သိင်္ခ
前往频道在 Telegram
အသိတိုး
显示更多未指定国家未指定类别
1 063
订阅者
无数据24 小时
-207 天
-7530 天
帖子存档
1 063
ဥရောပ ဓာတ်ငွေ့စျေး ၂၀၂၂ ဒီဇင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၁,၀၀၀ ကျော်သွားခဲ့
လန်ဒန် ICE စျေးကွက် ကုန်သွယ်မှု အချက်အလက်တွေအရ တနင်္လာနေ့ စျေးကွက်မှာ ဥရောပ ဓာတ်ငွေ့စျေးဟာ ကုဗမီတာ ၁,၀၀၀ ကို ဒေါ်လာ ၁,၀၀၀ အထက် ရောက်သွားခဲ့ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်တက်လာတာပါ။
1 063
နီပေါနိုင်ငံ ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်ကြီးက အမေရိကန်ဒေါ်လာ ၁ သောင်း ထပ်မံလှူဒါန်း
နီပေါနိုင်ငံ၌ ဖြစ်ပွားခဲ့သော တောင်ကျရေဘေးကြောင့် ထိခိုက်ဆုံးရှုးခဲ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်ဘုရားကြီးက အမေရိကန်ဒေါ်လာ ၁ သောင်း (မြန်မာကျပ်ငွေ သိန်း ၄၅၀ ခန့်) ကို ဒုတိယအကြိမ်အဖြစ် ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။
1 063
AI ဖွံဖြိုးမှု အရှိန်လျှော့ဖို တောင်းဆိုမှုကို Cold War နည်းဗျူဟာဟု တရုတ်ဝေဖန်
ဉာဏ်ရည်တု (AI) ဖွံဖြိုးတိုးတက်မှု အရှိန်လျှော့ချဖို အမေရိကန် AI ကုမ္ပဏီ Anthropic အမှုဆောင်အရာရှိချုပ် Dario Amodei ရဲ့ တောင်းဆိုချက်ဟာ တရုတ်နိုင်ငံရဲ့ AI ဖွံဖြိုးတိုးတက်မှုကို ကန့်သတ်ဖို ရည်ရွယ်တဲ့ “Cold War” နည်းဗျူဟာတစ်ရပ်ဖြစ်တယ်လို တရုတ်အစိုးရပိုင် Global Times သတင်းစာက စက်တင်ဘာ ၁၄ ရက်မှာ ဝေဖန်လိုက်ပါတယ်။
1 063
ရန်ကုန်တိုင်းရှိ မြိုနယ်(၂)ခုတွင် သစ်ပင်လဲကျမှုများဖြစ်ပေါ် ကားများပိမိခဲ့
ရန်ကုန်တိုင်း၊ ကမာရွတ်မြိုနယ်နှင့် ကြည့်မြင်တိုင်မြို နယ်တိုတွင် ယနေ့ စက်တင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြိုနယ်၊ အမှတ်(၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် မွန်းလွဲ ၂ နာရီခွဲကျော်ခန့်က သစ်ပင်လဲကျကာ ကား(၁)စီးပေါ်သိုပိမိပြီး လမ်းပိတ်ဆိုနေသဖြင့် မီးသတ်တပ်ဖွဲဝင်များက ဖယ်ရှားရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။
1 063
MSME ကဏ္ဍဖွံဖြိုးရေးအတွက် စက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်ပြီး ထုတ်လုပ်မှုလျာထားချက် ပြည့်မီကျော်လွန်ရန် ဒေါက်တာချာလီသန်းမှာကြား
MSME ကဏ္ဍကို နိုင်ငံတော်က အလေးထားဆောင်ရွက်နေသည့်အတွက် ဝန်ကြီးဌာနအောက်ရှိ စက်ရုံများနှင့် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မှာကြားခဲ့သည်ဟု သိရသည်။
1 063
သစ္စာဖောက်ကျော်မိုးထွန်း နိုင်ငံပိုင်ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်ခြင်း
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ ဘက်တော်သား ကျော်မိုးထွန်း ဆိုသူဟာ ၅နှစ်တာ ကာလ သူ့ကိုယ်သူ မြန်မာနိုင်ငံကို ကိုယ်စားပြုသယောင် ကုလသမဂ္ဂဆင်မြင့်ထက်မှာ အများပြည်သူ ထင်ယောင်ထင်မှား လုပ်ခဲ့တဲ့ သစ္စာဖောက်တစ်ဦး ဖြစ်ပါတယ်။ အစိုးရအနေနဲ့ သူ့ရဲ့ မမှန်ကန်တဲ့ ရပ်တည်ချက်ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ ၎င်းအား နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါတယ်။
Noted: အခုဖြစ်တဲ့ကိစ္စက နိုင်ငံကို ကုလက တမြင်သက်သက်စော်ကားနေတာပါ။ စဉ်းစားကြည့်ပါလေ သံရုံးတွေအကုန်လုံးကလည်း ဒီအစိုးရနဲ့ ထိတွေ့ဆက်ဆံနေရတယ်။ ကုလအမှုကိစ္စဟူသမျှကိုလည်း လက်ရှိအစိုးရနဲ့ပဲ လုပ်ကိုင်နေတယ်။ ကုလအဖွဲ့အစည်းဟူသမျှကလည်း ဒီအစိုးရအရိပ်အောက်မှာနေတယ်။ ခပ်ရိုင်းရိုင်းပြောရရင်တော့ဗျာ အရိပ်နေနေ အခက်ချိုးချိုးလုပ်တယ်လို့ ပြောလို့ရတယ်။ ရေရှည် သံတမန်ဆက်ဆံရေးရှိနေလို့သာ ကျွန်တော့် သဘောကတော့ အစိုးရကထောက်ခံထားတဲ့ ကိုယ်စားလှယ်ကို ခန့်အပ်ခြင်းမပြုရင် အစိုးရအောက်မှာလည်း မနေတော့နဲ့လေ NUG က သူခိုးကို ထောက်ခံတယ်ဆိုရင် NUG စိုးမိုးနယ်မြေကိုသာ ကုလအဖွဲ့တွေကို ပို့လိုက်။
1 063
စဉ်းစဉ်းစားစားလုပ်ကြပါ ကိုရွှေမြန်မာ
အထွဋ်အမြတ်ထားတဲ့ ဘုရားဝန်းအတွင်း နတ်ကနားပွဲပေးတယ်ဆိုတာကိုသာ ခင်များက ယုံတယ်ဆိုရင် နောင်မှာ မဟုတ်တာတွေကို အဟုတ်လုပ်ပြီး ယုံရတော့မဲ့ AI ခေတ်ကို ဘယ်လိုဖြတ်သန်းကြမလဲ။ အတုအစစ် အကြောင်းအကျိုး ဆင်ခြင်တုံတရားနဲ့ ဒီခေတ်က ဝေဖန်ဆန်းစစ်နိုင်မှ တော်ခါကျတော့မှာနော် ။
သိင်္ခ
1 063
ဗီယက်နမ်နိုင်ငံ အန်ဇန်းပြည်နယ်၊ ဆမ်တောင်တွင် ကမ္ဘာ့အမြင့်ဆုံး ကျောက်တောင်ထွင်းဗုဒ္ဓရုပ်ပွားတော်ကြီး တည်ဆောက်နေ
ဗီယက်နမ်နိုင်ငံ အန်ဇန်းပြည်နယ်၊ ဆမ်တောင်၏ ကျောက်မျက်နှာပြင်တွင် တိုက်ရိုက်ထုဆစ်ထားပြီး အမြင့် ၈၁ မီတာရှိသည့် ဤတရားထိုင်နေဟန် ဗုဒ္ဓရုပ်ပွားတော်သည် ပြီးစီးသွားသည့်အခါ ကမ္ဘာ့အမြင့်ဆုံး ကျောက်တောင်ထွင်းဗုဒ္ဓရုပ်ပွားတော်ကြီး အဖြစ် စံချိန်တင်နိုင်မည် ဖြစ်သည်။
1 063
+9
ပြည်ခိုင်ဖြိုးပါတီ ပဲခူးတိုင်းဒေသကြီး(အရှေ့) တိုင်းပါတီကော်မတီ ပြန်လည်ဖွဲ့စည်း
ပဲခူး၊ စက်တင်ဘာ ၁၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ပဲခူးတိုင်းဒေသကြီး(အရှေ့)၏ ပါတီကော်မတီရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားနှင့် စုံညီအစည်းအဝေးကို စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီတွင် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပေါင်းစပ်ညှိနှိုင်းရေးမှူး ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်နိုင်က တိုင်းဒေသကြီးပါတီကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးပါတီကော်မတီဝင်များအား ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် မြို့မိ/မြို့ဖများက မဲဆန္ဒပြုရွေးချယ်ခဲ့ပြီး သဘာပတိအဖွဲ့က အမည်စာရင်းများကို အတည်ပြုကြေညာကာ တာဝန်များပေးအပ်ခဲ့သည်။
ရွေးချယ်ခန့်အပ်ခံရသည့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ဝင်းထွန်း ဦးဆောင်သော တိုင်းဒေသကြီးပါတီကော်မတီဝင်များက ကတိသစ္စာပြုခဲ့ကြပြီး ပါတီဗဟိုကော်မတီဝင်များ၏ အမည်စာရင်းကိုလည်း အတည်ပြုကြေညာခဲ့သည်။
1 063
+9
အုတ်ဖိုမြို့နယ် နယ်မြေခံတပ်ရင်း၌ အောင်ပွဲရတပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
စက်တင်ဘာ ၁၃
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်၊ အုတ်ဖိုမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဒကစ(ပြည်) ဒကစမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ရှေ့တန်းပြန် တပ်မတော်သားများအား အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
1 063
+6
နေပြည်တော်မြို့အဝင်မုခ်ဦး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ ၁၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် နေပြည်တော်မြို့အဝင်မုခ်ဦး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
1 063
+9
တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီအဆင့်ဆင့် ပြန်လည်ဖွဲ့စည်း
ထားဝယ်၊ စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီကော်မတီအဆင့်ဆင့် ပြန်လည်ဖွဲ့စည်းခြင်း စုံညီအစည်းအဝေးကို စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ ပါတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပါတီကော်မတီဝင်များ၏ အမည်စာရင်းများကို နာယက ဒေါက်တာကျော်ကျော်ဌေးက အတည်ပြုကြေညာခဲ့ပြီး ပါတီကော်မတီဝင်များက ကတိသစ္စာပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။
1 063
+9
ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ပြန်လည်ဖွဲ့စည်း
နေပြည်တော်၊ စက်တင်ဘာ ၁၄
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင်များ ပြန်လည်ဖွဲ့စည်းရေးအခမ်းအနားကို စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့ပြီး ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြန်လည်ရွေးချယ်ထားသည့် ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင်များ၏ အမည်စာရင်းကို ကြေညာအတည်ပြုခဲ့ပြီး ကော်မတီဝင်များက သဘာပတိရှေ့မှောက် ဂတိသစ္စာပြုခဲ့ကြသည်။
ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပါတီစည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပါတီကော်မတီအဆင့်ဆင့် ပြန်လည်ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ ပါတီညီလာခံကိုလည်း မကြာမီ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်သူ့အကျိုးပြု၊ နိုင်ငံအကျိုးပြုလုပ်ငန်းများကို စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။
1 063
+2
ရန်ကုန် အင်းလျားကန်ထဲမှာ ဗီယက်နမ်နိုင်ငံသား အမျိုးသားအလောင်းတွေ့
စက်တင်ဘာ ၁၃ ၊ ၂၀၂၆
ရုပ်အလောင်းနဲ့အတူ ဗီယက်နမ်နိုင်ငံသားစိစစ်ဆေးရေးကဒ် ၊ ဗီယက်နမ်ပတ်စ်ပို့ကို တွေ့ရှိရကြောင်း ၊ အလောင်းကို ရေကြောင်းရဲတပ်ဖွဲ့က တွေ့ရှိခြင်းဖြစ်တယ်လို့ သိရပါတယ်။
" ရဲကလှမ်းအကူအညီတောင်းလို့ သွားပြီးအလောင်းသယ် အကူညီပေးခဲ့တာပါ။ အလောင်းကတော့ နည်းနည်းတော့ ပုတ်နေပြီဆိုတော့ သေတာသုံးရက်လောက်ရှိပြီထင်တယ်။ အသက်က ၂၀ ကျော်အရွယ်ပါ။ " လို့ မြေပြင်ကူညီရေးလုပ်ခဲ့တဲ့ မိုးစေတနာပရဟိ တအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ နိုင်ငံခြားသား သေဆုံးမှုနဲ့ပတ်သက်ပြီး လူသတ်မှုလား ၊ ဓမ္မတာအတိုင်း ရေနစ်သေဆုံးမှုလားဆိုတာကိုတော့ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေပါတယ်။
လက်ရှိမှာ ရုပ်အလောင်းကို မြောက်ဥက္ကာဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားပြီး သေဆုံးသူရဲ့ မိသားစုတွေနဲ့ အဆက်အသွယ်ရရှိရေးအတွက် တာဝန်ရှိသူတွေက ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
1 063
စက်တင်ဘာ၁၀ရက်နေ့က တာချီလိတ်မှာ ထိုင်း နိုင်ငံက အလိုရှိတဲ့ မူးယစ်တရားခံတွေကို မြန်မာနိုင်ငံဘက်ကနေ လွှဲပြောင်းပေးတဲ့ ဖြစ်ရပ်လေး မြင်ရတယ်။
တရားခံ ၉ ဦးမှာ ၇ဦးကမူးယစ်ဆေးဝါးအမှုနဲ့ပတ်သက်ပြီး ထိုင်းဘက်က ဖမ်းဝရမ်းထုတ်ခံရတဲ့သူတွေလည်းဖြစ်ကြတယ်။ ထိုင်းဘက်မှာပြစ်မှု ကျူးလွန်ပြီး မြန်မာဘက်မှာ လာရောက်ပုန်းခိုတဲ့သဘောပဲ။
တဆက်တည်း တွေးမိတာကထိုင်းဘက်မှာလည်း မြန်မာဘက်က အလိုရှိတဲ့ပြည်ပြေး တရားခံတွေအများကြီးပဲ။ ဥပမာမဲဆောက်လိုနေရာတွေမှာနေပြီးပြည်တွင်းလက်နက် ကိုင်ပဋိပက္ခကိုမီးစာထိုးပေးနေသူတွေ အများကြီးရှိတယ်။ ထိုင်းမှာနေ၊ခွက်ခေါက်ပြီးဘဝရှေ့ရေးအတွက်တော်လှန်ရေး အကြောင်းပြပြီးနေတဲ့သူတွေလည်း ရှိကြတာပဲ။တချို့ဆို နယ်စပ်လက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီးထောက်ပို့ လုပ်ငန်းတွေပါလုပ်နေတာမျိုးအထိ ရှိတယ်။ EAOထဲမှာလည်းထိုင်းနိုင်ငံသားခံယူပြီး လက်နက်ကိုင်နှစ်ဖက်ခွနေတာမျိုးရှိတာပဲ။
ဒါနဲ့ပတ်သက်ပြီးအပြန်အလှန် တောင်းဆိုနိုင်ရင်မဆိုးဘူး။ ထိုင်းဘက်ကတကယ်လုပ်ပေးရင်တော့နယ်စပ်မှာနေပြီး ထောက်ပို့ လုပ်နေတဲ့ ကိစ္စတွေ ရပ်သွားနိုင်တယ်။ ထိုင်းရဲတွေ အနေနဲ့လည်း မသိနိုင်စရာ အကြောင်းတော့ မရှိဘူး။ တမင် မမြင်ချင်ယောင်ဆောင်နေရင်တော့ မပြောတတ်ဘူးပေါ့။
(နရီမိုး)
1 063
+2
စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့
ရန်ကုန်၊ စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်ချောင်းမြောက်ရပ်ကွက်၌ ယနေ့(စက်တင်ဘာ ၁၃ ရက်)၊ ည ၈ နာရီ ၁၉ မိနစ်ခန့်တွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားနေသည့်နေရာသို့ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက် ငြိမ်းသတ်ခဲ့ကာ ၈ နာရီ ၄၁ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၈ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
1 063
နတ်စင်တရာဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား စက်တင်ဘာ ၂၇ ရက်တွင် စံကျောင်းတော်ချမည်
အစာအိမ်သွေးကြောပေါက်ရောဂါဖြင့် ယနေ့ စက်တင်ဘာ ၁၃ ရက်နံနက် ၁ နာရီ ၅၆ မိနစ်က ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့သည့် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာ၊ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တရာကျောင်းတိုက်၏ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာတေဇ၏ ရုပ်ကလာပ်တော်အား လာမည့် စက်တင်ဘာ ၂၇ ရက်နေ့ လယ် ၁ နာရီ၌ စံကျောင်းတော်ချပူဇော်သွားမည်ဖြစ် ကြောင်း စျာပနကျင်းပရေးကော်မတီထံမှ သိရသည်။
ထို့ပြင် အန္တိမအဂ္ဂိဈာပနအခမ်းအနားကိုလည်း လာမည့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ ပူဇော်ကျင်းပသွားမည်ဖြစ်ကာ ကျင်းပမည့်ရက်အား ကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
နတ်စင်တရာဆရာတော်ကြီးသည် အစာအိမ်သွေး ကြောပေါက်ရောဂါအား ကုသမှုခံယူနေစဥ် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ဆရာတော်ကြီးသည် ပျံလွန်တော်မူချိနထ်၌ သက်တော်(၇၆)နှစ်၊ ဝါတော်(၅၆)ဝါရှိပြီဖြစ်ကာလက်ရှိအချိန်တွင် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကျောင်းတိုက်သို့ပြန်လည်ပင့်ဆောင်ထားကြောင်း သိရသည်။
1 063
ယနေ့ စက်တင်ဘာ ၁၃ ရက်ညနေပိုင်းအထိ ရန်ကုန်တိုင်း၌ နေရာကွက်၍မိုးကြီးနိုင်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အသိပေးထုတ်ပြန်ချက်အရ ယနေ့ စက်တင်ဘာ ၁၃ ရက်ညနေပိုင်းအထိ ရန်ကုန်တိုင်း၌ နေရာကွက်၍မိုးကြီးနိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းနည်းတူ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင်လည်း နေရာကွက်၍မိုးကြီးနိုင်ကာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ် ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။
1 063
+1
နိုင်ငံအားလုံးအတွက်အကျိုးရှိစေမည့်လမ်းများတည်ဆောက်ရန်အတွက် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းကြရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်းပြောကြားခဲ့
နိုင်ငံအားလုံးအတွက်အကျိုးရှိစေမည့်လမ်းများတည်ဆောက်ရန်အတွက် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ပြဿ နာကို ငြိမ်းချမ်းစွာဖြေရှင်းကြရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကမ္ဘောဒီးယားနိုင်ငံ့ခေါင်းဆောင်များနှင့်တွေ့ဆုံစဥ် တိုက်တွန်းပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။
စီးပွားရေးအတွက် လမ်းမကြီးများ၊ ရထားလမ်းများတည်ဆောက်ရာတွင် ဗီယက်နမ်၊ ဟိုချီမင်းမှ ကမ္ဘောဒီးယား၊ ဖနောင်ပင်၊ ဗန်ကောက်ဖြစ်၍ ကမ္ဘောဒီးယား- ထိုင်းနယ်စပ်ပြဿနာပြေလည်မှသာ ယင်းလမ်းများကိုအကောင်အထည်ဖော်နိုင်မည်ဟု နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့ကြောင်း ပြောသည်။
1 063
နိုင်ငံအားလုံးအတွက်အကျိုးရှိစေမည့်လမ်းများတည်ဆောက်ရန်အတွက် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းကြရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်းပြောကြားခဲ့
နိုင်ငံအားလုံးအတွက်အကျိုးရှိစေမည့်လမ်းများတည်ဆောက်ရန်အတွက် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ပြဿ နာကို ငြိမ်းချမ်းစွာဖြေရှင်းကြရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကမ္ဘောဒီးယားနိုင်ငံ့ခေါင်းဆောင်များနှင့်တွေ့ဆုံစဥ် တိုက်တွန်းပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။
စီးပွားရေးအတွက် လမ်းမကြီးများ၊ ရထားလမ်းများတည်ဆောက်ရာတွင် ဗီယက်နမ်၊ ဟိုချီမင်းမှ ကမ္ဘောဒီးယား၊ ဖနောင်ပင်၊ ဗန်ကောက်ဖြစ်၍ ကမ္ဘောဒီးယား- ထိုင်းနယ်စပ်ပြဿနာပြေလည်မှသာ ယင်းလမ်းများကိုအကောင်အထည်ဖော်နိုင်မည်ဟု နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့ကြောင်း ပြောသည်။
