ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

သိင်္ခ

သိင်္ခ

前往频道在 Telegram

အသိတိုး

显示更多
未指定国家未指定类别
1 067
订阅者
无数据24 小时
-187 天
-5530 天
帖子存档
ဂျပန်နိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့တက်ဂ်ဘောအသင်း နိုင်ငံအလိုက်အဆင့် (၂) ရရှိ ဂျပန်နိုင်ငံ နာဂို
ဂျပန်နိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့တက်ဂ်ဘောအသင်း နိုင်ငံအလိုက်အဆင့် (၂) ရရှိ ဂျပန်နိုင်ငံ နာဂိုယာမြိုတွင် ကျင်းပသည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းက ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် တစ်ဆုစီ ဆွတ်ခူးကာ နိုင်ငံအလိုက် ဆုတံဆိပ်အဆင့် သတ်မှတ်ချက်တွင် အဆင့် (၂) နေရာ ရရှိခဲ့ကြောင်း သိရသည်။ မြန်မာအသင်းသည် တက်ဂ်ဘောပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ဆု၊ ငွေတံဆိပ် ၁ ဆုနှင့် ကြေးတံဆိပ် ၁ ဆု ရရှိခဲ့ပြီး စုစုပေါင်း ဆုတံဆိပ် ၃ ဆုဖြင့် အဆင့် (၂) နေရာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုတွင် ထိုင်းနိုင်ငံက ရွှေတံဆိပ် ၃ ဆုဖြင့် အဆင့် (၁)၊ မြန်မာနိုင်ငံက ရွှေ ၁၊ ငွေ ၁၊ ကြေး ၁ ဆုဖြင့် အဆင့် (၂) နှင့် တောင်ကိုရီးယားက ရွှေတံဆိပ် ၁ ဆုဖြင့် အဆင့် (၃) နေရာ ရရှိခဲ့သည်။

ယာဉ်အို/ယာဉ်ဟောင်းများမှ အစားထိုး လျှပ်စစ်သုံးမော်တော်ယာဉ် တင်သွင်းခွင့် လာရောက်လျှောက်ထားမှုများအနက် လျှပ်စစ်သုံး မော်တော်ယာ
ယာဉ်အို/ယာဉ်ဟောင်းများမှ အစားထိုး လျှပ်စစ်သုံးမော်တော်ယာဉ် တင်သွင်းခွင့် လာရောက်လျှောက်ထားမှုများအနက် လျှပ်စစ်သုံး မော်တော်ယာဉ် ၃၄ စီးအား ယခုလအတွင်း တင်သွင်းခွင့်ပါမစ် ထုတ်ပေးမည် ယာဉ်အို/ယာဉ်ဟောင်းများမှ အစားထိုး လျှပ်စစ်သုံးမော်တော်ယာဉ် တင်သွင်းခွင့် လာရောက်လျှောက်ထားမှုများအနက် လျှပ်စစ်သုံး မော်တော်ယာဉ် ၃၄ စီးအား ယခုလအတွင်း တင်သွင်းခွင့်ပါမစ် ထုတ်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

YBS ယာဉ်မောင်းများ စပယ်ယာတင်ဆောင်၍ မောင်းနှင်ပြီး ယာဉ်စီးခပိုတောင်းပါက ထုတ်ပယ်ယာဉ်လုပ်သားအဖြစ် သတ်မှတ်ရန် တိုင်းဒေသကြီးအစိုးရ
YBS ယာဉ်မောင်းများ စပယ်ယာတင်ဆောင်၍ မောင်းနှင်ပြီး ယာဉ်စီးခပိုတောင်းပါက ထုတ်ပယ်ယာဉ်လုပ်သားအဖြစ် သတ်မှတ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ ညွှန်ကြား YBS ယာဉ်မောင်းများ စပယ်ယာတင်ဆောင်၍ မောင်းနှင်ပြီး ယာဉ်စီးခပိုတောင်းပါက ထုတ်ပယ်ယာဉ်လုပ်သားအဖြစ် သတ်မှတ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ ညွှန်ကြားထားကြောင််း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပိုဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။ စက်တင်ဘာ ၂၄ ရက်က YRTC ရုံးချုပ်၌ ပြုလုပ်သည့် ယှဉ်ပြိုင်ကျော်တက်မောင်းနှင်ခြင်း၊ ဘေးတံခါးဖွင့်မောင်းနှင်ခြင်း သုံးကြိမ်အထက် စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲတွင် ၎င်းက ထိုသိုပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား ရပ်တန့်နေသည့်ညှိနှိင်းအစည်းအဝေးများပြန်လည်စတင်နိုင်ရေးဆွေးနွေး မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား ရပ်တန့်နေသည့်ညှိနှိင်းအစည်းအဝေးများပြန်လည်စတင်နိုင်ရေးဆွေးနွေး မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား ရပ်တန့်နေသည့်ညှိနှိင်းအစည်းအဝေးများပြန်လည်စတင်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးနှင့် ဘင်္ဂလားဒေ့ရှ်၊ စစ်တကောင်းဆိပ် ကမ်းအာဏာပိုင်ဥက္ကဋ္ဌ Rear Admiral S M Moniruzzaman တိုဆွေးနွေးခဲ့ကြသည်။ မြန်မာသံအမတ်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်၊ စစ်တကောင်းဆိပ်ကမ်းအာဏာပိုင်ဥက္ကဋ္ဌတိုသည် စက်တင်ဘာ ၂၃ ရက်နံနက် ၁၁ နာရီက စစ်တကောင်းဆိပ်ကမ်းအာဏာ ပိုင် One Stop Building တွင်တွေ့ဆုံခဲ့ကြခြင်းဖြစ် သည်။

ချင်းမိုင်ဈေးအတွင်း အလုပ်လုပ်နေသည့် မြန်မာ ၄ ဦးနှင့် ထိုင်းအလုပ်ရှင် ၂ ဦးကို အာဏာပိုင်များ အရေးယူ 𝙎𝙀𝙋~𝟐𝟓 ထိုင်းနိုင်ငံမြ
ချင်းမိုင်ဈေးအတွင်း အလုပ်လုပ်နေသည့် မြန်မာ ၄ ဦးနှင့် ထိုင်းအလုပ်ရှင် ၂ ဦးကို အာဏာပိုင်များ အရေးယူ 𝙎𝙀𝙋~𝟐𝟓 ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဆန်ဆိုင်းမြိုနယ် ဆန်နာမန်းဒေသရှိ ဈေးတစ်ခုအတွင်း ဝင်ရောက်စစ်ဆေးရာ တရားမဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၄ ဦးနှင့် ထိုင်းနိုင်ငံသား အလုပ်ရှင် ၂ ဦးကို စက်တင်ဘာ ၂၄ ရက်တွင် သက်ဆိုင်ရာဥပဒေများအရ အရေးယူခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။ စစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသား ၂ ဦးကို ခွင့်ပြုထားသည့် လုပ်ငန်းအမျိုးအစားနှင့် လုပ်ပိုင်ခွင့်ထက်ကျော်လွန်၍ အလုပ်လုပ်ကိုင်မှုဖြင့် အရေးယူခဲ့သလို ကျန် ၁ ဦးကို အလုပ်စတင်ဝင်ရောက်သည့်နေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာအရာရှိထံ အကြောင်းကြားရန် ပျက်ကွက်မှုဖြင့် အရေးယူခဲ့ခြင်းဖြစ်ပြီး အခြားမြန်မာနိုင်ငံသား ၁ ဦးမှာ အလုပ်သမားလက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေခြင်းကြောင့် အရေးယူခံရခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းအရှေ့တွင် လူစီးယာဉ်အမိုးပေါ် ပစ္စည်းတင်ဆောင်မှု အောက်တိုဘာ ၁ ရက်မှ စတင်အရေးယူမည် Probox၊ AD Van အပါအဝင် လူစီးယာဉ်များကို
ရှမ်းအရှေ့တွင် လူစီးယာဉ်အမိုးပေါ် ပစ္စည်းတင်ဆောင်မှု အောက်တိုဘာ ၁ ရက်မှ စတင်အရေးယူမည် Probox၊ AD Van အပါအဝင် လူစီးယာဉ်များကို စက်တင်ဘာ ၃၀ ရက်အထိ အသိပညာပေးကာလ သတ်မှတ်ထား ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် Probox၊ AD Van အပါအဝင် လူစီးယာဉ်များ၏ အမိုးပေါ်၌ ပစ္စည်းများ တင်ဆောင်သယ်ယူခြင်းမပြုရန် စက်တင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ အသိပညာပေးဆောင်ရွက်ပြီး အောက်တိုဘာ ၁ ရက်မှစတင်၍ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို အရေးယူသွားမည်ဖြစ်ကြောင်း ရှမ်းအရှေ့ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲခွဲက အသိပေးထားသည်။ Probox၊ AD Van နှင့် အလားတူကားများသည် ကနဦးမှတ်ပုံတင်စဉ်ကတည်းက လူစီးယာဉ် (Commercial Compact/Saloon/Van) အဖြစ် သတ်မှတ်ထားသည့် ယာဉ်အမျိုးအစားများဖြစ်ကြောင်း သိရသည်။

ဟော်မုဇ်ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်ဖွင့်ပေးမည်ဟု အီရန် အဆိုပြု ဟော်မုဇ်ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်ဖွင့်ပေးမည်ဟု အီရ
ဟော်မုဇ်ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်ဖွင့်ပေးမည်ဟု အီရန် အဆိုပြု ဟော်မုဇ်ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်ဖွင့်ပေးမည်ဟု အီရန်က အမေရိကန်ထံ အဆိုပြုစာတင်သွင်းထားကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီက နယူးယောက်ရှိ သတင်းမီဒီယာများကို ပြောကြားခဲ့သည်။ "သတ်မှတ်ချက် အချိုနဲ့ ကိုက်ညီမယ်ဆိုရင် ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်ပြီး ဆွေးနွေးပွဲတွေကို စတင်သွားမှာဖြစ်ပါတယ်" ဟု ကုလသမဂ္ဂ အထွေထွေညီလာခံသို တက်ရောက်ရန် အမေရိကန်သို ရောက်ရှိနေသည့် အာရက်ချီက New York Times နှင့် The Guardian အပါအဝင် မီဒီယာများကို ပြောကြားခဲ့သည်။ အီရန်သည် စစ်ပွဲကို အဆုံးသတ်ရန်နှင့် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်အတွက် အချက် ၇ ချက်ပါ အဆိုပြုချက်များကို ယခင်ကတည်းက သတ်မှတ်ထားခဲ့သည်

မန္တလေးမြို၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၇)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကျင်းပ မန္တလေး၊ စက်တင်ဘာ ၂၅ မန္တလေးမြိုအခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှကြီးမှူး၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း (၇၇)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ၂၃-၉-၂၀၂၆ ရက်နေ့က မန္တလေးမြို ချမ်းမြသာစည်မြိုနယ်ရှိ မင်္ဂလာမန္တလေးဟိုတယ်၌ ကျင်းပသည်။ အခမ်းအနားသို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူ များ၊ မန္တလေးမြိုအခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှကောင်စစ်ဝန်ချုပ် Ms. Gao Ping၊ မန္တလေးမြို အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် H.E. Mr.Sundeep Kaushal နှင့် ကောင်စစ်ဝန် ချုပ်ရုံးတိုမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်ပရိသတ်များ တက်ရောက်ကြသည်။

ဂန့်ဂေါမြိုတွင် အသက်(၅၀)နှစ်အထက် ပြည်သူများအား ကိုဗစ်-19ရောဂါကာကွယ်ဆေး ထိုးနှံပေး ဂန့်ဂေါ စက်တင်ဘာ ၂၅ မကွေးတိုင်းဒေသကြီး၊ ဂန့
ဂန့်ဂေါမြိုတွင် အသက်(၅၀)နှစ်အထက် ပြည်သူများအား ကိုဗစ်-19ရောဂါကာကွယ်ဆေး ထိုးနှံပေး ဂန့်ဂေါ စက်တင်ဘာ ၂၅ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြိုတွင် ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအနေဖြင့် ကိုဗစ်-19 ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြိုနယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ယနေ့နံနက်(၈)နာရီအချိန်မှစတင်၍ မြိုနယ် ပြည်သူ့ဆေးရုံကြီးတွင် ထိုးနှံပေးလျက်ရှိသည်။

တရုတ်သို လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပိုနိုင်ရေး GACC မှတ်ပုံတင်မှု မကွေးတွင် ရှင်းလင်း တရုတ်နိုင်ငံသို လယ်
တရုတ်သို လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပိုနိုင်ရေး GACC မှတ်ပုံတင်မှု မကွေးတွင် ရှင်းလင်း တရုတ်နိုင်ငံသို လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပိုနိုင်ရေးအတွက် လိုအပ်သည့် GACC မှတ်ပုံတင်ခြင်းနှင့် တရုတ်ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို မကွေးမြိုတွင် စက်တင်ဘာ ၁၇ ရက်က ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသို စားသောက်ကုန်၊ လယ်ယာထွက်ကုန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပိုရာတွင် တရုတ်နိုင်ငံ၏ သတ်မှတ်ချက်များနှင့်အညီ GACC မှတ်ပုံတင်ခြင်း သိုမဟုတ် သက်ဆိုင်ရာခွင့်ပြုချက်များ ရယူရန်လိုအပ်ပြီး တရားဝင်ဈေးကွက်ဝင်ရောက်ခွင့် (Market Access) ရရှိရေးအတွက်လည်း သတ်မှတ်လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဖြစ်သည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် မိသားစုထံပေးပိုသည့် လွှပြောင်းငွေအများစုကို တရားဝင် လိုင်စင်မရှိသည့် ပ
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် မိသားစုထံပေးပိုသည့် လွှပြောင်းငွေအများစုကို တရားဝင် လိုင်စင်မရှိသည့် ပွဲစားများမှတစ်ဆင့် ပေးပိုနေကြကြောင်း ISP က ထုတ်ပြန် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် မိသားစုထံပေးပိုသည့် လွှပြောင်းငွေအများစုကို တရားဝင် လိုင်စင်မရှိသည့် ပွဲစားများမှတစ်ဆင့် ပေးပိုနေကြကြောင်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP) က ထုတ်ပြန်ခဲ့ကြောင်း Thai BPS World သတင်းတွင် ဖော်ပြခဲ့သည်။

စက်တင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် သင်္ဃန်းကျွန်းမြိုနယ် သံသုမာလမ်း သုဝဏ္ဏဘူမိ EVENT PARK ၌ ချမ်းမြေ့ရိပ်သာဆရာတော်ဘုရားကြီး၏
စက်တင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် သင်္ဃန်းကျွန်းမြိုနယ် သံသုမာလမ်း သုဝဏ္ဏဘူမိ EVENT PARK ၌ ချမ်းမြေ့ရိပ်သာဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် ဆင်ယင်ကျင်းပရန် စီစဉ်ထားမှုများအား တွေ့ရစဉ်

ရှီနှင့် ထရန့်တိုက လက်ရှိ ပြိုင်ဆိုင်မှုများကို လျှော့ချရန်ပြောဆို စက်တင်ဘာလ ၂၅ ရက် သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီး ပိန့်လီးယွမ်
ရှီနှင့် ထရန့်တိုက လက်ရှိ ပြိုင်ဆိုင်မှုများကို လျှော့ချရန်ပြောဆို စက်တင်ဘာလ ၂၅ ရက် သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီး ပိန့်လီးယွမ်တိုသည် မေလအတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ တရုတ်နိုင်ငံသို ခရီးစဉ်အပြီး၊ နှစ်ပေါင်း ၁၀ စုနှစ်နီးပါးကာလအတွင်း ရှီ၏ ပထမဆုံး အမေရိက ခရီးစဉ်အဖြစ် ကြာသပတေးနေ့တွင် အိမ်ဖြူတော်သို ရောက်ရှိလာခဲ့ကြသည်။ ထရမ့်ပ်သည် ရှီကို လက်ဆွဲနှုတ်ဆက်ကာ ကြိုဆိုခဲ့ပြီးနောက် B-2 Spirit ဗုံးကြဲလေယာဉ်တစ်စီး၊ F-22 Raptor တိုက်လေယာဉ် လေးစီးတိုဖြင့် ဝေဟင်မှ ပျံသန်းအလေးပြုခြင်းနှင့် စစ်ရေးပြအခမ်းအနားတိုဖြင့် အမေရိကန်၏ စစ်ရေးစွမ်းအားကို ပြသခဲ့သည်။ မိန့်ခွန်းများတွင် ရှီနှင့် ထရမ့်ပ်တို နှစ်ဦးစလုံးက မိမိတိုနိုင်ငံများသည် ဘုံအကျိုးစီးပွားများကို အာရုံစိုက်ခြင်းဖြင့် များစွာ အောင်မြင်နိုင်ကြောင်း ပြောကြားခဲ့ကြပြီး၊ ရှီက AI နည်းပညာ၏ အန္တရာယ်များမှု ကို သတိပေးခဲ့သည်။

ဖနွမ်းပင်တွင် နည်းပညာသုံး လိမ်လည်မှု သံသယဖြင့် နိုင်ငံခြားသား ၇ ဦး ကိုဖမ်းဆီး ဖနွမ်းပင်၊ စက်တင်ဘာ ၂၅ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ
ဖနွမ်းပင်တွင် နည်းပညာသုံး လိမ်လည်မှု သံသယဖြင့် နိုင်ငံခြားသား ၇ ဦး ကိုဖမ်းဆီး ဖနွမ်းပင်၊ စက်တင်ဘာ ၂၅ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြိုရှိ နည်းပညာအသုံးပြု လိမ်လည်မှုများ ပြုလုပ်နေသည်ဟု သံသယရှိသည့် နေရာများကို အာဏာပိုင်များ ဝင်ရောက်စီးနင်းရာ ဗီယက်နမ်နိုင်ငံသား ခုနစ်ဦးကို ဖမ်းဆီးခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၈,၉၀၀ အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အမျိုးသမီးနှစ်ဦးကို တရုတ်မယားအဖြစ် လုပ်ကိုင်ပါက ကျပ်သိန်း ၉၀/၁၀၀ ရရှိပြီး IPhone ကိုင်ရမည်ဟု ပြောဆိုစည်းရုံး၍ ရောင်းစားရန် စီ
အမျိုးသမီးနှစ်ဦးကို တရုတ်မယားအဖြစ် လုပ်ကိုင်ပါက ကျပ်သိန်း ၉၀/၁၀၀ ရရှိပြီး IPhone ကိုင်ရမည်ဟု ပြောဆိုစည်းရုံး၍ ရောင်းစားရန် စီစဉ်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။

ထရန့်က ရှီကို အိမ်ဖြူတော်တွင် နိုင်ငံတော်အဆင့် ညစာစားပွဲဖြင့် ဧည့်ခံခဲ့ပြီး ထိုညစာစားပွဲကို အီလွန်မာ့စ်၊ တင်မ်ကွတ်နှင့် ဇူကာဘ
ထရန့်က ရှီကို အိမ်ဖြူတော်တွင် နိုင်ငံတော်အဆင့် ညစာစားပွဲဖြင့် ဧည့်ခံခဲ့ပြီး ထိုညစာစားပွဲကို အီလွန်မာ့စ်၊ တင်မ်ကွတ်နှင့် ဇူကာဘက်တိုအပါအဝင် နည်းပညာကုမ္ပဏီများ၏ ထိပ်သီးအကြီးအကဲများတက်ရောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် စက်တင်ဘာ ၂၄ ရက်က တရုတ်သမ္မတ ရှီကျင်းပင်နှင့်အစည်းအ‌ဝေးပြုလုပ်ခဲ့ပြီးနောက် အိမ်ဖြူတော်တွင် နိုင်ငံတော်အဆင့် ညစာစားပွဲဖြင့် ခမ်းနာစွာ ဧည့်ခံခဲ့ပြီး ထိုညစာစားပွဲကို အမေရိကန် နည်းပညာကုမ္ပဏီများ၏ ထိပ်သီးအကြီးအကဲများ တက်ရောက်ခဲ့သည်။ အဆိုပါ ညစာစားပွဲသို Tesla စီအီးအို အီလွန် မာ့စ်၊ Apple စီအီးအိုဟောင်း တင်မ် ကွတ်ခ် ၊ Nvidia စီအီးအို ဂျန်ဆန် ဟွမ်၊ Meta စီအီးအို မာ့ခ်ဇူကာဘက် နှင့် OpenAI စီအီးအို ဆမ် အက်မန်းတို အပါအဝင် အမေရိကန် နည်းပညာကုမ္ပဏီများမှ ထိပ်သီး အကြီးအကဲ အများအပြား တက်ရောက်ခဲ့ကြပြီး ယင်းက ရှီ၏ ခရီးစဉ်အတွင်း ကုန်သွယ်ရေးနှင့် AI နည်းပညာတိုသည် အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာများ ဖြစ်ခဲ့ကြောင်း ပေါ်လွင်စေသည်။

အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်များ တိုးချဲ့ပေးနေ 𝙎𝙀𝙋~𝟐𝟓 အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရ
အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်များ တိုးချဲ့ပေးနေ 𝙎𝙀𝙋~𝟐𝟓 အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်စရိတ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိသားစုထောက်ပံ့မှုအပါအဝင် လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို အကောင်အထည်ဖော်ပေးလျက်ရှိကြောင်း အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ၏ (၂/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။

ပြည်တွင်းစက်သုံးဆီဈေး တစ်ပတ်အတွင်း သိသိသာသာမြင့်တက်၊ 92 ဓာတ်ဆီ ၆၂၅ ကျပ်နှင့် ဒီဇယ် ၆၄၀ ကျပ် တက် ရန်ကုန်တွင် 92 ဓာတ်ဆီ တစ်လီတာ
ပြည်တွင်းစက်သုံးဆီဈေး တစ်ပတ်အတွင်း သိသိသာသာမြင့်တက်၊ 92 ဓာတ်ဆီ ၆၂၅ ကျပ်နှင့် ဒီဇယ် ၆၄၀ ကျပ် တက် ရန်ကုန်တွင် 92 ဓာတ်ဆီ တစ်လီတာ ၄,၄၅၀ ကျပ်၊ ဒီဇယ် ၄,၇၉၀ ကျပ်အထိ ရောက်ရှိ ရန်ကုန်၊ စက်တင်ဘာ ၂၅ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ယခုတစ်ပတ်အတွင်း သိသိသာသာ ပြန်လည်မြင့်တက်လာပြီး ရန်ကုန်မြိုတွင် 92 ဓာတ်ဆီ တစ်လီတာ ၄,၄၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၄,၇၉၀ ကျပ်အထိ ရောက်ရှိလာကြောင်း စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများအရ သိရသည်။ စက်တင်ဘာ ၂၅ ရက် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းအရ ရန်ကုန်မြိုတွင် 92 Ron တစ်လီတာ ၄,၄၅၀ ကျပ်၊ 95 Ron တစ်လီတာ ၄,၆၀၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) တစ်လီတာ ၄,၇၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) တစ်လီတာ ၅,၇၉၅ ကျပ်အထိ ရှိလာသည်။ ယခင်တစ်ပတ်နှင့် နှိင်းယှဉ်ပါက 92 Ron တစ်လီတာ ၆၂၅ ကျပ်၊ 95 Ron တစ်လီတာ ၆၅၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၆၄၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၇၄၅ ကျပ်အထိ အသီးသီး ဈေးမြင့်တက်လာခြင်းဖြစ်သည်။

နေတန်ယာဟု က ကုလသမဂ္ဂညီလာခံမှာ ပွဲကြမ်းလို ကိုယ်စားလှယ်တွေ နားမထောင်ဘဲ ထွက်ခွာသွား စက်တင်ဘာ - ၂၅ ( သောကြာနေ့ ) အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတာယာဟု ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပေဂျာ (ဖုန်းခေါ်ရင်အသံမြည်တဲ့ပစ္စည်း) တစ်လုံးကို ထုတ်ပြခဲ့ပါတယ်။ ဒါဟာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် လူပေါင်း ထောင်ပေါင်းများစွာကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့ပြီး သေဆုံးခဲ့ရတဲ့၊ လီဘနွန်နိုင်ငံရှိ ဟဇ်ဘိုလာ အဖွဲကို ပစ်မှတ်ထားခဲ့တဲ့ ၂၀၂၄ ခုနှစ်က သေကျေပျက်စီးမှု များပြားခဲ့တဲ့ လျှိဝှက် ဖောက်ခွဲဖျက်ဆီးရေး စစ်ဆင်ရေးကို ပြန်လည် အမှတ်ရစေခဲ့တာပါ။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့မှာ လီဘနွန်တစ်ဝှမ်းလုံးမှာရှိတဲ့ ဟဇ်ဘိုလာ အဖွဲဝင်တွေ ကိုင်ဆောင်ထားတဲ့ ပေဂျာ ထောင်ပေါင်းများစွာ စတင် ပေါက်ကွဲခဲ့ပြီး၊ နောက်တစ်နေ့မှာတော့ ဖောက်ခွဲရေးပစ္စည်း တပ်ဆင်ထားတဲ့ စကားပြောစက်(ဝေါ်ကီတော်ကီ) ရာပေါင်းများစွာ ထပ်မံ ပေါက်ကွဲခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် အနီးအနားမှာရှိနေတဲ့ အရပ်သားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သူတိုရဲ့ မိသားစုဝင်တွေ အပါအဝင် လူပေါင်း ၄,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး လူပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဒီစစ်ဆင်ရေးဟာ သူတိုလက်ချက်ဖြစ်ကြောင်း အစ္စရေးဘက်က ဝန်ခံခဲ့ပါတယ်။

photo content