ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

သိင်္ခ

သိင်္ခ

前往频道在 Telegram

အသိတိုး

显示更多
未指定国家未指定类别
1 058
订阅者
无数据24 小时
-67 天
-5330 天
帖子存档
လူ့သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် မွေးနှုန်းကျဆင်းမှု ဖြစ်ပေါ် ဩဂုတ် - ၂၆ ( ဗုဒ္ဓဟူးနေ့ ) ကမ္ဘာ့ကလေးမွေးဖွားနှုန်းဟာ လူသားသမိ
လူ့သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် မွေးနှုန်းကျဆင်းမှု ဖြစ်ပေါ် ဩဂုတ် - ၂၆ ( ဗုဒ္ဓဟူးနေ့ ) ကမ္ဘာ့ကလေးမွေးဖွားနှုန်းဟာ လူသားသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် မျိုးဆက်သစ်ပြန်လည်အစားထိုးနိုင်တဲ့ နှုန်းထား အောက်ကို လျှော့နည်းကျဆင်းသွားခဲ့ပြီ ဖြစ်တာကြောင့် နောက်ထပ် မျိုးဆက်တစ်ခုလောက် အတွင်းမှာပဲ ကမ္ဘာ့လူဦးရေ စတင်လျော့နည်းလာတော့မယ်လို လေ့လာမှုအသစ်တစ်ခုက သတိပေးလိုက်ပါတယ်။ ပန်ဆယ်ဗေးနီးယား တက္ကသိုလ်က စီးပွားရေးဗေဒပါမောက္ခ ဖာနန်ဒက်စ် နဲ့ အနောက်မြောက် တက္ကသိုလ်က သုတေသီ ပက်ထရစ် နော်ရစ်တို ယခုလအစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ သုတေသနစာတမ်းမှာ မွေးဖွားနှုန်း အချိန်အကြာကြီး ဆက်တိုက်ကျဆင်းနေတာဟာ လုပ်သားအင်အားကို လျှော့နည်းစေတာ၊ လူ့အဖွဲအစည်းကို လျှင်မြန်စွာ အိုမင်းခြင်းဖြစ်စေတာအပြင် စီးပွားရေးနဲ့ လူမှုဖူလုံရေးစနစ်တွေကိုပါ ဝန်ပိသွားစေနိုင်တယ်လို သတိပေးထားတာပါ။

မြိုသစ်မြိုနယ်ရှိ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှတိုမှ ဆက်လက်ရေကျော်ကျ မြိုသစ်၊ ဩဂုတ် ၂၆ မကွေးတိုင်းဒေသကြီး၊ မြိုသစ
မြိုသစ်မြိုနယ်ရှိ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှတိုမှ ဆက်လက်ရေကျော်ကျ မြိုသစ်၊ ဩဂုတ် ၂၆ မကွေးတိုင်းဒေသကြီး၊ မြိုသစ်မြိုနယ်တွင် ဩဂုတ်လလဆန်းပိုင်းကစတင်၍ မိုးများအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ယနေ့ဩဂုတ်လ ၂၆ ရက်နေ့နံနက် ၆ နာရီ ဆည်ရေတိုင်းထွာချက်အရ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှတိုမှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြိုနယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။ စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၅၀)ပေရှိသည့်အတွက်ရေပိုလွှမှ (သုည ဒသမ ငါးပေခန့်)၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့် အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၀ ဒသမ ၇၀ ပေ) ရှိသည့်အတွက် ရေပိုလွှမှ (သုည ဒသမ နှစ်ပေခန့်)ဆက်လက်ရေကျော်ကျလျက်ရှိကြောင်းသိရသည်။

ဟော်မုဇ်ရေလက်ကြားအတွက် အီရန်နှင့် အိုမန်တို့၏ ယာယီရေကြောင်းစင်္ကြံ အစီအစဉ် 🌲🌲ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုန်သွယ်ရေးအတွက် အရေးပါဆုံး ရေကြောင်းလမ်းကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ လုံခြုံစွာ ဖြတ်သန်းနိုင်ရေးအတွက် အီရန်နဲ့ အိုမန်တို့ ဆွေးနွေးမှုတွေ ပြုလုပ်လာပါတယ်။ 🌲🌲ဩဂုတ် ၂၅ ရက်က အီရန်နိုင်ငံ တီဟီရန်မြို့မှာ အိုမန်နိုင်ငံခြားရေးဝန်ကြီး ဘဒရ် ဘင် ဟာမက် အယ်လ်ဘူဆိုင်းဒီနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာဂ်ချီတို့ တွေ့ဆုံခဲ့ပြီး ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောသွားလာမှု လုံခြုံချောမွေ့စေရေးကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။ 🌲🌲အထူးစိတ်ဝင်စားစရာကတော့ ယာယီပူးတွဲရေကြောင်းစင်္ကြံတစ်ခု ဖန်တီးပြီး ကုန်တင်သင်္ဘောနဲ့ ရေနံတင်သင်္ဘောတွေကို သတ်မှတ်ထားတဲ့ လမ်းကြောင်းကနေ ဖြတ်သန်းခွင့်ပြုရေး အစီအစဉ် ဖြစ်ပါတယ်။ 🌲🌲ဟော်မုဇ်ရေလက်ကြားဟာ အကျယ်အဝန်းအရ ကျဉ်းမြောင်းပေမယ့် ကမ္ဘာ့စွမ်းအင်ဈေးကွက်အတွက်တော့ အလွန်အရေးကြီးတဲ့ “လည်ချောင်းပေါက်” တစ်ခုလို ဖြစ်နေပါတယ်။ ဒီရေလမ်းကြောင်းမှာ သင်္ဘောသွားလာမှု အနှောင့်အယှက်ဖြစ်လာရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုအပေါ် သက်ရောက်နိုင်သလို ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေကိုပါ လှုပ်ခတ်စေနိုင်ပါတယ်။ 🌲🌲ဒါကြောင့် အီရန်နဲ့ အိုမန်တို့ရဲ့ ယာယီရေကြောင်းစင်္ကြံ အစီအစဉ်ဟာ သင်္ဘောတွေ လုံခြုံစွာ ဖြတ်သန်းနိုင်ရေးအတွက်သာမက ကမ္ဘာ့ရေနံဈေးကွက်နဲ့ နိုင်ငံတကာကုန်သွယ်ရေး တည်ငြိမ်ရေးအတွက်ပါ အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ အခုအချိန်မှာတော့ ဒီအစီအစဉ်ဟာ လက်တွေ့အကောင်အထည်ဖော်မှုအဆင့် ဘယ်လောက်အထိ ရောက်ရှိလာမလဲဆိုတာက အဓိက စောင့်ကြည့်ရမယ့်အချက် ဖြစ်ပါတယ်။
သိင်္ခ
https://t.me/theinkha007/2576

photo content

မန္တလေးပြည်သူ့ဆေးရုံကြီးသိုအစာအဆိပ်သင့် သံဃာအပါး (၃၀) လာရောက်ဆေးဝါးကုသမှုခံယူရ ၂၀၂၆ ခုနစ် သြဂုတ်လ ၂၆ ရက် ၀၉၀၀ အချိန် ပုသိမ်ကြ
+2
မန္တလေးပြည်သူ့ဆေးရုံကြီးသိုအစာအဆိပ်သင့် သံဃာအပါး (၃၀) လာရောက်ဆေးဝါးကုသမှုခံယူရ ၂၀၂၆ ခုနစ် သြဂုတ်လ ၂၆ ရက် ၀၉၀၀ အချိန် ပုသိမ်ကြီးမြိုနယ်၊ အုန်းချောကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ ပေါက်စိမ်းသာမ‌ဏေစာသင်ကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကေသရ ဦးစီးပြီး စာသင်ဆရာတော် ရဟန်း ၇ ပါး၊ ကိုရင် ၁၅၈ ပါး၊ ပေါင်း( ၁၆၅) ပါးရှိရာ ၀၇၀၀ အချိန်တွင် အာရုံဆွမ်း ဘုန်းပေးသည့် လ္ဘတ်ထမင်း၊ ငါးဖယ်သုတ်၊ ငရုတ်သီးကြော်၊ ရိုးရိုးဟင်းရည်တို ဘုဉ်းပေးစားသောက်ရာတွင် သံဃာ အပါး (၇၀) ခန့် အစာအဆိပ်သင့် ဖြစ်ပွားသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ရှင်သိက္ခနန္ဒ ပါ သံဃာ အပါး (၃၀) ခန့် လာရောက်ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရပါသည်။

စင်ကာပူနိုင်ငံသား ကလေးငယ်တိုင်း စင်ကာပူဒေါ်လာ ၇၀,၀၀၀ ထောက်ပံ့ကြေး ရမည် စင်ကာပူနိုင်ငံသား ကလေးငယ်တိုင်း အသက် ၁၇ နှစ် မပြည့်မီအ
စင်ကာပူနိုင်ငံသား ကလေးငယ်တိုင်း စင်ကာပူဒေါ်လာ ၇၀,၀၀၀ ထောက်ပံ့ကြေး ရမည် စင်ကာပူနိုင်ငံသား ကလေးငယ်တိုင်း အသက် ၁၇ နှစ် မပြည့်မီအထိ စင်ကာပူဒေါ်လာ ၇၀,၀၀၀ နီးပါး ကို ဘဏ္ဍာရေးထောက်ပံ့မှု ရရှိမှာ ဖြစ်တယ်လို CNA သတင်းမှာ ဖော်ပြထားပါတယ်။ စင်ကာပူဝန်ကြီးချုပ် လောရန့်ဝမ် က ဩဂုတ်လ ၂၃ ရက်က ကျင်းပခဲ့တဲ့ အမျိုးသားနေ့ မိန့်ခွန်းမှာ “SG Child Support Package” လို ခေါ်ဆိုတဲ့ ကလေးသူငယ်တွေ ထောက်ပံ့ရေး အစီအစဉ်သစ်ကို ကြေညာ ခဲ့တာ ဖြစ်ပါတယ်။ အခုထောက်ပံ့ရေးအစီအစဉ်ဟာ မွေးဖွားမှု အစီအစဉ်အပေါ် မူတည်တာ မရှိဘဲ ကလေးတိုင်း တန်းတူ ထောက်ပံ့ကြေး ရရှိသွားမှာ ဖြစ်ပါတယ်။ မိဘတွေ တရားဝင် အိမ်ထောင်ပြုထားတာ ရှိ၊ မရှိ ဒါမှမဟုတ် မိဘတစ်ယောက်တည်း ရှိတဲ့ မိသားစုတွေ (Single parents) ကလေးတွေပါ မကျန် ကလေးတိုင်း ကြီးပြင်း ဖွံဖြိုးမှုအတွက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ အရင်က အသက် ၁၂ နှစ် အထိသာ ထောက်ပံ့ရာကနေ အခု အသက် ၁၇ နှစ်အထိ တိုးမြှင့် ထောက်ပံ့ ပေးသွားမှာ ဖြစ်တယ်လို သိရပါတယ်။

ပါကစ္စတန်နိုင်ငံ၏ မြိုတော်အစ္စလမ္မာဘတ်မြိုရှိ ဆေးရုံမီးလောင်မှုကြောင့် မွေးကင်းစ ကလေးငယ် ၁၅ ဦး သေဆုံး ၂၆.၈.၂၀၂၆ ပါကစ္စတန်နိုင
+3
ပါကစ္စတန်နိုင်ငံ၏ မြိုတော်အစ္စလမ္မာဘတ်မြိုရှိ ဆေးရုံမီးလောင်မှုကြောင့် မွေးကင်းစ ကလေးငယ် ၁၅ ဦး သေဆုံး ၂၆.၈.၂၀၂၆ ပါကစ္စတန်နိုင်ငံ၊ အစ္စလမ္မာဘတ်မြိုမှ ဆေးရုံတစ်ခု၏ တတိယထပ်ရှိ မီးဖွားဆောင်တွင် မီးလောင်ကျွမ်းမှုတစ်ခု ယနေ့ သြဂုတ်လ ၂၆ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ရာ အနည်းဆုံး ကလေးငယ် ၁၅ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ အစ္စလမ္မာဘတ်မြိုရှိ PIMS ဆေးရုံ၏ တတိယထပ်ရှိ သာဖွားမီးယပ်ဆောင်တွင် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် လေအေးပေးစက်တစ်လုံး ပေါက်ကွဲသွားချိန် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။ ထိုအချိန်တွင် မွေးကင်းစကလေးငယ် ၁၆ ဦး ဆေးရုံတွင် ရှိနေခဲ့ပြီး ကလေးငယ်တစ်ဦးကိုသာ ကယ်တင်နိုင်ခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုများနှင့် တောင်ကျရေများကြောင့် အတ္ထရံမြစ်ရေလျှံမှုဖြစ်ပွားနေပြီး ကျိုက်မရောမြိုအပါအဝင် မြစ်ကမ်းဘေးကျ
+4
မိုးသည်းထန်စွာရွာသွန်းမှုများနှင့် တောင်ကျရေများကြောင့် အတ္ထရံမြစ်ရေလျှံမှုဖြစ်ပွားနေပြီး ကျိုက်မရောမြိုအပါအဝင် မြစ်ကမ်းဘေးကျေးရွာတချိုရေဝင်ရောက်မှုများရှိနေ

ယာခင်းတွေအပြည့်ဖြန့်လှမ်းထားတဲ့ခရမ်းချဥ်သီးတွေ တူရကီတောင်ပိုင်းမှာ နိုင်ငံခြားပိုဖို ခရမ်းချဥ်သီးတွေကို အခြောက်ခံဖို ကွင်းအပြည့် ဖြန့်လှမ်းထားတာကို ဒရုန်းကနေ တမျှော်တခေါ်ကြီးမြင်ရတာပါ။ ဒီယာဘာကီယာပြည်နယ်က ယာသမားတွေက ဒီခရမ်းချဥ်သီးတွေကို အခြောက်လှမ်းပြီး ဥရောပကိုပိုကြပါတယ်။ ဥရောပမှာတော့ ပီဇာနဲ့တခြားဟင်းလျာတွေမှာသုံးတဲ့ ခရမ်းချဥ်သီးဆော့စ်လုပ်ကြပါတယ်။ ဒီအချိန်ဆိုရင် ယာလုပ်သားတွေဟာ ဒီဂရီ ၄၀ ကျော်တဲ့အပူချိန်အောက်မှာ ခရမ်းချဥ်သီးတွေ ဖြန့်ခင်းတဲ့အလုပ်ကို တစ်နေကုန်အောင် လုပ်ကြရပါတယ်။ အပြည့်အစုံကို ရုပ်သံမှာ ကြည့်နိုင်ပါပြီ။

ငဝန်တာ၏နိမ့်ကျမှုဖြစ်ပွားခဲ့သည့် တာတမံအား ကာရံပိတ်ဆိုနိုင်ရန် Steel Sheet Pile နှင့် Stand Pipe များ ရိုက်သွင်းခြင်းလုပ်ငန်းများအား အချိန်တိုအတွင်းပြီးစီးစေရေး ဆောင်ရွက်လျက်ရှိ

အောင်မြေသာစံမြိုနယ်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အရိပ်မထွက်ဘုရားနှင့် ဘုရားနိဘုရားတိုအား ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းလျက်ရှိ

YMBA ဗဟိုအတွင်းရေးမှူးအား ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် တရားခံ ၄ ဦးစလုံးကို ဖမ်းဆီးရမိ (မှုခင်း) ဩဂုတ် ၂၆ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်
YMBA ဗဟိုအတွင်းရေးမှူးအား ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် တရားခံ ၄ ဦးစလုံးကို ဖမ်းဆီးရမိ (မှုခင်း) ဩဂုတ် ၂၆ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ဗဟိုအတွင်းရေးမှူးအား ဝိုင်းဝန်းရိုက်နှက် ရမ်းကားခဲ့သည့် တရားခံ ၄ ဦးစလုံးကို သက်ဆိုင်ရာ လုံခြုံရေးရဲတပ်ဖွဲက အချိန်တိုအတွင်း စုံစမ်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ YMBA ဗဟိုအတွင်းရေးမှူးဖြစ်သူအား ကြိုးသုတ် ဝိုင်းဝန်းရိုက်နှက် ရမ်းကားမှု ပြုလုပ်ခဲ့သူများကို အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာ ရဲတပ်ဖွဲဝင်များက တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် သဲလွန်စများ ရှာဖွေစုံစမ်းခြင်းနှင့် နယ်မြေရှင်းလင်း စုံစမ်းမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ ထိုသို အနီးကပ် စုံစမ်းဖော်ထုတ်မှုများကြောင့် ဖြစ်စဉ်တွင် တိုက်ရိုက်ပါဝင် ကျူးလွန်ခဲ့သည့် တရားခံ ၄ ဦးစလုံးကို သက်ဆိုင်ရာ နယ်မြေအတွင်း အချိန်တိုအတွင်း ရှာဖွေဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသည့် တရားခံ ၄ ဦးအား သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် တရားစွဲဆို တင်ပိုနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း....

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးတွင် အမှာစကားပြောကြားချက်မှ
+6
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးတွင် အမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်။

ညစစ်ဆင်ရေးဖြင့် တိုက်ခိုက်ချေမှုန်း ခံရသော အကြမ်းဖက် AAရဲ့ ရှင်းလက်ဝဌာနခ မှာ AA နဲ့ ခိုင်းဖက် မာရာငပိန်းတို့ (၂၀၀)ကျော် တပျော
+2
ညစစ်ဆင်ရေးဖြင့် တိုက်ခိုက်ချေမှုန်း ခံရသော အကြမ်းဖက် AAရဲ့ ရှင်းလက်ဝဌာနခ မှာ AA နဲ့ ခိုင်းဖက် မာရာငပိန်းတို့ (၂၀၀)ကျော် တပျော်တပါးဂိန်ခဲ့ကြခြင်း👍👍👍

ဧရာဝတီ ပါဝင်မည့် အာရှအမျိုးသမီး ချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲ စက်တင်ဘာ ၃ ရက် ကျင်းပမည် ရန်ကုန်၊ ဩဂုတ် ၂၆ မြန်မာကလပ် ဧရာဝတီအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၆-၂၀၂၇ ရာသီ AFC အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် မဲခွဲပွဲကို လာမည့် စက်တင်ဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အာရှဘောလုံးအဖွဲချုပ် (AFC) က ထုတ်ပြန်ထားသည်။ အဆိုပါပြိုင်ပွဲ၏ ခြေစစ်ပွဲများကို ဩဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ပြီး အုပ်စု (A) မှ East Bengal FC (အိန္ဒိယ)၊ အုပ်စု (B) မှ Kaya FC-Iloilo (ဖိလစ်ပိုင်)၊ အုပ်စု (C) မှ PFC Nasaf (ဥဇဘက်ကစ္စတန်)၊ အုပ်စု (D) မှ 4.25 SC (မြောက်ကိုရီးယား)၊ အုပ်စု (E) မှ Bam Khatoon FC (အီရန်) နှင့် အုပ်စု (F) မှ Ayeyawady FC (မြန်မာ) တို အုပ်စုဗိုလ်များအဖြစ် အုပ်စုအဆင့်သို တက်ရောက်ခွင့်ရရှိခဲ့ကြသည်။ ယင်းခြောက်သင်းသည် လက်ရှိချန်ပီယံ Naegohyang Women’s FC (မြောက်ကိုရီးယား)၊ Melbourne City FC (ဩစတြေးလျ)၊ Hwacheon KSPO WFC (တောင်ကိုရီးယား)၊ INAC Kobe Leonessa (ဂျပန်)၊ Beijing Jingtan Football Club (တရုတ်) နှင့် Ho Chi Minh City Women’s FC (ဗီယက်နမ်) တိုနှင့်အတူ အုပ်စုအဆင့်တွင် စုစုပေါင်း ၁၂ သင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

photo content

ပါလက်စတိုင်းတွေရဲ့ အထိမ်းအမှတ် ကျောက်တိုင်ကို အစ္စရေး အမတ်တစ်ယောက်က သွားရောက် ရိုက်ခွဲ ဩဂုတ် - ၂၆ ( ဗုဒ္ဓဟူးနေ့ ) အစ္စရေးရဲ့ လက်ယာစွန်း လွှတ်တော်အမတ်တစ်ဦးဟာ အင်္ဂါနေ့တုန်းက သိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေမှာ ရှိတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း သေဆုံးသွားခဲ့တဲ့ ပါလက်စတိုင်းလူမျိုးတွေအတွက် စိုက်ထူထားတဲ့ အထိမ်းအမှတ်ကျောက်တိုင်ကို သွားရောက်ရိုက်ခွဲခဲ့ပါတယ်။ ဒီလိုပြုလုပ်ရာမှာ အစ္စရေးစစ်တပ် (IDF) ရဲ့ စောင့်ရှောက်မှုနဲ့အတူ သွားရောက်ခဲ့တာဖြစ်ပြီး၊ ဒီလုပ်ရပ်အပေါ် အစ္စရေးစစ်တပ်ကိုယ်တိုင်နဲ့ နိုင်ငံရေးသမားတွေက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် ပါဝင်ခဲ့သည့် နိုင်ငံပေါင်း(၅၀)ကျော်မှ နိုင်ငံခြားသား(၇၂,၀၀၀)ဦးကျော်ကို မူရင်းနိုင်ငံများသ
အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် ပါဝင်ခဲ့သည့် နိုင်ငံပေါင်း(၅၀)ကျော်မှ နိုင်ငံခြားသား(၇၂,၀၀၀)ဦးကျော်ကို မူရင်းနိုင်ငံများသို စနစ်တကျလွှပြောင်းပေးခဲ့ပြီးဖြစ် သံတမန်ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တာဝန်ယူမှုရှိသောနိုင်ငံအဖြစ် ဆက်လက်ရပ်တည် ဆောင်ရွက်သွားမည်ဟု MOFA ပြည်ထောင်စုဝန်ကြီးပြော အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ပါဝင်ခဲ့သည့် နိုင်ငံပေါင်း(၅၀)ကျော်မှ နိုင်ငံခြားသား(၇၂,၀၀၀)ဦးကျော်ကို မူရင်းနိုင်ငံများသို စနစ်တကျလွှပြောင်းပေးခဲ့ပြီးဖြစ်ရာ သံတမန်ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တာဝန်ယူမှုရှိသောနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေကပြောသည်။ သြဂုတ် ၂၅ ရက်ကကျင်းပသည့် "နိုင်ငံဖြတ်ကျော်ရာ ဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှု တားဆီး၊ ကာကွယ်၊ တိုက်ဖျက်ရေးဆိုင်ရာ"အသိပညာပေးဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမိုင်းတွင် အကြီးမားဆုံးဖြစ်လာနိုင်သည့် ဗီဇာပယ်ဖျက်မှုအစီအစဉ် – နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ ၂ သိန်းခန့် ထိခိုက်နိုင် အမေရိကန်ပြည်ထောင်စုသို့ B1/B2 (စီးပွားရေးနှင့် ခရီးသွား) ဗီဇာများဖြင့် ဝင်ရောက်လာပြီးနောက် နိုင်ငံရေးခိုလှုံခွင့် (Asylum) လျှောက်ထားထားသူ သို့မဟုတ် လျှောက်ထားဆဲဖြစ်သည့် နိုင်ငံခြားသား ဦးရေ ၂၀၀,၀၀၀ (၂ သိန်း) ခန့်၏ ဗီဇာများကို ရုပ်သိမ်း/ပယ်ဖျက်ရန် အမေရိကန်အစိုးရ (Trump အုပ်ချုပ်ရေးအဖွဲ့) က ပြင်ဆင်နေကြောင်း AP သတင်းဌာနက ဖော်ပြလိုက်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရရှိသည့် စာရွက်စာတမ်းများနှင့် တာဝန်ရှိသူများ၏ ပြောကြားချက်များအရ အဆိုပါ အစီအစဉ်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း B1 နှင့် B2 ဗီဇာ ထုတ်ပေးခြင်းခံထားရပြီး ခိုလှုံခွင့်လျှောက်ထားသူများကို ပစ်မှတ်ထားခြင်းဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန (State Department) နှင့် ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (Department of Homeland Security) တို့ ပူးပေါင်း၍ လာမည့်သီတင်းပတ်များအတွင်း တရားဝင် ထုတ်ပြန်ကြေညာဖွယ် ရှိနေသည်။ တရားဥပဒေကြောင်းအရ ကန့်ကွက်တရားစွဲဆိုမှုများ သို့မဟုတ် မူဝါဒပြင်ဆင်မှုများ မရှိခဲ့ပါက ဤလုပ်ဆောင်ချက်သည် အမေရိကန်သမိုင်းတွင် တစ်ကြိမ်တည်းဖြင့် အများဆုံး ဗီဇာရုပ်သိမ်းမှု ဖြစ်လာမည်ဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်ကြောင့် လက်ရှိတွင် အမေရိကန်၌ ခိုလှုံခွင့်လျှောက်ထားဆဲဖြစ်သော သို့မဟုတ် လျှောက်ထားခဲ့ဖူးသော လူပေါင်းများစွာအတွက် ဗီဇာအခြေအနေဆိုင်ရာ နောက်ဆက်တွဲ ရိုက်ခတ်မှုများနှင့် တရားဥပဒေဆိုင်ရာ စိန်ခေါ်မှုများစွာ ထွက်ပေါ်လာဖွယ်ရှိနေကြောင်း သုံးသပ်ဖော်ပြထားကြသည်။
သိင်္ခ
https://t.me/theinkha007/2543

photo content