ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

သိင်္ခ

သိင်္ခ

前往频道在 Telegram

အသိတိုး

显示更多
未指定国家未指定类别
1 061
订阅者
-224 小时
-87 天
-7230 天
帖子存档
ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဒုတိယ
ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဒုတိယဝန်ကြီး‌ ဒေါက်တာသောင်းနိုင် မှာကြား နေပြည်တော်၊ စက်တင်ဘာ ၂ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး‌ ဒေါက်တာ သောင်းနိုင်က အဆိုပါရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကို ယမန်နေ့က သွားရောက်ကြည့်ရှုစဉ် မှာကြားသည်။ ထိုပြင် သတ်မှတ်ထုတ်ပြန်ထားသည့် မူဝါဒများနှင့်အညီ ဆောင်ရွက်ရန်၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲအစည်းများအချင်းချင်း ပေါင်းစပ်ညှိနှိင်းဆောင်ရွက်သွားရန်၊ အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များကို ထိရောက်အောင်မြင်အောင် အလေးထားဆောင်ရွက်သွားရန် မှာကြားပြီး စီမံကိန်းအတွင်းရှိ သစ်ပင်များ စနစ်တကျစိုက်ပျိုးထားရှိမှု၊ ရေရရှိနိုင်ရေးအတွက် ရေဂါလန် (၅၀၀၀၀၀) ဆံ့ ရေလှောင်ကန်၊ ရေတွန်းစက်ရုံနှင့် ရေပိုက်လိုင်းများ ဆောင်ရွက်မှုတိုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ပေါင်းလောင်းရေလှောင်တမံအောက်ဘက်ရှိဒေသများ ရေကြီးရေလျှံမှုအတွက် စိုးရိမ်ဖွယ်ရာမရှိ နေပြည်တော်၊ စက်တင်ဘာ ၂ နေပြည်တော် ဇေယျာသီရိ
ပေါင်းလောင်းရေလှောင်တမံအောက်ဘက်ရှိဒေသများ ရေကြီးရေလျှံမှုအတွက် စိုးရိမ်ဖွယ်ရာမရှိ နေပြည်တော်၊ စက်တင်ဘာ ၂ နေပြည်တော် ဇေယျာသီရိမြိုနယ်ရှိ အောက်ပေါင်းလောင်း ရေလှောင်တမံသည် လက်ရှိတွင် ရေဝင်ရောက်မှုနှင့် သိုလှောင်မှုကို ဟန်ချက်ညီ ထိန်းသိမ်းထားနိုင်သဖြင့် တမံအောက်ဘက်ဒေသများနှင့် စစ်တောင်းမြစ်တစ်လျှောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ရန်မရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် အောက်ပေါင်းလောင်းတမံ၌ ဟိုက်ဒရောလစ် ရေမြှင့်ရေတံခါး (HED) ၁၀ ရွက် ဖွင့်လှစ်ထားရှိပြီး ပေါင်းလောင်းရေလွှဆည် (အဝေရာရေလွှဆည်) မှတစ်ဆင့် ရေလမ်းကြောင်း ထိန်းညှိ ဆောင်ရွက်လျက်ရှိသည်။ သိုဖြစ်ရာ ရေဝေရေလဲဒေသများနှင့် မြစ်ဝှမ်းတစ်လျှောက် ထူးကဲစွာ မိုးသည်းထန်စွာ ရွာသွန်းခြင်း မရှိပါက ဒေသတွင်း ဘေးကင်းလုံခြုံမှုရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း HIV ပိုးတွေ့ရှိသူ ၇ သောင်းကျော်ရှိပြီး ART ဆေးပေးဌာန ၆၂ ခုတွင် အခမဲ့ ဖြန့်ဝေပေးနေ ရန်ကုန်၊ စက်တင်ဘာ ၂ ရန်
ရန်ကုန်တိုင်းအတွင်း HIV ပိုးတွေ့ရှိသူ ၇ သောင်းကျော်ရှိပြီး ART ဆေးပေးဌာန ၆၂ ခုတွင် အခမဲ့ ဖြန့်ဝေပေးနေ ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် ဇွန်လအထိ စာရင်းများအရ HIV ပိုးတွေ့ရှိသူ အရေအတွက် ၇၀,၂၅၃ ဦး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်း မေးမြန်းဖြေကြားချက်များအရ သိရသည်။ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ART ဆေးဝါးဖြန့်ဖြူးမှုဆိုင်ရာ မေးမြန်းချက်ကို ရန်ကုန်တိုင်းအစိုးရ၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ HIV လူနာများအတွက် ခုခံအားကျ ကာလသားရောဂါ တို-က်ဖျ-က်ရေးဌာနများနှင့် ART ဆေးပေးဌာန စုစုပေါင်း ၆၂ ခုတွင် ဆေးဝါးများကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိပြီး မြို့နယ်အားလုံးနီးပါးကို လွှမ်းခြုံထားကြောင်း သိရသည်။ ထို့ပြင် ဆေးဝါးပြတ်လပ်မှု မရှိစေရန် နှစ်စဉ် လိုအပ်ချက်များကို ကြိုတင်တွက်ချက် ဝယ်ယူလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ART ဆေးဝါးဝယ်ယူရေး ဘဏ္ဍာငွေခွဲတမ်းကို အခြားရောဂါများထက် ဦးစားပေး သုံးစွဲနေကြောင်း ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF ၂၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံအလင်းဝင် စက်တင်ဘာလ ၂ ရက်နေ့ ယနေ့ တောင်ပိုင်းတို
+9
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF ၂၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံအလင်းဝင် စက်တင်ဘာလ ၂ ရက်နေ့ ယနေ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF အဖွဲ့ဝင် အမျိုးသား(၂၀)ဦး၊ အမျိုးသမီး (၄)ဦး၊ စုစုပေါင်း၂၄ ဦးတို့သည် သေနတ် ၈ လက်၊ လက်ပစ်ဗုံး ၁၀ လုံး၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့။

ကလေးမြို့ရဲ့ ဘူတာရုံလေး ယခင်လိုအသက်ဝင်ဖို့အတွက် တော်တော်ရုန်းရဦးမယ်.. အကြမ်းဖက်သမားတွေရှိခဲ့တဲ့နေရာမှန်သမျှ ဘယ်နေရာမှ အကောင်းတိုင်းကျန်ခဲ့တယ်ဆိုတာမရှိဘူး.. မှိုင်းဝေ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နောက်ဆုံးရ မြန်မာနှင့် ကမ္ဘာ့သတင်းများတွင် အမေရိကန် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်စစ်သင်္ဘေ
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နောက်ဆုံးရ မြန်မာနှင့် ကမ္ဘာ့သတင်းများတွင် အမေရိကန် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်စစ်သင်္ဘော “USS Abraham Lincoln” သည် ထိုင်းနိုင်ငံ လန်ချဘန်ဆိပ်ကမ်းသို့ ကမ်းကပ်ရောက်ရှိလာသည့် သတင်း ပါဝင်နေပါသည်။ အဆိုပါ သင်္ဘောပေါ်မှ ပါလာသည့် အမေရိကန်စစ်သား ထောင်ပေါင်းများစွာ၏ ပတ္တယား အပန်းဖြေခရီးစဉ်ကြောင့် ထိုင်းနိုင်ငံအတွက် ဘတ်ငွေ သန်းပေါင်းများစွာ ဝင်ငွေရရှိမည်ဟု ထိုင်းအာဏာပိုင်များက ခန့်မှန်းထားကြပါသည်။ သို့သော်လည်း ပတ္တယားတွင် သွားရောက် အပန်းဖြေမည့် အမေရိကန်စစ်သားများလိုက်နာရန် ကန့်သတ်ချက်အချို့ကို အမေရိကန်ရေတပ်ဘက်က ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါသည်။ သိင်္ခ

မိတ္ထီလာမြို့ရဲ့ သမိုင်းဝင် (၁၄၃) ကြိမ်မြောက် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမယ့် စက်တင်ဘာလ ၁၉ ရက်ကနေ ၂၉ ရက်
မိတ္ထီလာမြို့ရဲ့ သမိုင်းဝင် (၁၄၃) ကြိမ်မြောက် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမယ့် စက်တင်ဘာလ ၁၉ ရက်ကနေ ၂၉ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ ပွဲတော်ကာလအတွင်း ဘုရားဖူး ပျော်ပွဲရွှင်ပွဲများ၊ ဈေးဆိုင်တန်းများနှင့် ချားရဟတ်များအပြင် မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲနှင့် ဆွမ်းသပိတ်လောင်းလှူပွဲများကိုပါ စုံလင်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါသည်။ မိတ္ထီလာမြို့ရဲ့ ရိုးရာအငွေ့အသက်နှင့် ပွဲတော်၏ စည်ကားသိုက်မြိုက်မှုကို အပြည့်အဝ ခံစားနိုင်ရန်အတွက် မိသားစု၊ မိတ်ဆွေများနှင့်အတူ သွားရောက် ဘုရားဖူးရင်း ပွဲတော်အမှီ အချိန်ပေးသွားရောက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

(၁၉)ကြိမ်မြောက် တပ်ဖွဲတွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်၊ တပ်မတ
(၁၉)ကြိမ်မြောက် တပ်ဖွဲတွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ချီးမြှင့်

အိုင်သပြုတိုက်နယ်ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက် ဧရာဝတီတိုင်း၊ လေးမျက်နှာမြိုနယ်၌ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စ
အိုင်သပြုတိုက်နယ်ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက် ဧရာဝတီတိုင်း၊ လေးမျက်နှာမြိုနယ်၌ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် ရေနစ်မြုပ်ခဲ့သော အိုင်သ ပြုတိုက်နယ်ဆေးရုံအား ရေများကျဆင်းသွားသဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို ဆောင်ရွက်နေမှုကို ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က စက်တင်ဘာ ၁ ရက်တွင်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအတွင်း/အပြင် သန့်ရှင်းရေး၊ ခြုံနွယ်မြက်များရှင်းလင်းရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်မှာကြားကာ ကျန်းမာရေးဝန်ထမ်းများကိုထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို၏ အနောက်ဘက် (၄) မိုင်ခန့်အကွာ ပမာဏ ၃.၇(M) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ မြန်
စဉ့်ကိုင်မြို၏ အနောက်ဘက် (၄) မိုင်ခန့်အကွာ ပမာဏ ၃.၇(M) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇) နာရီ၊ (၂၁) မိနစ်၊ (၅၅) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် မိုင် (၂၀) ခန့်ကွာ ဝေးသော မြန်မာနိုင်ငံပြည်တွင်း (စဉ့်ကိုင်မြို၏ အနောက်ဘက် (၄) မိုင်ခန့်အကွာ) မြောက်လတ္တီ တွဒ် (၂၁.၇၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၄) ဒီဂရီ၊ အနက် (၈) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃.၇(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။ #News

ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ ဗီယက်နမ်နိ
ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြိုတွင် ကျင်းပပြုလုပ်သည့် (၂၀) ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲနှင့် ဆက်စပ်အစီအစဉ်များသို ပါဝင်တက်ရောက်

ဒုတိယသမ္မတ ဦးညိုစော ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ် ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူးန
ဒုတိယသမ္မတ ဦးညိုစော ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ် ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူးနှင့် ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ ညွှန်ကြားရေးမှူးတိုအား သီးခြားစီလက်ခံတွေ့ဆုံ

ဘားအံမြိုတွင် သံလွင်မြစ်ရေမြင့်တက်ကာ ရပ်ကွက် (၃)ခုအတွင်းရေဝင်၍ ရေဘေးသင့်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းပေး ကရင်ပြည်နယ်၊ ဘားအံ
ဘားအံမြိုတွင် သံလွင်မြစ်ရေမြင့်တက်ကာ ရပ်ကွက် (၃)ခုအတွင်းရေဝင်၍ ရေဘေးသင့်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းပေး ကရင်ပြည်နယ်၊ ဘားအံမြိုတွင် ယနေ့ စင်တင်ဘာ ၁ ရက်မွန်းတည့် ၁၂ နာရီခန့်က သံလွင်မြစ်ရေမြင့်တက်ကာ မြို၏စိုးရိမ်ရေမှတ်သိုကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်တိုရှိနေအိမ်များအတွင်းသိုရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ဇနီး ဒေါ်နီလာတို့ တက်ရောက်ချီးမြှင့်ခဲ့ပြီး အကောင်းဆုံးတံခွန်စိုက်ဒိုင်းဆုရရှိသည့် အမှတ်(၂)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲအား တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်ပါတယ်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် တပ်ရင်း/တပ်ဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး အကဲဖြတ်အနုပညာရှင်ကြီးများနှင့် စစ်သည်၊ စစ်သမီးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်
+3
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တံခွန်စိုက်ဒိုင်းဆုပေးအပ်ချီးမြှင့်

🙏 မင်္ဂလာ နံနက်ခင်းပါ🙏 အကုသိုလ်ရှောင် ကုသိုလ်ဆောင် ဖြူအောင် စိတ်ကိုထားနိုင်ကြပါစေ။ 🙏🙏🙏
🙏 မင်္ဂလာ နံနက်ခင်းပါ🙏 အကုသိုလ်ရှောင် ကုသိုလ်ဆောင် ဖြူအောင် စိတ်ကိုထားနိုင်ကြပါစေ။ 🙏🙏🙏

အရေးပေါ်ကယ်ဆယ်ရေးအဖွဲကို ဆိုးလ်က နီပေါသို စေလွှတ် နီပေါနိုင်ငံ ရာဆူဝါဒေသတွင် ရေကြီးရေလျှံခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း
အရေးပေါ်ကယ်ဆယ်ရေးအဖွဲကို ဆိုးလ်က နီပေါသို စေလွှတ် နီပေါနိုင်ငံ ရာဆူဝါဒေသတွင် ရေကြီးရေလျှံခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးရန်အတွက် တောင်ကိုရီးယားနိုင်ငံက အဖွဲဝင် ၄၄ ဦးပါ သော အရေးပေါ်ကယ်ဆယ်ရေးအဖွဲတစ်ဖွဲကို နီပေါနိုင်ငံသို စေလွှတ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားသည်။ ရေဘေးသင့်ဒေသတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌ အကူအညီပေးရန် နီပေါနိုင်ငံက တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို စေလွှတ်ခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ချပ်သင်းဘေးမဲ့တောရှိ မြန်မာ့ရွှေသမင် အပါအဝင် အခြားတိရစ္ဆာန်များကို PDF အဖွဲက သတ်ဖြတ်ရောင်းချနေ ၁။ ဘေးမဲ့နယ်မြေ၏ ရည်ရွယ်ချက်ကိ
ချပ်သင်းဘေးမဲ့တောရှိ မြန်မာ့ရွှေသမင် အပါအဝင် အခြားတိရစ္ဆာန်များကို PDF အဖွဲက သတ်ဖြတ်ရောင်းချနေ ၁။ ဘေးမဲ့နယ်မြေ၏ ရည်ရွယ်ချက်ကို ဆန့်ကျင်ခြင်း - ချပ်သင်းသည် တောရိုင်းတိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက်ရန် သတ်မှတ်ထားသော "ဘေးမဲ့တော" ဖြစ်သော်လည်း ထိုနယ်မြေအတွင်း တိရစ္ဆာန်များကို သတ်ဖြတ်ရောင်းချခြင်းသည် ဘေးမဲ့နယ်မြေ တည်ထောင်ထားရခြင်း၏ အနှစ်သာရကို တိုက်ရိုက်ထိခိုက်စေပါသည်။ ၂။ ရှားပါးမျိုးစိတ်များကို မျိုးသုဉ်းစေနိုင်ခြင်း - အထူးထိန်းသိမ်းရမည့် မြန်မာ့ရွှေသမင်ကဲ့သို့သော တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းသည် ဇီဝမျိုးစုံမျိုးကွဲများနှင့် မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော သတ္တဝါများ ကွယ်ပျောက်ရခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။ သိင်္ခ

ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောကြီးနှစ်စီး တိုက်ခိုက်ခံရ ဆော်ဒီအာရေးဗီးယားနဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေပိုင်တဲ့ ရေနံတင်သင
ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောကြီးနှစ်စီး တိုက်ခိုက်ခံရ ဆော်ဒီအာရေးဗီးယားနဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေပိုင်တဲ့ ရေနံတင်သင်္ဘောကြီး နှစ်စီးဟာ ဟော်မုဇ်ရေလက်ကြားမှာ ပစ်ခတ်ခံခဲ့ရတယ်လို ရေကြောင်းလုံခြုံရေး အတိုင်ပင်ခံကုမ္ပဏီ Marisks ကို ကိုးကားပြီး Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။ ဆော်ဒီ Bahri ကုမ္ပဏီရဲ့ Sidr လိုခေါ်တဲ့ ရေနံစိမ်းတင်သင်္ဘောကြီးက အိုမန်နိုင်ငံ၊ Khasab မြိုရဲ့ အရှေ့မြောက်ဘက်ကို သွားနေချိန်မှာ အပစ်ခံရတာပါ။ တောင်ကိုရီးယား Sinokor Group ရဲ့ Senegal Prosperity သင်္ဘောကတော့ အရှေ့ဘက်ကို သွားနေချိန်မှာ ၃ ချက်တိတိ ပစ်ခတ်ခံခဲ့ရတယ်လို ဆိုပါတယ်။ သင်္ဘောနှစ်စီးလုံး ပါရှန်းပင်လယ်ကွေ့ကနေ ထွက်လာကြတာလို Marisks က ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်လေးမျက်နှာမြို၊ အိုင်သပြုကျေးရွာအထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စုပေါ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်လေးမျက်နှာမြို၊ အိုင်သပြုကျေးရွာအထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး ပုသိမ်၊ စက်တင်ဘာ ၁ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို၊ အိုင်သပြုကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို သွားရောက်ကာ ရေကျဆင်းလာသဖြင့် ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲဝင်များနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး စာသင်ကျောင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ရေကျော်စီးဝင်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် ကျောင်းခြံစည်းရိုး ပြန်လည်ပြုပြင်ဆောင်နိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့ပြီး ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။