ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

သိင်္ခ

သိင်္ခ

前往频道在 Telegram

အသိတိုး

显示更多
未指定国家未指定类别
1 071
订阅者
无数据24 小时
-227 天
-5530 天
帖子存档
ကျောက်တော်ဖြစ်စဉ်ကြောင့် AA က စာအရှည်ကြီး ထုတ်တယ်။ တာဝန်ရှိသူတွေကို လက်တုံ့ပြန်မယ်ပေါ့လေ။ ကိုယ်တော့ ခုချိန် ငြိမ်းချမ်းရေး အသ
+3
ကျောက်တော်ဖြစ်စဉ်ကြောင့် AA က စာအရှည်ကြီး ထုတ်တယ်။ တာဝန်ရှိသူတွေကို လက်တုံ့ပြန်မယ်ပေါ့လေ။ ကိုယ်တော့ ခုချိန် ငြိမ်းချမ်းရေး အသံ မကြားချင်သေးဘူး။ အကြွေးတွေက အများကြီး ကျန်နေသေးတယ်။ သတင်းရရင် ရသလို ခုလိုပဲ အမှုန့်ကြိတ်။ မြေပြင်ကလည်း ဖြတ် ၄ ဖြတ်ကို နာနာလုပ်။ စစ်တွေထက်တောင် AA ထိန်းချုပ်ဒေသက ကုန်ဈေးနှုန်း‌တွေ ဈေးချိုနေသေးတယ်လို့လည်း ဆိုထားတာမလား။ လေယာဉ်သံကြားနေရင်ကို စိတ်ခြောက်ခြားနေရအောင်အထိ နာနာဗျင်း။ ဒါမှ အတုံ့အလှည့်ဆိုတဲ့ သဘော နားလည်မှာ။ (နရီမိုး)

မြေတွင်းထဲပုန်းနေရလို့ တရုတ်လမုန့်စားပွဲတောင်မတက်နိုင်ဘူး 😁😁😁 မှိုင်းဝေ
မြေတွင်းထဲပုန်းနေရလို့  တရုတ်လမုန့်စားပွဲတောင်မတက်နိုင်ဘူး 😁😁😁 မှိုင်းဝေ

အလှည့်ကျ မနွဲ့စတမ်းပေါ့ ကယောင်ကတမ်းတွေ ဘာလို့ ထအော်ပြနေတာလဲ?? ခြိမ်းခြောက်တယ်ဆိုတာ ဇ ရှိမှ လုပ်လို့ရတဲ့အလုပ်နော် 👌👌 အရင်ဆုံ
အလှည့်ကျ မနွဲ့စတမ်းပေါ့ ကယောင်ကတမ်းတွေ ဘာလို့ ထအော်ပြနေတာလဲ?? ခြိမ်းခြောက်တယ်ဆိုတာ ဇ ရှိမှ လုပ်လို့ရတဲ့အလုပ်နော် 👌👌 အရင်ဆုံး ကိုယ်ဘယ်မှာ နေနေရတယ်ဆိုတာသာ ချပြပေးကြည့်ပါဦး 😅😅

အားကောင်းသောမုန်တိုင်းငယ် ကျိုက်ထိုမြိုအနီးမှ ဖြတ်ကျော်နေသဖြင့် အညိုရောင်အဆင့် သတ်မှတ်ထား၊ ၄၈ နာရီအတွင်း ပဲခူး၊ ရန်ကုန်၊ နေပြ
အားကောင်းသောမုန်တိုင်းငယ် ကျိုက်ထိုမြိုအနီးမှ ဖြတ်ကျော်နေသဖြင့် အညိုရောင်အဆင့် သတ်မှတ်ထား၊ ၄၈ နာရီအတွင်း ပဲခူး၊ ရန်ကုန်၊ နေပြည်တော်၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတိုကို ဆက်လက်ဖြတ်ကျော်နိုင်   𝙎𝙀𝙋~𝟐𝟗 စက်တင်ဘာ ၂၈ ရက်၊ ည ၁၀ နာရီခွဲ တိုင်းထွာချက်များအရ စစ်တောင်းမြစ်ဝအနီး မွန်ပြည်နယ်ကျိုက်ထိုမြို၏ တောင်ဘက်မှ ဖြတ်ကျော်ခဲ့သော အားကောင်းသော မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို ရွေ့လျားခဲ့ပြီး ကျိုက်ထိုမြိုအနီးမှ ဆက်လက်ဖြတ်ကျော်လျက်ရှိသသဖြင့် အညိုရောင်အဆင့် သတ်မှတ်ထားကြောင်း မိုး/ဇလမှ အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ အားကောင်း သောမုန်တိုင်းငယ်သည် သုံးခွမြို၏ အရှေ့မြောက်ဘက် မိုင် ၅၀ ခန့်၊ ပဲခူးမြို၏ အရှေ့ဘက် ၃၅ မိုင်ခန့်နှင့် ဖြူးမြို၏ တောင်-အရှေ့တောင်ဘက် ၈၅ မိုင်ခန့်အကွာကို ဗဟိုပြုနေပြီး မြောက်-အနောက်မြောက်ဘက်သို ရွေ့လျားနိုင်ကာ ၄၈ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတိုကို ဆက်လက် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။

ကမမောင်း-ဖာပွန်လမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာကို တပ်မတော်စစ်ကြောင်းများ ပြန်လည်ထိန်းချုပ် 𝙎𝙀𝙋~𝟐𝟗 ကရင်ပြည်နယ်၊ ကမမောင်
ကမမောင်း-ဖာပွန်လမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာကို တပ်မတော်စစ်ကြောင်းများ ပြန်လည်ထိန်းချုပ် 𝙎𝙀𝙋~𝟐𝟗 ကရင်ပြည်နယ်၊ ကမမောင်း-ဖာပွန်သွားလမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာကို တပ်မတော်စစ်ကြောင်းများက စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။ KNU၊ KNLA နှင့် PDF အမည်ခံ အဖွဲများ ယာယီထိန်းချုပ်ထားသည့် ကမမောင်း-ဖာပွန်လမ်းကြောင်းတစ်လျှောက် နယ်မြေလုံခြုံရေးနှင့် လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက မေလ ၅ ရက်မှစတင်၍ အဆင့်ဆင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက် CRPH ၊ NUG အဖွဲများအတွက် ငွေကြေးကောက်ခံပေးနေသည့် People's Revolution Supply Family - PRF Website သို ငွေကြေးထောက်ပံ
အကြမ်းဖက် CRPH ၊ NUG အဖွဲများအတွက် ငွေကြေးကောက်ခံပေးနေသည့် People's Revolution Supply Family - PRF Website သို ငွေကြေးထောက်ပံ့ပေးပိုသူများအား ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၂၉ အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ၎င်းတို၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲအစည်းများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကိုပျက်စီးစေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများပျက်ပြားစေရန် ရည်ရွယ်လှုဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုများအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲများအား အားပေးမှု၊ ထောက်ခံမှု၊ ကူညီထောက်ပံ့မှုများပြုလုပ်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲအစည်းများကိုလည်း ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

🙏🙏🙏
🙏🙏🙏

မုန်တိုင်းအန္တရာယ်နှင့် ကျန်းမာရေးထိခိုက်မှုများ အရေးပေါ်တုံပြန်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ၂၄ နာရီ EOC ဖွင့်လှစ်မည် နေပြည
မုန်တိုင်းအန္တရာယ်နှင့် ကျန်းမာရေးထိခိုက်မှုများ အရေးပေါ်တုံပြန်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ၂၄ နာရီ EOC ဖွင့်လှစ်မည် နေပြည်တော်၊ စက်တင်ဘာ ၂၈ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် မုတ္တမကွေ့အနီးတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် အားကောင်းလာပြီး မြန်မာနိုင်ငံကို ဖြတ်ကျော်နိုင်သဖြင့် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများကို အရေးပေါ်တုံပြန်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ၂၄ နာရီ အရေးပေါ်ကွပ်ကဲမှုဌာန (Emergency Operation Center-EOC) ဖွင့်လှစ်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အုန်းဖန်-မဲဆောက်လမ်းပိုင်း၌ တောင်ပြိုမှုဖြစ်ပွား မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ထိုင
မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အုန်းဖန်-မဲဆောက်လမ်းပိုင်း၌ တောင်ပြိုမှုဖြစ်ပွား မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် အုန်းဖန်-မဲဆောက်လမ်းပိုင်း၌ စက်တင်ဘာ ၂၈ ရက်က တောင်မြေပြိုမှုဖြစ်ပွားကြောင်း သိရသည်။ အုမ်ဖန်း-မဲဆောက်လမ်းပိုင်း ကီလိုမီတာ ၈၁ နှင့် ၈၂ ကြားတွင် မြေပြိုကျပြီး လမ်းပိတ်ဆိုနေကာ သစ်ပင်များ လဲကျမှုများရှိသည့်အတွက် အသုံးပြုမည့်သူများ သတိပြုကြပါရန်နှင့် ဖြစ်နိုင်ပါက ယခုကာလအတွင်း ခရီးသွားလာခြင်းကို ရှောင်ကြဉ်ဖို လိုအပ်ကြောင်း သက်ဆိုင်ရာမှ တိုက်တွန်းထားသည်။

❝မြန်မာနိုင်ငံတွင် TikTok အသုံးပြုရာ၌ VPN ခံသုံးရသည့်အခြေအနေ ယနေ့မှစ၍ ဖြစ်ပေါ်နေ❞ 𝙎𝙀𝙋~𝟐𝟖 မြန်မာနိုင်ငံအတွင်း TikTok အသုံ
❝မြန်မာနိုင်ငံတွင် TikTok အသုံးပြုရာ၌ VPN ခံသုံးရသည့်အခြေအနေ ယနေ့မှစ၍ ဖြစ်ပေါ်နေ❞ 𝙎𝙀𝙋~𝟐𝟖 မြန်မာနိုင်ငံအတွင်း TikTok အသုံးပြုသူများအနေဖြင့် ယနေ့ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းမှစတင်ကာ VPN ချိတ်ဆက်အသုံးပြုမှသာ TikTok ကို ပုံမှန်အသုံးပြုနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း သုံးစွဲသူများ၏ ပြောဆိုမှုများအရ သိရသည်။ မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့် Reddit ဆွေးနွေးမှုတွင် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှစ၍ TikTok တွင် “No internet connection” ဟူသည့်စာသား ပေါ်လာပြီး ဗီဒီယိုများကြည့်ရှု၍မရတော့ကြောင်း သုံးစွဲသူအချိုက ပြောဆိုထားသကဲ့သို အခြားအသုံးပြုသူများကလည်း VPN ချိတ်ဆက်လိုက်သည့်အခါ TikTok ပြန်လည်အသုံးပြုနိုင်ကြောင်း ပြောဆိုထားသည်။

တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော ကမမောင်း - ဖာပွန် သွားလမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာအား ထပ်မံ၍ပြန်လည်ထိန်းချုပ်သိမ်းပိုက်ရရှိသည်။  နေပြည်တော် ၊ စက်တင်ဘာ ၂၈‎

မြိုင်မြို့နယ်၊ လက်ပံတို - ကျောက်ခွက် ရေနံမြေနယ်မြေ တဲကြီးကျေးရွာအနီးဝန်းကျင်ရှိ တရားမဝင် ရေနံတူးဖော်လုပ်ကိုင်နေသည့် ရေနံတွင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ရှင်းလင်းသည်။ နေပြည်တော် ၊ စက်တင်ဘာ ၂၈‎

ထန်းတပင်အလုပ်သမားဆေးရုံတွင် ကျောက်ကပ်သန့်စင်စက် တပ်ဆင်စမ်းသပ် စက်တင်ဘာ ၂၈ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမား
ထန်းတပင်အလုပ်သမားဆေးရုံတွင် ကျောက်ကပ်သန့်စင်စက် တပ်ဆင်စမ်းသပ် စက်တင်ဘာ ၂၈ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် အာမခံအလုပ်သမားများအတွက် ကျောက်ကပ်သွေးသန့်စင်ဝန်ဆောင်မှု တိုးချဲ့ပေးနိုင်ရေး ကျောက်ကပ်သန့်စင်စက် တပ်ဆင်၍ စမ်းသပ်လည်ပတ်လျက်ရှိသည်။ အဆိုပါလုပ်ငန်းကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက စက်တင်ဘာ ၂၇ ရက်တွင် သွားရောက်စစ်ဆေးခဲ့ပြီး အောက်တိုဘာလအတွင်း အာမခံအလုပ်သမားလူနာများအား ကျောက်ကပ်သွေးသန့်စင်ပေးနိုင်ရေး လိုအပ်သည့် ဆေးပစ္စည်းများ အမြန်ဝယ်ယူရန် မှာကြားခဲ့သည်။ လူမှုဖူလုံရေးအဖွဲ့က ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ရန်ကုန်အလုပ်သမားဆေးရုံကြီးတွင် အာမခံအလုပ်သမားလူနာ ၅၃၀ ဦးအား ကျောက်ကပ်သွေးသန့်စင် ၃,၀၄၅ ကြိမ်နှင့် မန္တလေးအလုပ်သမားဆေးရုံကြီးတွင် လူနာ ၃၀၈ ဦးအား ၂,၅၄၂ ကြိမ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်ရှိ အာမခံအလုပ်သမားများအနေဖြင့် ကျောက်ကပ်သွေးသန့်စင်ကုသမှုခံယူလိုပါက ထန်းတပင်အလုပ်သမားဆေးရုံတွင် ကုသမှုရရှိနိုင်ရေး စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဘန်ကောက်မှာ မိုးကြီးရေလျှံနေတဲ့ကြားက အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ စိုင်းစိုင်းရဲ့ ဖျော်ဖြေပွဲမှာ မလာနိုင်သူတွေ လက်မှတ်သိမ်း
+2
ဘန်ကောက်မှာ မိုးကြီးရေလျှံနေတဲ့ကြားက အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ စိုင်းစိုင်းရဲ့ ဖျော်ဖြေပွဲမှာ မလာနိုင်သူတွေ လက်မှတ်သိမ်းထားဖို့နဲ့ ခြောက်လအတွင်း ပြန်လည်ကျင်းပချိန် ပြန်လည်အသုံးပြုနိုင်မယ်လို့ စိုင်းစိုင်းခမ်းလှိုင် အသိပေး ၂၈. ၉. ၂၀၂၆ "မနေ့ညက ဘန်ကောက်ပွဲမှာ ပွဲမတိုင်ခင် ၂ ပတ်အလိုကတည်းက လက်မှတ်အားလုံး Sold Out ဖြစ်ပြီးခဲ့ပေမယ့် ဘန်ကောက်မိုးကြီး ရေကြီးတာနဲ့ တိုက်ဆိုင်သွားတဲ့အတွက် အခက်အခဲကြားမှ တင်ဆက်ခဲ့ရတဲ့ပွဲဖြစ်ပါတယ်။ ပွဲကိုတစ်ညနေခင်းအတွင်း ရုတ်တရက်ရွှေ့ဆိုင်းဖို့အတွက်ကလည်း အင်မတန်ခက်ပါတယ်။ အချို့ပရိသတ်​တွေက နေ့ခင်းကတည်းက ရောက်ရှိ​နေပြီးသားဖြစ်နေပြီ။ လက်မှတ်ရောင်းထားတာလည်းဖြစ်တယ်။ တခြားနိုင်ငံက လာတဲ့သူတွေလည်းရှိတယ်။ တခြားမြို့ကနေ လာတဲ့သူတွေလည်းရှိတယ်။ ကျွန်တော်တို့အနေနဲ့လည်း လူ ဘယ်နှစ်ယောက်ပဲလာလာ ဖျော်ဖြေရမယ့် တာဝန်ရှိပါတယ်။ အဲဒီအတွက် ပွဲကို ဆက်လက်ကျင်းပဖို့ကိုပဲ ရွေးချယ်ခဲ့ရပါတယ်။နောက်တစ်ခုက ဒီပွဲဟာ ထိုင်းနိုင်ငံမှာ တရားဝင် ခွင့်ပြုမိန့်နဲ့ ကျင်းပတာဖြစ်တဲ့အတွက် ပွဲဖျက်ဖို့လိုအပ်ရင်တာဝန်ရှိသူများက တရားဝင်တားမြစ်မှာဖြစ်ပါတယ်။

အမေရိကန်နှင့် ဆွေးနွေးရန် အစီအစဉ်မရှိကြောင်း အီရန် ပြောကြား အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က အီရန်နှင့် ဆွေးနွေးပွဲများ ထပ်မံပြုလ
+1
အမေရိကန်နှင့် ဆွေးနွေးရန် အစီအစဉ်မရှိကြောင်း အီရန် ပြောကြား အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က အီရန်နှင့် ဆွေးနွေးပွဲများ ထပ်မံပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီးနောက် IRNA သတင်းအေဂျင်စီက ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တက်ရောက်နေသည့် အီရန် ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နှင့် ဆွေးနွေးပွဲ ပြုလုပ်ရန် အစီအစဉ် မရှိကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ "နယူးယောက်မှာ ရောက်ရှိနေတဲ့ အီရန် ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ အစီအစဉ် မရှိပါဘူး" ဟု အဆိုပါ အီရန်ကိုယ်စားလှယ်အဖွဲ့နှင့် နီးစပ်သည့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကားပြီး IRNA က ဖော်ပြခဲ့သည်။ ဟော်မုဇ်ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်ပေးမည့် အီရန်၏ အဆိုပြုချက်ကို ထရန့်က ငြင်းပယ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် အီရန်နှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် မျှော်လင့်ကြောင်း ထရန့်က Axios သတင်းဌာနကို စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ အီရန် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၉ ရက်တွင် အီရန်သို့ ပြန်လာမည်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြခဲ့သည်။

ကုန်ပစ္စည်းဒေါ်လာ၆၀ဘီလျံဖိုးအပေါ်အခွန်လျှော့ချမည်--ယူအက်စ်နှင့် တရုတ် နှစ်ဖက်စလုံးက အသီးသီးတင်သွင်းသည့် ဒေါ်လာ ၆၀ ဘီလျံတန်ဖို
ကုန်ပစ္စည်းဒေါ်လာ၆၀ဘီလျံဖိုးအပေါ်အခွန်လျှော့ချမည်--ယူအက်စ်နှင့် တရုတ် နှစ်ဖက်စလုံးက အသီးသီးတင်သွင်းသည့် ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ် ကောက်ခံထားသော အကောက်ခွန်များကို လျှော့ချရန် တရုတ်နှင့် အမေရိကတို့ သဘောတူညီခဲ့ကြသည်။ ၎င်းကုန်ပစ္စည်းများတွင် အမေရိကဘက်မှ ပြောင်းမှ အစပြု၍ အလှကုန်ပစ္စည်းများ၊ တရုတ်ဘက်မှ အိမ်သုံးပစ္စည်းများမှ အစပြု၍ ကစားစရာများအထိ ကုန်ပစ္စည်းအမျိုးအစားစုံလင်စွာ ပါဝင်သည်။          အမေရိက-တရုတ် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အရ နှစ်နိုင်ငံစလုံးသည် အကောက်ခွန်သက်သာခွင့် ပိုမိုရရှိစေမည့် အတိမ်းအစောင်း ခံနိုင်သော non-sensitive ကုန်ပစ္စည်းများ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၀ ဘီလျံစီကို အဆိုပြုသတ်မှတ်ခဲ့ကြကြောင်း အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျာမီဆွန် ဂရီရာက တနင်္ဂနွေနေ့တွင် ပြောဆိုခဲ့သည်။

ဘန်ကောက်ရေကြီး၍ ပြည်သူ ၇ သိန်းခန့် ဒုက္ခကြုံတွေ့နေရ စက်တင်ဘာလ ၂၈ ရက် ဘန်ကောက်မြို့တော်အတွင်း ဆိုးရွားစွာ ရေကြီးခဲ့၍ အိမ်ထောင်
ဘန်ကောက်ရေကြီး၍  ပြည်သူ ၇ သိန်းခန့် ဒုက္ခကြုံတွေ့နေရ စက်တင်ဘာလ ၂၈ ရက် ဘန်ကောက်မြို့တော်အတွင်း ဆိုးရွားစွာ ရေကြီးခဲ့၍ အိမ်ထောင်စုပေါင်း ၃၂၉,၀၀၀ ခန့် သို့မဟုတ် ပြည်သူ ၇ သိန်းခန့် ထိခိုက်ခံစားနေရကြောင်း ဘန်ကောက်မြို့တော်  အုပ်ချုပ်ရေးအဖွဲ့ (BMA) က တနင်္လာနေ့တွင် သတင်း ထုတ်ပြန်ပြောကြားခဲ့သည်။ မြို့တော် ဒုတိယအုပ်ချုပ်ရေးမှူး တဝီဒါကမ်မုန်ဝေ့ဂျ် ၏ ပြောကြားချက်အရ မြို့တော်၏ အဆိုးရွားဆုံး ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ဒေသမှာ လတ်ခရာဘမ်း ခရိုင်ဖြစ်ပြီး ရေဘေးသင့်သူ ၃၀,၀၀၀ မှ ၄၀,၀၀၀ ခန့် ရှိကြောင်း သိရသည်။ ဘန်းကပီ ခရိုင်တွင် ခလောင်ချန် တိုက်ခန်းများနှင့် အနီးနားပတ်ဝန်းကျင်တွင် ထိခိုက်ခံစားရသူ ၂၀,၀၀၀ ခန့် ရှိခဲ့သည်။ ခန်နာယောင်း ခရိုင်တွင် အခြား ရေဘေးသင့်သူ ၃၀,၀၀၀ မှ ၄၀,၀၀၀ ခန့်နှင့် လက်စီ၊ စပန်းဆွန်း နှင့် ဆွန်လွမ် ခရိုင်များရှိ မြောင်းများအနီး နေထိုင်သည့် ရေဘေးသင့်သူ ၁၀,၀၀၀ ခန့် ရှိသည်။ အိပ်ရာထဲ လဲနေသော နာတာရှည် လူနာ ၁,၅၀၀ ခန့်ကို ရေကြီးနေသည့် အိမ်များမှ BMA ဆေးရုံများသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သည်။

ပြင်းထန်သောမုန်တိုင်းကြောင့်အမေရိကမှာမိုးကြီးရေလျှံ စက်တင်ဘာလ ၂၈ ရက် အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းဒေသမျာ
ပြင်းထန်သောမုန်တိုင်းကြောင့်အမေရိကမှာမိုးကြီးရေလျှံ စက်တင်ဘာလ ၂၈ ရက် အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းဒေသများတွင် ရာသီစော၍ တိုက်ခတ်ခဲ့သည့် ပြင်းထန်သော နော့အီးစတာ (Nor’easter) မုန်တိုင်းကြောင့် အချိန်ပြည့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ ယခုအချိန်တွင် မိုးအနည်းငယ် ဆက်လက်ရွာသွန်းနိုင်သော်လည်း မုန်တိုင်းအားပျော့သွားသဖြင့် အခြေအနေများ ပြန်လည်ကောင်းမွန်လာနေပြီ ဖြစ်သည်။

ပြင်းထန်သောမုန်တိုင်းကြောင့်အမေရိကမှာမိုးကြီးရေလျှံ စက်တင်ဘာလ ၂၈ ရက် အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းဒေသများတွင် ရာသီစော၍ တိုက်ခတ်ခဲ့သည့် ပြင်းထန်သော နော့အီးစတာ (Nor’easter) မုန်တိုင်းကြောင့် အချိန်ပြည့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ ယခုအချိန်တွင် မိုးအနည်းငယ် ဆက်လက်ရွာသွန်းနိုင်သော်လည်း မုန်တိုင်းအားပျော့သွားသဖြင့် အခြေအနေများ ပြန်လည်ကောင်းမွန်လာနေပြီ ဖြစ်သည်။

မုန်တိုင်းငယ် အနီရောင်အဆင့် သတ်မှတ်၊ သုံးခွနှင့် ကျိုက်ထိုကြားမှ ဖြတ်ကျော်နိုင် ရန်ကုန်၊ စက်တင်ဘာ ၂၈။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် မုတ္တမကွေ့အနီးတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် မုန်တိုင်းငယ်အဖြစ် အားကောင်းလာပြီး မြန်မာနိုင်ငံကို ဖြတ်ကျော်နိုင်သဖြင့် အနီရောင်အဆင့် သတ်မှတ်ထားကြောင်း မြန်မာစံတော်ချိန် ၁ နာရီတွင် ထုတ်ပြန်သည့် မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ် (၀၁/၂၀၂၆) တွင် ဖော်ပြထားသည်။ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ မုန်တိုင်းငယ်၏ ဗဟိုချက်သည် မော်လမြိုင်မြို၏ တောင်ဘက် ရေမိုင် ၅၀ ခန့်အကွာ ပင်လယ်ပြင်တွင် ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်ခန့် ဖြစ်သည်။ မုန်တိုင်းငယ်သည် မြောက်–အနောက်မြောက်ဘက်သို ရွေ့လျားကာ နောက် ၁၂ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် အဖြစ်သို ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး သုံးခွမြိုနှင့် မွန်ပြည်နယ် ကျိုက်ထိုမြိုကြားမှ ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းထားသည်။ ထိုနောက် ရန်ကုန်၊ ပဲခူးနှင့် မကွေးတိုင်းဒေသကြီးတိုကို ဆက်လက်ဖြတ်ကျော်နိုင်သည်။ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့မွန်းလွဲမှ စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများ၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတိုတွင် မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် သိုမဟုတ် နေရာကွက်၍ မိုးကြီးနိုင်သည်။