Conor Vs Max (UFC 329 live )
前往频道在 Telegram
UFC 329 live
显示更多未指定国家未指定类别
8 164
订阅者
-724 小时
-957 天
-64430 天
帖子存档
Repost from KFN Channel
Shavkat ရဲ့ ကစားသမားဘဝ ပြီးဆုံးသွားပြီလား? Sean Brady ရဲ့ ပြောကြားချက်
Welterweight တန်းရဲ့ ထိပ်သီး ဖိုက်တာ Sean Brady ကတော့ ရှုံးပွဲမရှိ ဖိုက်တာကြီး Shavkat Rakhmonov ရဲ့ ဒူးဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး MMA ပရိသတ်တွေကို အကြီးအကျယ် တုန်လှုပ်သွားစေမယ့် ခန့်မှန်းချက် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်
Sean Brady က Shavkat ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အခုလို ဆိုပါတယ်။
‘Shavkat အနေနဲ့ ကြိုးဝိုင်းထဲကို ဘယ်တော့မှ ပြန်လာနိုင်တော့မယ်လို့ ငါ မထင်ပါဘူး။ သူ့ရဲ့ ကစားသမားဘဝ ပြီးဆုံးသွားပြီလို့ပဲ ငါထင်တာပါ။ ဘာလို့လဲဆိုတော့ သူ ပြန်လာဖို့ ကြိုးစားလိုက်တိုင်း သူ့ရဲ့ ဒူးက ဒဏ်ရာ ပြန်ပြန်ရသွားလို့ပါပဲ။ သူ Camp လေ့ကျင့်ရေးကိုတောင် အဆုံးထိ မဆင်းနိုင်တော့ပါဘူး...’
ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ Shavkat တစ်ယောက် Sean Brady ရဲ့ ခန့်မှန်းချက်တွေကို အချိန်တိုအတွင်း မမှန်ကန်ကြောင်း သက်သေပြပြီး ကြိုးဝိုင်းထဲ ပိုမို သန်မာစွာ ပြန်လာနိုင်ပါ့မလားဆိုတာ MMA ပရိသတ်တို့ စိတ်မကောင်းစွာနဲ့ စောင့်ကြည့်ရတော့မှာပါ
Repost from KFN Channel
😂❤️ "Ed Sheeran နဲ့ Justin Bieber သီချင်းတွေ နားထောင်
ရင်း အင်္ဂလိပ်စာ လေ့လာခဲ့တာပါ..."ဆိုတဲ့ Joshua Van ရဲ့ ရယ်စရာ အင်တာဗျူး!
"UFC Flyweight တန်းရဲ့ ချန်ပီယံ မြန်မာ့ဂုဏ်ဆောင် ဖိုက်တာလေး Joshua Van ရဲ့ တကယ့်ကို အေးဆေး ချစ်စရာကောင်းလှတဲ့ အင်တာဗျူး အတိုလေး ထွက်ပေါ်လာခဲ့ပါတယ်
အင်တာဗျူးသူ အမျိုးသမီးက သူ့ကို အင်္ဂလိပ်စာ ဘယ်လို လေ့လာခဲ့လဲလို့ မေးမြန်းရာမှာ Joshua Van က အခုလို သဘောကျဖွယ် ပြန်ဖြေသွားခဲ့တာပါ။
‘သီချင်းတွေ နားထောင်တယ်၊ ရုပ်ရှင်တွေ ကြည့်တယ်လေ... အချစ်သီချင်း အေးအေးလေးတွေကို ပိုနားထောင်ဖြစ်တာပေါ့’
Ed Sheeran ရဲ့ ‘I found a love for me...’ ဆိုတဲ့ 'Perfect' သီချင်းနဲ့ Justin Bieber ရဲ့ သီချင်းတွေကို နားထောင်ရင်း သူကိုယ်တိုင်လည်း Bieber ရဲ့ အမာခံဖန် (Belieber) တစ်ယောက် ဖြစ်ခဲ့ရကြောင်း ရိုးသားစွာ ဖြေကြားသွားခဲ့တာပါ!
Joshuavan က ကြိုးဝိုင်းထဲမှာတော့ ပြင်းထန်ပေမဲ့ အပြင်မှာတော့ အချစ်သီချင်း အေးအေးလေးတွေ နားထောင်ရတာ ကြိုက်တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ် 🥰❤️
Repost from KFN Channel
"ခါးပတ်ပွဲ ထိုင်စောင့်နေမယ့်အစား Prates ဒါမှမဟုတ် Shavkat နဲ့ထိုးစမ်းပါ"လို့ မိုရာလက်ကို အကြံပေးလိုက်တဲ့ မာခါချက်ဗ့်
" Islam Makhachev ကတော့ Welterweight တန်းရဲ့ အရေးပါတဲ့ စိန်ခေါ်သူတစ်ဦးဖြစ်တဲ့ Michael Morales နဲ့ ပတ်သက်ပြီး အင်မတန် လက်တွေ့ဆန်တဲ့ သုံးသပ်ချက် ထုတ်ဖော်ပြောဆိုလိုက်ပြီး Welterweight တန်းရဲ့ စိန်ခေါ်သူများပြားနေပုံနဲ့ ပတ်သက်ပြီး အခုလို ဆိုပါတယ်။
‘ဒီဝိတ်တန်းမှာ စိန်ခေါ်သူတွေ အရမ်းများနေပါတယ်။ ငါ့အမြင်တော့ သူ (Morales) အနေနဲ့ Prates ဒါမှမဟုတ် Shavkat နဲ့ ထိုးသင့်ပါတယ်။ စိန်ခေါ်သူတွေ အရမ်းများနေတော့ ဘယ်သူက အမှန်တကယ် နံပါတ် (၁) စိန်ခေါ်သူလဲဆိုတာ ငါတို့ အတိအကျ သိဖို့ လိုအပ်ပါတယ်...’
Repost from N/a
⭐️ကျွဲဂိမ်း-ရှမ်းကိုးမီးမှ သိန်း30 အထုတ်လေးပါရှင့် ✨✨✨ 💎ကျွဲဖမ်းရတာပျင်းနေရင်၊ ရှမ်းကိုးမီးကစားပြီး 💎အပိုဝင်ငွေလေးတွေရှာလိုက်ပါ ✨✨✨
📌ကိုယ်တိုင်ငွေသွင်း၊ငွေထုတ်ပြုလုပ်ပြီး စိတ်ကြိုက်ကစားနိုင်ပါတယ်။✨✨✨
📌ကိုယ်တိုင်အကောင့်ဖွင့်ရန် - https://m.buff688.com/auth/register?code=V6QT5K
🚩ဆက်သွယ်ရန်- 📱 Viber - 09486254019 📱 Telegram -@buffa688 📱တိုက်ရိုက်ဆက်သွယ်ရန် - https://t.me/buffa688bot
Repost from KFN Channel
UFC မှာ ၁၁ပွဲကစားထားပြီး ၁၀ ပွဲအထိအနိုင်ယူထားတဲ့ မြန်မာ့ဂုဏ်ဆောင် ဂျိုရှူအာဗန် 🥰🇲🇲
Professional MMA ကစားသမားဘဝမှာတော့ ၁၇ ပွဲကစားထားပြီး ၂ပွဲသာ ရှုံးနိမ့်ထားပါတယ်
၁၇ ပွဲမှာ ၉ပွဲအထိ အလဲထိုး KO နဲ့ အနိုင်ယူထားပြီး
UFC ရဲ့ active အဖြစ်ဆုံးနဲ့ တိုးတက်မှု အကောင်းဆုံးကစားသမားလည်း ဖြစ်ပါတယ်
Repost from KFN Channel
Lightweight တန်းမှာ BMF ခါးပတ်လုကြမယ့် Charles Olivera Vs Diego Lopes 🔥
MMA ပရိသတ်တွေ အထူး စောင့်မျှော်နေကြတဲ့ အကြမ်းစား ပွဲစဉ်ကြီးတစ်ပွဲကတော့ UFC 332 မှာ တရားဝင် ထွက်ပေါ်လာခဲ့ပါပြီ
UFC ရဲ့ လေးစားဖွယ် မဟာ ဂန္ထဝင်ကြီး Charles Oliveira နဲ့ Featherweight တန်းရဲ့ ထိပ်တန်းဖိုက်တာ Diego Lopes တို့ဟာ BMF (Baddest Motherf***er) ခါးပတ်ကို လုပွဲအဖြစ် ထိုးသတ်ကြရတော့မှာ ဖြစ်ပါတယ်။
ဒီပွဲရဲ့ အထူးခြားဆုံး အချက်ကတော့ Diego Lopes အနေနဲ့ Featherweight တန်းကနေ Lightweight တန်းသို့ တက်ရောက်ပြီး Debut ပွဲစဉ် အဖြစ် တိုက်ရိုက် ထိုးသတ်မှာ ဖြစ်တာကြောင့်ပါပဲ!
နပန်းရော Striking ပါ အောက်ခြေကစလို့ ထက်မြက်ကြတဲ့ ဘရာဇီးလ် စတား ၂ ယောက်ရဲ့ BMF ခါးပတ် လုပွဲဟာ UFC 332 ရဲ့ အကြမ်းဆုံး ပွဲစဉ် ဖြစ်လာမလားဆိုတာ တကယ့်ကို ရင်ခုန်စွာ စောင့်ကြည့်ရတော့မှာပါ
Repost from 𝐊𝐅𝐍 𝐋𝐢𝐯𝐞 𝟐
မနက်ဖြန်ညနေ ကျော်စွာဝင်းပွဲကြည့်ချင်တဲ့သူတွေ ရှိကြလား🥰
ကြည့်ချင်တဲ့သူတွေ React တစ်ခုခု ပေးခဲ့ပါ
ကြည့်မယ့်သူများရင် တိုက်ရိုက် live လွှင့်ပေးပါမယ်🥰🥰
အချိန်က မနက်ဖြန် သောကြ်ာနေ့ ညနေ ၆နာရီခွဲပါ🥰
Repost from KFN Channel
"ဂန္ထဝင်တွေက ဂန္ထဝင်အချင်းချင်းကို အသိအမှတ်ပြုကြတယ်..." Islam Makhachev ရဲ့ အောင်ပွဲအတွက် ဂုဏ်ပြုလိုက်တဲ့ Cristiano Ronaldo, Khabib နဲ့ Khamzat!
ကမ္ဘာ့ အားကစားလောကရဲ့ ထိပ်သီး စူပါစတားကြီးတွေ ပေါင်းစည်းသွားတဲ့ တကယ့်ကို သမိုင်းဝင် အခိုက်အတန့်လေးပါပဲ
P4P ဘုရင် Islam Makhachev ရဲ့ မဟာ အောင်ပွဲကြီးအပြီးမှာတော့ ကမ္ဘာ့ ဘောလုံးဂန္ထဝင်ကြီး Cristiano Ronaldo၊ UFC ရဲ့ အရှုံးမရှိ ဂန္ထဝင် Khabib Nurmagomedov နဲ့ ထိပ်သီး စတား Khamzat Chimaev တို့ဟာ Makhachev ရဲ့ အောင်ပွဲအတွက် အတူတကွ ဝမ်းမြောက်ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
မတူညီတဲ့ အားကစား နယ်ပယ်တွေမှာ ထိပ်ဆုံးကနေ စိုးမိုးထားကြတဲ့ ဒီ ဂန္ထဝင်ကြီးတွေရဲ့ ချစ်ကြည်ရေးနဲ့ အချင်းချင်း လေးစားမှု (Legends recognize legends) ပုံရိပ်တွေဟာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကို တကယ့်ကို စိတ်လှုပ်ရှား ရင်ခုန်စေခဲ့တာပါ!❤️
Repost from KFN Channel
"အရှုံးအရသာကို နောက်ထပ် မမြည်းစမ်းချင်တော့ဘူး..." Joshua Van ရဲ့ စိတ်ဓာတ်ပိုင်း ပြောင်းလဲမှု 🔥
UFC Flyweight ချန်ပီယံ မြန်မာ့ဂုဏ်ဆောင် ဖိုက်တာလေး Joshua Van ကတော့ Charles Johnson ကို KO နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ပွဲအပြီး သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားပုံကို အခုလို လေးနက်စွာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်
‘အဲဒီ အရှုံးက ငါ့ကို နည်းလမ်းတစ်ခုနဲ့ ပိုပြီး နှိမ့်ချသင်ယူစေခဲ့တာပါ။ ငါ အရှုံးဆိုတဲ့ အရသာကို နောက်ထပ် ဘယ်တော့မှ မမြည်းစမ်းချင်တော့ပါဘူး... ဒါကြောင့်မလို့ အဲဒီနေ့ကစပြီး Gym ထဲမှာ ငါ ကြိုးစားအားထုတ်တဲ့ စိတ်ဓာတ်ကတော့ အရင်နဲ့ လုံးဝကို ကွဲပြားသွားခဲ့ပြီ’
ဗန်ကတော့ အရှုံးတစ်ခုကို သင်ခန်းစာအဖြစ် ပြောင်းလဲပြီး ကြိုးဝိုင်းထဲမှာ ပိုမို ကြောက်စရာကောင်းတဲ့ ဖိုက်တာတစ်
ယောက်အဖြစ် အကောင်းဆုံး အစွမ်းကုန် ကြိုးစားနေတာလည်ဖြစ်ပါတယ်
နောက်လ စက်တင်ဘာလမှာ ယှဉ်ပြိုင်ကစားရမယ့် ပန်တိုဂျာနဲ့ ဒုတိယအကြိမ် ခါးပတ်ကာကွယ်ပွဲမှာလည်း ဗန်ကပဲအနိုင်ယူပြသွားမယ်ဆိုတာ မလွဲဧကန်ပါပဲ 🔥🇲🇲
Repost from N/a
⭐️ကျွဲဂိမ်း-ရှမ်းကိုးမီးမှ သိန်း30 အထုတ်လေးပါရှင့် ✨✨✨ 💎ကျွဲဖမ်းရတာပျင်းနေရင်၊ ရှမ်းကိုးမီးကစားပြီး 💎အပိုဝင်ငွေလေးတွေရှာလိုက်ပါ ✨✨✨
📌ကိုယ်တိုင်ငွေသွင်း၊ငွေထုတ်ပြုလုပ်ပြီး စိတ်ကြိုက်ကစားနိုင်ပါတယ်။✨✨✨
📌ကိုယ်တိုင်အကောင့်ဖွင့်ရန် - https://m.buff688.com/auth/register?code=V6QT5K
🚩ဆက်သွယ်ရန်- 📱 Viber - 09486254019 📱 Telegram -@buffa688 📱တိုက်ရိုက်ဆက်သွယ်ရန် - https://t.me/buffa688bot
Repost from KFN Channel
Khamzat ရဲ့ ပွဲတောင်းဆိုမှုကို ခပ်အေးအေး တုံ့ပြန်လိုက်တဲ့ Dana White
UFC ဥက္ကဋ္ဌ Dana White ကတော့ Khamzat Chimaev ရဲ့ လူမှုကွန်ရက်ပေါ်က ပွဲတောင်းဆိုမှု Tweet နဲ့ ပတ်သက်ပြီး အင်မတန် အေးဆေးလွန်းတဲ့ တုံ့ပြန်ချက် စကားလုံးများ ထုတ်ဖော်ပြောဆိုလိုက်ပါပြီ
သတင်းထောက်ရဲ့ မေးခွန်းကို Dana White က အခုလို ဂရုမထားတဲ့ ပုံစံနဲ့ ဆိုပါတယ်။
‘အင်း... ငါ အဲဒီ Tweet ကို မမြင်ရသေးဘူး။ ဆိုလိုတာက သူတင်မကဘူး၊ Roster ထဲမှာရှိတဲ့ ဖိုက်တာတိုင်းက ပွဲထိုးဖို့အတွက် အမြဲတမ်း ဆွေးနွေးမှုတွေထဲမှာ ရှိနေကြတာပါ။ တကယ်လို့ ပြည့်စုံကောင်းမွန်တဲ့ ကမ္ဘာကြီးမှာဆိုရင်တော့ ဖိုက်တာတိုင်းက တစ်နှစ်ကို ၃ ပွဲလောက် ထိုးကြမှာပေါ့’
ပွဲမြန်မြန်ရချင်လို့ Tweet တင်ပြီး ပွဲတောင်းနေတဲ့ ခမ်းဇက် ရဲ့ လုပ်ရပ်အပေါ် Dana White က အလေးအနက် မထားဘဲ ခပ်အေးအေးပဲ တုံ့ပြန်သွားခဲ့တာဖြစ်လို့ Chimaev ရဲ့ နောက်ထပ် ပွဲစဉ် ဘယ်တော့ ထွက်ပေါ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ
Repost from KFN Channel
တိုပူရီးယား နဲ့ ပက်ဒီ တို့ ၂ယောက်လုံးကို တညတည်း ထိုးချင်တယ်လို့ ကြွေးကြော်လာတဲ့ အာမန်
UFC 331 မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာတော့ Arman Tsarukyan က Ilia Topuria နဲ့ Paddy Pimblett တို့ကို တစ်ပြိုင်နက်တည်း သရော်လှောင်ပြောင်လိုက်ပါတယ်
သတင်းထောက်ရဲ့ မေးခွန်းတွေကို အာမန် က အခုလို ခပ်
ပြတ်ပြတ် တုံ့ပြန်ခဲ့တာပါ။
🎙️ သတင်းထောက်: 'ဒီဝိတ်တန်းမှာ Ilia Topuria နဲ့ Paddy Pimblett တို့ ရှိတယ်။ မင်းသာ September 19th မှာ Ruffy ကို KO ပေးလိုက်ရင် Lightweight ရဲ့ အကြီးမားဆုံး စတား ဖြစ်သွားပြီလား?'
🇦🇲 Arman Tsarukyan: ‘ငါ့အတွက် ခါးပတ်လုပွဲ လိုအပ်ပါတယ်။ ခါးပတ်လုပွဲ ထိုးပြီး ချန်ပီယံ ဖြစ်လာရင်တော့ ငါက UFC ရဲ့ အကြီးမားဆုံး စတား ဖြစ်လာမှာပါ’
🎙️ သတင်းထောက်: ‘အကယ်၍ ခါးပတ် ရသွားခဲ့ရင် Ilia နဲ့ Paddy Pimblett ထဲက ဘယ်သူနဲ့ ပိုထိုးချင်လဲ?’
🇦🇲 Arman Tsarukyan: ‘သူတို့ နှစ်ယောက်လုံးနဲ့ တစ်ညတည်း ထိုးချင်တာ။ အေးဆေး ပိုက်ဆံရမယ့်ပွဲ (Easy Money) ပါပဲ။ တကယ့်ကို အလွယ်လေးပါ... ဒါပေမဲ့ တစ်ယောက်ယောက်
အတွက်တော့ အိမ်မက်ဆိုး ဖြစ်သွားပါလိမ့်မယ်’
Repost from KFN Channel
"Gaethje ကို ရှုံးပြီးမှတော့ ငါနဲ့ဖြစ်မယ့် ပွဲက စိတ်လှုပ်ရှားစရာ မရှိတော့ဘူး!" Ilia Topuria ကို ပညာပြလိုက်တဲ့ Makhachev
‘Topuria က Gaethje ကို ရှုံးပြီး အခွင့်အရေး လက်လွှတ်လိုက်ရတာပါ။ အခုချိန်မှာတော့ သူ့နဲ့ ငါနဲ့ဖြစ်မယ့် ပွဲက စိတ်လှုပ်ရှားစရာ မရှိတော့တာမို့ သူ တစ်ခုခု ထိုက်တန်ကြောင်း ပြန်ပြရပါမယ်’ လို့ ဆိုလိုက်တာပါ
အရင်က White House Card မှာ ပွဲတည်တုန်းက လက်ခံခဲ့ဖူးပေမဲ့ အခုလို ရှုံးသွားတဲ့ Topuria ကို မထိုးချင်တော့ဘူးလို့ Makhachevက အပြတ်ပြောလိုက်တာလည်းဖြစ်ပါတယ်
Repost from KFN Channel
မကြာခင် UFC ကိုရောက်ရှိလာတော့မယ့် ခါဘစ်ရဲ့ ညီကို အူစမန်က UFC ထဲကဖိုက်တာတွေကို အေးဆေးနိုင်တယ်လို့ ချီးကျူးလိုက်တဲ့ အာမန်
UFC Lightweight ဖိုက်တာ Arman Tsarukyan က မကြာမီ UFC ကို ရောက်ရှိလာတော့မယ့် Khabib ရဲ့ ဝမ်းကွဲညီဖြစ်သူ Usman Nurmagomedov ရဲ့ စွမ်းဆောင်ရည်အပေါ် အင်မတန် အသိအမှတ်ပြုလိုက်တာပါ
‘ငါ့အမြင်တော့ သူက Justin Gaethje ကို အနိုင်ယူနိုင်လိမ့်မယ်။ သူက တကယ်ကို တော်တဲ့သူပါ။ နပန်းလည်း ကျွမ်းကျင်သလို၊ မတ်တပ်ရပ် ထိုးသတ်မှုလည်း အင်မတန် ကောင်းမွန်ပါတယ်။ သူသာ ရောက်လာခဲ့ရင် UFC ထဲက ဖိုက်တာ တော်တော်များများကို အပြတ်အသတ် အနိုင်ယူသွားနိုင်ပါတယ်’
Khabib နဲ့ Islam Makhachev တို့ရဲ့ လမ်းစဉ်အတိုင်း Dagestan နပန်းစတိုင်လ်အပြင် Striking ပါ ကြောက်စရာကောင်းအောင် ထက်မြက်တဲ့ Usman Nurmagomedov ရဲ့ UFC ရောက်ရှိလာမှုဟာ Lightweight တန်းတစ်ခုလုံးကို ဘယ်လိုမျိုး လှုပ်ခတ်သွားစေမလဲဆိုတာ တကယ့်ကို စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရတော့မှာပါ
Repost from KFN Channel
အဖေဂယ်ရီဖြစ်သူထက် Makhachev ကို ပိုပြီး Fanboy လုပ်နေတဲ့ Ian Garry ရဲ့ သားလေး..😂❤️
Ian Garry ရဲ့ သားလေး (Leo) ဟာ UFC 330 Fight Poster ကို မြင်တွေ့လိုက်ရချိန်မှာ သူ့အဖေ့ထက် P4P ဘုရင် Islam Makhachev ကို ကြည့်ပြီး အင်မတန် စိတ်လှုပ်ရှားစွာနဲ့
‘Look, Islam Makhachev!!!’ (ဟိုမှာကြည့်ပါဦး... အစ္စလာမ် မာခါချက်ဗ်ကြီးပါလား!!!)
ဆိုပြီး ဝမ်းသာအားရ အော်ဟစ်ပြခဲ့တာဖြစ်ပါတယ်။ ကြိုးဝိုင်းထဲမှာ အဖေဖြစ်သူက Makhachev ကို အနိုင်ယူဖို့ ပြင်ဆင်နေပေမဲ့ သားဖြစ်သူကတော့ Makhachev ရဲ့ Fanboy အဖြစ် အပြည့်အဝ အားပေးနေခဲ့တာပါ!
နောက်ပိုင်းမှာ Makhachev ကိုယ်တိုင် Garry ရဲ့ သားလေးနဲ့ ချစ်စဖွယ် တွေ့ဆုံနှုတ်ဆက်ခဲ့တာကြောင့် MMA ပရိသတ်တွေကြား ရယ်မော ချီးကျူးခဲ့ရတဲ့ ချစ်စရာအမူအရာ လေး ဖြစ်သွားခဲ့ရပါတယ်
Repost from KFN Channel
Michael Morales ကို ပထမအချီ စက္ကန့်ပိုင်းအတွင်းမှာတင် အလဲထိုးပြမယ်လို့ သတိပေးလိုက်တဲ့ Carlos Prates
Morales ရဲ့ စိန်ခေါ်လှောင်ပြောင်မှုတွေအပေါ် No. 1 Contender ဖြစ်သူ Carlos Prates က အခုလို ခပ်ပြတ်ပြတ် ပြန်လည် တုံ့ပြန်လိုက်ပါတယ်။
‘ငါ မင်းနဲ့ ထိုးရမှာကို နည်းနည်းမှ မကြောက်ဘူး။ အခု ငါက No. 1 Contender ဖြစ်နေလို့ ခါးပတ်အတွက်ပဲ ထိုးချင်တာပါ။ UFC က ငါ့ကို မင်းနဲ့ ပွဲမပေးသေးဘူး... အကယ်၍ ပေးလာခဲ့ရင်လည်း ပထမအချီ စက္ကန့်ပိုင်းအတွင်းမှာတင် မင်းကို အပြတ်အသတ် KO ပေးလိုက်မှာပါ။ ဒါကြောင့် မစိုးရိမ်ပါနဲ့၊ နောက်ပိုင်းကျရင် ငါတို့ ထိုးကြရမှာဖြစ်ပြီး မင်းကို ငါ KO ပေးပါမယ်။ အခုတော့ ခဏစောင့်နေဦး... ငါ ခါးပတ် ရပြီးတာနဲ့ မင်းနဲ့ ထိုးပေးမယ်’
Repost from N/a
⭐️ကျွဲဂိမ်း-ရှမ်းကိုးမီးမှ သိန်း30 အထုတ်လေးပါရှင့် ✨✨✨ 💎ကျွဲဖမ်းရတာပျင်းနေရင်၊ ရှမ်းကိုးမီးကစားပြီး 💎အပိုဝင်ငွေလေးတွေရှာလိုက်ပါ ✨✨✨
📌ကိုယ်တိုင်ငွေသွင်း၊ငွေထုတ်ပြုလုပ်ပြီး စိတ်ကြိုက်ကစားနိုင်ပါတယ်။✨✨✨
📌ကိုယ်တိုင်အကောင့်ဖွင့်ရန် - https://m.buff688.com/auth/register?code=V6QT5K
🚩ဆက်သွယ်ရန်- 📱 Viber - 09486254019 📱 Telegram -@buffa688 📱တိုက်ရိုက်ဆက်သွယ်ရန် - https://t.me/buffa688bot
Repost from KFN Channel
စူပါစတားတွေ အကုန် ရှုံးနိမ့်ခဲ့ပေမဲ့ ၂၀၂၆ မှာ တစ်ဦးတည်း အရှုံးမရှိ ရပ်တည်နေတဲ့ Islam Makhachev!"
"၂၀၂၆ ခုနှစ်ဟာ UFC ရဲ့ အကြီးမားဆုံး စူပါစတားတွေအတွက်တော့ အပြောင်းအလဲနဲ့ အရှုံးတွေ များပြားခဲ့တဲ့ နှစ်တစ်
နှစ်ဖြစ်ခဲ့ပါတယ်!
အနိုင်စံချိန်တွေ၊ ခါးပတ် စိုးမိုးမှုတွေနဲ့အတူ နာမည်ကြီးနေကြတဲ့ -
❌ Khamzat Chimaev (UFC 328)
❌ Ilia Topuria (Freedom 250)
❌ Alex Pereira (Freedom 250)
❌ Conor McGregor (UFC 329)
ဒီလို မဟာ စတားကြီးတွေ အသီးသီး အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ P4P ဘုရင်ကြီး Islam Makhachev ကတော့ ခါးပတ် ၂ ခုကို ဂုဏ်ယူစွာ လွယ်မြှောက်ရင်း ၂၀၂၆ ခုနှစ်မှာ လုံးဝ အရှုံးမရှိဘဲ ရပ်တည်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော UFC စူပါစတား အဖြစ် မယှဉ်နိုင်တဲ့ စိုးမိုးမှုကို ပြသသွားခဲ့တာပါပဲ🤴🏻👑
Repost from 𝐊𝐅𝐍 𝐋𝐢𝐯𝐞 𝟐
Double Champ ဘဝကို မရောက်ဖူးသေးတဲ့ Holloway ကို ခါးပတ် ၂ ခုရဲ့ လေးလံမှုနဲ့ အဓိပ္ပာယ်ကို မင်း ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူးဆိုပြီး အပြတ်အသတ် နာကျင်သွားအောင် မာခါချက်ဗ့်က လှောင်ပြောင်လိုက်တာလည်းဖြစ်ပါတယ်
Repost from 𝐊𝐅𝐍 𝐋𝐢𝐯𝐞 𝟐
ခါးပတ် ၂ ခုလွယ်ထားလို့ သူ့ကို လှောင်လိုက်တဲ့ Max Holloway ကို အပြတ် ပညာပြလိုက်တဲ့ Islam Makhachev
BMF ချန်ပီယံဟောင်း Max Holloway နဲ့ P4P ဘုရင် Islam Makhachev တို့ကြားမှာတော့ ခါးပတ် ၂ ခုနဲ့ ပတ်သက်ပြီး အပြန်အလှန် စကားစစ်ထိုးပွဲဖြစ်နေပါတယ်
ဖြစ်စဉ်ကတော့ Max Holloway က သူ့ရဲ့ Stream မှာ Makhachev ခါးပတ် ၂ ခု လွယ်ထားတဲ့ ပုံကို ကြည့်ပြီး အခုလို စတင် မေးခွန်းထုတ် လှောင်ပြောင်ခဲ့တာပါ။
‘သူက ဘာလို့ ခါးပတ် ၂ ခု မကိုင်ထားရတာလဲ? Double Champ ဆိုပေမဲ့ အခုတော့ ဝိတ်တန်းတစ်ခုတည်းရဲ့ ခါးပတ်ကိုပဲ ကာကွယ်နေတာလေ... ငါတော့ နားကို မလည်နိုင်တော့ဘူး’
ဒီလို လှောင်ပြောင်လိုက်မှုအပေါ် Islam Makhachev ကလည်း Holloway ရဲ့ Stream Comment မှာ အင်မတန် အေးဆေးပြတ်သားတဲ့ စကားလုံးတွေနဲ့ ပြန်လည် တုံ့ပြန်လိုက်ပါတယ်။
‘ငါလည်း မသိဘူး ဘာသာ... ဒီ ခါးပတ် ၂ ခုကို ကိုင်ထားရတာတောင် လေးလွန်းလို့ပါ။ ဒါပေမဲ့ မင်းကတော့ ဒါကို နားလည်နိုင်မှာ မဟုတ်ပါဘူး... တောင်းပန်ပါတယ် Max’
