4 751
订阅者
-1224 小时
-717 天
-26430 天
帖子存档
မန်ယူနိုက်တက် ⚽️ အသင်း က Conte ကို ဆက်သွယ်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယာယီနည်းပြ Michael Carrick နေရာမှာ အစားထိုးခန့်အပ်နိုင်ဖို့ Antonio Conte ရဲ့ ကိုယ်စားလှယ်တွေထံ ကနဦးဆက်သွယ်မှုတွေ ပြုလုပ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီမှာ ရလဒ်ပိုင်း ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားပါတယ်။
Conte ကတော့ Juventus၊ Chelsea၊ Inter Milan နဲ့ Napoli တို့ကို ကိုင်တွယ်ခဲ့စဉ်အတွင်း ဆုဖလား ၁၁ လုံး ရယူထားတဲ့ အတွေ့အကြုံရင့် နည်းပြတစ်ဦးပါ။ လက်ရှိမှာတော့ Conte ကို Old Trafford အတွက် ရေရှည်နည်းပြအဖြစ် ခန့်အပ်နိုင်မယ့်သူတစ်ဦးအဖြစ် ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။
Real Madrid အသင်းအတွင်း အခြေအနေတွေ ရှုပ်ထွေးနေတယ်လို့ သတင်းထွက်ပေါ်
Real Madrid ⚽️ အသင်းရဲ့ အဝတ်လဲခန်းအတွင်း စည်းလုံးညီညွတ်မှုတွေ လျော့ကျလာပြီး အသင်းအတွင်း အခြေအနေတွေ အတော်လေးရှုပ်ထွေးနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။
သတင်းရင်းမြစ်တွေက အသင်းအတွင်း အခြေအနေကို “ပျက်စီးနေပြီ” လို့တောင် ဖော်ပြထားပြီး ထိန်းချုပ်မှုတွေ အားနည်းနေကာ လက်ရှိရာသီအပေါ် ထိခိုက်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီလိုအခြေအနေ ဖြစ်လာရတဲ့ အဓိကအကြောင်းရင်းကိုတော့ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေမှာ တိတိကျကျ ဖော်ပြထားခြင်း မရှိသေးပါဘူး။
ဟာလန်း နိုင်ငံတကာသွင်းဂိုး ၆၄ ဂိုးပြည့်
နော်ဝေအသင်းက ဒိန်းမတ်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အာလင်း ဟာလန်းက ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ဟာလန်းဟာ နော်ဝေအတွက် နိုင်ငံတကာပွဲ ၅၆ ပွဲကစားပြီး ၆၄ ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်ပါတယ်။
GOAT ကြီး ရော်နယ်ဒိုရဲ့ ပေါ်တူဂီအပါအဝင် Nations League ပွဲစဉ်များကို FIB Website မှာ ကြည့်နိုင်ပါပြီ
Website ➡️ https://fibcast.com
ပွဲစဉ်တွေက ည ၁:၁၅ မှာ ကစားမှာ ဖြစ်ပါတယ်။
⚠️ (မြန်မာအသံတင်ဆက်မှု အောက်က LIVE MATCH မှာ ဝင်ကြည့်ပါဗျ)
Mbappé က Cristiano Ronaldo လို အသက် ၄၁ နှစ်အထိ ဘောလုံးကစားနိုင်မလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး
“ပြင်သစ်နိုင်ငံကတော့ ကျွန်တော့်ကို အသက် ၄၁ နှစ်အထိ ကစားခွင့်ပေးမှာ မဟုတ်ဘူး!” “ဒါပေမယ့် Cristiano ကတော့ ကိုယ်ခန္ဓာပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကောင်းမွန်နေမယ်ဆိုရင် ဒီလိုအဆင့်မြင့်တဲ့ ဘောလုံးအဆင့်မှာ အချိန်အကြာကြီး ဆက်ကစားနိုင်တယ်ဆိုတာ ပြသနေပါတယ်။ ကျွန်တော့်အနေနဲ့တော့ အဲဒီလိုဖြစ်လာမယ်လို့ မမြင်မိပါဘူး”လို့ ရယ်မောရင်း BILD ကို ပြောကြားခဲ့ပါတယ်။
On this day 1992
လွန်ခဲ့တဲ့ ၃၄နှစ် ဒီလိုနေ့ Brighton ⚽️ နဲ့ပွဲမှာ အသက် 17 နှစ်အရွယ် လူငယ်လေးတစ်ယောက်က Manchester United ⚽️ အတွက် ပထမဆုံးပွဲထွက်ခဲ့တဲ့နေ့…
အဲ့ဒီနေ့က စခဲ့တဲ့ ဇာတ်လမ်းဟာ
34 နှစ်ကြာပြီးတဲ့ ဒီနေ့အထိ မပြီးဆုံးသေးပါဘူး။ Free-kick တွေကနေ
Perfect Cross တွေအထိ Football Icon တစ်ယောက်အဖြစ်
ကမ္ဘာတစ်ဝှမ်းမှာ သူ့ရဲ့နာမည်ကို ချန်ထားနိုင်ခဲ့ပါတယ်။ သူကတော့ တခြားသူ မဟုတ်ပါဘူး iFANN Global Fame Ranking ရဲ့ ကမ္ဘာ့ဩဇာ လွှမ်းမိုးမှု အဆင့် ၄၂ မှာ ရပ်တည်နေတဲ့ David Beckham ပဲဖြစ်ပါတယ်။
မြက်တွေရိတ်ရောင်းနေတဲ့ မန်ချက်စတာယူနိုက်တက် ⚽️
Manchester United ဟာ Old Trafford ကွင်းမြက်ခင်းကို ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ခင်းကျင်းခဲ့ပြီးနောက် ကွင်းမြက်ခင်းဟောင်း အစိတ်အပိုင်းလေးတွေကို ပရိသတ်တွေအတွက် ရောင်းချပေးနေပါတယ်။ မြက်ခင်းအနည်းငယ်စီကို ပလတ်စတစ်အတွင်း ထည့်သွင်းပုံဖော်ထားပြီး တစ်ခုလျှင် £125 သတ်မှတ်ထားပါတယ်။ Season-ticket ကိုင်ဆောင်ထားသူတွေကိုတော့ အခြားပရိသတ်တွေထက် အစောပိုင်းဝယ်ယူခွင့် ပေးထားပါတယ်။ ဒီအတောအတွင်း Manchester United ကလည်း တစ်နှစ်တာဝင်ငွေ £677.6 သန်း ရရှိခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ဝင်ငွေ ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားပါတယ်။
Old Trafford ရဲ့ မြက်ခင်းစလေးတွေ တောင် ပရိသတ်တွေအတွက် တန်ဖိုးကြီးအမှတ်တရတစ်ခု ဖြစ်လာခဲ့ပါပြီ။
ပေါ်တူဂီအသင်းနဲ့အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Cristiano Ronaldo က သူ့ရဲ့ ရည်မှန်းချက်တွေ၊ ပေါ်တူဂီအသင်းနဲ့ သူ့ရဲ့အနာဂတ်အပြင် သူ့အပေါ် ဝေဖန်မှုတွေကိုလည်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော် ဘောလုံးကစားလာတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ နေရာတော်တော်များများမှာလည်း နွေးနွေးထွေးထွေး ကြိုဆိုခံခဲ့ရပါတယ်။ မီဒီယာတချို့က ကျွန်တော့်ကို တိုက်ခိုက်ပြီး ဖယ်ရှားပစ်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် သူတို့မှာ အခွင့်အရေးမရှိပါဘူး။ သေနတ်နဲ့ပစ်မှပဲ ဖြစ်နိုင်မယ်ထင်တယ်။ အဲဒီအချိန်တောင် ကျွန်တော် ကျည်ဆန်ကို ရှောင်နိုင်မှာပါ။ ပေါ်တူဂီအသင်းက ကျွန်တော့်ကို ဆက်ပြီး အားမကိုးချင်တော့ဘူးဆိုရင် ဒီနေ့ကစပြီး ကျွန်တော် ထွက်သွားလို့ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ပြဿနာမရှိပါဘူး။ သူတို့က ကျွန်တော့်ကို အားကိုးတယ်ဆိုရင် ကျွန်တော်လည်း သူတို့ကို အားကိုးပါတယ်။ ပေါ်တူဂီပြည်သူတွေကလည်း ကျွန်တော့်ကို အားကိုးကြပါတယ်။ ဒါကြောင့်ပဲ အမျိုးသားအသင်းအတွက် ဆက်ကစားနေပါတယ်။ကျွန်တော့အနေနဲ့ ပေါ်တူဂီအသင်းနဲ့အတူ Nation League ထပ်မံ ရယူလိုပြီး သွင်းဂိုး ၁၀၀၀ ပြည့်မြောက်ဖို့ ပစ်မှတ်ထားနေပါတယ်"လို့ ခရစ္စတီယာနိုက ဆိုပါတယ်။
“ကျွန်တော်က Pelé ဒါမှမဟုတ် Messi ထက် ပိုကောင်းတဲ့ကစားသမား ဖြစ်ချင်တာမဟုတ်ပါဘူး။ ကျွန်တော်က Lamine Yamal ပဲ ဖြစ်ချင်တယ်။ လူတွေကလည်း ကျွန်တော့်ကို Lamine Yamal အဖြစ်ပဲ မှတ်မိစေချင်တယ်။”Lamine Yamal နှင့် L’Équipe interview,မှ
On this day 2015
လွန်ခဲ့တယ့် ၁၁နှစ် ဒီလိုနေ့မျိုးမှာ Bayern Munich ⚽️ 5–1 ⚽️ Wolfsburg ကစားခဲ့ပါတယ်။Bayernတို့ 0-1 နဲ့ ရှုံးနေချိန် Lewandowski က ဒုတိယပိုင်းမှာ လူစားဝင်လာပြီး ၈ မိနစ် ၅၉ စက္ကန့်အတွင်း ၅ ဂိုး သွင်းခဲ့ပါတယ်။ Guinness World Records မှာလည်း Bundesliga ရဲ့ အမြန်ဆုံး ၅ ဂိုးစံချိန်အဖြစ် မှတ်တမ်းဝင်သွား ခဲ့ပါတယ်။
၁၁ နှစ်ကြာသွားပေမယ့်…
အဲ့ဒီညက လီဝန်ဒေါစကီးရဲ့ ၅ ဂိုး ကိုတော့ ဘောလုံးပရိသတ်တွေ မမေ့နိုင်သေးဘူး။
တချို့ညတွေက ညီမလေး အပေါ်ထားတဲ့ကျွန်တော့ရဲ့အချစ်တွေလိုပဲ အချိန်ကြာလည်း ဟောင်းမသွားဘူး…
“ကျွန်တော့်ရဲ့ အိပ်မက်ထဲက ညစာစားပွဲဆိုရင်တော့ ကျွန်တော့်ရဲ့ Idol ဖြစ်ပြီး အခုအချိန်မှာ သူငယ်ချင်းတစ်ယောက်လို့ သတ်မှတ်ထားတဲ့ Cristiano Ronaldo ကို ဖိတ်ချင်ပါတယ်။ ပြီးတော့ Michael Jordan လည်း ပါမယ်။ သူက ကျွန်တော့်အတွက် အားကျစရာကောင်းတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ ကစားသမားဘဝအကြောင်း နဲ့ပတ်သက်ပြီး စကားတွေ ထပ်ပြီး ပြောချင်ပါတယ်။”Kylian Mbappe
Myles Lewis-Skelly က ပွဲမစခင် ဖိအားနဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ ဗုဒ္ဓဘာသာအယူအဆတွေနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေကို အသုံးပြုတယ်လို့ ဖွင့်ဟ
“ဗုဒ္ဓဘာသာမှာ ‘Monkey Mind’ ဆိုတဲ့ အယူအဆတစ်ခုရှိပါတယ်။ အဲဒါက စိတ်ဟာ မတည်မငြိမ်ဖြစ်ပြီး စိုးရိမ်စရာတစ်ခုကနေ တစ်ခုဆီကို အမြဲခုန်ကူးနေတဲ့အခြေအနေကို ဆိုလိုတာပါ။ ဖိအားတွေ ခံစားရတဲ့အချိန်မှာ အသက်ရှူလေ့ကျင့်ခန်းတွေ၊ သီချင်းနားထောင်တာတွေ၊ လူတွေနဲ့ စကားပြောတာတွေကနေတစ်ဆင့် ကိုယ့်ရဲ့ အာရုံကြောစနစ်ကို တည်ငြိမ်အောင်လုပ်ပြီး စိတ်ကိုလည်း ပြန်လည်ငြိမ်သက်အောင် ကြိုးစားပါတယ်။ စိတ်ဆိုတာ ကြွက်သားတစ်ခုလိုပါပဲ။ ဒါကြောင့် စိတ်ကိုလည်း လေ့ကျင့်ပေးဖို့ လိုပါတယ်။”Lewis Skelly (အာဆင်နယ် ⚽️ ကစားသမား)
“Mbappé နဲ့ Vinícius တို့က အရမ်းကောင်းတဲ့ ကစားသမားတွေပါ။ ဒါပေမယ့် လက်ရှိမှာ သူတို့နှစ်ယောက်ကြား Chemistry ကို မမြင်ရသေးပါဘူး။ နှစ်ယောက်စလုံးက တူညီတဲ့နေရာတွေမှာ ကစားချင်တာကြောင့် တစ်ခါတလေ တစ်ယောက်နဲ့တစ်ယောက် ကစားပေါက်ထပ်နေကြပါတယ်။ Real Madrid မှာ ကျွန်တော်၊ Bale နဲ့ Benzema တို့က နေရာတွေ အပြန်အလှန်ပြောင်းပြီး Flexible ဖြစ်အောင် ကစားခဲ့ကြတာကြောင့် အရမ်းအန္တရာယ်ရှိတဲ့ တိုက်စစ်ဖြစ်ခဲ့ပါတယ်။ Vinícius အနေနဲ့လည်း ပိုပြီး လိုက်လျောညီထွေ ကစားတတ်ဖို့လိုပါတယ်။”Cristiano Ronaldo (ရီရဲလ်မက်ဒရစ် ဂန္တဝင်ကစားသမား ⚽️) ၏ ရီရဲလ်မက်ဒရစ် Duo အပေါ် သုံးသပ်ချက် အတိုချုံး
On this day 2014
လွန်ခဲ့တဲ့ ၁၂ နှစ် Man UTD ကို လူးဝစ်ဗန်ဂါလ်း ကိုင်တွယ်ချိန် ဒီလိုနေ့မျိုးမှာ Leicester 🏴 နဲ့ ⚽️ Man UTD တို့ ကစားခဲ့ကျပြီး Man UTD အသင်းအတွက် 2-0 ဖြစ်စေမယ့် ဂိုးကို ပွဲချိန် 16' မှာ Di Maria က အလွန် လှပတဲ့ ကန်သွင်းမှုမျိုးနဲ့ သွင်းယူပေးခဲ့ပါတယ်တော်တော် လှပတဲ့ သွင်းဂိုးပါ။
ငယ်ဘဝ အကြောင်း ပြန်ပြောကျတယ့် အခါ ဒီပွဲဟာလဲ မပါမဖြစ်ပွဲစဉ်တခုပါပဲ။ ယူနိုက်တက်တို့ 3-1 နဲ့ ဦးဆောင်ခဲ့ပေမယ့် ပွဲပြီးချိန်မှာတော့ .......
၁၂ နှစ် ၁၂ နှစ် မနေ့တနေ့ကလိုပါပဲလား။
မှတ်တမ်းသစ်များဆီသို့ ခြေလှမ်းနေတဲ့ Lionel Messi
Lionel Messi ဟာ ကစားသမားဘဝအတွင်း ဂိုး ၁,၀၀၀ ပြည့်မြောက်ဖို့ နောက်ထပ် ၇၀ ဂိုးသာ လိုအပ်တော့သလို၊ Assist ၅၀၀ ပြည့်မြောက်ဖို့လည်း Assist ၇၆ ကြိမ် လိုအပ်နေပါတယ်။
ဒါ့အပြင် Free-kick သွင်းဂိုးပိုင်းမှာလည်း မှတ်တမ်းသစ်တစ်ခုကို ချိုးဖျက်နိုင်ဖို့ နီးစပ်နေပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက် Free-kick သွင်းဂိုး ၇၈ ဂိုးနဲ့ အများဆုံးသွင်းယူထားတဲ့ Marcelino Carioca ရဲ့ မှတ်တမ်းကို ကျော်တက်ဖို့ Messi အနေနဲ့ နောက်ထပ် Free-kick ၄ ဂိုးသာ လိုအပ်တော့တာ ဖြစ်ပါတယ်။
အသက်အရွယ်ရလာပေမယ့် မှတ်တမ်းသစ်တွေကို ဆက်လက်လိုက်မီနေဆဲဖြစ်တဲ့ Messi ရဲ့ ကစားသမားဘဝကတော့ ပရိသတ်တွေအတွက် စောင့်ကြည့်စရာကောင်းနေဆဲ ဖြစ်ပါတယ်။
Harry Kane ဟာ ပြီးခဲ့တဲ့အပတ်က ဘိုင်ယန်မြူးနစ်အသင်း ⚽️ အတွက် 100 ဂိုးမြောက်နဲ့ 101 ဂိုးမြောက်တွေကို သွင်းယူခဲ့ပြီး ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ 98 ပွဲနဲ့ သွင်းဂိုး 100 ပြည့်မြောက်ခဲ့ပါတယ်။
ဒါပေမယ့် ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခုအတွင်း ဂိုး 100 ပြည့်ဖို့ အမြန်ဆုံး သွင်းယူတဲ့ ကစားသမားအဖြစ်တော့ Cristiano Ronaldo 🇵🇹 က ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။
Ronaldo ဟာ Real Madrid ⚽️ ကစားသမားဘဝ La Liga မှာ 92 ပွဲသာ ကစားပြီး 100 ဂိုးပြည့်မြောက်ခဲ့တာကြောင့် Kane ထက် 6 ပွဲပိုမိုမြန်ဆန်ခဲ့တာ ဖြစ်ပါတယ်။
ဒီမှတ်တမ်းကို အနာဂတ်မှာ ဘယ်ကစားသမားက ချိုးဖျက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
FACT-BASED SATIRE
ကျွန်ဝောာ်တို့ ချစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ⚽️ အသင်းကြီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၄ပွဲကစားပြီး ဂိုးကန်သွင်းခွင့် 113 ကြိမ်သာ ရရှိခဲ့ပေမယ့် ဂိုးပေါက်တည့် အကြိမ်ရေ ၅၂ကြိမ်နဲ့ ၈ ဂိုး တိတိ ကြီးတောင် သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒီရာသီဟာ ကျုပ်တို့ရာသီပဲ 😛
(စာကြွင်း- မန်စီးတီး အသင်းဟာ ၅၂ကြိမ်ကြီးများတောင် ကန်သွင်းခဲ့ပေမယ့် ၁၃ ဂိုးသာ ရပါသေးတယ်)🙂
On this day 2009
၁၇ နှစ်တောင် ကြာခဲ့ပြီ…
Man United ⚽️ 4–3 ⚽️ Man City
Michael Owen ရဲ့ နောက်ဆုံးမိနစ်ဂိုးနဲ့အတူ ငယ်ဘဝ လဖက်ရည်ဆိုင်ညချမ်းတွေကို ပြန်လွမ်းဆွတ် တမ်းတမိတယ်။
ငယ်ဘဝ အချိန်တွေကတော့ ပြန်မရနိုင်တော့…
အမှတ်တရတွေကတော့ ဒီနေ့ထိ ရှိနေတုန်းပဲ။ ဪ ၁၇ နှစ်တဲ့လားဗျာ.....
ရီးရဲလ်မက်ဒရစ် ⚽️ က ဒိုင်လူကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်
အက်သလက်တီကို မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲအပြီး ရီးရဲလ်မက်ဒရစ်အသင်းက ဒိုင်လူကြီး Ortiz Arias ရဲ့ ဆုံးဖြတ်ချက်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ ပထမပိုင်းမှာ Cuti Romero က Bellingham ရဲ့ ဒူးကို တက်နင်းခဲ့တဲ့ဖြစ်ရပ်နဲ့ Kang-in Lee က Valverde ရဲ့ ဘယ်ဘက်ခြေကျင်းဝတ်ကို တက်နင်းခဲ့တဲ့ဖြစ်ရပ်တွေမှာ VAR ကြည့်ခဲ့ပေမယ့် အနီကတ် မပြခဲ့တာကို ထောက်ပြထားပါတယ်။ အဆိုပါဆုံးဖြတ်ချက်နှစ်ခုဟာ ပွဲရလဒ်အပေါ် အကြီးအကျယ် သက်ရောက်မှုရှိခဲ့ပြီး အက်သလက်တီကိုဘက်က ပွဲကို အနိုင်ရရှိခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
