သိင်္ခ
前往频道在 Telegram
အသိတိုး
显示更多未指定国家未指定类别
1 060
订阅者
-124 小时
-237 天
-7030 天
帖子存档
1 060
+2
Mytel Myanmar လုပ်ငန်းသည် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၏စံနမူနာကောင်းတစ်ခုဖြစ်ဟု မြန်မာနိုင် ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော
Mytel Myanmar လုပ်ငန်းသည် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၏စံနမူနာကောင်းတစ်ခုဖြစ်သည်ဟု မြန် မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက် တင်ဘာ ၆ ရက်နံနက်ပိုင်းတွင် ဟနွိုင်းမြို့၌ကျင်းပသည့် "မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်"တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသည့် ကုန် သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် စားသောက်ကုန်များကို ဗီ ယက်နမ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချပြီး ဗီယက်နမ်နိုင်ငံမှ ဓာတ်မြေဩဇာ၊ ပလတ်စတစ်ထုတ်ကုန်များ၊ မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ၊ သံမဏိထုတ်ကုန်များကို အဓိကတင်သွင်းလျက်ရှိသည်ဟု ပြောသည်။
1 060
အမေရိကန်လေယာဉ်တင်သင်္ဘော ထိုင်းမှ ပြန်လည်ထွက်ခွာ
အမေရိကန်ရေတပ်သား ထောင်ပေါင်းများစွာပါဝင်သော လေယာဉ်တင်သင်္ဘောကြီးသည် တနင်္ဂနွေနေ့တွင် ထိုင်းနိုင်ငံမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းထောက်များက ပြောကြားခဲ့သည်။ ပင်လယ်ပြင်တွင် ကိုးလကြာ တာဝန်ထမ်းဆောင်ခဲ့ရသည့် လေယာဉ်တင်သင်္ဘောပေါ်တွင် လူနေမှုအခြေအနေများ ယိုယွင်းလာသည်ဆိုသော သတင်းများထွက်ပေါ်လာပြီးနောက် ဆိပ်ကမ်းကပ်ခဲ့သော ၎င်း၏ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။
1 060
ဂရိလေကြောင်းပြပွဲအတွင်း ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဦး သေဆုံး
ဂရိနိုင်ငံ အေသင်မြိုမြောက်ဘက်တွင် စက်တင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် နှစ်စဉ်လေကြောင်းပြပွဲအတွင်း ဂရိလေတပ်မှ ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။
လေကြောင်းပြပွဲ၌ လူထောင်နှင့်ချီ လာရောက်ကြည့်ရှုနေကြချိန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လူနှစ်ဦး စီးနင်းနိုင်သည့် Phantom F4 ဂျက်လေယာဉ်သည် မြေပြင်နှင့်အနိမ့်ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ပျက်ကျပြီးနောက် မီးလောင်ခဲ့သည်။
1 060
ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ စစ်ဆင်ရေးအရှိန် တိုးမြှင့်
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှစ၍ မြန်မာ့တပ်မတော်သည် ရခိုင်ပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့နယ်များတွင် လေကြောင်း၊ ရေကြောင်းနှင့် မြေပြင်စစ်ဆင်ရေးများကို တစ်ပြိုင်နက်တည်း အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးအတွင်း AA အဖွဲ့များ ခိုအောင်းရာနေရာများသို့ လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်ခြင်း၊ စစ်ရေယာဉ်များဖြင့် လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။ သီးခြားဒေသတစ်ခုတည်း၌ မဟုတ်ဘဲ ပြည်နယ်တစ်ဝှမ်းလုံးတွင် အဟုန်မြှင့် ပြုလုပ်လာသည့် အဆိုပါ စစ်ရေးလှုပ်ရှားမှုများကြောင့် ရှေ့လာမည့်ရက်များတွင် ရခိုင်စစ်မြေပြင်၏ အခြေအနေ အပြောင်းအလဲများ ပေါ်ပေါက်လာနိုင်ကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ်နေကြသည်။
1 060
အာဆီယံနိုင်ငံများအတွင်း လေးနိုင်ငံမြောက် ခရီးစဉ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံသို မကြာခင်ကာလအတွင်း သွားရောက်ရန်ရှိပြီး မိမိတိုသည် အာဆီယံအဖွဲအတွင်း၌ ထိတွေ့ဆက်ဆံမှုများ တဖြည်းဖြည်း တိုးမြှင့်လာခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
အာဆီယံနိုင်ငံများအတွင်း လေးနိုင်ငံမြောက် ခရီးစဉ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံသို မကြာခင်ကာလအတွင်း သွားရောက်ရန်ရှိပြီး မိမိတိုသည် အာဆီယံအဖွဲအတွင်း၌ ထိတွေ့ဆက်ဆံမှုများ တဖြည်းဖြည်း တိုးမြှင့်လာခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။
1 060
လနှင့်ချီပိတ်ထားသည့် မန္တလေး -မြစ်ကြီးနား ကသာလမ်းပိုင်းကို ပြန်ဖွင့်
လနှင့်ချီပိတ်ထားသည့် မန္တလေး -မြစ်ကြီးနား ကသာလမ်းပိုင်းကို အောက်တိုဘာ၅ ရက်နေ့က ပြန်ဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းလမ်းပိုင်းတွင် အင်းတော်မြိုနယ်အတွင်းပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မော်လူးမြို တပ်စခန်းအား လက်နက်ကိုင်အဖွဲများက အတက်အဆင်းကားများကို မဖြတ်စေဘဲ ကွင်းလမ်းများက သွားစေရန်လနှင့်ချီပိတ်ထားခဲ့ခြင်းဖြစ်သည်။
1 060
+2
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit)သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့်ဇနီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ
နေပြည်တော်၊ စက်တင်ဘာ ၆
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့သွားရောက်ခဲ့သည့် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ စက်တင်ဘာ ၆ ရက်၊ မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိခဲ့သည်။
နိုင်ငံတော်သမ္မတအား နေပြည်တော်လေဆိပ်၌ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
1 060
+5
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာ
မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာတိုးတက်လာစေရေးအတွက် အရေးပါသည့် ခရီးစဉ်တစ်ရပ်ဖြစ်ခဲ့
နေပြည်တော်၊ စက်တင်ဘာ ၆
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ သည် ခရီးစဉ်ပြီးဆုံး၍ ယနေ့ စက်တင်ဘာ ၆ ရက်တွင် ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင် ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာ ခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးဝန်ထမ်းများက Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
1 060
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”သို့ တက်ရောက်မိန့်ခွန်းပြောကြား
နေပြည်တော်၊ စက်တင်ဘာ - ၆
“မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”ကို ယနေ့မွန်းလွဲပိုင်းတွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိင်းမြို့ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက် ရောက်ချီးမြှင့်ပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုမြှင့်တင်နိုင်ရေးဆိုင်ရာများနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားသည်။
အဆိုပါ “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”သို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲဝင်များ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရအဖွဲမှတာဝန်ရှိသူများ၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ကြသည်။
1 060
စင်ကာပူနိုင်ငံ မြန်မာသံရုံး၏ တရားဝင် Facebook စာမျက်နှာများ နှောက်ယှက်ခံရသဖြင့် Facebook အသုံးပြုမှုများအားလုံး ရပ်ဆိုင်းထားသောကြောင့် သံရုံးအသွင် လိမ်လည်ဖွင့်ထားမှုများကို သတိပြုရန် ထုတ်ပြန်
စင်ကာပူနိုင်ငံ မြန်မာသံရုံး၏ တရားဝင် Facebook စာမျက်နှာများ နှောက်ယှက်ခံရသဖြင့် Facebook အသုံးပြုမှုများအားလုံး ရပ်ဆိုင်းထားသောကြောင့် သံရုံးအသွင် လိမ်လည်ဖွင့်ထားမှုများကို သတိပြုရန် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။
စင်ကာပူနိုင်ငံသိုရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏အကျိုးကို ဆောင်ရွက်ပေးရန် အတွက် Embassy of the Republic of the Union of Myanmar အမည်ဖြင့် သံရုံး၏ Website ကိုအသုံးပြု၍ မြန်မာနိုင်ငံသားများအတွက် ဝန်ဆောင်မှုပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
1 060
ပုဇွန်တောင်မြိုနယ် အမှတ် (၅) ရပ်ကွက်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထပ်မံကူးစက်ပြန့်ပွားမှုမရှိစေရေး ဆောင်ရွက်
ပုဇွန်တောင်, စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြိုနယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထပ်မံကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် စက်တင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက အမှတ် (၅) ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
1 060
ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေး ဖမ်းဝရမ်းထုတ်ခံရပြီးနောက် အာမခံဖြင့် ပြန်လွတ်
ရိုဒရီဂို ဒူတာတေး၏သမီး ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေးသည် သမ္မတ ဖာဒီနန် မားကိုစ်ဂျူနီယာ၊ သမ္မတကတော်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်းတိုကို ခြိမ်းခြောက်ပြောဆိုခဲ့မှုများဖြင့် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် စက်တင်ဘာ ၅ ရက်တွင် အာမခံဖြင့် ပြန်လွတ်မြောက်လာသည်။
ဒူတာတေးသည် တရားစွဲဆိုခံထားရမှု သုံးမှုအတွက် တစ်မှုလျှင် ပီဆို ၁၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၉၀၀ ခန့်) စီ အာမခံပေးဆောင်ခဲ့ရသည်။ ထိုအမှုများအပြင် ဆာရာဒူတာတေးသည် ဖိလစ်ပိုင်အထက်လွှတ်တော်တွင် စွပ်စွဲပြစ်တင်မှုဆိုင်ရာ စစ်ဆေးမှုနှင့်လည်း ရင်ဆိုင်နေရသည်။ ထိုစစ်ဆေးမှုတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပါက ဒုတိယသမ္မတရာထူးမှ ဖယ်ရှားခံရနိုင်သည့်အပြင် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပါ ထိခိုက်စေနိုင်သည်။
1 060
မြန်အောင်မြိုနယ် မမြဆည်တာတမံ RD-9900 နှင့် RD-10000 အကြား မြေသားအလျား (၇၅) ပေခန့်၊ အကျယ် ပေ ၆၀ ခန့် နိမ့်ကျမှုဖြစ်ပေါ်
မြန်အောင် ,စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြိုနယ် မျှင်ဝါးတောင်ကျေးရွာအုပ်စု မမြဆည်တာတမံတွင် စက်တင်ဘာ ၄ ရက် ညနေ ၃ နာရီခွဲခန့်က တာတမံ RD-9900 နှင့် RD-10000 အကြား မြေသား အလျား(၇၅)ပေခန့်၊အနံ(အကျယ်) ပေ (၆၀) ခန့်တွင် မြေသား (၁)ပေခွဲခန့် နိမ့်ကျမှုဖြစ်ပေါ်ကြောင်းသိရသည်။
1 060
အမှတ် (၈) အစုန် နေပြည်တော်-ရန်ကုန် DEMU ရထားတွဲ ခဲဖြင့်ပေါက်ခံရ၊ ကျူးလွန်သူ ဖမ်းဆီးရမိရေး ဆောင်ရွက်နေ
နေပြည်တော်၊ စက်တင်ဘာ ၅
ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းတွင် ပြေးဆွဲပေးနေသည့် အမှတ် (၈) အစုန် နေပြည်တော်-ရန်ကုန် DEMU လူစီးအမြန်ရထားတွဲအား ခဲဖြင့်ပစ်ပေါက်ခံရသဖြင့် ရထားတွဲ၏ လေကာမှန် ပျ-က်စီးသွားခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမှတ် (၈) အစုန် DEMU ရထားသည် ရန်ကုန်ဘူတာကြီးသို ခရီးဆုံးရောက်ရှိပြီးနောက် ရထားတွဲဆိုင်းအား သိမ်းဆည်းရန် စက်ခေါင်းစက်ရုံ (အင်းစိန်) သို ထွက်ခွာမောင်းနှင်စဉ် လမ်းညာဘက်ခြမ်းမှ ခဲဖြင့် ပစ်ပေါက်ခံခဲ့ရခြင်း ဖြစ်သည်။
1 060
အမြန်လမ်းရှိ ကလီထော်ချောင်းကူးတံတား၏ ကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေ ယာဥ်မောင်းများအရှိန်လျော့မောင်းနှင်ကြရန်သတိပေး
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ကလီထော်ချောင်းကူးတံတား၏ ကွန်ကရစ်ကြမ်းခင်းအားပြင်ဆင်မှုများပြုလုပ်နေသဖြင့် ယာဥ်မောင်းများအရှိန်လျော့မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲက သတိပေးခဲ့သည်။
ကလီထော်ချောင်းကူးတံတားသည် အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၆/၅ နှင့် ၆/၆ ကြားတွင်တည်ရှိပြီး လက်ရှိကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေခြင်းမှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို(အပြန်လမ်း)တွင်ဖြစ် သည်။
1 060
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ မြည်းပုသားပေါက်လေး အောင်မြင်စွာ မွေးဖွား
ရန်ကုန်၊ စက်တင်ဘာ ၆
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၅) ရက် နံနက် (၆:၃၀) နာရီအချိန်၌ ချစ်စရာကောင်းသော မြည်းပု (Donkey) သားပေါက်လေးတစ်ကောင်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြည်းပုလေး မွေးဖွားနိုင်ရေးအတွက် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူများ၏ ဂရုတစိုက် ပြုစုမှု၊ စနစ်တကျ အစာကျွေးမွေးမှု၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စနစ်တကျ မျိုးပွားစီမံခန့်ခွဲမှုတိုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
1 060
အမေရိကန်စစ်သင်္ဘောတွေကို အီရန်က ဒုံ:ကျည်တွေနဲ့ တို-က်ခိုက်
အီရန်လက်နက်ကိုင်တပ်ဖွဲရဲ့ အထူးတပ်ဖွဲဖြစ်တဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က တနင်္ဂနွေနေ့မှာ အမေရိကန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောတစ်စင်းနဲ့ ဖျက်သင်္ဘောတစ်စင်းကို တို-က်ချင်းပ-စ်ဒုံးကျည်တွေနဲ့ ပ-စ်ခတ်တို-က်ခိုက်ခဲ့တယ်လို သတင်းထုတ်ပြန်ပါတယ်။
IRGC ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး IRNA သတင်းဌာနက ဖော်ပြရာမှာတော့ "အီရန်သင်္ဘောတွေကို အနှောင့်အယှက်ပေးပြီး ပင်လယ်ရေကြောင်းပိတ်ဆိုမှုမှာ ပါဝင်နေတဲ့ အမေရိကန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောနဲ့ ဖျ-က်သင်္ဘောကို IRGC ရဲ့ အာကာသတပ်ဖွဲတွေက တို-က်ချင်းပ-စ်ဒုံးကျည်တွေနဲ့ ပ-စ်ခတ်တို-က်ခိုက်ခဲ့ပါတယ်" လို ဆိုထားပါတယ်။
အဲဒီလို တို-က်ခိုက်ခံရလို ထိခိုက်ပျ-က်စီးသွားတဲ့ အမေရိကန်စစ်သင်္ဘောတွေဟာ တို-က်ပွဲဖြစ်တဲ့နေရာကနေ ခဲခဲယဉ်းယဉ်းဆုတ်ခွာသွားခဲ့ရတယ်လိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
1 060
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ဗီယက်နမ်နိုင်ငံ၊ ဟနွိင်းမြိုရှိ မြန်မာသံရုံး၊ စစ်သံရုံးတိုမှဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင်သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ စက်တင်ဘာ - ၅
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့်ဇနီးတို၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသိုရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ယနေ့ စက်တင်ဘာ ၆ ရက်၊နံနက်ပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊စစ်သရုံးမှ သံအမတ်ကြီးနှင့်သံရုံးဝန်ထမ်းများ၊မိသားစုဝင်များ၊သင်တန်းသားများအား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိင်းမြို ၌ တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့်သံရုံးဝန်ထမ်းများ၊မိသားစုဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။
