ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

သိင်္ခ

သိင်္ခ

前往频道在 Telegram

အသိတိုး

显示更多
未指定国家未指定类别
1 060
订阅者
-124 小时
-77 天
-5330 天
帖子存档
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ထံ ထိုင်းနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ် မြန်မာနိုင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ထံ ထိုင်းနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတိုသည် ခွဲခွာ၍မရသော အပြန်အလှန်နားလည်ယုံကြည်ရသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှအပ်ခြင်းခံရသော ထိုင်းနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Tor Saralamba သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဆော်ဒီအာရေဗျ သံအမတ်ကြီးနှင့် ကာတာသံရုံး ယာယီတာဝန်ခံတိုအား သီးခြားစီ လက်ခံတွေ့ဆုံ နိုင်ငံခြား
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဆော်ဒီအာရေဗျ သံအမတ်ကြီးနှင့် ကာတာသံရုံး ယာယီတာဝန်ခံတိုအား သီးခြားစီ လက်ခံတွေ့ဆုံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး မစ္စတာ မာဇီယဒ် မိုဟာမက် မာဇီယဒ် အယ်လ်ဟိုဝီရှန်နှင့် ကာတာသံရုံး ယာယီတာဝန်ခံ မစ္စတာ အဗ္ဗဒူလာဇစ် ယူစွတ် အေ.ဂျေ. အယ်လ်-အလီတိုအား ဩဂုတ် ၂၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတိုအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးမြှင့်ခိုင်မာစေရေးနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ကော့ကရိတ်မြို၌ တက္ကသိုလ်ဝင်တန်းထူးချွန်စွာအောင်မြင်သူများနှင့် အောင်ချက်ကောင်းသောကျောင်းအား ဂုဏ်ပြုပွဲကျင်းပ ကော့ကရိတ်၊ ဩဂုတ်
ကော့ကရိတ်မြို၌ တက္ကသိုလ်ဝင်တန်းထူးချွန်စွာအောင်မြင်သူများနှင့် အောင်ချက်ကောင်းသောကျောင်းအား ဂုဏ်ပြုပွဲကျင်းပ ကော့ကရိတ်၊ ဩဂုတ် ၂၇ ကော့ကရိတ်ခရိုင်/မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးပြီး ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများနှင့် အောင်ချက်ကောင်းမွန်သောကျောင်းအား ဂုဏ်ပြု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ကော့ကရိတ်မြို၊ အမှတ်(၃)ရပ်ကွက်၊ ဒေါနခန်းမ၌ ကျင်းပခဲ့သည်။ ဘက်စုံပညာကိုရည် တိုလှမ်းချီ´´သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဥက္ကာက တက္ကသိုလ်ဝင်တန်းအောင် မျိုးဆက်သစ်လူငယ်များအတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ ပညာရေးခရီးလမ်းကို ဆက်လက်ကြိုးစားပြီး နိုင်ငံ့အကျိုးပြု ပညာတတ်လူငယ်များဖြစ်လာအောင် ကြိုးစားစေလိုကြောင်း အမှာစကားပြောကြားသည်။

နီပေါနိုင်ငံ‌တွင် ရေကြီးရေလျှံမှုကြောင့် လူ ၃၅၉ ဦး သေဆုံး၊ ၉၁၀ ဦး ပျောက်ဆုံးလျက်ရှိ ခတ္တမန္ဒူ၊ ဩဂုတ် ၂၈ ဩဂုတ် ၂၇ ရက် ညနေအထိ န
နီပေါနိုင်ငံ‌တွင် ရေကြီးရေလျှံမှုကြောင့် လူ ၃၅၉ ဦး သေဆုံး၊ ၉၁၀ ဦး ပျောက်ဆုံးလျက်ရှိ ခတ္တမန္ဒူ၊ ဩဂုတ် ၂၈ ဩဂုတ် ၂၇ ရက် ညနေအထိ နီပေါနိုင်ငံ ရေကြီးရေလျှံမှု ဖြစ်ပွားသောဒေသမှ သေဆုံးသူဦးရေ ၃၅၉ ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကာ အခြားသူ ၉၁၀ ဦး ပျောက်ဆုံးလျက်ရှိကြောင်း နီပေါနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲက ပြောကြားခဲ့သည်။ ဘေးဒဏ်သင့်ဒေသ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အာဏာပိုင်များက ပျောက်ဆုံးနေသောသူများအား ရှာဖွေရန်နှင့် ပိုမိုများပြားသော ရုပ်အလောင်းများ ဆယ်ယူနိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ဘေးဒဏ်သင့်ဒေသမှ နိုင်ငံခြားသား ၃၁ ဦးကို ကယ်ဆယ်နိုင်ပြီးဖြစ်ကြောင်း နီပေါနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲက ဆိုသည်။ နီပေါနိုင်ငံ ရဲတပ်ဖွဲကလည်း ဘေးဒဏ်သင့်အိမ်ထောင်စုအားလုံး နီးစပ်ရာရဲစခန်းသို သွားရောက်ပြီး ပျောက်ဆုံးသူ၏ သက်ဆိုင်ရာ အချက်အလက်နှင့် ပိုင်ဆိုင်ပစ္စည်းများပြသကြရန် တိုက်တွန်းထားကြောင်း သိရသည်။

တွန်းဇံမြို၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဌာနဆိုင်ရာ အဆောက်အဦပြုပြင်ခြင်းလုပ်ငန်းများ ကွင်းဆင်းကြ
တွန်းဇံမြို၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဌာနဆိုင်ရာ အဆောက်အဦပြုပြင်ခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး တွန်းဇံ၊ ဩဂုတ် ၂၈ ချင်းပြည်နယ်တွန်းဇံမြို၌ အကြမ်းဖက်တိုက်ဖျက်မှုကြောင့် တစိစိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အဦများ ပြုပြင်ခြင်းလုပ်ငန်းဆောက်ရွက်လျက်ရှိရာ မြိုနယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူး (မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ)ဦးသိန်းအောင်နှင့် အဖွဲဝင်များသည် ဩဂုတ် (၂၆) ရက် နံနက် (၉) နာရံအချိန်က ဌာနာဆိုင်ရာ အဆောက်အဦများ ပြုပြင်ခြင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲက ဝါတွင်းကာလ စစ်တွေမြိုပေါ်ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ
ရခိုင်ပြည်နယ်အစိုးရအဖွဲက ဝါတွင်းကာလ စစ်တွေမြိုပေါ်ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူ စစ်တွေ၊ ဩဂုတ် ၂၈ ရခိုင်ပြည်နယ်အစိုးရအဖွဲကကြီးမှူး၍ ဝါတွင်းကာလ စစ်တွေမြိုပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်များ လောင်းလှူပွဲကို ယမန်နေ့က စစ်တွေမြို လောကာနန္ဒာစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။ ဦးစွာ ဆွမ်းဆန်တော်များ လောင်းလှူပွဲသို တက်ရောက်လာကြသူများက လောကာနန္ဒာစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်းရှိ ဗုဒ္ဓဆင်းတုတော်များအားဖူးမြော်ကြည်ညိုကာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။

🇺🇸 “Republican တွေရဲ့ အမာခံမြေ Texas ကို ဒီမိုကရက်တွေ သိမ်းပိုက်နိုင်တော့မလား?” အမေရိကန်ရဲ့ ၂၀၂၆ Midterm ရွေးကောက်ပွဲမှာ Texas ပြည်နယ်ဟာ ရုတ်တရက် အရေးကြီးဆုံး စစ်မြေပြင်တစ်ခု ဖြစ်လာနေပါတယ်။ နှစ်ပေါင်းများစွာ Republican ပါတီရဲ့ အမာခံပြည်နယ်ဖြစ်ခဲ့တဲ့ Texas မှာ အခုတော့ ဒီမိုကရက်တွေက အနိုင်ရနိုင်တဲ့ အခြေအနေအထိ ရောက်လာနေပါတယ်။ အဲဒီအတွက် သမ္မတ Donald Trump ကိုယ်တိုင် Texas ကို သွားရောက်ပြီး Republican Senate ကိုယ်စားလှယ်လောင်း Ken Paxton ရဲ့ မဲဆွယ်စည်းရုံးရေးကို အားဖြည့်ပေးနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ Senate ပြိုင်ပွဲဟာ Texas တစ်ပြည်နယ်တည်းရဲ့ အနိုင်အရှုံးမဟုတ်တော့ဘဲ အမေရိကန် Senate မှာ Republican တွေ အများစုကို ဆက်ထိန်းထားနိုင်မလားဆိုတာနဲ့ပါ ဆက်စပ်လာလို့ပါ။ အခြေအနေကလည်း Republican တွေအတွက် စိတ်ချရတဲ့ပုံစံ မဟုတ်ပါဘူး။ စစ်တမ်းတစ်ခုမှာ ဒီမိုကရက် ကိုယ်စားလှယ် James Talarico က ၄၂%၊ Ken Paxton က ၃၉% နဲ့ ဦးဆောင်နေပါတယ်။ ထူးခြားတာက Texas ဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအတွက် ဒေါ်လာ ၄၄၆ သန်းခန့် သုံးစွဲရနိုင်တဲ့အထိ ပြိုင်ဆိုင်မှု ပြင်းထန်လာတာပါ။ ဒါကြောင့် Republican ပါတီအတွင်းမှာ မေးခွန်းတစ်ခု ပေါ်လာပါတယ်— Texas ကို ကာကွယ်ဖို့ အရင်းအမြစ်တွေ အများကြီးသုံးလိုက်ရင် Ohio၊ Michigan၊ Maine လို အခြားအရေးကြီးတဲ့ ပြည်နယ်တွေကို ဘယ်လိုကာကွယ်မလဲ။ တစ်ချိန်က Republican တွေအတွက် “လုံခြုံတဲ့ပြည်နယ်” လို့ သတ်မှတ်ခဲ့တဲ့ Texas ဟာ အခုတော့ အမေရိကန်နိုင်ငံရေးရဲ့ အကြီးမားဆုံး စစ်မြေပြင်တစ်ခု ဖြစ်လာနေပါတယ်။ ဒီမိုကရက်တွေ Texas ကို တကယ်သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် ၂၀၂၆ Midterm ရွေးကောက်ပွဲရဲ့ ရလဒ်တစ်ခုလုံးကိုတောင် ပြောင်းလဲသွားစေနိုင်ပါတယ်။ သိင်္ခ https://t.me/theinkha007/2716

photo content

ချောင်းဦးမြိုနယ် ရွှေဒါးကျကျေးရွာရှိ ရွှေသိမ်တော်ဘုန်းကြီးကျောင်းမှ လက်ထောက်ကျောင်းထိုင်ဆရာတော်အား PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ရက်စက်စွာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ် နေပြည်တော်၊ ဩဂုတ် ၂၈ NUG ၊ CRPH အကြမ်းဖက်အဖွဲများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်၊ ဒေသတွင်းဖွံဖြိုးတိုးတက်မှုများ နှောင့်နှေးစေရန်နှင့် မြို၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ရန်အတွက် သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ဒေသအချို၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်ကြသည့် ပြည်သူအချိုအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည့်အပြင် အေးချမ်းစွာ တရားဘာဝနာပွားများအားထုတ်လျက်ရှိသော သံဃာတော်များကိုလည်း ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ကျူးလွန်လျက်ရှိကြသည်။ ထိုသို အကြမ်းဖက်မှုများလုပ်ဆောင်လျက်ရှိရာ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ၃၀ ခန့်သည် ဩဂုတ် ၁၈ ရက် ညပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြိုနယ် မုံရွာ- ရေစကြိုကားလမ်းပေါ်၌ တည်ရှိသည့် ရွှေဒါးကျကျေးရွာရှိ ရွှေသိမ်တော်ဘုန်းကြီးကျောင်းသို လက်နက်များ ကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာပြီး လက်ထောက်ကျောင်းထိုင်ဆရာတော် အရှင်ဣန္ဒာစာရ၊ သက်တော် (၅၂) နှစ်၊ ဝါတော် (၂၂) ဝါနှင့် အဆိုပါကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည့် ဦးမြင့်ဆွေ (၆၀) နှစ်၊ ဒေါ်နီလာထွန်း (၄၂) နှစ်၊ ဦးမျိုးနိုင် (၆၀) နှစ်၊ ဦးသဲမောင်ဆွေ (၂၄) နှစ်၊ ဦးမျိုးထွန်းအောင် (၃၈) နှစ်၊ ဦးသက်ထွေး (၂၃) နှစ် စုစုပေါင်း ခုနစ်ဦးအား လိုရာဆွဲခေါင်းစဉ်တပ်၍ မထိသာကျေးရွာဘက်သို အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးထားသူ ခုနစ်ဦးအနက်မှ ဦးမျိုးထွန်းအောင်နှင့် ဦးသက်ထွေးတို နှစ်ဦးအား ပြန်လည်စေလွှတ်ပေးခဲ့သည်။ ဆက်လက်၍ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် ဩဂုတ် ၂၄ ရက် ညပိုင်းတွင် ကျေးရွာနေပြည်သူများဖြစ်ကြသည့် ဦးမြင့်ဆွေ (၆၅) နှစ်၊ ဦးမှတ်တင် (၆၃) နှစ်နှင့် ဦးမြတ်ထွန်း (၇၀) နှစ်တို သုံးဦးအား ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသဖြင့် စုစုပေါင်း ဆရာတော်တစ်ပါးနှင့် အပြစ်မဲ့ဒေသခံပြည်သူ ခုနစ်ဦးတိုအား ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရသည်။

photo content

မူဆယ်မြို၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၃၁)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စ
မူဆယ်မြို၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၃၁)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၃၁)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ သြဂုတ် ၂၇ ရက်နံနက် ၁၀ နာရီကျော်ခန့်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲဝင်များက မူဆယ်မြို၊ ကောင်းမှုတုံရပ်ကွက်၊ ဟိုနားနယ်မြေ၊ မြိုရှောင်လမ်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံ သား(၁၈)ဦး၊ မြန်မာနိုင်ငံသား(၁၃)ဦးတိုအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထိုကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

9/11 အကြမ်းဖက်မှု ကြိုးကိုင်သူကို ၂၀၂၈ ခုနှစ် ၊ ဇွန်တွင် စစ်ခုံရုံးတင်မည် ၂၀၀၁ ခုနှစ်က 9/11 အကြမ်းဖက်တိုက်ခိုက်မှုများကို ကြိုးကိုင်ခဲ့သူဟု စွပ်စွဲခံထားရသူ ခါလစ်ရှိတ်ခ် မိုဟာမက်ကို လာမည့် ၂၀၂၈ ခုနှစ်၊ ဇွန် ၅ ရက်တွင်စတင်ကာ စစ်ခုံရုံးတင်မည်ဟု အမေရိကန် တရားသူကြီးတစ်ဦးက ဆုံးဖြတ်လိုက်သည်။ အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်၏ အဓိကလက်ရုံးများထဲမှ တစ်ဦးဖြစ်သူ အသက် ၆၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ပါကစ္စတန်နိုင်ငံသား ခါလစ်ရှိတ်ခ်ကို ၂၀၀၃ ခုနှစ်က ပါကစ္စတန်တွင် ဖမ်းမိခဲ့ပြီး ၂၀၀၆ ခုနှစ်မှစတင်ကာ ကျူးဘားနိုင်ငံရှိ အမေရိကန်အကျဉ်းစခန်း Guantanamo Bay တွင် ထိန်းသိမ်းထားခဲ့သည်။ ၎င်းကို ၂၀၀၈ ခုနှစ်တွင် စစ်ရာဇဝတ်မှု၊ လူသတ်မှုစွဲချက်များဖြင့် စတင်တရားစွဲဆိုခဲ့ပြီး တရားစီရင်မှုက နှစ်ပေါင်း ၂၀ ကျော်လာသည့်အထိ ကြန့်ကြာနေခဲ့သည်။ လွန်ခဲ့သည့် ၂၅ နှစ်နီးပါးက ဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးအဖွဲဝင် ပြန်ပေးဆွဲသမားများက ခရီးသည်တင်လေယာဉ်လေးစင်းကို ပြန်ပေးဆွဲကာ နယူးယောက်မြိုရှိ World Trade Center အဆောက်အအုံနှစ်ခုနှင့် ဝါရှင်တန်ဒီစီရှိ ပင်တဂွန်စစ်ဌာနချုပ်ကို ဝင်တိုက်ခဲ့သည်။ ကျန်လေယာဉ်တစ်စင်းက ဝါရှင်တန်ဒီစီရှိ အစိုးရအဆောက်အအုံကို ပစ်မှတ်ထားပျံသန်းစဉ် ခရီးသည်များ၏ ပြန်လည်ခုခံမှုကြောင့် ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ လယ်ကွင်းတစ်ခုအတွင်း ပျက်ကျခဲ့သည်။ ယင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့သည်။ အမေရိကန် အထက်လွှတ်တော်၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာတစ်ခုတွင် ခါလစ်ရှိတ်ခ်သည် Waterboarding ဟုခေါ်သည့် ရေမွန်းအောင်လုပ်၍ အသက်ရှူရခက်စေသည့် နှိပ်စက်နည်းဖြင့် ၁၈၃ ကြိမ်တိုင်တိုင် ကြုံခဲ့ရကြောင်း ဖော်ပြထားသည်။ ၎င်း၏ရှေ့နေများက တရားစီရင်မှု ကြန့်ကြာနေရခြင်းမှာ အစိုးရဘက်က နှိပ်စက်ညှဉ်းပန်းခဲ့သည့် အသေးစိတ် အချက်အလက်များကို ဖုံးကွယ်ရန် ကြိုးပမ်းနေခြင်းကြောင့်ဟု လျှောက်လဲခဲ့ကြသည်။

သာစည်မြိုနယ်တွင် ငွေကျပ် ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိ နေပြည်တော်၊ ဩဂုတ် ၂၈ မူးယစ်ဆေးဝါးတားဆီ
သာစည်မြိုနယ်တွင် ငွေကျပ် ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိ နေပြည်တော်၊ ဩဂုတ် ၂၈ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် ဩဂုတ်လ ၂၂ ရက်နေ့ ည ၁၁ နာရီခွဲအချိန် သတင်းအရ သာစည်မြိုနယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ထက်အောင် မောင်းနှင်ပြီး တိုးတက်အောင် လိုက်ပါလာသော NISSAN ၁၂ ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၅ ဒသမ ၂၈ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၇ ဒသမ ၉၂ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့သည်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ နယ်စပ်လုံခြုံရေး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ နယ်စပ်လုံခြုံရေး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ် Mr. Chatchai Bangchuad ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား ဩဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု တားဆီးနှိမ်နင်းရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

နီပေါနိုင်ငံ၊ ဘိုတေကိုရှီ (Bhotekoshi) ရေကြီးမှုအတွင်း ရေစီးနှင့်အတူ မျှောပါလာသည့် ရုပ်အလောင်းထံမှ ရွှေနားကပ်များကို ခိုးယူနေသည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့ပြီးနောက် အမျိုးသား နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ ရဲတပ်ဖွဲ့သည် ဗီဒီယိုဖိုင်မှတစ်ဆင့် ၎င်းတို့အား မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ခဲ့ပြီး ဗာရတ်ပူးရ် (Bharatpur) မြို့တွင် ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။တရားခံများမှာ မာဒန်ဂူရုန်း (၂၅ နှစ်)နှင့် အူးမေးရှ်ချောဓရီ (၃၈ နှစ်)တို့ဖြစ်ပြီး စစ်တဝမ်ခရိုင်၊ ဗာရတ်ပူးရ်မြို့နယ် ပေါခရာ ဘတ်စ်ကားကွင်းအနီး၌ ဖမ်းဆီးခဲ့သည်။

နီပေါနိုင်ငံ၏ ပျက်စီးဆုံးရှုံးမှုကြီးမားသော ရုတ်တရက်ရေကြီးမှုတွင် သေဆုံးသူဦးရေမှာ ၃၅၉ ဦးအထိ မြင့်တက်လာခဲ့ပြီး ပျောက်ဆုံးနေသူ
+1
နီပေါနိုင်ငံ၏ ပျက်စီးဆုံးရှုံးမှုကြီးမားသော ရုတ်တရက်ရေကြီးမှုတွင် သေဆုံးသူဦးရေမှာ ၃၅၉ ဦးအထိ မြင့်တက်လာခဲ့ပြီး ပျောက်ဆုံးနေသူ ၁,၃၀၀ ကျော်အား ကယ်ဆယ်ရေးသမားများက ဆက်လက်ရှာဖွေလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အင်္ဂါဂြိုဟ်သို့ သွားရောက်ရန် ဒေါ်လာ ၁၀၀ ဘီလီယံတန် အကြီးမားဆုံး ဒုံးပျံလွှတ်တင်ရေး စခန်း'Starbase' ကို SpaceX တည်ဆောက်မည် ၂၇.
အင်္ဂါဂြိုဟ်သို့ သွားရောက်ရန် ဒေါ်လာ ၁၀၀ ဘီလီယံတန် အကြီးမားဆုံး ဒုံးပျံလွှတ်တင်ရေး စခန်း'Starbase' ကို SpaceX တည်ဆောက်မည် ၂၇. ၈. ၂၀၂၆ ဘီလျံနာ အီလွန်မတ်စ် ၏ SpaceX သည် လနှင့် အင်္ဂါဂြိုဟ် (Mars) သို့ စူးစမ်းလေ့လာရေး အစီအစဉ်များအတွက် အကြီးမားဆုံး ဒုံးပျံလွှတ်တင်ရေး စခန်းတစ်ခုကို ဒေါ်လာ ၁၀၀ ဘီလီယံ ကုန်ကျခံ၍ တည်ဆောက်ရန် ပြင်ဆင်နေသည်။ ကုမ္ပဏီသည် လူဝီစီယားနားပြည်နယ် (Louisiana) တောင်ပိုင်းရှိ ကမ်းရိုးတန်း ရေဝပ်ဒေသများကို Starship ဒုံးပျံများနှင့် AI ဂြိုဟ်တုများကို တည်ဆောက်၍ လွှတ်တင်နိုင်မည့် "မိမိကိုယ်တိုင် ရပ်တည်နိုင်သော" အာကာသစခန်းတစ်ခုအဖြစ် ပြောင်းလဲရန် မျှော်လင့်ထားသည်။ SpaceX က "Starbase Louisiana" ဟု အမည်ပေးထားသည့် ပီကန်ကျွန်း (Pecan Island) ပေါ်ရှိ ဧက ၁၂၅,၀၀၀ (ဟက်တာ ၅၀,၅၈၅) ကျယ်ဝန်းသော အဆိုပါ နေရာသည် တက္ကဆပ်ပြည်နယ် တောင်ပိုင်းရှိ Starship လွှတ်တင်ရေး လုပ်ငန်းများအပြင် ဖလော်ရီဒါပြည်နယ်၌ တည်ဆောက်ရန် စီစဉ်ထားသည့် နေရာများထက်ပို၍ ကုမ္ပဏီ၏ ဒုတိယမျိုးဆက် ဒုံးပျံစခန်းများ တိုးချဲ့သည့် အစီအစဉ် ဖြစ်သည်။

ချောင်းဦးမှာ ပလဖ တွေက ရွာဦးကျောင်း ဆရာတော်ကို ဖမ်းပြီး နှိပ်စက်သတ်ပစ်လိုက်ကြတယ်။ တကယ်တော့ သတ်တာတောင် ရိုးရိုး မဟုတ်ဘူး။ သတင်း
+2
ချောင်းဦးမှာ ပလဖ တွေက ရွာဦးကျောင်း ဆရာတော်ကို ဖမ်းပြီး နှိပ်စက်သတ်ပစ်လိုက်ကြတယ်။ တကယ်တော့ သတ်တာတောင် ရိုးရိုး မဟုတ်ဘူး။ သတင်းတွေမှာ ဖတ်ရ၊ မြင်ရတဲ့အခါ .....လက်သည်းခွံတွေ နွှာပြီး သတ်ပစ်လိုက်ကြတာ။ စိတ်ထဲမှာတော့  သင်္ဃာန်းဝတ် ဆရာတော်ကိုတောင် ဒီလို သွေးအေးအေး လုပ်နိုင်ရက်သလားဆိုတဲ့ အတွေး ပေါ်လာတယ်။ တကယ်တော့ ၂၀၂၁ နောက်ပိုင်းမှာ သံဃာအပါး ၁၀၀ လောက်ကို အညာမြေက လူရိုး၊ လူအေး လို့ ဆိုတဲ့ ဗမာ PDF တွေ သတ်ခဲ့ကြပြီးပြီ။ အာဏာရှင်ကို တော်လှန်မယ် ဆိုတဲ့ သူတွေကိုယ်တိုင်....လက်နက်တွေကိုယ်စီ ရှိလာတော့ တရားဥပဒေတွေလည်း မလိုက်နာနိုင်ကြတော့ဘူး။ နေရာတိုင်းမှာ အခွန်ဆက်ကြေးတွေ ကောက်ပြီး သာယာ တတ်လာတယ်။ လူသတ်တဲ့အခါလည်း လက်မရွံ စိတ်ဓာတ်တွေနဲ့။ ပြီးခဲ့တဲ့ ရက်ပိုင်း ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့တဲ့ အမျိုးသမီး လူသတ်မှုကလည်း ဒင်း တို့ပဲ။ ဒါတောင် တပ်က လုပ်သလိုလိုနဲ့ မျက်ရည်ခံ ထိုးကြသေးတာ။ ဒီလို အခြေခံ စိတ်ဓာတ် တွေက မကောင်း၊လူသတ်တာကို တာဝန်ယူမှု၊တာဝန်ခံမှုက မရှိဆိုတော့....ဒီအဖွဲ့အစည်းရဲ့ အနာဂတ်လားရာကမကောင်းနိုင်ဘူး။ခုလည်းရဟန်းသံဃာကို ရက်ရက်စက်စက်နှိပ်စက်ပြီးမှ သတ်ပစ်တာမျိုးက ဗုဒ္ဓဘာသာ အယူအရ ဆိုရင်တော့ အတော်လေးဝဋ်လိုက်ကြဦးမှာပါ။ (နရီမိုး)

အောင်ပွဲရ တနိုင်းသားတို့ရဲ့ ဂုဏ်ယူဖွယ် အိမ်အပြန်ခရီး ❤️🇲🇲🕊💚🇲🇲
+9
အောင်ပွဲရ တနိုင်းသားတို့ရဲ့ ဂုဏ်ယူဖွယ် အိမ်အပြန်ခရီး ❤️🇲🇲🕊💚🇲🇲

27-8-2026 ရက်နေ့ ယနေ့နယ်မြေလုံခြုံရေးဆောင်ရွက်ပြီး ပြန်လာကြတဲ့ တပ်မတော်သား သူရဲကောင်းများအား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှ
+8
27-8-2026 ရက်နေ့ ယနေ့နယ်မြေလုံခြုံရေးဆောင်ရွက်ပြီး ပြန်လာကြတဲ့ တပ်မတော်သား သူရဲကောင်းများအား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်​ရှိသူများ၊ ဒေသခံပြည်သူများ၊ အနုပညာရှင်များနှင့် တပ်မတော်သားမိသားစုဝင်များက သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို။