ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

သိင်္ခ

သိင်္ခ

前往频道在 Telegram

အသိတိုး

显示更多
未指定国家未指定类别
1 085
订阅者
-124 小时
-227 天
-5530 天
帖子存档
EV နည်းပညာသုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်ရေးနှင့် ပြည်တွင်းသုတေသနနယ်ပယ်များ ဦးစားပေးသတ်မှတ်ရန် ဆွေးနွေး 《𝙊𝘾𝙏~𝟑》 လျှ
EV နည်းပညာသုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်ရေးနှင့် ပြည်တွင်းသုတေသနနယ်ပယ်များ ဦးစားပေးသတ်မှတ်ရန် ဆွေးနွေး 《𝙊𝘾𝙏~𝟑》 လျှပ်စစ်သုံးယာဉ် (EV) ကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် သုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်သည့် နည်းပညာများအဖြစ် ပြောင်းလဲနိုင်ရေး Prototype ဖန်တီးခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် လက်တွေ့အသုံးချခြင်းတိုကို ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းက ပြောကြားသည်။ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌလည်းဖြစ်သည့် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွင် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများအနက် ပြည်တွင်း၌ သုတေသနပြုဖွံဖြိုးနိုင်မည့် နည်းပညာနယ်ပယ်များကို ဦးစားပေးသတ်မှတ်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

ပြင်သစ်တွင် ကျောင်းသားဆန္ဒပြပွဲများပိုပြင်းထန်လာ၊ ကျောင်းသား ၂,၀၀၀ နီးပါး ထိန်းသိမ်းခံရ 03 October 2026 ပြင်သစ်မှာအထက်တန်းကျေ
ပြင်သစ်တွင်  ကျောင်းသားဆန္ဒပြပွဲများပိုပြင်းထန်လာ၊  ကျောင်းသား ၂,၀၀၀ နီးပါး ထိန်းသိမ်းခံရ 03 October 2026 ပြင်သစ်မှာအထက်တန်းကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေ ပိုမိုအရှိန်မြင့်လာနေပါတယ်။ ကျောင်းတွေကို ပိတ်ဆိုတာ၊ ရဲတပ်ဖွဲနဲ့ ထိတွေ့ရိုက်ပုတ်မှုတွေဖြစ်ပွားနေပြီး ကျောင်းဆောင် အဆောက်အအုံယိုယွင်းမှု၊ စာသင်ခန်း အခြေအနေ၊ ဆရာ/မ မလုံလောက်မှုနဲ့ တက္ကသိုလ်ဝင်ခွင့် စနစ်တွေအပေါ် မကျေနပ်ကြလို အခုလို ဆန္ဒပြနေကြတာပါ။ လက်ရှိမှာ အထက်တန်းကျောင်းပေါင်း ၅၆၄ ကျောင်းရဲ့ သင်ကြားရေးစနစ် ထိခိုက်ခဲ့ရပြီး ကျောင်းအုပ်ကြီး ၄၀ အပါအဝင် ကျောင်းဝန်ထမ်း ၆၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ကျိုက်ထို ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ Drop Bomb ဖြင့် တိုက်ခိုက်ခံရပြီး ဓာတ်အားပြတ်တောက် (ပြည်တွင်း) အောက်တိုဘာ ၃ မွန်ပြည်နယ်
ကျိုက်ထို ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ Drop Bomb ဖြင့် တိုက်ခိုက်ခံရပြီး ဓာတ်အားပြတ်တောက် (ပြည်တွင်း) အောက်တိုဘာ ၃ မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်ရှိ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံကို စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်တွင် Drop Bomb ၂ လုံးဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါဖြစ်စဉ်သည် စက်တင်ဘာ ၃၀ ရက် ည ၁၂ နာရီ ၁၀ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံရှိ Control Room ပေါ်သို Drop Bomb ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် Control Room နံရံများ၊ ခေါင်မိုးရှိ သွပ်ပြားများ၊ မျက်နှာကြက်နှင့် ပြတင်းတံခါးမှန်များ ပျက်စီးခဲ့သည်။ ထိုအပြင် ၃၃ ကေဗွီနှင့် ၁၁ ကေဗွီ Control Panel များ ဗုံးစထိမှန်ခဲ့ပြီး Control Cable များ ပျက်စီးကာ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အာဂျင်တီးနားတွင် ရင်းနှီးမြှုပ်နှံမှုဖြင့် နိုင်ငံသားဖြစ်ခွင့်အစီအစဉ် စတင်မည် အာဂျင်တီးနားနိုင်ငံသည် တောင်အမေရိကတိုက်တွင် ရင်
+1
အာဂျင်တီးနားတွင် ရင်းနှီးမြှုပ်နှံမှုဖြင့် နိုင်ငံသားဖြစ်ခွင့်အစီအစဉ် စတင်မည် အာဂျင်တီးနားနိုင်ငံသည် တောင်အမေရိကတိုက်တွင် ရင်းနှီးမြှုပ်နှံမှုဖြင့် နိုင်ငံသားဖြစ်ခွင့်ရရှိနိုင်သည့် အစီအစဉ်ကို ပထမဆုံး စတင်တော့မည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး လူးဝစ်ကာပိုတိုက စက်တင်ဘာ ၂ ရက်တွင် X လူမှုကွန်ရက်မှတစ်ဆင့် ကြေညာခဲ့သည်။ လျှောက်လွှာများကို ၂၀၂၆ ခုနှစ် နောက်ဆုံးသုံးလပတ်တွင် စတင်လက်ခံမည်ဖြစ်ပြီး (ပြန်လည်ထုတ်ယူခွင့်မရှိသည့်) အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ လှူဒါန်းခြင်း သိုမဟုတ် ဒေါ်လာ ၈၀၀,၀၀၀ တန် အစိုးရငွေချေးစာချုပ် ဝယ်ယူခြင်းတိုမှတစ်ဆင့် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အစီအစဉ်အရ လျှောက်ထားသူ၏ အိမ်ထောင်ဖက်နှင့် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ အိမ်ထောင်မရှိ၊ သားသမီးမရှိသည့် သားသမီးများလည်း အစိုးရဘဏ္ဍာငွေထဲသို တစ်ဦးလျှင် ဒေါ်လာ ၁၀၀,၀၀၀ ထည့်ဝင်ခြင်းဖြင့် အာဂျင်တီးနားနိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်မည်ဖြစ်သည်။ အသက် ၁၈ နှစ်အောက် သားသမီးများဖြစ်ပါက တစ်ဦးလျှင် ဒေါ်လာ ၂၅,၀၀၀ ထည့်ဝင်ရမည်ဖြစ်သည်။

စစ်ကိုင်းဖက်က PDF တွေ ကုန်သလောက် ရှိနေပြီဆိုတော့ ကြည့်ကောင်းအောင် ထွက်ပြေးစာရင်းလေး ကြေညာပြလိုက်သေးတာ။ သေတော့လဲ အာမခံချက်မရှိ
+1
စစ်ကိုင်းဖက်က PDF တွေ ကုန်သလောက် ရှိနေပြီဆိုတော့ ကြည့်ကောင်းအောင် ထွက်ပြေးစာရင်းလေး ကြေညာပြလိုက်သေးတာ။ သေတော့လဲ အာမခံချက်မရှိ မသေမချင်း ရှေ့ကနေ အတင်း အသေခံခိုင်းနေမှတော့ ဘယ်သူက နေချင်မှာလဲလေ 😎😎

အမေရိကန်က အရှေ့အလယ်ပိုင်းသို တတိယမြောက် လေယာဉ်တင်စစ်သင်္ဘောအုပ်စု စေလွှတ် ဒေါ်နယ်ထရန့်က အီရန်ကို ထပ်မံတိုက်ခိုက်မှု ပြုလုပ်လာနိုင်ကြောင်း သတိပေးပြောဆိုထားချိန် အမေရိကန်စစ်တပ်က အရှေ့အလယ်ပိုင်းဒေသသို တတိယမြောက် လေယာဉ်တင်စစ်သင်္ဘောအုပ်စု စေလွှတ်လိုက်ပြီဟု သိရသည်။ ယခု လွှတ်လိုက်သည့် စစ်သင်္ဘောအုပ်စုတွင် အထူးရေကြောင်း-ကုန်းကြောင်း တိုက်ခိုက်ရေးတပ်ဖွဲတစ်ခုလည်း ပါဝင်ပြီး အမေရိကန်တွင် နိုဝင်ဘာကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ရန် နီးကပ်လာချိန်နှင့် တိုက်ဆိုင်နေသည်။ အရှေ့အလယ်ပိုင်းသို ဦးတည်ထွက်ခွာလာသည့် အဆိုပါ ရေတပ်သင်္ဘောအုပ်စုတွင် စုစုပေါင်းရေတပ်သား ၇,၀၀၀ ကျော်နှင့် မရိန်းတပ်ဖွဲဝင် ၂,၀၀၀ ခန့် ပါဝင်သည်။ USS Theodore Roosevelt လေယာဉ်တင်စစ်သင်္ဘောနှင့် USS Makin Island ကုန်း-ရေ စစ်ဆင်ရေးအသင့်တပ်ဖွဲတိုအပြင် ကုန်းတက်တိုက်ခိုက်ရေးသင်္ဘောနှစ်စင်းလည်း လိုက်ပါလာမည်ဖြစ်သည်။ Noted: ကမ္ဘာကြီးကို မငြိမ်းမချမ်းထားရမှ စိတ်ချမ်းသာတဲ့အဖွဲ့တွေထင်ပါတယ်။ ခက်တာက ကိုယ့်နိုင်ငံတင်မဟုတ်ပဲ အခြားနိုင်ငံတွေကိုပါ လွှမ်းမိုးချုပ်ကိုင်ချင်နေတဲ့ အလိုဆန္ဒကပဲ စစ်မီးတွေအစလို့ ပြောရမှာပါပဲ။ ကြာလာတော့လဲ ကမ္ဘာကြီးဟာ မငြိမ်းချမ်းသော၊ ရာသီဥတုတွေဖောက်ပြန်လာသော ၊ ကပ်ဘေးတွေထူပြောလာတဲ့ ကမ္ဘာကြီးအသွင်းရောက်ရှိနေပါပြီ။ သိင်္ခ

photo content

မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ ကျင်းပ ၂၀၂၅-၂၀၂၆ တက္ကသိုလ်ပညာသင်နှစ်ရဲ့ ကျောင်းဆရာ/ ကျောင်းဆရာမ၊ ကျောင်းသား/ ကျောင
+7
မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ ကျင်းပ ၂၀၂၅-၂၀၂၆ တက္ကသိုလ်ပညာသင်နှစ်ရဲ့ ကျောင်းဆရာ/ ကျောင်းဆရာမ၊ ကျောင်းသား/ ကျောင်းသူများ မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းတွင် တောင်ငူတက္ကသိုလ်၊ ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများ၊ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နည်းပြဆရာများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါတယ်။ ထိုနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများကို ရင်းနှီးစွာ မေးမြန်းနှုတ်ဆက်ခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့ပါတယ်။ အဆိုပါ သင်တန်းကို အောက်တိုဘာလ ၁ ရက်မှ ၃၀ ရက်အထိ သင်တန်းသား ကျား ၉၅ ဦး၊ သင်တန်းသူ မ ၁၅၃ ဦး၊ စုစုပေါင်း ၂၄၈ ဦးတိုဖြင့် ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသိုတ
+2
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသိုတက်ရောက်အမှာစကားပြောကြား

ရှမ်းတောင်တွင် ထောပတ်သီးတစ်ပိဿ ကျပ် ၇၀၀ ခန့်သာ ဈေးပေါက် အောက်တိုဘာ ၂ ရှမ်းတောင်ဒေသအတွင်း ထောပတ်သီးဈေးကွက် ယခုနှစ်တွင် သိသိသာသ
ရှမ်းတောင်တွင် ထောပတ်သီးတစ်ပိဿ ကျပ် ၇၀၀ ခန့်သာ ဈေးပေါက် အောက်တိုဘာ ၂ ရှမ်းတောင်ဒေသအတွင်း ထောပတ်သီးဈေးကွက် ယခုနှစ်တွင် သိသိသာသာကျဆင်းနေပြီး ပင်လောင်း၊ အောင်ပန်း၊ တောင်ကြီးမြိုနယ်ဖက်တွင် ထောပတ်သီးတစ်ပိဿာလျှင် ကျပ် ၇၀၀ ခန့်သာ ဈေးပေါက်နေကြောင်း ဒေသခံစိုက်ပျိုးသူများထံမှ သိရသည်။

အင်ဒိုနီးရှားသမ္မတ အစိုးရအဖွဲပြင်ဆင်ပြီး နိုင်ငံခြားရေးဝန်ကြီးသစ် ခန့်အပ် ဂျကာတာ၊ အောက်တိုဘာ ၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆ
အင်ဒိုနီးရှားသမ္မတ အစိုးရအဖွဲပြင်ဆင်ပြီး နိုင်ငံခြားရေးဝန်ကြီးသစ် ခန့်အပ် ဂျကာတာ၊ အောက်တိုဘာ ၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် အစိုးရအဖွဲအတွင်း အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး ဝါရင့်သံတမန် Arrmanatha Christiawan Nasir ကို နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်ခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Arrmanatha Nasir သည် ယခင်နိုင်ငံခြားရေးဝန်ကြီး Sugiono ၏ နေရာကို ဆက်ခံခြင်းဖြစ်ပြီး အောက်တိုဘာ ၁ ရက်က ဂျကာတာမြိုရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ကျိုက်ထိုမြိုနယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ၊ ဓာတ်အားထိန်းချုပ်ခန်းအား အကြမ်းဖက်သောင်းကျန်းသူများက
ကျိုက်ထိုမြိုနယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ၊ ဓာတ်အားထိန်းချုပ်ခန်းအား အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ချ တိုက်ခိုက်ဖျက်ဆီး ကျိုက်ထို၊ အောက်တိုဘာ ၂ အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်နှင့်လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် လူနေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းများကို ဥပဒေမဲ့ ယုတ်မာရိုင်း စိုင်းစွာ ကျူးလွန်လျက်ရှိကြပြီး စက်တင်ဘာလ ၃၀ ရက်၊ ညသန်းခေါင်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်ရှိ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံသို အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ၂ ဖြင့် ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

🙏🙏🙏
🙏🙏🙏

Thai Airways လေကြောင်းလိုင်း၏ CEO ရာထူးမှ ဖယ်ရှားခံရ ဘန်ကောက်မြိုရေကြီးမှုအတွင်း လေကြောင်းခရီးစဉ်များ စီမံခန့်ခွဲမှုအပါအဝင် မ
Thai Airways လေကြောင်းလိုင်း၏ CEO ရာထူးမှ ဖယ်ရှားခံရ ဘန်ကောက်မြိုရေကြီးမှုအတွင်း လေကြောင်းခရီးစဉ်များ စီမံခန့်ခွဲမှုအပါအဝင် မြေပြင်ဝန်ဆောင်မှုများ အဆင်မပြေဖြစ်ခဲ့ရပြီး ခရီးဆောင်အိတ်များ စုပုံနေခဲ့သည့်အတွက် Thai Airways လေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ် ချိုင်အမ်စီရီကို အောက်တိုဘာ ၂ ရက်တွင် ဒါရိုက်တာအဖွဲက ရာထူးမှ ဖယ်ရှားလိုက်သည်။

ဒေါ်လာ ၃၅၀,၀၀၀ ရင်းနှီးထည့်ဝင်ရုံဖြင့် အာဂျင်တီးနားနိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်မည် 𝙊𝘾𝙏~𝟐 အာဂျင်တီးနားနိုင်ငံမှာ နိ
ဒေါ်လာ ၃၅၀,၀၀၀ ရင်းနှီးထည့်ဝင်ရုံဖြင့် အာဂျင်တီးနားနိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်မည် 𝙊𝘾𝙏~𝟐 အာဂျင်တီးနားနိုင်ငံမှာ နိုင်ငံခြားသားတွေအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားနိုင်မယ့် “Citizenship by Investment” အစီအစဉ်ကို ၂၀၂၆ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း စတင်လက်ခံသွားမယ်လို အာဂျင်တီးနားအစိုးရက အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ အစီအစဉ်အရ နိုင်ငံခြားသားလျှောက်ထားသူတွေအနေနဲ့ အာဂျင်တီးနားနိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနထံ ပြန်လည်ရယူလိုမရတဲ့ အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ ထည့်ဝင်ခြင်း ဒါမှမဟုတ် ဒီအစီအစဉ်အတွက် သီးသန့်ဖန်တီးထားတဲ့ အမေရိကန်ဒေါ်လာ ၈၀၀,၀၀၀ တန် အစိုးရငွေချေးစာချုပ် ဝယ်ယူခြင်းတိုထဲက တစ်ခုကို ပြုလုပ်ရမှာဖြစ်ပါတယ်။

ပုဂံတွင် လူစီးနင်းနိုင်သည့် မီးပုံးပျံများ အောက်တိုဘာ ၁၅ ရက်တွင်စတင်ပျံသန်းမည် မန္တလေးတိုင်း၊ ညောင်ဦးမြိုနယ်ရှိ ပုဂံရှေးဟောင
ပုဂံတွင် လူစီးနင်းနိုင်သည့် မီးပုံးပျံများ အောက်တိုဘာ ၁၅ ရက်တွင်စတင်ပျံသန်းမည် မန္တလေးတိုင်း၊ ညောင်ဦးမြိုနယ်ရှိ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၏ရှုခင်းများကိုကြည့်ရှုနိုင်မည့် လူစီး နင်းနိုင်သော မီးပုံးပျံများ အောက်တိုဘာ ၁၅ ရက်မှစ တင်၍ပျံသန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Balloon Over Bagan မှ အောက်တိုဘာ ၁၅ ရက်နှင့် STT Balloons မှ နိုဝင်ဘာလပထမပတ်တွင်စတင်ပျံ သန်း၍ ပြည်တွင်း/ပြည်ပခရီးသွားများကိုဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကာလင်နင်ဂရက်ကို ကာကွယ်ဖို ရုရှားမှာရှိသမျှ လက်နက်အားလုံး အသုံးပြုဖို အသင့်ရှိနေတယ်လို ပူတင်က အနောက်အုပ်စုကို သတိပေး ဘောလ်တစ်ပ
ကာလင်နင်ဂရက်ကို ကာကွယ်ဖို ရုရှားမှာရှိသမျှ လက်နက်အားလုံး အသုံးပြုဖို အသင့်ရှိနေတယ်လို ပူတင်က အနောက်အုပ်စုကို သတိပေး ဘောလ်တစ်ပင်လယ်ပြင်ထဲက သူတိုရဲ့ ကာလင်နင်ဂရက် နယ်မြေခြားနယ်မြေဟာ တိုက်ရိုက်တိုက်ခိုက်ခံရတယ်လို ယူဆရရင် လက်ဝယ်ရှိသမျှ လက်နက်အားလုံးကို အသုံးပြုသွားမယ်လို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောကြားလိုက်ပါတယ်။ ရုရှားအနေနဲ့ "ဘယ်သူ့ကိုမှ ခြိမ်းခြောက်နေတာမဟုတ်ဘူး" လို သမ္မတက အခိုင်အမာပြောဆိုခဲ့ပြီး၊ ၂၀၂၉ ဒါမှမဟုတ် ၂၀၃၀ မှာ ရုရှားက စစ်ပွဲအတွက် ပြင်ဆင်နေပါတယ်ဆိုတဲ့ အနောက်နိုင်ငံ ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေကို တုံပြန်ရုံသက်သက်သာ ဖြစ်တယ်လို ဆိုပါတယ်။

အိန္ဒိယကတော့ အစိမ်းရောင်တော်လှန်ရေးအတွက် ရင်နှီးမြုပ်နှံမှုတွေ တိုးပြီးရင်းတိုးနေ အောက်တိုဘာ - ၂ ( သောကြာနေ့ ) အိန္ဒိယနိုင်ငံ
အိန္ဒိယကတော့ အစိမ်းရောင်တော်လှန်ရေးအတွက် ရင်နှီးမြုပ်နှံမှုတွေ တိုးပြီးရင်းတိုးနေ အောက်တိုဘာ - ၂ ( သောကြာနေ့ ) အိန္ဒိယနိုင်ငံဟာ လျှင်မြန်စွာ တိုးတက်လာနေတဲ့ နေရောင်ခြည်နဲ့ လေစွမ်းအင် ထုတ်လုပ်မှု စွမ်းရည်ကို (အထူးသဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက် အမြင့်ဆုံးအချိန်တွေမှာ) အပြည့်အဝ အသုံးပြုနိုင်ရေး အတွက် အဟန့်အတားဖြစ်နေတဲ့ လျှပ်စစ်ဓာတ်အား လိုင်းပိုင်းဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းဖို အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ တန်ဖိုးရှိ အစိမ်းရောင်မဟာဓာတ်အားလိုင်း တိုးချဲ့ရေး စီမံကိန်းကို အတည်ပြုလိုက်ပါတယ်။

မဲဆောက်ရှိ ကာရာအိုကေတွင် အလုပ်လုပ်နေသည့် မြန်မာ ၆ ဦးနှင့် စံခလဘူရီတွင် ခိုးဝင်လာသည့် မြန်မာ ၇ ဦးတိုကို ထိုင်းရဲတပ်ဖွဲဖမ်းဆီး
မဲဆောက်ရှိ ကာရာအိုကေတွင် အလုပ်လုပ်နေသည့် မြန်မာ ၆ ဦးနှင့် စံခလဘူရီတွင် ခိုးဝင်လာသည့် မြန်မာ ၇ ဦးတိုကို ထိုင်းရဲတပ်ဖွဲဖမ်းဆီး 𝙊𝘾𝙏~𝟐 ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြိုနယ်နှင့် ကန်ချနဘူရီခရိုင် စံခလဘူရီမြိုနယ်တိုတွင် တရားမဝင် ဝင်ရောက်နေထိုင်မှုနှင့် အလုပ်လုပ်ကိုင်မှုတိုကြောင့် မြန်မာနိုင်ငံသား ၁၃ ဦးကို အောက်တိုဘာ ၁ ရက်နှင့် ၂ ရက်တိုတွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

မြဝတီမြိုနယ်၊ သင်္ဃန်းညီနောင်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲမှ ထောက်ပံ့ပေးအပ်သော အိမ်အမိုးသွပ်နှင့်ဘိလပ်
မြဝတီမြိုနယ်၊ သင်္ဃန်းညီနောင်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲမှ ထောက်ပံ့ပေးအပ်သော အိမ်အမိုးသွပ်နှင့်ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ် မြဝတီ၊ အောက်တိုဘာ ၂ ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ သင်္ဃန်းညီနောင် ကျေးရွာအုပ်စု ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် အထောက်အကူဖြစ်စေရန် အတွက်ကရင်ပြည်နယ်အစိုးရအဖွဲမှ ထောက်ပံ့သည့် အိမ်အမိုးသွပ်နှင့် ဘိလပ်မြေအိတ်များထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြဝတီမြိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။