ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

သိင်္ခ

သိင်္ခ

前往频道在 Telegram

အသိတိုး

显示更多
未指定国家未指定类别
1 067
订阅者
无数据24 小时
-177 天
-5530 天
帖子存档
မနက်ဖြန် မြောက်ဒဂုံရှိ ရပ်ကွက် ၇ ခုတွင် ၄ နာရီကြာ ဓာတ်အားပြတ်တောက်မည်၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခ
မနက်ဖြန် မြောက်ဒဂုံရှိ ရပ်ကွက် ၇ ခုတွင် ၄ နာရီကြာ ဓာတ်အားပြတ်တောက်မည်၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမည် ရန်ကုန်၊ စက်တင်ဘာ ၂၂ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်ရှိ ရပ်ကွက် ၇ ခုအပါအဝင် နေရာအချိုတွင် မနက်ဖြန် စက်တင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးထားသည်။

အလီဘာဘာက တရုတ်၏ အစွမ်းထက်ဆုံး AI ချစ်ပ်အသစ် မိတ်ဆက်ပြီး၊ AI Model၊ AI Chip နှင့် AI Cloud တိုကို မဟာဗျူဟာအဓိကဒေါင်တိုင် ၃ ခုအ
အလီဘာဘာက တရုတ်၏ အစွမ်းထက်ဆုံး AI ချစ်ပ်အသစ် မိတ်ဆက်ပြီး၊ AI Model၊ AI Chip နှင့် AI Cloud တိုကို မဟာဗျူဟာအဓိကဒေါင်တိုင် ၃ ခုအဖြစ် သတ်မှတ် ဟန်ကျိုး၊ စက်တင်ဘာ ၂၂ တရုတ်နည်းပညာကုမ္ပဏီကြီး အလီဘာဘာအုပ်စုက တရုတ်နိုင်ငံ၏ အစွမ်းထက်ဆုံး AI ချစ်ပ်အသစ်ကို မိတ်ဆက်လိုက်ပြီး ပိုမိုကြီးမားသည့် AI မိုဒယ်လ်များ ဖွံဖြိုးလေ့ကျင့်ရေး အစီအစဉ်များကိုလည်း ထုတ်ဖော်လိုက်သည်။ ဟန်ကျိုးမြို၌ ကျင်းပသည့် အလီဘာဘာ၏ နှစ်စဉ် Apsara ညီလာခံတွင် ကုမ္ပဏီဥက္ကဋ္ဌ ဂျိုးဆိုင်းက AI နည်းပညာကို ဆန်းသစ်တီထွင်မှုအဆင့်မှ လက်တွေ့တန်ဖိုးဖန်တီးနိုင်သည့်အဆင့်သို ရောက်ရှိစေရန် Full-stack AI စနစ်တစ်ရပ် တည်ဆောက်ရေး၌ ကုမ္ပဏီက အခိုင်အမာ ရင်းနှီးမြှုပ်နှံနေကြောင်း ပြောကြားခဲ့သည်။

အီးယူ-ဖိလစ်ပိုင် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်အတွက် အဓိကသဘောတူညီမှုရရှိပြီး လာမည့်လများအတွင်း တရားဝင်အပြီးသတ်နိုင်ရေး ဆက
အီးယူ-ဖိလစ်ပိုင် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်အတွက် အဓိကသဘောတူညီမှုရရှိပြီး လာမည့်လများအတွင်း တရားဝင်အပြီးသတ်နိုင်ရေး ဆက်လက်ညှိနှိင်းမည် မနီလာ၊ စက်တင်ဘာ ၂၂ ဥရောပသမဂ္ဂ (EU) နှင့် ဖိလစ်ပိုင်နိုင်ငံတိုအကြား လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် (FTA) ချုပ်ဆိုနိုင်ရေးအတွက် အဓိကကျသည့် သဘောတူညီမှုတစ်ရပ် ရရှိခဲ့ပြီး လာမည့်လများအတွင်း တရားဝင်အပြီးသတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်မှာ မြေပြိုနိုင်တဲ့ အန္တရာယ်အတွက် ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ထား စက်တင်ဘာ - ၂၂ ( အင်္ဂါနေ့ ) ဂျပန်မိုးလေဝသအေဂျင်စီ (JM
ဂျပန်မှာ မြေပြိုနိုင်တဲ့ အန္တရာယ်အတွက် ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ထား စက်တင်ဘာ - ၂၂ ( အင်္ဂါနေ့ ) ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က တိုင်ဖွန်းမုန်တိုင်း ဒူဂျန် ကြောင့် မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ တိုကျိုမြိုရဲ့ အီဇူးကျွန်းစု မှာရှိတဲ့ အိုရှီးမားမြိုအတွက် အဆင့် (၅) အရေးပေါ် မြေပြိုမှုသတိပေးချက် ကို ထုတ်ပြန်လိုက်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အဆင့် (၅) ဆင့်ပါ သတိပေးချက်စနစ်မှာ အဆင့် (၅) ဆိုတာ အမြင့်ဆုံး သတိပေးချက် အဆင့် ဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်အရ ဒီအဆင့်က မြေပြိုမှုတွေ အလွန်တရာ အလားအလာ များနေပြီဆိုတာကို ညွှန်ပြနေတာပါ။ ဒါကြောင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အသက်အန္တရာယ် ကာကွယ်ဖိုအတွက် ချက်ချင်းလက်ငင်း အရေးယူဆောင်ရွက်ကြဖို အေဂျင်စီက တိုက်တွန်းထားပါတယ်။

ကျောက်ဆည်မြို၌ ယခင်နှစ်များအတိုင်း ဆင်အကအလှပြိုင်ပွဲနှင့်ဆင်လှူပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ကျောက်ဆည်၊ စက်တင်ဘာ
ကျောက်ဆည်မြို၌ ယခင်နှစ်များအတိုင်း ဆင်အကအလှပြိုင်ပွဲနှင့်ဆင်လှူပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ကျောက်ဆည်၊ စက်တင်ဘာ ၂၂ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြိုနယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်လမ်းဦးစီးရိပ်သာ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

တိုင်းရင်းသားလက်နက်ကိုင်တွေ ခုတစ်မျိုး တော်ကြာတစ်မျိုးပါလား။ မင်းတို့ပြောတော့ စစ်တပ်ကအင်အားမရှိတော့ပါဘူးဆို။ အခုကျတော့လည်း ရခ
တိုင်းရင်းသားလက်နက်ကိုင်တွေ ခုတစ်မျိုး တော်ကြာတစ်မျိုးပါလား။ မင်းတို့ပြောတော့ စစ်တပ်ကအင်အားမရှိတော့ပါဘူးဆို။ အခုကျတော့လည်း ရခိုင်ရော၊ ကရင်ရော ကချင်ပါ စစ်ရေးအင်အားသုံးတယ်ဖြစ်ရပြန်ပြီ။

မြစ်ကြီးနား-မိုးညှင်း မီးရထားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ပြေးဆွဲမှု နှစ်လပြည့်ပြီဖြစ် ဇူလိုင် ၂၁ ရက်က ဖွင့်လှစ်ခဲ့သည် မြစ်ကြီး
မြစ်ကြီးနား-မိုးညှင်း မီးရထားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ပြေးဆွဲမှု နှစ်လပြည့်ပြီဖြစ် ဇူလိုင် ၂၁ ရက်က ဖွင့်လှစ်ခဲ့သည် မြစ်ကြီးနား-မိုးညှင်း မီးရထားလမ်းပိုင်း နှစ်လပြည့်ပြီဖြစ်ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။ အဆိုပါရထားလမ်းသည် မြစ်ကြီးနားမြိုမှ မိုးညှင်းမြိုအထိ ခရီးမိုင် ၁၁၀၊ သံလမ်းမိုင်အားဖြင့် ၁၆၃ မိုင်ကျော်၊ ဘူတာရုံပေါင်း ၃၃ ဘူတာရှိောကာင်း သိရသည်။ ယခင်က ခရီးစတင်သည့် မြစ်ကြီးနားနှင့် မိုးညှင်းမြိုမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာကြသော်လည်း ယခုအချိန်တွင် နံနက် ၇ နာရီသို ပြောင်းလဲဖွင့်လှစ်ထားကြောင်း၊ ယခင်က ငါးတွဲသာ ပြေးဆွဲသော်လည်း ယခုအခါ ခြောက်တွဲအထိ တိုးထားရကြောင်း ရထားစီးနေသူတစ်ဦးက ဆိုသည်။

တရုတ်စစ်တပ်၏ အဆင့် ၂ အရာရှိ ကျန်းယိုရှာကို ကွန်မြူနစ်ပါတီနှင့် စစ်တပ်မှထုတ်ပယ် တရုတ်ကွန်မြူနစ်ပါတီက သမ္မတရှီကျင်းပင်လက်ထက် စစ
တရုတ်စစ်တပ်၏ အဆင့် ၂ အရာရှိ ကျန်းယိုရှာကို ကွန်မြူနစ်ပါတီနှင့် စစ်တပ်မှထုတ်ပယ် တရုတ်ကွန်မြူနစ်ပါတီက သမ္မတရှီကျင်းပင်လက်ထက် စစ်တပ်အတွင်း အဆင့် ၂ အရာရှိအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရသည့် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌဟောင်း ကျန်းယိုရှာကို အကျင့်ပျက်ခြစားမှု၊ အဖွဲခွဲ ဖွဲစည်းမှုနှင့် နိုင်ငံရေးစည်းကမ်း ဖောက်ဖျက်မှုများတွင် ပါဝင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ပါတီနှင့် စစ်တပ်နှစ်ရပ်စလုံးမှ တရားဝင် ထုတ်ပယ်လိုက်သည်။

မွေးနေ့မတိုင်မီ ဝန်ထမ်းများကို iPhone 18 လက်ဆောင်ပေးခဲ့သည့် မင်းသမီး ပိုင်လု ပေကျင်း၊ စက်တင်ဘာ ၂၂ တရုတ်နာမည်ကျော် သရုပ်ဆောင်မ
မွေးနေ့မတိုင်မီ ဝန်ထမ်းများကို iPhone 18 လက်ဆောင်ပေးခဲ့သည့် မင်းသမီး ပိုင်လု ပေကျင်း၊ စက်တင်ဘာ ၂၂ တရုတ်နာမည်ကျော် သရုပ်ဆောင်မင်းသမီး ပိုင်လု (Bai Lu) သည် အသက် ၃၂ နှစ်ပြည့်မွေးနေ့မတိုင်မီ ၎င်း၏အဖွဲဝင် ဝန်ထမ်း ၁၀ ဦးကျော်ကို နောက်ဆုံးထွက် iPhone 18 ဖုန်းများ လက်ဆောင်ပေးခဲ့ရာ လူမှုကွန်ရက်အသုံးပြုသူများအကြား စိတ်ဝင်စားမှုရရှိနေသည်။ စက်တင်ဘာ ၂၀ ရက်က ပိုင်လု၏ ဝန်ထမ်းနှစ်ဦးက Weibo လူမှုကွန်ရက်တွင် ယင်းအကြောင်း မျှဝေခဲ့ခြင်းဖြစ်ပြီး ပိုင်လုနှင့် အဖွဲဝင် ၁၂ ဦးတို iPhone ဘူးများ ကိုယ်စီကိုင်ဆောင်ထားသည့် ဓာတ်ပုံကိုလည်း ဖော်ပြခဲ့သည်။

တောင်ငူတွင် လူမှုကွန်ရက်မှတစ်ဆင့် လိုင်စင်မဲ့မော်တော်ယာဉ် ရောင်းဝယ်သူတစ်ဦး ထပ်မံဖမ်းဆီးရမိ ပဲခူးတိုင်းဒေသကြီး တောင်ငူမြိုတွင်
တောင်ငူတွင် လူမှုကွန်ရက်မှတစ်ဆင့် လိုင်စင်မဲ့မော်တော်ယာဉ် ရောင်းဝယ်သူတစ်ဦး ထပ်မံဖမ်းဆီးရမိ ပဲခူးတိုင်းဒေသကြီး တောင်ငူမြိုတွင် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်များ ရောင်းဝယ်နေသူတစ်ဦးအား စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ "Ye Naing Win" အမည်ရှိ Facebook Account ပိုင်ရှင် ကိုရဲနိုင်ဝင်းက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ ရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံစုံစမ်းခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို သုမင်္ဂလာဈေး ခြောက်ထပ်ပေါ်မှ မိန်းကလေးတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွား ပြင်ဦးလွင်မြို သုမင်္ဂလာဈေး ခြောက်ထပ်ပေါ
ပြင်ဦးလွင်မြို သုမင်္ဂလာဈေး ခြောက်ထပ်ပေါ်မှ မိန်းကလေးတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွား ပြင်ဦးလွင်မြို သုမင်္ဂလာဈေး ခြောက်ထပ်ပေါ်မှ မိန်းကလေးတစ်ဦး ပြုတ်ကျသေဆုံးမှု (ယနေ့) စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ပြုတ်ကျသေဆုံးသူမှာ ဈေးကြီး ၆ ထပ်ရှိ GOGO PARK ကစားကွင်း ဝန်ထမ်း မစန္ဒီပြည့်စုံကျော် အသက် ၂၅ နှစ်ဖြစ်ပြီး အကြောင်းအရင်းကို စိစစ်နေဆဲဖြစ်ကြောင်း ပြင်ဦးလွင်မြိုမရဲစခန်းမှ စုံစမ်းသိရှိရသည် ။

အိမ်ဖြူတော်ဝင်ခွင့် ပိတ်ပင်ခံရသည့် CNN ၊ MS NOW နှင့် Politico တိုက ထရန့်အစိုးရကို တရားစွဲ အမေရိကန်သတင်းမီဒီယာများဖြစ်သည့် CN
အိမ်ဖြူတော်ဝင်ခွင့် ပိတ်ပင်ခံရသည့် CNN ၊ MS NOW နှင့် Politico တိုက ထရန့်အစိုးရကို တရားစွဲ အမေရိကန်သတင်းမီဒီယာများဖြစ်သည့် CNN ၊ MS NOW နှင့် Politico တိုက အိမ်ဖြူတော်သို ဝင်ရောက်သတင်းယူခွင့် ပိတ်ပင်ခံရပြီးနောက် စက်တင်ဘာ ၂၁ ရက်တွင် ဒေါ်နယ်ထရန့်အစိုးရကို တရားစွဲဆိုလိုက်သည်။ အဆိုပါသတင်းမီဒီယာများက ၎င်းတိုဖော်ပြသည့် သတင်းအကြောင်းအရာများအပေါ် အခြေခံ၍ ပိတ်ပင်ခံရခြင်းဖြစ်ပြီး အမေရိကန်ဖွဲစည်းပုံ အခြေခံဥပဒေ၏ ပထမပြင်ဆင်ချက်ပါ သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း တရားရုံးသို တင်ပြခဲ့သည်။ ထရန့်ဘက်ကလည်း သတင်းမီဒီယာလွတ်လပ်ခွင့်ကို မိမိအနေဖြင့် တန်ဖိုးထားသော်လည်း သတင်းအတုမျာကို လက်မခံကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ CNN၊ MS NOW နှင့် Politico တိုသည် အစိုးရအဖွဲနှင့် ပတ်သက်၍ မဟုတ်မမှန်ရေးသားနေကြသည်ဟု ဆိုကာ ၎င်းတိုကို အိမ်ဖြူတော်ဝင်ခွင့် ပိတ်ပင်လိုက်ကြောင်း စက်တင်ဘာ ၁၈ ရက်က ကြေညာခဲ့သည်။

တိုက်ကြီးမြိုနယ်တွင် ပြည်-ရန်ကုန် DEMU အမြန်ရထားအား ခဲဖြင့် ပစ်ပေါက်သူအား ဖမ်းဆီးရမိ တိုက်ကြီးမြိုနယ်တွင် ပြည်-ရန်ကုန် DEMU အ
တိုက်ကြီးမြိုနယ်တွင် ပြည်-ရန်ကုန် DEMU အမြန်ရထားအား ခဲဖြင့် ပစ်ပေါက်သူအား ဖမ်းဆီးရမိ တိုက်ကြီးမြိုနယ်တွင် ပြည်-ရန်ကုန် DEMU အမြန်ရထားအား ခဲဖြင့် ပစ်ပေါက်သူအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲနှင့်နီးစပ်သူ အသိုင်းအဝိုင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ရက် ညနေ ၆ နာရီ‌ကျော်ဝန်းကျင်တွင် ပြည်ဘူတာမှ ရန်ကုန်မြိုဘက်သို မောင်းနှင်ထွက်ခွာလာသော အမှတ် (၇၄) အစုန် ပြည်-ရန်ကုန် DEMU အမြန်ရထားသည် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြိုနယ်၊ ဖလုံဘူတာနှင့် သနပ်ချောင်းဘူတာကြား မိုင်တိုင်အမှတ် ၄၈/၂ဝ ရေကျော်ဘူတာအနီးသို ဖြတ်မောင်းသွားစဉ် အုတ်ခဲကျိုးဖြင့် ပစ်ပေါက်ခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲနှင့်နီးစပ်သူ အသိုင်းအဝိုင်းထံမှ သိရသည်။

အိန္ဒိယ ဓာတ်မြေဩဇာထုတ်လုပ်မှု လုပ်ငန်းတွေ ထိခိုက်ပြီးရင်း ထိခိုက်လာ စက်တင်ဘာ - ၂၂ ( အင်္ဂါနေ့ ) ရုရှားနဲ့ အရှေ့အလယ်ပိုင်းက စွ
အိန္ဒိယ ဓာတ်မြေဩဇာထုတ်လုပ်မှု လုပ်ငန်းတွေ ထိခိုက်ပြီးရင်း ထိခိုက်လာ စက်တင်ဘာ - ၂၂ ( အင်္ဂါနေ့ ) ရုရှားနဲ့ အရှေ့အလယ်ပိုင်းက စွမ်းအင် အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေများလာတာကြောင့် ဖော့စဖိတ်အခြေခံ ဓာတ်မြေဩဇာထုတ်လုပ်ရာမှာ အဓိကအသုံးချတဲ့ ကုန်ကြမ်းပစ္စည်းဖြစ်တဲ့ ဆာလဖာ ထောက်ပံ့ရေးတွေ တင်းကျပ်လာပြီး၊ အိန္ဒိယနိုင်ငံရဲ့ မြေဩဇာလုပ်ငန်းဟာ ဆာလဖာဈေးနှုန်း မြင့်တက်လာမှုဒဏ်ကို ပြန်လည်ခံစားနေရပါတယ်။ အိန္ဒိယနိုင်ငံကို ရောက်ရှိလာတဲ့ ဆာလဖာတစ်တန်ရဲ့ ဈေးနှုန်းဟာ နှစ်ဆန်းပိုင်းကစပြီး နှစ်ဆနီးပါး မြင့်တက်လာခဲ့ကာ အခုဆိုရင် တစ်တန်ကို ၁,၀၅၀ ကနေ ၁,၁၀၀ ဒေါ်လာဝန်းကျင်အထိ ရောက်ရှိနေပါပြီ။ ဒါကြောင့် ဒိုင်အမိုနီယမ် ဖော့စဖိတ် (DAP)၊ စင်ဂယ် ဆူပါ ဖော့စဖိတ် (SSP) နဲ့ အခြားသော ပေါင်းစပ်မြေဩဇာ ထုတ်လုပ်သူတွေအတွက် ကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာစေပါတယ်။

တိုက်ဖုန်းဒူဂျွမ်းကြောင့် ဂျပန်တွင် နှစ်ဦး‌ေ-သဆုံး၊ တိုကျိုအနီး ခရီးသွားလာမှုများ အနှောင့်အယှက်ဖြစ် တိုကျို၊ စက်တင်ဘာ ၂၂ အင်အ
တိုက်ဖုန်းဒူဂျွမ်းကြောင့် ဂျပန်တွင် နှစ်ဦး‌ေ-သဆုံး၊ တိုကျိုအနီး ခရီးသွားလာမှုများ အနှောင့်အယှက်ဖြစ် တိုကျို၊ စက်တင်ဘာ ၂၂ အင်အားပြင်း တိုင်ဖုန်းဒူဂျွမ်း ဂျပန်နိုင်ငံ တိုကျိုမြိုအနီး ဖြတ်သန်းတိုက်ခတ်မှုကြောင့် လူနှစ်ဦး‌ေ-သဆုံးပြီး ရေကြီးရေလျှံမှု၊ မြေပြိုမှုအန္တရာယ်များ ဖြစ်ပေါ်ခဲ့သည့်အပြင် လေကြောင်းနှင့် ရထားခရီးစဉ် ရာနှင့်ချီ ဖျ-က်သိမ်း၊ ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။ မုန်တိုင်းကြောင့် လူဦးရေ ၁ ဒသမ ၆ သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီး တိုကျိုမြိုအနီးရှိ ဒေသအချိုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ နေအိမ်သောင်းနှင့်ချီ လျှပ်စစ်မီးပြ-တ်တေ-ာက်ခဲ့သည်။ ဒူဂျွမ်းသည် တနင်္လာနေ့က တိုကျိုမြိုအနီးရှိ ခဆွတ်အူရမြို၏ တောင်ဘက် ကီလိုမီတာ ၁၃၀ ခန့်အကွာမှ ဖြတ်သန်းစဉ် တစ်နာရီလျှင် ၁၄၄ ကီလိုမီတာအထိ လေပြင်းတို-က်ခတ်ခဲ့ကြောင်း သိရသည်။

ရုရှားသူဌေးနှစ်ဦးအပေါ် ပိတ်ဆိုမှုရုပ်သိမ်းရေး EU သဘောမတူသေး ဘရပ်ဆဲလ်၊ စက်တင်ဘာ ၂၂ ရုရှားဘီလျံနာစီးပွားရေးလုပ်ငန်းရှင် အလီရှာ
ရုရှားသူဌေးနှစ်ဦးအပေါ် ပိတ်ဆိုမှုရုပ်သိမ်းရေး EU သဘောမတူသေး ဘရပ်ဆဲလ်၊ စက်တင်ဘာ ၂၂ ရုရှားဘီလျံနာစီးပွားရေးလုပ်ငန်းရှင် အလီရှာ အူစ်မာနော့ဗ်နှင့် မစ်ဟိုင်း ဖရစ်ဒ်မန်းတိုအပေါ် ချမှတ်ထားသည့် ပိတ်ဆိုအရေးယူမှုများ ရုပ်သိမ်းရေးနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ (EU) အဖွဲဝင်နိုင်ငံများအကြား အပြီးသတ်သဘောတူညီမှု မရရှိသေးကြောင်း သိရသည်။ ယူကရိန်းစစ်ပွဲနှင့်ဆက်နွှယ်၍ လူပုဂ္ဂိုလ်နှင့် အဖွဲအစည်းပေါင်း ၃,၀၀၀ နီးပါးအပေါ် ချမှတ်ထားသည့် EU ပိတ်ဆိုအရေးယူမှုများ သက်တမ်းတိုးရေး ဆွေးနွေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အူစ်မာနော့ဗ်နှင့် ဖရစ်ဒ်မန်းတိုကို ပိတ်ဆိုမှုစာရင်းမှ ဖယ်ရှားရန် ယာယီသဘောတူညီမှု ရရှိခဲ့သော်လည်း လတ်ဗီးယားက နောက်ဆုံးအဆင့်တွင် ကန့်ကွက်ခဲ့သဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သံတမန်များက ပြောသည်။

ရှီကျင့်ဖျင် စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်သို နိုင်ငံတော်ခရီးစဉ် သွားရောက်ပြီး ထရမ့်နှင့် တရုတ်-အမေရိကန်ဆက်ဆံရေး၊ ကမ္ဘ
ရှီကျင့်ဖျင် စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်သို နိုင်ငံတော်ခရီးစဉ် သွားရောက်ပြီး ထရမ့်နှင့် တရုတ်-အမေရိကန်ဆက်ဆံရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးမည် ပေကျင်း၊ စက်တင်ဘာ ၂၂ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်ပြည်ထောင်စုသို နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ချီ အမေရိကန်နိုင်ငံ နယူးယောက်မြိုသို ရောက်ရှိ ကုလသမ
ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ချီ အမေရိကန်နိုင်ငံ နယူးယောက်မြိုသို ရောက်ရှိ ကုလသမဂ္ဂ၌ ကျင်းပမည့် ကမ္ဘာ့ခေါင်းဆောင်များ၏ နှစ်ပတ်လည် အစည်းအဝေးသို တက်ရောက်ရန်အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီ ဦးဆောင်သော သံတမန်အဖွဲသည် စက်တင်ဘာ ၂၁ ရက်တွင် နယူးယောက်မြိုသို ရောက်ရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

လပွတ္တာမြိုမဈေးကို ခေတ်မီဈေးဝယ်စင်တာအဖြစ် တည်ဆောက်ပေးရန် လွှတ်တော်၌ မေးမြန်း၊ အကျိုးတူရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ သိုမဟုတ်
လပွတ္တာမြိုမဈေးကို ခေတ်မီဈေးဝယ်စင်တာအဖြစ် တည်ဆောက်ပေးရန် လွှတ်တော်၌ မေးမြန်း၊ အကျိုးတူရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ သိုမဟုတ် လုပ်ငန်းရှင်ရှိပါက အကောင်အထည်ဖော်မည် နေပြည်တော်၊ စက်တင်ဘာ ၂၂ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို အမှတ် (၅) ရပ်ကွက်ရှိ လပွတ္တာမြိုမဈေးကို ခရိုင်မြိုအင်္ဂါရပ်နှင့်အညီ ခေတ်မီဈေးဝယ်စင်တာအဖြစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိကို စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လပွတ္တာမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေ (ခ) ဦးဝင်းရွှေက မေးမြန်းခဲ့သည်။ ယင်းမေးမြန်းမှုနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးခင်မောင်လတ်က လပွတ္တာမြိုနယ် စည်ပင်သာယာရေးအဖွဲအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အခွန်နှင့် သာမန်ရငွေ ကျပ် ၈၄၃ ဒသမ ၄၂ သန်း လျာထားပြီး သာမန်အသုံးစရိတ် ကျပ် ၄၀၀ ဒသမ ၈၆၅ သန်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၄၃၈ ဒသမ ၇၃ သန်းဖြင့် မြိုသာယာလှပရေး၊ လမ်း၊ တံတားနှင့် မြိုဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

လားရှိး၊ သာစည်၊ ကလေးနှင့် မိုးညှင်းတိုတွင် ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 𝙎𝙀𝙋~𝟐𝟐 ရှမ်းပြည်န
လားရှိး၊ သာစည်၊ ကလေးနှင့် မိုးညှင်းတိုတွင် ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 𝙎𝙀𝙋~𝟐𝟐 ရှမ်းပြည်နယ် လားရှိးမြိုနှင့် သာစည်မြိုနယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြိုနှင့် ကချင်ပြည်နယ် မိုးညှင်းမြိုနယ်တိုတွင် စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ဘိန်းဖြူ၊ ဘိန်းစိမ်း၊ အိုက်စ် (မက်သ်အဖက်တမင်း)၊ စိတ်ကြွဆေးပြား၊ အက်တက်စီဆေးပြားနှင့် HAPPY WATER တိုအပါအဝင် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းဒေသတန်ဖိုးမှာ ငွေကျပ် ၃ ဘီလီယံကျော်ရှိကြောင်း သိရသည်။ Noted: ဒီနေ့တစ်ရက်တည်းကို မူးယစ်ဆေးတွေမိတာ မနည်းတော့ ဘူး။ ကျွန်တော့ စိတ်ထင် တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နည်းလမ်း ၂ ခုနဲ့ လုပ်နေတာပါ။ တစ်ခုက သူတို့ရေရှည်ရပ်တည်နိုင်အောင် မူးယစ်ဆေးရောင်းဝယ်မှုကရတဲ့ ပိုက်ဆံကို အသုံးပြုဖို့၊ နောက်တစ်ခုက မြန်မာပြည်အလယ်ပိုင်းက ဗမာလူငယ်တွေကို မူးယစ်ဆေးနဲ့ ဖျက်စီးဖို့ပါပဲ။ သတိထားနိုင်ကြပါစေ။