ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

သိင်္ခ

သိင်္ခ

前往频道在 Telegram

အသိတိုး

显示更多
未指定国家未指定类别
1 060
订阅者
+124 小时
-77 天
-5230 天
帖子存档
အစ္စရေး စပိုင်တွေက အမေရိကန်မှာနေတဲ့ နေတန်ယာဟုရဲ့ သားအကြီးကို အသည်းအသန် ပြန်ခေါ်ခဲ့ ဩဂုတ် - ၃၀ ( တနင်္ဂနွေနေ့ ) အစ္စရေးလုံခြုံရေးအေဂျင်စီ ရှင်းဘတ် ရဲ့ ထုတ်ပြန်ချက်အရ ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု ရဲ့ သားအကြီးဆုံး ယာအဲရ် နက်တန်ယာဟု မှာ အသက်အန္တရာယ်ရှိနေတဲ့ အတွက် အမေရိကန်ပြည်ထောင်စုကနေ လေယာဉ်နဲ့ လျှိဝှက်စွာ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ ဒီသတင်းဟာ နက်တန်ယာဟုကိုယ်တိုင် အစ္စရေး Channel 14 သတင်းဌာန နဲ့ ဖုန်းအင်တာဗျူးမှာ အီရန်ဘက်က သားဖြစ်သူတစ်ဦးကို "လုပ်ကြံဖို ကြိုးစားခဲ့တယ်" လို စွပ်စွဲပြောကြားခဲ့ပြီး ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်သားကို လုပ်ကြံဖို ကြိုးစားတာလဲဆိုတာနဲ့ အဆိုပါ ကြံစည်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ တိတိကျကျ ပြောကြားခဲ့ခြင်း မရှိပါဘူး။ "ယာအဲရ် နက်တန်ယာဟုကို အန္တရာယ်ပြုဖို ကြီးမားတဲ့ ခြိမ်းခြောက်မှု ရှိခဲ့တာကြောင့် သုံးသပ်ဆန်းစစ်ချက်တွေ ပြုလုပ်ပြီးတဲ့နောက် ၎င်းကို လုံခြုံရေးအဖွဲနဲ့ အရေးပေါ် ခေါ်ထုတ်ပြီး အစ္စရေးကို ပြန်လည်ခေါ်ဆောင်ဖို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်" လို ရှင်းဘတ် က စနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ခြိမ်းခြောက်မှုရဲ့ သဘောသဘာဝ ဒါမှမဟုတ် ဒီစစ်ဆင်ရေးကို ဘယ်အချိန်မှာ အတိအကျ လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။

photo content

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် ၂၀၂၆-ခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူဦးရေ သုံးရာကျော်အား စိတ်ပိ
မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် ၂၀၂၆-ခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူဦးရေ သုံးရာကျော်အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ် တာမွေ၊ ဩဂုတ် ၃၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင် ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို တာမွေမြိုနယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး၌ ၂၀၂၆-ခုနှစ်အတွင်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှု ခံယူပြီးသည့် မူးယစ်ဆေးဖြတ် သင်တန်းသားဦးရေ သုံးရာကျော်ထိရှိ ကြောင်း ယနေ့နံနက်ပိုင်းအချိန်က အဆိုပါ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုရုံး မေတ္တာ စံအိမ်ခန်းမ၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ် သင်တန်းဆင်း သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားမှ သိရသည်။

နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ ကန်ရေပြည့်အမှတ်သို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိ နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ သြ
နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ ကန်ရေပြည့်အမှတ်သို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိ နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ သြဂုတ် ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ကန်ရေပြည့်အမှတ်သို ရောက်ရှိနေပြီး ယခုသြဂုတ်လအတွင်း ဒုတိယအကြိမ်အဖြစ် ကန်ရေပြည့်အမှတ်သို ပြန်လည်ရောက်ရှိ လာ ခဲ့ကြောင်း သိရသည်။ နေပြည်တော်ရှိ ပေါင်းလောင်းတမံမှာ ကန်ရေပြည့်မှတ် ၁၉၀ မီတာ/၆၂၃.၃၉ ပေသို သြဂုတ် ၃၀ ရက် နံနက် ၆ နာရီအချိန်တွင် ရောက်ရှိခဲ့ပြီး ရေပိုမိုသိုလှောင်၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရန်နှင့် တမံအောက်ပိုင်း ရေကြီးရေလျှံမှု လျော့ပါးသက်သာစေရန်အတွက် ရေပိုလွှတွင် HED ရေတံခါးရွက် ၂၀ ချပ်အား ထောင်ထား ပါသဖြင့် ရေပိုလွှမှ ရေကျော်ခြင်းမရှိပါကြောင်း တည်ဆောက်ရေး (၅) ဆည်မြောင်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထိုအပြင်တမံ၏ ဝင်ရေအခြေအနေပေါ်မူတည်၍ ရေပိုလွှမှ ရေကျော်ပါကလည်း အချိန်နှင့် တပြေးညီ တင်ပြပေးသွားပါမည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေ းထားသည်။

Repost from U Kan Myint Than
၂၈-၈-၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ ၊ ဌာနမှူးများ ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်း မြေထိန်းနံရံများပေါ်ရှိ ရေညှိများအား Water Pressure Pump ဖြင့် ဆေးကြောခြင်း ဆောင်ရွက်နေမှုအခြေအနေအား လည်းကောင်း၊ ဥတ္တရသီရိမြို့၏ ရေပေးဝေရေးပိုက်လိုင်းများသည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးသွားသော PVC ပိုက်လိုင်းများကို ပြုပြင်၍ သောက်သုံးရေ ပြန်လည်ပေးဝေလျက်ရှိသော်လည်း ပိုက်လိုင်းကြံ့ခိုင်မှု အားနည်းသွားသောကြောင့် ရေယိုစိမ့်မှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ရေလေလွင့်ဆုံးရှုံးမှု၊ ရေဖူလုံစွာမရရှိခြင်းတို့ကြောင့် ငလျင်ဒဏ်ခံနိုင်သော HDPE ပိုက် OD-315 mm (၁၀၀၀)ပေနှင့် OD-280 mm (၁၃၀၀)ပေ အစားထိုး သွယ်တန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ရပ်ကွက်များသို့ သောက်သုံးရေပေးဝေနေသော တစ်ရက်လျှင်ရေဂါလန်(၄)သန်းခန့် စစ်ထုတ်ပေးနိုင်သည့် တပင်ရွှေထီးရပ်ကွက်အတွင်းရှိ အမြန်နှုန်း ရေသန့်စင်စက်ရုံသို့ ရောက်ရှိပြီး သန့်စင်ပြီးရေများကို ပြည်သူများသို့မဖြန့်ဝေမီ ရေသိုလှောင်ကန် များတွင် ကလိုရင်းဆေးခတ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့မဈေးသို့ ဖြန့်ဝေပေးလျက်ရှိသော ဂါလန်(၆၀၀၀၀)ရေစုကန်အတွင်းရှိ သောက်သုံးရေအရည်အသွေးနှင့် ကလိုရင်းလက်ကျန်စစ်ဆေးမှုကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ကျန်းမာရေးဌာနဝန်ထမ်းများနှင့် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဝန်ထမ်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ကျန်းမာရေးဌာနနှင့် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)တို့ ပူးပေါင်း၍ ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကာကွယ်ရန် ကလိုရင်းခတ်ခြင်းအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ပုဗ္ဗသီရိမြို့မဈေးသို့ ဖြန့်ဝေပေးလျက်ရှိသော ဂါလန်(၆၀၀၀၀)ရေစုကန်အတွင်း ကလိုရင်းဆေးခပ်ခြင်းအား ဆောင်ရွက်ပေးခဲ့ပါသည်။

လေးမျက်နှာမြို့၌ လူနေရပ်ကွက်များ ရေနစ်မြုပ်နေဆဲဖြစ်သော်လည်း မြို့လယ်လမ်းတစ်လျှောက် ရေသိသိသာသာကျဆင်းလာ လေးမျက်နှာမြို့၌ လူနေရပ
+3
လေးမျက်နှာမြို့၌ လူနေရပ်ကွက်များ ရေနစ်မြုပ်နေဆဲဖြစ်သော်လည်း မြို့လယ်လမ်းတစ်လျှောက် ရေသိသိသာသာကျဆင်းလာ လေးမျက်နှာမြို့၌ လူနေရပ်ကွက်များ ရေနစ်မြုပ်နေဆဲဖြစ်သော်လည်း မြို့လယ်လမ်းတစ်လျှောက် ရေသိသိသာသာကျဆင်းလာပြီဖြစ်ကြောင်း သိရသည်။

PDF တို့ကြားက ယုံကြည်မှု နိဂုံးနှင့် ပါချောင်ပုံရိပ်ရိုက်ခတ်မှုများ တော်လှန်ရေး သို့မဟုတ် အပြောင်းအလဲတစ်ခုကို တောင်းဆိုရင်း တောတောင်စခန်းများဆီသို့ အတူတကွ ရောက်ရှိခဲ့ကြသည့် ရဲဘော်ရဲဘက်များအကြား သံသယစိတ်များ ကြီးထွားလာသည့်အခါ ရလဒ်သည် အလွန်ပင် ရင်လေးဖွယ် ကောင်းလှပါသည်။ အတူတကွ ကင်းစောင့်၊ အတူတကွ ရင်ဆိုင်ခဲ့ဖူးသူများအကြား "မင်းက ရန်သူလား" ဆိုသည့် အမေးကဏ္ဍ စတင်လာချိန်တွင် မူလရည်ရွယ်ချက်တို့ ပပျောက်ပြီး အတွင်းစည်း အချင်းချင်း စစ်ဆေးမေးမြန်းမှုများ စတင်လာတော့သည်။ စစ်ဆေးခြင်း၏ သဘောသဘာဝသည် မှန်ကန်သော ဝန်ခံခြင်းထက်၊ သံသယရှိသူထံမှ အဓမ္မ ဝန်ခံချက် ရရှိရေးဘက်သို့ ဦးတည်သွားသည့်အခါ ရလဒ်မှာ ပါချောင်ဖြစ်စဉ်ကဲ့သို့ ဝမ်းနည်းဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးများအဖြစ် သမိုင်းတွင် ကျန်ရစ်ခဲ့ရသည်။ ယခုအခါတွင်လည်း မန္တလေး PDF တပ်ရင်း (၅) အဖွဲ့ဝင်များအနက်မှ နှုတ်ထွက်လိုသူများ စာရင်းပေးရာမှ အချို့သော အဖွဲ့ဝင်များသည် နဂါးပေါက်ရွာ မြစ်ကမ်းစပ်တွင် "သူလျှို" အဖြစ် စွပ်စွဲခံရကာ ပစ်သတ်ခံခဲ့ရသည်ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ ဝန်ခံချက်ကို နှိပ်စက်စစ်ဆေးမှုများဖြင့် အတင်းအဓမ္မ ရယူကာ သတ်ဖြတ်သည့် အတိတ်က ပါချောင်ဖြစ်စဉ်များအတိုင်း ပြန်လည် ဆက်ဖြစ်နေခြင်းလောဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ မိမိတို့ ရွေးချယ်လျှောက်လှမ်းနေသော လမ်းကြောင်းသည် အသက်အန္တရာယ်နှင့် စိတ်ဝမ်းကွဲပြားမှုများဖြင့် ပြည့်နှက်နေသည်ကို သိရှိလာသည့်အခါ၊ ထိုအမှားကို ပြင်ဆင်နိုင်ရန် အစိုးရမှ လမ်းဖွင့်ပေးထားသည့် "အလင်းဝင်ရောက်ခြင်း" လမ်းကြောင်းကို စဉ်းစားသင့်ပေသည်။ ကိုယ့်အသက်ကို စောင့်ရှောက်ရင်း မိဘရိပ်အောက်သို့ ပြန်လည်ရောက်ရှိရေးအတွက် ရွေးချယ်စရာ လမ်းကြောင်းများ ရှိနေကြောင်း PDF အဖွဲ့ဝင်များအနေဖြင့် စိစစ်ဝေဖန်ပိုင်းခြား စဉ်းစားကြရန် လိုအပ်ပေသည်။
သိင်္ခ
https://t.me/theinkha007/2896

photo content

ဒုတိယအကြိမ် ချင်းမိုင်နိုင်ငံတကာရုပ်ရှင်ပွဲတော် ၂၀၂၆ တွင် မြန်မာရုပ်ရှင်ဇာတ်ကား(၂)ကားပြသ ချင်းမိုင်မြို၊ Central Chiang Mai A
ဒုတိယအကြိမ် ချင်းမိုင်နိုင်ငံတကာရုပ်ရှင်ပွဲတော် ၂၀၂၆ တွင် မြန်မာရုပ်ရှင်ဇာတ်ကား(၂)ကားပြသ ချင်းမိုင်မြို၊ Central Chiang Mai Airport Plaza တွင် ဩဂုတ် ၂၈ ရက်ကကျင်းပသည့် "ဒုတိယအကြိမ်ချင်းမိုင်နိုင်ငံတကာရုပ်ရှင်ပွဲတော် ၂၀၂၆"တွင် မြန်မာရုပ်ရှင်ဇာတ်ကား(၂)ကားပါဝင်ပြသလျက်ရှိကြောင်း သိရသည်။ "ညမွှေးပန်းကလေးရဲ့ကျောက်ပုစွန်"နှင့် "ကံကောင်း" ရုပ်ရှင်ကားတိုကိုပါဝင်ပြသခဲ့ပြီး ပွဲတော်ဖွင့်ပွဲကို သြဂုတ် ၂၈ ရက်ကကျင်းပရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြိုမှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းက ထိုင်းနိုင်ငံ(မြောက်ပိုင်း)ရုပ်ရှင်နှင့်ဒီဂျစ်တယ်မီဒီယာအသင်းဥက္ကဋ္ဌ Mr. Adisorn Suddee ၏ဖိတ်ကြားချက်အရတက်ရောက်ခဲ့ကြောင်း သိရသည်။

အီကွေဒေါတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အရေးပေါ်အခြေအနေကြေညာ အီကွေဒေါနိုင်ငံတွင် အယ်လ်နီညို အစွန်းရောက်ရာသီဥတုဖြစ်စဉ်ကြောင့် အရ
အီကွေဒေါတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အရေးပေါ်အခြေအနေကြေညာ အီကွေဒေါနိုင်ငံတွင် အယ်လ်နီညို အစွန်းရောက်ရာသီဥတုဖြစ်စဉ်ကြောင့် အရေးပေါ်အခြေအနေကြေညာခဲ့ကြောင်း တာဝန်ရှိသူများက ဩဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ ယခုနှစ် အယ်လ်နီညို ဖြစ်စဉ်သည် ပြင်းထန်သော မိုးခေါင်ရေရှားမှု ခံစားနေရသည့် ဗဟိုအမေရိကဒေသနှင့် တောမီးလောင်ကျွမ်းမှုများ ပိုမိုဆိုးရွားနေသည့် အင်ဒိုနီးရှားနိုင်ငံတိုတွင် ပျက်စီးဆုံးရှုးမှုများ စတင်ဖြစ်ပေါ်စေခဲ့သည်။ လက်ရှိ ဖြစ်ပေါ်နေသော အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်သည် ယခုနှစ်ကုန်တွင် အမြင့်ဆုံးအဆင့်သို ရောက်ရှိမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့ကိုအပူချိန် စံချိန်တင် မြင့်တက်စေလိမ့်မည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားကြသည်။

သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ဘားအံမြိုနှင့် မဒေါက်မြိုတို၏ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေ သံလွင်မြစ်ရေနှင့် စစ်တေ
သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ဘားအံမြိုနှင့် မဒေါက်မြိုတို၏ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေ သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ဘားအံမြိုနှင့် မဒေါက်မြိုတို၏စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ သံလွင်မြစ်ရေသည် လက်ရှိအချိန်၌ ဘားအံမြို၏ စိုး ရိမ်ရေမှတ်အထက် (၁)ပေ (၁၀)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း (၃)လက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို၏ စိုးရိမ်ရေမှတ်အထက် တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ ထိုပြင် စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို၏ စိုးရိမ်ရေမှတ်အထက် (၂)ပေ (၉)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့်(၂၄)အတွင်း (၂)လက်မခန့်မြင့်တက်လာနိုင်ကာ ယင်းမြို၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထရမ့်ရဲ့ 'ဂရင်းလန်း အစီအစဉ်' ဟာ အာတိတ်ဒေသကို အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက် သွတ်သွင်းဖို ရည်ရွယ်ခြင်းဖြစ်ဟုဆို
ထရမ့်ရဲ့ 'ဂရင်းလန်း အစီအစဉ်' ဟာ အာတိတ်ဒေသကို အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက် သွတ်သွင်းဖို ရည်ရွယ်ခြင်းဖြစ်ဟုဆို

ထရမ့်ရဲ့ 'ဂရင်းလန်း အစီအစဉ်' ဟာ အာတိတ်ဒေသကို အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက် သွတ်သွင်းဖို ရည်ရွယ်ခြင်းဖြစ်ဟုဆို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ 'ဂရင်းလန်း(Greenland) အစီအစဉ်' ဟာ တကယ်တမ်းကျတော့ ကျန်နေတဲ့ အာတိတ်ဒေသတစ်ခုလုံးကို အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက်ကို သွတ်သွင်းဖို ရည်ရွယ်ခဲ့တာပါလို ရုရှားသမ္မတရဲ့ အကြံပေးနဲ့ အရှေ့ပိုင်း စီးပွားရေးဖိုရမ်(EEF)ကျင်းပရေးကော်မတီရဲ့ အလုပ်အမှုဆောင်အတွင်းရေးမှူးဖြစ်သူ အန်တန် ကိုဘာကော့ဗ်(Anton Kobyakov) က TASS သတင်းဌာနကို ပြောကြားပါတယ်။ "အချိုအဆိုအရ EU နဲ့ ဒိန်းမတ်တိုက ဟန့်တားခဲ့တယ်လိုဆိုပြီး၊ နောက်အဆိုတစ်ခုအရကျတော့ အီရန်ကို တိုက်ခိုက်ဖို ပြင်ဆင်နေတာကို ဖုံးကွယ်ဖိုအတွက် လုပ်ခဲ့တာလို ပြောကြတဲ့ ထရမ့်ရဲ့ 'ဂရင်းလန်း အစီအစဉ်' ဟာ တကယ်တော့ ကျန်နေတဲ့ အာတိတ်ဒေသကိုပါ အမေရိကန် လက်အောက်ရောက်ဖို ရည်ရွယ်တာပါ။

သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ဘားအံမြိုနှင့် မဒေါက်မြိုတို၏ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေ သံလွင်မြစ်ရေနှင့် စစ်တေ
သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ဘားအံမြိုနှင့် မဒေါက်မြိုတို၏ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေ သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ဘားအံမြိုနှင့် မဒေါက်မြိုတို၏စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ သံလွင်မြစ်ရေသည် လက်ရှိအချိန်၌ ဘားအံမြို၏ စိုး ရိမ်ရေမှတ်အထက် (၁)ပေ (၁၀)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း (၃)လက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို၏ စိုးရိမ်ရေမှတ်အထက် တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ ထိုပြင် စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို၏ စိုးရိမ်ရေမှတ်အထက် (၂)ပေ (၉)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့်(၂၄)အတွင်း (၂)လက်မခန့်မြင့်တက်လာနိုင်ကာ ယင်းမြို၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

မြန်မာ့ရိုးရာလက်မှုပစ္စည်းများ တရုတ်နှင့်ကိုရီးယား ခရီးသွားများ စိတ်ဝင်တစားလေ့လာဝယ်ယူ ရန်ကုန်၊ ဩဂုတ် ၃၀ ပုဂံဒေသ မြင်းကပါရွာမှ
မြန်မာ့ရိုးရာလက်မှုပစ္စည်းများ တရုတ်နှင့်ကိုရီးယား ခရီးသွားများ စိတ်ဝင်တစားလေ့လာဝယ်ယူ ရန်ကုန်၊ ဩဂုတ် ၃၀ ပုဂံဒေသ မြင်းကပါရွာမှထွက်ရှိသည့် ယွန်းထည်ပစ္စည်းအမျိုးပေါင်း ၃၀ ကျော်နှင့် မန္တလေးနှင့် ပဲခူးမြိုမှ ထွက်ရှိသည့် သစ်သားပစ္စည်း ၅၀ ကျော်အပြင် ပုဂံဒေသထွက် သဲပန်းချီ၊ ယွန်းပန်းချီနှင့် မန္တလေးဒေသထွက် ကျောက်စီပန်းချီနှင့် ရွှေခြည်ငွေခြည်ထိုး ပန်းချီကားများ စသည်ဖြင့် မြန်မာ့ရိုးရာလက်မှုပစ္စည်းများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်ရန် ရန်ကုန်မြို သိမ်ဖြူလမ်းအတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၌ ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိရာ တရုတ်နှင့်ကိုရီးယား ခရီးသွားများ အထူးစိတ်ဝင်တစား လေ့လာဝယ်ယူကြောင်း သိရသည်။

ရန်ကုန် - ပြည်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ဩဂုတ် ၃၀ ရန်ကုန် - ပြည်ရထားလမ်းပိုင်းတွင် DEMU ရထားများပြေးဆွဲနေပြီဖြစ်သဖြင့် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေး၊ ရထားများ အချိန်မှန်ကန်ရေးအတွက် မြန်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရန် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုကို ပိုဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်-ပြည် ရထားလမ်းပိုင်း အရှည် ၁၆၁ မိုင်တွင်(ALLTM) စက်ကြီး လေးစီးဖြင့် ရထားလမ်းမြှောက် ပါကင်ရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် စုစုပေါင်း ၁၂၁ မိုင် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျန်ရှိသည့် မိုင် ၄၀ ကို ယခုနှစ် စက်တင်ဘာ ၃ ရက်တွင် ပြီးစီးရေးလျာထားဆောင်ရွက်ရန်၊ ထိုအတူ ရန်ကုန်-ပြည် ရထားလမ်းပိုင်းအတွင်း ၉ ချောင်းဆက် သံလမ်းခင်းခြင်းလုပ်ငန်းမှာ တညင်းကုန်းဘူတာမှ ဖလုံဘူတာအထိ ၃၇ မိုင်နှင့် ပြည်ဘူတာမှ ဇီးကုန်းဘူတာ အထိ ၄၃ မိုင် စုစုပေါင်း မိုင် ၈၀ ပြီးစီးပြီဖြစ်၍ ကျန်ရှိသည့် ဖလုံဘူတာမှ ဇီးကုန်းဘူတာအထိ ၆၈ ဒသမ ၅ မိုင်အား ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်းအပြီး ဆောင်ရွက်နိုင်ရန်မှာကြားသည်။

photo content

ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) ဒဂုံတက္ကသိုလ်နှင့် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျ
ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) ဒဂုံတက္ကသိုလ်နှင့် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ရန်ကုန်၊ ဩဂုတ် ၃၀ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ဘွဲနှင်းသဘင်ခန်းမ တည်ဆောက်မည့်မြေနေရာ၊ ကျောင်းသူအိပ်ဆောင်ဆောက်လုပ်မည့်မြေနေရာ၊ ပါမောက္ခချုပ်နေအိမ်ဆောက်လုပ်နေမှုနှင့် အပန်းဖြေရိပ်သာဆောက်လုပ်ပြီးစီးမှုအခြေအနေတိုကို ယမန်နေ့က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်အတွင်းရှိ စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးသည်။

DEMU ရထားပေါ်လိုက်ပါလာသည့် မကွေး PDF အဖွဲ့ဝင်များကို တောင်ငူတွင် ဖမ်းမိကြောင်း ကနဦး သိရ ဩဂုတ် ၂၉ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမ
DEMU ရထားပေါ်လိုက်ပါလာသည့် မကွေး PDF အဖွဲ့ဝင်များကို တောင်ငူတွင် ဖမ်းမိကြောင်း ကနဦး သိရ ဩဂုတ် ၂၉ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် DEMU ရထားပေါ် စီးနင်းလိုက်ပါလာသည့် မကွေး PDF အဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက NP News သိုပြောကြားချက်အရ ကနဦး သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ (၂၇) ရက်က တောင်ငူဘူတာနှင့် သောင်းတိုက်ကုန်းဘူတာအကြား မန္တလေး-ရန်ကုန် အမှတ်(၈) အစုန် DEMU ရထားပေါ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကင်းစိတ်ကျေးရွာမှာ သူ့မိဘတွေဆီ ခဏအလည်ပြန်တာလို့ သိရတယ်။ သူက အလင်းမဝင်ဘဲနဲ့ ရန်ကုန်မှာ အလုပ်လုပ်နေတာ။ မကွေး PDF ထဲကလို့ သိရတယ်။ တောင်ငူကနေအထွက်မှာ ဖမ်းမိတာ။ ရန်ကုန်မှာ အလုပ်လုပ်နေတာတဲ့။ မိဘတွေဆီ ခဏပြန်တာတဲ့။ မိန်းကလေးပါ။ လက်မှတ်ဝယ်ရင်းနဲ့ သတင်းကြားပြီးလိုက်တဲ့ပုံစံပဲ” ဟု သိရှိသူ ဒေသခံသတင်းရင်းမြစ်က ပြောသည်။ ထို့ပြင် လူမှုကွန်ယက်တွင် ထွက်ပေါ်နေသည့်သတင်းများတွင်မူ PDF အဖွဲ့ဝင် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၃) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နီပေါ-တိဘက် နယ်စပ် ရေဘေးကြီး သေဆုံးသူ ၆၀၀ ကျော်ရှိလာပြီး ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၄ ဘီလီယံမှ ၅ ဘီလီယံအထိ လိုအပ်န
နီပေါ-တိဘက် နယ်စပ် ရေဘေးကြီး သေဆုံးသူ ၆၀၀ ကျော်ရှိလာပြီး ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၄ ဘီလီယံမှ ၅ ဘီလီယံအထိ လိုအပ်နိုင်