ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

သိင်္ခ

သိင်္ခ

前往频道在 Telegram

အသိတိုး

显示更多
未指定国家未指定类别
1 067
订阅者
无数据24 小时
-187 天
-5530 天
帖子存档
🙏🙏🙏
🙏🙏🙏

(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ ဂျပန်နိုင်ငံသိုထွက်ခွာ ဂျပန်န
(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ ဂျပန်နိုင်ငံသိုထွက်ခွာ ဂျပန်နိုင်ငံ၊ နာဂိုရာမြိုတွင်ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ပိုက်ကျေည်ခြင်းအဖွဲသည် ယနေ့ စက်တင်ဘာ ၂၄ ရက်ည ၇ နာရီက ရန်ကုန်လေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသိုထွက်ခွာသွားခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းအမည်အား အသုံးပြု၍ Social Media များမှတစ်ဆင့် ငွေကြေးလိမ်လည်ရန် အားထုတ်နေမှုများရှိနေ မြစိမ်းရောင်
မြစိမ်းရောင်ကျေးရွာစီမံကိန်းအမည်အား အသုံးပြု၍ Social Media များမှတစ်ဆင့် ငွေကြေးလိမ်လည်ရန် အားထုတ်နေမှုများရှိနေ မြစိမ်းရောင်ကျေးရွာစီမံကိန်းအမည်အား အသုံးပြု၍ Social Media များမှတစ်ဆင့် ငွေကြေးလိမ်လည်ရန် အားထုတ်နေမှုများရှိနေသည်ဟုသမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာ က တီမော ကို ၂-၀ ဖြင့် နိုင် #News
မြန်မာ က တီမော ကို ၂-၀ ဖြင့် နိုင် #News

အားကောင်းသောမုန်တိုင်းငယ် အိန္ဒိယကုန်းတွင်းပိုင်းသို ဆက်လက်ရွေ့လျား၊ တဖြည်းဖြည်း အားလျော့မည်ဟု မိုး/ဇလ အသိပေး ရန်ကုန်၊ စက်တင်
အားကောင်းသောမုန်တိုင်းငယ် အိန္ဒိယကုန်းတွင်းပိုင်းသို ဆက်လက်ရွေ့လျား၊ တဖြည်းဖြည်း အားလျော့မည်ဟု မိုး/ဇလ အသိပေး ရန်ကုန်၊ စက်တင်ဘာ ၂၄ အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းနှင့် ဩရိဿပြည်နယ်တောင်ပိုင်း ကမ်းခြေဒေသများကို ဖြတ်ကျော်ခဲ့သည့် အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် လက်ရှိတွင် အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းဒေသများသို ဆက်လက်ရွေ့လျားနေပြီး တဖြည်းဖြည်း အားလျော့သွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ စက်တင်ဘာ ၂၄ ရက်တွင် အသိပေးထုတ်ပြန်သည်။

ကျိုက်ထိုပြည်သူ့ဆေးရုံကို ခုတင် ၁၀၀ ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ရန် လတ်တလော အစီအစဉ်မရှိသေး နေပြည်တော်၊ စက်တင်ဘာ ၂၄ မွန်ပြည်နယ်၊
ကျိုက်ထိုပြည်သူ့ဆေးရုံကို ခုတင် ၁၀၀ ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ရန် လတ်တလော အစီအစဉ်မရှိသေး နေပြည်တော်၊ စက်တင်ဘာ ၂၄ မွန်ပြည်နယ်၊ ကျိုက်ထိုမြို ပြည်သူ့ဆေးရုံတွင် သုံးနှစ်တာ ပျမ်းမျှအချက်အလက်များအရ တစ်ရက်လျှင် အတွင်းလူနာ ၃၃ ဦးခန့်သာရှိပြီး ခွင့်ပြုခုတင်အသုံးပြုမှု ရာခိုင်နှုန်း ပြည့်မီရန် လိုအပ်နေသေးသဖြင့် လတ်တလောတွင် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံအဖြစ် တိုးမြှင့်ရန် အစီအစဉ်မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စု မြန်မာနိုင်ငံသို ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိ တရုတ်ပြ
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စု မြန်မာနိုင်ငံသို ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စု မြန်မာ နိုင်ငံသို ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာကြောင်း ဆင်ဟွာတွင် သတင်းဖော်ပြထားသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ် ၄၈ ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စုသည် ရန်ကုန်ဆိပ်ကမ်းသို စက်တင်ဘာ ၂၄ ရက်တွင် ရောက်ရှိခဲ့ပြီး ငါးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်က ဘိုးရင်းလေယာဉ် ၁၁ စင်း ထပ်မံဝယ်ယူမည် အမေရိကန်သို တင်ပိုသည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံခ
ဘင်္ဂလားဒေ့ရှ်က ဘိုးရင်းလေယာဉ် ၁၁ စင်း ထပ်မံဝယ်ယူမည် အမေရိကန်သို တင်ပိုသည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံခံရနိုင်သည့် အခြေအနေများရှိနေချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်ရေးဆက်ဆံမှု ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ ဘိုးရင်းလေယာဉ် ၁၁ စင်း ထပ်မံဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။ နယူးယောက်မြိုတွင် ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးရန် စီစဉ်ထားသည့် အဆိုပါသဘောတူညီချက်အရ နိုင်ငံပိုင် Biman Bangladesh Airlines က 787 Dreamliner နှင့် 737 MAX လေယာဉ် ၁၁ စင်း ဝယ်ယူမည်ဖြစ်ပြီး ယင်းအနက် 787-10 ငါးစင်းနှင့် 737-8 ခြောက်စင်း ပါဝင်ကြောင်း ဘိုးရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုဝယ်ယူမှုသည် အမေရိကန်ထံမှ ကုန်ပစ္စည်းတင်သွင်းမှု တိုးမြှင့်ကာ နှစ်နိုင်ငံကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ ၆ ဘီလျံခန့်ရှိနေမှုကြောင့် ဖြစ်ပေါ်လာသည့် ဖိအားများကို လျှော့ချရန် ဘင်္ဂလားဒေ့ရှ်ဘက်က ကြိုးပမ်းနေမှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

သမ္မတဗလာဒီမာပူတင်က ယူကရိန်းနှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် ၄၇ နိုင်ငံမှ တိုက်ခိုက်ရေးသမားများကို အသုံးပြုနေသည်ဟု ဇယ်လန်းစကီးပြေ
သမ္မတဗလာဒီမာပူတင်က ယူကရိန်းနှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် ၄၇ နိုင်ငံမှ တိုက်ခိုက်ရေးသမားများကို အသုံးပြုနေသည်ဟု ဇယ်လန်းစကီးပြောကြား ရုရှားသမ္မတဗလာဒီမာပူတင်သည် ယူရိန်းစစ်ပွဲကို ဆင်နွှရန် ၄၇ နိုင်ငံမှ တတိယနိုင် ငံတိုက်ခိုက်ရေးသမား များကို အသုံးပြုနေသည်ဟု ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက စက်တင်ဘာ ၂၃ ရက်တွင် စွပ်စွဲပြော ကြားသည်။ မြောက်ကိုရီးယားနှင့် ရုရှားတို၏ကာ ကွယ်ရေးဆက်ဆံမှုများကို အလေးပေးပြော ကြားသော ဇယ်လန်းစကီးက ယူကရိန်းကို ရုရှားတိုက်ခိုက်ရာတွင် အသုံးပြုသော မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ဖမ်းမိသဖြင့် တောင်ကိုရီးယားသို ပိုလိုက်သည်ဟု ဆိုသည်။

အာဆီယံသံမဏိဖိုရမ် ၂၀၂၆ သို မြန်မာကိုယ်စားလှယ်အဖွဲ တက်ရောက်၊ မြန်မာ့သံမဏိကဏ္ဍ ဖွံဖြိုးရေးဆိုင်ရာ အခြေအနေများ ဆွေးနွေး မနီလာ၊ စ
အာဆီယံသံမဏိဖိုရမ် ၂၀၂၆ သို မြန်မာကိုယ်စားလှယ်အဖွဲ တက်ရောက်၊ မြန်မာ့သံမဏိကဏ္ဍ ဖွံဖြိုးရေးဆိုင်ရာ အခြေအနေများ ဆွေးနွေး မနီလာ၊ စက်တင်ဘာ ၂၄ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို၌ စက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် The Second ASEAN Policymakers Conference on Steel နှင့် 2026 ASEAN Iron & Steel Forum: Sustainability & Construction သို မြန်မာနိုင်ငံသံနှင့်သံမဏိအသင်းမှ ကိုယ်စားလှယ်အဖွဲ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါဖိုရမ်သို မြန်မာနိုင်ငံသံနှင့်သံမဏိအသင်း ဥက္ကဋ္ဌ ဒေါက်တာကေသီလွင်နှင့် အဖွဲဝင်များ၊ စက်မှုဝန်ကြီးဌာန အကြီးစားစက်မှုလုပ်ငန်း (၁) မှ အထွေထွေမန်နေဂျာ ဦးကျော်စိုးဝေတို တက်ရောက်ခဲ့ကြသည်။ ဖိုရမ်အတွင်း မြန်မာကိုယ်စားလှယ်များက သံမဏိသည် အခြေခံအဆောက်အအုံ ဖွံဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံပစ္စည်းတစ်ရပ်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ သံမဏိသုံးစွဲမှုအခြေအနေကို ကမ္ဘာ့သံမဏိသုံးစွဲမှုအခြေအနေနှင့် နှိင်းယှဉ်၍ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြိုနယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် KG ကျောင်းသား၊ ကျောင်းသူများအား ပဉ္စမအကြိမ်မြောက် အာဟာရကျွေးမွ
ဂန့်ဂေါမြိုနယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် KG ကျောင်းသား၊ ကျောင်းသူများအား ပဉ္စမအကြိမ်မြောက် အာဟာရကျွေးမွေး ဂန့်ဂေါ၊ စက်တင်ဘာ ၂၄ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြိုနယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး အာဟာရပြည့်ဝ ဖွံဖြိုးတိုးတက်စေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်ကောင်းများ စွဲမြဲစွာ ကျင့်သုံးတတ်စေရန် ရည်ရွယ်၍ မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတိုပူးပေါင်းကာ ယနေ့နံနက်ပိုင်း က ဂန့်ဂေါမြိုပေါ်နှင့် မြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ် KG ကျောင်းသား၊ ကျောင်းသူများအား ပဉ္စမအကြိမ်မြောက် အာဟာရကျွေးမွေးခြင်း များဆောင်ရွက်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

အမေရိကန်က ကျူးကျော်လာနိုင်လို စစ်ရေးပြင်ဆင်မှုတွေ လုပ်ခဲ့တယ်လို ကနေဒါဝန်ကြီးချုပ် ဆို စက်တင်ဘာ - ၂၄ ( ကြာသပတေးနေ့) ကနေဒါနိုင်
အမေရိကန်က ကျူးကျော်လာနိုင်လို စစ်ရေးပြင်ဆင်မှုတွေ လုပ်ခဲ့တယ်လို ကနေဒါဝန်ကြီးချုပ် ဆို စက်တင်ဘာ - ၂၄ ( ကြာသပတေးနေ့) ကနေဒါနိုင်ငံအပေါ် အမေရိကန်က စစ်ရေးအရ ကျူးကျော်လာနိုင်ခြေရှိတဲ့ အခြေအနေအတွက် ကနေဒါအစိုးရ တာဝန်ရှိသူတွေအနေနဲ့ ပြီးခဲ့တဲ့တစ်နှစ်ပတ်လုံး ပြင်ဆင်မှုတွေ လုပ်ခဲ့ရတယ်လို ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေး က နိုင်ငံတကာ သတင်းစာတစ်စောင်ဖြစ်တဲ့ နယူးယောက်ခ်တိုင်းမ် နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

CNN၊ MS NOW နှင့် Politico တို၏ အိမ်ဖြူတော်သတင်းရယူခွင့် ပြန်ပေးရန် အမေရိကန်တရားသူကြီး အမိန့်ချ 𝙎𝙀𝙋~𝟐𝟒 CNN၊ MS NOW နှင့်
CNN၊ MS NOW နှင့် Politico တို၏ အိမ်ဖြူတော်သတင်းရယူခွင့် ပြန်ပေးရန် အမေရိကန်တရားသူကြီး အမိန့်ချ 𝙎𝙀𝙋~𝟐𝟒 CNN၊ MS NOW နှင့် Politico သတင်းဌာနများမှ သတင်းထောက်များကို အိမ်ဖြူတော်သို ဝင်ရောက်သတင်းရယူခွင့် ချက်ချင်းပြန်လည်ပေးရန် အမေရိကန်ဖက်ဒရယ်တရားရုံးတစ်ရုံးက စက်တင်ဘာ ၂၄ ရက်တွင် သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရကို အမိန့်ချမှတ်ခဲ့ပြီး အဆိုပါသတင်းဌာနများကို ပိတ်ပင်ထားခြင်းသည် ဖွဲစည်းပုံအခြေခံဥပဒေနှင့် ညီနိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။ စက်တင်ဘာ ၁၈ ရက်တွင် ထရမ့်အစိုးရက အဆိုပါသတင်းဌာနသုံးခုကို အိမ်ဖြူတော်သတင်းရယူခွင့် ပိတ်ပင်ခဲ့မှုအပေါ် သတင်းဌာနများက တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ အမေရိကန် ခရိုင်တရားသူကြီး Tim Kelly က ယင်းအမိန့်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

FIFA ASEAN Cup Division 2 ယနေ့ ဟောင်ကောင်တွင် စတင်မည်၊ မြန်မာအသင်း ဗိုလ်လုပွဲတက်ရန် ရည်မှန်း ဟောင်ကောင်၊ စက်တင်ဘာ ၂၄ ပထမဆုံးအ
FIFA ASEAN Cup Division 2 ယနေ့ ဟောင်ကောင်တွင် စတင်မည်၊ မြန်မာအသင်း ဗိုလ်လုပွဲတက်ရန် ရည်မှန်း ဟောင်ကောင်၊ စက်တင်ဘာ ၂၄ ပထမဆုံးအကြိမ် ကျင်းပသည့် FIFA ASEAN Cup Division 2 ပြိုင်ပွဲကို ယနေ့ စက်တင်ဘာ ၂၄ ရက်တွင် ဟောင်ကောင်၌ စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းလည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

တစ်နိုင်ငံလုံးရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များအပါအဝင် သာသနာနွယ်ဝင်များအား UID နံပါတ် ထုတ်ပေးမည် နေပြည်တော်၊ စက်တင်ဘာ ၂၄ တစ်န
တစ်နိုင်ငံလုံးရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များအပါအဝင် သာသနာနွယ်ဝင်များအား UID နံပါတ် ထုတ်ပေးမည် နေပြည်တော်၊ စက်တင်ဘာ ၂၄ တစ်နိုင်ငံလုံးရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များအပါအဝင် သာသနာဝင်၊ သာသနာနွယ်ဝင်များအားလုံးကို အမျိုးသားအဆင့် စိစစ်ရေးနံပါတ် (Unique ID - UID) ဂဏန်း ၁၀ လုံး ထုတ်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။ UID စနစ်သည် e-ID (အီလက်ထရောနစ် မှတ်ပုံတင်) စနစ်၏ အဓိကအခြေခံတစ်ရပ်ဖြစ်ပြီး ဗဟိုဒေတာဘေ့စ်တွင် သိမ်းဆည်းထားသည့် အချက်အလက်များအပေါ် အခြေခံ၍ တစ်ဦးချင်းစီအတွက် သီးသန့်နံပါတ်တစ်ခုစီ ထုတ်ပေးခြင်းဖြစ်သည်။ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များအား UID နံပါတ် ထုတ်ပေးနိုင်ရေးအတွက် ညွှန်ကြားချက်များ စတင်ထုတ်ပြန်ထားပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၏ (၃၈)နှစ်မြောက် ပါတီနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့ပြီး ပါတီညီလာခံကို ဒီဇင်
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၏ (၃၈)နှစ်မြောက် ပါတီနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့ပြီး ပါတီညီလာခံကို ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ်နေ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၏ (၃၈)နှစ်မြောက် ပါတီနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ပြုလုပ်ခဲ့ပြီး ပါတီညီလာခံကို ဒီဇင်ဘာလတွင် ကျင်းပရန်စီစဉ်နေကြောင်း သိရသည်။ အဆိုပါအထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို၊ တက္ကသိုလ်ရိပ်သာလမ်းရှိ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ၊ ဗဟိုကော်မတီဌာနချုပ်တွင် စက်တင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အယ်လ်နီညိုကြောင့် လာမည့်ခြောက်လ အတွင်း လူပေါင်း ၄၅၀၀၀၀ ကျော် သေဆုံးနိုင်ဟု သိပ္ပံပညာရှင်များ ခန့်မှန်း အင်အားပြင်း အယ်လ်နီညို
အယ်လ်နီညိုကြောင့် လာမည့်ခြောက်လ အတွင်း လူပေါင်း ၄၅၀၀၀၀ ကျော် သေဆုံးနိုင်ဟု သိပ္ပံပညာရှင်များ ခန့်မှန်း အင်အားပြင်း အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် လာမည့်ခြောက်လအတွင်း အပူချိန်မြင့်တက်မှုနှင့် ဆက်စပ်ပြီး ကမ္ဘာတစ်ဝန်း လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ကြောင်း သုတေသနတစ်ရပ်က ခန့်မှန်းထားသည်။ အဆိုပါခန့်မှန်းချက်ကို ချီကာဂိုတက္ကသိုလ်၏ Climate Impact Lab က စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၂၇ ခုနှစ် ၊ ဖေဖော်ဝါရီအထိ ဖြစ်နိုင်ခြေရှိသည့် အပူဒဏ်ကြောင့် သေဆုံးမှုများကို ပုံမှန်နှစ်များတွင် ဖြစ်ပေါ်နိုင်သည့် သေဆုံးမှုနှုန်းနှင့် နှိင်းယှဉ်တွက်ချက်ထားခြင်း ဖြစ်သည်။ သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက်အရ အယ်လ်နီညိုကြောင့် ဖွံဖြိုးဆဲနိုင်ငံများနှင့် အာဖရိကတိုက်ရှိ ဆာဟယ်ဒေသသည် အပူဒဏ်ကို ပိုမိုပြင်းထန်စွာ ခံစားရနိုင်ကြောင်း ခန့်မှန်းထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြိုများတွင် အမြင်မတင့်တယ်၍ ရှုပ်ထွေးလျက်ရှိသည့် Fiber Cable များနှင့် ခွင့်ပြုချက်မရှိဘဲသွယ်တန
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြိုများတွင် အမြင်မတင့်တယ်၍ ရှုပ်ထွေးလျက်ရှိသည့် Fiber Cable များနှင့် ခွင့်ပြုချက်မရှိဘဲသွယ်တန်းထားသည့် ဖိုင်ဘာကြိုးများ မရှိစေရန်(၅) နှစ်တာ လုပ်ငန်း စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြိုများတွင် အမြင်မတင့်တယ်၍ ရှုပ်ထွေးလျက်ရှိသည့် Fiber Cable များနှင့် ခွင့်ပြုချက်မရှိဘဲသွယ်တန်းထားသည့် ဖိုင်ဘာကြိုးများ မရှိစေရန်(၅) နှစ်တာ လုပ်ငန်း စီမံချက်ရေးဆွဲ ဆောင်ရွက် လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်မိုးသက်က စက်တင်ဘာလ၂၄ရက် လွှတ်တော်အစည်းဝေးတွင် ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးတွင် ကျားဖြန့်နှင့်အွန်လိုင်းလောင်းကစား လုပ်ကိုင်နေသည့် မိုဘိုင်းဖုန်းဆင်းကတ် ၄သိန်းရသောင်းကျော်အား အပြီး
မန္တလေးတိုင်းဒေသကြီးတွင် ကျားဖြန့်နှင့်အွန်လိုင်းလောင်းကစား လုပ်ကိုင်နေသည့် မိုဘိုင်းဖုန်းဆင်းကတ် ၄သိန်းရသောင်းကျော်အား အပြီးတိုင်ပိတ်သိမ်း ■ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှု လောင်းကစားလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုသည့် ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ထိန်းချုပ်ခြင်းများ အရေးယူဆောင်ရွက်နေ မန္တလေးတိုင်းဒေသကြီးတွင် ကျားဖြန့်နှင့်အွန်လိုင်းလောင်းကစားလုပ်ကိုင်နေသည့် မိုဘိုင်းဖုန်းဆင်းကတ် ၄သိန်းရသောင်းကျော်အား အပြီးတိုင်ပိတ်သိမ်းခြင်း၊အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှု လောင်းကစား လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုသည့် ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ထိန်းချုပ်ခြင်းများ အရေးယူဆောင်ရွက်နေကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး၏ လွှတ်တော်တွင် ဖြေကြားချက်အရ သိရသည်။

ပါလီမန်ရွေးကောက်ပွဲရလဒ်က အစိုးရမူဝါဒများအပေါ် ပြည်သူ့ထောက်ခံမှုကို ပြသနေသည်ဟု ရုရှားသမ္မတဆို ရုရှားနိုင်ငံ၏ ပထမဆုံးစစ်ပွဲကာလ
ပါလီမန်ရွေးကောက်ပွဲရလဒ်က အစိုးရမူဝါဒများအပေါ် ပြည်သူ့ထောက်ခံမှုကို ပြသနေသည်ဟု ရုရှားသမ္မတဆို ရုရှားနိုင်ငံ၏ ပထမဆုံးစစ်ပွဲကာလ ပါလီမန်ရွေးကောက်ပွဲ ရလဒ်သည် အစိုးရမူဝါဒများအပေါ် ပြည်သူများ၏ထောက်ခံမှုကို ပြသနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားလိုက်သည်။ သုံးရက်ကြာ မဲပေးမှုများ စက်တင်ဘာ ၂၀ ရက်တွင် အဆုံးသတ်ခဲ့ပြီးနောက် မဲရလဒ် ၉၇ ရာခိုင်နှုန်းကျော် ရေတွက်ပြီးချိန် ရုရှားအာဏာရပါတီ United Russia က အောက်လွှတ်တော် State Duma တွင် အမတ်နေရာ လေးပုံသုံးပုံကျော် ရရှိမည်ဟု ရွေးကောက်ပွဲအာဏာပိုင်များက ကြေညာထားသည်။ မဲပေးခွင့်ရှိသူ ၁၁၁ သန်းအနက် ၅၉ ရာခိုင်နှုန်းကျော် မဲပေးခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပါလီမန်ရွေးကောက်ပွဲများအနက် မဲပေးသူအများဆုံးနှုန်း ဖြစ်လာခဲ့သည်။ ဒေသအချိုတွင် အွန်လိုင်းမဲပေးမှုများ ခွင့်ပြုခဲ့ပြီး ရုရှားက သိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေအချိုမှာပါ မဲပေးမှုများ ရှိခဲ့သည်။