သိင်္ခ
前往频道在 Telegram
အသိတိုး
显示更多未指定国家未指定类别
1 066
订阅者
无数据24 小时
-367 天
-7530 天
帖子存档
1 066
ဒေသဖွံဖြိုးရေးလုပ်ငန်းတွေမှာ ပြည်သူတွေကိုယ်တိုင် ပါဝင်လာစေဖို မီဒီယာက တက်ကြွစွာပူးပေါင်းရန် ပြန်ကြားရေးဝန်ကြီး မှာကြား
《𝙎𝙀𝙋~𝟏𝟗》
နိုင်ငံတော်အစိုးရက ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် ဖွံဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်လာစေရန် မီဒီယာအခန်းကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက မှာကြားသည်။
1 066
မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မည်
မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာရဲထွန်းဝင်းနှင့် ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုး ရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ivan Smilgin တိုဆွေးနွေးခဲ့ကြသည်။
1 066
နေပြည်တော် စက်တင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်အတွင်း စက်တင်ဘာ ၁၇ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုတို့ကြောင့် ခမောက်ကြီး ချောင်းရေမြင့်တက်မှုဖြစ်ပွားခဲ့ပြီး ခမောက်ကြီးမြို့ ရပ်ကွက်(၁)အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်သည့် ရပ်ကွက်ရှိ ရေဘေးသင့် ပြည်သူများအား ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီ ရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခြင်း၊ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များနှင့် ဘုန်းတော်ကြီး ကျောင်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်းနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို အချိန်နှင့်တစ်ပြေး ညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ခမောက်ကြီး ချောင်းရေမြင့်တက်မှုကြောင့် ခမောက်ကြီးမြို့အနီး ဘုတ်ပြင်း- ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်၌ ပေ ၂၀၀ ခန့် ရေကျော်လျက်ရှိသဖြင့် မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး တပ်မတော်သားများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လမ်းကြောင်းပြ အမှတ်အသားများပြုလုပ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ချောင်းရေမြင့်တက်မှု အခြေအနေအား စောင့်ကြည့်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအသင့်စုဖွဲ့ စောင့်ကြည့်လျက်ရှိသည်။
ထိုသို့ ကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှု တားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
1 066
Repost from Gyar Nuu (ဂျာနူး)✍️
ခမောက်ကြီးချောင်းရေမြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်၌ ရေဝင်ရောက်မှုဖြစ်ပွားကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အား တိုက်ဆောင်ရွက်
1 066
+7
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနဲ့ မိသားစုဝင်များက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်။
1 066
နေပြည်တော် စက်တင်ဘာ ၁၈
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နည်းပညာရပ်ဆိုင်ရာများလေ့လာနိုင်ရန် ဘယ်လာရုစ်နိုင်ငံမင့်စ်မြို့တွင် ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၅ ရက်က ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ivan Smilgin နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့အတူ The Belarusian State Association for livestock breeding "Belplemzhivoboe-dinenie" တွင် General Director နှင့် တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံပြီး နို့စားနွားမျိုးထုတ်လုပ်မှုနှင့် အစာထုတ်လုပ်မှုဆိုင်ရာများကို ဆွေးနွေးကာ နွားမျိုးရည်ထုတ် ဓာတ်ခွဲခန်းအတွင်း ကြည့်ရှုလေ့လာကြသည်။
အလားတူ Minsk Tractor Plant တွင် ထွန်စက်ထုတ်လုပ်မှုနှင့် စက်အလိုက် အရည်အသွေးကို သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။
စက်တင်ဘာ ၁၆ ရက်တွင် The scientific and production center of the national academy of sciences of Belarus for agri- culture ရှိ စိုက်ပျိုးရေးနှင့်တိရစ္ဆာန်အစာပင် စိုက်ပျိုးမှု၊ မျိုးစေ့ထုတ်လုပ်မှု လုပ်ငန်းများနှင့် စိုက်ပျိုးရေးစနစ်များ၊ တိရစ္ဆာန်မျိုးထုတ်လုပ်ခြင်း လုပ်ငန်းများ၊ သန္ဓေကူးပြောင်း ဓာတ်ခွဲခန်း၊ အာဟာရဗေဒဓာတ်ခွဲခန်းများကိုလည်းကောင်း၊ Zhodino-AgroPlemElita breeding enterprise ၏ နို့စားနွားမွေးမြူရေး၊ တိရစ္ဆာန် အစာထုတ်လုပ်မှုနှင့် နို့ညှစ်လုပ်ငန်းများကိုလည်းကောင်း၊ စက်တင်ဘာ ၁၇ ရက်တွင် The Belarusian National Biotechnology Corporation ၏ တိရစ္ဆာန်အစာထုတ်လုပ်မှု၊ အစာရောစပ် ဖြည့်စွက်အားဆေးများ ထုတ်လုပ်မှု၊ အမိုင်နိုအက်ဆစ်များ ထုတ်လုပ်နေမှုနှင့် JSC Agroko-mbinat Dzerzhinsky ၏ ကြက်မွေးမြူခြင်းနှင့် အသားထုတ်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများကို လည်းကောင်း ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
1 066
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
1 066
🎋 World Bamboo Day ကို ဂုဏ်ပြုကြိုဆိုပါစို့ 🌏
🌿 “ဝါး… သဘာဝရဲ့ အစိမ်းရောင်အမွေအနှစ်”
World Bamboo Day အထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်ဝန်းရှိ ဝါးပင်များ၏ အရေးပါမှုကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။
🎋ဝါးပင်ဟာ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးပြုသည့် အပင်တစ်မျိုးဖြစ်သလို လူနေမှုဘဝမှာလည်း အိမ်ဆောက်ပစ္စည်း၊ ပရိဘောဂ၊ လက်မှုပစ္စည်းများမှ စတင်ပြီး နေ့စဉ်အသုံးအဆောင်များအထိ ကျယ်ပြန့်စွာ အသုံးပြုနိုင်ပါတယ်။
🌱 ဝါးတောများကို ထိန်းသိမ်းခြင်းဟာ
🍃 သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
🌳 မြေဆီလွှာနှင့် ရေဝပ်ဒေသများ ကာကွယ်ရေး
🏡 ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး
♻️ သဘာဝနှင့် လိုက်လျောညီထွေသော ထုတ်ကုန်များ ဖန်တီးရေး တို့အတွက် အထောက်အကူပြုနိုင်ပါတယ်။
🎋 ဝါးကို တန်ဖိုးထားပါ — ဝါးတောများကို ထိန်းသိမ်းပါ — သဘာဝကို ကာကွယ်ပါ။
1 066
မြန်မာအာဏာပိုင်များ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ အစုအဖွဲအားလုံးနှင့် ထိတွေ့ဆက်ဆံလျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောကြား
မြန်မာအာဏာပိုင်များ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ အစုအဖွဲအားလုံးနှင့် ထိတွေ့ဆက်ဆံလျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
1 066
ပေါင်မြိုနယ် ရထားလမ်းတစ်လျှောက် တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် ပြည်နယ်အစိုးရအဖွဲ မှာကြား
𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟏𝟖》
မွန်ပြည်နယ်၊ ပေါင်မြိုနယ်အတွင်း ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
1 066
သီပေါ သီတဂူစက္ခုဒါန ဆေးရုံ (၅၇) ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှု အစီအစဉ်တွင် မျက်စိဝေဒနာရှင် ၄၂၅ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့
ရှမ်းပြည်နယ် သီပေါမြိုရှိ သီတဂူစက္ခုဒါန ဆေးရုံတွင် ၅၇ ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုအဖြစ် မျက်စိဝေဒနာရှင်ပေါင်း ၉၃၇ ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး မျက်စိဝေဒနာရှင် ၄၂၅ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ကြောင်း ဆေးရုံမှတ်တမ်းအရ သိရှိရသည် ။
1 066
အမျိုးသမီးငယ် ၂ ဦးကို ယာဉ်ဖြင့် သွေးဆောင်ခေါ်ဆောင်ပြီး ကော်သေနတ်၊ ဓားတိုဖြင့်ခြိမ်းခြောက်ကာ အဓမ္မပြုကျင့် ငွေတောင်းယူခဲ့သူ ဖမ်းဆီးရမိ
《𝙎𝙀𝙋~𝟏𝟖》
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်တွင် အမျိုးသမီးငယ် ၂ ဦးကို နေအိမ်သို လိုက်ပိုပေးမည်ဟုဆိုကာ ယာဉ်ဖြင့် သွေးဆောင်ခေါ်ဆောင်ပြီး ဓားနှင့် သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ် ၁၀ သိန်း တောင်းယူခဲ့သူ အမျိုးသားတစ်ဦးကို စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
1 066
ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူဇော်ပွဲတော်ကို ရန်ကုန်မြို၌ ခမ်းနားစွာကျင်းပ
ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်) ပူဇော်ပွဲတော် ကျင်းပခဲ့သည်။
အဆိုပါပွဲတော်သို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.S Mr. Abahay Thakur ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲမှူး ရဲမှူးချုပ် ကိုကိုလွင်၊ Morya Indian Club ၏ ဥက္ကဋ္ဌ Shri Shyam Narsariaနှင့်တကွ ဖိတ်ကြားထားသည့် ဂုဏ်သရေရှိဧည့်သည်တော်များစွာ တက်ရောက်ခဲ့သည်။
1 066
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊ ထိခိုက်ဒ-ဏ်ရာရသူမရှိ
ရန်ကုန်၊ စက်တင်ဘာ ၁၀
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတိုကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင် ထိခိုက်ဒ-ဏ်ရာရရှိသူ မရှိကြောင်း သိရသည်။
1 066
ဆီရမ်ရိကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသအဖြစ် မြှင့်တင်မည့် စီမံကိန်း စတင်
ဆီရမ်ရိ၊ စက်တင်ဘာ ၁၈
ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဒေသဖြစ်သည့် ဆီရမ်ရိပြည်နယ်ကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်နိုင်ရေးအတွက် “ဆီရမ်ရိပြည်နယ် ခရီးသွားလာရေး ဖွံဖြိုးတိုးတက်မှု စီမံကိန်း ၂၀၂၆–၂၀၃၀” ကို ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီး ဟုတ်ဟက်က စက်တင်ဘာ ၁၇ ရက်တွင် ဆီရမ်ရိပြည်နယ်ခန်းမ၌ တရားဝင် စတင်မိတ်ဆက်ခဲ့သည်။
1 066
အမေရိကန်က မြန်မာအစိုးရအပါအဝင် အဖွဲအစည်းအားလုံးနဲ့ ဆက်လက်ထိတွေ့ဆက်ဆံနေဟု နိုင်ငံခြားရေးဝန်ကြီးဌာနပြော
𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟏𝟖》
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ အဖွဲအစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံနေပြီး နေပြည်တော်ရှိ အာဏာပိုင်တွေနဲ့လည်း အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာ ဆက်လက်ထိတွေ့ဆက်ဆံနေတယ်လို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားတယ်လို သိရပါတယ်။
အဆိုပါပြောကြားချက်ဟာ အမေရိကန်နိုင်ငံသား အဒမ်ကက်စတီလို (Adam Castillo) ကို မြန်မာနိုင်ငံကနေ ပြန်လည်လွှတ်ပေးရေးအတွက် အမေရိကန်အစိုးရအရာရှိတွေ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။
1 066
တရုတ်သိပ္ပံပညာရှင်များက ခြောက်ကီလိုဂရမ်သာလေးသည့် ကမ္ဘာ့အသေးဆုံး CT စကင်နာ တီထွင်
တရုတ်သုတေသီများ တည်ထောင်ထားသည့် ကုမ္ပဏီတစ်ခုက အလေးချိန်ခြောက်ကီလိုဂရမ်သာရှိသည့် CT စကင်နာတစ်မျိုးကို တီထွင်လိုက်ပြီး ကမ္ဘာ့အသေးဆုံး CT စနစ်ဖြစ်ကြောင်း ကုမ္ပဏီဘက်က ကြေညာထားသည်။
အသေးစားအရာဝတ္ထုများ၏ အတွင်းပိုင်းဖွဲစည်းပုံကို ပုံရိပ်ဖော်စစ်ဆေးနိုင်ပြီး သယ်ဆောင်ရလွယ်ကူသည့် Xtomo-Cube ဟု အမည်ပေးထားသော CT စကင်နာကို တရုတ်နိုင်ငံ ရှန်တုံပြည်နယ်၊ ကျီနန်မြိုအခြေစိုက် Rayim ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ Rayim ကုမ္ပဏီကို တရုတ်အဆင့်မြင့်စွမ်းအင် ရူပဗေဒအင်စတီကျုမှ သုတေသနအဖွဲက တည်ထောင်ခဲ့သည်ဟု နည်းပညာသတင်းဝက်ဘ်ဆိုက် IT Home က ဖော်ပြသည်။
1 066
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ခုရရှိသူ ကျောင်းသားအား ဂုဏ်ပြုကြိုဆို
ပခုက္ကူ၊ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၌ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်မှ၁၅ရက်အထိကျင်းပခဲ့သော (၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲ(အခြေခံပညာအဆင့်)တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်၂ဆုရရှိသူ ကျောင်းသား မောင်ဟိန်းထွန်းနိုင်အား ယမန်နေ့နံနက်ပိုင်းက ဂုဏ်ပြုကြိုဆိုကြသည်။
1 066
ရေးမြိုနယ် ပုပ္ဖဝတီကျေးရွာရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေး သာသနာပြုနယ်မြေအတွင်း မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံးဖြစ်လာမည့် ကြေးခေါင်းလောင်းကြီးသွန်းလုပ်ကာ ချိတ်ဆွဲသွားမည်
ရေးမြိုနယ် ပုပ္ဖဝတီကျေးရွာရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေး သာသနာပြုနယ်မြေအတွင်း မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံးဖြစ်လာမည့် ကြေးခေါင်းလောင်းကြီးသွန်းလုပ်ကာ ချိတ်ဆွဲသွားမည် သိရ သည်။
အဆိုပါ ကြေးခေါင်းလောင်းကြီးအား “ရာမည အတုလ ဓမ္မရာဇိက” ဟု ဘွဲအမည်ပေးထားကြောင်း၊ အလေးချိန်အားဖြင့် (၂၅) တန်၊ ကြေးပိဿာချိန် (၁၅၃၀၀) ခန့်ရှိမည်ဖြစ်ကြောင်းနှင့် အမြင့် (၁၈) ပေ၊ နှင့် ခေါင်းလောင်းအကျယ် (၉) ပေ ပမာဏဖြင့် သွန်းလုပ်ရန် ကိုရင်လေးဆရာတော်မှ မိန့်ကြားထားကြောင်း ကပ္ပိယတစ်ဦးက ပြောကြားသည်။
