအဝေးတစ်ခု ဖြစ်ခဲ့ပါတယ်။ ££££££££££££££££££££££££££££££££££££££££££££££££££££££££££££££££££££££££အကျဉ်းချုပ်ရရင်တော့ “ပိုမိုရင့်ကျက်လာတဲ့ ဝါရင့်သမ္မတကြီး ထရမ့်၊ အီရန်နဲ့ သဘောတူညီချက် ကြောင့် သံတမန်ရေးအသာစီးရမှုနဲ့ သူ့ကို ပြန်ဖားနေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်များရဲ့ အခင်းအကျင်း” ကို အဓိက တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ ရွှေပြည်သစ် https://t.me/shwepyithit01

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ ရှန်ဟိုင်းမ
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ ရှန်ဟိုင်းမြိုရှိ လင်းကန်အထူးဧရိယာ (Shanghai Lingang Special Area) သိုသွားရောက်လေ့လာစဉ် ရွှေပြည်သစ် https://t.me/shwepyithit01

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ ရှန်ဟိုင်းမ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ ရှန်ဟိုင်းမြိုရှိ လင်းကန်အထူးဧရိယာ (Shanghai Lingang Special Area) သိုသွားရောက်လေ့လာစဉ် ရွှေပြည်သစ် https://t.me/shwepyithit01

ဗာဆိုင်းနန်းတော်က ညစာစားပွဲ၊ အယ်လ်ပ်စ်တောင်တန်းက လေညင်း၊ အီရန်နှင့် ကနဦးသဘောတူညီချက်နှင့် ထရမ့်နှင့် G7 အစည်းအဝေး အလှည့်အပြောင်း * ဒေါ်နယ်ထရမ့်သည် ၎င်း၏ ဒုတိယအကြိမ်မြောက် သမ္မတသက်တမ်းအတွင်း ပထမဆုံး အကြိမ်အဖြစ် ယခု တစ်ပတ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင် ကျင်းပခဲ့သည့် ဂျီဆဲဗန်း (G7) ထိပ်သီး အစည်းအဝေးကို မည်သည့် ပြဿနာမျှ ရှုပ်ထွေးအောင်မလုပ်ဘဲ အေးအေးဆေးဆေး တက်ရောက် ပြီးစီးခဲ့သည်။ အစည်းအဝေးခန်းမ ပူလွန်းသည်ဟု ညည်းညူခြင်း၊ တစ်နာရီခန့် နောက်ကျမှရောက်လာပြီး မိမိကိုယ်မိမိ “မင်းတို့ရဲ့ သူဌေး” (I’m the boss) ဟု ပြက်လုံး ထုတ်ခြင်းမျိုး ရှိခဲ့သော်လည်း၊ ယခင်နှစ်များကဲ့သို့ စိတ်ကောက်ကာ အစည်းအဝေးမှ စောစောစီးစီး ထွက်ခွာသွား ခြင်းမျိုး မရှိခဲ့ပေ။ အထူးသဖြင့် ၂၀၁၈ ခုနှစ်က အချင်းချင်း အကြီးအကျယ် စကားများပြီးနောက် ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်ကို ဆုတ်ဖြဲပစ်ခဲ့သည့် လုပ်ရပ်မျိုး မလုပ်တော့ဘဲ၊ ယခု အကြိမ်တွင်မူ ယူကရိန်းအရေးနှင့် ပတ်သက်၍ ရုရှားကို ပြတ်ပြတ်သားသား တုံ့ပြန်ထားသည့် ပူးတွဲကြေညာချက်ကိုပင် ထရမ့်က ထောက်ခံခဲ့ပြီး ယူကရိန်း အတွက် “ထောက်ပံ့မှုပေးမည်” ဟု ကတိပြုခဲ့သည်။ ================================================================ * ဤသို့ အဆင်ပြေချောမွေ့သွားရခြင်းမှာ အယ်လ်ပ်စ်တောင်တန်း၏ လေကောင်းလေသန့် ကြောင့်လော၊ သို့မဟုတ် ၎င်းကိုယ်တိုင် အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဥရောပ၏ စွမ်းအင် အခက်အခဲကို ကယ်တင်ပေးနိုင်မည့် ‘အီရန်နှင့် ကနဦးသဘောတူညီချက်’ ကြောင့်လော မပြော တတ်ချေ။ သို့မဟုတ်လည်း ပြင်သစ်သမ္မတ မက်ခရွန်က ထရမ့်ကို အစည်းအဝေးပြီးဆုံးသည်အထိ ဆက်ရှိနေစေရန် အစီအစဉ်ထဲ တကူးတက ထည့်သွင်းပေးခဲ့သည့် ဗာဆိုင်းနန်းတော်က ညစာ စားပွဲကြောင့်လည်း ဖြစ်နိုင်သည်။ လူဝီ (၁၄) ဘုရင်၏ စည်းစိမ်ကြီးမှု ပြယုဂ်ဖြစ်သော ဗာဆိုင်း နန်းတော်သို့ ရောက်ရှိချိန်တွင် ထရမ့်သည် ပါးနှစ်ဖက်တွင် ပါးနီလိမ်းခြယ်ထားသော ပြင်သစ် သမ္မတကတော် ဘရီဂျစ် မက်ခရွန်အား ချီးမွမ်းခန်းဖွင့်ခဲ့ပြီး ပြင်သစ်စတိုင်လ် ပြင်ဆင်ထားသည့် ဆန်းပြားသော ညစာစားပွဲကို အလွန် သဘောကျကြောင်း ပြောဆိုခဲ့သည်။ ထရမ့်သည် ယခုအထိ G7 အစည်းအဝေးများကို ၆ ကြိမ် (Covid ကပ်ရောဂါကာလအတွင်း video conference ဖြင့် ၁ ကြိမ်) တက်ရောက်ဖူးသဖြင့် ယခုအခါ ဤအဖွဲ့၏ ဝါရင့်အဖွဲ့ဝင်ကြီး ဖြစ်နေပြီဖြစ်ရာ၊ ပထမ သက်တမ်းတုန်းကကဲ့သို့ အခြားဝါရင့်ခေါင်းဆောင်များကို အာဏာပြရန် မလိုတော့ဘဲ ပို၍ တည်ငြိမ်ရင့်ကျက်လာသည်ကို တွေ့ရသည်။============================= * တစ်ချိန်တည်းမှာပင် ကမ္ဘာ့ခေါင်းဆောင်အချို့သည် ယခုနှစ်အတွင်း ထရမ့်၏ ဝေဖန် ပုတ်ခတ်ခြင်းကို ခံခဲ့ရဖူးသဖြင့် ယခုအစည်းအဝေးတွင် ထရမ့်နှင့် ပြန်အဆင်ပြေအောင် နည်းမျိုးစုံ ဖြင့် ကြိုးပမ်းခဲ့ကြသည်ကိုလည်း တွေ့ရသည်။ ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနီက ထရမ့်၏ အီရန်သဘောတူညီချက်ကို “ဂိမ်းအလှည့်အပြောင်း” “I think it’s a gamechanger” ဟု ချီးမွမ်းခဲ့ပြီး ထရမ့်သဘောကျမည့် တရုတ်နှင့် ကုန်သွယ်ရေးအကြောင်းကို လာရောက်ဆွေးနွေး ခဲ့သလို၊ ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာဇ်ကလည်း ထရမ့်အတွက် ကျောနံပါတ် ၄၇ ရေးထိုး ထားသည့် အဖြူရောင် ဘောလုံးအင်္ကျီကို လက်ဆောင်ပေးကာ “ကျွန်တော်တို့က အသင်း တစ်သင်းတည်းပါ” “We’re on the same team,” ဟု ၎င်းတို့၏ ဆက်ဆံရေးကို ပြန်လည် ဖာထေးခဲ့သည်။ ထို့အတူ ပြီးခဲ့သည့် ဧပြီလက ထရမ့်၏ “လက်ခံနိုင်စရာမရှိသူ” ဟု အပြောခံ ခဲ့ရသည့် အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီသည်လည်း ယခုတစ်ပတ်တွင် ထရမ့်နှင့် သီးသန့် တွေ့ဆုံကာ အထင်အမြင်လွဲမှားမှုများကို ရှင်းလင်းခဲ့ပြီး “ကျွန်မတို့က အမြဲတမ်း သူငယ်ချင်း တွေပါ” ဟု ပြုံးရွှင်စွာ ပြောကြားခဲ့ရာ၊ ယခုအကြိမ် ဂျီဆဲဗန်းအစည်းအဝေးသည် ထရမ့်အဖို့ ကမ္ဘာ့ခေါင်းဆောင်များ၏ အလိုလိုက် ချော့မြှူမှုများအကြား သံတမန်ရေးရာ အောင်ပွဲတစ်ခုအဖြစ် ပြီးဆုံးသွားခဲ့ရပါသည်။====================================== ရွှေပြည်သစ် https://t.me/shwepyithit01

Miss Universe Myanmar 2026 ဆုကြီးကို သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ မေဂရေ့စ်ပယ်ရီက ထိုက်တန်စွာနဲ့ဆွတ်ခူးသွားပါတယ်။ ==============
Miss Universe Myanmar 2026 ဆုကြီးကို သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ မေဂရေ့စ်ပယ်ရီက ထိုက်တန်စွာနဲ့ဆွတ်ခူးသွားပါတယ်။ ======================= ၅ ကြိမ်မြောက် မယ်စကြဝဠာမြန်မာ (Miss Universe Myanmar 2026) အလှမယ်ပြိုင်ပွဲကြီးရဲ့ နောက်ဆုံးအဆင့်ပွဲစဉ် (Final Competition) ကို မနေ့က ဇွန်လ ၁၇ ရက် ညနေပိုင်းမှာ ရန်ကုန်မြို Hexagon Complex Hall မှာ ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၆ ခုနှစ်ရဲ့ နိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အလှမယ်သရဖူကြီးကိုတော့ ဘားအံကိုယ်စားပြု အလှမယ် မေဂရေ့စ်ပယ်ရီ (May Grace Parry) က ဆွတ်ခူးသွားခဲ့ပါတယ်။

Repost from N/a
တရုတ်နိုင်ငံပေကျင်းမြိုမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအ
+2
တရုတ်နိုင်ငံပေကျင်းမြိုမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတုန်းက လက်ရှိသမ္မတ(အဲ့တုန်းက ယာယီသမ္မတ (တာဝန်))နှင့် ကမ္ဘာ့ထိပ်သီးနိုင်ငံခေါင်းဆောင်တွေ တွေ့ခဲ့ကြတာကို မှတ်မိကြအုံးမယ်ထင်တယ်။ အဲ့တုန်းက သတိထားမိကြာလားတော့မသိဘူး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နှင့်ပါတွေ့ခဲ့သေးတာကို၊ ဒါက ျအပြည့်စုံဖတ်ရန် https://t.me/uuncle3456

သမ္မတကြီး သူဘာတွေတွေးနေမလဲ ရန်ကုန်မြစ်ကြီးထဲမှာ အခုလို သင်္ဘောကြီးစီးပြီး ရန်ကုန်ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှု မြန်မာနိုင်ငံရဲ့
သမ္မတကြီး သူဘာတွေတွေးနေမလဲ ရန်ကုန်မြစ်ကြီးထဲမှာ အခုလို သင်္ဘောကြီးစီးပြီး ရန်ကုန်ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှု မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို နိုင်ငံတကာက အံ့ဩချီးမွမ်းလောက်အောင် သူ လုပ်ပေးချင်နေသလား လုပ်ပေးနိုင်ဖို့ တွေးနေမယ်ဆိုတာ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက မြန်မာနိုင်ငံကို သိပ်ချစ်တဲ့ မြန်မာနိုင်ငံကို သိပ်ပြီး ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ မြန်မာလူမျိုးတွေကို သိပ်ပြီးကြွယ်ဝချမ်းသာစေချင်တဲ့ သမ္မတကြီး ဦးမင်းအောင်လှိုင် လေ။ ။ ။ ရွှေပြည်သစ် https://t.me/shwepyithit01

အာဆီယံနှင့် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ‘အပြည့်အဝ ပါဝင်ခွင့်ရရေး’ တရုတ်နိုင်ငံ ထောက်ခံအားပေး ·        စစ်တပ်မှအာဏာထိန်းပြီးနောက်ပိုင်း နိုင်ငံတကာအဖွဲ့အစည်းများ၏ ဖယ်ကြဉ်ခြင်းကို ခံထားရသည့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဇာတ်ခုံတွင် “အပြည့်အဝ” ပြန်လည် ပါဝင်ခွင့်ရရှိရေးကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ·         ယခုထုတ်ပြန်ချက်သည် ယခင်စစ်ကောင်စီဥက္ကဋ္ဌ (လက်ရှိ အရပ်ဘက်သမ္မတ) တရုတ် နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်တွင် ပါရှိလာခြင်း ဖြစ်သည်။ ·        အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သည့် အာဆီယံ (ASEAN) အဖွဲ့သည် မြန်မာ့ပဋိပက္ခများကြောင့် မြန်မာနိုင်ငံကို ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားပြီး၊ မြန်မာ့အရေး နှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများ ရှိနေသည်။ ·        သို့သော်လည်း တရုတ်အစိုးရသည် မကြာသေးမီက ပြုလုပ်ခဲ့သည့် မြန်မာ့ရွေးကောက်ပွဲကို လူသိရှင်ကြား ထောက်ခံခဲ့သည်။ ·        “မြန်မာနိုင်ငံရဲ့ တရားဝင် ရပိုင်ခွင့်နဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အာဆီယံရဲ့ လုပ်ငန်းစဉ်တွေ၊ ယန္တရားတွေအားလုံးအပြင် ကုလသမဂ္ဂမှာပါ မြန်မာနိုင်ငံ အနေနဲ့ အပြည့်အဝ၊ တန်းတူရည်တူနဲ့ အကျိုးပြုစွာ ပါဝင်ခွင့်ရရှိရေးကို တရုတ်နိုင်ငံက ထောက်ခံပါတယ်” ဟု တရုတ်အစိုးရပိုင် မီဒီယာများဖော်ပြထားသော ပူးတွဲထုတ်ပြန်ချက် များအရ သိရှိရသည်။ ·        သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် (အင်္ဂါနေ့) က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ထိုသို့တွေ့ဆုံစဉ် သမ္မတရှီက “မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံး အနေဖြင့် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်သွားရန် တရုတ်နိုင်ငံက ထောက်ခံသည်” ဟု ပြောကြားခဲ့သည်။ ·        ထို့အပြင် ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ နှစ်နိုင်ငံအကြား သတ္တုတွင်းနှင့် စွမ်းအင် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြသည်။ (မြန်မာ နိုင်ငံသည် တရုတ်နိုင်ငံ၏ ပြန်ပြည့်မြဲစွမ်းအင် နည်းပညာထုတ်လုပ်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် ‘ရှားပါးမြေဒြပ်စင်’ (Rare Earth) များကို ကမ္ဘာပေါ်တွင် အဓိက ထောက်ပံ့ပေးနေသည့် နိုင်ငံတစ်ခု ဖြစ်သည်။) ·        မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ဒေါ်လာထရီလီယံချီတန်ဖိုးရှိ (Belt and Road Initiative- BRI) စီမံကိန်း၏ အရေးပါသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကုန်းတွင်းပိတ်ဒေသများမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ် မည့် ရထားလမ်းနှင့် ပိုက်လိုင်းစီမံကိန်းများလည်း ပါဝင်နေသည်။ ·        မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က သမ္မတ ရှီကျင့်ဖျင်အား “နှစ်ဦးနှစ်ဖက် အဆင်ပြေမည့် အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်” ဖိတ်ကြားခဲ့ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (AFP သတင်းဌာနမှ ဆောင်းပါးအား ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။) ရွှေပြည်သစ် https://t.me/shwepyithit01

·        လက်ရှိတွင် ဂျပန်နိုင်ငံသည် ကာကွယ်ရေးဘတ်ဂျက်ကို ဂျီဒီပီ (GDP) ၏ ၂ ရာခိုင်နှုန်းအထိ ရောက်ရှိရန် ရည်မှန်းချက်ဖြင့် ယန်း ၉ ထရီလီယံအထိ တိုးမြှင့်ထားပြီး၊ ဤသို့ အင်အား ဖြည့်တင်းခြင်းမှာ စစ်တိုက်ရန်အတွက် မဟုတ်ဘဲ အင်အားသုံး၍ နယ်မြေအခြေအနေ ပြောင်းလဲရန် ကြိုးပမ်းမှုများကို တားဆီးရန်သာ ဖြစ်ကြောင်း ဆိုသည်။ ·        ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရုံတင်မကဘဲ အာဆီယံအပါအဝင် မဟာမိတ်နိုင်ငံများနှင့်ပါ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည် ဖြစ်သလို၊ ဒေသတွင်း တင်းမာမှုများ လျော့ကျစေရန်အတွက် ပေကျင်းနှင့် တိုက်ရိုက် ဆွေးနွေးညှိနှိုင်းရန် တံခါးကို အမြဲတမ်း ဖွင့်လှစ်ထားဆဲဖြစ်ကြောင်းလည်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။ ရွှေပြည်သစ် https://t.me/shwepyithit01

တရုတ်၏စွပ်စွဲချက်ကို ဂျပန်ကာကွယ်ရေးဝန်ကြီး ပယ်ချ ၂၀၂၆ ခုနှစ် ဇွန်လ ၁၈ ရက် · ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိ (Shinj
+2
တရုတ်၏စွပ်စွဲချက်ကို ဂျပန်ကာကွယ်ရေးဝန်ကြီး ပယ်ချ ၂၀၂၆ ခုနှစ် ဇွန်လ ၁၈ ရက် ·        ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိ (Shinjiro Koizumi) က ၎င်းတို့နိုင်ငံအနေဖြင့် ကာကွယ်ရေးစွမ်းရည်ကို အရှိန်အဟုန်မြှင့် တိုးမြှင့်နေခြင်းသည် ဒေသတွင်းစစ်ပွဲများ ဖြစ်ပွားမလာစေရန်ဖြစ်ပြီး ကာကွယ်ရေးကို တိုးမြှင့်ခြင်းသည် “အရေးကြီး” ကြောင်းနှင့် ၎င်း၏ ကာကွယ်ရေး စွမ်းရည်ကို ခိုင်မာစေရမည် ဟု BBC သတင်းဌာနနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားလိုက်သည်။ ·         ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကျင့်သုံးခဲ့သည့် ငြိမ်းချမ်းရေးဝါဒီမူဝါဒမှ ခွဲထွက်ကာ ယခုအခါ ကာကွယ်ရေးအသုံးစရိတ်များကို စံချိန်တင် တိုးမြှင့်လာခဲ့သည်။ ·        ဤသို့ တိုးမြှင့်လာမှုအပေါ် တရုတ်နိုင်ငံက “စစ်ဝါဒီသစ်” (New Militarism) ဟု စွပ်စွဲ ပြစ်တင်ခဲ့ပြီးနောက် ဂျပန်ကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ Read More

ရှန်ဟိုင်းမြို၌ ကျင်းပသည့် "Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai"အား နိုင်ငံတော်သမ္မတ ဦ
+1
ရှန်ဟိုင်းမြို၌ ကျင်းပသည့် "Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai"အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် တက်ရောက်ဖွင့်လှစ် *        တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် နံနက်ပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ Radisson Hotel ၌ ကျင်းပသည့် “Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ဖွင့်လှစ်ခဲ့သည်။ *        အခမ်းအနားတွင် နိုင်ငံတော်သမ္မတက MCITP-2026 Shanghai ထိပ်သီးအစည်းအဝေးကို တရားဝင်ဖွင့်လှစ်ပေးခဲ့ပြီး ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည် ကြည့်ရှုလေ့လာခဲ့သည်။ *        ထို့နောက် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုများ ပိုမိုခိုင်မာလာရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။ ရွှေပြည်သစ်

မြတ်ဗုဒ္ဓရဲ့စွယ်တော်မြတ် မြန်မာနိုင်ငံကို ၅ ကြိမ်မြောက် ဒေသစာရီကြွချီပူဇော်ခံနိုင်ဖို့ နိုင်ငံတော်သမ္မတကြီးက တရုတ်ခရီးစဉ်အတွင
မြတ်ဗုဒ္ဓရဲ့စွယ်တော်မြတ် မြန်မာနိုင်ငံကို ၅ ကြိမ်မြောက် ဒေသစာရီကြွချီပူဇော်ခံနိုင်ဖို့ နိုင်ငံတော်သမ္မတကြီးက တရုတ်ခရီးစဉ်အတွင်းမှာ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ မြတ်ဗုဒ္ဓရဲ့ စွယ်တော်ဟာ မြန်မာနိုင်ငံသို့ ၁၉၅၅ ခုနှစ်မှာ ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်မှာ ဒုတိယအကြိမ်၊ ၁၉၉၆ ခုနှစ်မှာ တတိယအကြိမ်နှင့် ၂၀၁၁ ခုနှစ်မှာ စတုတ္ထအကြိမ် ကြွချီပူဇော်ခံခဲ့ပြီးဖြစ်ပါတယ်။ အခုပဉ္စမအကြိမ် ကြွချီလာမယ်ဆိုရင် ၁၅ နှစ်ကျော်ကြာကာလမှာ မြန်မာပြည်သူတွေ ဗုဒ္ဓစွယ်တော်အစစ်ကို ပြန်လည်ဖူးမြော်ခွင့်ကုသိုလ်ထူးကို ရရှိကြမှာဖြစ်ပါတယ်။

Repost from N/a
မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ MPU ကိုဘာကြောင့်ဖွဲ့စည်းရတာလဲ ဇွန် ၁၆ ရက်နေ့က ပြုလုပ်တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံ
+2
မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ MPU ကိုဘာကြောင့်ဖွဲ့စည်းရတာလဲ ဇွန် ၁၆ ရက်နေ့က ပြုလုပ်တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့မှာ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union- MPU) ကို ဖွဲ့စည်းဖို့တင်သွင်းခဲ့တာကိုတွေ့တယ်။ အဓိကရည်ရွယ်ချက်ကတော့ အာဆီယံပါလီမန်၊ နိုင်ငံတကာပါလီမန်တွေနှင့် ပူးပေါင်းနိုင်ဖို့အပြင် ပြည်တွင်းလွှတ်တော်တွေကြားမှာပါ အပြည့်အစုံဖတ်ရန် U Uncle

ပိုပြီးနွေးထွေးလာတဲ့ တရုတ်ရဲ့ ဆက်ဆံရေး နှင့် မြန်မာနိုင်ငံ၏ ပထဝီအားသာချက် တရုတ်ကတော့ တရုတ်ပါပဲ။ မနေ့က သမ္မတကြီး ဦးမင်းအောင်လှိင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တိုဆွေးနွေးကြတဲ့အထဲမှာ ရှီရဲ့စကားတွေက တော်တော်လေးနက်တဲ့ အဓိပ္ပာယ်တွေပါနေတာကိုတွေ့ရတယ်။ အဲ့ထဲကမှ အကြောင်းအရာတစ်ချိုဖြစ်တဲ့ “မြန်မာနိုင်ငံနှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိင်းစေလိုတယ်၊ ပေါက်ဖော်(ညီအစ်ကိုရင်းချာ) ချစ်ကြည်ရင်းနှီးမှုကို ဆက်ထိန်းလိုတယ်၊ BRI ပူးပေါင်းဆောင်ရွက်မှုကဏ္ဍက အဓိကစီမံကိန်းတစ်ခုဖြစ်တာကြောင့် နှစ်ဖက်စလုံးက မြန်မာနိုင်ငံရဲ့ စီပွားရေးဖွံဖြိုးတိုးတက်စေဖိုနှင့် ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုတိုးတက်စေဖိုအတွက် ဘေးကင်းရေးကို အာမခံချက်ဖြင့် အဓိကစီမံကိန်းတွေတည်ဆောက်မှုကို ဖြည်းဖြည်းချင်း မြှင့်တင်သင့်တယ်” ဆိုပြီးတော့ ပြောသွားတဲ့ အပြည့်စုံဖတ်ရန်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့ရှိ သမိုင်းဝင် Fairmont Peace Hotel သို့ ရောက်ရှိ တရုတ်နိုင်ငံသို့ နိုင်ငံတ
+4
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့ရှိ သမိုင်းဝင် Fairmont Peace Hotel သို့ ရောက်ရှိ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက်တွင် High-Speed Railway G23 အမြန်ရထားဖြင့် ရှန်ဟိုင်းမြို့သို့ ရောက်ရှိလာပြီးနောက် တည်းခိုမည့် Fairmont Peace Hotel သို့ ရောက်ရှိခဲ့ ကြောင်း သိရှိရသည်။   Fairmont Peace Hotel မှလည်း သမ္မတကြီးအား တီးဝိုင်းများဖြင့် ခမ်းနားစွာကြိုဆိုခဲ့ပြီး ဝန်ထမ်းများမှလည်း ရင်းနှီးပျူဌာစွာဖြင့် ဧည့်ဝတ်ကျေပွန်စွာ ကြိုဆိုခဲ့ကြသည်ကို တွေ့ရပါသည်။   သမ္မတကြီး၏ ဘုန်းတန်ခိုး ကမ္ဘာနှင့် တစ်ဝှမ်း ဖုံးလွှမ်းစေအံ့။ ရွှေပြည်သစ် https://t.me/shwepyithit01