The East Palace (2026) MmSub
前往频道在 Telegram
显示更多
未指定国家未指定类别
253
订阅者
+124 小时
+107 天
+1030 天
帖子存档
Repost from N/a
L-i-o-n F-i-s-t ( 2026 )
=================
TMDB 7.3/10
ခြင်္သေ့နှလုံးသားနဲ့လူ
အက်ရှင်ဖိုက်တင်ဇာတ်ကားတွေ ကြိုက်တတ်သူတွေအတွက် ပူပူနွေးနွေးထွက်ထားတဲ့ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းလေးကတော့ ဂျိုးဟာ ကောင်မလေးက ဆေးအမှုနဲ့ ထောင်ကျဖို့ ဖြစ်လာတဲ့အချိန် သူကပဲဓားခုတ်ရာလက်ဝင်လျှိုပြီး ထောင်ထဲအစားဝင်ပေးလိုက်ပါတယ်
သူ့ရဲ့ပိုင်ဆိုင်မှုတွေလည်း သူ့ကောင်မလေးက ကိုယ်ဝန်ရှိလာတာကြောင့် အကုန်လွှဲပေးလိုက်ရပြီး ထောင်ကထွက်ချိန်မှာတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုသာ ကျန်ပါတော့တယ်
ဂျိုးတစ်ယောက် ထောင်ကထွက်ပြီး အခြေလေးကျရုံရှိတုန်းမှာပဲ ပြတ်သွားပြီဖြစ်တဲ့ ကောင်မလေးက ကလေးဆေးရုံဒေါ်လာ ၅ သောင်းလာတောင်းလာတဲ့ အခါ အကျပ်ရိုက်ရပါတော့တယ်
ဒီလိုနဲ့ ဒေါ်လာတစ်သိန်းဆုချမယ်ဆိုတဲ့ ဖိုက်တင်ပြိုင်ပွဲအကြောင်း သိချိန်မှာတော့ ဂျိုးလည်း သားဆေးရုံစရိတ်အတွက် ဝင်ပြိုင်ဖို့လုပ်ပါတော့တယ် ဒီပြိုင်ပွဲမှာ အဆင်ချောလာစေဖို့ တရုတ်သိုင်းဆရာကြီးနဲ့ပါ အမှတ်မထင်တွေ့သွားချိန်မှာတော့...
ဂျိုးတစ်ယောက် ပြိုင်ပွဲမှာပြိုင်ဖို့ ဘယ်လိုတွေပြင်ဆင်သွားမလဲ သူ့သားရဲ့ဆေးဖိုးကို တတ်နိုင်ဖို့ ဆုကြေးကိုရပါ့မလား သူ့ရဲ့ကျပ်တည်းလှတဲ့ ဘဝကြီးမှာ ဘယ်လိုသာယာစရာ စိတ်ညစ်စရာ စိတ်မောစရာ အခိုက်အတန့်တွေ ကြုံရမလဲဆိုတာ တူတူရှုစားလိုက်ရအောင်
The Scandal (2026)
************************
ပြင်သစ်ဂန္ထဝင်ဝတ္ထု Dangerous Liaisons နဲ့ 2003 ခုနှစ်ထွက် Untold Scandal ရုပ်ရှင်ကို အခြေခံပြီး ဒရမ်မာအနေနဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ Son Ye-Jin, Ji Chang-Wook နဲ့ Nana တို့ရဲ့ ဂျိုဆွန်းခေတ် သမိုင်းနောက်ခံဒရမ်မာလေး ထွက်ရှိလို့လာပါပြီ။
(မလျော်ကန်တဲ့ ဇာတ်ဝင်ခန်းတချို့ ပါဝင်တာကြောင့် အသက်ပြည့်မှသာ ကြည့်ရှုပေးကြဖို့ မေတ္တာရပ်ခံပါရစေ။)
- ဇာတ်လမ်းအကျဉ်း -
ဂျိုဝန်း (Ji Chang-Wook) ဟာ ချောမောတဲ့ ရုပ်ရည်သွင်ပြင်၊ ထူးချွန်တဲ့ စာပေစွမ်းရည်ကို ပိုင်ဆိုင်ထားပြီး မိန်းမတကာရဲ့ နှလုံးသားကို အလွယ်လေး ကြိုးကိုင်ခြယ်လှယ်နေတဲ့ ဂျိုဆွန်းခေတ်ရဲ့ နံပါတ်တစ် ပလေးဘွိုင်းဖြစ်ပေမဲ့လည်း သူ မရယူနိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ငယ်စဉ်ကတည်းက ချစ်မြတ်နိုးလာခဲ့ရတဲ့ စာပေဖော်စာပေဖက်လည်းဖြစ် ဝမ်းကွဲလည်း ဖြစ်တဲ့ သခင်မဂျို (Son Ye-Jin) ပဲ ဖြစ်ပါတယ်။
တစ်နေ့မှာတော့ သခင်မဂျိုက ဂျိုဝန်းကို စာလွှာပါးဆင့်ခေါ်ကာ ခင်ပွန်းသည်ဖြစ်သူရဲ့ အငယ်အနှောင်းအဖြစ် ဝင်လာမဲ့ ဆိုအို့ဆိုသူကို ကိုယ်ဝန်ရအောင် လုပ်ပေးဖို့ ကမ်းလှမ်းလိုက်ပါတော့တယ်။ ဂျိုဝန်း ငမ်းငမ်းတက် တပ်မက်နေရတဲ့ သူ့ကိုယ်သူ ဆုလာဘ်အဖြစ် ပေးအပ်မယ်ဆိုတဲ့ အပေးအယူနဲ့ပေါ့။
ဂျိုဝန်းကလည်း ငယ်ရွယ်နုပျိုပြီး အတွေ့အကြုံမရှိသေးတဲ့ ဆိုအို့ကို ဖြားယောင်းဖို့ရာက သူ့အတွက် လွယ်လွန်းနေတယ်ဆိုပြီး မထိမ်းမြားခင်မှာ ခင်ပွန်းဆုံးပါးသွားလို့ အနှစ် ၂၀ ကျော်ကြာအောင် အပျိုစင်ဘဝကို စောင့်ထိန်းလာခဲ့တဲ့ မုဆိုးမ ဟီယွန်း (Nana) ကိုမှ မရရအောင် မြှူဆွယ်ပြပါမယ်လို့ စိန်ခေါ်လိုက်ရာမှာတော့....
မာယာပရိယာယ် အဖြာဖြာနဲ့ ဂျိုဝန်းက ဟီယွန်းကို ဘယ်လိုတွေ သွေးဆောင်ဖြားယောင်းသွားမလဲ... အဆုံးမှာ အောင်မြင်ပြီး သခင်မဂျို ချီးမြှင့်တဲ့ ဆုလာဘ်ကိုရော အရယူနိုင်ပါ့မလား...
တင်းကျပ်တဲ့ ခေတ်ကာလစည်းမျဉ်းတွေအောက်မှာ အန္တရာယ်များတဲ့ အချစ်လောင်းပွဲထဲ ခုန်ဆင်းမိကြတဲ့ သူတို့သုံးဦးရဲ့ ဇာတ်သိမ်းက ဘယ်လို ဖြစ်လာမလဲဆိုတာကို လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦး။
Aired: Sep 18, 2026
Aired On: Friday
Genres: Historical, Romance, Drama, Melodrama
Episodes: 8
Original Network: Netflix
