သိင်္ခ
前往频道在 Telegram
အသိတိုး
显示更多未指定国家未指定类别
1 065
订阅者
无数据24 小时
-367 天
-7530 天
帖子存档
1 065
လူကြိုက်များသည့် ချယ်ရီပန်းပုံပါ YPS Card များ YPS အရောင်းကောင်တာများတွင် ပြန်လည်ဝယ်ယူနိုင်
စက်တင်ဘာ ၁၅၊ ၂၀၂၆
ရန်ကုန်မြို့တွင်း YBS ယာဉ်များ စီးနင်းရာတွင် ယာဉ်စီးခ ပေးချေနိုင်သည့် YPS Card များအနက် လူကြိုက်များသည့် ချယ်ရီပန်းပုံဖြင့် ထုတ်လုပ်ထားသော YPS Card များကို YPS အရောင်းကောင်တာများ၌ ပြန်လည်ဝယ်ယူနိုင်ပြီဖြစ် ကြောင်း သိရသည်။
အဆိုပါချယ်ရီပန်းပုံYPS Card များသည်အသုံးပြုရလွယ်ကူသည့်အပြင်ဒီဇိုင်းလှပသောကြောင့် ကိုယ်တိုင် အသုံး ပြုရန်အတွက်သာမက လက် ဆောင်အဖြစ်ပေးအပ်ရန်အတွက်ပါအသုံးဝင်သည့် ကတ်များဖြစ်ပြီးYPS Card များကို ဆူးလေ၊သခင်မြပန်းခြံ၊ မြန်မာပလာဇာ၊လှည်းတန်း၊၈ မိုင်(Junction 8 အရှေ့)၊ပန်းဆိုးတန်း၊သမိုင်းနှင့် မြေနီကုန်းတို့ရှိ YPS အရောင်းကောင်တာများတွင် ဝယ်ယူနိုင်ကြောင်းသိရသည်။
လက်ရှိတွင်လည်းYBSစီးနင်းရာတွင် ယာဉ်စီးခပေးချေရန် YPS ကတ်သုံးစွဲသူ ၅သိန်းခန့်ရှိလာပြီး YPS Cardအသုံးပြုခြင်းဖြင့် YBSယာဉ်များစီးနင်းရာတွင် ယာဉ်စီးခအတွက် ငွေအကြွေရှာဖွေရသည့် အခက်အခဲများကိုလျှော့ချနိုင်မည်ဖြစ်သည်။သိရှိလိုသူများအနေဖြင့်YPS Call Center ဖုန်းနံပါတ် ၀၉ ၇၇၂၆၆၆၆၉၉သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
1 065
တီးတိန်မြိုနယ်တွင် သင်းအုပ်ဆရာတစ်ဦး PDF-Zoland အဖွဲ၏ ပစ်ခတ်မှုကြောင့် သေဆုံး
🌲 ချင်းပြည်နယ်၊ တီးတိန်မြိုနယ် လမ်းဇန်ကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာ ဒါလ်ထွန်းတွောင် သည် စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် တီးတော့်ရွာမှ လမ်းဇန်ရွာသို ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ကပ်တဲလ်ကျေးရွာ ချောင်းကူးတံတားအနီး၌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
🌲 ဖြစ်စဉ်မှာ PDF-Zoland အဖွဲက ဆိုင်ကယ်ကို တားဆီးခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်သွားသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုသို ပစ်ခတ်မှုကြောင့် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် သင်းအုပ်ဆရာ ဒါလ်ထွန်းတွောင် ကျည်ထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သည့် ၎င်း၏အစ်ကိုဖြစ်သူမှာလည်း အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
🌲 ဖြစ်စဉ်အပြီးတွင် သင်းအုပ်ဆရာ၏ ရုပ်အလောင်းကို မိသားစုထံ ပြန်လည်ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
1 065
မန္တလေး ကျောက်တော်ကြီးဘုရားပွဲကို သမိုင်းတစ်လျှောက် အစည်ကားဆုံးနှစ်ဖြစ်စေရန် ပြင်ဆင်နေ
မန္တလေး၊ စက်တင်ဘာ ၁၆
မကြာမီကျင်းပမည့် မန္တလေးမြို့၏ အထင်ကရ သီတင်းကျွတ် ကျောက်တော်ကြီးဘုရားပွဲတော်ကို ယခုနှစ်တွင် သမိုင်းတစ်လျှောက် အစည်ကားဆုံးနှစ်တစ်နှစ်အဖြစ် မှတ်တမ်းတင်နိုင်ရန် ကြိုတင်စီစဉ်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ဒေသတွင်းအခြေအနေများကြောင့် နှစ်အတန်ကြာ ယခင်ကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိခဲ့သည့် ကျောက်တော်ကြီးဘုရားပွဲတော်ကို ယခုနှစ်တွင် ယခင်နှစ်များထက် ပိုမိုစည်ကားစွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ကျောက်တော်ကြီးဘုရား ဂေါပကအဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
သီတင်းကျွတ် ကျောက်တော်ကြီးဘုရားပွဲတော်ကို မန္တလေးတောင်ခြေအနီးရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရား သုံးဆူအတွက် စုပေါင်းကျင်းပခြင်းဖြစ်ပြီး နှစ်စဉ် သီတင်းကျွတ်လဆန်း ၈ ရက်မှ လပြည့်ကျော် ၃ ရက်အထိ ကျင်းပလေ့ရှိသည်။
1 065
+2
သတ်မှတ်ချက်များပြည့်စုံမှသာ Telematics စက်တပ်ဆင်/သက်တမ်းတိုးခွင့်ပြုမည်
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအားအသုံးပြုသွားလာလျက်ရှိသော ကုန်တင်ယာဥ်များနှင့် အဝေးပြေးခရီးသည်တင်(Express)ယာဥ်များအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က Telematics စနစ်တပ်ဆင်ပြီးမှသာဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။
ထို့ကြောင့် Telematics စက်တပ်ဆင်/သက်တမ်းတိုးလိုသူများအနေဖြင့် ယာဉ်၏ တာယာပန်း၊ ဘရိတ်၊ ဆိုင်းထိန်းစနစ်(Suspension System)၊ ဟွန်း၊ ရှေ့မီး၊ နောက်မီး၊ ဘေးမီးနှင့် အချက်ပြမီးစနစ်များကောင်းမွန်ရန်လိုပြီး ယာဉ်၏ ကိုယ်ထည်နှင့် ဖရိန်များကြံ့ခိုင်၍ ကိုယ် ထည်ဆေးရောင်တောက်ပသစ်လွင်မှုရှိမှသာ စာရင်းသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
1 065
စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအချို့၌ မိုးကြီးနိုင်
မုတ်သုံလေ အားကောင်းမှုကြောင့် စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ နိုင်ငံတစ်ဝန်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။
အဆိုပါ ကာလအတွင်း မကွေး၊ စစ်ကိုင်း၊ ကချင်၊ ချင်းနှင့် ရှမ်းတို့တွင် နေရာကျဲကျဲ ရွာသွန်းနိုင်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား၊ ကရင်၊ မွန်နှင့် ရခိုင်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား ရွာသွန်းနိုင်မည်ဖြစ်သည်။ ထို့ပြင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် တောင်ကုန်းတောင်တန်းများ၊ မြစ်ချောင်းအနီး ရေဘေးစိုးရိမ်ရသည့် ဒေသများရှိ ပြည်သူများ ကြိုတင်သတိပြုရန် လိုအပ်
ပါသည်။
1 065
ရန်ကုန် စက်တင်ဘာ ၁၅
နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယသာသနာပိုင် သီတဂူဆရာတော်ကြီးသည် နီပေါနိုင်ငံ၌ ရေဘေးနှင့်ကြုံတွေ့ခဲ့သည့် နီပေါနိုင်ငံသားများအတွက် အမေရိကန်ဒေါ်လာတစ်သောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ကျင်းပခဲ့ပြီး သီတဂူဆရာတော်ကြီးက ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်က နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့်် ရေကြီးရေလျှံမှုများကြောင့် အိုးအိမ်များပျက်စီးဆုံးရှုံးခဲ့ရသည့် နီပေါနိုင်ငံသားများအား ကူညီထောက်ပံ့နိုင်စေခြင်းအကျိုးငှာ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
ယင်းနောက် သီတဂူဆရာတော်ကြီးက အမေရိကန်ဒေါ်လာ တစ်သောင်းကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးက လက်ခံရယူခဲ့ပြီး သံအမတ်ကြီးက မိတ်ဖက်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအစိုးရ၏ ကရုဏာထား လှူဒါန်းမှုများလည်းရှိပါကြောင်း၊ ယင်းအတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ဆရာတော်ကြီးမှလည်း ယခုကဲ့သို့ မေတ္တာကရုဏာထားပြီး စောင့်ရှောက်လှူဒါန်းမှုပြုလုပ်ပေးသည့်အတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း ပြန်လည်လျှောက်ထားခဲ့ကြောင်း သိရသည်။
1 065
သီတဂူဆရာတော်ကြီးက ရေဘေးနှင့်ကြုံတွေ့ခဲ့သည့် နီပေါနိုင်ငံသားများအား အမေရိကန်ဒေါ်လာ တစ်သောင်းလှူဒါန်း
1 065
+2
အမေရိကန် ကူညီမှုဖြင့် ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ထိုင်း EGAT နှင့် အမေရိကန် USTDA တို့ သဘောတူညီချက်လက်မှတ်ရေးထိုး
၁၅. ၉. ၂၀၂၆
ထိုင်းနိုင်ငံ၏ ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ထိုင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (EGAT) သည် အမေရိကန်၏ မော်ဂျူလာနျူကလီးယားဓာတ်အားပေးစက်ရုံငယ် (small modular reactor (SMR)) နည်းပညာကို လေ့လာဆန်းစစ်ရန် အမေရိကန်အစိုးရအေဂျင်စီတစ်ခုနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။
အမေရိကန် ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USTDA) သည် နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပဏာမဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုကို ကူညီပံ့ပိုးရန် EGAT နှင့် သဘောတူညီချက်ရရှိခဲ့ကြောင်း မနေ့က (စက်တင်ဘာ ၁၄ ရက်) တွင် ကြေညာခဲ့သည်။
1 065
ဧဒင်ပင်လယ်ကွေ့ကို စောင့်ကြပ်သည့် တရုတ်ရေတပ် စစ်သင်္ဘောအုပ်စု ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် မလေးရှားသို့ လာရောက်မည်
၁၅. ၉. ၂၀၂၆
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ (၄၈) ကြိမ်မြောက် အစောင့်အကြပ် စစ်သင်္ဘောအုပ်စုသည် ဧဒင်ပင်လယ်ကွေ့မှ အပြန်ခရီးတွင် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် မလေးရှားနိုင်ငံတို့သို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ စစ်သင်္ဘောအုပ်စုသည် မကြာသေးမီက ဧဒင်ပင်လယ်ကွေ့ရှိ ၎င်းတို့၏ တာဝန်များကို ပြီးစီးခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာလာခဲ့ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းပင် (Jiang Bin) က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
1 065
+1
တောင်ငူမြို့နယ် သီတဂူကေတုမတီ အာယုဒါနဆေးရုံတွင် သွားနှင့်ခံတွင်းအထူးကု ဆရာဝန်ကြီး လာရောက်ကုသပေးမည်
သီတဂူကေတုမတီအာယုဒါနဆေးရုံတော်တွင် သွားနှင့်ခံတွင်းအထူးကု ဆရာဝန်ကြီး လာရောက်၍ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါဝေဒနာများအား ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သွားနှင့်ခံတွင်းဆိုင်ရာ အထူးကုသမှုကို စက်တင်ဘာ ၂၆ ရက် (စနေနေ့) နှင့် စက်တင်ဘာ ၂၇ ရက် (တနင်္ဂနွေနေ့) တို့တွင် နှစ်ရက်တာ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး သွားနာ၊ သွားကိုက်နှင့် အခြားသွားနှင့်ခံတွင်းဆိုင်ရာ ဝေဒနာများ ခံစားနေရသူများ လာရောက်ပြသနိုင်ကြောင်း သိရသည်။
ကုသပေးမည့်အစီအစဉ်များတွင် သွားချေးကျောက်ခြစ်ခြင်း၊ သွားဖာခြင်းနှင့် သွားနှုတ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
လက်ရှိကုသပေးမည့်အစီအစဉ်တွင် သွားစိုက်ခြင်းနှင့် အံကပ်ပြုလုပ်ပေးခြင်းတို့ မပါဝင်သေးကြောင်း သီတဂူကေတုမတီအာယုဒါနဆေးရုံတော်ထံမှ သိရသည်။
1 065
+2
ပေကျင်းတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ဒရုန်းပိုင်ဆိုင်မှုကို နိုဝင်ဘာလလယ်တွင် စတင်ပိတ်ပင်မည်
တရုတ်နိုင်ငံ၏ မြို့တော်ပေကျင်းတွင် လုံခြုံရေးအခြေအနေများကြောင့် ဒရုန်းများ ပိုင်ဆိုင်ခြင်းနှင့် သိမ်းဆည်းထားခြင်းကို လာမည့် နိုဝင်ဘာလမှစ၍ ပိတ်ပင်သွားမည်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ကြေညာထားသည်။ ယင်းသည် ဒရုန်းများ ရောင်းချခြင်းကို တားမြစ်ထားပြီးဖြစ်သည့် စည်းမျဉ်းများကို ထပ်မံတင်းကျပ်လိုက်ခြင်းဖြစ်သည်။ စည်းမျဉ်းသစ်က နိုဝင်ဘာ ၁၅ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။
စည်းမျဉ်းသစ်အရ မြို့တော်အတွင်း ဒရုန်းများ ပိုင်ဆိုင်ခြင်း၊ သိမ်းဆည်းထားခြင်းတို့အပြင် မြို့တော်လေပိုင်နက်အတွင်း ဒရုန်းပျံသန်းခြင်းနှင့် ဒရုန်းများနှင့် အစိတ်အပိုင်းများကို မြို့အတွင်းသို့ သယ်ဆောင်လာခြင်းတို့ကိုလည်း ပိတ်ပင်သွားမည်ဖြစ်သည်။
1 065
+3
တရုတ်တွင် လုံခြုံရေးနှင့်ဆက်စပ်သည့် နိုင်ငံဝင်ထွက်ခွင့် စည်းမျဉ်းသစ်များ စတင်အသက်ဝင်
တရုတ်နိုင်ငံသို့ ဝင်ရောက်ခြင်းနှင့် တရုတ်နိုင်ငံမှ ထွက်ခွာခြင်းတို့ကို ထိန်းချုပ်သည့် စည်းမျဉ်းသစ်များ စက်တင်ဘာ ၁၅ ရက်မှစ၍ အသက်ဝင်လာပြီဖြစ်သည်။
စည်းမျဉ်းသစ်အရ ပြည်ပတွင်ရောက်ရှိနေစဉ် တရုတ်နိုင်ငံ၏လုံခြုံရေး သို့မဟုတ် နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေခဲ့သည်ဟု ယူဆခံရသူ တရုတ်နိုင်ငံသားများသည် တရုတ်နိုင်ငံသို့ ပြန်လာပြီးပါက သုံးနှစ်အထိ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံရနိုင်သည်။ နည်းပညာတင်သွင်းမှုနှင့် တင်ပို့မှုဆိုင်ရာ စည်းမျဉ်းချိုးဖောက်သူများကိုလည်း နိုင်ငံမှထွက်ခွာခွင့် ပိတ်ပင်နိုင်သည်။
တရုတ်အာဏာပိုင်များက အဆိုပါစည်းမျဉ်းများသည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ်ရန်ဟု ကြေညာထားပြီး ဝေဖန်သူများကမူ ယင်းစည်းမျဉ်းသစ်များကြောင့် ပြည်ပရောက် တရုတ်နိုင်ငံသားများအပေါ် တရုတ်အစိုးရက ဖိအားပေးထိန်းချုပ်နိုင်စွမ်း ပိုမိုမြင့်တက်လာနိုင်သည်ဟု ရှုမြင်နေကြသည်။
1 065
မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ အဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေး ရွေးချယ်ခံရ
မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေး ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် ပြည်နယ်ကော်မတီဝင် ပြန်လည်ရွေးချယ်ခဲ့ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သူ ဦးသက်ထွေး မှာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
ထို့အတူ ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင် မှာလည်း မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခံခဲ့ရကြောင်းလည်း သိရသည်။
1 065
+1
ဂျပန်၌ အသက် ၁၀၀ ပြည့်သူဦးရေ ၁၀၀၀၀၀ ကျော်ရှိသည်ဟု ဂျပန်ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
ဂျပန်နိုင်ငံတစ်ဝန်းတွင် အသက် ၁၀၀ ကျော်ရှိသူ အရေအတွက်သည် ပထမဆုံးအကြိမ် ၁၀၀၀၀၀ ကျော်သွားပြီဟု ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်အရ ပျမ်းမျှအသက် ၄၉ ဒသမ ၉ နှစ်ရှိနေခြင်းနှင့်အတူ ဂျပန်သည် မိုနာကိုပြီးလျှင် ကမ္ဘာပေါ်၌ ဒုတိယအသက်အကြီးဆုံး လူဦးရေရှိနေသည်ဟု သိရသည်။
လာမည့်အပတ် နှစ်စဉ် ပြည်သူ့အားလပ်ရက်ဖြစ်သည့် Respect for the Aged မတိုင်မီ နောက်ဆုံးပြုလုပ်သော အစိုးရလေ့လာချက်တွင် စက်တင်ဘာ ၁ ရက်အထိ အသက် ၁၀၀ ပြည့်သူ သို့မဟုတ် အသက် ၁၀၀ ထက်ကြီးသူ အရေအတွက်သည် ၁၀၇၆၇၇ ဦးရှိသည်ဟု ဖော်ပြထားသည်။
ယင်းသည် ၁၉၆၃ ခုနှစ်တွင် မှတ်တမ်းများ စတင်ခဲ့ပြီးနောက်ပိုင်း အသက် ၁၀၀ ပြည့်သူအရေအတွက် ၁၀၀၀၀၀ ကျော်ရှိလာခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဤအသက်အရွယ်အုပ်စု၏ ဦးရေသည် ၅၆ နှစ်ဆက်တိုက် စံချိန်တင်မြင့်တက်ခြင်းဖြစ်သည်။
1 065
+1
အင်ဒိုနီးရှားတွင် နှစ်နှစ်အတွင်း ဘဏ္ဍာရေးဝန်ကြီးရာထူး တတိယအကြိမ် ပြောင်းလဲ
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုက စက်တင်ဘာ ၁၄ ရက်တွင် ဘဏ္ဍာရေးဝန်ကြီး ပူရ်ဘာယာ ယူဒီ ဆာဒေဝါကို ရာထူးမှဖယ်ရှားလိုက်ပြီး ဒုတိယဘဏ္ဍာရေးဝန်ကြီး ဆူဟာဆီလ် နာဇာရာကို အစားထိုး ခန့်အပ်လိုက်သည်။
ထိုဖြစ်ရပ်သည် ပရာဘိုဝို သမ္မတဖြစ်လာပြီးနောက် ဘဏ္ဍာရေးဝန်ကြီးရာထူး တတိယအကြိမ် ပြောင်းလဲမှုဖြစ်သည်။
ပူရ်ဘာယာသည် လွှတ်တော်အစည်းအဝေး တက်ရောက်နေရင်း ထထွက်သွားခဲ့ပြီး နောက်ပိုင်းတွင် သမ္မတရုံးမှ ဖုန်းခေါ်ဆိုမှုဖြင့် ရာထူးဖယ်ရှားခံရကြောင်း သိခဲ့ရသည်ဟု ပြောဆိုခဲ့သည်။
ပူရ်ဘာယာက မိမိကို ဖယ်ရှားလိုက်ခြင်းအပေါ် စိတ်ပျက်မိသော်လည်း ထိုကဲ့သို့ ဖြစ်လာမည်ကို တစ်ဝက်ကြိုမျှော်လင့်ထားကြောင်း ပြောသည်။
၎င်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာတွင် ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာခဲ့ပြီး တာဝန်ယူခဲ့သည့် တစ်နှစ်တာကာလအတွင်း စီးပွားရေးဆိုင်ရာ တုန်လှုပ်မှုများစွာနှင့် ပြဿနာများ ကြုံခဲ့ရသည်။ ရူပီးယားငွေကြေး တန်ဖိုးကျဆင်းမှု၊ ဘဏ္ဍာရေးလိုငွေပြခြင်း ကြီးမားလာမှု၊ ဗဟိုဘဏ်နှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
1 065
+1
အမေရိကန်က အာကာသလက်နက်များ ဖြန့်ကျက်ထားမှု ပထမဆုံးအကြိမ် အတည်ပြု
အမေရိကန်ပြည်ထောင်စုက ကမ္ဘာပတ်လမ်းကြောင်းအတွင်း အာကာသလက်နက်တစ်မျိုး ဖြန့်ကျက်ထားသည်ဟု အတည်ပြုလိုက်ပြီး အာကာသအတွင်းထိုးစစ်ဆင်နိုင်စွမ်းရှိကြောင်းပထမဆုံးအကြိမ်ဝန်ခံလိုက်ခြင်းဖြစ်သည်။
အဆိုပါကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိလက်နက်သည်ရန်လိုတိုက်ခိုက်မှုများမှ အမေရိကန်တပ်ဖွဲ့များကိုကာကွယ်ရန်လိုအပ်ကြောင်းနှင့်အမေရိကန်အနေဖြင့်အချိန်နှင့်အမျှပြောင်းလဲလာသည့်ခြိမ်း ခြောက်မှုများကိုရင်ဆိုင်ရန် အသင့်ရှိကြောင်းအမေရိကန်လေတပ်အကြီးအကဲထရွိုင်းမင့်ခ်ကစက်တင်ဘာ ၁၄ ရက်ကပြုလုပ်သည့်လေ ကြောင်း၊အာကာသနှင့် ဆိုက်ဘာအစည်းအဝေးတွင် ပြောကြားခဲ့သည်။
အနာဂတ်ပဋိပက္ခများတွင်
အမေရိကန်ဂြိုဟ်တုများကို တိုက်ခိုက်နိုင်ရန် ရုရှားနှင့်တရုတ်တို့က နည်းလမ်းများ ရှာဖွေနေကြသည်ဟုဆိုကာ အာကာသအတွင်းစစ်ရေးစွမ်းရည်များကိုမြှင့်တင်ရန်အစီ အစဉ်ရှိသည်ဟု အမေရိကန်အဆင့်မြင့်စစ်ဘက်ခေါင်းဆောင်များကယခင်ကတည်းကပြောထားသည်။
ထရန့်အစိုးရ၏အဆိုအရအမေရိကန်ပြည်ထောင်စုကို လေကြောင်းခြိမ်းခြောက်မှုများမှကာကွယ်ပေးနိုင်မည့် “Golden Dome”ကာကွယ်ရေးစနစ်တွင်အာကာသအခြေပြု စွမ်းရည်များသည်လည်း အရေးပါသည့်အစိတ်အပိုင်းများအဖြစ်ပါဝင်နေသည်။
1 065
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြိုနယ်များတွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ တရားခံ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦးတိုအား သက်သေခံပစ္စည်းနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ် (မြောက်ပိုင်း) မြိုနယ်၊ အမှတ် (၃၁) ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းရှိ အိမ်အမှတ် (၁၈၃)၌ Online လောင်းကစားပြုလုပ်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပိုချက်အရ လုံခြုံရေးတပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် အဆိုပါနေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ One 5 one ၊ buffalo 169 ၊ fujiu နှင့် Sport 169 Game Website များတွင် Agent အကောင့် ၇ ခုဖွင့်လှစ်၍ Online Game လောင်းကစားလုပ်ငန်းအား ဦးဆောင်လုပ်ကိုင်သူ အေးဉာဏ်ပိုင်နှင့် တရားခံအမျိုးသား ၅ ဦး၊ အမျိုးသမီး ၁၉ ဦး၊ စုစုပေါင်း ၂၅ ဦးတိုအား Online လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသော All In One Computer (၃) လုံး၊ System Box နှင့်တွဲလျက် Computer Desktop (၈) လုံး၊ Computer Desktop (၂)လုံး၊ Laptop (၁၂) လုံး၊ ပရင်တာ (၁) လုံး၊ လက်ကိုင်ဖုန်း (၃၆) လုံး၊ Tablet ဖုန်း (၃) လုံး၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် အေးဉာဏ်ပိုင်နှင့် ပူးတွဲလုပ်ကိုင်သူ စိုင်းအောင်သူ (ခ) ဖိုးရှမ်းအား တာချီလိတ်မြို၌ လက်ကိုင်ဖုန်း (၂) လုံး၊ Tablet (၁) လုံးဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
1 065
နီပေါ ရေဘေးက သေဆုံးမှုဦးရေ မြင့်တက်ဆဲ ဖြစ်နေ
စက်တင်ဘာ - ၁၅ ( အင်္ဂါနေ့ )
နီပေါနဲ့ တရုတ်နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ မြေပြိုမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူဦးရေဟာ ၁,၃၉၆ ယောက်အထိ မြင့်တက်လာခဲ့ပြီလို နီပေါအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး တရုတ်ဗဟိုရုပ်မြင်သံကြား (CCTV) က သတင်းဖော်ပြထားပါတယ်။အရင်ထုတ်ပြန်ချက်တွေမှာတော့ သေဆုံးသူ ၁,၃၈၆ ယောက်ရှိခဲ့ပြီး အခုချိန်ထိ လူပေါင်း ၅,၁၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
1 065
အားလုံးကအတူတကွ စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြမည်ဆိုပါက မိမိတိုနိုင်ငံတော်ကြီး မလွဲမသွေဖွံဖြိုးတိုးတက်လာမည်
နေပြည်တော်၊ စက်တင်ဘာ ၁၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် တက်ရောက်အမှာစကားပြောကြားသည်။
